Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၇.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Standard Chartered နှင့် အီရန်(လူဆိုးများအား ဘဏ်ဝန်ဆောင်မှု ပေးခြင်း)

(6 July 2012 ရက်စွဲပါ The Diplomat မှ“Banking For The Bad Guys”ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

Standard Chartered နှင့် အီရန်(လူဆိုးများအား ဘဏ်ဝန်ဆောင်မှု ပေးခြင်း)

(6 July 2012 ရက်စွဲပါ The Diplomat မှ“Banking For The Bad Guys”ကိုဘာသာပြန်ဆိုသည်)

နယူးယောက်၏ ငွေကြေးဝန်ဆောင်မှု ဌာနမှ ထုတ်ပြန်သော မမျှော်လင့်သော ကြေညာချက်တွင် ဗြိတိသျှ ဘဏ်တစ်ခုဖြစ်သော Standard Chattered ဘဏ်ကို ပြဿနာများရှိသော ငွေကြေးအဖွဲ့အစည်း စာရင်းသွင်းပြီး မရိုးသားသော အဖွဲ့ အဖြစ်ခေါ်ဆိုခဲ့ပါသည်။

၎င်းကစွပ်စွဲရာတွင် Standard Chattered ဘဏ်သည် အီရန်ဖောက်သည်များ အတွက်ဒေါ်လာ ဘီလီယံ(၂၅၀)တန်ဖိုးရှိ လျို့ဝှက် ငွေစာရင်း ပြောင်းလွှဲမှု အကြိမ် (၆၀၀၀၀)ပြုလုပ်ပေးခဲ့ပြီး ဝန်ဆောင်မှု ဒေါ်လာန်းရာချီ၍ ရယူခဲ့သည်ဟု ဆိုသည်။ အောက်ခြေမှတ်စုတွင်လည်း အလားတူ လုပ်ဆောင် မှုမျိုးကို လစ်ဗျား၊မြန်မာနှင့် ဆူဒန်အပါအဝင် အမေရိကန်၏ အရေးယူမှုကိုခံထားရသော တိုင်းပြည်များသို့လည်း လုပ်ဆောင်ပေးခဲ့သည်ဟု ဖော်ပြထား ပါသည်။

စာမျက်နှာ ၂၇မျက်နှာပါ အဆိုပါအစီရင်ခံစာကို သြဂုတ်လ၁၅ရက်နေ့ ကြားနာမှုတွင်ဖော်ထုတ် ရန်စီစဉ်ထားပြီး ၂၀၀၆ကတည်းက အမေရိကန် အတွက် Standard Chartered ၏အမှုဆောင်အရာရှိချုပ်၏ ရုတ်တရတ်တုန်လှုပ်၍ ပေးပို့လာသော အီးမေးလ်  ကိုလည်း ကိုးကားဖော်ပြ ထားသည်။ လုပ်ဆောင်ချက်များ သည် အုပ်စုအတွက် ဂုဏ်သိက္ခာထိခိုက်စေနိုင်သော အလားအလာရှိသည့် အပြင် အလေးအနက်ပြုရမည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်နိုင်ကောင်း၎င်းက ရေးသားထားသည်။ အမည်မတပ်ထားသော အုပ်စု၏ အမှုဆောင်ဒါရိုက်တာများက ပြန်ကြားရာတွင် “မင်းတို့ ဘယ်လို အမေရိကန်တွေလဲ။ ငါတို့အီရန်တွေနဲ့ အလုပ်မလုပ်ဘူးဆိုတာ ကမ္ဘာကို ပြောချင်ပါတယ်။”ဟုဆဲဆို၍ ပြောခဲ့ကြောင်း ရုံးခွဲအရာရှိ တစ်ဦး၏ ဖော်ပြ ချက်အရ သိရသည်။

ကြေညာချက်တွင် ပါဝင်သောစွပ်စွဲချက်များကို Standard Chatered ၏အမှန်ကို ဖုံးကွယ်လိမ်ညာမှုတွင် အကူအညီပေးသူမှာ Deloitte & Touche အကြံပေးအဖွဲ့ဖြစ်ပြီး တာဝန်ရှိသူများမှ တင်သွင်းသော အစီအရင်ခံစာတွင် အရေးကြီးသော သတင်းအချက်လက်များကို ရည်ရွယ်ချက် ဖြင့် ပယ် ဖျက်ခြင်းခံရမည့် အန္တရာယ်ရှိပြီး အမေရိကန်မှ ကန်ထုတ်သည့်သဘောပင်ဖြစ်သည်။ ၎င်းအနေဖြင့် စွပ်စွဲထားမှုများကို ဖြေကြားရန်လိုအပ်သည့် အပြင် ၎င်း၏ကမ္ဘာပေါ်တွင် ငွေလွှဲမှုများကို အမေရိကန် ရှိတာဝန်ရှိသူများ ရွေးချယ်ပေးသည့် သီးခြားရပ်တည်နေသော ပုဂ္ဂိုလ်များ၏ လွတ်လပ်သော စောင့်ကြည့် မှုများ ပြုလုပ်သည့်အစီအစဉ် ကိုတင်ပြရန်လိုအပ်သည်။သို့သော် ထိုအစီအစဉ်ကို Standard Chattered ၏ကမ္ဘာပေါ် တွင်ည လုပ်ငန်းလုပ်ဆောင်နေမှု ၌ အဓိကဖောက်သည် များဖြစ်သော တိုးတက်လာသည့် ဈေးကွက်ရှိသည့် နိုင်ငံအများစုဖြစ်သော တိုးတက်လာသည့် ဈေးကွက်ရှိသည့် နိုင်ငံများက ကြိုဆို ကြလိမ့်မည် မဟုတ်ပေ။

အဆိုပါကြေညာချက်တွင် ဆီးနိတ်အစီရင်ခံစာပါ HSCB ၏ငွေကြေးခဝါချမှုကိုလည်း သတင်းအချက် အလက် အဖြစ်ထည့်သွင်းထားသည်။ အတိအကျ ဆိုသော်အဓိက ခွဲခြားနိုင်သည့် သတင်းအချက်အလက်များကို အီလက်ထရောနစ် ငွေကြေးလွှဲပြောင်းမှုများ တွက်သီးခြားခွဲထုတ်ထားခဲ့ခြင်း ဖြစ်သည်။ထိုသို့ဖျောက်ဖျက်ခြင်း များ ကိုအီရန်အပေါ် နိုင်ငံတကာအရေးယူမှုများက အမေရိကန်နှင့်ဆက်ဆံရေးကန့်သတ်မှုများပါဝင်သော ၂၀၀၁ မှ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ခဲ့သည်။

အမှန်ကိုဖုံးကွယ်သော ငွေလွှဲပြောင်းမှုများမှာ စောင့်ကြည့်မှု မရှိခဲ့ဟုဆိုသည်။ထိုသို့ ဖြစ်လာရခြင်းမှာ ၎င်း၏ အကြီးတန်းစီမံခန့်ခွဲသူများက စည်းကမ်းထိန်းသိမ်းသူများအား အယုံသွင်းရန် သက်သေအထောက်အထားရှိရေး လိုလားချက်ကြောင့်ဖြစ်ပြီး၊ ဤနည်းအားဖြင့် အမေ၇ိကန်ဥပဒေ ကိုချိုး ဖောက်သည့် အသွင်ရှိပါသည်။ထိုမဟာဗျူဟာမှာ သမ္မတကလင်တန် က အီရန်အပေါ် အရေးယူပိတ် ဆို့မှုများချမှတ်သော ၁၉၉၅အစောပိုင်း ကတည်းက ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ ဘဏ်၏အမေရိကန်တွင် လုပ်ဆောင်မှုများပါဝင်ခြင်းမရှိစေဘဲ အမေရိကန်၏ ဥပဒေများအားကျော်လွှားနိုင်ရန် ဖြစ် သည်။ထိုကိစ္စကို စတင်သတိပြုမိလာသော အချိန်မှာ  အီရန်နိုင်ငံပိုင် ရေနံကုမ္ပဏီ ဖြစ်သော CBI/Markazi နှင့်ဆက်ဆံရေးတွင် ကုမ္ပဏီသည် ငွေပေးချေမှု ၌ဒေါ်လာဖြင့် တစ်ရက်လျှင်ဒေါ်လာသန်း(၅၀၀) လွှဲပြောင်းမှုကို ပေးအပ်လာသောကြောင့်ဖြစ်သည်တနာများမှာ အီရန်နိုင်ငံပိုင် ဘဏ်နှင့် နိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေး ဘဏ်နှစ်ခုတို့ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် အခြားအီရန် ဖောက်သည်များနှင့် ပါဆက်ဆံရန် ဖြစ်လာပါသည်။ ထိုသို့ဆက်ဆံရာတွင် အခြားအီရန်အရေးကြီးသော စီးပွားရေးပါသော အမေရိကန်ကုမ္ပဏီများသည် အီရန်နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို ပိတ်ပင်ထားပါသည်။သို့သော် အမေရိကန် ငွေကြေးစနစ်အတွင်းဝင် ရောက်လာပြီး  ချက်ချင်းထွက်ခွာသွားသော ဒေါ်လာလွှဲပြောင်းမှုကဲ့သို့ သောU-turn ငွေလွှဲပြောင်းမှု ပေါင်းများစွာချွင်းချက်အဖြစ်ရှိနေပါသည်။ ၎င်းတို့ အနေ ဖြင့် လူသိရှင်ကြားဖော်ထုတ်ရမည်ဖြစ်သည်။ ၂၀၀၆ခုနှစ်က အမေရိကန်ဘဏ် စည်းကမ်းထိန်းသိမ်းသူများက Standard Chartered အားထိုကိစ္စ သတင်း အချက်အလက် များကိုမေးမြန်းရာ ၎င်းတို့အပေါ် ဦးတည်မလာနိုင်ရန် ကန့်သတ်ထားသော ကိန်းဂဏန်း အချက်အလက်အချို့ကိုသာပေးပို့ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အာဏာပိုင်များကို အတိုင်းအတာများ သတင်းပေးပို့မှုများ ရှိခဲ့သည်။ ထိုအချိန်တွင် သတင်းများမှာ ပြည့်စုံမှုမရှိဘဲ အများစုကို အိန္ဒိယတွင်ပြုစုခဲ့ ခြင်းဖြစ်သည်။

Standard Chartered သည်စုံစမ်းစစ်ဆေးမှုများကို သိရှိသော်လည်း ဖွင့်ချရန် နှင့်စွပ်စွဲမှု အတိုင်းအတာကိုပြောရန် အချိန်မဟုတ်ဟု ယူဆနေ သည်။ ကြေညာချက်ထုတ်ပြန်ရန် ပြင်ဆင်နေဆဲကာလဖြစ်သည်။

Deloitte & Touche ၏ကြေညာချက်တွင် ၎င်းတို့သည်လွတ်လပ်သော အကြံပေး တာဝန်ကိုသာ ထမ်းဆောင်ပြီး၊ ဘဏ်လုပ်ငန်းရှင်များ လက်မခံ နိုင်သော အပြုအမူများလုပ်ဆောင်ရန် အကြံပေးခြင်းမရှိကြောင်းနှင့် စွပ်စွဲမှုများများမှာ အချက်အလက်မခိုင်လုံကြောင်း ပြောခဲ့သည်။

******************************************************************************************

Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၈.၂ဝ၁၂

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တိုးတက်လာသော ခေတ်သစ်အတွက် အကျင့်ဟောင်းများ စွန့်လွှတ်ရမည့် မြန်မာနိုင်ငံ

(The Nation သတင်းမှ 7 August 2012 ရက်စွဲပါ “Myanmar:Old Habits Die Hard For The Powerful” ခေါင်းကြီးပိုင်းကို ဘာသာပြန် ဆိုသည်)

  1. ရိုဟင်ဂျာကိစ္စပိုမိုသိရှိရန် တူရကီနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

(Hyvriyet Daily News မှ 7 Aug 2012 ရက်စွဲပါ“ Turkish FM to visit Myanmar to raise awareness” သတင်းကိုဘာသာပြန်ဆိုမည်)

  1. ရခိုင်နှင့်ရိုဟင်ဂျာအုပ်စုများသင့်မြတ်ရေးမြန်မာအစိုးရကြိုးပမ်းလျက်ရှိဟုအင်ဒိုနီးရှားသမ္မတချီးမွမ်း

(The Jakarta Post မှ 5 August 2012 ရက်စွဲပါ Myanmar trying to reconcile groups:SBY ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

တိုးတက်လာသော ခေတ်သစ်အတွက် အကျင့်ဟောင်းများ စွန့်လွှတ်ရမည့် မြန်မာနိုင်ငံ

(The Nation သတင်းမှ7 August 2012 ရက်စွဲပါ “Myanmar:Old Habits Die Hard For The Powerful” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဆင်ဆာရှိတော့မည်မဟုတ်ဟူသော နေပြည်တော်အာဏာပိုင်များ၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကြောင့် စိတ်ဓာတ် တက်ကြွမှုများ ပတ်လည်ဝိုင်နေသော်လည်း မြန်မာနိုင်ငံတွင် ဆင်ဆာပိတ်ပင်မှု ကောင်းစွာရှင်သန်နေသည်။

မြန်မာနိုင်ငံအတွင်းမှ တကယ့်ဖြစ်ရပ်မှန်များက ကွဲပြားခြားနားသော ဇာတ်လမ်းကို ဖော်ကျူးပြနေသည်။ လတ်တလောThe Voice Weekly နှင့် Envoyဂျာနယ်နှစ်စောင်ကို ပိတ်ပင်လိုက်သည် စာပေစိစစ်ရေးဘုတ်အဖွဲ့၏ နောက်ပြန်ခြေလှမ်းကို ပြည်တွင်းသတင်းထောက်များက ပြင်ဆင်ရှုတ်ချခဲ့ကြ သည်။

လွတ်လပ်စွာပြောဆိုခွင့်ကိစ္စသည် မြန်မာအသိုင်းအဝိုင်းတွင် အငြင်းပွားစရာ ပြဿနာတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။ လွတ်လပ်စွာပြောဆိုခွင့် ချုပ်ချယ်မှုနှင့် မီဒီယာဆင်ဆာတင်းကြပ်မှု သမိုင်းကြောင်းရှိခဲ့သော နေပြည်တော်အာဏာပိုင်များသည် လွတ်လပ်သော လူ့အဖွဲ့အစည်းမှ မီဒီယာလွတ်လပ် ခွင့်ပုံစံကို သိသာထင်ရှားစွာ လက်ခံအသုံးပြုခြင်း မရှိပေ။

အကယ်၍မြန်မာနိုင်ငံသည် ဒီမိုကရေစီအမည်ခံပြီး ဆင်ဆာတင်းကြပ်မှုကိုမလျှော့ပါက ကမ္ဘာ့အလယ်တွင် ရယ်ရွှင်ဖွယ်ဟာသတစ်ခု ဖြစ်လာ တော့မည်။ အစိုးရအဖွဲ့ရာထူးအပြောင်းအလဲ သတင်းဖော်ပြခြင်းကို မြန်မာအာဏာပိုင်များ မနှစ်သက်ခြင်းအပေါ် နားလည်နိုင်သူ တစ်ဦးတစ်လေ ရှိပါ လိမ့်မည်။ မြန်မာနိုင်ငံရေးတွင် ဝန်ကြီးနာမည် အသစ်များကြေညာခြင်းသည် အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း ကိုရည်ညွှန်းသည်။

အကယ်၍ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေး နှင့်ဒီမိုကရေစီ  ကူးပြောင်းခြင်းလမ်းကြောင်း အတိုင်းရှေ့ဆက်သွားလိုသည့် ဆန္ဒရှိပါက နိုင်ငံရေးလှုပ်ရှားမှုများကို အသားကျနေဖို့လိုအပ်သည်။သို့မဟုတ်ပါက အံ့ဖွယ်ဖြစ်ရပ်ဟု တင်စားရသော ပြုပြင်ပြောင်းလဲမှု ရလာဒ်များ အားလုံးရေစုန်မျော နောက်ပြန်လျှောကျသွားနိုင်စရာ ရှိသည်။

အကယ်၍ သတင်းမီဒီယာများကို ဆက်လက်ပိတ်ပင်ထားမည်ဆိုပါက နိုင်ငံတကာအသိုင်းအဝိုင်းအား သူတို့မြင်နေရသော အရာများသည် တကယ် အစစ်မဟုတ်ဟု ဆိုသောအချက်ကို မှားယွင်းပြသမိရာ ရောက်မည့်အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်နှင့် အစီအစဉ်များအပေါ်တွင်လည်း ဆန့်ကျင်ဘက်ဆိုးကျိုးများ သက်ရောက်လာနိုင်သည်။

လတ်တလောတွင် အပြုသဘောဆောင်သော အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံထဲသို့ အနောက်အုပ်စုနှင့် အခြားအာရှနိုင်ငံများ အပြေးအ လွှား ဝင်ရောက်လာနေကြသည်။ လွန်ခဲ့သော တစ်နှစ်ကျော် ကတစ်ကမ္ဘာလုံးဝိုင်းဝန်း အပြစ်တင် ရှုတ်ချခံရသော မြန်မာနိုင်ငံကို မေ့ထားလိုက်ကြပြီ။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် မီဒီယာကို ချုပ်ချယ်ချင်သော အယူအဆကို ပြန်စဉ်းစားဖို့ လိုသည်။အလုံးစုံ ပြုပြင်ပြောင်းလဲမှု များဆက်လက် ပြုလုပ် လျက်ရှိသော မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်၌ ပြဋ္ဌာန်းဖွယ်ရှိသော မီဒီယာဥပဒေသစ်သည် နိုင်ငံ၏ အရေးပါသော ကိရိယာ တစ်ခုဖြစ်လာလိမ့်မည်။

မြန်မာနိုင်ငံ၏ မီဒီယာဥပဒေသည် နိုင်ငံတံခါးဖွင့်ပြောင်းလဲမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်တို့ကို အားပေးမှုတို့နှင့်ကိုက်ညီ၍ ခေတ်မီမှုရှိစေရန် အတွက် မြန်မာသတင်းမီဒီယာ လောကသားများ ကိုနိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများက အကူအညီပေးလျက်ရှိသည်။

နေပြည်တော်သည် ယင်း၏ ပွင့်လင်းမှု အခန်းသစ်အပေါ် အပြစ်တင်ဝေဖန်သူများကို အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။လတ်တလောဂျာနယ်နှစ်စောင် ပိတ်ပင်မှုကိစ္စသာမရှိပါက မြန်မာ့မီဒီယာလွတ်လပ်ခွင့်သည် အာဆီယံ အတိုင်းအတာအားဖြင့် ယခင်ကထက်ပိုမို အဆင့်မြင့်လာခဲ့သည်။

နေပြည်တော်အနေဖြင့် မီဒီယာတို့၏ အလုပ်ဖြစ်ပုံနှင့် ၎င်းတို့၏ ကဏ္ဍကို အသိအမှတ်ပြု၍ စတင်အားပေးရမည်ဆိုသည်ကို အသိအမှတ်ပြု၍ စတင် အားပေးရမည်ဆိုသည်ကို သိရှိသဘောပေါက်ရန် လိုအပ်သည်။နိုင်ငံတိုးတက်လာသည်နှင့်အမျှ တစ်နေ့ချင်းဖြစ်ရပ်များကို အချိန်နှင့်တပြေးညီ သတင်း ပေးမှုများ မရှိမဖြစ်လိုအပ်လာသည်။မှားယွင်းသော သတင်းဖော်ပြမှုများ ရှိကောင်းရှိလာနိုင်သော်လည်း ယင်းကိစ္စသည် မီဒီယာများကို ပိတ်ပင်ဟန့်တားရ မည့် အကြောင်းအရာတစ်ခုမဟုတ်ပါ။

ပြည်တွင်းမှ မီဒီယာသမားများအနေဖြင့်လည်း ယခင်ဝါဒဖြန့် အာဏာရှင်စနစ်ဟောင်းနှင့်မတူတော့သော နိုင်ငံရေးနယ်ပယ်သစ်တွင် အကဲဆတ် သော ကိစ္စများကို ဂရုတစိုက်ကိုင်တွယ်နိုင်ရေးအတွက် ဆက်လက်လေ့ကျင့်သင်ယူမှုများ ပြုလုပ်ရပါလိမ့်မည်။ အဆင့်မြင့်တိုးတက်လာသော မီဒီယာသည် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှ မြန်မာနိုင်ငံကို ကူညီနိုင်ပါလိမ့်မည်။

သတင်းများကို ပွင့်လင်းမျှတစွာဖော်ပြရန် ဝေဖန်သုံးသပ်ချက်များ ဖော်ပြနေသောသတင်းစာစောင်များအပေါ် ပိတ်ပင်ရန်အကြောင်းလုံးဝမရှိသင့်ပါ ဟု အကြံပြုတင်ပြလိုက်ပါသည်။

-------------------------------------------------------------------------------------------------------------------

ရိုဟင်ဂျာကိစ္စပိုမိုသိရှိရန် တူရကီနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

(Hyvriyet Daily News မှ 7 Aug 2012 ရက်စွဲပါ “Turkish FM To Visit Myanmar To Raise Awareness” သတင်းကိုဘာသာပြန်ဆိုမည်)

                မြန်မာနိုင်ငံအနောက်ပိုင်းမှ ရိုဟင်ဂျာမွတ်ဆလင်များ မကြာသေးမီက သေဆုံးခဲ့သောကိစ္စကို ပိုမိုသိရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတိုဂလူနှင့်အဖွဲ့ သြဂုတ်လ၈ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

                နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဝန်ကြီးချုပ်၏ဇနီး အမ်မီနီနှင့်သမီးဆူမီယီ၊ နိုင်ငံခြားရေးဝန်ကြီး၏ဇနီးဆာရာတို့ လိုက်ပါသွားကြမည်ဟု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဒါဗူတိုဂလူသည် သြဂုတ်လ ၉ရက်တွင် မြန်မာအစိုးရ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တူရကီကဆောင်ရွက်နေသော လူသား ချင်းစာနာရေးအကူအညီပေးမှုများနှင့် ရိုဟင်ဂျာမွတ်ဆလင်များ၏ အခြေအနေ ကိစ္စနှစ်ရပ်စလုံးကို ဆွေးနွေးလိမ့်မည်။

တူရကီအာဏာပိုင်များက ရိုဟင်ဂျာမွတ်ဆလင်များထံ လူသားခြင်းစာနာသော အကူအညီများ ပေးပို့ရန် ဆောင်ရွက်နေကြသော်လည်း နိုင်ငံခြား  ရေးဝန်ကြီး၏ လေယာဉ်ပေါ်တွင် ကယ်ဆယ်ရေးအထောက်အပံ့များ ယူဆောင်သွားနိုင်မလား ဆိုသည်ကို ယခုတိုင်သဲကွဲစွာ မသိရသေးပါဟု တူရကီ  တာဝန်ရှိသူတစ်ဦးက Hurriyet Daily News သို့ပြောကြားသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံသည် လူသားခြင်းစာနာထောက်ထားသော ကူညီမှုများကို ကုလသမဂ္ဂမှတဆင့်သာလျှင် ခွင့်ပြုထားသည်။ အမေရိကန်ပြည်ထောင်စု အပါအဝင် အချို့နိုင်ငံများက ယင်းဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများပေးပို့ထားကြသော်လည်း ကယ်ဆယ်ရေးပစ္စည်းအများစုမှာ မြန်မာနိုင်ငံ အပြင်ဖက်တွင် ရောက်ရှိကာ အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြရသည်။

မြန်မာနိုင်ငံတွင် ပထမကမ္ဘာစစ် ကာလအတွင်းက ဗြိတိသျှတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသော တူရကီစစ်သား ၁၅၀၀ကို မြှပ်နှံထားသည့်နေရာ၌ တူရကီ အထိမ်းအမှတ်စစ်သင်္ချိုင်းတစ်ခုရှိသည်။ ယင်းစစ်သင်္ချိုင်းသည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခြင်းကြောင့် တူရကီနိုင်ငံက လာရောက်ပြုပြင်  လျက်ရှိသည်။

ထိုအတောအတွင်း ထပ်မံဖြစ်ပွားသော ရခိုင်နှင့် မွတ်ဆလင်တို့အကြား အဓိကရုဏ်းကြောင့် ၃ ဦးသေဆုံး၍ ၅ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု အစိုးရ တာဝန်ရှိသူများက မနေ့ကပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------------

ရခိုင်နှင့်ရိုဟင်ဂျာအုပ်စုများသင့်မြတ်ရေးမြန်မာအစိုးရကြိုးပမ်းလျက်ရှိဟုအင်ဒိုနီးရှားသမ္မတချီးမွမ်း

(The Jakarta Post မှ 5 August 2012 ရက်စွဲပါ Myanmar trying to reconcile groups:SBY ကိုဘာသာပြန်ဆိုသည်။)

ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများအကြား နှစ်ကာလကြာ ရှည်စွာဖြစ်ပွားခဲ့သည့် တင်းမာမှုများအား မြန်မာအစိုးရက အကောင်းဆုံး ကြိုးပမ်း မှုဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ပါကြောင်း အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနိုက ထုတ်ဖော်ချီးမွမ်းပြီး မြန်မာနိုင်ငံအပေါ်အင်ဒိုနီးရှား နိုင်ငံ၏ ထောက်ခံမှုကို ဖော်ပြလိုက်သည်။

ရခိုင်နှင့်ရိုဟင်ဂျာ ရခိုင်နှင့်ရိုဟင်ဂျာတိုင်းရင်းသားအုပ်စုနှစ်ခုအကြား ပဋိပက္ခမှာလတ်တလောရက် သတ္တပတ်များအတွင်း သွေးထွက်သံယိုမှုအထိ ဖြစ်ပွားခဲ့သည်။

                 "မြန်မာအစိုးရဟာ တိုင်းရင်းသားလူမျိုးများအကြား ပဋိပက္ခတွေပြေငြိမ်းပြီး အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ဆောင်ချက်တွေပါဝင်တဲ့ ဒီမိုက ရေစီဖော်ဆောင်ရေး လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ပြီးခဲ့တဲ့ မေလနဲ့ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူစုဖွဲ့ အကြမ်းဖက်မှု တွေကို စုံစမ်းစစ် ဆေးမယ့် ကော်မတီတစ်ရပ်ကိုလည်း မြန်မာအစိုးရက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်" ဟု အင်ဒိုနီးရှားသမ္မတ ကအနောက် ဂျာဗားပြည်နယ် ဆီကီးယားမြို့ရှိ ၎င်းနေ အိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

မြန်မာနိုင်ငံတွင်ကြောက်မက်ဖွယ်ကောင်းသောလူစုဖွဲ့ဆူပူအုံကြွမှုများကြောင့် ထောင်ပေါင်းများစွာ သော ရိုဟင်ဂျာ မွတ်စလင်များ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်ရှောင်နေရခြင်းကို အစိုးရက အရေးတယူုံ့ပြန်မှုမရှိဟူ၍ ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်နေချိန်တွင် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက မြန်မာအစိုးရကို ချီးမွမ်းပြောဆိုခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဆန္ဒပြသူများကသမ္မတယူဒိုယိုနိုအစိုးရအနေဖြင့် အဆိုပါ ရိုဟင်ဂျာဒုက္ခသည်များနှင့် ခိုလုံခွင့်ရရှိရန် ကြိုးပမ်းနေသူရာပေါင်းများစွာကို အကူအညီပေးရန် တိုက်တွန်း လျက်ရှိသည်။ ဝေဖန်ရေးသမားများကမူ အင်ဒိုနီးရှားအစိုးရအနေဖြင့် မြန်မာ  အစိုးရကို တရားဝင်ဆန့်ကျင် ကန့်ကွက်ကြောင်းကြေညာချက် ထုတ်ပြန်ပေးရန်တောင်းဆိုကြသည်။ ရခိုင်ပြည်နယ်၌လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို သတ် ဖြတ်ခြင်း၊မုဒိမ်းကျင့်ခြင်း၊မတရားဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုတောင်းဆို ကြခြင်းလည်းဖြစ်သည်။မည်သို့ပင်ဆိုစေ သမ္မတယူဒိုယိုနိုက မြန်မာအစိုးရအနေဖြင့် ယခုကဲ့သို့သောဝေဖန်ပြောဆိုမှုများကို ကောင်းစွာနားလည်သိရှိထားပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါတို့ထံမှ သတင်း ပေးပို့ချက်များကို နားထောင်ပြီးနောက် မိမိအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေအား ပြီးပြည့်စုံရှိစွာ၊ မှန်ကန်မှုရှိစွာဖြင့် ရှင်းလင်းပြောဆိုရန် ကြိုးပမ်းခဲ့ ပါကြောင်း သမ္မတယူဒိုယိုနိုကပြောသည်။

"မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားကိစ္စကိုဖြစ်နိုင်ပါက အမြန်ဆုံးအခြေတကျဖြစ်အောင် လုပ်ဆောင်ပေးစေလိုတဲ့ အင်ဒိုနီးရှားအစိုးရရဲ့ မျှော်လင့် ချက်ကို ထည့်သွင်းဖော်ပြထား တဲ့စာတစ်စောင်ကို မြန်မာသမ္မတ ဦးသိန်းစိန်ထံ ပေးပို့ ဖို့ပြင် ဆင်ထားပြီးဖြစ်ပါတယ်" ဟု ယူဒိုယိုနိုကပြောသည်။

ရခိုင်-ရိုဟင်ဂျာအရေးကိစ္စမှာလူ့အဖွဲ့အစည်းတွင်းပဋိပက္ခဖြစ်ပြီးဘာသာရေးပဋိပက္ခမဟုတ်ကြောင်း၊ အကြောင်းတိုက်ဆိုင်ချင်တော့ ရိုဟင်ဂျာများ မှာ မွတ်စလင်များဖြစ်နေပြီး ရခိုင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ် နေကြောင်း၎င်းကဆိုသည်။

"ရိုဟင်ဂျာတွေဟာ မူလအစက ဘင်္ဂလာဒေ့ရှ်နိုင်ငံကလာတာပါ။ ဒါပေမဲ့မြန်မာနိုင်ငံမှာ နေထိုင်တာ မျိုးဆက်လေးဆက် လောက်ရှိသွားပါပြီ။ မြန်မာနိုင်ငံရဲ့မူဝါဒကလည်း ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုဘူး" ဟု အင်ဒိုနီးရှား သမ္မတက ဆက်လက်ပြောဆို သည်။ ၎င်း၏အဆိုအရ ရိုဟင်ဂျာနှင့် ရခိုင် ပဋိပက္ခ တွင် လူပေါင်း ၇၇ဦးသေဆုံးပြီး ၁၀၉ ဦးခန့်ဒဏ်ရာရရှိကြောင်း၊ အိမ်ခြေပေါင်း ၅၀၀၀ခန့်၊ ဗလီ၁၇လုံး၊ ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်း ၁၅ကျောင်း ပျက်ဆီးခဲ့ကြောင်းသိရသည်။

"ဒုက္ခသည်စင်တာတွေမှာ ရိုဟင်ဂျာဒုက္ခသည်ဦးရေက ၂၈၀၀၀ ကနေ ၅၃၀၀၀အထိ တိုးမြင့်လာတယ်။ ရခိုင်ဒုက္ခသည်ကတော့ ၂၄၀၀၀ လောက်ရှိ တယ်" ဟုယူဒိုယိုနိုကပြောကြားသည်။ ရိုဟင်ဂျာနှင့် ရခိုင်ဒုက္ခသည်များ တွင်တူညီသည့်အချက်မှာ မနာလိုသဝန်တိုစိတ် ကြီးမားခြင်းပင်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဝေဖန်ရေးသမားများကမူ မြန်မာအစိုးရသည် ရခိုင်တိုင်းရင်းသားဒုက္ခသည်များကို ဦးစားပေးကူညီလျက်ရှိကြောင်း၊ သို့သော် တစ်ဖက်တွင် ရခိုင် တိုင်းရင်းသားများက ရိုဟင်ဂျာများသည် ကုလသမဂ္ဂ၏အလေးပေးဆက်ဆံမှုကို ပိုမိုရရှိလျက်ရှိသည်ဟု ဆိုကြောင်း ယူဒိုယိုနိုက ပြောကြားသည်။

************************************************************

Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive