Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Kery Logistic ကမြန်မာနှင့် သီရိလင်္ကာတွင်ရုံးဖွင့်

(8 August 2012 ရက်စွဲပါ Hevy Lift မှ “Kerry Logistics in Myanmar and Seri Lanka” ကိုဘာသာပြန် သည်)

***********************************************************

ဘာသာပြန်သတင်းများ

Kery Logistic ကမြန်မာနှင့်သီရိလင်္ကာတွင်ရုံးဖွင့်

(8 August 2012 ရက်စွဲပါ Hevy Lift မှ Kerry Logistics in Myanmar and Seri Lanka ကိုဘာသာပြန် သည်)

ဟောင်ကောင်အခြေစိုက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ Kerry Logisticsသည် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင် အာရှ တိုးချဲ့ရေးအစီအစဉ် တစ်ရပ်အဖြစ် စတင်အခြေချလာပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရန်ကုန်မြို့နှင့် သီရိလင်္ကာနိုင်ငံ၏ ကိုလံဘိုတွင် ရုံးခန်းသစ်များ ဖွင့်လှစ်ခဲ့ သည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ Kery Logistics၏ ဒေသတစ်လွှား ပေါ်ထွက်လာသော ဈေးကွက်များတွင် ၎င်းတည်ရှိ မှုနှင့် ကွန်ရက်တည်ဆောက် ရန် မဟာဗျူဟာအရ ဖြစ်သည်။ ရုံးသစ်များသည် လက်ရှိ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်၏ ကုန်ပစ္စည်းသယ်ယူခြင်း ကွန်ယက်ဖြင့် ချိတ် ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။

မြန်မာနိုင်ငံက ရုံးသစ်ဟာ မဟာမဲခေါင်မြစ်ဝှမ်းမှာ ကျွန်တော်တို့ ရဲ့စွမ်းဆောင်ရည် ကြီးထွားဖို့ အထောက်အကူဖြစ်သလို သီရိလင်္ကာ ကလည်း တောင်အာရှမှာ အမြန်ဆုံးကြီးထွားလာတဲ့ သင်္ဘောနဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုဌာန ဖြစ်နေလို့ဖြစ်ပါတယ် ဟုကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ Kenneth Ko က ပြောသည်။

“ကျွန်တော်တို့ရဲ့ဖောက်သည်တွေက ဒီလုပ်ငန်းစဉ် ဖြစ်အောင် တွန်းအားပေးနေတာပါ။ ဒေသတစ်ဝှမ်းမှာ ပုံစံကွဲပြားတဲ့ သယ်ယူပို့ဆောင်ရေး ဝန် ဆောင်မှုတွေကို တောင်းဆိုမှု ကြီးထွားလာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ ကျွန်တော်တို့ဟာ ဖောက်သည်တွေကိုတောင်းဆိုမှု ပိုမိုဝန်ဆောင်မှု ပေး နိုင်မယ့်ကွင်းဆက်ကို ပိုမို ထောက်ပံ့ပေးနိုင်မယ်။ ကျွန်တော်တို့ရဲ့ ပိုမိုကောင်းမွန်တဲ့ ကွန်ယက်ဖြစ်လာအောင် ရင်းနှီးမြှုပ်နှံနေပါတယ်” ဟု ၎င်းကဖြည့် စွက် ပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၉.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ပိုဆိုးလာသော မူးယစ်ဆေးဝါးပြဿနာနှင့် မြန်မာနိုင်ငံရင်ဆိုင်နေရ

(Radio Netherlands Worldwide မှ 8 August 2012 ရက်စွဲပါ “Myanmar Facing Worsening Drug Problem” သတင်းကို ဘာသာပြန် ဆိုသည်။)

  1. အစိုးရခေါင်းညိတ်မှုဖြင့် ၁၉၈၈ ဆန္ဒပြပွဲ အထိမ်းအမှတ် ကျင်းပ

(The Himalayan Times မှ 8 August 2012 ရက်စွဲပါ “With govt nod, Myanmar marks 1988 protest anniverssary ” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံက ထိပ်တန်းဆန်တင်ပို့သူ ဖြစ်ရန်မျှော်မှန်း

(8 August 2012 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော Myanmar Seeks To Region Top Rice Exporter ကိုဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ပိုဆိုးလာသော မူးယစ်ဆေးဝါးပြဿနာနှင့် မြန်မာနိုင်ငံရင်ဆိုင်နေရ

(Radio Netherlands Worldwide မှ 8 Aug 2012 ရက်စွဲပါ “Myanmar Facing Worsening drug Problem” သတင်းကို ဘာသာပြန်ဆိုသည်။)

ဇူလိုင်လအတွင်းက အင်ဖက်တာမင်းဆေးပြား ၁.၄ သန်းကျော်နှင့် ဟီးရိုးအင်း ၁၁၆ ကီလိုဂရမ် အပါအ၀င် မူးယစ်ဆေးဝါး အမြောက်အများ သိမ်း ဆည်းရမိပြီး နောက်တွင် အာဏာပိုင်များက မြန်မာနိုင်ငံသည် ပိုမိုဆိုးဝါးလာသော မူးယစ်ဆေးဝါးနှင့် ရင်ဆိုင်နေရကြောင်း ဗုဒ္ဓဟူးနေ့က သတိပေး ပြောဆို လိုက်သည်။ မူးယစ်တပ်ဖွဲ့မှ အမည်မဖော်လိုသော ရဲအရာရှိကြီးတစ်ဦးက “ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အရမ်းကို အန္တရာယ်ကြီး နေပါပြီ။ ဒီပြဿနာဟာ ပိုပြီးဆိုးလာပါတယ်။ ၂၀၁၄မှာ မူးယစ်ဆေးဝါး ကင်းစင်သွားဖို့ ဆုံးဖြတ်ထားပေမယ့်လည်း စိတ်ကြွဆေးပြား ပြဿနာ ရှိနေတဲ့အတွက် ကြောင့် ဘိန်းကင်းစင်တဲ့ဇုန်ုပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

ဇူလိုင်လ အတွင်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော မှုခင်း ၃၄၂ မှုရှိခဲ့ပြီး သံသယရှိသူ ၄၇၃ ဦး ဖမ်းဆီးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဗုဒ္ဓဟူး နေ့တွင် သတင်းထုတ်ပြန်သည်။ စိတ်ကြွဆေးပြား အများစုကို နိုင်ငံအရှေ့ပိုင်းနယ်စပ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သော်လည်း ရန်ကုန်မြို့တော်အထိ သုံးစွဲမှုပျံ့ နှံ့နေပြီ ဟု ၎င်းရဲအရာရှိက ဆိုသည်။

“ဒီဆေးပြားတွေကို အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။ ဒါဟာ မူးယစ်တိုက်ဖျက်ရေး အာဏာပိုင်တွေအတွက် အလွန်ကြီးမားတဲ့ ပြဿနာပါ။ နည်း ပညာရင်းမြစ်၊ လူသားရင်းမြစ်၊ ကိရိယာရင်းမြစ်တွေ ချို့တဲ့မှုကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အားနည်းသွားစေပါတယ် ” ဟု ၎င်းက သတိပေး ပြော ကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက ယင်းတို့၏ တပ်ဖွဲ့ရန်ပုံငွေအတွက် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှတဆင့် ၀င်ငွေရှာဖွေကြရသော နယ်စပ် ဒေသများတွင် ဓါတုဆေးပြား ထုတ်လုပ်မှုနှင့် ဘိန်းစိုက်ပျိုးမှု ထွန်းကားလျှက်ရှိသည်။

မနှစ်က အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရက ယခုအခါ အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် အပစ်ရပ် စာချုပ်များ လက်မှတ်ထိုးကာ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း နေပြီဖြစ်သည်။

ကာလများစွာ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးနွံ့ထဲမှ နှေးနှေးကွေးကွေး ရုန်းထွက်နေရသော မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယ အများဆုံး ဘိန်းစိုက်နိုင်ငံဖြစ်နေသည်။

ရှမ်းပြည်နယ်သည် အင်ဖက်တာမင်း အဓိက ထုတ်လုပ်ရာ ဒေသဖြစ်သည်ဟု ပြောကြားသော ကုလသမဂ္ဂအဖွဲ့က ၁၉၉၈ခုနှစ် မှ ၂၀၁၀ခုနှစ် အကြား တစ်ကမ္ဘာလုံး စိတ်ကြွဆေးပြား သိမ်းဆည်းရမိမှု ပမာဏမှာ ၃ ဆ တိုးလာခဲ့သည်ဟု ခန့်မှန်းထားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနှင့်  ပတ်သက်၍ နာမည်ပျက်မှတ်တမ်းဝင်နေသော UWSA “၀”တပ်ဖွဲ့ အခြေစိုက်ရာ ရှမ်းပြည်နယ်တွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရှင်းလင်းရန်အတွက် မြန်မာအစိုးရနှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တို့အကြား မေလက သဘောတူညီမှု ရရှိခဲ့သည်။

---------------------------------------------------------------------------------------------------------------------

အစိုးရခေါင်းညိတ်မှုဖြင့် ၁၉၈၈ ဆန္ဒပြပွဲ အထိမ်းအမှတ် ကျင်းပ

(The Himalayan Times မှ 8 August 2012 ရက်စွဲပါ “With govt nod, Myanmar Marks 1988 Protest Anniv” သတင်းကို ဘာသာပြန်ဆိုသည်။)

အစိုးရက ပထမဆုံးအကြိမ် ခွင့်ပြုသည့်အပြင် ငွေကြေးပါ လှူဒါန်းခဲ့သောကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီးများတွင် သမိုင်းဝင် ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲများ (၂၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ရာ လူပေါင်းများစွာတက်ရောက်ခဲ့ကြသည်။ သွေးမြေကျ နှိမ်နင်းခံရသော နိုင်ငံတစ်ဝှမ်း ဒီမိုကရေစီ တောင်းဆိုပွဲများ စတင်ခဲ့သည့် ၁၉၈၈ခုနှစ် သြဂုတ်လ ၈ ရက်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးများ၌ ချီတက်ပွဲများ ပြုလုပ်ရာတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများလည်း ပါဝင်ခဲ့သည်။

ယခုလို ချီတက်ပွဲများကို အစိုးရက ခွင့်ပြုပေးခြင်းသည် လွန်ခဲ့သောနှစ်အနည်းငယ်ကဆိုလျှင် အတွေးထဲမှာတောင် မဖြစ်နိုင်ခဲ့ပေ။ ယခင်တပ်မ တော် အစိုးရလက်ထက်တွင် ဖမ်းဆီးနှိပ်စက်ခံရမည်ကို စိုးရိမ်သောကြောင့် ပြည်သူများက ယခုကဲ့သို့ အခမ်းအနားများကို ကျင်းပ၀ံ့ကြခြင်း မရှိကြပေ။

မနှစ်က အာဏာရပြီးနောက်ပိုင်း တစ်ကမ္ဘာလုံးက ချီးကျူးရသော အပြောင်းအလဲများ ပြုလုပ်ခဲ့သည့် သမ္မတဦးသိန်းစိန်က (၈၈)အထိမ်းအမှတ် ချီ တက်ပွဲ စည်းရုံးလှုပ်ရှားသူများ၏ တောင်းဆိုမှုကို အစိုးရကခွင့်ပြုကြောင်း အသိပေးရန်အတွက် သူ၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးကို စေလွှတ်ခဲ့သည်။ အထိမ်းအမှတ် အခမ်းအနားများအတွက် ၀န်ကြီးများက ကျပ်ငွေတစ်သန်း(ဒေါ်လာ၁၂၀၀) လှူဒါန်းသွားခဲ့ကြသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး ကပြောကြားသည်။

အဓိက ချီတက်ပွဲများကျင်းပရာ မန္တလေးမြို့မှ တယ်လီဖုန်းဖြင့် အင်တာဗျူးဖြေကြားသူ ကိုကိုကြီးက “ ဒီအထိမ်းအမှတ်ပွဲမှာ အစိုးရကလည်း ပါဝင် ဆင်နွှဲတယ် ဆိုတဲ့ သဘောပါပဲ၊ ဒါဟာ ပြုပြင်ပြောင်းလဲမှုကို ဦးတည်နေတဲ့ ခြေလှမ်းတစ်ခုလို့ ကျွန်တော်ခံစားမိပါတယ် ” ဟု ပြောဆိုခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဇင်လတ်က အစိုးရသည်ဤအခမ်းအနားကို သမိုင်းဝင် အခမ်းအနားအဖြစ် အသိအမှတ်ပြုကြောင်း အမျိုးသား ပြန်လည်သင့်မြတ်မှု ရရှိရေးနှင့် ပတ်သက်၍ သမ္မတက သူ၏ရိုးသားဖြောင့်မတ်မှုကိုပြသလိုကြောင်း ရှင်းလင်းပြောဆိုသည်။

“ သမ္မတကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း ပြောနေပါတယ်။ ကောင်းမွန်တဲ့ အပြန်အလှန် နားလည်မှုကို တည် ဆောက်ရာမှာ ဒီခြေလှမ်းက အကူအညီပေးနိုင်ပါတယ် ” ဟု ဦးနေဇင်လတ်က ပြောကြားသည်။

၁၉၈၈ သြဂုတ်လ ၈ ရက်တွင် ကျောင်းသားများ ဥိးဆောင်စတင်ခဲ့သော ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲများသည် တစ်နိုင်ငံလုံးသို့ ပျံ့နှံသွားခဲ့ပြီး သန်းနှင့်ချီသော ပြည်သူများအား လမ်းများပေါ်သို့ ထွက်လာစေခဲ့သည်။ ထိုဆန္ဒပြပွဲ များကို နှိမ်နှင်းဖြိုခွဲရန်အတွက် ဆန္ဒပြသူ ထောင်ပေါင်းများစွာကို သေ နတ်ဖြင့် ပစ်သတ်ခဲ့သော ထိုစဉ်က တပ်မတော်သည် ၁၉၈၈ စက်တင်ဘာလတွင် အခြေခံဥပဒေကို ပယ်ဖျက်၍ အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေးဥပဒေကို ချမှတ်ခဲ့သည်။

ယခုအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အထက်ပါ ဆန္ဒပြပွဲ ကာလအတွင်း ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်အဖြစ် ပေါ် ထွက်လာခဲ့သည်။ ထို့နောက် ၁၉၉၀ တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲများတွင် သူမ၏ နိုင်ငံရေးပါတီက အပြတ်အသတ်နိုင်သွားသော အခါတွင်မူ တပ်မတော် အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်လိုက်လေသည်။

၈၈မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးက “၈၈ ဆန္ဒပြပွဲတွေဟာ ပြည်သူတွေရဲ့ လက်တွေပါဝင်မှု သင်္ကေတတစ်ခုပါ။ ဒီအခမ်းအနားဟာ အကျဉ်း ထောင်ထဲမှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတွေ၊ ပြည်ပမှာ နေထိုင်နေရတဲ့ သူငယ်ချင်းတွေကို သတိရသွားစေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ခက်ခဲပင်ပန်းတဲ့ အချိန်တွေကိုလည်း ပြန်သတိရစေပါတယ်” ဟု ပြောကြားသည်။

မြန်မာအာဏာပိုင်များသည် ၂၀၁၀ရွေးကောက်ပွဲ ပြီးချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားများကို တစ်သုတ်ပြီး တစ်သုတ် ချိန်ဆ၍ လွှတ်ပေးခဲ့သော်လည်း အရေအတွက်မသိရသော နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု လူ့အခွင့် အရေး အုပ်စုများက ပြောဆိုထားသည်။

ပြီးခဲ့သော လအတွင်း ၁၉၆၂ ဇူလိုင် ၇ ရက်ကျောင်းသားများ သွေးမြေကျ နှိမ်နှင်းခံရမှု အထိမ်းအမှတ် “ ဆဲဗင်းဂျူလိုင် မမေ့နိုင် ” အခမ်းအနား ကျင်းပရန် စီစဉ်နေချိန်တွင် စည်းရုံးလှုပ်ရှားသူ ၂၀ခန့်ကို အာဏာပိုင်များက ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့သည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံက ထိပ်တန်းဆန်တင်ပို့သူ ဖြစ်ရန်မျှော်မှန်း

(8 August 2012 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော Myanmar Seeks To Rejion Top Rice Exporter ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာက ဖိနှိပ်မှုများမှ လွတ်မြောက်လာပြီးနောက် အားလုံး မေ့လောက်နေပြီဖြစ်သော တစ်ချိန်က ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူအဖြစ် ပြန်လည်ရယူရန် မျှော်လင့်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်သည်။သို့သော် အစိုးရနှင့်ဆန်စပါးလုပ်ငန်း တာဝန်ရှိ သူများသည် နှစ်ပေါင်းများစွာ လျစ်လျူရှုထားပြီး စစ်တပ်၏ စီမံခန့်ခွဲမှုအမှားများ ရှိခဲ့သော အစိုးရအုပ်ချုပ်ရေး ယန္တရားအား ပြန်လည် သန်စွမ်းလာရေး အ တွက် အစီအစဉ်များ စတင်ရေးဆွဲလျက်ရှိသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံလောက် မည်သူမျှဆန်စားသုံးခြင်းမရှိပေ။ ကမ္ဘာပေါ်တွင် နှစ်စဉ်အမြင့်ဆုံး ဆန်စားသုံးမှုမှာ တစ်ဦးလျှင် ၂၁၀ကီလို(၄၆၀ ပေါင်) ရှိသည်။ ၎င်းသည် တိုင်းပြည်စားသုံးမှု၏ ၇၅ရာခိုင်နှုန်း ရှိသည်ဟု အစိုးရ၏ ကိန်းဂဏန်းများအရ သိရှိရသည်။

စိုက်ပျိုးရေး၊ ငါးလုပ်ငန်း ၊သစ်တောနှင့် မွေးမြူရေး အပါအဝင် လယ်ယာကဏ္ဍသည် ပြည်တွင်းအသား တင်ထုတ်လုပ်မှု၏ ၄၃ရာခိုင်နှုန်းအထိ ရှိလာ သည် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုမှာ ၇၀ရာခိုင်နှုန်းအထိရှိသည်။ သဘာဝဓာတ်ငွေ့တင်ပို့ခြင်းသည် ဒေါ်လာ၄၃ဘီလီယံ ရှိစီးပွားရေး၏ ၂၀ရာခိုင်နှုန်း သာ ရှိသည်။ မြန်မာနိုင်ငံသည် ရင်သပ်ရှုဖွယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ပြီး အစိုးရသည် ဆန်စပါး ထုတ်လုပ်မှုလုပ်ငန်း ပြန်လည် ရှင်သန်လာ ရေးအတွက် နည်းလမ်းများ ရှိသည်။

ထိပ်တန်း ဦးစားပေးရမည့် ကိစ္စမှာ လယ်သမားများအား အရည်အသွေး မြင့်မားသော မျိုစေ့များ ပိုမိုသုံးစွဲနိုင်ရေး ပေးရန်ဖြစ်သည်။ ထိုသို့ လုပ် ဆောင်ရန် Monsanto ကုမ္ပဏီနှင့် Dupont ကုမ္ပဏီများ၏ အထွက်တိုး မျိုးစေ့ဌာနများ ကဲ့သို့သော နိုင်ငံစုံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် အားပေးရမည် ဖြစ် သည်။

“တရုတ်ပြည်မှာဆို မြို့နယ်တိုင်းမှာ မျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီတွေရှိတယ်။အစိုးရက ဒီမှာလည်း ဒီလိုအားပေးမှုတွေရှိတယ်။ အစိုးရက ဒီမှာလည်းဒီလိုအားပေးမှု တွေလုပ်မှာပါ ” ဟုအမျိုးသားစီမကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးတင်နိုင်သိန်းက Ruster ပြောသည်။

မကြာသေးမီက အမေရိကန်အရေးယူမှု များဖြေလျော့ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် အခွင့်အလမ်း များရှာဖွေလျက်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Cookie Lo ကအီးမေးလ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု အကြီးအကျယ် တိုးမြှင့်ရန် မျှော်မှန်းလျက်ရှိရာ လာမည့်နှစ်တွင် အခွင့်အလမ်းများ ရှာဖွေလျက် လာမည့်နှစ်တွင် ဆန် တန်ချိန် နှစ်သန်းနှင့် ၂၀၁၅တွင် တန်ချိန် ၃သန်းအထိ  တင်ပို့နိုင်ရန်ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများအသင်း အထွေထွေ အ တွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။ ၎င်းပမာဏသည် ယမန်နှစ်က တန်ချိန်၇၇၈၀၀၀ ပို့ခဲ့ခြင်းထက်များစွာ တက်လာရမည်ဖြစ်သည်။ ယခုနှစ် တွင် ယမန်နှစ်ကထက် ယမန်နှစ်ကထက် နှစ်ဆတန်ချိန် (၁.၅) သန်းတင်ပို့ရန် မျှော်လင့်ထား သည်။သို့သော် အမေရိကန် စိုက်ပျိုးရေးဌာန သံမှူးက ၂၀၁၂ တွင် ဆန်တင်ပို့မှုများ ၂၃ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အခြားဆန်ထုတ်လုပ်သူများထံမှ တင်ပို့မှုများ တိုးလာခြင်းကြောင့် ဖြစ် သည်ဟုဆိုသည်။ လွန်ခဲ့သည့်နှစ်က ဆန်စပါးဘဏ်အသစ် ဖွင့်လှစ်ခဲ့ပြီး အကြွေးများရုန်းကန်နေရသော လယ်သမားများကို ချေးရန်ရည်ရွယ်လုပ်ဆောင် ခဲ့ သည်။

မြန်မာ့စိုက်ပျိုးရေး အများပိုင်ကုမ္ပဏီ တွင် အသေးစားချေးငွေများပေးနေသော ပြည်တွင်း သူဋ္ဌေးများ လုပ်ကိုင်နေသော စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက် မှု ဘဏ်များ  (ADCs) အပါအဝင် ရှယ်ယာရှင်(၇၆)ဦး ပါဝင်သည်။ အဆိုပါ ကုမ္ပဏီသည် မတည်ရင်းနှီးငွေ ကျပ် ၁၆ဘီလီယံ၊ ဒေါ်လာ၁၈သန်း ရှိပြီး လိုင်စင် ကျလာပါက ရှယ်ယာများကို ပြည်သူသို့ ရောင်းချမည် ဖြစ်ကြောင်း၊ ADC တစ်ခုဖြစ်သော ဧရာဝဏ်ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒါရိုက်တာမျိုးသူရအေးက ပြော ကြားခဲ့သည်။

              အဆိုပါဘဏ်သည် အင်ဒိုနီးရှားတွင် တည်ထောင်ခဲ့သော အမျိုးအစားနှင့်ဆင်တူသည်။အင်ဒိုနီးရှားနှင့် နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများကို မြန်မာနိုင်ငံက လေ့လာလျက်ရှိသည်။ အင်ဒိုနီးရှား ဘဏ်နှင့် မတူ သော အချက်မှာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း ကုမ္ပဏီကို အစိုးရက ထိန်းချုပ်မထားခြင်းပင်ဖြစ်သည်။

အစိုးရထိန်းချုပ်မထားခြင်းသည် ပြဿနာဖြစ်နိုင်ကြောင်း ဟားဗတ်တက္ကသိုလ် Ash Center မှစီးပွားရေး ပညာရှင် David Dapice က ပြောကြားခဲ့ သည်။ ၎င်းသည် ၁၉၈၀ခုနှစ်များက အင်ဒိုနီးရှားနိုင်ငံ၏ Bank Rakyat Indonesiaသည်သေးငယ်ပြီး အမြတ်ရသော ဘဏ်ခွဲများဖွင့်ရန် အကူအညီပေးခဲ့သူ ဖြစ်သည်။

“အင်ဒိုနီးရှားမှာ အစိုးရဘဏ်ဟာ ပုဂ္ဂလိကဘဏ်သစ်တစ်ခုလို ကျင့်သုံးပြီး ကောင်းစွာလုပ်ဆောင် နိုင်ခဲ့ပါတယ်။ ကျေးလက်ငွေချေးမှုဟာ အမြတ် ရရှိတဲ့ ဗဟိုဌာနဖြစ်လာပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ ကျေးလက် ကို ဝင်လာတာကို ကန့်ကွက်ဖို့မရှိပါဘူး။ ဒါပေမယ့် ကျေးလက်ဆိုတာ ကြွယ်ဝလာဖို့ လမ်း မရှိတော့ ပုဂ္ဂလိကတွေ ကယေဘုယျအားဖြင့်လက်နှေးတာကို ကျွန်တော်တို့မြင်တွေ့ရပါတယ် ”ဟု၎င်းကပြောသည်။

ADCsများသည် ၂၀၁၀-၂၀၁၁ခုနှစ်က ဒေါ်လာသန်း၁၀၀ ချေးခဲ့ပြီးနောက် ယခုနှစ်မတ်လ အကုန်တွင် ဒေါ်လာ၂၅သန်းအထိ လျော့ချခဲ့သည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန သံမှူးကပြောသည်။

လယ်သမားတွေ ရှင်သန်ဖို့ဆိုရင် အစိုးရဟာ ငွေချေးနေရုံတင် မဟုတ်ဘဲ ကျေးလက်အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံရမယ် ဆိုတာ ရယ်၊ သဘာဝကျတဲ့ ငွေလဲလှယ်မှုနှုန်း ရရှိမယ်ဆိုတာကို အင်ဒိုနီးရှားက နားလည်သဘောပေါက်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ နေသားတစ်ကျ မဖြစ် သေးပါဘူး ဟု Dapic က ပြောသည်။

ဆန်စက်များမှာလည်း နောက်ထပ်ပြဿနာ တစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံမှ ဆန်စက်များ၏ (၈၀) ရာခိုင်နှုန်းမှာ အသေးစားများဖြစ်ပြီး ခေတ်မမီ တော့သောကြောင့် နိုင်ငံတကာမှ ဝယ်ယူသူများက မျှော်လင့်သော အရည်အသွေးပြည့် ဆန်လုံးဖြူထုတ်လုပ်ရန် ရုန်းကန်နေရသည်။ရလာဒ်အားဖြင့် ဆန် စက်များသည်  ဆန်အကျိုးအကြေများကြောင့် အရှုံးပေါ်ရသည်။

အချို့ဆန်တင်ပို့သူများသည် တစ်ရက်လျှင်တန်၂၀၀ကျ ဆန်စက်အကြီးစားများ တည်ဆောက်လျက်ရှိကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။ “ကျွန်တော်တို့ တစ်နှစ်အတွင်း တန်ချိန်၂သန်းကို လျင်မြန်စွာ တိုးသွားနိုင်တယ်”ဟု၎င်းကပြောသည်။

              မြေသြဇာရောင်းချပေးရေး ကိုလည်း ၎င်းကမျှော်လင့်လျက်ရှိသည်။မြန်မာနိုင်ငံမှ လယ်ယာမြေများ သည်ဗီယက်နမ်နှင့်ထိုင်းတို့မှ လယ်ယာ မြေ များနှင့် ပမာဏတူသော်လည်း ၎င်းနိုင်ငံများ၏ မြေသြဇာသုံးစွဲမှုထက် သုံးပုံနှစ်ပုံ လျော့နည်းပြီင်္း တစ်နှစ်လျှင် တန်ချိန်တစ်သန်းသာ အသုံးပြုထားသည်။ ဓာတ်မြေသြဇာ ပိုမိုသုံးစွဲပါက များစွာအထွက်တိုးနိုင်ကြောင်း ၎င်းကပြောသည်။

“ခင်ဗျားမှန်းကြည့်ပါ။ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံ ဓာတ်မြေသြဇာ အသုံးပြုမှု အနည်းဆုံး နှစ်ဆတိုးလာပါမယ်။ သုံးဆတိုးလာရင်တောင် ကျုပ်တော့မအံ့သြဘူး။ ဒီမြေသြဇာကဏ္ဍက ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး နယ်ပယ်တစ်ခုပါ” ဟု၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ဆန်စက်မှ ထွက်ရှိသောဆန်မှာ တစ်နှစ်လျှင် တန်၁၄သန်း မှ ၁၅သန်းရှိပြီး စားသုံးမှုမှာ ၁၁သန်းမှ ၁၃သန်းအထိရှိသည်ဟု ဆန်စပါး ထုတ်လုပ်ရေးအသင်းမှပြောသည်။ ဆန်တင်ပို့ ရန်ရည်ရွယ်ထားသော ဈေးကွက်များမှာ အာဖရိက၊ဘင်္ဂလားဒေ့ရှ် ၊အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နှင့် အရှေ့တီမောတို့ ဖြစ်သည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive