Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

တရုတ်က မြောက်ကိုရီးယားနှင့်စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုး

(14 August 2012 ရက်စွဲပါ BBC News မှ  China signs new economic deals with North Korea ကိုဘာသာပြန်သည်)

***********************************************************

ဘာသာပြန်သတင်းများ

တရုတ်က မြောက်ကိုရီးယားနှင့်စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုး

(14 August 2012 ရက်စွဲပါ BBC News မှ  China signs new economic deals with North Korea ကိုဘာသာပြန်သည်)

တရုတ်နိုင်ငံသည် အကြီးတန်း ပြုံယမ်းအစိုးရ တာဝန်ရှိသူတစ်ဦး Beijingသို့ လာရောက်လည်ပတ်စဉ်အတွင်း မြောက်ကိုရီးယားနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းမြှင့်တင်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်ဟု တရုတ်ကပြောကြားခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားရာတွင် အဆိုပါသဘောတူညီချက်တွင် အထူးစီးပွားရေးဇုန်နှစ်ခု ဖော်ဆောင်ရေးလည်း ပါဝင် ကြောင်းပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un၏ ဦးလေးတော်သူ Chang Song-taek တရုတ်နိုင်ငံသို့သွား ရောက် လည်ပတ်စဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် Kim Jong-unအပေါ် အဓိကသြဇာရှိသူဟု ယုံကြည်ရသည်။

တချိန်တည်းမှာပင် ဂျပန်နိုင်ငံကလည်း ၎င်းသည် ယခုလတွင်မြောက်ကိုရီးယားနှင့် စကားပြောမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်နှင့် မြောက်ကိုရီးယားတို့၏ အစိုးရအဆင့်စကားပြောမှုသည် လေးနှစ်အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း တိုကျိုမှ အစိုးရတာဝန်ရှိသူများက ပြောသည်။

စီးပွားရေးဆိုင်ရာပြဿနာများ

တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားရာတွင် စီးပွားရေးဇုန်နှစ်ခုကို ကြီးကြပ်ရန် စီမံခန့်ခွဲမှုကော်မတီတစ်ခုကို မြောက် ကိုရီးယားနှင့်အတူ ဖွဲ့စည်းမည်ဟု ဆိုသည်။

အထူးစီးပွားရေးဇုန်နှစ်ခုအနက် တစ်ခုမှာ မြောက်ကိုရီးယား အရှေ့ဖက်ကမ်းရိုးတန်းရှိ Rasonတွင်တည်ရှိပြီး၊ အခြားတစ်ခုမှာ တရုတ်နှင့်နယ်စပ် Hwanggumphyoungတွင်ရှိသည်။ နှစ်နိုင်ငံစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လျှပ်စစ်ဓါတ်အားပေးရေးတို့အတွက်လည်း သဘောတူည်ီချက်လက် မှတ်ရေးထိုးခဲ့သည်။

Chang Song-taekသည် ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း Kim Jong-il ၏နှမဖြစ်သူနှင့် လက်ထပ်ထားသူဖြစ်ပြီး ဆင်းရဲမွဲတေနေသော တိုင်း ပြည်တွင် စီးပွားရေးပြဿနာများကို ကိုင်တွယ်လိုသည့် လက္ခဏာပြသည့် အချိန်၌ ၎င်းBeijingသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

၎င်းမှာ အာဏာရှိသော အမျိုးသားကာကွယ်ရေးကော်မရှင်၏ ဒုတိယဥက္ကဌအဖြစ် ၂၀၀၉ခုနှစ်တွင် ခန့်အပ်ခံရသည်။ ထိုမတိုင်မီကလည်း ပါတီ တွင် ကြီးမားသော နေရာအတော်များများ ရရှိထားခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၅.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာများအတွက် စာသင်ကျောင်းများ ဖွင့်ပေးမည်ဟု သမ္မတက VOA သို့ပြောကြား

(VOA News မှ 14 August 2012 ရက်စွဲပါ “Burma’s President Tells VOA He Will Open Schools for Rohingya” သတင်းကို ဘာ သာ ပြန်ဆိုသည်။)

  1. အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားရာဒေသသို့ မစ်ရှင်များသွားရောက်နိုင်ခြင်းကို ကုလကိုယ်စားလှယ် ကြိုဆို

(UN News Centre မှ 14 Aug 2012 ရက်စွဲပါ “Myanmar: UN envoy welcomes mission to area affected by ethnic violence” သတင်း ကို ဘာသာပြန်ဆိုသည်။)

  1. ဖွံ့ဖြိုးရေးဘဏ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်

(The Nation သတင်းစာမှ 13 August 2012 ရက်စွဲပါ Development banks back Myanmar for credit ကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းနိုင်ငံ၏ Reuters မှ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျ

(14 August 2012 ရက်စွဲပါ Reuters မှ Thai Ratchaburi eyes investments in Myanmar, Cambodia ကို ဘာသာပြန်ပါသည်။)

*****************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာများအတွက် စာသင်ကျောင်းများ ဖွင့်ပေးမည်ဟု သမ္မတက VOA သို့ပြောကြား

(VOA News မှ 14 August 2012 ရက်စွဲပါ “Burma’s President Tells VOA He Will Open Schools for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ဖိနှိပ်နေသည်ဟု စွပ်စွဲနေကြသော  ရိုဟင်ဂျာ မူစလင်များ၏ ပညာရေး တိုးတက်စေရန် စာသင်ကျောင်းများ ဖွင့်လှစ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

VOA မြန်မာပိုင်း အစီအစဉ်မှူး ဦးသန်းလွင်ထွန်းနှင့် နေပြည်တော်တွင်ပြုလုပ်သော အင်တာဗျူးတွင် သမ္မတဦးသိန်းစိန်က “မတူကွဲပြားသော အ သိုင်းအဝိုင်းများ အလိုက်သင့် နေထိုင်၍ လူအခွင့်အရေး လေးစားမှုရှိရန်အတွက် ပညာရေးသည် အရေးပါကြောင်း ” ပြောကြားခဲ့ခြင်းဖြစ်သည်။

                ဘင်္ဂါလီများ ရိုဟင်ဂျာများသည် ဘာသာရေးသင် ကျောင်းများသာရှိကြပြီး စစ်မှန်သောပညာရေး အစီအစဉ်မရှိဟု ၎င်းကဆိုသည်။ “ဒါ့ကြောင့်သူတို့ အတွက် စာသင်ကျောင်းတွေ ဖွင့်ပေးပြီး ခေတ်မီပညာရေးကိုပေးမယ်။ သူတို့ပညာတတ်လာမယ်ဆိုရင် ပိုမိုတွေးခေါ်တတ်လာပြီး အမှားအမှန်ကို ဆုံးဖြတ်နိုင် ပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်း၌ နေထိုင်သော ရိုဟင်ဂျာမူစလင် ခန့်မှန်းခြေ ၈သိန်းခန့်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ မြန်မာပြည် သူအများစုကလည်း ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသော ဘင်္ဂါလီများဟု သတ်မှတ်ထားကြသည်။

ရိုဟင်ဂျာပြဿနာနောက်ပိုင်း ဖွဲ့စည်းထားသော ဗြိတိသျှ အခြေစိုက် Restless Beings အုပ်စုကို ထူထောင်သူ ဒါရိုက်တာ မာဘရားအာမက်က ဦး သိန်းစိန်၏ စာသင်ကျောင်းအစီအစဉ်ကို ကြိုဆိုထောက်ခံသော်လည်း လူမျိုးရေးခွဲခြားမှု ရှိနိုင်ကြောင်း သတိပေးသည်။

ထို့ပြင် နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများ အနေဖြင့် မြေပိုင်ဆိုင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ကိစ္စများ ဆောင်ရွက်ရန်များစွာ အခက်အ ခဲရှိနေသည်ဟု မားဘရားအာမက်က ဆိုပါသည်။

“ယေဘူယျအားဖြင့်တော့ လူတိုင်းတန်းတူညီမျှအခွင့်အရေး ရှိပြီး မျိုးရိုးစဉ်ဆက်ဗမာ၊ တိုင်းရင်းသားဗမာ၊ ဘိုးစဉ်ဘောင်ဆက်ဗမာအစရှိတဲ့ လူမျိုး ရေးခွဲခြားမှုတွေ မရှိစေဖို့ ဥပဒေတစ်ရပ်လုံးကို ပြန်လည်သုံးသပ်သင့်ပါတယ် ” ဟု အာမက်ကပြောကြားသည်။

ထို့ပြင်နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မြေပိုင်ဆိုင်ခွင့်၊ လက်ထက်ထိမ်းမြားခွင့် ကိစ္စများဆောင်ရွက်နိုင်ရန် များစွာအ ခက်အခဲများ ရှိနေသည်ဟု မားဘရားအာမက်က ဆိုသည်။

မြန်မာနိုင်ငံမှ တပ်မတော်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ပြောင်းမှုသည် ကောင်းမွန်သော အပြုသဘောဆောင်ရွက်ချက်ဖြစ်ပြီး သမ္မတ၏ အင် တာဗျူးသည် မြန်မာအစိုးရအကြီးအကဲက VOAသတင်းဋ္ဌာနကို ပထမဆုံးခွင့်ပြုသော အင်တာဗျူးလည်းဖြစ်သည်။

ယခင် တပ်မတော်အစိုးရဟောင်း လက်ထက်တွင် VOAကို ကောလဟာလသတင်းများ ဖြန့်ချိသည်ဟု စွပ်စွဲ၍ ပိတ်ပင်ထားခဲ့ဘူးသည်။ မကြာသေး မီက ဖြစ်ပွားသော ရခိုင်ပြည်နယ်မှ အဓိကရုဏ်းအပေါ် နိုင်ငံခြားစုံစမ်းစစ်ဆေးမှု မှန်သမျှကို မြန်မာနိုင်ငံက ကန့်ကွက်သည်ဟု သမ္မတကထပ်မံ ပြောကြား သည်။

ထို့ပြင် အဓိကရုဏ်း ဘေးဒဏ်သင့် ဒုက္ခသည်များကို အစိုးရက အကူအညီများ ပေးအပ်နေကြောင်း လူပေါင်း၈၀ခန့် သေဆုံးခဲ့ရသော အကြမ်းဖက် မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုထားပြီးဖြစ်ကြောင်း ပြည်တွင်းဆူပူ အကြမ်းဖက်ဖြစ်စဉ်ကို စုံ  စမ်းစစ်ဆေးရန် မလိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ရှင်းလင်းပြောဆိုသွားသည်။

-------------------------------------------------------------------------------------------------------------------------------

 အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားရာဒေသသို့ မစ်ရှင်များသွားရောက်နိုင်ခြင်းကို ကုလကိုယ်စားလှယ် ကြိုဆို

(UN News Centre မှ 14 Aug 2012 ရက်စွဲပါ “Myanmar: UN envoy welcomes mission to area affected by ethnic violence” သတင်းကို ဘာသာပြန်ဆိုသည်။)

လူ့အသက်များသေဆုံး၍ ထောင်ပေါင်းများစွာ အိုးမဲ့၊အိမ်မဲ့ ဖြစ်စေခဲ့သော အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားရာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ မကြာသေးမီက သွားရောက်ခဲ့ကြသည့် တူရကီနိုင်ငံခြားရေးဝန်ကြီး၏ မစ်ရှင်နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) တို့၏မစ် ရှင်တို့ကို ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ယနေ့ပြောကြားသည်။

မြန်မာအစိုးရ၏ ဖိတ်ကြားမှုအရ ရောက်ရှိလာသော တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတိုဂလူး၏ အချက်အလက်လေ့လာရေး ခရီးစဉ်အပေါ် ကုလအတွင်းရေးမှုးချုပ်၏ အထူးအကြံပေး ဗီဂျေးနမ်ဘီယာက “ဒီလိုအပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံမှာ စတင်နေတဲ့ ဒီမိုကရေ စီ ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုပါလိမ့်မယ်”ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်း၌ ဗုဒ္ဓဘာသာရခိုင်များနှင့် မွတ်ဆလင် ရိုဟင်ဂျာများ အကြားမကြာာသေးမီက ဖြစ်ပွားခဲ့သော အပြန်အလှန် အကြမ်းဖက် မှု ဖြစ်စဉ်တွင် အနည်းဆုံးအားဖြင့် အရပ်သားများ ဒါဇင်နှင့်ချီ၍သေဆုံးကာ ရာပေါင်းများစွာသော နေအိမ်များ ပျက်စီးဆုံးရှုံးပြီး လူထောင်ပေါင်းများစွာကို အိုးမဲ့၊အိမ်မဲ့ ဖြစ်သွားစေခဲ့သည်။

တူရကီနိုင်ငံကပေးအပ်သော ကယ်ဆယ်ထောက်ပံ့မှု ပစ္စည်းများကို ဖြန့်ဝေပေးနေသည့် ရခိုင်ဒုက္ခသည်စခန်းများနှင့် ရိုဟင်ဂျာဒုက္ခသည် စခန်းများ သို့သွားရောက်ကြည့်ရှုသော တူရကီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံက ကုလသမဂ္ဂ အကူအညီအပြင် ပထမဆုံးလက်ခံခဲ့သော ပြင်ပအကူအညီဖြစ် သည်ဟု နမ်ဘီယာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာအစိုးရက သူ့ရဲ့ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို တိုက်ဖျက်ရာမှာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုလားတယ်ဆိုတာကို ဒီခ ရီး စဉ်တွေက ပြသနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်နဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့ မြန်မာအာဏာပိုင်တွေနဲ့ အဆက်မပြတ် အဆက် အသွယ်ရှိနေပါတယ်” ဟု မစ္စတာ နမ်ဘီယာက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သော အပတ်အတွင်း မြန်မာနိုင်ငံ ၄ ရက်ခရီးစဉ် အပြီးတွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန(OCHA) ဒါရိုက် တာ ဂျွန်ဂင်က မြန်မာနိုင်ငံတွင် အိုးမဲ့၊အိမ်မဲ့ဖြစ်နေသော ပြည်သူသန်းဝက်(၅သိန်းကျော်ခန့်) ရင်ဆိုင်နေရသော ပြဿနာများ ကြီးထွားနေကြောင်း၊ သတိပေး ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးအေဂျင်စီများအား နေရာအနှံသွားရောက်ခွင့်ပေးရန် တောင်းဆိုထားပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို မနှစ်ကစတင်၍ တစ်သီတစ်တန်း ပြုလုပ်ခဲ့ပြီးနောက် ဒီမိုကရေစီ လိုလားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာစေသည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်း ပပေးနိုင်ခဲ့ခြင်းကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက “သမိုင်းဝင် အခိုက်အတန့်” ဟု ၎င်း၏ဧပြီလ မြန်မာခရီးစဉ်တွင် ချီးကျူး ဂုဏ်ပြု ပြောဆိုခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

ဖွံ့ဖြိုးရေးဘဏ်များမြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်

(The Nation သတင်းစာမှ 13 August 2012 ရက်စွဲပါ “Development banks back Myanmar for Credit” ကို ဘာသာပြန်ဆိုသည်)

မြို့တော်ဟောင်း ရန်ကုန်၌ ကမ္ဘာ့ဘဏ်(World Bank) နှင့်အာရှဖွံ့ဖြိုးရေးဘဏ်ာ (ADB)တို့၏ ရုံးခွဲများဖွင့်လှစ်လိုက်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေးဘဏ်များနှင့် နိုင်ငံခြားအစိုးရများထံမှ ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်မှုများ ပြုလုပ်နိုင်အောင် လမ်းခင်းပေးလိုက်ခြင်း ပင်ဖြစ်ကြောင်း Moody's Inverstor Service(MIS)က ပြောကြားသည်။

"ကမ္ဘာ့ဘဏ်နှင့် ADBဘဏ်တို့နှင့် ချိတ်ဆက်မှုသည် နုနယ်လွန်းလှသည့် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးဖြစ်စဉ်တို့ကို ပိုမိုတိုးတက် ကောင်းမွန်စေ မည်ဖြစ်သည်။ အကယ်၍ စီစဉ်ထားသည့်တိုင်းလုပ်ကိုင်သွားနိုင်မည်ဆိုပါက ပွင့်လင်းတိုးတက်လာမည့် မြန်မာ့စီးပွားရေးသည် ပုဂ္ဂလိကအခန်းကဏ္ဍမှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကိုပါ ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်"ဟု စီးပွားရေး အဆင့်တန်းသတ်မှတ်မှုများ ပြုလုပ်သည့် Moody's Inverstor Serviceက ကြေ ညာချက် ထုတ်ပြန်သည်။

ထို့ပြင် ယခုကဲ့သို့ ရုံးခွဲများဖွင့်လှစ်ခြင်းကြောင့် ယခင်သတ်မှတ်မှုမရှိခဲ့သော မြန်မာနိုင်ငံအတွက် ချေးငွေအဆင့် သတ်မှတ်ချက်အတွက် အပေါင်း လက္ခဏာ ဆောင်စေမည်ဖြစ်ကြောင်း MIS ကဆိုသည်။ မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီများကို ၁၉၈၀ ပြည့်နှစ်များအတွင်း ဆိုင်းငံ့ခဲ့ပြီးနောက် ဖွံ့ဖြိုး ရေး ဘဏ်ကြီးများကလည်း ချေးငွေသစ်များပေးမည့် အစီအစဉ်များကို ရပ်ဆိုင်းခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်အကြား နောက်ဆုံးအကြိမ်တရားဝင်တွေ့ဆုံဆွေးနွေးမှုကို ၁၉၈၆ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်၏ ဆင်းရဲနွမ်းပါးသော နိုင်ငံများဆိုင်ရာ ရန်ပုံငွေအဖွဲ့ဖြစ်သော နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)သို့ အမေရိကန်ဒေါ်လာ၇၈၀ခန့် ပေးရန်ရှိသည်။ အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)သို့ ပေးရန် အချိန်ကျော်လွန်သွားသည့်အကြွေးမှာ ဒေါ်လာသန်း၅၀၀နီးပါး ရှိနေပြီဖြစ်သည်။

ယခုမြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်နှင့် ADBဘဏ်တို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံက ဆောင်ရွက် ပေး လျက်ရှိသည်။ နိုင်ငံပေါင်းစုံပါဝင်သော ဘဏ်များသို့ ပေးရန်ရှိသော ကြွေးကျန်များအား မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပေးဆပ်နိုင်အောင် ဂျပန်ဘဏ် လုပ် ငန်းကြီးများအဖွဲ့က ဒေါ်လာသန်း၉၀၀အား ရန်ပုံငွေအဖြစ် မတည်ပေးဖွယ်ရှိသည်။ ထို့နောက် ကမ္ဘာ့ဘဏ်နှင့် ADBဘဏ်တို့က အတိုးနှုန်းနည်းသော ချေး ငွေများ ထုတ်ပေးခြင်းအားဖြင့် ပေးရန်ရှိသော ကြွေးကျန်များ ပြန်ဆပ်နိုင်အောင် လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။

မြန်မာအနေဖြင့် ကြွေးကျန်များအားလုံးကို လုံးလုံးလျားလျားပေး ဆပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် နိုင်ငံပေါင်းစုံပါဝင်သော ရန်ပုံငွေအဖွဲ့များနှင့် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းတို့မှထောက်ပံ့ကြေးများနှင့် ရန်ပုံငွေများ ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းမှာ က မ္ဘာ့ဘဏ်၏ ပုဂ္ဂလိကဆိုင်ရာ ချေးငွေအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်ထားပြီဖြစ်သည်။

"နိုင်ငံပေါင်းစုံပါ ဖွံ့ဖြိုးရေးဘဏ်၏ ကြွေးကျန်များ ကုန်စင်အောင်ဆပ်ရမည့် လုပ်ငန်းစဉ်များမှာ ၂၀၁၃ခုနှစ်အထိ ကြာမြင့်မည်ဖြစ်သည်။ သို့သော် နည်းပညာနှင့် အရည်အသွေးတည်ဆောက်ပေးမှု လုပ်ငန်းစဉ်မှာမူ စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်"ဟု MIS ကဆိုသည်။

ADB ဘဏ်၏ အဓိကအလေးပေးမှုမှာ မြန်မာနိုင်ငံတွင်း သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍများ တိုးတက်ကောင်းမွန်ရေး၊ အိမ်နီးချင်းမဲခေါင် နိုင် ငံ များနှင့် ကုန်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အဦများမြှင့်တင်ပေးရေးတို့ဖြစ်သည်။ ကမ္ဘာ့ဘဏ်ကမူ မြန်မာအစိုးရအား ဘဏ္ဍာရေးစနစ် ခေတ်မီဆန်းသစ် ရေးနှင့် ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖြစ်ထွန်းရေးတို့အတွက် အကြံပြုသွားမည် ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

ထိုင်းနိုင်ငံ၏ Reuters မှ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျ

(14 August 2012 ရက်စွဲပါ Reuters မှ Thai Ratchaburi eyes investments in Myanmar, Cambodia ကို ဘာသာပြန်ပါသည်။)

ထိုင်းနိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်က လျှပ်စစ်စွမ်းအင် ထုတ်လုပ်သူ Ratchaburi Electricity Generating Holding Pcl က အင်္ဂါနေ့က ပြောကြားရာ တွင် ၎င်းသည် မြန်မာနိုင်ငံတွင် ထားဝယ်စီမံကိန်းအပါအ၀င် လျှပ်စစ်ဓာတ်အားစက်ရုံနှစ်ခု သို့မဟုတ် သုံးခု ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေကြောင်း ဆိုပါသည်။

ကုမ္ပဏီသည်လာမည့် တစ်နှစ်၊နှစ်နှစ်အတွင်း ထားဝယ်စီမံကိန်းတွင် တိုးတက်မှုရှိကြောင်း ပြသရန် လျှပ်စစ်ဓါတ်အား စက်ရုံစီမံကိန်းတစ်ခု မျှော် လင့်ကြောင်း၊ ကမ္ဘောဒီးယားတွင်လည်း  အသေးစားနှင့် အကြီးစားဓါတ်အားစက်ရုံများ ရင်းနှီးမြှုပ်နှံရန် လေ့လာလျက်ရှိကြောင်း ဥက္ကဋ္ဌ Noppol Milinthang- goon က သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ယခုနှစ်တွင် ဘတ်(၇)ဘီလီယံ သုံးစွဲရန် ရည်မှန်းထားကြောင်း ၎င်းကပြောပါသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကင်ဆာကဲ့သို့ ယဉ်ကျေးမှု

*****************************************

ဆောင်းပါးကဏ္ဍ

ကင်ဆာကဲ့သို့ ယဉ်ကျေးမှု

မိုးမြင့်ငြိမ်း

ဖရန်ကင်စတိမ်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် လာဘ်ပေးလာဘ်ယူအမြင့်ဆုံး နိုင်ငံများစာရင်းတွင် ထိပ်ဆုံးတန်းမှ ရပ်တည်နေသော နိုင်ငံ တစ်ခုဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်ကတည်း မြန်မာနိုင်ငံ၏ ဗျူရိုကရေစီယန္တရားအတွင်း အကျင့်ပျက်လာဘ်စားမှု တဖြည်းဖြည်း မြင့်မားလာခဲ့သည်။ စီးပွားရေးတွင် သဘာဝမကျသည့် အမိန့်ပေးစီးပွားရေးစနစ်ကြောင့် မှောင်ခိုဈေးကွက် ကြီးထွားလာမှုနှင့်အတူ ဗျူရိုကရက်အချို့နှင့် စီးပွားရေးသမားအချို့မှာ စနစ်ဆိုးမှ အမြတ်များစွာ ရရှိခဲ့သည်။ ပုဂ္ဂလိကအခန်းကဏ္ဍ မရှိခြင်းကြောင့် ပြည်သူရေးရာဝန်ဆောင်မှုများကို ဗျူရိုကရေစီ ယန္တရားမှ အစစအရာရာ ဖြည့်ဆည်းပေးလာရသည့်အခါ ဗျူရိုကရေစီယန္တရားမှာ ဖောင်းပွလာပြီး အကောင်ကြီးအထနှေးဖြစ်ကာ စွမ်းဆောင်ရည်နိမ့်ပါး လာခဲ့သည်။

သို့နှင့် မြန်မာနိုင်ငံ၏ ဗျူရိုကရေစီမှာ ပြည်သူများအားပညာရေး၊ ကျန်းမာရေးအစရှိသည့် ပြည်သူ့ရေးရာဝန်ဆောင်မှုများကို ရည်ရွယ်ချက် ကောင်းဖြင့် ပေးအပ်နေမှုတွင် စနစ်မှားကြောင့် ဖြစ်ထွန်းလာသော အကျင့်ပျက်လာဘ်စားသည့် ယဉ်ကျေးမှုမှာလည်း တဖြည်းဖြည်းနှင့် တစ်ရစ်ပြီး တစ်ရစ် အမြတ်တွယ်လာလျက်ရှိလေရာ လူတစ်ပိုင်းမကောင်းဆိုးဝါးတစ်ပိုင်းဖြစ်နေသော ဖရန်ကင်စတိမ်းလိုအကောင်ကြီး ဖြစ်လာလေတော့သည်။ အင်စတီကျူးရှင်းဆိုသည်မှာ လူလုပ်သည့်အရာပင်ဖြစ်ကြောင်း နိုဘယ်ဆုရဘောဂဗေဒပညာရှင် Douglass North က ရေးသားထုတ်ဖော်ခဲ့သည်။ ထို အတွက်ကြောင့်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က နိုင်ငံတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်နေဝင်းမှာ ၎င်းမွေးထုတ်လိုက်သည့် ယန္တရားကို ၎င်းကိုယ်တိုင် ပြန်ထိန်းဖို့ ခက်ခဲလာသည့်အဆုံး လူထုအားလုံးပါဝင်သည့် တော်လှန်ရေးတစ်ရပ်ကြီးဖြစ်ထွန်းလာအောင် နှပ်ကြောင်းပေးခဲ့ခြင်း ဖြစ် သည်။

အစွန်းရောက်ကျင့်သုံးမှု

ဤသို့ မျိုးစေ့မကောင်းခဲ့သော ဗျူရိုကရေစီတပ်မတော်အစိုးရလက်ထက်တွင် သာ၍ ဆိုးရွားသွားစေတော့သည်။ မြန်မာပြည်သူများ၏ လူနေမှု ဘဝများမှာ အတော်ကြီး ဆိုးရွားသွားလေသည်။ ၈၈ အရေးတော်ပုံကြီးကြောင့် ပြည်သူများ မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့ရသော လောကပါလတရား များမှာလည်း စစ်တပ်အာဏာသိမ်းမှုဖြင့် ပေါ်ထွန်းလာသော ဗဟိုဦးစီးစနစ်က အခြေမှ လှိုက်စားပစ်ခဲ့သည်။ စီးပွားရေးစနစ်ကိုလည်း ယခင်လို အမိန့် ပေး စီးပွားရေးစနစ်မဟုတ်တော့ဘဲ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ သို့နှင့်တိုင် ဈေးကွက်စီးပွားရေးစနစ်ကို အစွန်းရောက်အောင် ကျင့်သုံးမှုကြောင့် လူမှုရေးမညီမျှမှု ကြီးမားလာခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှုအမှားများကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တဖြည်းဖြည်း ဆုတ်ယုတ် လာခဲ့သည်။

အမျိုးသားချန်ပီယံများ

ဤသို့ တပ်မတော်အစိုးရ၏ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမှုတွင် နိုင်ငံရေးအာဏာရှိသည့် ထိပ်ဆုံးပုဂ္ဂိုလ်ကြီးများမှ စီးပွားရေးလုပ်ငန်းရှင် ကြီးများကို တစ်ယောက်ပြီးတစ်ယောက် မွေးထုတ်ပေးခဲ့သည်။ ထိုသို့ အပြိုင်အဆိုင်မရှိတက်လာသည့် အမျိုးသားချံပီယံများနှင့် အာဏာပိုင်တို့၏ ဆက်ဆံရေးမှာ မြန်မာစီးပွားရေးလုပ်ငန်းနယ်ပယ်ကြီးတစ်ခုလုံး၏ ယဉ်ကျေးမှုလို ဖြစ်လာခဲ့သည်။ မက်ခရို စီးပွားရေးလုပ်ငန်းရှင်ကြီးများမှအစ အသေး စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အားလုံးမှာ အစိုးရအဖွဲ့ဝင်အကြီးအကဲများကို လာဘ်ပေးလိုက်ရမှသာလျှင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်၍ ရနိုင်မည်ဟူသောအသိမှာ ကင်ဆာလို အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုလိုစနစ်သစ်အပြောင်းတွင် လာဘ်ပေးလာဘ်ယူဟူသော ကင်ဆာရောဂါကို မည်သို့ ကုသရမည်နည်းဟူသော စိန်ခေါ်မှု အတော်ပင် ကြီးမားပါသည်။ တန်းတူညီတူ လုပ်ဆောင်ခွင့်ပေးမည်ဟု မူဝါဒချမှတ်နေသည့်ကြားထဲကပင် စီးပွားရေးသမားများ၏ လာဘ်ပေးမှုကမပျောက်။ အစိုးရဝန်ထမ်းများ၏ မ.ဆ.လစိတ်ဓာတ်မှာလည်း အစိုးရဝန်ထမ်းများ၏ မျိုးဗီဇထဲတွင် ရှိနေဆဲပင်ဖြစ် သည်။

အကဲဆတ်သည့် အဆို

ထိုကြောင့် ယခုလို နိုင်ငံတည်ဆောက်ရေးကို စနစ်သစ်ဖြင့် ဆောင်ရွက်နေသည့် ယခုလိုအခါမျိုးတွင် ယခင် အမူအကျင့်ဟောင်းများကို အလေး ထားပြုပြင်မှသာလျှင် ဖွံ့ဖြိုးရေးပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်သည်။ လက်တွေ့ဆောင်ရွက်မှုတွင်ကော လွယ်ကူမည်လော။ ပြည်သူ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် ပုသိမ်မဲန္ဒနယ်မှ ဦးဝင်းမြင့်၏ အစိုးရအဖွဲ့ဝင်များပိုင်ဆိုင်မှု ထုတ်ဖော်ရေးအဆိုကို ဆန္ဒ မဲခွဲရာတွင် ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၀မဲနှင့် ကြားနေမဲ ၁၅ မဲရရှိခဲ့သည်။ လွှတ်တော်တွင်း အမတ်ဦးရေ ၇၆ ရာခိုင်နှုန်း ကန့်ကတ်ခဲ့မှုမှာ ဘာကိုဖော်ပြသလဲဆိုရင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းအသစ်အတွင်း မိမိတို့၏ ပုဂ္ဂလိကပိုင်ဆိုင်မှုအပေါ် စိတ်မချနိုင်သေးဘူးဟု ဖော်ပြရာရောက် နေသည်။ အာဏာနှင့် ကြွယ်ဝချမ်းသာမှုမှာ တစ်ခုရှိလျှင် တစ်ခုရှိအောင် ဆောင်ရွက်နိုင်သည်လည်းဖြစ်ရာ ယင်းယုတ္တိအတိုင်းပင် ယခုလက်ရှိ လူ့အဖွဲ့ အစည်းအတွင်း ကြွယ်ဝချမ်းသာမှုရှိနေသော အင်အားစုမှာ အာဏာလက်ကိုင်ထားကြသူများသာ ဖြစ်နေသည်။ ထိုအတွက်ကြောင့်လည်း ယခုလို အကဲဆတ်သည့်အဆိုကို ကန့်ကွတ်မှုများခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရတို့ ဆက်ဆံရေးမှာ နိုင်ငံကြီးပွားဖို့ အဟန့်အတာဖြစ်စေသည့် ဆက်ဆံရေးမျိုးရှိနေသည်။ ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ သန့်ရှင်းသည့်အစိုးရတစ်ရပ် ဖြစ်စေလိုလျှင် ယင်းချစားသည့် ယဉ်ကျေးမှုကို အလျင်အမြန်နှင့် ထိထိရောက်ရောက် ကုစားဖို့ လိုပါသည်။  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရှိလာနိုင်မည့် အခွင့်အရေးများ လက်လွတ်သွားသည့်အဖြစ်မျိုး မြန်မာနိုင်ငံကို မကြုံစေချင်သော ကြောင့် ကင်ဆာကဲ့သို့ ယဉ်ကျေးမှုကို ပြုပြင်ရန်လိုပြီဖြစ်ပါကြောင်း….။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive