Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၂.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. OIC ကရိုဟင်ဂျာများကို ကူညီမည်

(12 August 2012 ရက်စွဲပါ Bangkok Post မှ “OIC To Aid Rohengya ”ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာ မွတ်စလင်များကို ယူအေအီးနိုင်ငံက အကူအညီပေးမည်

(ယူအေအီးသတင်းစာ The News မှ 13 August 2012 ရက်စွဲပါ “UAE to Help Rohingya Muslims” ကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

OIC ကရိုဟင်ဂျာများကိုကူညီမည်

12August 2012 ရက်စွဲပါ Bangkok Post မှ “OIC To Aid Rohengya ”ကိုဘာသာပြန်ဆိုသည်။

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က၎င်းသည် လူမျိုးရေးပဋိပက္ခကြောင့် အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ရိုဟင်ဂျာမူစလင်များကို အကူအညီပေးရေးအတွက် မြန်မာနိုင်ငံထံမှ မီးစိမ်းပြမှုကို လက်ခံရရှိကြောင်း စနေနေ့ကကြေညာခဲ့သည်။

သောကြာနေ့က သမ္မတဦးသိန်းစိန်နှင့် အစ္စလာမ်အားလုံးပါဝင်သောအဖွဲ့၏ ကိုယ်စားလှယ်များ သည် ရခိုင်ပြည်နယ်မှ ဆိုးရွားသော လူသားချင်စာနာမှုဆိုင်ရာအခြေအနေများနှင့် စပ်လျဉ်း၍ စကားပြောအပြီးတွင် မြန်မာနိုင်ငံက OIC ကို သဘောတူချက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် အစ္စလာမ် လူသားချင်းစာနာသော အကူအညီပေးရေးအဖွဲ့များက ပဋိပက္ခကြောင့် ဒုက္ခရောက်ရသောသူ အား လုံးကို အကူအညီများပေးရန် ဆန္ဒရှိကြောင်း ဦးသိန်းစိန်အား ရှင်းပြခဲ့သည်။

ဆော်ဒီအာရေဗျဘုရင် Abdullah သည်စနေနေ့က ရိုဟင်ဂျာများအား ဒေါ်လာသန်း၅၀ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဆော်ဒီ၏ SPAသတင်း အေဂျင်စီက သတင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းတွင် ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်ခြင်း ၊အဓမ္မပြုကျင်ခြင်းနှင့် နေအိမ်များမှဖယ်ရှား ခြင်းများအပါအဝင်  လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ခံရသော သားကောင်များ အဖြစ်ဖော်ပြထားသည်။ နယူးယောက်အခြေစိုက် Human Rights Watch ကမြန်မာစစ်တပ်အား ရိုဟင်ဂျာများကို ပစ်ခတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများဖြင့် စွပ်စွဲခဲ့သည်။

ရိုဟင်ဂျာများမှာ ဆယ်စုနှစ်များစွာ လူမျိုးရေး ခွဲခြားဆက်ဆံမှု ခံရခြင်းကြောင့် နိုင်ငံမဲ့ဖြစ်လျက်ရှိသည်။ ကုလသမ ဂ္ဂကလည်း ၎င်းတို့ကို ကမ္ဘာပေါ် တွင် ရက်စက်စွာပြုမူခံရသော လူမျိုးအဖြစ် ရှုမြင်ထားသည်။

ယခုသွေးထွက်သံယိုမှုများမှာ မြန်မာသမ္မတ၏ ကျယ်ပြန့်စွာချီးမွမ်းခြင်းခံရသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအပေါ် အရိပ်မည်းထိုးလျက်ရှိသည်။

ကုလသမဂ္ဂက မူစလင်များအပေါ် နှိပ်ကွပ်မှုများအား စိုးရိမ်မှုများ မြင့်တက်လာကြောင်းဖော်ပြအပြီးတွင် လုံခြုံရေးတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်တွင် လူ့ အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များ ကိုပယ်ချခဲ့ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှားရှားပါးပါး ပြဿနာပြေလည်ရေး လုပ်ဆောင်ချက်အဖြစ် ဦးသိန်းစိန်သည် OIC ကိုယ်စားလှယ် အဖွဲ့ လာရောက် လည်ပတ်မှုကို ကြိုဆိုခဲ့သည်။

သမ္မတက OIC အတွင်းရေးမှူး အနေဖြင့် ရခိုင်ပြည်နယ်မှ အမှန်တရားကို မြင်တွေ့ရမည်ဟု မျှော်လင့်ကြောင်း နိုင်ငံပိုင် New Light of Myanmar ကသောကြာနေ့က သတင်းဖော်ပြခဲ့သည်။ ထိုအပြင်အိုးမဲ့အိမ်မဲ့ ဖြစ်ရသော နှစ်ဘက်စလုံးမှ လူထောင်ပေါင်းများစွာကို နေစရာ စားစရာ အကူအညီများ ပေးထားကြောင်း ဖော်ပြထားသည်။

OIC အကြီးအကဲ Ekmeleddin Ihsanoglu ကရခိုင်ပြည်နယ် မှရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ် ခြင်း၊ဖိနှိပ်ခြင်း၊များအပေါ်စုံစမ်းစစ်ဆေးရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန်အဆိုပြုထားသည်။

--------------------------------------------------------------------------------------------------------------------------------

ရိုဟင်ဂျာမွတ်စလင်များကိုယူအေအီးနိုင်ငံအကူအညီပေးမည်            

(ယူအေအီးသတင်းစာ The News မှ 13 August 2012 ရက်စွဲပါ UAE to help Rohingya Muslims ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ မွတ်စလင်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ဆူပူအုံကြွမှုများကြောင့် ဒုက္ခရောက်လျက်ရှိသော ရိုဟင်ဂျာ မွတ်စလင်များကို အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)က အကူအညီ အထောက်အပံ့များ ပေးပို့သွားမည် ဖြစ် ကြောင်းသိရသည်။

ယူအေအီးမှ ခါလီဖာဇာယက်အယ်လ်နာယန် အမည်ရ လူသားချင်းစာနာထောက်ထားသော အကူအညီများဆိုင်ရာ ဖောင်ဒေးရှင်း အနေဖြင့် မြန် မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များအတွက် အကူအညီအထောက်အပံ့များ အမြန်ဆုံးပေးပို့ရန် ယူအေအီး သမ္မတ ရှာခစ်ခါလီဖာ ဇေယက် အယ် နာယန်က သြဂုတ်လ ၁၂ ရက်နေ့တွင် အမိန့်ပေးလိုက်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီး ရှိတ်အဗ္ဗဒူလာ ဘင်ဇေယက် အယ်နာယန်က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် များအတွက် အကူအညီပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပြီး နောက်အထက်ပါအမိန့်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဖိနှိပ်မှုများမပြုလုပ်ရန် မြန်မာအစိုးရအပေါ် ဖိအားပေးသင့်သည်ဟု ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ကနိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံခဲ့သည်။ ယူအေအီးနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား မွတ်စလင်များကလည်း ရမ်ဇန်ဥပုသ်လအတွင်း မြန်မာပြည်၌ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ တင်းမာမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုကြသည်။

မောင်းတောမြို့မှ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်လာသူ နော်မိုဟာမက်ဆိုသူက "ဗုဒ္ဓဘာသာ အစွန်းရောက်တွေက ကျွန်တော်တို့ကိုလုပ် ငန်းခွင်ရှိရာ ကိုသွားခွင့်ပြုမှာ မဟုတ်သလို ဗလီလည်း တက်ခွင့်ပြုမှာမဟုတ်ဘူး။ တကယ်လို့ ကျွန်တော့်မိသားစုတွေသာ ဗလီတက်ဖို့မရမက ကြိုးစားနေ မယ်ဆိုရင် သူတို့က သတ်ဖြတ်ပစ်မှာပဲ။ အစိုးရကလည်း အဲဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်ဘူး"ဟု ပြောဆိုသည်။

"ကျွန်တော်တို့ အတော်အခက်တွေ့ နေပါတယ်။ စားစရာလည်းမရှိဘူး။ သောက်စရာ ရေလည်းမရှိဘူး။ ကျွန်တော်တို့မှာ ပိုက်ဆံရှိရင်တောင် ဘာ မှ ဝယ်လို့မရနိုင်ဘူး"ဟု ၎င်းကဆက်လက်ပြောပြသည်။

ဤအတောအတွင်း ရခိုင်ပြည်နယ် ဆူပူအုံကြွမှုများကြောင့် ထွက်ပြေးပြောင်းရွှေ့ခဲ့ကြရသော ဒုက္ခသည်များအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၃၂ဒဿမ ၅ သန်းပေးအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ(မြောက်ပိုင်း) ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လက်နက်ကိုင် သူပုန်တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက် ပြေးပြောင်း ရွှေ့နေထိုင်ခဲ့ရသူ စုစုပေါင်း ခြောက်သောင်းခန့်ရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စတင်ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် ဆူပူအုံကြွမှုကြောင့် လူပေါင်း(၇၈)ဦးခန့် သေဆုံးပြီး ၆၄၀၀၀ကျော် ထွက်ပြေး ပြောင်း ရွှေ့ခဲ့ကြရသည်။ အဆိုပါ ပဋိပက္ခတွင်း ဒုက္ခရောက်ခဲ့သည့် ရိုဟင်ဂျာ မွတ်စလင် လူနည်းစုအတွက် ကူညီထောက်ပံ့ကြေး ဒေါ်လာ သန်း ၅၀ ပေးပို့ မည် ဖြစ်သည်ဟု ဆော်ဒီအာရေဗျနိုင်ငံက ကြေညာထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားသော အကူအညီများဆိုင်ရာအဖွဲ့က ပဋိပက္ခဖြစ်ပွားသော နေရာဒေသများသို့ အကူအညီပေးရေး အေဂျင်စီများအား ကောင်းမွန်စွာ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် မြန်မာအစိုးရကို တောင်းဆိုထားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၂.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ

( 12 August 2012 ရက်စွဲပါ Channel News Asia မှ Suu Kyi Meets Myanmar President ကိုဘာသာပြန်ပါသည်)             

  1. အေးစက်စက်အကျင့်၊ ရွှေနှင့်အရာအားလုံး ရောသမမွှေကာ ပေါ်ပြူလာဖြစ်နေသောမြန်မာနိုင်ငံ

( WA Today မှ 11 Aug 2012 ရက်စွဲပါ “ Burma Comes In Fom Coal, Gold and All” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

  1. ကယ်ဆယ်ရေးအေဂျင်စီများ ပိုမိုလွတ်လပ်စွာ သွားရောက်ခွင့်ပေးရန် မြန်မာကိုတောင်းဆို

Jurist News မှ 10 August 2012 ရက်စွဲပါ “UN Humanitarian Chiefs Call On Myanmar To Increase Access For Aid Agencies ”သတင်းကို ဘာသာပြန်ဆိုသည်။

*****************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ

( 12 August 2012 ရက်စွဲပါ Channel News Asia မှ Suu Kyi Meets Myanmar President ကိုဘာသာပြန်ပါသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးကတည်းက တနင်္ဂနွေနေ့က သမ္မတနှင့် ပထမဆုံး အကြိမ် တရားဝင် တွေ့ဆုံခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့ အစောပိုင်းက ဦးသိန်းစိန်နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့ကြောင်း သမ္မတရုံးမှ ဦးဇော်ဌေး၏ အဆိုအရ သိရှိရပါသည်။ ဆွေးနွေးသော အကြောင်းအရာ အသေးစိတ်ကိုမူ အသေးစိတ်ပြောကြား ခြင်းမရှိပေ။

ထိုသို့တွေ့ဆုံရာတွင် တက်ရောက်သူများအနက် တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းရာတွင် အဓိက ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းလည်း ပါဝင်ကြောင်း ၄င်းကဖြည့်စွက်ပြောပါသည်။ ယခုတွေ့ဆုံမှုမှာ တတိယအကြိမ် တရားဝင်တွေ့ဆုံမှု ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစု ကြည်မှာ ပြည်သူ့လွှတ်တော်၏ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ရာ အဖမ်းဆီးခံ အစိုးရဆန့်ကျင်သူအဖြစ်မှ ပြုပြင်ပြောင်းလဲရေး အဖူး အ ညွှန့် ကာလတွင် အဓိကပုဂ္ဂိုလ် တစ်ဦးအဖြစ် ပါဝင်လာသည်မှာ ကြီးမားသောပြောင်းလဲမှုပင်ဖြစ်ပါသည်။

သူသည်ပြီးခဲ့သည့်လက လွှတ်တော်တွင်ပြောကြားခဲ့ရာ၌ နှစ်ဖက်ပဋိပက္ခဒဏ်ကိုခံခဲ့ကြရသော တိုင်းရင်းသားများ ၏ ပိုင်ခွင့်များကို အကာအကွယ် ပေးမည့် ဥပဒေတောင်းဆိုခဲ့ပါသည်။

မြန်မာနိုင်ငံတွင် စစ်မီးစစ်လျှံများမှာ လုံးဝပြီးဆုံးခြင်း မရှိသေးကြောင်း ကချင်ပြည်နယ်မှ တိုက်ပွဲများကြောင့် လူများထောင်သောင်းချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ရသည်ကို တွေ့နေရကြောင်း သူကသတိပေး ပြောကြားခဲ့ပါသည်။

မကြာမီက ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာတိုင်းရင်းသားရခိုင်များနှင့် မူဆလင်ရိုဟင်ဂျာများကြားတွင် ရန်ပွဲများဖြစ် ပွားခဲ့ရာဒါဇင်ပေါင်းများစွာ သေ ဆုံးပြီး၊ ထောင်သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ရှစ်သိန်းခန့်ကို ထောက်ခံခြင်းမရှိမှုကြောင့် အချို့လူ့အခွင့်အရေး လှုပ်ရှားသူများကို စိတ်ပျက် စေပါသည်။ ကုလသမဂ္ဂကလည်း ရိုဟင်ဂျာများကို ကမ္ဘာပေါ်တွင် အနှိပ်စက်ခံရဆုံး လူမျိုးစုများအဖြစ် ဖော်ပြခဲ့ပါသည်။

အဆိုပါပဋိပက္ခနှင့် ပက်သက်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ ဖိအားပေးမှုကိုခံရပါသည်။ ကုလသမဂ္ဂက မူဆလင်များကို နှိပ်ကွပ်မှုအတွက် စိုး ရိမ်ပူပန်မှုများ ရှိကြောင်းပြောကြားခဲ့ပြီး၊ Human Rights Watch ကလည်း လုံခြုံရေး တပ်ဖွဲ့များသည် ထိုဒေသတွင် လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိ ကြောင်း စွပ်စွဲချက်များပါသည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါ သည်။

အစိုးရက အဆိုပါ စွပ်စွဲချက်များကို ငြင်းပယ်ခဲ့ပြီး၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) က ထိုဒေသများတွင် အကူအညီပေးရေးကို ခွင့်ပြု ခဲ့ကြောင်း ထိုအဖွဲ့က စနေနေ့က ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------------------------

အေးစက်စက်အကျင့်၊ ရွှေနှင့်အရာအားလုံး ရောသမမွှေကာ ပေါ်ပြူလာဖြစ်နေသောမြန်မာနိုင်ငံ

( WA Today မှ 11 Aug 2012 ရက်စွဲပါ “ Burma Comes In From Cold, Gold and All” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

အရေးယူခံ(Sanction) ကာလအလွန် မြန်မာနိုင်ငံတွင် စီးပွားရေးတံခါး ဖွင့်ပေးနေပြီဖြစ်၍ နိုင်ငံ၏ မတို့မထိရသေးသော ဓာတ်သတ္တု သယံဇာတ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို သြစတြေးလျကုမ္ပဏီများ မျှော်ကြည့်နေကြပြီ။

နိုင်ငံ၏ ကြွယ်ဝလှသော ဓာတ်သတ္တုဆိုက်များကို သော့ဖွင့်ရန် ဆန္ဒပြင်းပြနေကြသည့် သြစတြေးလျ သတ္တုသိုက်သမားမျာ၏ အပြိုင်အဆိုင် စိတ် ၀င်စားမှုကိုလည်း ခံယူနေရသည်။

အရှေ့တောင်အာရှမှ အဆင်းရဲဆုံး မြန်မာနိုင်ငံသည် ရှည်လျားသော ကျောက်မျက်သတ္တုတူးဖော်မှု သမိုင်းကြောင်း ရှိခဲ့သော်လည်း အရာ မယွင်း သေးသည့် ဓာတ်သတ္တုသယံဇာတများကို အလုပ်ဖြစ်သော စီးပွားရေးစီမံကိန်းများအဖြစ် အသွင်ပြောင်းရန်အတွက် လိုအပ်သည့် ငွေအရင်းအနှီး သတင်း အချက်အလက်၊ နည်းပညာနှင့် မရှိမဖြစ် အခြေခံစနစ် များချို့တဲ့မှုကြောင့် ယင်း၏တန်ဘိုးကြီးဓာတ်သတ္တု သယံဇာတသိုက်များမှာ မူလပကတိနီးပါး ကျန်ရှိ နေသည်။

သြစတြေးလျအငယ်တန်း ရှာဖွေရေးကုမ္ပဏီများဝင်ရောက်လာ

ရန်ကုန်မြို့တော်တွင် ကျင်းပသည့် Myanmar Mining Summit သို့ မကြာသေးမှီက တက်ရောက်ခဲ့သော သြစ တြေးလျ သတ္တုတွင်း သမား များ ထဲမှGlobal Resources Corporation ဥက္ကဌ စတီဖင်အီဗရက် က“ သြစကြေးလျရဲ့စွန့်ဦးတီထွင် အငယ်တန်းကုမ္ပဏီ တွေဟာ ဝေးလံခက်ခဲတဲ့ ဒေသ တွေကို ပထမဆုံးရောက်လာတတ်သူတွေဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် စစ်အုပ်ချုပ်ရေး ခေတ်ကာလအတွင်း တပ်မတော်အစိုးရ၏ တစ်လွဲတစ်ချော် စီမံခန့်ခွဲမူများနှင့် နိုင်ငံတကာ အရေးယူဒဏ်ခတ်မူ Sanctions များက မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်ပြိုလဲစေခဲ့သည်။

သို့သော် အရပ်သားတစ်ပိုင်းအစိုးရအဖြစ် အသွင်ပြောင်းခြင်းနှင့် Sanctions မျိုးစုံဖြေလျှော့ပေးခြင်းတို့ကြောင့် ယခုအခါ အနောက်နိုင်ငံ ရင်းနှီး မြှုပ်နှံသူများထံမှ စိတ်ဝင်စားမှုများ လျှံထွက်လာသည်ကို တွေ့မြင်နေရလေပြီ။ သြစတြေးလျ၏ အကြီးဆုံးရွှေထုတ်လုပ်သူဖြစ်လာစေရန် မကြာသေးမှီက St Barbara နှင့်ပူးပေါင်းလိုက်သော Allied Gold ကုမ္ပဏီ၏ လုပ်ငန်းတစ်ခုဖြစ်သော Mineral Comodities မှအထွေထွေမန်နေဂျာ နီကိုလပ်စ်ပိုရီက မြန်မာ နိုင်ငံသို့ဝင်ရန် ၄င်း၏ကုမ္ပဏီ အဆင်သင့်ဖြစ်နေပြိဟု ပြောကြားခဲ့သည်။

“ဒီဒေသရဲ့ဘူမိဗေဒသွင်ပြင်ကို ကျွန်တော်တို့လေ့လာပြီးပါပြီ။ဒါနဲ့ပက်သက်လို့ ကျွန်တော်တို့အရမ်းစိတ်လှုပ်ရှား နေကြပါတယ်။မြန်မာနိုင်ငံကို သွားဖို့အချိန်တန်ပြီလို့ထင်ပါတယ်။စောလေကောင်းလေပေါ့ဗျာ။” ဟု ၄င်းကဆိုပါသည်။

ယခင် Rio Tintoမှ သတ္တုတွင်းပြန် အိုဝင်ဟီဂတ်တီက “၄င်း၏ကုမ္ပဏီ Tigers Redm Groupသည်လည်း အလားအလာရှိသော ကြေးနီနှင့် ရွှေသ တ္တုသိုက်များကို လေ့လာပြီးသွားပြီ”ဟု ပြောကြားသည်။

“ကျွန်တော်တို့ Tigers အုပ်စုက မြန်မာနိုင်ငံက အခွင့်အလမ်းတွေကို အကြိုလေ့လာမှုပြုလုပ်နေပါတယ်။အရင်က လည်း လေ့လာခဲ့ဘူးလို့ ဒီဒေသအကြောင်း ကောင်းကောင်းသိထားပါတယ်။ကြေးနီနဲ့ရွှေရဲ့ မျှော်လင့်ချက်ဟာ သိပ်ကို ဆွဲဆောင်အားကောင်းနေပါတယ်”ဟု အိုဝင်ဟီဂတ်တီက ဆိုသည်။

လောလောဆယ် အကြီးစားနိုင်ငံတကာ ကော်ပရေးရှင်းကြီးများရောက်မလာသေးခြင်းကလည်း အငယ်တန်း ကုမ္ပဏီလေးများလုပ်ခွင့်သာအောင် ဖန်တီးပေးထားပါသည်။

ရွှေသည် မြန်မာနိုင်ငံတွင် အငယ်တန်းကုမ္ပဏီများ ရှာဖွေနေကြသော အရာဖြစ်သည်။ ကနေဒါကုမ္ပဏီ တစ်ခုကလည်း တူးဖော်ခွင့် ပါမစ်ရ သည် နှင့်တစ်ပြိုင်နက် ပြေးလမ်းကို ဦးဆောင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

ကနေဒါသတ္တုတွင်းကုမ္ပဏီ Northquest ၏ဥက္ကဌ ဂျွန်နော့သ်က“ မြန်မာနိုင်ငံသည် ဘူမိရူပဆိုင်ရာ အချက်အ လက်မရှိသည့်အပြင် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်ကပင် ဘူမိဗေဒ စစ်ဆေးတိုင်းတာမှုများ ရပ်ဆိုင်းသွားခဲ့ခြင်းကြောင့် ယခုအချိန်ထိ ကြီးကြီးမားမား ရွှေရှာဖွေတွေ့ရှိမှုများမရှိခဲ့” ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံသည် တွေ့စမြင်စမှာပင် ရွှေရောင်အခွင့်အလမ်းများ ဖိတ်ဖိတ်လက်နေသော်ငြားလည်း အပြေးဝင်ကြ မည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တင်းကြပ်သောစည်းကမ်းဘောင်များ၊ မစမ်းသပ်ရသေးသော တရားဥပဒေစနစ်နှင့် ဗျူရို ကရေစီကြိုးနီအထပ်ထပ်တို့ကို ညှိနှိုင်းရှင်းလင်းကြရပေလိမ့်မည်။

“မြန်မာနိုင်မှာ စီးပွားရေးလုပ်ဖို့ ဘယ်လောက်ခက်တယ်ဆိုတာကို ရင်းနှီးမြှုပ်နှံသူအတော်များများ အံ့အားသင့် သွားကြပါတယ်။ အခြေခံ စနစ် နိမ့်ကျမှု၊ ကန့်သတ်ချုပ်ချယ်ထားတဲ့ တရားဥပဒေနဲ့စီးပွားရေးအခြေအနေစတဲ့ အကြောင်းရင်း တွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိက အတားအဆီးတွေဖြစ်နေပါတယ်” ဟု သြစတြေးလျ Macquarie University မှ မြန်မာ့စီးပွားရေး လေ့လာသူ ဂျာရတ်ဘက်ဆင်ဂါ ကထောက်ပြပြောဆို သည်။

မြန်ဆန်စွာ ပြုပြင်ပြောင်းလဲနေသည်ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဂတိလိုက်စားမှု အများဆုံးဟု Transparency Interna- tional က သတ်မှတ်ထားသည်။

သတ္တုတွင်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံးအတားအဆီးမှာ အပေါ်စီးယူထားသော ထုတ်လုပ်မှု ခွဲဝေ ရေးကန်ထရိုက် စည်းကမ်းဖြစ်ပြီး ကုမ္ပဏီနှင့် အစိုးရအကြား ၃၀း၇၀ရာခိုင်နှုန်း အချိုးဖြင့် ခွဲဝေရန် သတ်မှတ်ထားသည်ဟု ရင်းနှီးမြှုပ်နှံသူများက ပြောကြားသည်။ မြန်မာအစိုးရသည် ရှယ်ယာ ပါတနာအနေဖြင့် လုပ်ဆောင်ခြင်းမရှိသော်လည်း မူပိုင်ကြေးနှင့် အခွန်အခများအပေါ်မှ ကြီးမားသော အမြတ်ဝေစုကို ရယူထားပါသည်။

“ဒီလိုစည်းမျဉ်းတွေက ခင်ဗျားကို ပိုက်ဆံတွေပုံပြီးရင်းလိုက်၊ ထုတ်လုပ်တူးဖော်မှုလုပ်ငန်းတွေကို စွန့်စားပြီးလုပ်လိုက်၊ပြီးရင်တော့ အစိုးရဆီကို အမြတ်ဝေစု အလကားပေးလိုက်လို့ ဆိုလိုတာပါပဲ” “ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလို အခြေခံပုံစံနဲ့တော့ ပမာဏများများ ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး” ဟု မစ္စတာအီဗရက်က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသည် ရွှေနှင့်ကျောက်မီးသွေးကဲ့သို့သော သယံဇာတအရိုင်းများကို ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားပြီး ကျောက်မျက်ကဏ္ဍတွင်လည်း နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုပါ။ ၄င်းအတားအဆီးများနှင့်တရားဥပဒေ၊ အခြေခံစနစ်များချို့တဲ့မှုတို့ ပေါင်းစပ်လိုက်သောအခါတွင်မူ နိုင်ငံတကာမှ စိတ်ဝင်စား နေကြသော ကုမ္ပဏီများစွာအဖို့ “စောင့်ကြည့်” နည်းလမ်းကိုသာ ချမှတ်ကျင့်သုံး ကြရတော့မည် ဖြစ်ပေသည်။

----------------------------------------------------------------------------------------------------------------------------

ကယ်ဆယ်ရေးအေဂျင်စီများ ပိုမို လွတ်လပ်စွာသွားရောက်ခွင့် ပေးရန်မြန်မာကိုတောင်းဆို

Jurist News မှ 10 August 2012 ရက်စွဲပါ “UN Humanitarian Chiefs Call On Myanmar To Increase Access For Aid Agencies ”သတင်းကို ဘာသာပြန်ဆိုသည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်မှု ဌာန UNOCHA ကမြန်မာနိုင်ငံတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ ငါးသိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီ မလုံလောက်ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးအေဂျင်စီများ အားပို မို လွတ်လပ်စွာ သွာရောက်ခွင့်ပြုရန် တောင်းဆိုလိုက်သည်။

၎ရက်ကြာ မြန်မာခရီးစဉ်တွင် UNOCHA စီမံကိန်းဒါရိုက်တာ ဂျွန်ဂျင်က မြန်မာအာဏာပိုင်များ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှ ထွက်ပေါ်လာသော ရလာဒ်များကို အသိအမှတ်ပြုပါကြောင်း သို့သော် သိသာထင်ရှားသော လူသားချင်စာနာမှုဆိုင်ရာ လိုအပ်ချက်များကု ဖြေရှင်းဖို့ ရှိနေသေးကြောင်း ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်မှ အရေးပေါ်စာန်ာမှု အကူအညီလိုအပ်နေသော အိုးမဲ့အိမ်မ့ ပြည်သူများထံ ကယ်ဆယ်ရေး အေ၈ျင်စီများ သွားရောက်ခွင့် ပိတ်ပင်ခံထားရကြောင်း သတိပေးပြောဆိုသည်။

စိတ်ခံစားချက်များ ပြင်းထန်ခြင်း နှစ်ပေါင်းများစွာမကျေလည်ခြင်း နှင့်လတ်တလော အကြမ်းဖက်မှုများက နှစ်ဖက်အသိုင်းအဝန်းအတွင်း စိုးရိမ်မှု နှင့်ဒေါသတွဲဖက်သွားအောင် လှုံ့ဆော်ပေးခဲ့သည်။ ဤအခြေအနေတွင် ဒုက္ခသည်များအရေးတကြီးလိုအပ်နေသော အကူအညီများ ပြည့်မီရေးနှင့် တစ်ချိန်တည်းတွင် နောင်ကာလ၌ အပြန်အလှန်အကြမ်းဖက်မှုများ နောက်ထပ်မဖြစ်ပွားအောင် တားဆီးရန်အတွက် အခြေခံကျသော ပြဿနာများကို ဖြေ ရှင်းရန်အတွက် အခြေခံကျသော ပြဿနာများကို ဖြေရှင်းရေးသည် အလွန်အမင်း အရေးကြီးသည်။

ဂျွန်ဂင်က ပတ်သက်နေသော အုပ်စုများအား တရားဥပဒေစိုးမိုးမှုကို လေးစားကြရန်နှင့် လက်နက်ကိုင် အကြမ်းဖက်မှုများအား ငြိမ်းချမ်းသော နည်း လမ်းဖြင့် ဖြေရှင်းကြရန် တောင်းဆိုသည်။ ထို့အပြင် မြန်မာအာဏာပိုင်များ  မကြာသေးမီက ဖမ်းဆီးထိန်းသိမ်းထားသည့် ကုလသမဂ္ဂနှင့် အင်ဂျီအိုအဖွဲ့များ မှ ကယ်ဆယ်ရေး ဝန်ထမ်း၁၄ဦး ကိုအမြန်ဆုံးပြန်လွှတ်ပေးရန် ဂျွန်ဂျင်ကတောင်းဆိုလိုက်ပြီး ဒုက္ခသည်များ အရေးပေါ်လိုအပ်နေသော အမိုးအကာ စားနပ် ရိက္ခာ၊ ရေနှင့်သန့်ရှင်းရေး ကိစ္စရပ်များအား ဒီဇင်ဘာလကုန်အထိ ကူညီထောက်ပံ့နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၃၂.၅သန်း ပံ့ပိုးကြရန် အလှူရှင်များ ကို တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံက လူမျိုးကွဲဘာသာကွဲ အသိုင်အဝိုင်းများအကြား ငြိမ်းချမ်းရေးတည်ဆောက်ရန် သမ္မတဦးသိန်းစိန်က ကြိုးပမ်းလျက် ရှိသော်လည်း လူ မျိုးကွဲဘာသာကွဲ အကြမ်းဖက်မှု အဓိကရုဏ်းကို ဖြေရှင်းရာတွင် အောင်မြင်မှု မရသောကြောင့် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်မှုများကို လက်ယပ်ခေါ်သလို ဖြစ်စေခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန် အထက်လွှတ်တော် ကော်မတီက မြန်မာထွက်ကုန် တင်သွင်းမှု တားမြစ်ချက်ကို ထပ်မံသက်တမ်းတိုးခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်တွင် Human Rights Watchက ၅၆မျက်နှာပါသော အစီရင်ခံစာ ထုတ်ပြန်ကာ ရိုဟင်ဂျာ မူစလင်များအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့ များက လု့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲခဲ့သည်။

ဇူလိုင်လတွင် ကုလသမဂ္ဂ  လူ့ခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီင်္ပီလေက ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဓိကရုဏ်းနှင့် လူ့အခွင့်အရေး ချိုး ဖောက်မှုများ  အပေါ်စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Amnesty Internationalကလည်း ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာပြီး နောက်ပိုင်း နှစ်ဖက်အုပ်စုအများ အကြမ်းဖက်မှု ပိုမိုကြီးထွားလာသည်ဟု ပြီးခဲ့သော သီတင်းပတ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ပြင်ရခိုင်ပြည်နယ် တွင် ကုလသမဂ္ဂနှင့် ကယ်ဆယ်ရေးဝန်ထမ်း၁၀ဦး အထိန်းသိမ်းခံနေရပြီး (၃)ဦးမှာ ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင်လဆန်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive