Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကျွန်တော်တို့၏ ပထမဦးစားပေး “တာဝန်”

*****************************************

ဆောင်းပါးကဏ္ဍ

ကျွန်တော်တို့၏ ပထမဦးစားပေး “တာဝန်”

မိုးမြင့်ငြိမ်း

မီဒီယာဆိုသည်မှာ သတင်းပေးသူ၊ သတင်းရင်းမြစ်နှင့် သတင်းစားသုံးသူများကြား ဆက်သွယ်ပေးရသည့် ကြားခံနယ် တစ်ခုပင်ဖြစ်သည်။ မီဒီ ယာမရှိသည့် လူ့အဖွဲ့အစည်းသည် မည်သို့ အသက်ဆက်ရှင်သန်မည်နည်း။ မီဒီယာလုပ်ငန်းကို စီးပွားရေးအသွင်မဆောင်သည့် ရှေ့လူ့အဖွဲ့အစည်းက တည်းက မီဒီယာ၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သည်။ ယခု ၂၁ ရာစု တွင် မီဒီယာမှာ လူ့အဖွဲ့တစ်ခု လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ် ဖြစ်လာလေပြီ။ ထိုသို့ ယနေ့ကမ္ဘာပေါ်တွင် မီဒီယာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် လူ့အဖွဲ့အစည်းတိုင်း ကောင်းကျိုးများစွာ ဖြစ်ထွန်းစေခဲ့သည်။ ဥပမာ အားဖြင့် အာရပ်အာဏာရှင်နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံ အာဏာရှင်စနစ်ချုပ်ငြိမ်းသွားခြင်းသည် မီဒီယာစွမ်းအားများစွာ ပါဝင်သည်။

အာဏာရှင်များ သတင်းနည်းပညာဖွံ့ဖြိုးမှုကို အသုံးချ၍ ပြည်သူများကို လိုသလို ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ ယေဘူယျအားဖြင့် ပြည်သူများ ကသာ ယင်းကိုအသုံးပြု၍ အာဏာရှင်စနစ်ကို တွန်းလွန်နိုင်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သောကြောင့် ကောင်းကျိုးဖြစ်ထွန်းဟု ကောက်ချက်ချရခြင်း ဖြစ် သည်။ နိုင်ငံတစ်နိုင်ငံတွင် မီဒီယာလွတ်လပ်ပွင့်လင်းခြင်းနှင့် နိုင်ငံရေး လွတ်လပ်ခွင့်မှာ တိုက်ရိုက်အချိုးကြသည်။ ထို့ကြောင့် မီဒီယာလွတ်လပ်ပွင့်လင်း မှုကိုကြည့်၍ လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို ခန့်မှန်း၍ ရနိုင်ပါသည်။

မီဒီယာ၏စွမ်းအားကြောင့် ထိုသို့သော ကောင်းကျိုးဖြစ်ထွန်းမှုများချည်း ရှိသည်တော့မဟုတ်ပါ။ အဆိပ်သင့်စေသည့် ဆိုးကျိုးများလည်း ရှိပါ သေးသည်။ မီဒီယာ၏ဆိုးကျိုးကို ဝေဖန်ပြောကြားသူများသည် မီဒီယာမှာ နိုင်ငံအတွင်း အာဏာနှင့် ငွေကြေးကြွယ်ဝသူများ၏ ဝါဒဖြန့်ချီရေးလက်နက်ဟု ကောက်ချချကြသည်။ ဤသို့ ပြောဆိုနေခြင်းမှာ ပြင်းထန်သလိုတော့ ရှိသော်လည်း လုံးဝမှားယွင်းသည်တော့မဟုတ်။ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ပြည်သူအကျိုးနှင့် သတင်းစားသုံးသူများ၏ အကျိုးကို အစဉ်ရှေ့ရှုသည့် မီဒီယာလုပ်ငန်းကြီးများ ရှိပါသည်။ သို့သော် တချို့သတင်းမီဒီယာများသည် နိုင်ငံ ၏ ရွေး ကောက်ပွဲများ၊ စီးပွားရေးသတင်းများကို သူတို့လိုသလို ပြည်သူများ၏အမြင်အား လွှမ်းမိုးခြယ်လည် ပုံဖော်ကြသည်။

မီဒီယာလုပ်ငန်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ထို့အတွက်ကြောင့် စီးပွားရေးအကျိုးအမြတ် ရရှိရေးကို ကြည့်သင့်ပါသည်။ သို့သော် အမှန်တကယ် ဂုဏ်သိက္ခာရှိသည့် သတင်းမီဒီယာတစ်ခု ဖြစ်ဖို့အတွက်ဆိုလျှင် အမြတ်အမြင့် ဆုံးရရှိရေးအတွက် အဓိကထားလုပ်ဆောင်နေ၍ မဖြစ်သင့်ပါ။ ဂုဏ်သိက္ခာရှိပြီး ပြည်သူအကျိုးကိုသာ ရှေ့ရှုသော သတင်းမီဒီယာဆိုလျှင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်နေသည့်တိုင် စီးပွား ရေးဆန်လို့တော့မဖြစ် တနည်း စီးပွားရေးအကျိုးအမြတ်မှာ ပထမနေရာတွင် မထားတော့။ စီးပွားရေးအကျိုးအမြတ်ကို အဓိကထားသော သတင်းမီဒီယာ များတွင် ပြည်သူများအတွက် မီဒီယာ၏တာဝန်ကို အပြည့်အဝ မထိမ်းဆောင်နိုင်။ စီးပွားရေးအကျိုးအမြတ်အတွက် လူကြိုက်များသည့် သတင်းများသာ တင်ပြနေသည့်အတွက် တကယ်သိသင့်သိထိုက်သော သတင်းကို မဖော်ပြနိုင်။

ယနေ့ကမ္ဘာပေါ်တွင် မီဒီယာလွှမ်းမိုးမှု ကြီးမားလာခြင်းနှင့်အတူ ယင်း၏ အဆိုးဘက်အခြမ်းကိုလည်း မပြတ်ဝေဖန်မှုများ ပြုလုပ်နေကြသည်။ မီဒီ ယာ၏ အခန်းကဏ္ဍ ယခင်ထက် အရေးပါလာခြင်းမှာလည်း သတင်းနည်းပညာ၏ ဖွံ့ဖြိုးမှုဂယက်ကြောင့်ဟု ယတိပြတ်ကောက်ချချ၍ ရနိုင်ပါသည်။ ထို ကြောင့်လည်း နိုင်ငံတကာတွင် ပုံနိုပ်သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်းကျဆင်းလာပြီး online မီဒီယာမှာ ယခင်ထက် ပိုမို အရေးပါလာ သည်။ အင်တာနက်ရသည့် မည်သည့်နေရာတွင်မဆို သတင်းများ စက္ကန့်နှင့်မလပ် တင်ပို့နိုင်ခြင်းကြောင့် သတင်းပျံ့နှံ့သည့် ဒိုင်းနမစ်မှာ အတော်ကြီး မြန်လာလေပြီ။ မည်သူမဆို သတင်းထောက်ဖြစ်နိုင်သည်။ ဖြစ်ရပ်တစ်ခုကို ဖုန်းဖြင့်ဓာတ်ပုံရိုက်ပြီး facebook, twitter စသည့် social media များ၊ ကိုယ်ပိုင်ဘလော့ခ်များအပေါ် သတင်းတိုရေးသားပြီး အခုဖြစ်လျှင် အခုတင်နိုင်နေပြီ။

ယခုနှစ်ပိုင်းအတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးချုပ်ကိုင်မှုများ ဖြေလျော့လာမှုနှင့်အတူ သတင်းလွတ်လပ်ခွင့်များလည်း ယခင်ထက် ပိုမို ရရှိလာ သည်။ အထူးသဖြင့် သတင်းဂျာနယ်များသည် အခြားသော ရုပ်သံသတင်း၊ FM တို့နှင့် ယှဉ်လျှင် ပိုမို များပြားလာသည်။ ဂုဏ်သိက္ခာရှိသည့် သတင်းမီဒီ ယာများလည်း ပေါ်ထွက်လာသလို စီးပွားရေးအကျိုးအမြတ်ကို ဦးစားပေးသည့် သတင်းမီဒီယာများလည်း ရှိသည်။ ဆယ်စုနှစ်များစွာ သတင်းလွတ်လပ် ခွင့်မရှိရာမှ လွတ်လပ်ခွင့်တစ်စုံတစ်ရာ ရရှိလာသည့်အတွက် ဖြစ်ရပ်တစ်ခုအပေါ် သတင်းဂျာနယ်များမှ ရှုထောင့်မျိုးစုံဖြင့် ရေးသားမှုများရှိနေသည့် အတွက် သတင်းစားသုံးသူများမှာ သတင်းများ ဗလုံးပထွေးဖြစ်လာသည်။ စာရေးသူ မိတ်ဆွေတစ်ဦးသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ် သက်၍ မီဒီယာမျက်နှာစာပေါ်တွင် တစ်ယောက်တစ်မျိုး ရှုထောင့်မျိုးစုံဖြင့် ပြောဆိုနေမှုများအပေါ် ဝေခွဲဖို့ရာ ခက်နေသည်ဟု ပြောဆိုဖူးသည်။ ယခု မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ရခိုင်နှင့် ရိုဟင်ဂျာတို့ကြား လူမျိုးရေးပဋိပက္ခနှင့် ပတ်သက်၍လည်း သတင်းမီဒီယာအချို့သည် ပြည်သူများကြား ပြဿနာပိုကြီးထွားစေမည့် အရေးအသားမျိုး ရေးသားတင်ပြမှုများရှိနေသည်။

social media တစ်ခုဖြစ်သည့် facebook ပေါ်တွင် သာ၍ဆိုးသည်။ သွေးထိုးလှုပ်ဆော်သူများ၏ နိုင်ငံရေးကို လိုသလို လှည့်လည်ကစားရာ စားကျက်လို ဖြစ်နေသည်။ ထိုအတွက်ကြောင့် ပြည်သူများအတွက် အကျိုးမများသည့် သတင်းများကို မတင်ပြမိဖို့မှာ သတင်းသမားတို့၏ အရေးအကြီး ဆုံးကျင့်ဝတ်ပင် ဖြစ်သည်။

Yangon Chronicle သည် ၂၀၁၁ မှစတင်၍ ပြည်သူတစ်ရပ်လုံးအကျိုးအတွက် နိုင်ငံတည်ဆောက်ရေးကို စတုတ္ထမဏ္ဍိုင်မှနေ၍ ထမ်းဆောင် ခဲ့ပါသည်။ ပြည်သူများသိသင့်သိထိုက်သော သတင်းများကို မပြတ်တမ်းတင်ပြခဲ့ပါသည်။ နိုင်ငံရေးဖြစ်စဉ်သစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာဖို့၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ သတင်းများ၊ ဆောင်းပါးများဖြင့် မူဝါဒချ မှတ်သူများရော၊ ပြည်သူများပါ သိစေရန်အတွက် ကြိုးစားအားထုတ် တင်ပြခဲ့ ပါသည်။ ပြည်သူများကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်စေမည့် sensational အကြောင်းအရာများကို သတိကြီးကြီးထား၍ ရေးသားတင်ပြမှုများပြုလုပ်ပါသည်။ နိုင်ငံတည်ဆောက်ရေးမှာ ဂိမ်းတစ်ခုဆိုလျှင် ပေါက်သူ၊ ကွဲသူ ဧကန် ရှိမည်သာဖြစ်သည်။ သို့သော် အမြဲတမ်းနိုင်သူ၊ အမြဲတမ်းရှုံးသူ မရှိအောင် Yangon Chronicle အနေဖြင့် သူနိုင်၊ ကိုယ်နိုင်အနေအထားဖြင့် အခက်အခဲများကို ကျော်လွှားဖို့ အမြဲရေးသား တင်ပြခဲ့ပါသည်။ ပေါက်သူ၊ ကွဲသူတွင် ပေါက်သူ များမှာ သန်း ၆၀သော ပြည်သူများအတွက်ဆိုသည်မှာ Yangon Chronicle မှ ဆွဲကိုင်ထားသော မူဝါဒပင်ဖြစ်သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၅.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည်မပာုတ်
  2. မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်မှုအချို့ ILO ရုတ်သိမ်း
  3. ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ တစ်သောင်းကျော်အထိ ရှိလာ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်သံရုံးယာယီတာဝန်ခံမှ သက်ဆိုင်ရာ ရခိုင်ပါတီနှင့် မူဆလင်အဖွဲ့အစည်းတစ်ချို့အား ခေါ်ယူတွေ့ဆုံ
  1. ရန်ကုန်မြို့တွင်း ကောလာဟာလသတင်းများ ပျံ့နှံ့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************

ပြည်တွင်းသတင်းများ

နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည်မပာုတ်

လာမည့် ၂၀၁၅ ခုနှစ်တွင် လွှတ်တင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုလ်တုမှာ ပြည်သူများအတွက် အကျိုး မရှိပာုထင်သည့်အတွက် လွှတ်တင်တော့မည်မပာုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံပိုင်ဂြိုလ်တု လွှတ်တင်နိုင်ဖို့အတွက်က ကန်ဒေါ်လာ ၃၀၀ လောက်ကျမှာပါ။ ဒီငွေကြေးပမာဏက တော်တော်များပါတယ်။ ပြီးတော့ ဒီဂြိုလ်တုလွှတ်တင်တာပာာ ပြည်သူတွေအတွက်လည်း အကျိုးမရှိဘူးထင်လို့ မလွှတ်တင်တော့တာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ယခုကဲ့သို့ နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုလ်တုကို မလွှတ်တင်တော့သော်လည်း ဆက်သွယ်ရေးကိစ္စရပ်များအတွက် အခြားနိုင်ငံများမှ ဂြိုလ်တုများ ကိုသာ ငှားရမ်းသုံးစွဲသွားဦးမည်ဖြစ်ပြီး နိုင်ငံပိုင်ဂြိုလ်တုလွှတ်တင်နိုင်ရန် ရည်ရွယ်ထားသည့် ငွေကြေးများကို မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းတိုးချဲ့ ရေးစီမံကိန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“ဂြိုလ်တုမလွှတ်တင်ဖြစ်တော့တဲ့အတွက် ဒီဂြိုလ်တုအတွက် သုံးစွဲမယ့်ငွေတွေကို ဆက်သွယ်ရေးကဏ္ဍမှာ ပိုသုံးဖြစ်မှာပါ။ ဒီကိစ္စကိုလည်း လွှတ် တော်ကို တင်ပြထားပါတယ်။ အခုအချိန်မှာတော့ အရင်အသုံးပြုနေတဲ့ ဖိုင်ဘာဆက်သွယ်မှုစနစ်ကိုပဲ ဆက်သုံးစွဲသွားမှာပါ”ပာု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်မှုအချို့ ILO ရုတ်သိမ်း

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ အလုပ်သမားရေးရာကိစ္စရပ်များ၌ တားမြစ်ကန့်သတ်မှုများ ပြုလုပ်ထားသည့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ (ILO)မှ တားမြစ်ကန့်သတ်မှုအချို့ကို စတင်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာအလုပ်သမားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ကြေ ညာချက်အရ သိရသည်။

၂၀၁၂ ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် အစိုးရကိုယ်စား လှယ်များ၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပါရှိသည်။

(၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှ အတည်ပြုခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များမှာ ၁၉၉၉ ခုနှစ်၊ (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှချမှတ်ခဲ့သည့် တားမြစ်ကန့်သတ်ချက်အားလုံးကို ရုတ်သိမ်းရန်၊ ၂၀၀၀ ပြည့်နှစ်၊ (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ်ကန့်သတ်ချက် ငါးချက်အနက် ကန့်သတ် ချက် အပိုဒ်ခွဲ(ဂ) ဖြစ်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည်စဉ်းစားသုံးသပ်ရန် ၊အပိုဒ်ခွဲ (ဃ)၌ ပါရှိသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂညီလာခံနှင့် ECOSOC အစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်အချက် စသည်တို့ကို အတည်ပြုခဲ့ သည်။

ထို့ပြင် အပိုဒ်ခွဲ(င)၌ ပါရှိသော မြန်မာနိုင်ငံက စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုများအား အပြည်ပြည်ဆိုင် ရာ အဖွဲ့အစည်းများသို့ အစီရင်ခံရန် အချက်တို့ကို ရုတ်သိမ်းရန်၊ အပိုဒ်ခွဲ (ခ) ဖြစ်သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှုများ ပြုလုပ်ရန် တားမြစ်ကန့်သတ်ချက်ကို တစ်နှစ်ဆိုင်းငံ့ရန်၊ အပိုဒ်ခွဲ(က) အရ ဆောင်ရွက်သော အထူးအစည်းအဝေး (Special Sitting)ကို ယခုကဲ့သို့ အဓမ္မစေခိုင်းမှု ပပျောက်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေသမျှ ရပ်စဲထားရန်၊  လျင်မြန်စွာပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် အခွင့်အရေး များ လက်လွတ်ဆုံးရှုံးမှုမရှိစေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က မြန်မာနိုင်ငံအပေါ် နည်းပညာအကူအညီများ ဦးစားပေး ဆောင်ရွက် ပေးသွားရန်နှင့် လိုအပ်သော ဘဏ္ဍာငွေအရင်းအမြစ်များကို အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများက ထည့်ဝင်ကြရန်၊ နိုင်ငံတော်အစိုးရမှ သတ်မှတ် ထားသော ရည်မှန်းချက်ကာလထက်စော၍ အဓမ္မစေခိုင်းမှု ပပျောက်စေရန် ပူးတွဲမဟာဗျူဟာကို အလျင်အမြန် အကောင်အထည်ဖော်ရန် ကိစ္စရပ်များ ကို အတည်ပြုသဘောတူခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ တစ်သောင်းကျော်အထိ ရှိလာ

လက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ရိုပာင်ဂျာ အကြမ်းဖက် ဖြစ်ရပ်များကြောင့် ရခိုင်ဒုက္ခသည်ဦးရေမှာ ၂၀၁၂ ဇွန်လ ၁၁ ရက် နေ့တွင် ဒုက္ခသည်ဦးရေ တစ်သောင်းကျော်အထိသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

“ခုချိန်ထိကို ရခိုင်ပြည်နယ်ထဲမှာ တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ပြီးသွားနေရပါသေးတယ်။ အခြေအနေကတော့ နည်းနည်းငြိမ်သက် လာပါပြီ။ ရခိုင်ဒုက္ခသည်စခန်းမှာလည်း တစ်သောင်းကျော်လောက်အထိ ရှိနေပါပြီ”ပာု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများကြောင့် ရန်ကုန်-စစ်တွေ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများအပြင် စစ်တွေမြို့မှ ဘူးသီးတောင်၊ မြောက်ဦးနှင့် တောင်ကုတ်မြို့များသို့ ပြေးဆွဲလျက်ရှိသည့် ပြည်တွင်းရေကြောင်း သင်္ဘောခရီးစဉ်များကိုလည်း ရပ်နားထား ရကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိဖြစ်ရပ်များကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားလျက်ရှိသည့် တပ်မတော်နှင့် ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများကို ပိတ်ထားရပြီး ကုန်သွယ်မှုလုပ်ငန်းများအားလုံးကိုလည်း ရပ်ဆိုင်းထားရကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာလည်း အကြမ်းဖက်မှုတွေဖြစ်နေတယ်။ ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေတော့ ရခိုင်ပြည်နယ်က မောင်တော၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ကချင်ပြည်နယ်က လွယ်ဂျယ်နဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု စုစုပေါင်း နယ်စပ်ကုန်သွယ်ရေး စခန်း လေးခုကို ပိတ်ထားရတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားရတော့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း ထိခိုက်နိုင်တာပေါ့”ပာု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အဲကမ္ဘောဇလေကြောင်းလိုင်းမှာ ရန်ကုန်-စစ်တွေ ခရီးစဉ် အား ခေါက်ရေလျှော့ချပြေးဆွဲမည်ဖြစ်ပြီး ယခင် တစ်ပတ်သုံးကြိမ်ပြေးဆွဲရာမှ ယခုအခါ တစ်ပတ်လျှင် တစ်ကြိမ်သာ ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရ သည်။

                Ref:Bi Weekly Eleven

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမေရိကန်သံရုံးယာယီတာဝန်ခံမှ သက်ဆိုင်ရာ ရခိုင်ပါတီနှင့် မူဆလင်အဖွဲ့အစည်းတစ်ချို့အား ခေါ်ယူတွေ့ဆုံ

ဇွန်လ ၁၄ ရက်နေ့၌ သံရုံးယာယီတာဝန်ခံ မိုက်ကယ်သာရ်စတန်သည် ပြည်တွင်းမှ မူဆလင်အဖွဲ့အစည်းအချို့နှင့် ရခိုင်အမျိုးသားတိုးတက် ရေးပါတီတို့အား အမေရိကန်သံရုံးသို့ ခေါ်ယူတွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့ အစည်းများအား ထိန်းချုပ်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

"ခေါ်တာတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီနဲ့ မူဆလင်အဖွဲ့အစည်းနဲ့ အစ္စလာမ်အဖွဲ့အစည်းတစ်ချို့ ခေါ်ပြီး ရခိုင်မှာဖြစ်တဲ့ အကြမ်းဖက်မှုကြောင့် သူတို့အနေနဲ့ စိုးရိမ်တယ်ဆိုတာရယ်၊ ပြီးတော့ ရခိုင်က ဒုက္ခသည်တွေကို လည်း သူတို့အနေနဲ့ တက်နိုင်သလောက် ဝင်ပြီးကူညီဖို့ နေပြည်တော်က အစိုးရအာဏာပိုင်တစ်ချို့နဲ့လည်း ပြောထား တယ်ဆိုတာရယ်ကို ပြောပါတယ်။ ကျွန်တော်တို့လိုမျိုး သက်ဆိုင်ရာအဖွဲ့အစည်းတွေက လည်း ဝင်ပြီး ထိန်းပေးဖို့ တိုက် တွန်းသွားပါတယ်"ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ကြသည့်သူများတွင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ကျန်အဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးကျော်စိုး၊ အစ္စလာမ်သာသနာ့ပညာ ရှင်များအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမော်လာနာယူစွပ်၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမြင့်ထွန်း၊ မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်နှင့် ရခိုင်ရပ်မိရပ်ဖအဖြစ် ဦးသိန်းရွှေ တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ထို့ပြင် ဇွန်လ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုပြဿနာများနှင့် ပတ်သက်၍ အမေရိကန်ပြည် ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးကလင်တန်မှ ထုတ်ပြန်ကြေညာချက်တစ်စောင်အား ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်မြို့တွင်း ကောလာဟာလသတင်းများ ပျံ့နှံ့

ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တွင်း၌ ဘင်္ဂလီများ၏ အကြမ်းဖက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ကောလာဟာလသတင်းများ ပျံ့နှံ့ လျက်ရှိကြောင်းနှင့် ညဘက်အချိန်များ၌ သွားလာသူများအား သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

"ဖုန်းတွေလည်း ဝင်လာတယ်။ ဟိုနေရာမှာ မီးလောင်တယ်။ ဒီနေရာမှာမီးလောင်တယ်နဲ့။ တကယ်တမ်း နီးစပ်တဲ့လူတွေကို ထပ်ပြီး မေးကြည့် တော့ မဟုတ်ဘူးတဲ့။ အကုန်အေးဆေးပဲတဲ့။ ဒါပေမယ့် မြို့ထဲက အစ္စလာမ်ဘာသာဝင် တွေရဲ့ ဆိုင်ခန်းတွေတော့ ပိတ်ထားကြတယ်။ သောကြာနေ့မှာ ဗလီတက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးလည်း သေချာစိစစ်ပြီး လုပ်ဆောင်နေကြတယ်"ဟု ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုသည်။

ထို့နောက် ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ ယုဇနပလာဇာစင်တာအား ဇွန်လ ၁၄ ရက်နေ့မှစတင်၍ ပိတ်ထားခြင်းများရှိပြီး ရန်ကုန်မြို့တွင်းရှိ အထင်ကရနေရာများမှ မွတ်စလင်နှင့် အစ္စလာမ်ဘာသာဝင်တို့၏ ဆိုင်ခန်းအများအပြားကိုလည်း ပိတ်ထားလျက်ရှိကြောင်း သတင်းရရှိသည်။

"ကျွန်တော်ဆိုရင် ညဘက်တော်တော်နောက်ကျမှ အလုပ်ကပြန်ရတာဆိုတော့ ညဘက် ဘယ်လိုအခြေအနေရှိလဲဆိုတာ သိတယ်။ ပြန်ရင် လည်း တက္ကစီ စီးပြီးပြန်တာဆိုတော့ အရင်တုန်းကစစ်ရင် ယာဉ်မောင်းကိုပဲ စစ်တာ။ ဒါပေမယ့် အခု ခရီးသည်ကိုပါ ဘယ်သွားမှာလည်းဆိုပြီး မေးတာ တွေ ရှိလာပါတယ်"ဟု တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ကောလာဟာလသတင်းများနှင့် ပတ်သက်၍ အမှန်စင်စစ်ဖြစ်ပွားခြင်းများမရှိဘဲ အဖွဲ့အစည်းတစ်ချို့၏ လှုံ့ဆော်မှုများကြောင့် ရန်ကုန်မြို့၌ နေထိုင်သူများအား အထိတ်တလန့်ဖြစ်ပွားနိုင်ကြောင်း၊ ယင်းသို့ အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ပေးသူတို့အား အချိန်မီရှာဖွေ၍ အရေးယူသင့်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး၏ သုံးသပ်ပြောကြားသည်။

ထို့ပြင် ယခုလက်ရှိအချိန်များ၌ ရန်ကုန်မြို့တွင်း အစ္စလာမ်ဘာသာဝင်များ၏ အထင်ကရနေရာများမှ ဗလီများတွင် သက်ဆိုင်ရာမှ လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိကြောင်းနှင့် ဗလီသို့ လာရောက်သည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ ဗလီမှတာဝန်ရှိသူများက စိစစ်လျက်ရှိကြောင်း သတင်းရရှိ သည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

လူမှုရေးအသင်းတွေမှာနိုင်ငံရေးလှုပ်ရှားသူတွေ ပါဝင်လှုပ်ရှားဖို့အတွက် သတ်မှတ်ချက်တွေဟာ ကျွန်တော်တို့ကို တိုက်ရိုက် ရည်ညွှန်းနေသလိုပါပဲ။ အဖွဲ့ထဲမှာ အဖွဲ့ရဲ့ဥက္ကဋ္ဌတာဝန်မှအပ မည်သည့်နိုင်ငံရေးမှ မလုပ်ပါ ဆိုသည့်အချက် ပါဝင်နေသည်။ နောက်တစ်ချက်ကပါတီနိုင်ငံရေး ကင်းရှင်းရမည်။ နောက်တစ်ချက်က "နိုင်ငံရေးကင်းရှင်းကြောင်း ဝန်ခံရမယ်ဆိုတာပါတယ်။ နောက်တည်ဆဲဥပဒေအရ အရေးယူခံထားရသူတွေ မပါဘူးဆိုရင် ကျွန် တော်တို့လိုလူမျိုးတွေ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ တစ်ထောင့်တစ်နေရာကနေ ထပ်ပြီး ကန့်သတ်ခံထားရတယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူ့အခွင်အ ရေးသင်တန်းတွေ ပေးမယ်ဆိုရင် ကျွန်တော်တို့ ဘယ်ခေါင်းစဉ်အောက်မှာ သင်တန်းပေးရမှာလဲ။ ဥပမာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ရက်တွေ ဖွဲ့တယ်။ အဲဒီလိုဆောင်ရွက်ချက်မျိုးဟာ လူ့အဖွဲ့အစည်းကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုဖို့ ဆောင်ရွက် ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနည်းလမ်းအရ တည်ဆောက်တော့မယ်ဆိုရင် တရားနည်းလမ်းကျဖို့ ပြည့်စုံဖို့လိုပါမယ်"

ဇွန်လ (၁၅) ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ(၂၉)၊ အမှတ်(၅၇၃)တွင် ပါရှိသည့် ပြည်တွင်းလူမှု အဖွဲ့အစည်း များ ရပ်တည်နိုင်ရန် နည်းလမ်းအချို့ပြင်ဆင်ပေးရန်လို သတင်းဆောင်းပါးမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏  ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

"အဲဒီကိစ္စဟာ တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာရှိတဲ့ နယ်စပ်ရေးရာတွေမှာ နှစ်ဖက်စလုံးရဲ့ အားနည်းချက်တွေ ရှိနေ တယ်။ အဲဒီအတွက် တရားမဝင်ဝင်ရောက်လာသူတွေ အချိန်တိုင်းရှိခဲ့တယ်။ နိုင်ငံသားတစ်ယောက်ဖြစ်နိုင်ဖို့ နိုင်ငံသားတစ်ယောက်ဖြစ်ခွင့်နဲ့ ဥပဒေတွေ အမှန်တကယ် သက်ရောက်ဖို့လိုပါတယ်"

ဇွန်လ(၁၅)ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ်(၃၁၁)တွင်ပါရှိသည့် "အလုပ်သမားကိစ္စ အိုင်အယ်လ်အိုမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြား" သတင်းမှ ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

အစိုးရပိုင်သတင်းစာဆိုတာ  အစိုးရကို ကိုယ်စားပြုတာပဲဖြစ်လို့ သတင်းဖော်ပြရာမှာလည်း အစိုးရလုပ်တာကိုပဲ တစ်ဖက်က ပြောနေတာပါ "ပြည်သူ့အ သံ လွှတ်တော်အသံ" ဆိုတဲ့ တနေ့ကာလမှာ နိုင်ငံပိုင်သတင်းစာတွေဟာ ပြည်သူ့ဘဝကို မထင်ဟပ်နိုင်သေးတာ တွေ့ရပါတယ်။ သမ္မတကြီးကိုယ်တိုင် က "ရှေးရိုးစွဲတွေကိုချန်ထားရတော့မှာပါ" လို့ ပြောနေတဲ့အချိန်မှာ သတင်းစာတွေဟာ ဖင့်နှေးတုံ့ဆိုင်း နောက်ကြောင်းပြန်ဆွဲနေတာကတော့ အကျည်း တန်လှပါတယ်။ ပြည်သူတွေသိချင် ဖတ်ချင်တဲ့ သတင်း၊ ဆောင်းပါးတွေအစား ကြော်ငြာစာမျက်နှာတွေ ဦးစားပေး (သို့မဟုတ်) စီးပွားရေး ဦးစားပေးနေ တာကတော့ မသင့်တော်လှပါဘူး။

ဇွန်လ(၁၅)ရက်နေ့ထုတ် NEW WATCH ဂျာနယ်အတွဲ(၇)၊ အမှတ်(၅၀)တွင် ပါရှိသည့် ဆောင်ပါးရှင် ရဲကျော်ခေါင်၏ "သတင်းစာရဲ့  ဂုဏ်ဒြပ်နဲ့သိက္ခာ" ဆောင်းပါးမှ ကောက်နှုတ်ချက်

******************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs