Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မှားယွင်းသော ဥပဒေ အသိပညာပေးမှုများ

*****************************************

ဆောင်းပါးကဏ္ဍ

မှားယွင်းသော ဥပဒေ အသိပညာပေးမှုများ

ဦးအောင်ဝင်း(တရားရေး)

ဘယ်ပညာရပ်ဆိုင်ရာ ကိစ္စဖြစ်စေ၊ မှားယွင်းစွာ အသိပညာပေးခြင်းဟာ ဆရာဝန်ဆေးတိုက်မှားတာထက် ဆိုးတတ်ပါတယ်။ ဆရာဝန် ဆေးတိုက် မှားတာက လူတစ်ဦးတည်းကို ထိခိုက်စေနိုင်ပေမယ့် အသိပညာပေးမှားတာက လူအများကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။ ဥပဒေရေးရာ၊ တရားစီရင် ရေးရာတွေနဲ့ ပတ်သက်လို့လည်း မှားယွင်းတဲ့ အသိပညာပေးမှားမိတာတွေ ရှိတတ်ကြပါတယ်။ ဒါတွေကို သိသင့်တဲ့အပြင် ဆင်ခြင်သင့်တာမို့ တင်ပြလိုက် ရတာပါ။ မကြာခဏ ကြုံရတာ များလှပါပြီ။ မြောက်မြားစွာထဲက ပိုအမှတ်ရရရှိနေတာလေး တချို့ကို တင်ပြပါရစေ။

တင်ပြသူ ဗဟိုဝန်ထမ်း တက္ကသိုလ်တက်တဲ့ ၁၉၈၃ခုနှစ်မှာ အဲဒီတက္ကသိုလ်က ရုပ်ရှင်ရုံမှာ ဇာတ်ကားဟောင်းတစ်ခု ကြည့်ခွင့်ရခဲ့ပါတယ်။ ဇာတ် ကားနာမည်တော့ အပြည့်အစုံ မမှတ်မိတော့ပါဘူး။ ဖဲကြိုးဝါ ဆိုတာတော့ ပါတယ်လို့ မှတ်မိပါတယ်။ ဂျပန်ဇာတ်ကား Yellow handkerchiefs ကို မြန်မာမှု ပြုထားတာလို့ တချို့ပြောပြလို့ မှတ်သားရဖူးပါတယ်။ မင်းသားက (ဦး)ကျော်ဟိန်း ဖြစ်ပြီးတော့ မင်းသမီးနဲ့ ဇာတ်ရံတွေကိုတော့ မမှတ်မိတော့ပါဘူး။

ဇာတ်ကားမှာ ယာခင်းထဲ ပေါက်တူးတစ်လက်နဲ့ အလုပ်လုပ်နေတဲ့ ကျော်ဟိန်းကို ဗီလိန် သရုပ်ဆောင်က သေစေလောက်တဲ့ လက်နက် တစ်ခု ခုနဲ့ သေလောက်အောင် အနေအထားနဲ့ ရန်ပြုလာပါတယ်။ ကျော်ဟိန်းက အသင့်ရှိတဲ့ ပေါက်တူးနဲ့လား မမှတ်မိ၊ ခုခံကာကွယ်ရင်း ပြန်ပေါက်မိရာက ဗီလိန် သေရပါတယ်။ ကျော်ဟိန်းကို အမှုစစ်တဲ့ တရားရုံးက လူသတ်မှုနဲ့ သက်ညှာတဲ့ ထောင်ဒဏ် ၃နှစ်ချပါတယ်။

ဒီကိစ္စမှာ အန္တရာယ်ပြုလာသူ ဗီလိန်ကို ကျော်ဟိန်း ကာကွယ်တုံ့ပြန်ခြင်းဟာ ကာကွယ်ခုခံပိုင်ခွင့် ဥပဒေအရ အန္တရာယ်ပြန်ပြုနိုင်တဲ့ အတိုင်း အတာရယ်၊ အန္တရာယ်ပြန်ပြုနိုင်တဲ့ ကာလအတွင်းရယ် ဖြစ်နေတဲ့အပြင် မလျော်တဲ့ အခွင့်အရေးယူခဲ့တာ မရှိလို့ အမှန်အားဖြင့် ကွင်းလုံးကျွတ် (ယခုတရား စီရင်ရေးအသုံးအနှုန်း- အပြီးအပြတ်လွှတ်) ရမှာ ဖြစ်ပါတယ်။

ဒါဟာ ဥပဒေရေးရာ၊ တရားစီရင်ရေးရာ အကြီးအကျယ် မှားယွင်းတဲ့ အသိပညာပေးမှု ပြကွက်ပါပဲ။ လူတိုင်းမှာ ဥပဒေအရ မိမိကိုယ်ကို၊ မိမိရဲ့ စည်းစိမ်ဥစ္စာကို ကာကွယ်ခုခံပိုင်ခွင့် ရှိရက်နဲ့ ဒီအခွင့်အရေး မရှိသလို သိသွားစေပါတယ်။

ဒီ့ထက် ဒီဂရီမြင့်တာ တင်ပြပါရစေ။ တစ်ခါသောအခါက မြန်မာ့ရုပ်မြင်သံကြားမှာ မှုခင်း ပဟေဠိဝှက်တမ်း ပြခဲ့ဖူးပါတယ်။ ဒုတိယရဲမှူးဝတ်စုံနဲ့ အမျိုးသမီးတစ်ဦး ပါဝင်ဆောင်ရွက်ပြီး အဖြေမှန်သူကို တီဗီမှာ အခမ်းအနားနဲ့ ပြသဆုချပါတယ်။

ပဟေဠိဇာတ်လမ်းတစ်ခုမှာ လူတစ်ယောက်ကို လူတစ်ယောက်က သေနတ်နဲ့ ပစ်သတ်တာကို ပြပါတယ်။ သတ်သူကို သေနတ် ထုတ်ပေးပြီး နောက်ကွယ်က ကြိုးကိုင် ငွေပေးသတ်ခိုင်းသူ ဆရာကြီးဖြစ်နိုင်ချေတစ်ဦးမက ပါဝင်တဲ့ ဇာတ်ကွက် ဆင်ထားပါတယ်။ အဓိက တရားခံဆိုပြီးတော့ ကြိုးကိုင်သတ်ခိုင်းတဲ့ ဆရာကြီးကို ဖော်ထုတ်ခိုင်းထားပါတယ်။

ဥပမာမှာ ကိုယ်ထိလက်ရောက် သေနတ်နဲ့ ပစ်သတ်သူဟာ အဓိကတရားခံဖြစ်ပြီးတော့၊ သေနတ်ထုတ်ပေးပြီး ငွေပေးသတ်ခိုင်းသူ ဆရာကြီး ကတော့ အားပေးကူညီမှု ၃မျိုးထဲက တမင်ကူပံ့ခြင်းဖြင့် အားပေးကူညီသူသာ ဖြစ်ပါတယ်။ ဆိုလိုတာက ဆရာကြီးဟာ ဥပဒေအရ အဓိက တရားခံမဟုတ် ပါဘူး။ ဒီတော့ အဓိက တရားခံ ဖော်ထုတ်ပါဆိုရင် အကြီးအကျယ် မမှားပေဘူးလားခင်ဗျာ။

ဒီဂရီတစ်ခု ထပ်ပြီးမြှင့်လိုက်ပါရစေ။ လူကုန်ကူးမှုနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေမှာ အခမဲ့ဖြန့်ဝေလေ့ရှိပြီး အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ထုတ်တဲ့ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း စာအုပ်မှာပါ။ စာအုပ်မျက်နှာဖုံးမှာ ပြည်တွင်းဌာနတစ်ခုနဲ့ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်းပြန်ဆို ထုတ်ဝေတယ်လို့ ဆိုထားပါတယ်။

စာအုပ်ရဲ့နေရာတချို့တွေမှာ မှားတာတွေ တွေ့ရပါတယ်။ အဲဒီထဲက အပိုဒ်တစ်ခုမှာ ‘တရားရေးဝန်ထမ်းများအား အရေးယူခြင်း’ လို့ တွေ့ရပါ တယ်။ ဒီအပိုဒ်ခေါင်းစီးရဲ့ မူရင်း အင်္ဂလိပ်ဘာသာကို ကြည့်လိုက်တော့ ‘Liability of Legal Persons လို့ တွေ့ရပါ တယ်။

ဥပဒေသမားတွေ သိထားတဲ့ Legal Person  ဆိုတာကို ရှင်းပြပါရစေ။ လူဆိုရာမှာ သဘာဝလူ(natural person) နဲ့ ဥပဒေအရလူ (Legal Person) လို့ရှိပါတယ်။ သဘာဝလူဆိုတာက ရိုးရိုး သက်ရှိထင်ရှားလူပုဂ္ဂိုလ်ကို ဆိုလိုတာပါ။ လူဖြစ်ရင် တရားစွဲဆိုနိုင်ခွင့်ရှိသလို တရားစွဲဆိုခံနိုင်ခွင့်လည်း ရှိပါတယ်။ ဥပဒေအရ လူဆိုတာကတော့ လူတစ်ဦးလို တရားစွဲဆိုနိုင်တဲ့၊ တရားအစွဲခံနိုင်တဲ့ ဥပဒေအရ တည်ထောင်ထားတဲ့ အစုအဖွဲ့၊ အသင်းတွေ ဖြစ်ပါ တယ်။ ကုမ္ပဏီ၊ ဖက်စပ်လုပ်ငန်း၊ သမဝါယမအသင်း၊ တခြား အသင်းအဖွဲ့တွေကို ရည်ညွှန်းပါတယ်။ အစိုးရဌာနတစ်ခုခုလည်း ပါနိုင်ပေမယ့် ဒါတွေ အတွက်က သီးခြား ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ဆိုလိုတာက ကုမ္ပဏီတစ်ခုက နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းမှာ ပါဝင်ကျူးလွန်ရင် ပါဝင်ကျူးလွန်တဲ့ ကုမ္ပဏီကို ပြစ်မှုကြောင်း၊ တရားမကြောင်း၊ စီမံခန့်ခွဲရေး လမ်းကြောင်းတွေနဲ့ အရေးယူနိုင်အောင် စီမံထားတဲ့ အစီအမံတွေ ဖြစ်ပါတယ်။

ဒီတော့ အသင်းအဖွဲ့တစ်ခုခုက ဆိုခဲ့တဲ့ ပြစ်မှုမှာ ပါဝင်ကျူးလွန်ရင် ဘာမှမဖြစ်ဘဲ တရားရေးဝန်ထမ်းတွေ ကျူးလွန်မှ အရေးယူမယ်ဆိုရင် မခက် ပေဘူးလားခင်ဗျာ။ အဲဒီ အသင်းအဖွဲ့တွေရဲ့ကျူးလွန်မှု ကိစ္စကိုလည်း ကွန်ဗင်းရှင်းမှာ ထည့်သွင်းစဉ်းစားပြဋ္ဌာန်းခြင်း မရှိခဲ့သလို ဖြစ်မနေပေဘူးလား ခင်ဗျာ။

ဒါတွေလောက်တော့ မှားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေလည်း ရှိသေးတာပဲလို့ ရသေ့စိတ်ဖြေပြောလို့ မရပါဘူး။ လူကုန်ကူးမှုဥပဒေနဲ့ ကလေးသူငယ်ဥပဒေရဲ့ တစ်နေရာမှာ မူရင်းအင်္ဂလိပ်စာ Abduction ကို သွေးဆောင်ခေါ်ယူခြင်းလို့ သုံးထားပြီး ကလေးသူငယ်ဥပဒေရဲ့ တခြား တစ်နေရာမှာတော့ ဘာသာမပြန်ဘဲ ချန်ထားတာလား၊ ကွဲလွဲဘာသာပြန်ထားတာလားမသိ ရှိနေပါတယ်။ ၁၉၄၈ ခုနှစ်မှာ ဥပဒေအရ ဖွဲ့စည်းခဲ့တဲ့ မြန်မာ ဘာသာပြန်ဥပဒေကော်မတီက ဘာသာပြန်ဆိုခဲ့တဲ့ ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာ ဥပဒေ) ပုဒ်မ-၃၆၂မှာ Abduction ကို သွေးဆောင်ဆွဲခေါ်မှုလို့ သုံး ထားပြီး၊ အခုအခါ ဒီသုံးနှုန်းမှု အသားသေနေပြီဖြစ်သလို တရားဝင်ဘာသာပြန်မှုလည်း ဖြစ်ပါတယ်။

အမှန်တော့ Abduction ဆိုရာမှာ လူကို သွေးဆောင်ခေါ်ယူတဲ့အခါ အနိုင်အထက်ပြုမှုဖြင့် အတင်းအဓမ္မပြုခြင်း၊ လှည့်ဖြားမှုဖြင့် သွေး ဆောင်ခြင်း တစ်ခုခု ပါရပါတယ်။

ဒီတော့ သွေးဆောင်ဆွဲခေါ်တယ်လို့ သုံးတာနဲ့ သွေးဆောင်ခေါ်ယူတယ်လို့ သုံးတာနဲ့ ဘယ်ဟာ ကောင်းမလဲပေါ့လေ။ ဥပဒေကို ကောက်ယူမှုနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု မှားခဲ့ရင် တစ်သီကြီး မှားသွားနိုင်ပါတယ်။ စဉ်းစားပေးစေချင်ပါတယ်။

မမှားသောရှေ့နေ၊ မသေသော ဆေးသမားမရှိဘူးလို့ ဆိုရိုးရှိပါတယ်။ မမှားသောရှေ့နေဆိုရာမှာ ရှေ့နေရှေ့ရပ်တွေအပြင် ဥပဒေနဲ့ အလုပ်လုပ် ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဥပဒေအရာရှိတွေ၊ တရားရေးအရာရှိတွေလည်း ပါနိုင်ပါတယ်။ ကျွန်တော်လည်းမှားမှာပါ။ သူတို့လည်း မှားကြမှာပါ။ ဒါပေမဲ့ အများပြည်သူကို အသိပညာပေးမှု မှားတာကိုတော့ ပြုပြင်စေချင်တဲ့ စေတနာနဲ့ တင်ပြခြင်း ဖြစ်ပါတယ် ။ မှားမှုတိုင်းမှာ အတိုင်းအတာနဲ့ ပမာဏချင်း မတူ ပေမယ့် အန္တရာယ်ရှိစေလိုက်တာ ချင်းတော့ အတူတူပါပဲ။ တရားသူကြီးတွေက ဥပဒေအတိုင်း အမှန်မကောက်ယူနိုင်ရင် သက်သေခံချက်တွေကို အမှန် မဆင်ခြင်နိုင်လို့ လွဲမှားစွာကောက်ယူရင် အဂတိ တရား ၄ ပါးထဲက မောဟဂတိ ဖြစ်ပါတယ်။ သူတို့တစ်တွေ မှားတာကိုကော ဒီလိုခေါ်နိုင်မလား ခင်ဗျာ။

*****************************************

Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

 ၂၄.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း
  2. အလုပ်သမားများ ည ၉ နာရီထက်ကျော်လွန်၍ အလုပ်ဆင်းခွင့် ပြုတော့မည်မပာုတ်
  3. မြေယာလျော်ကြေးငွေနှင့် ပတ်သက်၍ CNPC သတင်းစာရှင်းလင်းပွဲပြုလုပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ­­­­­­­ဗြိတိန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမှုပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေနိုင်စေရန်နှင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် ပိုမိုလွယ်ကူချောမွေ့နိုင်စေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကို မကြာမီကာလအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဗပာိုအဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင် ရခြင်းမှာ မြန်မာနိုင်ငံအတွင်း အဝေးပြေကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုအဆင်ပြေနိုင်စေရန်၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအပေါ် ဝန်ထုတ်ဝန် ပိုးများဖြစ်နေသော လုပ်ငန်းများ လျှော့ချနိုင်ရန်၊ ကုန်စည်စီးဆင်းမှုဆိုင်ရာ သတင်းအချက်အလက်များ ရယူစုစည်းနိုင်ရန်အတွက်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ အဝေးပြေးကုန်စည်ပို့ဆောင်မှုလုပ်ငန်း ပိုအဆင်ပြေနိုင်စေဖို့နဲ့ ကုန်စည်စီးဆင်းမှုတွေပိုမြန်ဆန်စေနိုင်ဖို့အတွက် ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းတော့မှာပါ။ အခုလောလောဆယ်တော့ မန္တလေး တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဖွဲ့စည်းပြီးပါပြီ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ မွန်ပြည်နယ်၊ ကရင်ပြည် နယ် ဘားအံနဲ့ မော်လမြိုင်တို့မှာ ဆက်ဖွဲ့သွားမှာပါ”ပာု ၎င်းက ဆက်လက်ဆိုသည်။

ထို့ပြင် လက်ရှိအချိန်သည် မိုးရာသီကာလဖြစ်သည့်အတွက် နယ်မြို့များမှ ရန်ကုန်သို့ တင်ပို့ကုန်ရှားပါးလာသည့်အတွက် ကုန်ပို့ခများ ကျဆင်း လာပြီး ယခု ဇွန်လလယ်တွင် ကျပ် ၃၇-၃၅ နှုန်းသို့ ကျဆင်းလာကြောင်း မန္တလေးကားဂိတ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ခုကာလက မိုးဦးရာသီကာလဆိုတော့ နယ်မြို့တွေကနေ ရန်ကုန်ကို ကုန်စည်ပို့တာတွေ ရှားပါးလာပါပြီ။ အရင် ရှမ်းပြည်နယ်ကနေ ရန်ကုန်ကို အောက်ခံကုန် တစ်ပိဿာကို ကျပ် ၅၀-၅၅ နှုန်းရှိရာမှ ယခု ဇွန်လလယ်မှာ ကျပ် ၄၅-၄၀ နှုန်းကို ကျဆင်းသွားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးလာခဲ့ကြောင်းသိရသည်။

Ref:(News Watch)

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားများ ည ၉ နာရီထက်ကျော်လွန်၍ အလုပ်ဆင်းခွင့် ပြုတော့မည်မပာုတ်

စက်ရူံ၊ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရှိ အလုပ်သမားများအား ၎င်းတို့၏ ဆန္ဒအရ အချိန်ပိုအလုပ် လုပ်ကိုင်ခွင့်များ ပေးရမည်ဖြစ် သော်လည်း ည ၉ နာရီထက် ကျော်လွန်၍ အချိန်ပို အလုပ်မဆင်းခိုင်းကြရန် ၂၀၁၂ ဇွန်လ ၁၂ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ စက်ရုံပိုင်ရှင်များ အား တွေ့ဆုံ၍ ပြောကြားကြောင်း သိရသည်။

“ပြည်တွင်းက အလုပ်သမားတွေကို သူတို့ဆန္ဒရှိတယ်ဆိုရင် အလုပ်ရှင်တွေက အချိန်ပိုဆင်းခွင့်ပြုရမှာပါ။ ဒါပေမယ့် ည ၉ နာရီထက်ကျော် ပြီးတော့ ခိုင်းလို့တော့မရပါဘူး။ တစ်နေ့ အလုပ်ချိန် ၈ နာရီထက် မကျော်ပဲနဲ့ တစ်ပတ်ကို ၄၄ နာရီထက် ပိုလုပ်ရမယ်ဆိုရင် အချိန်ပိုကြေးဆိုပြီး စေခိုင်း တာတွေ မလုပ်ရတော့ပါဘူး”ပာု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုနှစ်ပိုင်းအတွင်း၌ လုပ်ခလစာကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ (၁၁)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ကြား ပဋိပက္ခမျုား  ဖြစ်ပွားခဲ့သည့်အနက် လက်ရှိအချိန်တွင် စက်ရုံ (၁၀)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား သဘောတူညီချက်ရရှိထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းသို့ အကြံပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်သည့် နည်းဥပဒေနှင့် ဥပဒေများ မထွက်ရှိသေးသည်အချိန်ထိ အခြေခံလစာအား ၅၆၇၀၀ ကျပ် နှုန်းပေးရန် စက်မှုလက်မှုအသင်းအား အကြံပြုပြောထားကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရှိရသည်။

Ref:News Watch

--------------------------------------------------------------------------------------------------------------------------------

မြေယာလျော်ကြေးငွေနှင့် ပတ်သက်၍ CNPC သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာနိုင်ငံအတွင်းကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်း လုပ်ကိုင်လျက်ရှိသည့် China  National Proleum Corporation (CNPC)မှ ပိုက်လိုင်း ဖြတ်သန်းရာဒေသများရှိ မြေလျော်ကြေး၊ လယ်ယာစိုက်ခင်းသီးနှံများ လျော်ကြေးငွေပေးအပ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၁၂ ဇွန်လ ၂၄ ရက်နေ့ တွင် ဆီဒိုးနားပိာုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းဖြတ်သန်းရာဒေသများတွင် လယ်ယာလျော်ကြေးငွေပြဿနာများ တက်လျက်ရှိပြီး ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ပြေလည်မှုရရှိနိုင်စေရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

CNPC မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းသည် ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းကပင် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စတင်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းသည်လုပ်ကိုင်နိုင်ရန် CNPC မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရခိုင်ပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

              Ref:The Voice

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

­­­­­­­ဗြိတိန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမှုပြုလုပ်

ဇွန်လ ၂၂ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် နိုင်ငံ လန်ဒန်မြို့ရှိ Royal Festival Hall ၌ ဗြိတိန်နိုင်ငံရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွား ကြောင်း ယင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မိမိနိုင်ငံအပေါ် သစ္စာရှိကြဖို့၊ ကိုယ်နေတဲ့နေရာမှာ ကောင်း ကောင်းမွန်မွန် နေထိုင် သင်ယူကြပြီး မြန်မာနိုင်ငံမှာ ပြန်ပြီး အကောင်အထည်ဖော်ကြဖို့ဆိုတာကို ပြောကြားသွားပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမှုအပြီး၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ် ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် လိုအပ်သည့်အချက်တစ်ချက်မှာ အတိုက်အခံအဖွဲ့အစည်း သည် အစိုးရအဖွဲ့ဖြစ်လာနိုင်ကြောင်းဆိုသည့် အချက်အား လက်ခံနိုင်ရမည်ဆိုသည့်အချက် လိုအပ်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ရခိုင်ပြည် နယ်တွင်း အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာမိသားစုများက မေးခွန်းများမေးမြန်းခဲ့ရာ ၎င်းက အဓိကပြဿနာသည် စည်း ကမ်းမဲ့ နယ်စပ်ကျော်ဖြတ်မှုကြောင့်ဖြစ်ပြီး အစိုးရဝန်ထမ်းများ၏ လာဘ်စားမှုများရှိခြင်းကြောင့် ဖြစ်ကြောင်းနှင့် အဓိကအချက်သည် တရားဥပဒေစိုးမိုး ရေးဆိုသည့် ဆောင်ပုဒ်အား သေချာတိကျစွာ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ရကြောင်း မေးခွန်းများအား ပြန်လည်ဖြေကြားသွားခဲ့ကြောင်း သိရှိ ရသည်။

ထို့နောက် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာရေးကိစ္စနှင့် ပတ်သက်သည့် မေးခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ ယင်း ကိစ္စသည် မိမိကိုယ်တိုင် ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ပြီး Dual Citizenship ဖြစ်ရန် အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများကသာ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားမှုများ ပြုလုပ်ပြီး မြန်မာမိသားစုများနှင့် တရင်းတနှီး တွေ့ဆုံနှုတ်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲ၌ သီရိမောင်မောင် မြန်မာ့ဆိုင်းဝိုင်းဖြင့် နိုင်ငံတော်သီချင်း သီဆိုမှုများ ပြုလုပ်ပြီး တိုင်းရင်းသား ဝတ်ဆုံများဖြင့် သရုပ်ဖော် သီဆိုဖျော်ဖြေမှုများပြုလုပ်ခဲ့သည့်အပြင် အဆိုတော် ဒေါ်မာမာအေးမှလည်း သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌လည်း ဗြိတိန်ရောက် မြန်မာမိသားစုများ၏ မေးမြန်းချင်သည့် မေးခွန်းများအား လန်ဒန်မြို့သို့ ရောက်ရှိနေသည့် ဟာသသရုပ်ဆောင် ကိုဇာဂနာမှ ငွေဖလားဖြင့် မေးခွန်းစာရွက်လိပ်များအား ကောက်ခံ၍ ဒေါ်အောင်ဆန်းစုကြည်မှ မဲစနစ်ဖြင့် ပြန်လည်ဖြေကြားမှုများပြုလုပ်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြ ချက်အရ သိရှိရသည်။

ATM

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော် သမ္မတကြီးရဲ့ မိန့်ခွန်းကို အပြည့်အဝထောက်ခံပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေအား ရပ်/ကျေးအဆင့်ကစပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေးကော်မတီတွေ ဖွဲ့ဖို့လိုပါတယ်။ အဲဒီမှာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်တွေ၊ အရပ် ဘက်လူ့အဖွဲ့အစည်းတွေပါ ပါဝင်ပြီး ဒီအခြေအနေတွေကို ထိန်းသိမ်းပေးဖို့ လိုအပ်နေပါပြီ”

ဇွန် ၂၁ ထုတ် 7DAY NEWS အတွဲ (၁၁) အမှတ် (၁၅) တွင်ပါသည့် "ရပ်ကျေးအဆင့်မှစ၍ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး ကော် မတီများ ဖွဲ့ရန် လိုအပ်နေပြီဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းညွှန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အထူးသဖြင့် အတွေ့အကြုံနုနယ်သေးသော လူငယ်လေးများကိုသာ ရည်ရွယ်ပြောကြားခြင်းဖြစ်ပါသည်။ ၈၈ ကာလက ကျွန်တော်သည် တက္ကသိုလ် နောက်ဆုံးနှစ် အောင်ခါစအရွယ်မို့ ဒီမိုကရေစီ အရေးတော်ပုံကို ကောင်းကောင်း သိမီလိုက်ပါသည်။ ထိုစဉ်အချိန်က ကျွန်တော်လည်း လူငယ်တစ်ယောက် မို့ တန်းတူရွယ်တူ လူငယ်သူငယ်ချင်းများ၊ ဒီမိုကရေစီ ရဲဘော်များအကြောင်းကို တွေ့ကြုံသိမြင်ခဲ့ရပါသည်။ ထိုသောကလာလက လူငယ်တစ်စုသည် စိတ်ဓာတ်တက်ကြွမှုတစ်ခုကိုသာ အရင်းတည်လှုပ်ရှား ဆောင်ရွက်နေကြသည်။ နိုင်ငံရေးအတွေ့အကြုံကလည်း ဘာမှရှိကြသည်မဟုတ်။ စာဖတ်ရမှန်း၊ လေ့လာသင်ယူ ဆည်းပူးရမှန်းလည်း နားမလည်ကြ။ ထို့ကြောင့် ယနေ့ ဒီမိုကရေစီအင်အားစုလူငယ်များအနေနှင့် အတွေ့အကြုံ၊ အသိပညာကြွယ်ဝ သော တိုင်းပြည်နှင့် လူမျိုးပေါ် အသက်ပေးချစ်မြတ်နိုး၍  အနှစ်နာခံ ကိုယ်ကျိုးစွန့်သော ခေါင်းဆောင်တို့၏ ဦးဆောင်မှုကို ခံယူကာ နောက်လိုက်ကောင်း များဖြစ်ရန်၊ မိမိကိုယ်မိမိ အတွေးအခေါ်နှင့် စွမ်းဆောင်ရည် မြင့်မားစေရန် ကြိုးစားကြရပါမည်။ စည်းကမ်းနည်းလမ်းကျနစွာ ဆောင်ရွက်ကြရပါမည်”

ဇွန် ၂၃ ထုတ် UNITY အတွဲ (၁) အမှတ် (၁၃) တွင် ပါသည့် ဆောင်းပါးရှင် မြင့်ငွေ (မော်ကျွန်း)၏ “ခြံစည်းရိုးပေါ်ကလူ ခြံစည်းရိုးအတွင်း ကလူ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“စစ်တပ်အုပ်ချုပ်ရေးပုံစံက အထက်အမိန့်ကို အောက်လက်က အဆင့်ဆင့်နာခံရတဲ့ သဘောဖြစ်တယ်။ အမိန့်ပေးပုံစံနဲ့ အုပ်ချုပ်တာဖြစ်တယ်။ အခုလို အမိန့်ပေးအုပ်ချုပ်မှုပုံစံကို အများပြည်သူတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ အသုံးပြုလို့မရဘဲ ကောင်းမွန်တဲ့ အုပ်ချုပ် စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ အသုံးပြုလို့မရဘဲ ကောင်းမွန်တဲ့  အုပ်ချုပမ်မှုပုံစံမှာ Do what I say. ဆိုတဲ့ ငါပြောတဲ့အတိုင်းလုပ်ဆိုတာ အာဏာရှင်ပုံစံ ဖြစ်တယ်။ Don’t do what I say, Do what I do. ဆိုတာက ခေါင်းဆောင်ကနေ စံနမူနာပြု လုပ်ဆောင်မှုတွေကနေ အောက်လက်ငယ်သားတွေကို လုပ် ဆောင်စေတာမျိုးဖြစ်တယ်။ ဘယ်လိုအဖွဲ့အစည်း တွေမှာမဆို ခေါင်းဆောင်ကောင်းတွေရဲ့ စံနမူနာပြ လုပ်ဆောင်မှုတွေက အရေးကြီးတာဖြစ်တယ်”

ဇွန် ၂၁ ထုတ် 7DAY NEWS အတွဲ (၁၁) အမှတ် (၁၅) တွင်ပါသည့် ဆောင်းပါးရှင် ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်) “ပြည်တော်သာခေတ် ရောက်လာတော့မည်လော” ဆောင်းပါးမှ ကောက်နှုတ်ချက်

**********************************************

Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs