Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၈.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အင်ဒိုနီးရှားလွှတ်တော်က မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန်ရှိ

(7 August 2012 ရက်စွဲပါ Jakarta Post မှ “House to Send Delegation to Myanmar” ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်ကို ဗီယက်နမ်တို့မျှော်လင့်

(Thanh Nien News မှ 5 Aug 2012 ရက်စွဲပါ “ Vietnamese firms see new opportunities in Myanmar” သတင်းကိုဘာသာပြန်သည်)

  1. အမေရိကန်က အကူအညီများ မပိတ်ပင်ရန်ဘင်္ဂလားဒေရှ့်အားတောင်းဆို

(7 August 2012 ရက်စွဲပါ Orlando Sentinel မှ Reuters ၏ “U.S asks Bangladesh not to Shut Down Humanitarian Groups” ကို ဘာသာ  ပြန်ဆိုသည်)

  1. ဈေးကွက်ပုံစံပြုပြင်ပြောင်းလဲရန် မြောက်ကိုရီးယား စဉ်းစား

(Irish Times မှ 7 August 2012 ရက်စွဲပါ “North Korea Look to Market-Style Reforms”  သတင်းဆောင်းပါးကိုဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

အင်ဒိုနီးရှားလွှတ်တော်က မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန်ရှိ

(7 August 2012 ရက်စွဲပါ Jakarta Post မှ “House to Send Delegation to Myanmar” ကိုဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံ House of Representative ဥက္ကဋ္ဌ Marzuki Alie က Houseသည် မြန်မာနိုင်ငံမှ  ရိုဟင်ဂျာများ ထိခိုက်ပျက်စီးအောင် လုပ် ဆောင်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ကြည့်ရှုရန် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်နိုင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်ဟာ House က နိုင်ငံခြားရေးရာ ကော်မရှင်နဲ့ ဒီကိစ္စစကားပြောဖို့ ရှိပါ တယ်” ဟု Marzuki  က ပြောကြားခဲ့မှုအား tribunnews.com က ကိုးကားဖော်ပြခဲ့သည်။

Marzuki ကပြောကြားရာတွင် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်ဆလင်လူဦးရေ အများဆုံးရှိသည့် နိုင်ငံဖြစ်သည်နှင့်အညီ ရိုဟင်ဂျာကိစ္စကို တိုက်ပွဲဝင်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“မွတ်ဆလင် အသိုင်းအဝိုင်း အနေနဲ့ သူတို့အတွက် တိုက်ပွဲဝင် ပေးရပါမယ်။ ဒါမှသာ ကမ္ဘာပေါ်က အဖွဲ့အစည်းတွေ ဝင်လာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

-----------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်ကို ဗီယက်နမ်တို့မျှော်လင့်

(Thanh Nien News မှ 5 Aug 2012 ရက်စွဲပါ “ Vietnamese Firms See New Opportunities In Myanmar” သတင်းကိုဘာသာပြန်သည်)

နှစ်ပေါင်းများစွာပိတ်ပင်ထားသော စီးပွားရေးကို တံခါးစဖွင့်ရန်ကြိုးစားနေသော မြန်မာနိုင်ငံသည် ကို့ယို့ကားယား နှေးကွေးလေးလံသော  ကုန် သွယ်မှု စည်းမျဉ်းများ ရှိနေသော်လည်း ဗီယက်နမ်ကုမ္ပဏီများအတွက် အဓိကအခွင့်အလမ်းများကို လှစ်ပြနေသည်ဟု ကျွမ်းကျင်သူများက ပြောကြား သည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်ထွက်ကုန်များ ဖြန့်ဖြူးနေသော CT Group ဥက္ကဋ္ဌ ထရန်ကင်ချွန်က “ဈေးကွက်အတွင်း ဈေးပေါသော တရုတ်ပစ္စည်းများ လွှမ်းမိုးထားသော်လည်း စားသုံးသူများက အရည်အသွေးမြင့် ပစ္စည်းများကို ပိုမိုတောင့်တ လာကြသည်” ဟုပြောဆိုလိုက်သည်။

“ဗီယက်နမ် ပစ္စည်းတွေဟာ မြန်မာနိုင်ငံမှာ နာမည်ရနေပါပြီ။ ပြီးတော့ ရောင်းလို့အရမ်းကောင်း နေပါတယ်။ မြန်မာဈေးကွက်ကို ဗီယက်နမ် ကုန်သည်တွေဝင်ဖို့ အချိန်ကောင်းပါပဲ။ ဗီယက်နမ် ကုန်ထုတ်လုပ်သူ ၃၄ဦးရဲ့ ကုန်ပစ္စည်းများကို CT Group က ကူညီရောင်းချ ပေးနေပါတယ်”ဟု ၎င်းကဆို သည်။

“မြန်မာနိုင်ငံသည် ထုတ်လုပ်မှု နည်းပညာသစ်များ လိုအပ်နေသော်လည်း အလားအလာအလွန်ကောင်းသော ဈေးကွက်ဖြစ်သည်” ဟု An Giang Company ဥက္ကဋ္ဌ ဟုရင်ဗန်သွန်က မှတ်ချက်ပေးသည်။

ဟုရင်ဗန်သွန်က ၎င်း၏ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များ စေလွှတ်ထားပြီး၊ အပင်ကာကွယ်ရေးပစ္စည်းများ ထုတ်ရန် စက်ရုံတည်ဖို့ စီစဉ်နေသည်ဟု ပြောကြားသည်။

စီးပွားရေးပညာရှင် ဒမ်ထရမ်ဘက်က “မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ ကိုယ်တိုင်ကိုယ်ကျ သီးခြားလုပ်ကိုင်ခြင်းကို တားမြစ်သည့် စည်းမျဉ်း စည်းကမ်းသည် ဗီယက်နမ်ကုမ္ပဏီများ ရင်ဆိုင်နေရသော အတားအဆီး တစ်ခုဖြစ်ပြီး ထို့အတွက် သွင်းကုန် ထုတ်ကုန်လိုင်စင်ရှိသော ပြည်တွင်းကုမ္ပဏီ တစ်ခုနှင့် လက်တွဲရန်လိုအပ်နေသည်” ဟု ရှင်းလင်းပြောကြားသည်။

ထို့အပြင် “အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ရှုတ်ထွေးပြီး ဗီယက်နမ်မှ မြန်မာသို့သယ်ယူမှု စရိတ်မှာလည်း ထိုင်းနှင့် တရုတ်နိုင်ငံ တို့ထက်မြင့် သည်” ဟု ၎င်းကဆိုသည်။

“အခြေခံစနစ် မပြည့်စုံမှု ၊အဂတိလိုက်စားမှု၊ အရည်အသွေးနိမ့်လုပ်သားထု စသည်တို့ အပါအဝင် အကြောင်းများစွာက မြန်မာ့ဈေးကွက်ဖွံ့ဖြိုးမှုကို တားဆီးနေကြဆဲ ဖြစ်သည်” ဟု စီးပွားရေးပညာရှင် လီဒန်နွန်က ထောက်ပြသည်။

ဗီယက်နမ်ကုမ္ပဏီများ အနေဖြင့် မြန်မာ့ဈေးကွက်သို့မဝင်မီ သူတို့၏မဟာဗျူဟာကို စေ့စေ့စပ်စပ်  စဉ်းစားပြင်ဆင်သင့်သည်ဟု ၎င်းကအကြံပြု သည်။

သို့သော် “ဈေးကွက်မက်လုံးရှိခြင်း၊ လုပ်အားခဈေးပေါခြင်း၊ လုပ်သားအင်အားစုနုပျိုခြင်း၊ သံယံဇာတပေါများခြင်း စသော အားသာချက်များရှိနေ သည့် မြန်မာ့ဈေးကွက်သည် စီးပွားရေးခွင်သစ် ရှာဖွေနေသော ကမ္ဘာတစ်လွှားမှ ရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်နေဆဲဖြစ်သည်” ဟု ၎င်းကမှတ်ချက်ပေး သည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုကို မနှစ်က ဒေါ်လာ ၁၆၇သန်းမှ ၂၀၁၅တွင် ဒေါ်လာသန်း ၅၀၀သို့ မြှင့်တင်ရန် ဗီယက်နမ်က မျှော်မှန်းထားသည်။

-----------------------------------------------------------------------------------------------------------------------------

အမေရိကန်က အကူအညီများ မပိတ်ပင်ရန်ဘင်္ဂလားဒေရှ့်အားတောင်းဆို

(7 August 2012 ရက်စွဲပါ Orlando Sentinel မှ Reuters ၏ U.S asks Bangladesh not to Shut Down Humanitarian Groups ကို ဘာသာ  ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စုသည် အင်္ဂါနေ့က ဘင်္ဂလားဒေရှ့်အား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ပြင်းထန်သော ဖြစ်ရပ်များကြောင့် ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာသော လူနည်းစုအုပ်စုများအပေါ် NGO များက အကူအညီများဆက်လက်ထောက်ပံ့ခြင်းကို ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

“အမေရိကန် ပြည်ထောင်စုသည် ဘင်္ဂလားဒေရှ့်တွင်နေထိုင်နေသော ရိုဟင်ဂျာများကို အရေးကြီးသော လူသားချင်းစာနာသော အကူအညီများပေး နေသည့် NGO များအား ဘင်္ဂလားဒေရှ့်အစိုရက ရပ်ဆိုင်းရန် တောင်းဆိုသော ဖော်ပြချက်အပေါ် ကြီးစွာစိုးရိမ်ပူပန်မှု ဖြစ်ရသည်” ဟု အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell ကကြေညာချက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်ဆလင် ရှစ်သိန်းကျော်နေထိုင်လျက်ရှိသော်လည်း၊ မြန်မာအစိုးရက တိုင်းရင်းသားအုပ်စုဝင်ဖြစ်ကြောင်း အသိအမှတ် ပြုခြင်းမရှိပေ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အသက်သေဆုံးမှုရှိသော လူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားပြီးနောက်နှင့် နောက်ပိုင်းအစိုးရ၏ နှိမ်နင်းမှု ကြောင့် ရိုဟင်ဂျာ အများအပြားသည် ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာကြသည်။ ဘင်္ဂလားဒေရှ့်ကလည်း ၎င်းတို့အား လက်ခံခြင်းမရှိပေ။

ပြီးခဲ့သည့်အပတ်က ဘင်္ဂလားဒေရှ့်သည် NGOအဖွဲ့အစည်းသုံးခုအား ရိုဟင်ဂျာများအား စားနပ်ရိက္ခာနှင့် အခြားလူသားချင်းစာနာထောက်ထား သော အကူအညီများပေးနေခြင်းအပေါ် ရပ်ဆိုင်းရန်ပြောခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့အကူအညီပေးခြင်းသည် မြန်မာနိုင်ငံမှ ပိုမိုထွက်ပြေးလာရန် အားပေးသလိုဖြစ်ခြင်းကြောင့်ဟု ဆိုသည်။

Ventrell ကပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တင်းမာမှုများကို ဆက်လက်စောင့်ကြည့်နေပြီး၊ မြန်မာအစိုးရအား ပဋိ ပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် တိုက်တွန်းလျက်ရှိကြောင်း ဆိုသည်။

-----------------------------------------------------------------------------------------------------------------------------

ဈေးကွက်ပုံစံပြုပြင်ပြောင်းလဲရန် မြောက်ကိုရီးယား စဉ်းစား

(Irish Times မှ 7 August 2012 ရက်စွဲပါ “North Korea Look to Market-Style Reforms”  သတင်းဆောင်းပါးကိုဘာသာပြန်ဆိုသည်။)

ပြဿနာရှာတတ်ပြိး ဖိနှိပ်ချုပ်ချယ်လွန်းသော၊ သို့သော် မဟာဗျူဟာမြောက် အရေးပါသော သော့ချက်ကျသော အာရှနိုင်ငံ၏ စီးပွားရေးသည်၏ နောက်ပုံစံတစ်ခုသို့ ပြောင်းနိုင်ပါသလား။

မြန်မာနိုင်ငံကို ကမ္ဘာတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း အကောင်းဆုံးဟု သမုတ်ခဲ့သော ငွေကြေးမြှုပ်နှံမှုဂုရု ဂျင်ရော်ဂျားစ်က မြောက်ကိုရီးယားသည် လည်း အလှမ်းမဝေးကြောင်း၊ ဖုံးကွယ်သိုဝှက်သောနိုင်ငံ၏ အနာဂတ်အပေါ် သူ့အနေဖြင့် တစ်ဇွတ်ထိုးယုံကြည်မှုရှိကြောင်း၊ သို့သော် ထိုနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် သူအတွက်နည်းလမ်းမရှိကြောင်း သုံးသပ်ပြောကြားသည်။

တပ်မတော်(သို့မဟုတ်)စစ်တပ်၏ သြဇာကိုချုံ့နေသော ကွန်မြူနစ်ခေါင်းဆောင်သစ် ကင်ဂျုံအန်းက သူ၏ ဇနီးချောနှင့်အတူ ရိုလာကိုစတာ စီးပြ နေခြင်းကို ရိုက်ကူးပြသထားသော မြောက်ကိုရီးယား နောက်ဆုံးသတင်းများက ပြုံယမ်းသည် နေပြည်တော်စတိုင် ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို စတင် ဖွယ်ရှိသည်ဟူသော မှန်းဆချက်များ ထွက်ပေါ်လာစေသည်။

ထိုသို့ ဖြစ်နိုင်စရာ မရှိသော်လည်း ပြုံယမ်းသည် ဘေဂျင်းနှင့် အလားတူနည်းလမ်းကိုယူ၍ ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်ကို လိုက်ပါနေခြင်း ကြောင့် ယင်းအယူအဆများသည် ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်ထားကြသည့် နောက်တွင် ဆုံမိကြရန် အလှမ်းမဝေးတော့သည့် နည်းတူ ဖြစ်နိုင်စရာ အလားအလာများလည်း ရှိနေပြန်သည်။

ယခင်အပတ်က အကြီးတန်း တရုတ်ခေါင်းဆောင်များ ပြုံယမ်းသို့ သွားရောက်ကြသော ခရီးစဉ်တွင် ခေါင်းဆောင်ကင်ဂျုံအန်းက စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် အလားအလာရှိကြောင်း ပြောကြားခဲ့ခြင်းသည် ယခုအချိန်အထိ အထင်ရှားဆုံး ရည်ညွှန်းပြောဆိုမှု တစ်ခုဖြစ်သည်။

“စီးပွားရေးဖွံ့ဖြိုးပြီး သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ တိုးတက်လာမယ်ဆိုရင် မြောက်ကိုရီးယားပြည်သူတွေ ပျော်ရွှင်ကြမှာပါ။ ဒါဟာ ကိုရီးယားအလုပ်သ မားပါတီ(ကွန်မြူနစ်ပါတီ) ကဦးတည်နေတဲ့ ပန်းတိုင်ပါပဲ”ဟု ကင်ဂျုံအန်းက တရုတ်ကွန်မြူနစ်ပါတီ ကေဒါ ၀မ်ကျားရီ ကိုပြောကြားခဲ့ကြောင်း Ximhua သတင်းအေဂျင်စီက ထုတ်ပြန်သည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်သော မြောက်ကိုရီးယားသည် ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက်တွင် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေမှု အခန်းထဲတွင် သော့ခတ်ပိတ်မိနေခဲ့ပြီး စီးပွားရေး အသက်ဆက်နိုင်ရန် တရုတ်နိုင်ငံ၏ အကူအညီကို မှီခိုခဲ့ရသည်။

ကမ္ဘာပေါ်ရှိ အဆိုးနိုင်ငံများနှင့်သာ အပေါင်းအသင်းလုပ်သော မြောက်ကိုရီးယားသည် နိုင်ငံတကာအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု (Sanctions) များ ကို ရင်ဆိုင်နေရသော်လည်း နျူကလီးယားလက်နက် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ခေါင်းမာပေကပ်နေခြင်းဖြင့် ၁၉၅၃ ခုနှစ်က အပစ်အခတ်ရပ်စဲ ပြီး စစ်ပွဲမပြီးသေးသော ကပ်လျက်တောင်ကိုရီးယားနိုင်ငံ အပါအ၀င် ဒေသတွင်း၌ တင်းမာမှု ဖြစ်ပေါ်အောင် နှိုးဆွလျှက်ရှိသည်။

အသက်နှစ်ဆယ်ကျော် သုံးဆယ်ပတ်လည်ဟု ယူဆရသော ကင်ဂျုံအန်းသည် ကမ္ဘာတွင်တစ်ခုတည်းသော ကွန်မြူနစ်မင်းဆက်ကို ဒီဇင်ဘာလ တွင် အရိုက်အရာ ဆက်ခံခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း နိုင်ငံ၏စိုက်ပျိုးမြေ ၂ရာခိုင်နှုန်းခန့်ရှိသော ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာ ၄၆,၀၀၀ခန့် ပျက်ဆီးကာ လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ရသော မိုးကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက်တွင် ပြီးခဲ့သော သီတင်းပတ် အနည်းငယ်အတွင်း မြောက်ကိုရီးယား၏ စီးပွားရေးအကျပ်အတည်းကို ပိုမိုဆိုးဝါး ပြင်းထန်လာခဲ့သည်။

ဖြစ်နိုင်ချေအရှိဆုံး ခန့်မှန်းချက်မှာ ပြုပြင်ပြောင်းလဲမှုမှန်သမျှ တရုတ်နိုင်ငံပုံစံကို အတုယူမည့် အချက်ပင် ဖြစ်သည်။ ကင်ဂျုံအန်းသည် တရုတ်နိုင်ငံ သို့အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးပြီး ကွယ်လွန်သူ ဖခင်ကြီး ကင်ဂျုံအီး၏ နောက်ဆုံးရက်များတွင်လည်း ရှင်ဇင်းစက်မှုရုံများသို့ သွားရောက်လေ့လာခဲ့ ပြီးဖြစ်သည်။

ကင်ဂျုံအန်းက “သွားလေသူရဲဘော် ကင်ဂျုံအီး ၏ လမ်းညွှန်ချက်ဖြစ်သော တရုတ်နှင့် မြောက်ကိုရီးယားအကြား မျိုးဆက်များစွာ အစဉ်အလာချစ် ကြည်ရင်းနှီးမှု မပြောင်းမလဲ နက်ရှိုင်းမှုကို ဆက်လက်ခံယူရေးသည် မြောက်ကိုရီးယားပါတီနှင့် အစိုးရ၏ စိတ်ရင်းဆန္ဒ ဖြစ်ကြောင်း” ပြောကြားခြင်းဖြင့် တရုတ်နှင့် ဂဟေဆက်ထားသော ဆက်ဆံရေးကို ကြေညာလိုက်ပါသည်။

“အာရှတိုက်အနီးအနားမှ ဈေးကွက်ပုံစံ အပြောင်းအလဲ လုပ်နေသော ကွန်မြူနစ်အစိုးရ အုပ်ချုပ်သည့် အခြားနိုင်ငံများထံမှ လေ့လာရန် စိတ်ဝင်စား သော လက္ခဏာအဖြစ် ကင်ဂျုံအန်းက ယင်း၏လွှတ်တော်ဥက္ကဋ္ဌ ကင်ယုံနမ်ကို ဗီယက်နမ်နှင့် လာအိုသို့ စေလွှတ်ခဲ့သည်” ဟု မြောက်ကိုရီးယား (KCNA) သတင်းဌာ၏ အဆိုအရ သိရှိရသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးပိတ်ဆို့မှုတွေ ဆက်၍ ရှိသင့်ပါသလား။

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးပိတ်ဆို့မှုတွေ ဆက်၍ ရှိသင့်ပါသလား

ဦးခင်မောင်ဆွေ(NDF)

(သြဂုတ်၈ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃) အမှတ်(၁၀၆)မှ ထုတ်ယူဖော်ပြချက်။)

စီးပွားရေးပိတ်ဆို့မှုဆိုတာ ပြည်သူကိုဖိနှိပ်တဲ့အစိုးရအပေါ် ဆိုင်ရာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုမကြည့် တော့ဘဲဒဏ်ခတ်တာမျိုးပဲ၊ စီးပွား ရေး အပြန်အလှန်ဆက်ဆံမှု ဖြတ်တောက်လိုက်တဲ့အတွက် ပိတ်ဆို့မှုကိုတန်ပြန်ဖို့ ပိတ်ဆို့ခံနိုင်ငံကို အကာအကွယ်မဲ့စေလိုတာ ဖြစ်တယ်။ စစ်ရေးနဲ့ ဖြေရှင်းရမယ့် အစားနိုင်ငံရေးဖိအားအသုံးပြုတာပါပဲ(Hard Power )ပါဝါ အမာထည့်နည်းပေါ့။

အမေရိကန်အစိုးရဟာမြန်မာအပါအဝင် ကျူးဘား၊ အီရန်၊ ဆူဒန်၊ လစ်ဗျား၊ မြောက်ကိုးရီးယားနဲ့ ဇင်ဘာဘွေနိုင်ငံတွေအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ်။ ကုလသမဂ္ဂဟာ သူ့သမိုင်းစဉ်တစ်လျှောက် နိုင်ငံ ၁၇ နိုင်ငံအပေါ် ကုန်သွယ်ရေး စီးပွားရေး ပိတ်ဆို့ခဲ့တယ်။ တစ်ဝက်လောက် ကတော့ လက်နက်ရောင်းချရေးဆိုင်ရာ ပိတ်ဆို့မှုမျိုးတွေ ကုလသမဂ္ဂဟာ ဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် သက်ရောက်တဲ့ အကျိုးဟာ ၅ရာခိုင်နှုန်းတောင် မရှိဘူးလို့သုံးသပ်ချက်တွေ ရှိသလို ယေဘုယျသဘောအရ ပိတ်ဆို့ခံနိုင်ငံတွေအပေါ် ပိတ်ဆို့မှုကြောင့် သက်ရောက်မှု မရှိဘူး လို့လည်း ဆိုခဲ့ပြန်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် ဘယ်သူတွေကိုထိသလဲ။ မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့ခံရမှုကြောင့် ဖြစ်ပေါ်မှု အကျိုးဆက်တွေကို ကြည့်ရင် ၂ပိုင်းခွဲပြောမှ ဖြစ်ပါလိမ့်မယ်။

၁၉၉၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ဖိနှိပ်မှုတွေ ကိုဖိအားပေးလွတ်မြောက်စေဖို့ အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့် အဖိနှိပ်ခံ နိုင်ငံရေးအင်အားစုများနှင့် အတိုက်အခံသမားကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံကြောင်း ပြသဖို့ ရည်ရွယ်ပါတယ်။ စိတ်ဓာတ်ရေးရာ အားပေးမြှင့်တင်မှုမျိုး ဖြစ်တာကြောင့် ထိုစဉ်က မြန်မာအစိုးရကို စီးပွားရေး ဒဏ်ခတ်ခဲ့တာပဲပေါ့။ အဲဒီလိုဒဏ်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့  စစ်တွေရေနက်ဆိပ်ကမ်း၊ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစတဲ့ ရင်နှီးမြှုပ်နှံမှုတွေ ရပ်မသွားပါဘူး။ နိုင်ငံတကာ ရေနံတူးဖော်မှု လုပ်ငန်း တွေလည်း ဆက်လက်ရှိနေမြဲရှိလျက်ပါပဲ။ ဒါကဘာကို ပြသသလဲဆိုရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုထက် သူတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

အုပ်ချုပ်သူအစိုးရကို ပစ်မှတ်ထားပေမယ့် အဲဒီအုပ်ချုပ်သူတွေကို မထိဘဲ အုပ်ချုပ်သူတွေ ချမ်းသာအောင် လုပ်ပေးသလို ဖြစ်ခဲ့တယ်။ သာမန် ပြည်သူတွေသာ အလုပ်အကိုင်ရှားပါးပြီး စာဝတ်နေရေး မပြေလည်ကြလို့ နိုင်ငံဖြတ်ကျော် လုပ်သားတွေအဖြစ် ပြည်ပမှာ သွားရောက်လုပ်ကိုင် နေကြရ တာပဲ ကြည့်တော့။ အဲဒီလို နိုင်ငံရပ်ခြားမှာ တရားမဝင် သွားလုပ်နေသူတွေရဲ့ လုပ်အား တွေဟာ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ တည် ဆောက်ရေးမှာ မပါရတာဟာ ဝမ်းနည်းစရာပါပဲ။ ထိုင်းမှာ၂.၄သန်း၊ မလေးရှားမှာ ၅သိန်း၊ စင်ကာပူမှာ ၂သိန်း၊ မလေးရှားမှာ ၅သိန်း၊ စင်ကာပူမှာ ၂သိန်း၊ ဘင်္ဂလားဒေ့ရှ်မှာ ၁သိန်း၊ဂျပန်မှာ တစ်သောင်းခွဲနဲ့ ကိုးရီးယားမှာ တစ်သောင်း ရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံက ဆုံးရှုံးကုန်တဲ့ လူသားအရင်းအမြစ် လုပ်သားတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာဘာကြောင့်လဲ မြန်မာပြည်ထဲမှာ အလုပ်အကိုင် မပေးနိုင်မှုကြောင့် လယ်ယာမြေလုပ်ငန်းခွင်တွေကနေ ထွက်ခွာ ကြရတာတွေ၊ လုပ်အားနဲ့သာ ရှာဖွေစားသောက်နိုင်ကြတဲ့ (Manual Worker)တွေအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲပြောရင် ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေမှာ တာဝန်ရှိတယ်လို့ ဖြေရမှာပဲ။ ဒီလို တာဝန်ရှိခဲ့တဲ့အစိုးရတွေက ခုမရှိကြတော့ပါဘူး။ ဒီတော့ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပေါ်လာ တဲ့ လွှတ်တော် နိုင်ငံရေးနဲ့ ပြည်သူရွေးချယ်ပေးလိုက်တဲ့ အစိုးရရဲ့ ပုခုံးထက်မှာ ဒီပြဿနာ ရောက်လာခဲ့ရတော့တာပဲ။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဇောက်ချလုပ်မယ်လို့ အစိုးရအဖွဲ့ အကြီးအကဲသမ္မကကတိပြု ထားတယ်။အောင်မြင်မယ်၊မအောင်မြင်ဘူးဆိုတာကတော့ အချိန်နဲ့ အခြေအနေတွေအရ ပဲပေါ့။

ဒီလိုဆိုအချိန်နဲ့ အခြေအနေတွေဘက်က ကြည့်ရအောင်။ အဲဒီတော့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ရင် စီးပွားရေးတိုးတက်လာမှာ လားဆိုတဲ့ မေးခွန်းကို ဖြေကြရပါလိမ့်မယ်။ ဘယ်လိုဖြေရမလဲ။ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ အုပ်ချုပ်ရေးဆိုင်ရာ အဟန့်အတားတွေကို ဖယ်ရှားစေဖို့ဆိုတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဘဝကို ဖန်တီးပုံဖော်ရေးလုပ်ကြဖို့နဲ့ (All Stakeholders) နိုင်ငံရေးမှာ ပါဝင်သူအားလုံးက “အများဆန္ဒနဲ့ ” လိုလားကြောင်းပြနေချိန်ကြီးပါ။ ဒီလိုအချိန်မှာငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသားစီးပွားတိုးတက်ရေး ဝန်ထုပ်ဝန်ပိုးကြီးပေါ်မှာ အဝေးမှာရှိပြီး မြန်မာ ပြုပြင်ပြောင်းလဲမှုတွေကို သေချာမသိသေးတဲ့ အမေရိကန်ကွန်ဂရက်အမတ်တွေက မြန်မာနိုင်ငံကို ဆက်လက်စီးပွားရေး ပိတ်ဆို့ချင်နေတာ ဘာကြောင့် လဲ။ အမေိကန်လွှတ်တော်ထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရဲရဲတောက်လုပ်ပါတယ်ဆိုတဲ့ နာမည်ကောင်း ကျန်ချင်နေတာနဲ့ပဲ သန်း၆၀သော မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာကို မကြည့်သင့်ဘူးလား။ နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်လိုက်ရင် တိုင်းပြည်ကြီးမှာ စီးပွားရေး ဖွံ့ဖြိုး လာမှာလား၊ မဖယ်ပဲထားရင်ကော တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးစရာကောရှိပါရဲ့ လားစဉ်းစာကြည့်ရင် ပေါ်လာမှာပါ။ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှား ပေးချင်အောင် စီးပွားရေးစီမံခန့်ခွဲမှုကို ကောင်းအောင်ပြင်ပေးဖို့ လက်ဝါးကြီးအုပ် စီးပွားရေးကာကွယ်ရေး ဥပဒေတင်ပြီး ခရိုနီစီးပွားရေး မဖြစ်အောင် လွှတ်တော်ထဲမှာ NDF ပါတီက ကြိုးပမ်းနေပါတယ်။ ဒါကိုအစိုးရအဖွဲ့ကလည်း သိနေကြောင်း သမ္မတနဲ့ ဒီမို ၁၀ပါတီ တွေ့တဲ့ဖြစ်စဉ်မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောဖြစ်ဆိုဖြစ်ကြပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာသံယံဇာတ ထုတ်ယူရင် နိုင်ငံခြားက အရင်းအနှီးတွေ လာရောက်မြှုပ်နှံရင် ပြည်နယ် တွေက ခိုင်းကြေး(Royalty) ပေးဖို့အထိ အစီအစဉ်ကိုလည်း သိခဲ့ရတယ်။၂၀၁၄ခုမှ လုပ်မယ့် နေပြည်တော် ငြိမ်းချမ်းရေးအစည်းအဝေးကြီးမှာ နိုင်ငံရေး မှာ ပါဝင်သူအားလုံရဲ့ဆန္ဒ အခြေခံဥပဒေပြင်ရေးကို ဆောင်ရွက်သွားမယ်။ ပြီးရင်စစ်မှန်တဲ့ ပြည်ထောင်စုဘဝ ရောက်ရေးအထိ လုပ်ဖို့ရှိပြီ ဆိုတာလည်း ကြိုးပမ်းနေချိန်မှာ မြန်မာတွေကိုစီးပွားရေးပိတ်ဆို့မှု ဝန်ထုပ်ကြီးကို ထမ်းခိုင်းဦးမှာလား၊။

၂၀၁၀ရွေးကောက်ပွဲက ပေါ်လာတဲ့ လွှတ်တော်ဟာ ပြည်သူတွေ ပါဝင်ဆုံးဖြတ်ခွင့်ရတဲ့ဥပဒေပြုရေးပါ။ အစိုးရအဖွဲ့ကလည်း ပြည်သူဘက်က အစိုးရ ဖြစ်ဖို့ကြိုးပမ်းနေဆဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ သမ္မတကို ယုံကြည်ထိုက်တယ်လို့ အနောက်ကမ္ဘာမှာရော ပြည်တွင်း မီဒီယာမှာပါ ပြောသံတွေကြားနေရတယ်။ဒါကိုဘာ့ကြောင့်များ မြန်မာတွေအပေါ် စီးပွားရေးပိတ်ပေးပါလို့ ပြောချင်နေကြရတာလဲ။ နိုင်ငံချစ်စိတ်နဲ့ စဉ်းစာကြဖို့လိုပါတယ်။ ၁၉၉၀မြင်ကွင်းက ဒီမိုကရေစီကူးပြောင်းစေဖို့ လွှတ်တော်နိုင်ငံရေးဘဝကို ပြည်သူတွေရစေဖို့ ထောင်ကျတန်းကျခံပြီး တောင်းခံခဲ့ကြပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက်  တွန်းအားအဖြစ် ကျွန်တော်တို့ ကြိုဆိုလက်ခံခဲ့ကြ ပါပြီ။ ခုတော့ဖြင့် ၂၀၁၀ရွေးကောက်ပွဲဟာ လွှတ်တော်နိုင်ငံရေးကို ခေါ်ဆောင်လာခဲ့ပြီး အမတော်ကြေးကို တစ်ဧက ၅၀၀၀၀  ရအောင် ဖန်တီးပေးခဲ့ သလို အငြိမ်းစားဝန်ထမ်းတွေ လစာတိုးအောင်လည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒါတွေအပြင်ငြိမ်းချမ်းရေးဆီအရောက်ချီတက်စေဖို့ ဆောင်ရွက်ခဲ့ ဆောင်ရွက်ဆဲပဲ ဖြစ်ပါတယ်။ ဒီ၂၀၁၀လွန်ကာလဟာ ပူးပေါင်းဆောင်ရွက်ရေးအပေါ် အပြည့်အဝရောက်ရှိဖို့ လိုတဲ့နိုင်ငံတည်ဆောက်ရေးကာလကြီးမှာ Pressure and Compromise ဖိအားပေးညှိနှိုင်းရမယ့်အနေအထားကိုလွန်ခဲ့ပြီဆိုတာကို Stakeholder အားလုံးက နိုင်ငံချစ်ရင် လက်ခံကြရမှာပါ။ ၂၀၁၄နေပြည်တော်မှာ ဒီမိုကရေစီအသွင်ဆောင်မယ့် ငြိမ်းချမ်းရေးအစည်းအဝေးကြီး လုပ်မယ်ဆိုတဲ့ ယခင်ကမမျှော်လင့်ခဲ့တာတွေကို တွေ့ရတော့ မယ်လို့ မျှော်လင့်နိုင်ချိန်မို့ “ပြည်သူ့ခေတ်” ကိုရောက်ရချည်သေးလို့ အားတက်ချင်မိပါကြောင်းပါ ခင်ဗျား။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive