Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စင်ပေါ်မှပွဲ

*****************************************

ဆောင်းပါးကဏ္ဍ

စင်ပေါ်မှပွဲ

အောင်မြင်သူ

(ဇူလိုင်လ ၁၄ ရက်နေ့ထုတ် နေပြည်တော်တိုင်းမ်ဂျာနယ် အတွဲ ၁၊ အမှတ်(၃၃) မှ ထုတ်ယူဖေါ်ပြချက်။)

စကိုင်းနက်ရုပ်သံလိုင်းကို ဖွင့်လိုက်ချိန်တွင် မီဒီယာများဆွေးနွေးနေသည်ကို တွေ့လိုက်ရသည်။ အစမှနားမထောင်လိုက်ရသဖြင့် မီဒီယာ လွတ်လပ်ခွင့်ကို ဆွေးနွေးနေခြင်းလားဟု မသိလိုက်ပါ။ မည်သို့ပင်ဖြစ်စေ ဆရာဦးမြတ်ခိုင် တရားစွဲဆိုမှုအပေါ် အခြေခံပြီး ဆွေးနွေးပွဲလေးဖြစ်လာ သည်ဟု ယူဆမိပါသည်။

ဆွေးနွေးပွဲကိုနားထောင်ရင်း တစ်ချိန်က “ဝေဖန်ရေးနှင့် မိမိကိုယ်မိမိဝေဖန်ရေး”ဆိုသည့်စကားရပ်ကို သွားသတိရမိသည်။

တစ်ပါးသူကို ဝေဖန်ချိန်တွင် ရက်ရက်စက်စက်ဝေဖန်ရင်း သာသာထိုးထိုး ဖြစ်သွားသည်။ ယခုလည်း ဝေဖန်ဆွေးနွေးသူများမှာ မီဒီယာလောက သားများ ဖြစ်သည်။ နိုင်ငံတော်အပိုင်းကို ဝေဖန်ချင့်ချိန် ခပ်လန့်လန့်ဖြင့် မပွင့်တပွင့် ဝေဖန်သွားသော်လည်း မိမိကိုယ်မိမိဝေဖန်ချိန်တွင် ပြည်သူလူထုကို အကာအကွယ် ယူလိုက်ကြသည်။ ပြည်သူ့ဘက်မှ ရပ်တည်သည်။ မင်းတုန်းမင်းကြီးကိုယ်တိုင်က ပြောခဲ့တယ် စသဖြင့် မင်းတုန်းမင်းကြီးကိုလည်း ကာဗာ ယူလိုက်ကြသည်။ ယခုကိစ္စမှာ ဆွေတော်မျိုးတော်များ မှူးကြီးမတ်ရာများကိစ္စ မဟုတ်ပါ။ မီဒီယာလောကားများသည် သုံးယောက်ပေါင်း ၇ တန်းဆိုသည့် လူမျိုး တစ်ယောက်မှမရှိပါ။ အများစုသည် နိုင်ငံတကာအတွေ့အကြုံရှိသူ ပညာတတ်များ ဖြစ်သည်။

ရုပ်ရှင်မင်သားကြီးများဆွေးနွေးသည့် စကားရပ်ကို ကျွန်တော်အလွန်သဘောကျသည်။ မီဒီယာများ ပြည်သူ့ဘက်က ရပ်တည်ရမည်။ မီဒီယာ သည် ပြည်သူ့အတွက်။ ပြည်သူ့အတွက်။ အားလုံးပြည်သူ့အတွက်ဖြစ်၍ ကျွန်တော်သဘောကျခြင်းဖြစ်သည်။ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက် ကလည်း ပြည်သူ့အတွက်၊ ပြည်သူ့အတွက်ဟု ပြောခဲ့ရသည်ကို သတိရမိပါသည်။ အားလုံးပြောနေရုံဖြင့် ပြီးသွားကြသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။

ကျွန်တော် စကိုင်းနက်မှပြသသော ကချင်ဒုက္ခသည်များအတွက် ပဒေသာကပွဲကို ကြည့်ခဲ့သည်။ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ ကြောင့် ဒုက္ခရောက်သူများအတွက် ပြည်သူများအတွက် ပြည်သူချစ်သောအနုပညာသည်များမှ ရံပုံငွေရှာသည့်ပွဲ ဖြစ်သည်။

ပြည်သူချစ်သောမင်းသမီးလေးက ပြည်သူချစ်သောမင်းသားကို တွေ့သည့်အချိန်တွင် “ရွှေပန်းကလေးကိုင်ပါရစေ” ပြည်သူချစ်သောစင်ပေါ်မှ မင်းသမီးတစ်ဦးက မင်းသားတစ်ဦးအား “ငှက်ပျောသီးစားချင်တယ်” ရင်သားတစ်ဝက်ဖော်ထားသည့် သင်္ကြန်မင်းသမီးမှလည်း “နို့တိုက်ဖို့ နို့နှစ်လုံးပါလာ တယ်” “ထီးနီလေးအောက်မှာ အတူတူနေချင်တယ်”ဆိုသည့် အပြောအဆိုအသုံးအနှုန်းများမှာ မည်သို့သော ပြည်သူအတွက်ဟု မသိသဖြင့် ကျွန်တော် တီဗွီပိတ်မိလိုက်သည်။ ကျွန်တော်တီဗွီပိတ်လိုက်သဖြင့် ကျွန်တော် အစော်ကားမခံလိုက်ရပါ။ လမ်းဘေးက ကသော လူရွှင်တော်များပင် ခါးအောက်ပိုင်း ပြက်လုံးများ မသုံးကြတော့ပါ။

တက္ကသိုလ်ကျောင်းသားဘဝက တွေ့ခဲ့သည့် အမှန်တရားလေးတစ်ခုရှိသည်။ အုပ်ချုပ်သည့်မင်းမှစ၍  လူသားများအားလုံးအတွက်ဖြစ်သည်။ မှားသည်မှန်သည် သုံးသပ်ကြည့်နိုင်ပါသည်။ တက္ကသိုလ်ကျောင်းသားတစ်ဦး စာလေးတစ်ကြောင်းလက်ဆော့ထားသည် “`ဤနေရာရောက်သူတိုင်း လှန်ရသည်” ဟူ၍ ဖြစ်သည်။ လမ်းမပေါ်တွင် လှန်မပြပါနှင့် လမ်းမပေါ်တွင် လှန်မပြပါနှင့်။

အနုပညာသည် ပြည်သူအတွက် ဖျော်ဖြေနေရုံမဟုတ်ပါ။ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းဖို့ ယနေ့ချီတက်နေသော ဒီမိုကရေစီနှင့်ပတ်သက်ပြီး ပညာပေးဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှု၊ လူကုန်ကူးမှု ပညာပေးရေး ဆောင်ရွက်ဖို့ လိုသည်။

ပြည်သူအတွက် စကိုင်းနက်လည်း ယုံပြီး မပုံလိုက်ပါနှင့်။ အင်္ဂလိပ်ရုပ်ရှင်များထဲမှ ကျောဗြောင်ဖြစ်နေလျှင်ပင် လိုက်ဖျက်သည်။ မြန်မာမင်းသမီး များ ရင်သားမပေါ်တပေါ်ကို မဖျက်ရဲ၍လား၊ ကြည့်ကောင်းရဲ့လားမသိပါ။ ထိုထက်ပိုဆိုးသည်မှာ “ပြည်သူ့အတွက် စကိုင်းနက်ကြော်ငြာ” ပေါင်းနှစ်လုံးဖြဲ ကားပြီး ကပြသွားသည်။ ပါးလွှာလွှာအသားကပ်ဘောင်းဘီဖြင့် မမြင်မတော်၍ ပြောခြင်းမဟုတ်ပါ။ အင်္ဂလိပ်ကားများကို ဝိနည်းလွတ်ရုံ မလုပ်ပါနှင့်။ ကြည့်ရသူများ ဇိမ်ပျက်ပါသည်။ လုံးဝမကြည့်သင့်သည်များပါလျှင် ဖြတ်သင့်ပါသည်။

မီဒီယာများ၏ ပထမဖွင့်ပွဲမှာ Hot News ဖြစ်သည်။ ကျွန်တော်စိတ်ဝင်စားသည်မှာ ကိုယ်တွေ့လေးများရှိ၍ဖြစ်သည်။ ကျွန်တော့်ဝမ်းပွဲအစ်ကို သင်္ဘောပေါ်တွင် ချော်လဲပြီး ပေါင်ကျိုးသွားသည်။ ပုဂ္ဂလိကဆေးရုံတွင် စတီးရိုးထည့်ရသည်။ ခွဲစိတ်ခန်းမှ ဆရာဝန်ကြီး လက်မထောင်ပြီး ထွက်လာ သည်။ ညနေ ၅နာရီခန့်တွင် ချမ်းတုံလာသဖြင့် ဆရာဝန်ခေါ်သည်။ လရောက်စစ်ဆေးထားသော သွေးသွင်းထားသောပိုက်ကို ဖြုတ်ပေးသည်။ မကြာမီ ပုံမှန် ဖြစ်သွားသည်။ ညည့် ၈ နာရီခန့်တွင် ဆရာမရောက်လာပြီး သွေးပိုက်ကို ပြန်တပ်ပေးသွားသည်။ နာရီဝက်ခန့်အကြာတွင် ချမ်းတုံလာသဖြင့် ဆရာ ဝန်ကို ထပ်ခေါ်သည်။ ဆရာဝန်လက်ထဲမှာပင် ဆုံးသွားသည်။ သားဖြစ်သူ (ဒုညွန်ချုပ် အလုပ်သမား) မှ သွင်းထားသော သွေးအိပ်ကို ကြည့်လိုက်သည် Expire Date ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။

သူမဖြစ်သူ သိရီမြတ် ဗိုက်အောင့်သဖြင့် ပုဂ္ဂလိကဆေးရုံသို့သွားပြသည် ကောင်းသွားမှာပါမှာဆိုပြီး ဆေးရုံကုတင်ပေါ်တွင် နားခိုင်းထားသည်။ ၂ ရက်ခန့်ကြာချိန်တွင် ပိုအောင့်လာသည်။ အားလုံးစစ်ဆေးပြီး ဗိုက်ခွဲရသည်။ ခွဲစိတ်ခန်းမှ ဆရာဝန်ကြီး အိုကေဆိုပြီး ထွက်လာပါသည်။ လူနာက လုံးဝ သတိမရတော့ပါ။ နောက်ဆုံး မေ့ဆေးကြောင့်လိုလိုဘာလိုလိုဖြင့် ကွယ်လွန်သွားပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုးများ အလွန်တရားရှိပါသည်။ သေသူတဲ့သူကလည်း သေသွားပြီလေဟု တရားနှင့် ဖြေကြသည်။ Hot News နှင့် ဖြစ်သည့်ပွဲမှာ ကြည့်ကောင်းမည့်ပွဲဟု စောင့်စားနေစဉ် ပွဲပျက်သွား၍ ကျွန်တော် စိတ်မကောင်းဖြစ်မိပါသည်။ ယခုလည်း ကြည့်ကောင်းမည့်ပွဲ စနေပြီ ဖြစ်သည်။

ကျွန်တော် “နေရာ” ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် ရေးဖူးပါသည်။ တို့လူတွေ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်တယ် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူးဟု တချိန်က နိုင်ငံခေါင်းဆောင်ကြီးတစ်ဦး ပြောခဲ့ပါသည်။ ကျွန်တော်တို့မီဒီယာများလည်း ပိတ်ဆို့တင်းကြပ်သည့်ဒဏ်ကို ခံနိုင်ခဲ့သည်။ ယခုလွတ်လပ်သည့် ဒဏ်ကို ခံနိုင်ဖို့ လိုသည်။ နေရာလည်း ပျောက်မသွားအောင် ထိန်းသိမ်းဖို့ ရေးခဲ့ပါသည်။ ကိုယ့်နေရာကိုယ် မစောင့်ရှောက်နိုင်လျှင် ပြည်သူကို စောင့်ရှောက်ဖို့ ခက်ပါမည်။

မာရ်နဲ့ မန် ဆိုသည့် ဆောင်းပါးလေးတစ်ပုဒ် ရေးဖူးသည်။ တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့သူငယ်ချင်းတစ်စု လမ်းသွားရင်း သူဖုန်းစား၏ ခွက်ကို တိုက်မိသည်။ လက်သီးလက်မောင်းတန်းပြီး ရန်တွေ့ခံရသည်။ သူ့မှာလည်း မာန်နှင့်ဖြစ်သည်။ ကျွန်တော်တို့ မတော်တဆဖြစ်သွားကြောင်း တောင်းပန်လိုက်ပါသည်။  တိုက်ပုံဖြူဖွေးဖွေးနှင့် တက္ကသိုလ်ကျောင်းသားဖြစ်သော ကျွန်တော်တို့ စွပ်ကျယ်ကျောစုတ်နှင့် သူဖုန်းစားကို တောင်းပန်ခဲ့ပါ သည်။

နိုင်ငံရေးစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်များ အနုပညာစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်များ စာပေလောကစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ပရိတ်သတ်က တော့ စင်ပေါ်မှလူများ၏ပွဲ ကြည့်ကောင်းမည်ဟု စောင့်မျော်နေမည်ဖြစ်သည်။ မည်သို့လုပ်သင့်သည်ကို ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ဖို့ လိုပါသည်။

ကျွန်တော်တို့ ဘက်လိုက်ရန်မရှိပါ။ ကိုယ်ဖာသာလုပ်သည်ကို ကိုယ်အသိဆုံး ဖြစ်ပါသည်။ ကိုယ်ဘာကိုရည်ရွယ်သည်ကိုလည်း ကိုယ်အသိဆုံး ဖြစ်သည်။ စာပေစိစစ်ရေးက ညွှန်ကြားရေးမှူးနှင့် လျှပ်တပြက်ဂျာနယ်မှ တာဝန်ရှိသူများ ပြောနေပုံဖြစ်သည်။ ကိုယ်ဘာပြောခဲ့သည်ကို ပြန်စဉ်းစားကြည့် ပါ။ မည်သူမှားသည်ကို သိပါလိမ့်မည်။ ကိုယ့်သမီးလေး ပိုးစိုးပက်စက်ပုံ ဂျာနယ်ထဲတွင်ပါလာလျှင် မည်သို့ခံစားရမည်ကို ကိုယ်ချင်းစာကြည့်ဖို့ လိုပါမည်။ ဒီပုံကြောင့် ဘာတွေဆက်ဖြစ်နိုင်သည်ကိုလည်း မြော်မြင်ကြည့်ဖို့ လိုပါမည်။

စနစ်ကိုမကြိုက်သဖြင့် အနစ်အနာခံ ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ်ဘဝတစ်ခုလုံးနဲ့ရင်းပြီး ပြည်သူတို့အတွက် ရုန်းကန်ခဲ့ကြသော ၈၈မျိုးဆက် ကျောင်းသားများ ယနေ့ သူတို့လိုလားသော လူ့အခွင့်အရေး/စနစ်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြသည်။ သူတို့လိုချင်သောလမ်းသို့ လျောက်လှမ်းနေသည့် သမ္မတကြီးကို သူတို့ဝန်းရံထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနှင့် လက်တွဲပြီး ဝန်းရံထား သည်မှာ ဦးဆောင်ချီတက်နေသာ သမ္မတကြီး သူတို့ကြားမှ ပျောက်သွားမည်စိုး၍ ဖြစ်ပါသည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ဝင်သွား ခြင်းမှာ ခေါင်းငုံ့အရှုံးပေး လက်မြှောက်ပြီး ဝင်သွားခြင်း မဟုတ်ပါ။ ပြည်သူအကျိုးအတွက် ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်နေသော သမ္မတကြီးနှင့် လက်တွဲဆောင်ရွက်နိုင်ရန် ရင်ကော့ပြီး ဝင်သွားခြင်းဖြစ်သည်။

နောက်ဆုံးဖြစ်ခဲ့သည် အရေးအခင်းကို လူမျိုးရေး၊ ဘာသာရေးအသွင် မရောက်အောင် ညင်ညင်သာသာ ဆောင်ရွက်ခဲ့မှုကို ကမ္ဘာ့နိုင်ငံများမှ အသိအမှတ် ပြုကြပါသည်။ မှတ်မိကြပါဦးမည်။ ကုန်စည်ပြပွဲပြုလုပ်နေစဉ် ရန်ကုန်မြို့လည် ကုန်တိုက်ကြီး ၃ခု အချိန်ကိုက် အင်အားပြင်းထန်သည့်ဗုံး များ တစ်ချိန်တည်း ပေါက်ကွဲသည်။ ပြည်သူများ သေကျေ ပျက်စီးခဲ့ကြရသည်။ ကုန်စည်ပြပွဲ လာရောက်ဆောင်ရွက်သည့်နိုင်ငံ၏ တောင်ပိုင်းတွင် ဖြစ် ပျက်နေမှုများနှင့် ဆက်စပ်မှုမရှိဟု မည်သူမျှ မပြောနိုင်ပါ။

နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်သူများအတွက် အဖက်ဖက်မှ စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်နေချိန်ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူ များအတွက်လည်း စင်ပေါ်မှပွဲထက် ပို၍အရေးကြီးသော ကိစ္စများ ရှိပါသည်။ နှစ်ပေါင်း ၆၀ ကျော် ကျွန်ဘဝဖြင့်နေခဲ့ရပြီး နှစ်ပေါင်း ၅၀ ကျော် တစ်ပါတီ စနစ် စစ်အုပ်ချုပ်ရေးအောက်တွင် ဘဝကို ရုံးကန်ခဲ့ရသည်။ ယနေ့ ရရှိလာသော အကောင်းဆုံး အခြေအနေအချိန်အခါကို အဆုံးအရှုံးမခံဘဲ ပြည်သူ တစ်ရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ် အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ စင်ပေါ်မှ ဒီမိုက ရေစီစနစ်နှင့် မကိုက်ညီသူများ ဆင်းပေးဖို့ လိုအပ်သကဲ့သို့ ပြည်သူများကြားထဲမှ သာကူးများကိုလည်း ဖယ်ရှားဖို့ လိုအပ်ပါသည်။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၅.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အလုပ်ရှင်၊ အလုပ်သမားကိစ္စပြေလည်ရေးအတွက် ILO မှ သင်တန်းပေးမည်
  1. ခွင့်ပြူမိန့်မရှိဘဲ အများပြည်သူဆိုင်ရာပွဲများ ပြုလုပ်ပါက အရေးယူခံရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၃၇ခု မြန်မာနိုင်ငံရောက်ရှိ
  1. တစ်နှစ်လျှင် ရှစ်လလွှတ်တော်တက်ရသည့်ကိစ္စ NLD တင်ပြဆွေးနွေးမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

အလုပ်ရှင်၊ အလုပ်သမားကိစ္စပြေလည်ရေးအတွက် ILO မှ သင်တန်းပေးမည်

လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ ပြေလည်နိုင်စေရေးနှင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများတွင် မျှမျှတတ ဖြေရှင်းဆောင်ရွက်နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ထားသော ဥပဒေများနှင့် နိုင်ငံတကာအတွေ့အကြုံများကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း ILO မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အလုပ်သမားဥပဒေဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားချက်အရ သိရသည်။

“လက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာအတွေ့ အကြုံတွေကို သင်တန်းပို့ချပေးသွားမှာပါ။ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ နောက်တစ်ပတ်လောက်ကစပြီး သင်တန်းပို့ချဖို့ အကောင်အထည်ဖော်သွားမှာပါ”ပာု ILO မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများတွင် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသော အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားဝန်ကြီးဌာန တာဝန်ပေးအပ်သူများ အချိုးတူပါဝင်သော ခုံသမာဓိကောင်စီကိုလည်း အငြင်းပွားမှုများတွင် တရားမျှတစွာ ဆုံးဖြတ်ချက်ချနိုင်ရန် နိုင်ငံတကာအလုပ် သမားရေးရာ ပညာရှင်များခေါ်ယူကာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း ILO မှ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ Ross WILSON က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို နားလည်သွားအောင်၊ ပြီးတော့ လုပ်ငန်းခွင်ဆက်ဆံရေး ပိုကောင်းလာစေချင်လို့ပါ။ အဓိကကတော့ အငြင်းပွားမှုဖြစ်တဲ့အခါ ဥပဒေနဲ့အညီ မျှမျှတတဖြေရှင်းတက်အောင် Awareness Trannning ပေးမှာပါ”ပာု Ross WILSON က ဆက်လက်ရှင်းပြ ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ်ဂျာနယ်များတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ အလုပ်သမားအဖွဲ့အစည်းများကို တရားဝင်ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ခွင့်ပြုခဲ့ပြီး လက်ရှိ အချိန်တွင် အလုပ်သမားအခြေခံအဖွဲ့အစည်း ၄၆ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ်တစ်ဖွဲ့၊ အလုပ်ရှင်အခြေခံအဖွဲ့အစည်း ၁၀ ဖွဲ့တို့ကို တရားဝင် အသိအမှတ်ပြုပြီး အလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Ref:The Voice

 -----------------------------------------------------------------------------------------------------------------------------------

ခွင့်ပြူမိန့်မရှိဘဲ အများပြည်သူဆိုင်ရာပွဲများ ပြုလုပ်ပါက အရေးယူခံရမည်

သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်ပြုမိန့်များတောင်းခံခြင်းမရှိဘဲ အများပြည်သူနှင့်ဆိုင်သော ပွဲများပြုလုပ်ပါက ခြောက်လထက်မပိုသော ထောင်ဒဏ် (သို့) ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ ချမှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“သက်ဆိုင်ရာတာဝန်ရှိသူထံက ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲနဲ့ အများပြည်သူနဲ့ဆိုင်သော ပွဲတွေပြုလုပ်မယ်ဆိုရင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အရေးယူခံရမှာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပိာုတယ်တွေ၊ မိုတယ်တွေ၊ ခန်းမတွေ ရှော့ပင်းစင်တာတွေ၊ ပလာဇာ တွေ၊ အဆောက်အအုံတွေမှာ ဖျော်ဖြေပွဲတွေ၊ စည်းဝေးပွဲတွေ၊ ပြပွဲပြိုင်ပွဲတွေ ပြုလုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူထံမှာ ခွင့်ပြုမိန့် တောင်းခံ ရမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများပြည်သူနှင့် သက်ဆိုင်သောပွဲများပြုလုပ်မယ်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရပ်ကွက်(သို့)ကျေးရွာ အုပ်ချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။

“အများပြည်သူနဲ့ သက်ဆိုင်တဲ့ပွဲမျိုးတွေလုပ်ဆောင်တဲ့နေရာမှာ သက်ဆိုင်ရာတာဝန်ရှိသူထံက ခွင့်ပြုမိန့်တောင်းခံရမှာပါ။ သူတို့က သတ်မှတ် ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ရမှာပါ။ ဒီသတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင်တော့ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် အုပ်ချုပ်ရေး အခြေခံအဆင့်ဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref:Flower News

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၃၇ခု မြန်မာနိုင်ငံရောက်ရှိ

ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်း၌ အမေရိကန်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၃၇ခုသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ရန် လာရောက်လေ့လာခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ယင်းအမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အချို့ မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် လာရောက်ရခြင်းမှာ ဇူလိုင်လ ၁၁ ရက်နေ့၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံအပေါ်ထားရှိထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုအချို့အား ပြန်လည်ဖြေလျော့ပေးခဲ့သည့် အတွက် ကမ္ဘောဒီးယားနိုင်ငံရှိ Siem Reap မြို့နယ်၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်မှ ကြီးမှူးကျင်းပသည့် အမေရိကန်-အာရှ စီပွားရေးဆိုင်ရာ ဆွေးနွေးပွဲညီလာခံသို့ တက် ရောက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကာ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ပနိုင်ငံများ၏ အကူအညီများလိုကြောင်း မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပြီး တစ်နာရီခန့်အကြာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သီးခြားတွေ့ဆုံခဲ့သေးကြောင်း သိရှိရသည်။

ထို့နောက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များထဲမှ နယူးယောက်အခြေစိုက် နည်းပညာနှင့် စွမ်းအင် ဆိုင်ရာ GE ကုမ္ပဏီမှ ဇူလိုင်လ ၁၄ ရက်နေ့၌ ရန်ကုန်မြို့ရှိ ဗဟိုစည်ဆေးရုံနှင့် ပန်းလှိုင်ဆေးရုံတို့အား အမေရိကန်ဒေါ်လာ ၂သန်းတန်ဖိုးရှိ ဆေးဘက် ဆိုင်ရာသုံးကိရိယာများအား ထောက်ပံ့ပေးမည်ဆိုသည့် သဘောတူညီ ချက်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းများအရ သိရှိရသည်။

ထို့ပြင် ယင်းအမေရိကန် စီးပွားရေးကုမ္ပဏီ ၃၇ခုနှင့် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းနှင့် ဆက်နွယ်သည့် အစိုးရတာဝန်ရှိသူ များဖြင့် ဇူလိုင်လ ၁၅ ရက် မနက် ၉နာရီဝန်းကျင်ခန့်၌ ဆီးဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပြီး နေ့လည်ပိုင်းအချိန်တွင် ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များဖြင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့များဖြင့် မနက်ပိုင်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းနှင့် ဆက်နွယ်သည့် အစိုးရပိုင်းဆိုင်ရာများဖြင့် တွေ့ဆုံရာတွင် ရင်းနှီးမြှပ်နှံ မှုနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဌာနဆိုင်ရာ ကဏ္ဍပိုင်းအလိုက်များလည်း ထည့်သွင်းဆွေးနွေးသွားရန်ရှိကြောင်း သိရှိရပြီး မြန်မာနိုင်ငံ ၌ ရင်းနှီးမြှပ်နှံနိုင်မည့် စီးပွားရေးအခြေအနေနှင့် ပတ်သက်၍လည်း ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပြီး ဇူလိုင်လ ၁၄ ရက် နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်၏ နေအိမ်၌ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ညစာစားပွဲ တစ်ခု ကျင်းပပြုလုပ်ပြီး အဆိုပါ ညစာစားပွဲသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ATM 

-----------------------------------------------------------------------------------------------------------------------------------

တစ်နှစ်လျှင် ရှစ်လလွှတ်တော်တက်ရသည့်ကိစ္စ NLD တင်ပြဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီNLD ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တစ်နှစ်လျှင် ရှစ်လ လွှတ်တော်တက်ရန်မှာ အဆင်ပြေနိုင် မည် မပာုတ်သည့်အတွက် ယခုကျင်းပလျက်ရှိသည့် ပထမအကြိမ် စတုတ္ထလွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“တစ်နှစ်မှာ ရှစ်လ လွှတ်တော်အစည်းအဝေးတွေ ကျင်းပမှာဆိုတဲ့ ဥပဒေမျိုးတွေ မရှိပါဘူး။ တစ်နှစ်မှာ ရှစ်လသာ အစည်းအဝေးထိုင်ရမယ် ဆိုရင် လွှတ်တော်အမတ်တွေအားလုံး ကိုယ့်ဒေသက ပြည်သူတွေခိုင်းတဲ့အလုပ်ကို ဘယ်လိုသွားလုပ်မလဲ။ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ခု ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ဒါကို တင်ပြဆွေးနွေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပရေးနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော်နာယကက တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ခေါ်ယူကျင်းပရမည်ဖြစ်ပြီး လွှတ်တော် ပုံမှန် အစည်းအဝေးတစ်ကြိမ်နှင့် တစ်ကြိမ်အကြား အရှည်ဆုံးကာလသည် ၁၂ လထက် မပိုစေရပာု ပြဋ္ဌာန်းထားသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က NLD ပါတီမှ တင်သွင်းသော အဆိုများသည် အများပြည်သူ အကျိုးရှိပြီး ဒီမိုကရေစီရေးနှင့် အကျိုးရှိမည့်အဆိုများ ဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းသော မည်သည့်အဆိုများမဆို မိမိဘက်မှ မာန်မာနမထားဘဲ ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ပါတီက NLD ပါတီကတင်သွင်းမယ့်အဆိုတွေကို စောင့်ကြည့်နေပါတယ်။ ဒီအဆိုတွေပာာ ပြည်သူ့အတွက်လည်း အမှန်တကယ် အကျိုးရှိမယ်၊ ဒီမိုကရေစီအရေးအတွက်လည်း တကယ်ကိုအကျိုးရှိမယ်ဆိုရင် ထောက်ခံသွားမှာပါ”ပာု အမျိုးသားဒီမိုကရေစီပါတီသစ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ်(၄၄)နေရာအနက် (၄၃)နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယအင်အားအကြီးဆုံး အတိုက်အခံပါတီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

YC

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

အခုလို ဒုဗိုလ်ချုပ်ကြီးအဆင့်ကို ပြောင်းခန့်တာက သိသာပေါ်လွင်နေတယ်။ ဝန်ကြီးချုပ်နေရာကို တကယ်ဖြစ်သင့်တာက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌထဲကပဲ ဖြစ်သင့်တယ်။

ဇူလိုင်လ ၁၅ရက်နေ့ထုတ် Messenger ဂျာနယ်အတွဲ (၃) အမှတ် (၈) တွင်ပါရှိသည့် “ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်မည်ဟုသတင်းထွက်” သတင်းမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့အရင်ကစည်ပင်ဝန်ထမ်းပါ၊ အခုအလုပ်ထွက်လိုက်လို့ ကျူးကျော်ဖြစ်သွားတာ၊ ဖယ်ခိုင်းမယ်ဆိုလဲ ကြိုသိရတော့ကောင်းတာပေါ့၊ လတ်တ လောပြောင်းဖို့ဆိုတာက မိုးတွင်းဆိုအရမ်းဒုက္ခရောက်တယ်၊ မဖြစ်မနေ ဖယ်ရမယ်ဆိုတော့ သေမထူးနေမထူးလုပ်မယ်ဆိုတာမျိုးဖြစ်ရင် မကောင်းဘူး ပေါ့၊ မရှိဆင်းရဲသားတွေမို့ ဒီလိုနေတာပါ၊ အစိုးရက ဒီလိုလူတွေကို ညှာတာပါလို့ ပြောချင်တယ်၊ အစိုးရက ဖယ်ဆိုတော့ ကျွန်တော်တို့က ဘာလုပ်ရမှာ လဲ”

ဇူလိုင်လ ၁၅ရက်နေ့ထုတ် The Flower News ဂျာနယ်အတွဲ (၈) အမှတ် (၂၇) တွင်ပါရှိသည့် “စည်ပင်မြေကျူးကျော်သူများကို ဖယ်ရှားသွားမည်” ဆောင်းပါးမှ ဒဂုံမြို့သစ်တောင်ပိုင်း စည်ပင်မြေတွင် ကျူးကျော်နေထိုင်သူ ဦးဇင်မိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

“ဝါသနာပါလို့သာ ဒီလုပ်ငန်းကိုဆက်လုပ်နေတာ။ ဆက်ပြီးတော့အရှုံးခံဖို့က မလွယ်တော့ဘူး။ ကိုယ့်ပိုက်ဆံကို လည်ပင်းမှာချိတ်ဆွဲပြီး ရေထဲခုန်ချနေရ သလိုပါပဲ”

ဇူလိုင်လ ၁၅ရက်နေ့ထုတ် The Flower News ဂျာနယ်အတွဲ (၈) အမှတ် (၂၇) တွင်ပါရှိသည့် “ခရီးသွားလုပ်ငန်းရှင်များ အရှုံးပေါ်”သတင်းမှ အိန်ဂျယ် ခရီးသွားလုပ်ငန်းမှ မခက်ခက်ခိုင်၏ ပြောကြားချက်ပေါ် ကောက်နှုတ်ချက်

**************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive