Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သတင်းစာတွေပေါ်ထွက်လာစေချင်လှပြီ

*****************************************

ဆောင်းပါးကဏ္ဍ

သတင်းစာတွေပေါ်ထွက်လာစေချင်လှပြီ

လူထုစိန်ဝင်း

မြန်မာပို့စ်ဂျာနယ် အတွဲ ၄ အမှတ် ၂၀ (မေလ ၃၀ရက်၊ ၂၀၁၂)မှ ကူးယူဖော်ပြချက်

နိုဝင်ဘာ၇ရက်နေ့မှာ   ကျင်းပတဲ့ ရွေးကောက်ပွဲပြီးကတည်းက ဂျာနယ်သမားတွေ တစ်မေးတည်းမေးနေတဲ့ မေးခွန်းတစ်ခုရှိပါတယ်" ဒီမိုကရေ စီအစိုးရဖြစ်လာရင် သတင်းစာတွေ ဘယ်လိုပုံစံမျိုးနဲ့ ပေးထွက်လာမယ်ထင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။

ကြိုဆိုအပ်ပါတယ်။

အခုထွက်နေတဲ့ ဂျာနယ်တွေ လိုပဲနေမှာပါလို့ ဒီလိုပဲဖြေလိုက်ပါတယ်။ဂျာနယ်တွေကို ထုတ်ဝေခွင့်မရခင်က ပြန်ကြားရေးဝန်ကြီးဌာနကထုတ်တဲ့  အင်္ဂလိပ်မြန်မာ သတင်းစာတွေပဲရှိတယ်။ နောက်ဂျာနယ်တွေထုတ်ဝေခွင့်ပြုလိုက်တော့ သူထက်ငါဦးအောင် အပြိုင်အဆိုင်လျှောက်ပြီး ထုတ်လိုက်ကြတာ ဂျာနယ်ပေါင်း ၁၅၀ ကျော်တောင် ရှိသွားခဲ့ပြီ။ ဒါဟာ မြန်မာ့စာနယ်ဇင်းသမိုင်းမှာ ဘယ်တုန်းကမှမရှိဘူးတဲ့ အရေအတွက်ဖြစ်တယ်။ ရှေးပုဂ္ဂလိကသတင်း စာတွေခေတ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရှိတာကမှ သုံးလေးဆယ်ထက် မပိုခဲ့ဘူး။ အခုလို ဂျာနယ်တွေ အများကြီးထုတ်ကြတာ ကောင်းတယ်။ ၀မ်းသာရတယ်။ကြိုဆိုအပ်တဲ့အရာ ဖြစ်တယ်။

နည်းတောင်နည်သေး

တချို့က ဂျာနယ်တွေဖောင်းပွနေပြီဟု ပြောကြတယ်မဟုတ်ပါဘူး။ သန်းငါးဆယ်ကျော် ခြောက်ဆယ်နည်းပါးရှိနေပြီလို့ ခန့်မှန်းကြတဲ့ နိုင်ငံ့ လူဦး ရေနှင့်ယှဉ်ရင် နည်တောင်နည်းပါသေးတယ်။ ဂျာနယ်တွေက အရေအတွက်သာများနေတာ စောင်ရေကျတော့ ဘယ်ဂျာနယ်မှ အားရကျေနပ်လောက်တဲ့ အနေအထားကို ရောက်မလာကြဘူး။ အစောင်ရေနှစ်သောင်းရှစ်သောင်းထုတ်ရတဲ့ ဂျာနယ်က နည်းနည်းသာရှိပြီး အတော်များများက အစောင်ရေ နှစ် ထောင် သုံးထောင်လောက်နဲ့ ရပ်နေကြရတာပါ။ တစ်လနှစ်လလောက်လုပ်ပြီး ရပ်သွားတာတွေလည်းမနည်းပါဘူး။

အ၀ါရောင်သန်းတာတွေ

မကြာမီ လွှတ်တော်တို့ အစိုးရတို့ ပေါ်ထွက်လာတဲ့အခါ ပါတီစုံခေတ်ရဲ့ သင်္ကေတဖြစ်တဲ့ ပေါ်ထွက်လာမယ်လို့ထင်ပါတယ်။ ပေါ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အပြိုင်အဆိုင်တွေများလေ တိုးတက်လေဖြစ်တယ်။ အခု ဂျာနယ်တွေရာကျော်ရှိနေတော့ ဂျာနယ်တိုင်းကပို ကောင်းသထက်ကောင်းအောင် ကြိုးစားနေကြတာကို မြင်တွေ့နေရလိုဖြစ်တယ်။ ဂျာနယ်တွေပေါ်ဦးစက ဖျော်ဖြေရေးလောက်သာရှိခဲ့ပြီး အတင်းအဖျင်း တွေနဲ့ အ၀ါရောင်သန်းနေတာတွေကိုသာ တွေ့ရတယ်။

ပိတ်ရာကပွင့်သွားရင်

နောက်ပိုင်း သတင်းဂျာနယ်နဲ့ အလေးအနက်ဂျာနယ်တွေ ပေါ်ထွက်လာတဲ့အခါ ပရိတ်သတ်က တခဲနက်အားပေးကြတဲ့အတွက် အတင်းအဖျင်းနဲ့ အ၀ါရောင်သန်းတာတွေ မှေးမှိန်သွားကြတယ်။ အခုဆို လူရာတောင်အသွင်းမခံကြရတော့ဘူး။ ပုဂ္ဂလိကသတင်းစာတွေ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် ပြုလိုက်ရင် ရာနဲ့ချီထွက်လာကြပြီး အတင်းအဖျင်းတွေနဲ့ အ၀ါရောင်ခပ်သန်းသန်းတွေ ပါလာကြမှာပဲ။ ဒါကတော့ ဖြစ်မြဲဓမ္မတာပါ။ အကြာကြီး ပိတ်ထားရာ က ရုတ်တရတ်ဖွင့်ပေးလိုက်တဲ့အခါ ၀ုန်းကနဲပြေးထွက်လာကြတာ ဓမ္မတာပဲ။ ၁၉၉၀ပြည့်နှစ်က ပါတီတွေထောင်ခွင့်ပေးလိုက်တော့ ပါတီပေါင်း ၁၄၀ ကျော် ရှိခဲ့တာပဲ။ အခု ၂၀၁၀မှာ ပါတီပေါင်းသုံးဆယ်ကျော်၊ လေးနီးပါးတော့ရှိခဲ့သေးတယ်။

စိုးရိမ်စရာမဟုတ်

သတင်းစာတွေ အများကြီးထွက်လာတာ စိုးရိမ်စရာမဟုတ်ပါဘူး။ မလိုလားအပ်တဲ့အရာလည်း မဟုတ်ပါဘူး။ အခု ဂျာနယ်တွေ အပြိုင်အဆိုင်ရှိ လာတဲ့အခါ အပြိုင်အဆိုင်ကြိုးစားရင်း ကြိုးစာရင်းနဲ့ အ၀ါရောင်သမားတွေ လူရာသွင်းမခံရတာကတော့ သာဓကပဲ။ တချို့က ပုဂ္ဂလိကတွေကို စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးလိုက်ရင် နိုင်ငံရေးပါတီတွေက ၀င်ရောက်ခြယ်လှယ်ပြီး ပါတီလက်ကိုင်တုတ်သတင်းစာတွေ ဖြစ်ကုန်လိမ့်မယ်ဆိုပြီး စိုးရိမ်ပူပန်ကြောင်း ပြောကြတယ်။ ဒါဟာလည်း ပါတီစုံခေတ်မှာ မရှောင်မလွှဲသာကြုံရမယ့် ကိစ္စပဲ။ ရှေးကလည်း ကွန်မြူနစ်သတင်းစာ၊ ဆိုရှယ်လစ်သတင်းစာတွေ ရှိခဲ့သလို တည်မြဲသတင်းစာ သန့်ရှင်းသတင်းစာတွေလည်း ရှိခဲ့တယ်။ အမေရိကန်လိုလားတဲ့သတင်းစာတွေရှိသလို ဆိုဗီယက်ကွန်မြူနစ်ကို ထောက်ခံတဲ့ သတင်း စာနဲ့ တရုတ်ကွန်မြူနစ်သတင်းစာတွေလည်း ရှိခဲ့ပါတယ်။

နှာတစ်ဖျားသာ

ဒါပေမယ့် ပူစရာမဟုတ်ပါဘူး။ မြန်မာစာဖတ်ပရိတ်သတ်က နိုင်ငံရေးအကင်းပါးတဲ့နေရာမှာ ဘယ်လူမျိုးနဲ့ယှဉ်ယှဉ် နှာတစ်ဖျားသာတယ်။ ပါတီ လက်ကိုင်တုတ်သတင်းစာတွေကို အားမပေးပါဘူး။ မထောက်ခံပါဘူး။ ရှေးက သူရိယသတင်းစာကြီးဟာ ထိပ်တန်းသတင်းစာကြီးပါ။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဆရာကြီးပီမိုးနင်း၊ ဆရာကြီးရွှေဥဒေါင်းတို့လို ပုဂ္ဂိုလ်ကြီးတွေလုပ်ကိုင်ခဲ့တဲ့ သတင်းစာကြီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ အာထား ရတဲ့ သတင်းစာကြီးဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ပိုင်ရှင်တွေကိုယ်တိုင်ဖြစ်တဲ့ ဦးဘဖေတို့ ၊ ဂဠုန်ဦးစောတို့က သတင်းစာရဲ့ အရှိန်အ၀ါကိုသုံး ပြီး သူတို့ရာထူးအာဏာတွေရအောင် လုပ်ခဲ့ကြတဲ့အတွက် ပြည်သူလူထုက ဒဏ်ခတ်တာကိုခံရပြီး လုံးဝရပ်စဲသွားရပါတော့တယ်။

ခွက်စောင်းခုတ်ကြ

ဖဆပလအကွဲအပြဲမှာလဲ သန့်ရှင်းသတင်းစာတွေနဲ့ တည်မြဲသတင်းစာတွေ အပြိုင်အဆိုင် ခွက်စောင်းခုတ်ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သတင်းစာ မှ ကြာကြာမခံပါဘူး။ပိတ်ကုန်ကြတာပဲ။ ဒါကြောင့် စိုးရိမ်စရာမလိုဘူးလို့ ပြောတာပဲ။

တိတိကျကျ အရေးယူ

အခုလက်ရှိမှာ အသရေဖျက်မှု ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ထိခိုက်စေမှု ၊ အစိုးရကို အကြည်အညိုပျက်အောင် ရေးသားမှု ၊ နိုင်ငံတော် လျှို့ဝှက် ချက်ပေါက်ကြားမှု ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှု ၊ တရားမ၀င်အသင်းများနှင့် ဆက်သွယ်မှု ၊ ရုပ်ရှင်နှင့် ဗီဒီယိုအက်ဥပဒေ ချိုးဖောက်မှု ၊ အီလက်ထရောနစ်အက်ဥပဒေ ချိုးဖောက်မှု စတဲ့ဥပဒေတွေရှိပါတယ်။ ဒီဥပဒေနဲ့ ငြိစွန်းသူမှန်သမျှကို တိတိကျကျ အရးယူမှုပြုလုပ်ရင် အလို လို ထိန်းချုပ်ပြီးသားဖြစ်နေမှာပါ။

နံရံကို ခေါင်းနဲ့ မဆောင့်ပါဘူး။

ပါတီစုံခေတ်မှာ ပုဂ္ဂလိကသတင်းစာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်ရှိဖို့လည်း အရေးကြီးပါတယ်။ စည်းလွတ်ဝါးလွတ်မ ဖြစ်အောင် တည်ရှိနေတဲ့ ဥပဒေပုဒ်မတွေနဲ့ တိတိကျကျ အရေးယူစရာရှိတာကို ယူလိုက်ရင် ဘယ်သူ့မှ အုတ်နံရံကြီးကို ခေါင်းနဲ့ပြေးမဆောင့်ပါဘူး။ အခု ဂျာနယ်တွေကိုထိန်းရခက်တယ်ဆိုတာ တကယ်တမ်း တိတိကျကျ အရေးမယူလို့ပါ။ ဥပဒေကိုထောက်ပြီး သတင်းစာတွေကို လွတ်လပ်စွာရေးသားခွင့်ပြု လိုက်ရင် အစိုးရလည်း အလုပ်မရှုပ်တော့ပါဘူး။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၈.၅.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာနိုင်ငံ၏ ပြည်တွင်း စွမ်းအင်လိုအပ်မှုကိုကူညီမည်ပာု တရုတ်လေသံပစ်
  1. အိန္ဒိယ-မန္တလေး ကားလမ်းဖြင့် တိုက်ရိုက်သွားရောက်နိုင်တော့မည်
  2. မြန်မာ့လျှပ်စစ်ဓာတ်အားအတွက် ဂျပန်နိုင်ငံမှ Gas Tarbine များ ဌားရမ်း
  3. အခွန်အများဆုံးပေးဆောင်သူစာရင်းတွင် ကုမ္ပဏီကြီးများ ပါဝင်ခြင်းမရှိသေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံ၏ ပြည်တွင်း စွမ်းအင်လိုအပ်မှုကို ကူညီမည်ပာု တရုတ်လေသံပစ်

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော စွမ်းအင်လိုအပ်မှုပြဿနာများကို ပြန်လည်ဖြည့်ဆည်းနိုင်ရန် ကူညီသွားမည်ပာု တရုတ်နိုင်ငံမှ ကြေညာခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံ၏ ပြည်တွင်းစွမ်းအင်လိုအပ်မှုများကို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံအခြေစိုက်ကုမ္ပဏီ များနှင့် ပြည်ပရှိ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ စက်ရုံများမှ ကူညီသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာပြီးနောက်တွင် တရုတ် နိုင်ငံမှလည်း ယခုကဲ့သို့ မြန်မာစွမ်းအင်လိုအပ်မှုကို ကူညီဖြေရှင်းပေးသွားမည်ပာု တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong Lei က လေသံပစ်ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့ နိုင်ငံတွင်းရှိ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့၊ အပြန်အလှန် ကုန်သွယ်ဖို့ အမြဲတိုက်တွန်းခဲ့ပါတယ်။ ဒါပာာ နိုင်ငံပြည်သူတွေအကျိုးရှိစေပါတယ်။ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်မှုပြဿနာတွေကိုလည်း ကူညီပေးသွားမှာပါ”ပာု Hong Lei က ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ပြန်လည်သိမ်းသွင်းနိုင်ရန် မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမြှင့်တင်ရန် ရည်ရွယ်သည်ပာုဆိုကာ မြန်မာ ကျပ်ငွေနှင့် တရုတ်နိုင်ငံသုံးယွမ်ငွေ အလွယ်လဲလှယ်နိုင်သည့် ငွေလဲကောင်တာဗပိာုဌာနတစ်ခုကို ရွှေလီမြို့တွင်ဖွင့်လှစ်ခဲ့ပြီး ယင်းငွေလဲကောင်တာ ဗပိာု ဌာနသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခု တရုတ်ကို တရားမဝင်သွားရောက်နေတဲ့ မြန်မာလုပ်သားတွေကို တရုတ်အာဏာပိုင်တွေက ရွှေလီမှာဖမ်းဆီးနေပါတယ်။ ပြီးတော့ မြန်မာ စစ်ပြေးဒုက္ခသည်တွေကိုလည်း တရုတ်အစိုးရ ဘာမှ ကူညီခြင်းမရှိပါဘူး။ ဒါပေမယ့် မြန်မာနဲ့ ကုန်သွယ်မှုမြှင့်တင်ဖို့ဆိုပြီး ရွှေလီမှာ ငွေလဲကောင်တာတစ်ခု ဖွင့်တယ်ဆိုတော့ တော်တော်ကို အံ့သြတယ်။ ဒါပာာ အကြောင်းပြချက်တစ်ခုပါ”ပာု ယူနန်ပြည်နယ်မှ ဒေသခံမြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း တည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းအတွင်း လုပ်ငန်းပေါင်း ၂၀၀ ကျော်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဘတ်ငွေ ၃၃ ဒဿမ ၁၁ ဘီလျံ ရင်းနှီးမြှုပ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက မကြာသေးမီကာလအတွင်းက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက လည်း ထားဝယ်ရေနက်ဆိပ်ကမ်းအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံထဲက လုပ်ငန်းတော်တော်များများကို တရုတ်လုပ်ငန်းရှင်တွေက လုပ်ဆောင်နေကြပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက်မှာ သူတို့ကပဲ လုပ်ချင်သလိုလုပ်၊ ကစားချင်သလို ကစားလို့ရနေတယ်။ အခု ထိုင်းတို့လို၊ အိန္ဒိယတို့လို လုပ်ငန်းရှင်တွေကလည်း ပြည်တွင်းရင်းနှီးမြှုပ်နှံဖို့ ဝင် လာပြီဆိုတော့ သူတို့လုပ်ချင်သလို လုပ်လို့မရတော့ဘူး။ ဈေးကွက်ကို အပြန်အလှန် ထိန်းညှိနိုင်တော့မှာပါ”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးစက်မှုစီမံကိန်းတစ်ခုဖြစ်သည့်အတွက် Italian-Thai ကုမ္ပဏီတစ်ခုတည်းက သာ မလုပ်ဆောင်နိုင်ကြောင်း၊ ထို့ကြောင့် အခြားပြည်ပရင်းနှီးမြှုပ်နှံမှုများပါ လိုအပ်ကြောင်း မေလဆန်းတွင် ITD ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------

အိန္ဒိယ-မန္တလေး ကားလမ်းဖြင့် တိုက်ရိုက်သွားရောက်နိုင်တော့မည်

၂၀၁၂ မေလ ၂၇ ရက်နေ့၌ မြန်မာနိုင်ငံသို့ ၂၅ နှစ်အတွင်း ပထမဆုံး လာရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ် တွင် အိန္ဒိယ-မြန်မာဘတ်စ်ကားလိုင်း ပြေးဆွဲမည့် အစီအစဉ်နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းဖော်ပြ ချက်များအရ သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တိုက်ရိုက်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းသည် အိန္ဒိယနိုင်ငံရှိ အင်ဖာမြို့နှင့် မြန်မာနိုင်ငံရှိ မန္တလေးမြို့တို့ကို ချိတ်ဆက် ပြေးဆွဲမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နယ်စပ်မိုးရေးမြို့နှင့် မြန်မာနိုင်ငံနယ်စပ် တမူးမြို့တို့အတွက် စစ်ဆေးရေးဂိတ်များ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် မြန်မာ-အိန္ဒိယ တိုက်ရိုက်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းခရီးစဉ်တွင် ခရီးသည်တစ်ဦးလျှင် ကီလို ၂၀ အထိ အိတ်တစ်လုံးသာ သယ် ဆောင်ခွင့်ပြုမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် အကောက်ခွန်နှင့် လဝက က စည်းကမ်းများကို လျှော့ပေါ့ပေးမည်မပာုတ်ကြောင်း ပြည်တွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်း၏ သုံးရက်ကြာမြင့်မည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း လမ်သစ်များဖောက်လုပ်ရေး၊ ရထားလမ်းနှင့် ရေလမ်း ကြောင်း သွားလာမှုကွန်ရက် ချဲ့ထွင်ခြင်းနှင့် မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းနိုင်ရန် ကိစ္စရပ်များကို အဓိကဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရသည်။

ယခုကဲ့သို့ မြန်မာ-အိန္ဒိယ တိုက်ရိုက်ဘတ်စ်ကားလိုင်း ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ရန်၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ဆက်ဆံရေးမြှင့်တင်ပြီး လူ့ စွမ်းအား အရင်းအမြစ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------

မြန်မာ့လျှပ်စစ်ဓာတ်အားအတွက် ဂျပန်နိုင်ငံမှ Gas Tarbine များ ဌားရမ်း

မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ဂျပန်နိုင်ငံမှ 120 MW Gas Turbine သုံးလုံးဌားရမ်းအသုံးပြုဆောင်ရွက်သွားမည်နိုင်ရန် မေလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့် 18th Internation Conference on the Asia တွင် ဂျပန်နိုင်ငံနှင့် သဘောတူညီမှုရရှိ ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ယင်းကွန်ဖရင့်အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တက်ရောက်ခဲ့ပြီး မေလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုဝန် ကြီးဦးစိုးသိန်းက ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr.Yukio Edano နှင့်လည်းကောင်း၊ မေလ ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး Mr.Koichiro Gemba နှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်မှုများကို ဖြေရှင်းနိုင်ရန် အမေရိကန်နိုင်ငံမှ မီးစက်ခြောက်လုံးကို မှာယူထားပြီး တစ်ပတ်အ တွင်း ရောက်လာနိုင်ဖွယ်ရှိကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်လည်း မေလ ၁၉ ရက်နေ့က KIA တိုင်းရင်းသားလက်နက်ကိုင်တပ်များက ရွှေလီ-မန်စံ ၂၃၀ ကေဗွီဓာတ်အားလိုင်းအမှတ်(၇၃၊ ၂၀၆၊ ၂၀၇ နှင့် ၂၀၈)  တာဝါတိုင်များကို မိုင်းခွဲဖျက်ဆီးခဲ့မှုကြောင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ အလှည့်ကျမီးပေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနမှ ၂၀၁၂ မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယင်းထုတ်ပြန်ကြေညာချက်များကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်သူများက လျှပ်စစ်မီး အပြည့်အဝရရှိရေးအတွက် ဖယောင်းတိုင်မီးများ ထွန်းညှိ၍ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် ကွန်ဖရင့်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အသီးသီးတက်ရောက်ခဲ့ပြီး နိုင်ငံအသီးသီး၌ လက်ရှိဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများ၊ ရှုပ်ထွေးမှုများနှင့် ပတ်သက်၍ အာရှ၏အခန်းကဏ္ဍအတွက် ဖွံ့ဖြိုးမှုပုံစံသစ်တစ်ခု ရှာဖွေဖော်ထုတ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း လျှပ်စစ်မီးအလှည့်ကျပေးဝေနေမှုများကြောင့် အခြေခံလူတန်းစားများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ပြည်သူများ မှာ အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

၂၀၁၂ မေလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြည်သူများ လျှပ်စစ် မီးကို ချိုးခြံချွေတာ သုံးစွဲခြင်းဖြင့် လျှပ်စစ်မီးပြတ်တောက်မှုပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြံပေးပြောကြားသည်။

“ဂျပန်မှ Nuclear facility တွေပျက်သွားတယ်။ အဲဒါနဲ့ ကြောက်လန့်ပြီး Nuclear plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ ၂ ခုပဲကျန် တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပြတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက ချိုးခြံချွေတာတယ်။ အဲဒီတော့ စေတနာနဲ့ပြောချင်တာက ကျွန်တော်တို့က လည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားလိမ့်မယ်ပာု”၎င်းက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------

အခွန်အများဆုံးပေးဆောင်သူစာရင်းတွင် ကုမ္ပဏီကြီးများ ပါဝင်ခြင်းမရှိသေး

မြန်မာနိုင်ငံအတွင်း လာမည့် ဇွန်လဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာမည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၏ အခွန်ထမ်းဆောင်သူများထဲမှ အခွန်အ များဆုံးပေးဆောင်သည့် အခွန်ထမ်း ၁၀၀ ဦးစာရင်းတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီအုပ်စုကြီးများနှင့် အဖွဲ့အ စည်းကြီးများမှာ အခွန်ထမ်းစာရင်းတွင် ပါဝင်လာခြင်းမရှိသေးကြောင်း သိရသည်။

“လာမယ့် ဇွန်လဆန်းပိုင်းမှာ ပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်ပြီး အခွန်အများဆုံးပေးဆောင်တဲ့ အခွန်ထမ်း ၁၀၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာ မှာပါ။ ဒီထုတ်ပြန်ကြေညာမယ့် သူ(၁၀၀)ဦးရဲ့ စာရင်းမှာ အများက အခွန်အများဆုံးဆောင်ရတယ်လို့ မျှော်လင့်နေတဲ့ ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းကြီး တွေရဲ့ အမည်စာရင်းတွေ ထိပ်ဆုံးပိုင်းမှာ ပါဝင်လာခြင်းမရှိသေးပါဘူး”ပာု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်များက ထုတ်ပြန်ခဲ့သည့် အခွန်အများဆုံးထမ်းဆောင်သည့် အခွန်ထမ်း(၁၀၀)ဦးစာရင်းတွင် အဖျော်ယမကာ၊ စားသောက် ကုန်၊ ပုဂ္ဂလိကဘဏ်အချို့သာ အခွန်အများဆုံးထမ်းဆောင်သည့်သူများ စာရင်းတွင်ပါဝင်ပြီး သစ်၊ ကျောက်မျက်၊ တွင်းထွက်လုပ်ငန်းများ၊ နိုင်ငံတကာဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ နိုင်ငံ၏ စီမံကိန်းကြီးများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီကြီးများမှာ အခွန်အများဆုံးထမ်းဆောင်သည့် (၁၀၀) ဦးစာ ရင်းတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“အခု ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာပါ။ အရင် အစိုးရပောာင်းလို သူနဲ့ ပလဲနံပသင့်တဲ့သူတွေကို အခွန်ကင်းလွတ်ခွင့်ပြုတယ်ဆိုတဲ့ ပုံစံမျိုး လုပ်လို့မရပါဘူး။ ဒီလိုမျိုးတွေလုပ်နေတော့တကယ်ကို အခွန်ပြည့်ပြည့်ဝဝ ထမ်းဆောင်တဲ့သူတွေ ဆုံးရှုံးနစ်နာတာပေါ့။ ဒီကိစ္စတွေပာာ မရှိသင့်တော့ပါဘူး။ မဖြစ်သင့်တော့ပါဘူး”ပာု လုပ်ငန်းရှင်တစ်ခုက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံတွင်းရှိ ပြည်သူများအနေဖြင့် အခွန်တိမ်းရှောင်နေမှုများကို လုပ်ဆောင်ခြင်းမပြုရန်နှင့် အခွန်များ ပြည့်ပြည့်ဝဝပေးဆောင်ကြရန် သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Ref:Weekly Eleven

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ

မေလ ၂၇ရက်နေ့ ညနေ ၆နာရီကျော်၌ နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရဝန်ကြီးအဖွဲ့အချို့တို့အား အန္ဒိယသမ္မတ နိုင်ငံမှ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းတို့နှင့် တွေ့ဆုံခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ယင်းတွေ့ဆုံပွဲ၌ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အိန္ဒိယနှင့် မြန်မာ လမ်းဖောက်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းတွင် လည်း ပါဝင်ရင်းနှီးမြှပ်နှံသွားရန်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆန်း၏ ၃ ရက်ကြာမြန်မာနိုင်ငံခရီးစဉ်၌ မေလ ၂၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းတည်းခိုရာ ဆီဒိုနားဟိုတယ်သို့ သွားရောက်တွေ့ဆုံရန်ရှိကြောင်း သိရသည်။

ယင်းအိန္ဒိယဝန်ကြီးချုပ်သည် ယခင် ၂၀၁၀ခုနှစ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအား အိန္ဒိယနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်မှုများပြုလုပ် ခဲ့ပြီး ၁၉၈၇ခုနှစ်နောက်ပိုင်းမှစ၍ ယခုအကြိမ်မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မြန်မာ့သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်ငန်း များ၌လည်း ပါဝင်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီး နိုင်ငံအတော်များများ လာကြတယ်။ ဒါပေမယ့် လာကြည့်တဲ့သဘောပဲ ရှိသေးတယ်။ ဘာမှလုပ်လို့မရသေးဘူး။ မြန်မာလုပ်ငန်းရှင်တွေဘက်ကလည်း ဘာမှလုပ်လို့မရသလို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေဘက်ကလည်း ဘာမှလုပ်လို့မရဘူး။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပ ဒေမရှိဘဲလုပ်ရင် အမှားအယွင်းတွေအများကြီးဖြစ်နိုင်တဲ့အတွက် ဘယ်သူမှ စိတ်မဝင်စားဘူး။ ကြည့်သွားတာပဲရှိတယ်။ အထူးသဖြင့် ခိုင်မာတဲ့ စီးပွားရေး အဖွဲ့အစည်းဖြစ်လေ ဥပဒေပိုကြည့်လေပဲ”

မေ ၂၃ ထုတ် WeeklyELEVEN NEWS အတွဲ (၇) အမှတ် (၃၃) တွင်ပါသည့် “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး၍ ပြည်ပရင်း နှီးမြုပ်နှံသူများ လာရောက်ဆွေးနွေးသည့်အဆင့်တွင်သာ များပြားနေပြီး အမိန့်ကြေငြာစာများဖြင့်သာ ရှင်းလင်းဆွေးနွေးမှုများပြုနေရ”သတင်းမှ မြန်မာ နိုင်ငံဂဏန်းလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးက ကျွန်တော်တို့နိုင်ငံကထွက်တဲ့ natural resources တွေကို Value added လုပ်နိုင်မယ့် စက်မှုလုပ်ငန်း တွေပါ။ ဒါတွေကို ဦးစားပေးနိုင်အောင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို ရေးဆွဲနေတာတွေ့ရပါတယ်။ နောက်တစ်ခုကတော့ နည်းပညာပါ။ ICT ကလည်း မရှိလို့မရပါဘူး။ ဒါတွေကိုလည်း ဦးစားပေးရမယ့်အနေအထားလည်းရှိပါတယ်”

မေ ၂၃ ထုတ် WeeklyELEVEN NEWS အတွဲ (၇) အမှတ် (၃၃) တွင်ပါသည့် “စီးပွားရေးပိတ်ဆို့မှုအား ဆိုင်းငံ့လိုက်သောကြောင့် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များ ဘဏ်လုပ်ငန်းအပါအဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံရန် စတင်ဆောင်ရွက်”သတင်းမှ နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ  ဦးဆက်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“အရင်က အလုပ်သမားတစ်ဦးရဲ့ အခြေခံလစာကို သုံးသောင်းနဲ့ တွက်ပေးစဉ်တုန်းက ၂၀၆၆၆ ကျပ်ရတာပေါ့။ အခုဝင်ငွေနဲ့ကျတော့ စက်ရုံ၊ အလုပ်ရုံဝန် ထမ်းတွေက ၆သောင်း၊ ၇သောင်းရနေပြီ။ တချို့တစ်သိန်းရတဲ့ ဝန်ထမ်းဆိုရင် ၇၀ ရာခိုင်နှုန်းနဲ့တွက်ရင် သူ ၇ သောင်းရမယ်။ လစဉ် မသေမချင်းရသွား မယ်လေ။ အခုနောက်ထွက်လာမယ့် ဥပဒေသစ်ထဲမှာ အရင်က လစာ ၃သောင်းကိုမှ အစိုးရက ၃သောင်းတိုးပေးထားတော့ ၆သောင်း ဒီအပေါ်မှာ အခြေခံ ပြီး မသန်စွမ်းမှုစရိတ်တွေလည်း သူ့အလိုလို တက်လာမှာပေါ့”

မေ ၂၃ ထုတ် newday news အတွဲ (၁) အမှတ် (၁၁) တွင်ပါသည့် “ထွက်ပေါ်လာမည့် လူမှုဖူလုံရေးဥပဒေသစ်တွင် အလုပ်သမားများအတွက် အမြဲ တမ်းမသန်စွမ်းမှုပင်စင်များကို ၇၀ရာခိုင်နှုန်းအထိတိုးပေး ယခင်ပင်စင်များမှာလည်း လူမှုဖူလုံရေးတိုးမြှင့်စရိတ်အနေဖြင့် ခံစားခွင့်ပြု”သတင်းမှ လူမှုဖူလုံ ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs