Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ

*****************************************

ဆောင်းပါးကဏ္ဍ

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ

မိုတင့်

(ဇူလိုင်လ(၁၀)ရက်နေ့ထုတ် NEWSWEEK  ဂျာနယ် အတွဲ(၂) အမှတ်(၃၈)မှ ထုတ်ယူဖော်ပြသည်။)

နိုင်ငံတကာက အခုထက်ထိ ဆီးရီးယားနိုင်ငံကို အရေးယူမှု ထိထိရောက်ရောက် မပြုလုပ်နိုင်သေးတာကိုက ထူးဆန်းသလို ခံစားမိပါတယ်။ အရပ်သားတွေကို ဘယ်သူကပဲဖြစ်ဖြစ် အစုလိုက်အပြုံလိုက် ဖြစ်ပျက်နေကြတွေ လက်ရှိအစိုးရကို မလိုချင်တော့လို့ ဆန္ဒပြနေကြတာတွေ၊ လက်ရှိ အစိုးရနဲ့ အစိုးရကို ထောက်ခံသူတွေကနေ အတိုက်အခံအဖွဲ့အစည်းအပါအဝင် အရပ်သားတွေကို ရက်ရက်စက်စက် နှိမ်နင်းနေတာတွေကို ဂျာနယ်တွေ၊ အင်တာနက် ပေါ်မှာ ပလူပျံနေအောင် ဖတ်ရှုရပါတယ်။

ထိုကိစ္စကို အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးများ အပါအဝင် ကုလသမဂ္ဂအဖွဲ့အည်းများ နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချပြီး အရေးယူ ဆောင်ရွက်ချင်ပေမယ့် ထုံးစံအတိုင်း အမေရိကန်၊ အနောက်အုပ်စုတို့နဲ့ ဆန့်ကျင်ဘက်မှာ အမြဲနေတဲ့ ရုရှားနဲ့ တရုတ်က ကန့်ကွက်ခဲ့၊ ကန့်ကွက်ဆဲ ကန့်ကွက် နေကြပါတယ်။

တရားစီရင်ရေးတွေမှာ တရားခံဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် မခုခံမကာကွယ်တော့ဘူး။ ဥပမာ ရှေ့နေမငှားတော့ဘူးဆိုရင်တောင် ဥပဒေအရ ဘောင်ဝင်အောင် အစိုးရက တရားခံအတွက် ရှေ့နေငှားပေးကြရတယ်။ အဲဒီ အစိုးရရှေ့နေကလည်း တရားခံအပြစ်ထင်ရှားတာကို သိပေမယ့်လည်း တရားခံ လွတ်လိုလွတ်ငြား လျှောက်လဲထုချေ ပေးရတယ်။ ပြီးမှသာ ဥပဒေအရ အရေးယူရတာ ဖြစ်ပါတယ်။

ဆီးရီးယားအရေးအပါအဝင် ကမ္ဘာ့နိုင်ငံအရေးတွေ တော်တော်များများမှာ အမေရိကနဲ့ အနောက်နိုင်ငံများက တရားခံရှာဖွေပြီး တရားရုံးတင် အရေးယူဖို့ ဆောင်ရွက်သမျှကိစ္စ အားလုံးနီးပါးကို အယူဝါဒချင်းမတူညီတဲ့ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံက အစိုးရရှေ့နေ၊ တရားခံရှေ့နေအဖြစ် ဆောင်ရွက်လေ့ ရှိကြပါတယ်။ အလားတူ ရုရှားနဲ့ တရုတ်နိုင်ငံကိစ္စတွေမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေများက တရားခံအကျိုးဆောင်တွေအဖြစ်နဲ့ သိသိသာသာတစ်မျိုး၊ မသိမသာ တစ်မျိုး ရပ်တည်ပေးကြတယ်။ ဒါမှလည်း အင်အားကြီတွေက အင်အားငယ်တွေကို တရားလက်လွတ် အနိုင်မကျင့်နိုင်အောင်လို့ Power Balance လုပ်ပေးကြ ပါတယ်။

ဒါပေမယ့် အင်အားကြီး ကျွဲနှစ်ကောင်ခတ်နေတဲ့ကြားမှာ ပြည်သူလူထုတွေပဲ ဖြစ်ကြရပါတယ်။ အင်အားငယ်နိုင်ငံတွေကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ တွေဟာ အင်အားကြီးနိုင်ငံတစ်ခုခုဘက်ကို အမှီပြုပြီး ပြည်သူလူထုတွေကို စိတ်ရှိတိုင်း ထင်တိုင်းကြဲတတ်ကြပါတယ်။

အထူးသဖြင့် အာဏာကို ပြည်သူလူထုဆီကို လွှဲမပေးချင်တဲ့ အာဏာရှင်နိုင်ငံတွေမှာ မကြာခဏဆိုသလို တွေ့ရပါတယ်။

ဗီတိုအာဏာပိုင်ဆိုင်ကြတဲ့ အင်အားကြီးငါးနိုင်ငံဟာ ကမ္ဘာပေါ်မှာ မိမိတို့အာဏာ လွှမ်းမိုးဖို့အတွက် တတိယကမ္ဘာ့နိုင်ငံတွေအပေါ်မှာ စီးပွားရေးသမား တွေမှာ စီးပွားရေးသမားတွေ ဈေးကွက်လုသလိုမျိုး အမျိုးမျိုးဗျူဟာသုံးပြီး ဝင်ရောက်စွက်ဖက်လေ့ ရှိကြပါတယ်။ တချို့ အနည်းငယ်သော ကိစ္စလောက်မှာ မအောင်မြင်လို့ နောက်ဆုတ်လိုက်ကြပေမယ့် များသောအားဖြင့်တော့ မစားရတဲ့အမဲကို သဲနဲ့ပက်ဖို့ ဝန်မလေးကြသလို ပက်လဲပက်ကြလေ့ ရှိတယ်။ တတိယ ကမ္ဘာ့နိုင်ငံ အများစုဟာ နိုင်ငံကြီးများရဲ့ ကူညီမလိုလိုနဲ့ ဝင်ရောက်စွက်ဖက်ပြီး သဲနဲ့ပက်တဲ့ဒဏ်ကိုသာ အများစု ခံကြရတယ်။ အမြဲ တမ်း ရန်သူမရှိ အမြဲတမ်း မိတ်ဆွေ မရှိဆိုတဲ့မူကို နိုင်ငံကြီးတွေကသာ အများဆုံး ကျင့်သုံးလေ့ရှိပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းစ နုနယ်သေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ အများစုဟာ ခံစားချက်ကိုယ်စီ ရည်မှန်းချက်ကိုယ်စီအမျိုးမျိုး ဖြစ်နေစအချိန်လို့ ပြောလို့ရတဲ့အချိန် ဖြစ်ဆေနပါသေးတယ်။ အသစ်ရောက်လာမယ့် နိုင်ငံသစ် စီးပွားရေးသမားအသစ်တွေရဲ့ ရည်ရွယ်ချက်ခံစားချက်နဲ့ အရင်ရှိပြီးသား နိုင်ငံတွေရဲ့ စီးပွားရေးသမားဟောင်းတွေရဲ့ ရည်ရွယ်ချက် ခံစားချက်တွေကတော့ ကွဲပြားခြားနားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လိုသူတွေ ပါရှိသလို မတည်မြီငိမ် ဖြစ်နေစေချင်သေးတဲ့သူတွေလည်း ရှိနိုင်ပါတယ်။

ရပြီးသားအနေအထား၊ ရပြီးသားနေရာကို မဖယ်ပေးချင်ကြတာ သဘာဝပါ။ မြန်မာနိုင်ငံထဲမှာ အချိန်ကြာမြင့်စွာ နေရာယူ အကျိုးအမြတ် ရယူခဲ့ကြတဲ့ သူတွေက သူတို့ရနေတဲ့ အထူးအခွင့်အရေးတွေကို နောက်လူကို ဝေစုမပေးချင်၊ နေရာမပေးချင် ဖြစ်နေမယ်ဆိုတာလည်း လူ့သဘာဝပါပဲ။

ဒါပေမယ့် မြန်မာနိုင်ငံက တာဝန်ရှိအမြော်အမြင်ရှိကြတဲ့  လူကြီးတွေဟာ ရဲရဲဝံ့ဝံ့ နိုင်ငံ့မျက်နှာကိုကြည့်ပြီး အလုပ်လုပ်လာကြပြီဆိုတော့ ပထမလူက နောက်လူကိုလည်း နေရာဖယ်ပေးသင့်ရင် ဖယ်ပေးရတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူ ပြည်သားတွေအတွက်ကတော့ ရွေးချယ်စရာ တွေ ပိုများလာပြီး ပိုကောင်းတာတွေကို ရွေးချယ်ခွင့်ရကြတော့မှာ သေချာပါတယ်။

အခုလိုအချိန်မှာ မစားရတဲ့အမဲကို သဲနဲ့ပက်တဲ့သူတွေရဲ့ အန္တရာယ်ကို မေ့ထားလို့မရပါဘူး။ မြန်မာပြည်သူပြည်သားတွေ အားလုံး သတိရှိရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ယခုအချိန်မှ မဟုတ်ပါဘူး။ တစ်လျှောက်လုံး သတိထားကြရပါတော့မယ်။

လက်ရှိအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို မတည်မငြိမ်ဖြစ်စေချင်တဲ့ ဆန္ဒတွေ နောက်ကွယ်မှာ ရှိနေကြသလားဆိုတာကို ဆင်ခြင် သတိချပ်သင့်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေ ကျွဲနှစ်ကောင်ကြားက မြေစာပင် မဖြစ်သွားစေချင်ပါ။ ဒေါသ၊ အာဃာတတရားတွေ ရှေ့ထားပြီး ပြဿနာတွေ ကြီးမားလာလို့ရှိရင် မတည်မငြိမ်ဖြစ်စေချင်တဲ့သူတွေ ရှိပါက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်သွားပါလိမ့်မယ်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၂.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မိတ္ထီလာခရိုင် တောင်သူဦးကြီးများ ထွန်တုံးလှုပ်ရှားမှုဖြင့် မြေယာအခွင့်ရေးတောင်းဆို
  2. အာဆီယံထုတ်ကုန်အများစုအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ပြုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒုသမ္မတရွေးချယ်စိစစ်ရေးအဖွဲ့  စတင်ဖွဲ့စည်း
  1. ရိုပာင်ဂျာကိစ္စနှင့် ပတ်သက်၍ သမ္မတပြောပြီ
  1. မွန်ဒီမိုကရေစီပါတီ တည်ထောင်ခွင့်ရရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

မိတ္ထီလာခရိုင် တောင်သူဦးကြီးများ ထွန်တုံးလှုပ်ရှားမှုဖြင့် မြေယာအခွင့်ရေး တောင်းဆို

မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ ရှမ်းတဲတိုက်နယ်၊ ကံကောင်းကျေးရွာ၊ ၀မ်းတွင်းမြို့နယ်၊ အိုးပြွန်ကျေးရွာ၊ မလှိုင်မြို့နယ်၊ ဘုံတောင် ကျေးရွာနှင့် သရက်ကန်ကျေးရွာ၊ သာစည်မြို့နယ် ကျွဲတက်ဆုံကျေးရွာအစရှိသော ကျေးရွာများရှိ လယ်သမားများသည် အဓမ္မသိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် အရင်းရှင်စနစ်၏ အမြတ်ကြီးစား ဂုတ်သွေးစုတ်မူများကို အများပြည်သူသိရှိစေရန် ရည်ရွယ်၍ သိမ်းယူခြင်းခံခဲ့ရသော ၎င်းတို့၏ လယ်ယာမြေ များပေါ်တွင် ယခုလ (၁၁)ရက်နေ့ နံနက် (၇)နာရီမှစတင်ပြီး ငြိမ်းချမ်းစွာ ပြန်လည်ထွန်ယက်စိုက်ပျိုးမူများကို စတင်နေပြီဖြစ်ကြောင်း လယ်ယာမြေ (၁၂)ဧကကျော် သိမ်းယူခြင်းခံခဲ့ရသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လယ်သမားခေါင်းဆောင်တယောက် (၉)ရက်နေ့က ဆွေးနွေးခဲ့တယ်။ သိမ်းယူသွားတဲ့ကုမ္ပဏီနဲ့ ညှိနိုင်းပေးမယ် လို့ ပြောပါတယ်။ တိုင်စာပို့ထားတာ (၂)ခါရှိပါပြီ။ ဘာမှအရေးမယူပေးဘူး၊ အခုက တတိယအကြိမ်မြောက်ပါ"ဟု ၎င်းက ဆိုသည်။

မလှိုင်မြို့နယ်အုပ်ချုပ်ရေးမူးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် လယ်သမားလူပ်ရှားမှုခေါင်းဆောင် ဦးတင်ငွေအား ဆက်သွယ်မေးမြန်းရာ၌ အုပ်ချုပ် ရေးမှူးမှ ညှိနိုင်းပေးမည်ဟုဆိုကြောင်း၊ ဝမ်းတွင်းအုပ်ချုပ်ရေးမှူးကမူ လယ်သမားများအပေါ် ကြမ်းတမ်းစွာ ဆက်ဆံမိသောကြောင့် ဝမ်းတွင်းလယ်သ မားများမှ မကျေနပ် ကြကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတရုံးတွင် ဇွန်လ နောက်ဆုံးပတ်တွင်ပြောကြားခဲ့သော သမ္မတကြီး၏မိန့်ခွန်းတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ မြေအသုံးချမှုတွင် လွဲမှားသောပေါ်လစီများနှင့် မြေယာကစားသူများကြောင့် အခက်အခဲများစွာ ပေါ်ပေါက်နေပြီး ကော်မတီကော်မရှင်များ ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မိတ္တီလာခရိုင် တခုထဲတွင်ပင် အသိမ်းစည်းခံလယ်မြေဧက ၆၀၀ကျော်ရှိနေကြောင်း သိရသည်။

အဆိုပါလယ်မြေများကို သိမ်းယူထားသည့် ကုမ္ပဏီသည် ကောင်းကင်ကုမ္ပဏီဖြစ်ပြီး အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သူမှာ စစ်ဗိုလ်ချုပ်တဦး၏ သားတော်စပ်သူဖြစ်သောကြောင့် ဖြေရှင်းရန်ခက်ခဲလျက်ရှိကြောင်း မိထ္ထီလာခရိုင်အတွင်း ပြောဆို လျက်ရှိနေကြခြင်းမှ သိရသည်။

PL

-----------------------------------------------------------------------------------------------------------------------------------

အာဆီယံထုတ်ကုန်အများစုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုမည်

လာမည့် ၂၀၁၅ တွင်ဖြစ်ပေါ်လာမည့် အာဆီယံဒေသတွင်းလွတ်လပ်စွာကုန်သွယ်ခွင့်(AFTA)အရ မကြာမီကာလအတွင်း အာဆီယံနိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်များပြည်တွင်းသို့ တင်သွင်းလာပါက အကောက်ခွန်ကင်းလွတ်ခွင့် အမိန့်တစ်ရပ်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“သွင်းကုန်ပစ္စည်းတွေထဲက ၈၀ ရာခိုင်နှုန်းကို Zero Rate(အကောက်ခွန် သုညရာခိုင်နှုန်း)ထားဖို့ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို တင်ပြထား ပါတယ်။ ဆွေးနွေးပြီးရင် အဲဒီအပေါ်မူတည်ပြီး ဝန်ကြီးရုံးကတစ်ဆင့် ကက်ဘိနက်(အစိုးရအဖွဲ့)ဆီကိုတင်ပါမယ်။ ကက်ဘိနက်က ခွင့်ပြုတာနဲ့ အမိန့်ထုတ်ပြန်ပါမယ်”ပာု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဇူလိုင် ၅ ရက်နေ့တွင် ရန်ကုန် မြို့ ချက်ထရီယမ်ပိာုတယ်၌ ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးအသိုက်အဝန်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် အာဆီယံဒေသတွင်းလွတ်လပ်စွာကုန်သွယ်ခွင့်(AFTA)ထူထောင်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်၍ အာဆီယံဒေသမှ သွင်းကုန် ၆၀ ရာခိုင်နှုန်းနှင့် ပစ္စည်းအမျိုးအစားပေါင်း ၄,၉၄၂ မျိုးကို အခွန်ကင်းလွတ်ခွင့် ပြုခဲ့သည်။

“AFTA အတွက် အာဆီယံဒေသထွက်ကုန်ပစ္စည်းတွေအပေါ်မှာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုလိုက်ရင် ဒီပစ္စည်းတွေပာာ ပြည်တွင်းကို ဈေးပေါပေါနဲ့ ဝင်လာနိုင်ပါတယ်။ ဒါဆို ပြည်သူအတွက်လည်း အဆင်ပြေနိုင်တာပေါ့။ လုပ်ငန်းရှင်တွေအနေနဲ့လည်း AFTA အတွက် ကြိုတင်ပြင်ဆင်သင့်ပါပြီ။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် အခွန်ကင်းလွတ်ခွင့် ဆိုရင်တော့ပိုကောင်းတာပေါ့”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အာဆီယံဒေသတွင်း လေးနိုင်ငံဖြစ်သည့် မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားလေးနိုင်ငံသည် ပြည်တွင်းသွင်းကုန်များအား ၂၀၀၈ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၈၀ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း အခွန်ကင်းလွတ်ခွင့်ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်သတင်းဖော်ပြချက်များအရ သိရသည်။

Ref:Venus

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဒုသမ္မတရွေးချယ်စိစစ်ရေးအဖွဲ့  စတင်ဖွဲ့စည်း

ဒု-သမ္မတရာထူးမှ အနားယူသွားသည့် သီပာသူရ ဦးတင်အောင်မြင့်ဦး၏ နေရာတွင် ပြန်လည်ဖြည့်တင်းရန် တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ်များမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်းတင်သွင်းထားပြီးဖြစ်သည့်အတွက် သမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စစ်ဆေးမည့်  သမ္မတနှင့် ဒုတိယသမ္မတ စိစစ်ရေးအဖွဲ့ကို ပထမအကြိမ် စတုတ္ထလွှတ်တော် ပုံမှန်အစည်းအဝေးအဋ္ဌမနေ့တွင် ရွေးချယ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ များ၌ သတင်းဖော်ပြချက်အရ သိရှိရသည်။

“လစ်လပ်သွားတဲ့ ဒုတိယသမ္မတနေရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို ရွေးချယ် ထားပါတယ်။ ဒီနေ့ ကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာ သမ္မတအရည်အချင်း ပြည့်စုံမှု ရှိ၊ မရှိ စိစစ်မယ့်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါပြီ”ပာု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင်(၇)ဦးဖြင့် ရွေးချယ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဦးခင်အောင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဒုသမ္မတ ရွေးချယ်ခံရမည်ပာု ထင်ကြေးအပေးခံရသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေနှင့် တပ်မတော်သားအစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရိုပာင်ဂျာကိစ္စနှင့် ပတ်သက်၍ သမ္မတပြောပြီ

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရိုပာင်ဂျာအကြမ်းဖက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မပာာမင်းကြီး Mr.Antonnio Guterrs ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇူလိုင်လ ၁၁ ရက်နေ့၌ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားသည်။

ထို့ပြင် ပြည်တွင်းသို့ တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းနှင့် နောက်ဆုံးဖြေရှင်း မည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့် ရှောက်ပေး ရန်နှင့် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

၁၉၄၈ ခုနှစ်(လွတ်လပ်ရေးမရခင်) ကာလကတည်းကပင် ရိုပာင်ဂျာများကို အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန်  မြန်မာနိုင်ငံအတွင်းသို့ ခေါ်သွင်း လာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံတွင်း အခြေချနေထိုင်လျက်ရှိသည့် ရိုပာင်ဂျာများဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မိ မြန်မာနိုင်ငံသို့ရောက်ရှိသူ မိဘနှစ်ပါးမွေးဖွားသူ တတိယမျိုးဆက်(Third Generation) မြေးအဆင့် ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ပာူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီရိုပာင်ဂျာများမှာ (၁၉၄၈)ခုနှစ် မတိုင်မီကာလအတွင်းက ရိုပာင်ဂျာအမည်ခံ၍ မြန်မာနိုင်ငံတွင်းသို့ ခိုးဝင်လာ သူများ ဖြစ်ကြောင်းနှင့် ယခုအခါ နိုင်ငံတော၏ တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာသည့်အတွက် မိမိတို့အနေဖြင့် ၎င်းတို့အား ဆက်လက် လက်ခံတော့မည် မပာုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ၂၀၁၂ ဇူလိုင်လ ၁၁ ရက် နေ့တွင် သတင်းထုတ်ပြန်ချက်အမှတ်(၄/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းထုတ်ပြန်ကြေညာချက်မှ ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့တွင် မောင်တော မြို့ပေါ်ရှိ ကျေးရွာအချို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှ စတင်၍ စစ်တွေမြို့နှင့် အခြားမြို့နယ်များတွင် အကြမ်းဖက်မှု များ ဖြစ်ပွားခဲ့သည်မှာ ကြားသိရသော ပြည်သူအပေါင်း စိတ်ထိခိုက်ခဲ့ကြရပြီး ပြည်သူလူထု၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်းမှ စိုးရိမ်ပူပန်သည့်နည်းတူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့ရကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေများ ပုံမှန်ပြန်ဖြစ်ရေး ရေရှည်လုပ်ငန်းစဉ်များတွင် ဥပဒေစိုးမိုးရေးအား တိုးတက် တည်ဆောက်ပြီး ဖြစ်ပွားခဲ့သော အကြမ်းဖက် ကျူးလွန်မှုများအပေါ် ဥပဒေနှင့်အညီ မှန်ကန်ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်ကြေညာချက်အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မွန်ဒီမိုကရေစီပါတီ တည်ထောင်ခွင့်ရရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မှ စတင်၍ မွန်ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် တည်ထောင် ခွင့်ပြု လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိချက်အရ သိရှိရသည်။

မွန်ဒီမိုကရေစီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၃၄/၂၀၁၂) ဖြင့် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး မွန်ဒီမိုကရေစီပါတီ၏ မှတ်ပုံတင်အမှတ်စဉ်မှာ (၅၈)ဖြစ်ကြောင်း သိရသည်။

မွန်ဒီမိုကရေစီပါတီ၏ ပါတီရုံးချုပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်၊ ရာဇာဓိရာဇ်လမ်း၊ အမှတ်(၁၈၁)တွင် ဖွင့်လှစ်ထား ရှိပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်ကြောင်း တွေ့ရှိရသည့်အတွက် ပါတီ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မွန်ပြည်နယ်အတွင်းမှ မွန်ပါတီနှစ်ခုပူးပေါင်းရေးကိစ္စများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သတင်းဖော်ပြတဲ့နေရာမှာ စိတ်ခံစားချက်မပါဖို့ဘက်မလိုက်ဖို့ပဲ။ ငါကရခိုင်ဖြစ်လို့ ငါ့ရခိုင်ကိုလာချရင် ရေးလိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့။ သတင်းထောက် မှာ ရခိုင်လည်းမရှိဘူး။ သတင်းထောက်က သတင်းထောက်ပဲ။ သတင်းထောက်ရဲ့ကျင့်ဝတ်ကိုလိုက်နာရင်  တော်ရုံတန်ရုံ ပြဿနာမရှိဘူး။ ဒီထဲမှာ စိတ်ခံစားချက်တွေ ပါကုန်ကြလို့ ပြဿနာတွေရှိတာ။ ကျွန်တော့်သဘောကတော့ သူ့ကျင့်ဝတ်နဲ့သူသွားရင် ပြဿနာကိုမရှိဘူး”

ဇူလိုင်လ (၁၂)ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ်(၆၇)တွင်ပါရှိသည့် မဇ္ဈိမသတင်းဌာနတာဝန်ခံ ဦးစိုးမြင့်နှင့် တွေ့ဆုံခြင်း အင်တာဗျူးမှ ရခိုင်ကိစ္စတွင် သတင်းဖော်ပြမှုနှင့်ပတ်သက်၍ ပြောကြားခြင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်မတို့ပါတီက ပါတီအကျိုးအတွက် မလုပ်ဘူး။ ပါတီထဲဝင်ပြီး အခွင့်အရေးလိုချင်တယ်ဆိုရင် အစကတည်းက မဝင်ပါနဲ့”

ဇူလိုင်လ (၁၂)ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ်(၆၇)တွင်ပါရှိသည့် “အခွင့်အရေးရယူလိုသူများ NLD ပါတီမဝင်ပါနှင့်ဟု ဒေါ်အောင် ဆန်းစုကြည် ပြောကြား”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ရပ်ကွက်အဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ကိုယ့်ရဲ့ကျေးရွာကို တိုးတက်ဖို့အတွက် လုပ်ရတယ်။ ကျေးရွာတိုးတက်ဖို့ဆိုတာ သူ့မှာတာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်အမတ်တွေ လွှတ်တော်မှာတင်ပြနေတာထက် ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ကျေးရွာမှာလိုအပ်တာတွေကို သူလည်း အထက်ကို တင်ပြသင့်ပါတယ်။ ဒါကြောင့်ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ လွှတ်တော်အမတ်တွေလိုပဲ ကိုယ်ကျိုးအတွက် မကြည့်သင့်ပါဘူး။ နောက်ပြီး တော့ ကျေးရွာကလူတွေကလည်း ကိုယ်ရွေးချယ်တင်မြှောက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို သေချာ လေ့လာသုံးသပ်သင့်ပါတယ်”

ဇူလိုင်လ (၁၂)ရက်နေ့ထုတ် Host News ဂျာနယ် အတွဲ(၂) အမှတ်(၈၈)တွင် ပါရှိသည့် “ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ရပ်ရွာအကျိုးကို ထမ်းဆောင် သင့်ဟုဆို” သတင်းမှ NDF ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်းဝိုင်းကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs