Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အဓိကရုဏ်း စီမံခန့်ခွဲမှု

*****************************************

ဆောင်းပါးကဏ္ဍ

အဓိကရုဏ်းစီမံခန့်ခွဲမှု

လင်းထိုက်(Y.I.T)

(ဇွန်လ(၁၇)ရက်နေ့ထုတ်TRUE NEWS ဂျာနယ် အတွဲ(၄)၊အမှတ်(၃၇)ပါ ဆောင်းပါးကို ကူးယူဖော်ပြသည်)

ဒီရက်သတ္တပတ်အတွင်း ဖယောင်းတိုင်တွေ ပြန်အရောင်းပါးသွားတယ်။ ဖယောင်းတိုင်တွေဆန္ဒပြပွဲတွေ အကြောင်းမကြားရတော့ဘူး။  (လျှပ်စစ်မီးကလည်း ပုံမှန်ပြန်လာနေတယ်။) စက်မှုဇုန် အလုပ်သမားတွေရဲ့လစာနည်းပါးမှု ဆန္ဒပြပွဲသတင်းလည်း လူတွေကြားထဲ သိပ်မပြော ကြတော့ဘူး။ လယ်သမားတွေရဲ့လယ်ယာမြေအသိမ်းခံရမှု မကျေနပ်ချက်တွေ ဆန္ဒထုတ်ဖော်မှုတွေလည်း အသံတိုးသွားတယ်။ ဒုက္ခသည် ကချင်ပြည်သူ အရေအတွက် ခုနှစ်သောင်းကျော်အထိ ရှိလာတဲ့ ကချင်ပြည်နယ်က စစ်ပွဲအကြောင်း ဂျာနယ်စာမျက်နှာတွေထက်မှာ အထူးသတင်း မဖြစ်တော့ဘူး။ ဇွန်လ ၉ရက်နေ့မှာKIA ကချင်တပ်နဲ့ မြန်မာ့တပ်မတော်တို့ ဖြစ်ပွားတဲ့ သက်တမ်းတစ်နှစ်ပြည့်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်လျော့သွားတယ်။ တစ်နိုင်ငံလုံးရဲ့အာရုံကို မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ် အဓိကရုဏ်းတွေက ဖမ်းစားလိုက်တယ်။ နိုင်ငံပိုင်သတင်းစာတွေမှာ အထူးသတင်းအဖြစ် ဖော်ပြပြီးတဲ့ နောက်ပိုင်း အင်တာနက် စာမျက်နှာတွေမှာ၊လူတွေရဲ့ ပါးစပ်ဖျားမှာရခိုင်ပြည်နယ်ရဲ့ အဓိကရုဏ်းသတင်းက ရေပန်း စား နေရာယူ သွားပါတယ်။

ဒီရက်ပိုင်းမှာ ‘AndrzeiKarkoszka’ရေးသားတဲ့ “CrsisManagement”ဆိုတဲ့ စာတမ်းလေးဖတ်မိသွားတယ်။ Crisis ဆိုတဲ့ ဝေါဟာရကို ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ စပ်ဆက်အောင် အဓိကရုဏ်းလို့ပဲ ဘာသာပြန် လိုက်ပါတယ်။ “အဓိကရုဏ်းစီမံခန့်ခွဲမှု” ဆိုတဲ့ စာတမ်းမှာ ဆောင်းပါးရှင်က အဓိပ္ပါယ်ဖွင့်ဆိုရာမှာ “အဓိကရုဏ်း ဖြစ်ပွားခြင်း ဆိုတာ ပုံမှန်အစီအစဉ်တကျ သွားနေတဲ့ စနစ်တစ်ခုအတွင်းမှာ မထင်မှတ်တဲ့ ရုတ်တရတ် အပြောင်းအလဲတစ်ခုကို ဖန်တီးလိုက်ခြင်းဖြင့် စနစ်ရဲ့ အစိတ်အပိုင်းဒါမှမဟုတ် စနစ်တစ်ခုလုံးကို ဖျက်လိုဖျက်ဆီးနဲ့ ကဖျက်ကယက် လုပ်ခြင်း”လို့ ဆိုပါ တယ်။

ပဋိပက္ခ > အဓိကရုဏ်း > အပြောင်းအလဲတစ်ခု

              အဓိကရုဏ်တစ်ခုဟာ အဖြစ်အပျက်နဲ့ အပြောင်းအလဲကိုဆက်စပ်ပေးတဲ့ အဖြစ်အပျက် အခြေအနေတစ်ခုလို့ ပညာရှင်တစ်ယောက်ရဲ့ ဖွင့်ဆိုမှုကို စာတမ်းရှင်က ပြန်လည်ကိုးကားပါတယ်။ ပဋိပက္ခဟာ စားပွဲဝိုင်းဝိုင်းတစ်ခုနဲ့ ဖြေရှင်းလို့ ရပေမယ့် အဆိုးသို့မဟုတ် အကောင်းဖြစ်မယ့် အပြောင်းအလဲတစ်ခု ပေါ်ပေါက်ဖို့ စားပွဲဝိုင်းဖြေရှင်းမှုနဲ့ မရတဲ့ အဓိကရုဏ်း တစ်ခုဟာ ပေါ်ပေါက်ရတယ်လို့လည်းဆိုပါတယ်။

အဓိကရုဏ်းစီမံခန့်ခွဲမှု

              အဓိကရုဏ်းတစ်ခုကို စီမံခန့်ခွဲတဲ့နေရာမှာ ပထမဆုံး အဓိကရုဏ်း ဖြစ်ပေါ်စေမယ့် အကြောင်းအချက် အခြေအနေ အရပ်ရပ်ကို နားလည် နိုင်စွမ်း ရှိရမယ်လို့ ဆိုပါတယ်။ ပြီးတော့ ဖြစ်စဉ်အပေါ် နိုင်ငံရေး ၊လူမှုရေး ၊ကျန်းမာရေး စသည်ဖြင့် ကဏ္ဍအလိုက်  ပါဝင်ပတ်သက်မှုကို အမျိုးအစား ခွဲခြားနိုင်တဲ့ အရည်အသွေး လိုအပ်ပါတယ်။ (ဥပမာ-ဖြစ်စဉ်ဟာ နိုင်ငံရေး ကဏ္ဍနဲ့ လူမှုရေးကဏ္ဍနဲ့ သက်ဆိုင်လား၊ ပညာရေးကဏ္ဍနဲ့ သက်ဆိုင်လား၊ ဒါမှမဟုတ်ကဏ္ဍတွေ ရောယှက်နေသလားဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ ကဏ္ဍတွေ ရောယှက်နေရင် ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍ တွေရဲ့ အချိုးအစားကိုတိတိကျကျ သိမြင်နားလည်ရမယ်လို့ စာတမ်းရှင်က ဆိုလိုတာပါ။)

ဖြစ်စဉ်တွေထဲမှာ ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍတွေထဲက အရေးကြီးဆုံးကဏ္ဍကိုလည်း ဆွဲထုတ်တင်ပြနိုင်တဲ့ စွမ်းရည်လည်း လိုပါတယ်။ နောက်ဆုံးအချက်အနေနဲ့က ဖြစ်စဉ်ရဲ့နောင်ဖြစ် လာမယ့်အကျိုးဆက်တွေကိုလည်း အမြော်အမြင်ရှိရှိ မှန်းဆထားနိုင်ရမယ်လို့လည်း ဆိုပါတယ်။ အဓိက ရုဏ်းစီမံခန့်ခွဲမှုမှာ အထက်ပါလေးချက်ကို ဂရုပြုပြီးတင်ပြ ထားပါတယ်။

ဆုံးဖြတ်ချက်ချခြင်း(Decision Making)အပိုင်းမှာတော့ အဓိကရုဏ်းစီမံခန့်ခွဲသူရဲ့ အဓိကရုဏ်းကိုတုန့်ပြန်မှု အချိန်ကာလကို ချင့်ချိန်ခြင်းဟာ အရေးအကြီးဆုံး ကိုင်တွယ်မှုအဖြစ် တင်ပြထားပါတယ်။ အဓိကရုဏ်းတစ်ခုရဲ့ ပကတိ အခြေအနေမှန်ကို သုံးသပ်ပြီး မြန်မြန် ကိုင်တွယ်သင့်သလား၊ အချိန်စောင့် ဆိုင်းမှုလိုအပ်လားဆိုတဲ့ ဆုံးဖြတ်ချက်ချခြင်းဟာ လူ့အသက်ပေါင်းများစွာအတွက် သက်ဆိုင်နေတဲ့အတွက် တုန့်ပြန်မှု အချိန်ကာလကို ချင့်ချိန် ခြင်းကို အရေးတကြီး ကိုင်တွယ်မှုတစ်ခုလို့ စာတမ်းရှင်က ဆိုထားပါတယ်။

အဓိကရုဏ်းစီမံခန့်ခွဲမှု သော့ချက်များ

(၁)အများပြည်သူရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အခြေအနေတစ်ရပ်အဖြစ် ခိုင်ခိုင်မာမာလက်ခံခြင်း

(၂)အဓိကရုဏ်းကိုတုန့်ပြန်ရမယ့် အချိန်ကာလကိုအချိန်မီတွက်ဆနိုင်ခြင်း

(၃)အဓိကရုဏ်းဖြစ်ပွားရာပကတိအခြေအနေရဲ့ မတည်ငြိမ်မှု အတိုင်းအတာပမာဏကိုတွက်ဆခြင်း

(၄)အဆုံးအဖြတ်ပြုမယ့် စီမံခန့်ခွဲသူတွေရဲ့ ပကတိအခြေအနေအပေါ်မျှတခြုံငုံသုံးသပ်နိုင်စွမ်း

အထက်ပါ အချက်လေးချက်ပေါ် မူတည်ပြီးအသင့်လျော်ဆုံးတုန့်ပြန်မှု ယန္တရားတစ်ခု အလျင်အမြန် ဖန်တီးသင့်တယ် လည်းဆိုပါတယ်။

လူ့အသက်တွေဟာပေါ့တီးပေါ့ဆမဟုတ်

ကမ္ဘာသမိုင်းကို ပြန်ကြည့်ရင် အဓိကရုဏ်း အမျိုးအစားတွေထဲမှာ လူမျိုးရေးအဓိကရုဏ်းဟာ သွေးမြေခတဲ့ သက်တမ်းကြာရှည် တတ်ပါတယ်။ ရဝမ်ဒါနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေမှာ ဖြစ်ပွားတဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို ကြည့်ရင် လူ့အသက်ပေါင်း များစွာ သွေးမြေခရုံတင်မကဘဲ ရန်ငြိုး အာဃာတမီးတွေ တငွေ့ငွေ့လောင်ကျွမ်းကာ နှစ်ကာလ ချီပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းဟာ အဆိုပါ နိုင်ငံတွေလောက် ရန်ငြိုးအာဃာတ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြပြီးမီးပွားတစ်ခုကြောင့် ရုတ်တရတ်တောက်လောင်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလိုအခြေအနေမှာ ပြည်သူတစ်ရပ်လုံးကမျှတ ခြုံငုံသုံးသပ်နိုင်တဲ့အမြင်နဲ့ ဝိုင်ဝန်းထိန်းသိမ်းကြရမှာပါ။

ဒီမိုကရက်တိုက်ဇေးရှင်း(Democratization) သီအိုရီတွေအရလည်း ဒီမိုကရေစီအသွင် ကူးပြောင်းရာမှာ အဟန့်အတား တစ်ခုအဖြစ် နိုင်ငံရေး အဖြူအမဲ (Political Polarization)ရှိခြင်းနဲ့ အစွန်းရောက် အယူအဆများ (နိုင်ငံရေး၊ လူမျိုး ရေး………….စသည်)ရှိခြင်းတို့ကို အခက်အခဲအဖြစ် ညွှန်းဆိုကြပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းကာစဖြစ်တဲ့ အခြေအနေတစ်ရပ်မှာ အမုန်းတရားတွေ ဆပွားစေမယ့် အာဃာတတွေကို ကူးစက်စေမယ့် အပြောအဆို ၊အရေးအသားတွေကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပြီးထိန်းသိမ်း ဆောင်ရွက်သင့်ပါတယ်။ တစ်ခါဆောင်းပါးတစ်ခုမှာ ဖတ်ဖူးတဲ့ စာသား တစ်ခုလို ကိုယ့်လည်ပင်းကိုယ် စွပ်မိစေမယ့် ကြိုးကွင်းကို ကိုယ်တိုင်မကျစ်မိဖို့ အရေးကြီးလှပါတယ်။ အခြေအနေတွေ ကူးစက်သွားရင် ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီခရီးကြီး နောက်ကြောင်းပြန်လှည့် သွားနိုင်ပါတယ်။ လူ့အသက်တွေဟာ ပေါ့တီးပေါ့ဆရထားတာ မဟုတ်ပါဘူး။ ယခု အခြေအနေ ဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလရောက်ဖို့ကိုဘဝတွေစတေးခဲ့ ရပြီးပါပြီ။ထပ်ပြီးအသက်တွေ ထပ်စတေးရမယ်ဆိုရင် မြန်မာပြည်ဟာ ပြာပုံထဲက ဘယ်တော့မှ ရုန်းထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ အန္တရာယ်စက်ကွင်းထဲ မသက်ဆင်းမိဖို့ ပြည်သူအားလုံး အခြေအနေ အရပ်ရပ်အပေါ် မျှတခြုံငုံသုံးသပ်နိုင်စွမ်းရှိဖို့ အထူးလိုအပ်နေပါပြီ။ တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရရှိရေးသာဝိုင်ဝန်းလုပ်ဆောင်ကြပါ။

စာကိုး။ ။”Crisis Management”byAndrzeiKarkoszka

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

 ၁၇.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်တွင်းသို့ဝင်ရောက်လာသည့်နိုင်ငံခြားသားအချို့ဗီဇာစည်းကမ်းဖောက်ဖျက်လျက်ရှိ
  2. ဂျပန် အကူအညီဖြင့် မြန်မာ၏ ကမ္ဘာမြေလေ့လာရေးအသေးစား ဂြိုလ်တု လွှတ်တင်မည်
  3. တန်ချိန်မြင့်သင်္ဘောများစတင်ဌားရမ်းနိုင်ပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတဦးသိန်းစိန်အား ဗြိတိန်သို့လာရောက်ရန် ဝန်ကြီးချုပ်ဖိတ်ခေါ်
  2. NLD ပါတီ၏ဝဲလောင်ရုံးဖွင့်ပွဲဆန္ဒပြခံရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားအချို့ ဗီဇာစည်းကမ်းဖောက်ဖျက်လျက်ရှိ

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားအချို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးသည့် ဗီဇာပါအချက်အလက် စည်းကမ်းချက်များကို ဖောက်ဖျက်လျက်ရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“တစ်ချို့နိုင်ငံခြားသားတွေပာာ မြန်မာနိုင်ငံထဲကို စီးပွားရေးဗီဇာနဲ့ ဝင်လာပေမယ့် ဗီဇာစည်းကမ်းပါ အချက်အလက်တွေကို ဖောက်ဖျက်လေ့ ရှိပါတယ်။ ဒီနိုင်ငံခြားသားတွေကို လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်ရတာတွေ ရှိပါတယ်”ပာု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ဗီဇာဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများအား လူဝင်မှုကြီးကြပ်ရေးနှင့် အရေးပေါ် စီမံအက်ဥပဒေပုဒ်မ ၁၃(၁)/၄(၂) အမှုဖွင့် အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများအနေဖြင့် လဝကမှထုတ်ပေးသည့် ဆိုက်ရောက်ဗီဇာအတွက် လိုက်နာရမည့် စည်းကမ်းချက် (၁၇)ချက် နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် လျှောက်လွှာနှင့်အတူ လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီမှတ်ပုံတင်၊ လုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပေးထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်း အထောက်အထား မိတ္တူများ ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း ပြည်တွင်း သတင်းဂျားနယ်များ၏ ဖော်ပြချက်များအရသိရသည်။

“ပြည်တွင်းမှာ လုပ်ငန်းလာလုပ်ကိုင်တဲ့ နိုင်ငံခြားသားလုပ်ငန်းတွေအနေနဲ့ လျှောက်လွှာမှာဖော်ပြထားတဲ့ လုပ်ငန်းကလွဲပြီးတော့ တခြား ဘယ် လုပ်ငန်းကိုမဆို ပိုက်ဆံရ၍ဖြစ်စေ၊ အခမဲ့ဖြစ်စေ မလုပ်ရပါဘူး။ ဒါတွေ ချိုးဖောက်တယ်ဆိုရင် လဝကရဲ့ အရေးပေါ်စီမံချက် အက်ဥပဒေနဲ့ အရေးယူခံရ မှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ ဥရောပနိုင်ငံအချို့ အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံအားဇွန်လ ၁ ရက်နေ့မှ စတင်၍ ဆိုက်ရောက် ဗီဇာသုံးမျိုးကို ခွင့်ပြုပေးခဲ့ပြီး ယင်းဗီဇာသုံးမျိုးမှာလုပ်ငန်းဗီဇာ၊ ပြည်ဝင်ခွင့်ဗီဇာနှင့်ဖြတ်သန်းခွင့်ဗီဇာများဖြစ်သည်။

Ref:နေပြည်တော်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

ဂျပန် အကူအညီဖြင့် မြန်မာ၏ ကမ္ဘာမြေလေ့လာရေးအသေးစား ဂြိုလ်တု လွှတ်တင်မည်

ဂျပန်နိုင်ငံ၏ အကူအညီရယူ၍ မြန်မာနိုင်ငံအတွင်း ကမ္ဘာမြေလေ့လာရေးအသေးစားဂြိုလ်တုကို ယခုနှစ်ပိုင်းအတွင်း လွှတ်တင်နိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

၂၀၁၂ ဇွန် ၁၂ ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ၏ ကမ္ဘာမြေ လေ့လာရေး အသေးစား ဂြိုလ်တု လွှတ်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ဂြိုလ်တုလွှတ်တင်ရေး ဖြစ်နိုင်ချေလေ့လာရေးနှင့် အခြားဝန်ကြီးဌာနများ အားလုံး အသုံးပြုနိုင်မည့် အခြေအနေများကို မြန်မာ-ဂျပန် နှစ်နိုင်ငံ တာဝန်ရှိသူများ လေ့လာဆွေးနွေးခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ရာသီဥတုကို ခန့်မှန်းတွက်ချက်ရာမှာ တခြားတိုင်းပြည်တွေက ရရှိတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ တွက်ချက်နေရ ပါတယ်။ အခုနှစ်ပိုင်းမှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ မိုးလေဝသခန့်မှန်းနိုင်ဖို့အတွက် ခန်းမှန်းတိုင်းတာရေးရေဒါ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အတွက် ဂြိုလ်တုအသေးစားလွှတ်တင်နိုင်ဖို့အတွက် ဆောင်ရွက်ရတာပါ”ပာု ၎င်းက ဆက်လက်ဆိုသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအတွက် ဂျပန်နိုင်ငံမှ အကူအညီပေးမည့် ကမ္ဘာမြေလေ့လာရေး အသေးစားဂြိုလ်တုသည် ဂြိုလ်တုနှင့် အာရုံခံပစ္စည်းများ စုစုပေါင်း အလေးချိန် ၄၉၅ ကီလိုဂရမ် အလေးချိန်ရှိပြီး ကမ္ဘာမြေအထက် ၆၀ ကီလို မီတာမှ နေ၍ မိုးလေဝသနှင့် ဇလဗေဒ၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်း ဆက်သွယ်မှု၊ သစ်တောဆိုင်ရာ စီမံခန့်ခွဲမှု၊ ရေကြီးမှု စောင့်ကြည့်ရေး အစရှိသည့် ကဏ္ဍများအတွက် သတင်းအချက် အလက်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် နေပြည်တော်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

                Ref:နေပြည်တော်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

တန်ချိန်မြင့် သင်္ဘောများစတင်ဌားရမ်းနိုင်ပြီ

ပြည်တွင်းရှိရေကြောင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် တန်ချိန်မြင့် သင်္ဘောများ စတင်ဌားရမ်းနိုင်ပြီ ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် LEADER MARINE မှ တာဝန်ရှိသူတစ်ဦးကပြောကြားချက်အရသိရသည်။

“ပြည်တွင်းကရေကြောင်းဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေ၊ သဘာဝကမ်းလွန် ရေနံဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေ အသုံးပြုဖို့ အတွက် တန်ချိန်မြင့်သင်္ဘောတွေ ဌားရမ်းနိုင်ဖို့အတွက် စတင်ခွင့်ပြုပေးနေပါပြီ။ ဌားရမ်းမယ့် သင်္ဘောတွေကတော့ တန်ချိန် ၁၀၀၀၀ အထက် တန်ချိန်မြင့် သင်္ဘောတွေ ဖြစ်ပါတယ်”ပာု ၎င်းက ဆက်လက်ဆိုသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များအသုံးပြုနိုင်စေရန် ကုန်တင်သင်္ဘော(Open Vessel)၊ ရေနံတွင်းတူးနှင့် ပိုက်လိုင်းချသင်္ဘော CD rilling Vessel နှင့် အခြားတွန်းသင်္ဘောများ၊ တွဲသင်္ဘောများကို ဌားရမ်းပေးသွားမည်ဖြစ်ပြီး ပြည်တွင်းရေကြောင်း ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုပါ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ရေကြောင်းပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံရာမှာ ပြည်တွင်းလုပ်ငန်းရှင် ရာခိုင်နှုန်းအားဖြင့် နည်းပါးနေတဲ့အတွက် အခုလို လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်ပါ လက်ခံလိုက်တာပါ။ ရေကြောင်းကို စီးပွားရေးဆန်ဆန် ရင်းနှီးမြှုပ်နှံ တာတွေက လည်း ပြည်တွင်းမှာတော်တော်နည်းပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

LEADER MARINE ကုမ္ပဏီသည် ပင်မတရုတ်နိုင်ငံပိုင် သင်္ဘောလိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ရေကြောင်းတွင် သင်္ဘောအစီးရေ (၄၀)ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြည်တွင်းသတင်းဖော်ပြချက်များအရသိရသည်။

Ref:News Watch

********************************

ပြည်တွင်းပါတီ၊နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန်အား ဗြိတိန်သို့ လာရောက်ရန် ဝန်ကြီးချုပ်ဖိတ်ခေါ်

မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ယခုနှစ်ကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

မကြာသေးမီကာလအတွင်းကလည်း မြန်မာအစိုးရသစ် သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှုအပေါ် အသိအမှတ်ပြုကြောင်း ဗြိတိန်သံအမတ်ကြီးမှ တစ်ဆင့်ပြောကြားခဲ့ပြီး ယခုအခါ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာငါးသန်းကို မြန်မာနိုင်ငံ၏ လတ်တလောလိုအပ်နေသည့် နေရာများတွင် အသုံးပြုနိုင်ရေးနှင့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၃၀၀ ကိုပေးအပ်ကူညီသွားမည်ဖြစ်ကြောင်း ၂၀၁၂ ဇွန်လ ၁၂ ရက် နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗပိာု ကော်မတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်နှင့် PDSG မှ ဦးဆောင်ဆက်သွယ်နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ သြစတြေးလျနိုင်ငံ၊ ဗြိတိန် နိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့တို့နှင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗပိာုဌာန (MICC) ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့်  တွေ့ဆုံပွဲတွင် ဗြိတိန်သံအမတ်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင် ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာစီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် နိုင်ငံများက ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် ယင်းနိုင်ငံများမှာ မြန်မာနိုင်ငံအား ယခင်ပိတ်ဆို့ထားသည့် စီးပွားရေးအကူအညီ အထောက်အပံ့များကိုလည်း ပြန်လည် ပေးအပ်ခဲ့သည်။

Ref:7Day News

-----------------------------------------------------------------------------------------------------------------------------------

NLD ပါတီ၏ ဝဲလောင်ရုံးဖွင့်ပွဲ ဆန္ဒပြခံရ

၂၀၁၂ ဇွန်လ ၉ ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ မန္တလေးတိုင်းဒေသကြီး၊ ဝဲလောင်တိုက် နယ်ရုံးဖွင့်ပွဲ အခမ်းအနားတွင် လူဦးရေ ၅၀ ခန့်ကျော်က ရုံးခန်းရှေ့တွင် ဆန္ဒပြမှုများ လာရောက်လုပ်ဆောင်ခဲ့ကြောင်း ဝဲလောင် NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

“ကျွန်တော်တို့ ရုံးခန်းဖွင့်ပွဲပြုလုပ်နေတဲ့ အချိန်မှာလူ ၅၀ လောက်ကဆိုင်းဘုတ်တွေကိုင်ပြီး ကျွန်တော်တို့ ရုံးခန်းဖွင့်နေတာကို ဆန္ဒလာပြ ကြတယ်။ နောက်ရုံးခန်းဖွင့်ပြီးတစ်ချို့တွေပြန်တဲ့အခါမှာလည်းအလိုမရှိ၊ အလိုမရှိဆိုပြီး နောက်ကလိုက်အော်တယ်။ ဆန္ဒလာပြတဲ့သူတချို့က မူးနေကြ တယ်။ ပြီးတော့ ဒီကဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်အချို့လည်း ပါနေတာ တွေ့ရတယ်။ အာဏာပိုင်တွေတော့ မလာဘူး”ပာု ၎င်းက ဆက်လက်ပြောကြား သည်။

ထို့ပြင် ဝဲလောင် NLD ပါတီရုံးခန်းဖွင့်ပွဲသို့ လာရောက်ဆန္ဒပြသူများ၏ လက်ထဲတွင် “တည်ငြိမ်မှုကို မဖျက်ဆီးပါနှင့်”၊ “ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသည်”၊ “ကျေးရွာကိုစိတ်ဝမ်းမကွဲပြားပါစေနှင့်” စသည့်စာသားများကို ရေးသားထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒ နယ်(၄၅)နေရာ (၄၃)နေရာတွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယလွှတ်တော် ကိုယ်စားလှယ်အများဆုံး အတိုက်အခံပါတီတစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။

Ref:သံတော်ဆင့်

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

အခုဖြစ်နေတဲ့ ရခိုင်မှာ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ ကျူးကျော်တဲ့ ပြဿနာဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးကြီး ကျိုးပျက်သွားခြင်းပါပဲ။

The Voice Weekly ဂျာနယ်အတွဲ(၈) အမှတ်(၂၆)တွင် ပါရှိသည့်”အနောက်ဘက်တံခါး ကျိုးပျက်ခြင်းသို့မဟုတ် ပြည်ထောင်စု၏ ပြဿနာ” သတင်း ဆောင်းပါးမှ ရခိုင်အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဦလှမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အဲဒါ တစ်နှစ်မဟုတ်ဘူးဗျ။ နှစ်ပေါင်း ၅၀ ရှိနေပြီ၊ သဘောကနှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို ဘယ်လောက် တောင့်တောင့်တတနဲ့ လိုချင်တယ် ဆိုတာ ကျွန်တော်မေးချင်တယ်ဗျ။ တကယ်တမ်းစစ်အတွက် ဒုက္ခရောက်နေသူတွေအတွက်က အဲဒီ ငြိမ်းချမ်းရေးကိုလိုချင်တာပေါ့။ သူတို့က အဲယားကွန်း အခန်း ထဲက ဒုက္ခရောက်နေတာလား။ မြေပြင်ပေါ်က ဒုက္ခရောက်နေတာလား။ ဒုက္ခရောက်တာချင်း ကွာတာပေါ့။

New Days News ဂျာနယ် အတွဲ(၁)အမှတ်(၃၅)တွင်ပါရှိသည့် “ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုနဲ့ တွေ့ဆုံခြင်း အင်တာဗျူး” မှ ကိုဘိုဘို၏ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 ပြည်သူလူထုတွေက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အဖြစ်အပျက်တွေကို တင်တဲ့အခါမှာကိုယ့်ကိုကိုယ် ဂျာနယ်လစ်တစ်ပိုင်း ဖြစ်သွားတယ်ဆိုတဲ့ mind setမျိုး ရှိရမယ်။ ဂျာနယ်လစ်ဇင် တစ်ပိုင်းဖြစ်သွားတဲ့အခါ မီဒီယာကျင့်ဝတ်တွေကို လေ့လာဖို့ လိုလာတယ်။ အခုကအဲဒီလိုမဟုတ်ဘူး။ လူတွေက သူတို့ကိုယ် သူတို့ဂျာနယ်လစ် ဖြစ်သွားမှန်းလည်း မသိလိုက်ကြဘူး။ ပြီးတော့ ဂျာနယ်လစ်ကျင့်ဝတ်တွေ ဘာလဲဆိုတာလဲ မသိလိုက်ဘူး။ မသိလိုက်တဲ့ အခါကျတော့ ရမ်းဗြဲက ကောင်မလေးဓာတ်ပုံတွေ တင်တယ်။ ဒါတွေဟာ တကယ်တော့ မီဒီယာကျင့်ဝတ်နဲ့ မညီဘူး။ အဲဒါပုံတွေတင်တယ်။ share တွေ လုပ်တယ်။နောက်တစ်ခါ ဆယ်ယောက် အသတ်ခံရတဲ့ပုံတွေ တင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်share ပြီး ဒီ facebookပေါ်မှာတင်တဲ့ သက် ရောက်မှုက print ထုတ်တယ်။ ဝေတယ်ဆိုတာက ဒါကြီးကတကယ့် အစလို့ ပြောလို့ရတယ်။ အဲဒါဖြစ်လာတဲ့ အခါကျတော့ လူတွေကကျင့်ဝတ် မရှိတာ။ ငါတို့ဟာ မီဒီယာတစ်ပိုင်း ဖြစ်နေပါလား။ ငါတို့ဟာ မီဒီယာကျင့်ဝတ်တွေကို လိုက်နာသင့်လား။ ငါတို့တင်လိုက်တဲ့ post တစ်ခုခုဟာကိုယ်တင်မကဘဲ ကိုယ်တင်မကဘဲ ကိုယ့်တိုင်းပြည်ကိုပါ ထိခိုက်မှု ဖြစ်နိုင်ပါလားဆိုတဲ့ စိတ်ကို မရောက်တော့တာပါ။ ငါတို့တာဝန်ယူရမယ်ဆိုတဲ့  အသိစိတ်မရှိတော့ တာ ပါ။ ကျွန်တော်တို့အနေနဲ့ အဲဒါကို များများပြောဖို့ လိုတယ်။ ကိုယ်ရေးတဲ့စာ ကိုယ်ပို့တဲ့စာတင် မဟုတ်ဘဲ ကိုယ်share တာတွေပါ တာဝန်ရှိလာပြီ။ ဒါဟာ လည်း တနည်းအားဖြင့်ပြောရရင် သတင်းဖြန့်တာပဲ အပြင်မှာ စာရွက်တစ်ရွက်ဖြန့်ရင် ပြဿနာ ရှိသလိုပဲ။ facebookပေါ်မှာ သတင်းတွေဖြန့်တာဟာ ပြဿနာရှိနိုင်တယ်။ ဒီအတွက်လည်း တာဝန်ယူရမယ်ဆိုတဲ့ အသိစိတ်မျိုးကို အွန်လိုင်းအသုံးပြုနေတဲ့ လူတွေအားလုံး အဲဒီအသိစိတ်တွေ သွင်းပေးရ မယ်။

ဇွန်လ(၁၇)ရက်နေ့ထုတ်True News ဂျာနယ် အတွဲ(၄)၊အမှတ်(၃၇)တွင်ပါရှိသည့် ”facebookပေါ်က ရခိုင်ကိစ္စအပေါ် ဘလော့ဂါ နေဘုန်းလတ်ရဲ့ အမြင်” အင်တာဗျူးမှ ဘလော့ဂါနေဘုန်းလတ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 **********************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs