Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၀.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ၂၀၁၃ ချယ်ရီပွင့်ချိန်တွင် ဂျပန်သို့သွားရန် ဒေါ်အောင်ဆန်းစုကြည်စီစဉ်

(The Associated Press မှ 29 July 2012 ရက်စွဲပါ “Myanmar opposition Leader Suu Kyi said to plan 2013 Japan visit during cherry blossom season”သတင်းကို ဘာသာပြန်ဆိုသည်)

  1. နိုင်ငံခြား ခရက်ဒစ်ကဒ်များကို မကြာမီ မြန်မာခွင့်ပြုဖွယ်ရှိ

(World News Australia မှ 30 July 2012 ရက်စွဲပါ “Burma may soon allow foreign credit card”သတင်းကို ဘာသာပြန်ဆိုသည်)

        ***********************************************************

ဘာသာပြန်သတင်းများ

၂၀၁၃ ချယ်ရီပွင့်ချိန်တွင် ဂျပန်သို့သွားရန် ဒေါ်အောင်ဆန်းစုကြည်စီစဉ်

(The Associated Press မှ 29 July 2012 ရက်စွဲပါ “Myanmar opposition Leader Suu Kyi said to plan 2013 Japan visit during cherry blossom season”သတင်းကို ဘာသာပြန်ဆိုသည်)

အငြင်းပွားဖွယ် ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး၌ အကျယ်ချုပ်မှလွတ်မြောက်လာသူ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ပြည်ပနိုင်ငံခရီးစဉ်များ လှည့်လည်လျက်ရှိပြီး ဂျပန်နိုင်ငံသို့လာမည့်နှစ်တွင် သွားရောက်ရန် စီစဉ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအား ယခုသီတင်းပတ်ကုန်ရက်တွင် နေပြည်တော်သို့လာရောက်တွေ့ဆုံသည့် တိုင်းရင်းသားလူမျိုးများ တိုးတက်ရေးဆိုင်ရာ ဂျပန်လူမှုရေးသံတမန် ယိုပီာဆာဆာကာဝါကို လာမည့်နှစ် ဂျပန်ခရီးစဉ်အကြောင်း ထုတ်ဖော်ပြောဆိုကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော်နိုဘယ်ဆုရှင်က ဂျပန်နိုင်ငံ၏ နာမည်ကျော်ချယ်ရီပွင့်ချိန်တွင် သွားရောက်ရန်ရည်မှန်းထားကြောင်းနှင့် အကြမ်းဖျင်းအားဖြင့် မတ်လကုန်တွင် သွားရန်စီစဉ်နေကြောင်း အသိပေးထုတ်ပြန်သည်ပာု ဆာဆာကာဝါ၏အဖွဲ့ဝင်တစ်ဦးက တနင်္ဂနွေနေ့တွင်ပြောကြားသည်။ သတင်းထုတ်ပြန်ခွင့်မရှိသော ယင်းပုဂ္ဂိုလ်က ၎င်း၏အမည်ကိုမဖော်ပြရန် တောင်းဆိုထားသည်။

ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရိုဂမ်ဘာာက မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ပာု သိရသည်။

                                                    ***********************************************************

နိုင်ငံခြား ခရက်ဒစ်ကဒ်များကို မကြာမီ မြန်မာခွင့်ပြုဖွယ်ရှိ

(World News Australia မှ 30 July 2012 ရက်စွဲပါ “Burma may soon allow foreign credit card”သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံတကာသုံးခရစ်ဒစ်ကဒ်(အကြွေးဝယ်ကဒ်)များကို လာမည့်နှစ်တွင် စတင်လက်ခံကိုင်တွယ်ရန် မြန်မာနိုင်ငံမှဘဏ်များက မျှော်လင့်နေကြသည်။

Visa ကဒ်များကို အသုံးပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေသည်ပာု ပြည်တွင်းအင်အားကြီး ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုနှင့် အီးယူက ၂၀၀၃ ခုနှစ်မှစ၍ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ တားမြစ်ချက်များချမှတ်ထားခဲ့သောကြောင့် မြန်မာနိုင်ငံရောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှာ ခရက်ဒစ်ကဒ်များကို အသုံးပြုနိုင်ခြင်းမရှိပေ။

ကိုယ့်ပြည်သူများကိုကိုယ် မညှာမတာ ဖိနှိပ်အုပ်ချုပ်သော ယခင်တပ်မတော်အစိုးရ၏ မူဝါဒများကို တုန့်ပြန်သည့်အနေဖြင့် အနောက်အုပ်စု နိုင်ငံများက Sanctions များချမှတ်အရေးယူဒဏ်ခတ်ခဲ့သော်လည်း၊ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရက နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ စတင်ပြုလုပ်ပြသခဲ့ပြီးနောက်တွင် ယင်း Sanctions များကို စတင်ဖြေလျော့ပေးနေပြီဖြစ်သည်။

အမည်မဖော်လိုသော အခြားဘဏ်လုပ်ငန်းရှင်တစ်ဦးကလည်း “Master Card၊ China Union Pay၊ Japan Credit Bureau”စသော ကုမ္ပဏီများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ ၂၀၁၃ တွင် ခရစ်ဒစ်ကတ်နှင့် ငွေပေးချေမှုကိုလက်ခံနိုင်ရန် အလားအလာရှိသည်ပာု မျှော်လင့်ထားကြောင်း”အသိပေးပြောကြားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၀.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တပ်မတော်အစိုးရ ယန္တရားက ထိန်းချုပ်ထားဆဲ        

(Scotman News မှ 29 July 2012ရက်စွဲပါ “Burma’s military still in control”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ကုလလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ် မြန်မာနိုင်ငံသို့ရောက်ရှိ

(The Associated Press မှ 29 July 2012 ရက်စွဲပါ “UN Burma rights envoy arrives in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

တပ်မတော်အစိုးရ ယန္တရားက ထိန်းချုပ်ထားဆဲ

(Scotman News မှ 29 July 2012ရက်စွဲပါ “Burma’s military still in control”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ရှုပ်ထွေးသောရန်ကုန်မြို့တော် လမ်းဆုံမီးပွိုင့်တစ်ခုတွင် ပျင်းရိငြင်းငွေ့နေပုံရသော စစ်သားနှစ်ဦးသည် အော်တိုမတ်တစ်ရိုင်ဖယ်သေနတ်ကိုင်၍ မတ်တပ်ရပ်နေကြသည်။ တပ်မတော်(သို့)စစ်တပ်ကကာလများစွာ လွှမ်းမိုးထားခဲ့သောနိုင်ငံတွင် ယခုလိုစစ်သားနှစ်ဦးသာတွေ့ရသော ဤမြင်ကွင်းသည် ထူးဆန်းသည်။

မည်သို့ပင်ဖြစ်စေ ရန်ကုန်သည် ယခုအခါ အခြားပုံမှန်အရှေ့တောင်အာရှမြို့တော်များကဲ့သို့ ရှုတ်ထွေးလာ၊ ဆူညံလာ၊ ပွစိတတ်လာသလို စိတ်လှုပ်ရှား၍ အားတက်စရာလည်းကောင်းလာသည်။ ယခင်နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သောအပတ်တွင် လွှတ်တော်၌ သူမ၏အဖွင့်စကား ပြောကြားခဲ့ခြင်းသည် လမ်းလျှောက်သင်စ မြန်မာ့ဒီမိုကရေစီခြေလှမ်းလေးများကို ထင်ဟပ် နေသည်။

ပြောင်းလဲနေသောကမ္ဘာသစ်တွင် ယခင်အထီးကျန်နိုင်ငံကို နေရာပိုရလာအောင် အထောက်အကူပြုမည့် စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ယခုအရပ်ဖက်အစိုးရသစ်က ဦးစားပေးလုပ်ဆောင်နေသည့် လက္ခဏာရှိသည်။

သို့ဆိုလျှင် တစ်ချိန်ကမိုးကောင်းခဲ့ကြသည့် ရဲတပ်ဖွဲ့နှင့်တပ်မတော်တို့ ဘယ်ရောက်သွားသနည်း။ ၎င်းတို့ကို မတွေ့ရခြင်းသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်စီးပွားရေး ဖွံ့ဖြိုးရေးအနာဂါတ်ဆီသို့ မြန်မာနိုင်ငံဦးတည်နေပြီဟူသော နောက်ထပ် လက္ခဏာကောင်းတစ်ခုများလား။

နှစ်ပေါင်းနှစ်ဆယ်ခန့် ပြည်ပတွင်တိမ်းရှောင်နေပြီး မကြာသေးမီက မြန်မာနိုင်ငံသို့ပြန်သွားသော NLD အကြီးတန်းပါတီဝင် ဦးသိန်းမောင်သည် တပ်မတော်အစိုးရ ယန္တရားကြီးဖုံးကွယ် ငုတ်လျှိုးနေရုံမျှသာဖြစ်သည်ဟု ယုံကြည်ထားသူဖြစ်သည်။

“လမ်းတွေပေါ်မှာ စစ်တပ်နဲ့ရဲတွေကို အုံလိုက်ကျင်းလိုက် မတွေ့ရတော့ပါဘူး။ ဒါဟာပြောင်းလဲလာတဲ့ လက္ခဏာကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘယ်သွားလဲ၊ ဘယ်သူနဲ့တွေ့သလဲလို့ စောင့်ကြည့်နေတဲ့ အစိုးရသတင်းပေးတွေကတော့ ဟိုတယ်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ လမ်းတွေပေါ်မှာ၊ နေရာတကာမှာ ရှိနေပါတယ်”ဟု သူကဆိုသည်။

သြဇာတိက္ကမ ကြီးမားသော ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှလွှတ်၍ နိုင်ငံရေးနယ်ပယ်၌ ပြန်ပေါ်လာခြင်းသည် တကယ်မဟုတ်သော ထင်ယောင်ထင်မှားအပြောင်းအလဲကို ဖန်တီးခြင်းအားဖြင့် မြန်မာအများစု၏အနေအထားကို ပိုဆိုသွားစေရုံသာရှိသည်ဟု အချို့ကယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝကပေးသောအဖြေဟု အများစုကလက်ခံထားကြခြင်းထက် အမှန်တကယ်၌ မြန်မာနိုင်ငံအတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ သူမ၏ ကမ္ဘာကျော်ရေပန်းစားမှုသည် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်ရေးကို အဟန့်အတားဖြစ်စေသည်ဟု ယခုလထုတ် မြန်မာတိုင်းမ်းစာစောင်တွင် ဖော်ပြထားသည်။ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၀ တန်းသို့ ရောက်ရှိနေပေလိမ့်မည်။

သို့သော်လည်း ယခုလို ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်မှုသည် အမှန်တကယ်၌ အားရစရာမကောင်းသော မြန်မာအစိုးရ၏ လုပ်ပုံကိုင်ပုံများကို မဝေဖန်ရဲသောကြောင့် လေဒီအပေါ်အပြစ်လှည့်ပုံချလိုသည့် နိုင်ငံရေးသမားအချို့၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုသာဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်အချို့ကဆိုသည်။

“ဂုရုကြီးဦးသန်းရွှေ ချယ်လှယ်နေတဲ့ မြန်မာ့နိုင်ငံရေးကစားပွဲကို အကောင်းမြင်သမားတွေရဲ့ အယူအဆဖြစ်တဲ့ လုံးဝပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ လှေကြီးထိုး ကစားကွက်တစ်ခုထဲနဲ့ ယှဉ်ပြိုင်ကစားလို့မရပါဘူး။ ဖာဂူဆန်လိုအကွက်စုံတဲ့ ဦးသန်းရွှေကို ယှဉ်ပြိုင်ဖို့အတွက် မော်ရင်ဟိုလိုနည်းဗျူဟာ စုံလင် ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်းတွေဟာ ဒီကနေ့အထိ အမှားအယွင်းမရှိပါဘူး”ဟု မြန်မာ့နိုင်ငံရေးလေ့လာသူအချို့က သုံးသပ် ပြောကြားသည်။

၁၉၈၉ ခုနှစ်မှစ၍အာဏာသိမ်းထားခဲ့သော တပ်မတော်အစိုးရကို ၂၀၁၁ နှစ်ဆန်းတွင် အရပ်ဖက်အစိုးရအဖြစ် အသွင်ပြောင်းပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းမှုများ စတင်ပြုလုပ်ခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သူမ၏လုပ်ဖော်ကိုင်ဖက် ပါတီဝင် ၄၀ ကျော်နှင့်အတူ ဧပြီလရွေးကောက်ပွဲတွင် အနိုင်ရရှိကာ လွှတ်တော်သို့ရောက်ရှိလာခဲ့သည်။

ဧပြီရွေးကောက်ပွဲနှင့် သူမ၏ ဇွန်လဥရောပခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ သိသိသာသာဖြေလျော့ပေးသည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာသည်။ ဂရုတစိုက်စီစဉ်ထားသော ဖြစ်စဉ်များအဖြစ် အမေရိကန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ကမ္ဘောဒီးယားတွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ကလည်း စီးပွားရေးဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

သို့သော်လည်း နေရာတကာတွင် တပ်မတော်အစိုးရယန္တရား စိမ့်ဝင်ပျံ့နှံ့နေသည်ဟူသော အသိအာရုံကို အစိုးရအာဘော်သတင်းစာ New Light of Myanmar ပါ ဆောင်းပါးတစ်ပုဒ်က ဖော်ထုတ်လိုက်သည်။ ဆောင်းပါးရှင်ဦးဥာဏ်လင်းဆိုသူက ရုပ်ရှင်ရုံများ၌နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို မယောင်ရာဆီလူး မေးခွန်းထုတ်ထားသည်။ ရုပ်ရှင်ရုံများ၌ ပရိတ်သတ်များက နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို ကုစားရန် အစီအစဉ်မရှိတော့ဘူးလားဟု ဆောင်ပါးရှင်က မေးမြန်းထားသည်။

အရင်တုန်းကတော့ နိုင်ငံတော်အလံကို အလေးမပြုတဲ့သူတွေကိုရှာဖို့အတွက် ရုပ်ရှင်ရုံတွေမှာ ရဲတွေကို တာဝန်ပေးထားတယ်။ ဒီလိုလူတွေကို ရုပ်ရှင်ရုံထဲကနေထွက်ခိုင်းပြီး ဒဏ်ငွေတပ်ရိုက်တယ်ဟု ယင်းဆောင်းပါးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းအပြုအမူမျိုးကို သည်းခံတော့မည်မဟုတ်ဟု အမိန့်များ ထုတ်ပြန်ထားသည်။ မြင်နိုင်သော ဒေသများတွင် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲကာ အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများ ပြုလုပ်သည်။ ထို့အပြင် နိုင်ငံတော်အလံကိုအလေးပြုဖို့ တိုက်တွန်းရန် ဝန်ထမ်းများခန့်ထားရမည်ဟု ရုပ်ရှင်ရုံပိုင်ရှင်များကို ဖိအားပေးလျက်ရှိသည်။

အဆိုပါ မြောက်ကိုရီးယားပုံစံအပြုအမူမျိုးသည် အနောက်ကမ္ဘာ၌ လက်ရှိပေါ်ထွက်နေသော မြန်မာနိုင်ငံပုံရိပ်နှင့် လုံးဝဆန့်ကျင်ဖက် လွဲချော် နေသည်။

ခင်ဗျားနဲ့ NLD လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အနာဂါတ်ကိုအကောင်းမြင်သလားဟု မေးမြန်းသောအခါ ဦးသိန်းဝမ်းမောင်က“အကောင်းမြင်တယ်လို့တော့မရှိပါဘူး။ အရမ်းစိုးရိမ်တာပဲရှိပါတယ်။ Sanctions တွေရုတ်သိမ်းတာဟာ မြန်ဆန်လွန်းအားကြီးပြီး၊ မြန်မာအစိုးရရဲ့လက်ထဲမှာ ကစားခံနေရပါတယ်။ သူတို့(အစိုးရ)က ရင်းနှီးမြှုပ်နှံမှုတွေကို လိုချင်ပေမယ့်၊ အပြောင်းအလဲတွေဟာ တကယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးတည်သွားနေတယ်ဆိုတဲ့ အာမခံချက်တွေမရှိပါဘူး”ဟု ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် တင်းကြပ်သောစည်းကမ်းများချမှတ်ရန် ပျက်ကွက်နေကြောင်း Human Rights Watch အုပ်စုက ပြစ်တင်ဝေဖန်လိုက်ပြီး၊ Burma Campaign UK ကလည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း မက်လုံးများကြောင့် လူ့အခွင့်အရေးပြဿနာများကို ဖော်ထုတ်မှုနည်းသွားပြီး၊ ချီးမွမ်းသံတွေ ကျယ်လောင်လာသည်ဟု ခနဲ့လိုက်သည်။

ဧပြီလတွင် အီးယူက Sanctions များဖြေလျော့ဆိုင်းငံ့ပေးပြီးနောက်တွင် Rolls Royce၊ BP British Gas Ernst &Young စသော ဗြိတိသျှကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

သတိကြီးကြီးထားကြဖို့ တိုက်တွန်းသော ဦးသိန်းဝမ်းမောင်က မြန်မာအစိုးရအပေါ် တုံးတိတိမှတ်ချက်ပေး ပြောဆိုသည်။

“၂၀၁၅ မှာ ဒီမိုကရေစီပါတီတွေ အနိုင်ရသွားရင် သူတို့အစိုးရဖွဲ့ခွင့် ရမှာမဟုတ်ပါဘူး”

တိုးတက်သယောင်နှင့် မရေမရာဖြစ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်များစွာထားမှုအပေါ် ယခင် အခိုင်အမာထောက်ခံသူများကပင် စိုးရိမ်လာကြသည်။ မဲဆောက် မြန်မာအသိုင်းအဝိုင်းမှ မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာစင်သီယာမောင်က “အထူးသဖြင့် အနောက်နိုင်ငံတွေက ဒေါ်စုအပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမားစုပုံထားနေကြပါတယ်။ တစ်စုံတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုး ထမ်းခိုင်းတာ များလွန်းနေပါတယ်”ဟု ပြောကြားသည်။

အမည်အဖော်လိုသော ပြည်တွင်းမှနိုင်ငံရေးအကဲခတ်တစ်ဦးကမူ “ဒီမိုကရေစီအုပ်စုတွေ အခုချိန်မှာ မစည်းလုံးဘူးဆိုရင် နွားကွဲပြီး ကျားဆွဲ သွားလိမ့်မယ်”ဟု သတိပေးပြောဆိုသည်။

                                        ***************************************************************

ကုလလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ် မြန်မာနိုင်ငံသို့ရောက်ရှိ

(The Associated Press မှ 29 July 2012 ရက်စွဲပါ “UN Burma rights envoy arrives in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်သည် မြန်မာနိုင်ငံတွင် ဇွန်လကပြင်းထန်သော လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် မနေ့ကရောက်ရှိလာခဲ့သည်။

တနင်္ဂနွေနေ့ညပိုင်းက ရောက်ရှိလာသော တိုမားစ်အိုဂျာကင်တာနာသည် တစ်ပတ်ကြာ အကဲဖြတ်မည့်ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးကိစ္စနှင့် ဆက်စပ်သောအခြားသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့၏ နာမည်ပျက်အင်းစိန်ထောင်သို့ သွားရောက်ကြည့်ရှုမည်ဖြစ်ပြီး ယခင်လအတွင်းက မွတ်ဆလင်လူမျိုးစုနှင့်ပတ်သက်သည့် အပြန်အလှန်အကြမ်းဖက် အဓိကရုဏ်းဖြစ်ရပ်များတွင် လူပေါင်းအနည်းဆုံး ၇၈ ဦးခန့်သေဆုံးခဲ့သော ရခိုင်ပြည်နယ်အနောက်မြောက်ပိုင်းသို့လည်း သွားရောက်မည်ပာု သိရသည်။

ကင်တာနာ၏ အကဲဖြတ်ချက်သည် ဆယ်စုနှစ်စုစစ်အုပ်ချုပ်ရေးအလွန် ရွေးကောက်တင်မြှောက်ခံ သမ္မတဦးသိန်းစိန်အစိုးရက ပြုလုပ်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများကို တိုင်းတာသည့် “ကိုက်တံ”တစ်ခုဖြစ်လာဖွယ်ရှိသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံ၏ ဂုဏ်ကျက်သရေကို ထိန်းသိမ်းဖို့

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံ၏ ဂုဏ်ကျက်သရေကို ထိန်းသိမ်းဖို့

မိုးမြင့်ငြိမ်း

ဒီမိုကရေစီစနစ် ထွန်းသစ်စ မြန်မာနိုင်ငံသည် အကဲဆတ်သည့် အခြေအနေများကို ခက်ခက်ခဲခဲနှင့် ကျော်လွှားဖြတ်သန်းနေသည့် အားလျှော် စွာ နိုင်ငံတကာမှ ဝေဖန်စောင့်ကြည့်မှုများကလည်း အတောမသတ်နိုင်ဖြစ်လျက်ရှိသည်။ အထူးစောင့်ကြည့်ခံနေရသည့် မြန်မာနိုင်ငံအဖို့ အကောင်း အဆိုးဝေဖန်မှုများအပေါ် စနစ်တကျ စိစစ်သုံးသပ်ဖို့တော့ လိုသည်။ နိုင်ငံတကာမီဒီယာများ၊ ပညာရှင်အဖွဲ့များ၊ အင်စတီကျူးရှင်းများ၏ ဝေဖန်မှုများမှာ မှန်ကန်မှုများရှိသလို မမှန်ကန်မှုများလည်း ရှိသည်။ ယခင်အစိုးရလက်ထက်များက မြန်မာနိုင်ငံသည် ကမ္ဘာစနစ်နှင့် အဆက်ဖြတ်ကာ တံခါးပိတ်နေ ခဲ့ခြင်းမှာ မြန်မာနိုင်ငံအပေါ် ရမ်းသမ်းဝေဖန်များ၏ ရေခံမြေခံလို ဖြစ်ဟန်ရှိသည်။

ယခုလွတ်လပ်ပွင့်လင်းမှု တစ်စုံတစ်ရာအတိုင်းအတာထိ ရှိလာနေခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာမီဒီယာများမှ လာရောက်မှုများ တိုးမြင့်လာခဲ့သည်။ သို့သော် နိုင်ငံ၏ သမိုင်းကြောင်းချီ ဖြတ်သန်းလာရသည့် ဖြစ်စဉ်များကိုမူ သေချာလေ့လာမှုမရှိဘဲ ရေးသားထုတ်ဖော်နေမှုများမှာ တော့ မြန်မာနိုင်ငံ၏ ဂုဏ်ကျက်သရေ များစွာထိခိုက်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကျင့်သုံးမှုအပေါ် နိုင်ငံတကာမီဒီယာများက ဒီမိုကရက် တစ်စံနှုန်းများဖြင့် တိုင်းတာနေမှုတော့ အတော်ပင်လျော့သွားသည်ဟု ဆို၍ရနိုင်သည်။ ဤသည်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်မှ ပင်မရေစီးကြောင့်နိုင်ငံရေးဖြစ်စဉ်သစ်တွင် ဝင်ရောက်လာခြင်းအပေါ် အဓိကမူတည်နေသည်။ ထို့အပြင် မြန်မာဒီမိုကရေစီအပြောင်းအလဲနှင့် အချိန် မတိမ်းမယိမ်းပေါ်ထွန်းလာသည့် အာရပ်နွေဦးကြောင့်လည်း ဖြစ်ဟန်ရှိသည်။ အာရပ်နွေဦးမှာ မြန်မာနွေဦးနှင့် နှိုင်းယဉ်လျှင် အတော်ပင် ဆိုးရွား ပြီး ညင်ညင်သာသာမရှိသည့်အဖြစ်ကို နိုင်ငံတကာမှ နှိုင်းယဉ်သုံးသပ် ဖော်ထုတ်မှုများ ရှိခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲများကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံတရားဝင်ဖြစ်မှု တိုးမြင့်လာခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ နိုင်ငံတ ကာမီဒီယာများမှလည်း ဤသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းကို အကောင်းမြင် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရ အဖွဲ့သည်လည်း ဤအပြောင်းအလဲများနှင့်ပတ်သက်၍ ပြည်သူများက ယုံကြည်မှုများ ရှိလာပါသည်။ နောက်ကြောင်ပြန်လှည့်နိုင်သည့် အနေအထား များ မဖြစ်ပေါ်အောင် ကြိုးစားသွားမည်ဟုလည်း နိုင်ငံတော်အကြီးအကဲများက ပြည်သူများအပေါ် နိုင်ငံပိုင်မီဒီယာများမှတဆင့် အလေးအနက် ကတိပေး ခဲ့ပြီးလည်းဖြစ်သည်။ တစ်နှစ်ကျော်အတွင်း ဖြစ်ပေါ်ခဲ့သည့် မတည်ငြိမ်မှုများကိုလည်း ပြဿနာကြီးထွားမလာအောင် ကိုင်တွယ်နိုင်ခဲ့သည်။ ထို့အပြင် အစပထမ၌ အခွန်သက်သက်သာရှိမည်ဟု ထင်ကြေးပေးခဲ့သော လွှတ်တော်မှာ ပြည်သူများ၊ မီဒီယာများ၏ အာရုံစိုက်မှု အထူးရရှိလာလျက်ရှိနေပြီး လွှတ်တော်တွင်း အလုပ်ဖြစ်အောင်ဆောင်ရွက်မှုများမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန်းလာသည်ကို တွေ့မြင်ရသည်။

ထိုသို့ တရားဥပဒေစိုးမိုးမှု၊ မီဒီယာဖြေလျော့မှု၊ အင်စတီကျူးရှင်များ ခိုင်မာအောင် တည်ဆောက်မှုများ တဖြည်းဖြည်း ဆောင်ရွက်လာနေသည့် အတွက် အကောင်းဘက်သို့ ဦးတည်လျက်ရှိနေသည်ဟု ကောက်ချက်ချ၍ ရသည်။ ထိုကြောင့်လည်း အမေရိကန်အပါအဝင် အနောက်အုပ်စုများ၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများလည်း တဖြည်းဖြည်း ဖြေလျော့မှုများ ရှိလာသည်။ သို့သော် ယခုအချိန်ထိတော့ နိုင်ငံတကာမှ သံသယမျက်လုံး များဖြင့် ကြည့်ရှုနေဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွား သည်တော့မဟုတ်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲများမှာ မည်သည့်နိုင်ငံ၏ အကူအညီကိုမှ မယူဘဲ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ အရေးယူပိတ်ဆို့မှုများ ဆက်လက်ထားရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်သူများမည်မျှ လူမှုစီးပွားဘဝ နိမ့်ကျခဲ့သည်ကို ပိတ်ဆို့ခဲ့သည့်နိုင်ငံများက သိပါသည်။ ယင်းမူဝါဒမှာ ဆက်လက်အလုပ်မဖြစ်တော့သော်လည်း ဂုဏ်သိက္ခာဆယ်သည့်အနေဖြင့် ဆက်လက် ကိုင်ထားဆဲပင် ဖြစ်သည်။

ထိုသံသယဖြင့် စောင့်ကြည်နေမှုများကို အားဖြည့်ပေးလိုက်သည်မှာ ရိုဟင်ဂျာအရေးကိစ္စပင် ဖြစ်သည်။ နိုင်ငံတကာမီဒီယာများမှ ရခိုင်ပြည် နယ်တွင် ဖြစ်ပွားသွားခဲ့သော ရိုဟင်ဂျာအရေးမှာ အစိုးရ၏ လူသားချင်းစာနာထောက်ထားမှုမရှိသည့် လုပ်ရပ်ဟု ရေးသားဖော်ပြမှုများ၊ လူအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲမှုများရှိနေသည်ကို နေ့စဉ်တွေ့မြင်နေရသည်။ မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကြောင်းကို အသေအချာ လေ့လာဆန်းစစ်ခြင်းမရှိဘဲ ထိုသို့ တဖတ်သက် ရေးသားဖော်ပြနေမှုများကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ အမှန်အကန်ပင် ကျဆင်းစေပါသည်။ ရိုဟင်ဂျာအရေး မှာ နယ်စပ်ဒေသပြဿနာသာဖြစ်ပြီး မြန်မာ- မူဆလင် လူမျိုးရေးပြဿနာမဟုတ်။ မြန်မာနိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိသည်ကို မြန်မာ နိုင်ငံသို့ လာရောက်သည့် ဧည့်သည်များ ရန်ကုန်မြို့တော်ခန်းမအနီးတွင်ရှိသော ဆူးလေးစေတီ၊ ဗလီနှင့် ဟေမာနွေလ church တို့ အတူတကွရှိနေ သည့် အမှတ်အသားကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ထို့အပြင် ရိုဟင်ဂျာတို့မှာ မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တရားမဝင် လာရောက်နေထိုင်သူများသာ ဖြစ်ပြီး မြန်မာတိုင်းရင်သား လူမျိုးစု တွင်လည်း မပါဝင်ခြင်းကြောင့် သူတို့အား နိုင်ငံသားအခွင့်အရေးပေးရန် မဖြစ်နိုင်ပါ။ ဤသည်ကို နိုင်ငံတကာမီဒီယာများကမသိ။ ယင်းတို့က လူ့အခွင့် အရေးရှုထောင့်မှ ရေးသားဖော်ပြနေမှုများကြောင့် မြန်မာအစိုးရ၏ ကိုယ်တွယ်မှုများမှာ လူသားချင်းစာနာထောင့်ထားမှု လုံးဝမရှိသလို ဖြစ်နေသည်။ သြဇာကြီးသတင်းစာဖြစ်သော Bangkok Post ဆိုလျှင် သမ္မတဦးသိန်းစိန်အပေါ် ပုဂ္ဂိုလ်ရေး ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခေါင်းကြီးတင်၍ ရေးသား ဖော်ပြခဲ့သည်။ ရိုဟင်ဂျာမှာ ထိုင်းအပါအဝင် အရှေ့ဘက်သို့ ရောက်ရှိလာခြင်းမှာ မြန်မာနိုင်ငံ၏ ကိုင်တွယ်မှုညံ့ဖျင်းခြင်းကြောင့်ဖြစ်ပြီး ပြဿနာအားလုံး ၏ ဇတ်မြစ်မှာ မြန်မာနိုင်ငံမှဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ဤအရေးပေါ်ကိုင်တွယ်မှု ပိုမိုစနစ်ကျရန် လိုသည်ဆိုသည်မှာတော့ ဟုတ်ပါ သည်။ သို့သော် နိုင်ငံတကာမီဒီယာများမှ ရေးသားသလို လူသားချင်းစာနာထောင့်ထားမှု စိုးစဉ်းမျှမရှိဆိုသည်ကိုတော့ ငြင်းဆိုရပါလိမ့်မည်။ ဤသည်မှာ အချိန်ယူ ဖြေရှင်းရမည့် အရေးသာ ဖြစ်သည်။ ဦးသိန်းစိန်အနေဖြင့် ဇူလိုင် ၃၀ တွင် စင်ကာပူအခြေစိုက် Channel New Asia မီဒီယာနှင့် အင်တာဗျူး လုပ်သည့်အခါ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်ပြောဆိုနေမှုများကို အကောင်းဆုံးဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါသည်။ သို့မှသာ ယင်းအရေး ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ကျဆင်းနေသော မြန်မာနိုင်ငံ၏ ဂုဏ်ကျက်သရေကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း။

                *****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive