Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါမည်။

*****************************************

ဆောင်းပါးကဏ္ဍ

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါမည်။

စိုင်းညွန့်လွင်

(သြဂုတ်၁၆ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃)အမှတ်(၁၀၇)မှ ထုတ်ယူတင်ပြချက်။)

တစ်နေ့မှာ မိတ်ဆွေတစ်ဦးဆီက မြန်မာနိုင်ငံအပေါ် ဆန်းစစ်ထားတဲ့ စာတမ်းတစ်စောင်ကို ဖတ်လိုက်ရတယ်။ အဲဒီစစ်တမ်းကိုရေးတဲ့ ပါမောက္ခ က သူ့စစ်တမ်းကို IMF နဲ့ World Bank တို့ဆီက အချက်အလက်တွေ ကိုကိုးကားပြီး ရေးထားပါတယ်။ ကွင်းဆင်းလေ့လာချက်တွေလည်းပါတယ်လို့ ဆို ထားပါတယ်။

သူ့အဆိုအရ ကျွန်တော်တို့ဟာ အိမ်နီးချင်း အာဆီယံ အဖွဲ့ဝင် ကမ္ဘောဒီးယား၊ နိုင်ငံနဲ့ရော နောက်ကျကျန်နေတယ်လို့ ဆိုပါတယ်။ ငါနှစ်အောက် ကလေးတွေ သေဆုံရတဲ့နှုန်းက အညံ့ဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။ ကလေးတစ်ဦးအသုံးစရိတ်အတွက် ကျန်းမာရေးအသုံးစရိတ်က ၂၀၁၀ပြည့်နှစ် စာရင်း ဇယားအရဆိုရင် ကမ္ဘောဒီးယား ဘင်္ဂလားဒေ့ရှ်တို့ထက် နည်းပါးပါတယ်တဲ့။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း သိပ်ကိုနည်းနေတဲ့ သဘော ဖြစ်နေတယ် တဲ့။ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေသူတွေ အရေအတွက်ကတော့ မြန်မာနဲ့ ဖိလစ်ပိုင်တို့က မတိမ်းမယိမ်းစီ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကတော့ သူ့တိုင်းပြည်ကို တစ်နှစ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀လောက် ပြန်ပို့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံပြည်ကတော့ ဘယ်လိုပြန်ပို့သလဲဆိုတာ မသိနိုင် ပါဘူး။ ဘယ်သူ့မှလည်း လေ့လာပုံမရပါဘူး။ လေ့လာဖို့လည်း လွယ်မယ်မထင်ဘူး။ သေချာတာကတော့ ဘီလျံနှစ်ဆယ်မရှိပါဘူး ဆိုတာပါပဲ။ ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ့်တိုင်းပြည်ထဲမှာ ဆက်လက်နေထိုင်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်စွမ်း မရှိရင်တော့ ပညရှင်တွေအပါအဝင် ပြည်ပကို ဆက် လက်ထွက်ခွာ နေကြမှာပါပဲတဲ့။ ဒါဆိုရင် အေင်မြင်တဲ့နိုင်ငံတစ်ခုအဖြစ် မသတ်မှတ်နိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်။

အဲဒီလိုပွင့်ပွင့် လင်းလင်းလေ့လာဆန်းစစ်ချက်တွေကို မြန်မာပုံနှိပ်စာအုပ်စာတမ်းတွေမှာ တွေ့လေ့တွေ့ထ မရှိပါဘူး။ ဘာ့ကြောင့်လဲတော့ မသိ ဘူးပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေက တို့နိုင်ငံတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံလို့များ ထင်နေကြသလား မသိပါဘူး။ အမှန်ကိုမြင် နိုင်အောင်ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းမြင်သာတဲ့ ဓလေ့တွေ ကျင့်သုံးသင့်ပါပြီ။ သာမာန်အားဖြင့်ပဲ စဉ်းစားကြည့်ရင် သိသာလှပါတယ်။ ကျွန်တော်တို့နဲ့ အိမ်နီးချင်းတရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှမရှိခဲ့ဖူးတဲ့ တိုးတက်တဲ့ နှုန်းထားနဲ့ ဆယ်စုနှစ်ချီ တိုးတက်လာခဲ့ပါတယ်။ လူဦးရေလည်း အများဆုံးရှိတဲ့ နိုင်ငံကြီးတစ်ခုက လျင်မြန်စွာ တိုးတက်နေပါတယ်။ သူနဲ့ အိမ်နီးချင်းနိုင်ငံနယ်နိမိတ် မိုင်ထောင်ချီထိစပ်နေတဲ့ ကျွန်တော်တို့နိုင်ငံကတော့ ဆယ်စုနှစ်နဲ့ချီပြီး ဖွံ့ဖြိုးမှု နှေးကွေးဆုံးနိုင်ငံ(LDC) နိုင်ငံဖြစ်နေပါတယ်။

အဲဒီ LDC နိုင်ငံမှာ ကံအားလျော်စွာ သဘာဝသံယံဇာတွေကလည်း အများကြီးဖြစ်နေတယ်။ လူဦးရေကလည်း အများကြီးဖြစ်နေတယ်။   လူဦး ရေကလည်း မြေအကျယ်အဝန်းစာရင်း သိပ်သည်းမှုမရှိပါဘူး။ အနောက်ဘက်အိမ်နီးချင်းနိုင်ငံ အိန္ဒိယကလည်း တိုးတက်မှုနှုန်း သိပ်မမြင့်ပါဘူး။ တွေး ကြည့်ရင် ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ထိန်းသိမ်းဖို့ ကိုယ့်သံယံဇာတတွေကို မပြုန်းတီးပစ်ဖို့ သူများတွေ စိမ့်မဝင်လာရလေအောင် ကာကွယ်ဖို့ ဘယ်လောက်သိသာသလဲဆိုတာ သိပ်ကို သိသာလှပါတယ်။

ထိုင်းနိုင်ငံဘက်ကို ကြည့်လိုက်ပြန်တော့လည်း မြဝတီမှာဆိုရင် သွင်းကုန်တန်ဖိုးက ကိုယ့်ပို့ကုန်တန်ဖိုးထက်ကို အမြဲများနေပါတယ်။ အဲဒီလူသုံး ကုန်တွေ ဘာကြောင့်လှိမ့်ဝင်နေတာလဲဆိုတော့ ကိုယ့်တိုင်းပြည်မှာ ထုတ်လုပ်နိုင်ရဲ့သားနဲ့ အကြောင်းကြောင်းတွေကြောင့် မထုတ်လုပ်နိုင်ဘူးဆိုတာ အလွန်ကို ထင်ရှားလှပါတယ်။ အမှန်ကတော့ ကိုယ့်ပြည်တွင်းမှာ ထုတ်နိုင်ခဲ့ရင် GDP လည်းတက်မယ်။ အလုပ်အကိုင်တွေလည်း ဖန်တီးနိုင်မယ်။ ကုန် သွယ်မှု တစ်ဖက်စောင်းနင်း ဖြစ်နေတာကိုလည်း ထိန်းညှိနိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲဒီထုတ်ကုန်တွေကို မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ လုပ်ကိုင် ထုတ်လုပ်ခဲ့တာဆိုရင် ပိုလို့တောင် စဉ်းစားစရာပါဘဲ။ ကျွန်တော်တို့သာ ထိုင်းနိုင်ငံကို ဓာတ်ငွေ့ရောင်းချနိုင်ခဲတာမရှိခဲ့ရင် စဉ်းစားစရာပါဘဲ။ အဖြေကတော့  ရှင်းနေပါတယ်။ ကျွန်တော်တို့ ကြိုးစားဖို့လိုပါတယ်။

ကြိုးစားချင်တဲ့သူတွေလည်း ရှိနေပြီးဆိုရင် နိုင်ငံတော်က လမ်းထွင်ပေးဖို့ လမ်းပြင်ပေးဖို့ လိုပါတယ်။ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်ဖို့ စည်းလုံး ညီညွတ်ဖို့လိုပါတယ်။ အပစ်အခတ်တွေ ရပ်စဲပြီး ရေရှည်ငြိမ်းချမ်းရေးတွေရဖို့ လိုပါတယ်။ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာတာနဲ့အညီ ပြည်ပက ပိတ်ဆို့မှုတွေ ဖြေလျှော့လာတာလည်း ကပ်ပါလာပါတယ်။ ပြည်တွင်းက နိုင်ငံရေးသမားတွေအပေါ် ပိတ်ဆို့တာနဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက် အကျဉ်းသားတွေကိုလည်း ကိုယ့်ဘက်က ဖြေလျော့ပေးဖို့လိုပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အပါအဝင် နိုင်ငံရေးပါတီ ၁၄ပါတီက တာဝန်ရှိသူတွေကို နိုင်ငံတော်သမ္မတကြီးက လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ၂၄နှစ်တာကာလအတွင်းမှာ ပထမဆုံးလိုပြောနိုင်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ဆိုရင် တော့ ဒါအမှန်ပါပဲ။

ကျွန်တော်တို့ရှေ့မှာလည်း အခြားနိုင်ငံရေးပါတီ ၁၀ပါတီကိုလည်း တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ တကယ့်ဖြေလျော့မှုတစ်ခုအဖြစ် ကျွန်တော် တို့ ယူဆပါတယ်။ တွေ့ဆုံစကားပြောတာဟာ နိုင်ငံရေးအရ အနှစ်သာရပါပဲ။ ပြဿနာကို အကောင်းဆုံးဖြေရှင်းနည်းပါ။ ပြဿနာကို အကောင်းဆုံးဖြေ ရှင်းနည်းပါ။ အနူးညံ့အသိမ်အမွေ့ဆုံး နဲ့ ဝေဒနာပွန်းတီးမှု အနည်းဆုံးနည်းလမ်းပါ။ နှစ်ဖက်ကတော့ ဥာဏ်ပညာကြီးဖို့ အမြော်အမြင်ရှိဖို့ စိတ်ရှည်သည်း ခံဖို့ စိတ်စေတနာကောင်းဖို့ ရိုးသားဖို့ နိုင်ငံတော်အပေါ် ချစ်မြတ်နိုးမှုကို ဦးစားပေးဖို့ စတဲ့ လိုအပ်ချက်တွေကတော့ အများကြီးရှိဖို့လိုပါတယ်။ ဒါကတော့ ဆက်ကြိုးစားနေရမှာပါ။

အဲဒီတွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရအဖွဲ့အနေနဲ့ လုပ်နေကိုင်နေတာတွေ စဉ်းစားထားတာတွေ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြ သွားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ရင် ပြည်ပကို သွားအလုပ်လုပ်နေတဲ့လူတွေ ပြန်လာနိုင်မယ့်အကြောင်းလည်း ပြောပါတယ်။ ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ရာမှာလည်း ပြည်တွင်းကလူတွေကို အလုပ်အကိုင် များများရမယ့် လုပ်ငန်းမျိုးကို ဦးစားပေးနေကြောင်း ပြောပါတယ်။

ပြည်ပကို သွားအလုပ်လုပ်နေတဲ့ ကျွန်တော်တို့နိုင်ငံသား သုံးသန်းလောက်ရှိတယ်လို့လည်း ပြောပြပါတယ်။ ပြည်ပက ရင်းနှီးမယ့် ပြည်ပလုပ်ငန်း တွေက ရင်းနှီးမြှုပ်နှံမှုဥပဒေ ဘယ်လိုဖြစ်မယ်ဆိုတာကို စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။ ပြီးတော့မှ လာရောက်တွေ့ဆုံတဲ့အထဲက ပါတီခေါင်း ဆောင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ခင်ဗျားတို့ဆီကလည်း မြန်မြန်လေး လုပ်ပေးကြပါဦးလေဗျာလို့ပြောလိုက်တော့ အဲဒီလွှတ်တော်ကိုယ်စား လှယ်က သမ္မတကြီးခင်ဗျား ဒါ ခရိုနီ တစ်စုကြောင့် ဖြစ်နေတာပါလို့ သမ္မတကြီးကို ပြန်ပြောလိုက်ပါတယ်။ ဘယ်လောက်အံ့သြစရာကောင်းပါသလဲ။

သမ္မတကြီးပြောချင်တာက ပြည်ပရင်းနှီးမြှုပ်နှမှုဥပဒေကိုလွှတ်တော်က အမြန် ဆွေးနွေးအတည်ပြုပေးဖို့ ပြောတာပါ။ လွှတ်တော်ကိုယ်စားလှယ် ကြီးရဲ့ ပြန်ကြားချက်ကလည်း စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ခရိုနီတစ်စုက လွှတ်တော်ထဲအထိ  ဝင်ရောက်လွှမ်းမိုးနေသလား။ စိတ်ဝင်စားစရာ မေးခွန်းတွေအများကြီး ကျွန်တော့်ခေါင်းထဲ ဝင်လာပါတယ်။ အဲဒီခရိုနီတွေက သူတို့လူတစ်စုရဲ့ အကျိုးစီးပွားကို လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ အဲဒီအကြောင်းပြောပြတော့ သူတို့လွှတ်တော်ထဲမှာ ခရိုနီဆိုတဲ့စကားလုံး အရမ်းမသုံးပါနဲ့လို့ တစ်ဦးက ထည့်ပြီး ဆွေးနွေးတဲ့အကြောင်း ပြောပြပါတယ်။

ဒါဆိုရင် ခရိုနီတွေ လွှတ်တော်ထဲရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်အများစု ထိန်းကျောင်းထားဖို့ လိုပါတယ်။ အများစုရဲ့ ဆန္ဒကိုတော့ သူတို့ မလွန်ဆန်လောက်ပါဘူး။ ခရိုနီတစ်စုကြောင့် နိုင်ငံအတွက်အရေးကြီးတဲ့ ဥပဒေတစ်ခု ကြန့်ကြာနေတယ်ဆိုတာ မကောင်း ပါဘူး။ ပြည်သူအကျိုးကို ထိခိုက်မှာဆိုးလို့ ဆွေးနွေးရတာကို လက်ခံနိုင်ပေမယ့် လူတစ်စုအကျိုးအတွက် ပြန်ဆွးနွေးတာမျိုးကတော့ မကောင်ပါဘူး။ အစိုး ရအဖွဲ့ရဲ့ အားထုတ်မှုကိုလည်း ပြန်ကြည့်သင့်တယ်မဟုတ်ပါလား။ အာဏာကြီးသုံးရပ်ကို သီးခြားခွဲခြားထားတာ တစ်ခုနဲ့တစ်ခု ထိန်းညှိဖို့ပါ။ ထိန်းဖို့လိုသ လို ညှိဖို့လည်း လိုမယ်ထင်ပါတယ်။ တလောက ဂျာနယ်နှစ်စောင်ကို ပိတ်လိုက်တယ်လို့ ဖတ်ရတယ်။ အဲဒီဂျာနယ်တွေဟာ လက်ရှိအစိုးရကို ဖြစ်ပေါ်လာ စေတဲ့ ၂၀၁၀ရွေးကောက်ပွဲမှာ တော်တော်လေး အရေးပါခဲ့ပါတယ်လို့ ပြောကြပါတယ်။ အားလုးက စိတ်မသက်မသာ ဖြစ်ကြရတယ်။ ဒီမိုကရေစီပန်းတိုင် ဆီသို့ ဆိုတာကို သံသယဖြစ်ကြတယ်။ အခု ကိုစာရေးနေချိန်မှာ  ဂျာယ်နှစ်စောင်ကို နှစ်ပတ်ရပ်နားပြီးရင် ပြန်ထုတ်ခွင့်ပေးပြီလို့ သိရပြန်ပါတယ်။ မတည် ငြိမ်တဲ့ သဘောများလားဗျာ။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာကို ပြောပါတော့မယ်။ ကျွန်တော်တို့တိုင်းပြည်အတွက် လက်ငင်းနဲ့ လက်တွေ့အကျဆုံး လိုအပ်နေတာက တော့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘောဒီးယားကိုတောင် အမီလိုက်နေရတဲ့ အခြေအနေကို အကောင်းဆုံး အမြန်ဆုံး အဆုံးသတ်နိုင်အောင် ပြန်ပြုပြင်ဖို့ လိုပါ တယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု လောင်းရိပ်အောက်ကနေ လွတ်အောင်လပ်ဖို့လည်း လုပ်ဖို့ လိုပြန်ပါတယ်။ ဥပဒေနဲ့အုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်လာအောင် ဥပဒေပြု အဖွဲ့အစည်းတွေကလည်း စဉ်းစဉ်းစားစားနဲ့ အမြန် အကောင်အထည်ဖော်ဖို့က အစိုးရတစ်ဖွဲ့တည်းနဲ့ မရနိုင်ပါဘူး။ တရားရေးနဲ့လည်း မရနိုင်ပါဘူး။ လွှတ်တော်နှစ်ရပ်တည်းနဲ့လည်း မဖြစ်နိုင်ပါဘူး။

နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ၊ ကျောင်းသားတွေ ဝန်ထမ်းတွေအားလုံးက တစ်ပြိုင်တည်း ပြိုင်တူတွန်းမှ ရွေ့သွားမှာ ဖြစ်ပါတယ်။ တစ်ဦး တည်းတွန်းနေပြီး ကျန်တဲ့တစ်ယောက်က ရေသာခိုနေရင် မဖြစ်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ တစ်ပြိုင်တည်းတွန်းဖို့ဆိုတာက ပြိုင်ပွဲဝင်လှေလှော်ကြသလို အချက်ကျကျ ညာသံပေး တိုင်ပင်ခေါ်ပေးဖို့တော့ လိုပါလမ့်မယ်။ အဲဒါကတော့ ကျွန်တော်လည်း မလိုက်မီတော့လို့ အကြံမပေးနိုင်တော့ပါဘူး။ အပြော လွယ်ပေမယ့်  အလုပ်ခက်တယ်ဆိုတာကိုတော့ ကျွန်တော်လည်း လက်ခံပါတယ်။ ကျွန်တော်လည်း ကိုယ်မြင်တာလေးတွေ မျှဝေရတာပါ။ အားလုံးက စိတ် ကောင်းစေတနာမှန် ရှိခဲ့မယ်။ နိုင်ငံကောင်းကျိုးကို ဦးစားပေး စဉ်းစားမယ်ဆိုရင် အကောင်းဆုံးအဖြေ ရလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သမ္မတကြီးနဲ့ တွေ့ပြီး ပြန်လာတော့  သတင်းဌာနတစ်ခုက ကျွန်တော့်ကိုမေးပါတယ်။ ခင်ဗျားတို့ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်ဗျာ၊ ခင်ဗျားတို့ကိုလည်း ထောင်နှစ် ရှည်တွေချလိုက်လို့ နှစ်အကြာကြီး ထောင်ထဲနေခဲ့ရတယ်ဗျာ။ အခုအစိုးရနဲ့တွေ့တော့ ဘယ်လိုများခံစားရသလဲလို့ မေးလာပါတယ်။ အဲဒီတော့ ကျွန် တော်လည်း သတိရပါတော့တယ်။ ပြန်ဖြေလိုက်ပါတယ်။ မေ့တော့မေ့ဘူးပေါ့ဗျာ။ ဒါပေမယ့်အဲဒီအချိန်မှာတော့ အဲဒီကိစ္စကို ကျွန်တော်လုံးဝ မသိရတာက တော့ အမှန်ပါပဲလို့။

၂၀၁၂ သြဂုတ်လ၇

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၆.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. ချောက်မြို့၌ ဓာတုဗေဒစက်ရုံမီးလောင်မှုကြောင့် ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်
  1. မြန်မာ့ကဏ္ဍသုံးရပ်၌ ယူနက်စကိုအဖွဲ့ ကူညီမည်
  2. မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပြဋ္ဌာန်း
  1. ပျံကျဝန်ထမ်းများပင်ပါဝင်နိုင်သော လူမူဖူလုံရေးဥပဒေ မကြာမီပြဋ္ဌန်းမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

ချောက်မြို့၌ ဓာတုဗေဒစက်ရုံမီးလောင်မှုကြောင့် ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီ၏ မကွေးတိုင်းဒေသကြီးရှိ စည်းရုံးရေးကော်မတီမှ သြဂုတ်လ ၁၃ရက်နေ့ ရက်စွဲဖြင့် သြဂုတ်လ ၂ရက်နေ့တွင် ချောက်မြို့နယ်ရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဓာတုဗေဒလုပ်ငန်းသုံးစက်ရုံ၌ မီးလောင်မှုဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ သဘောထားကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"မီးလောင်မှုဖြစ်တာက ဒီသြဂုတ်လ ၂ရက်နေ့က ဖြစ်တာ။ ဖြစ်တာကလည်း တကယ့် ဘေးထွက်ဆိုးကျိုးများတဲ့ ဓာတုဗေဒလုပ်ငန်းစက်ရုံ။ အဲဒီ တော့ ချောက်မြို့နယ်က ပြည်သူတွေက ကြောက်လန့်ပြီး စဥ့်ကူနဲ့ ညောင်ဦးမြို့တွေကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ အဲဒီအတွက်လည်း ကျွန် တော်တို့အနေနဲ့ ပြည်သူတွေဒီလိုမျိုး ဖြစ်တာနဲပတ်သက်ပြီး ဝမ်းနည်းမိပါတယ်။ အဲဒါကြောင့် အခုလိုမျိုး သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ပြီး ပြည်သူတွေအတွက် ဒီလိုမျိုးကိစ္စရပ်တွေမှာ လုံခြုံမှုရှိအောင် လုပ်သင့်တယ်လို့ထင်ပါတယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ ဓာတုဗေဒလုပ်ငန်းစက်ရုံ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် စက်ရုံးမှ ဝန်ထမ်းအချို့နှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း သိရှိရပြီး ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံတော်အနေဖြင့် သန်းပေါင်းများစွာ ထိခိုက်ဆုံးရှုံးနစ်နာမှုများရှိခြင်းနှင့် ပြည်သူများ ထိတ် လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေရခြင်းမှ ကင်းဝေးစေရန်အတွက် အဆိုပါ ဓာတုဗေဒစက်ရုံများကဲ့သို့ မီးလောင်ကျွမ်းခြင်း ပေါက်ကွဲခြင်းများ မဖြစ်ပေါ် စေရန် အထူးဂရုပြု၍ လုပ်ဆောင်သင့်ကြောင်း ယင်းကြေညာချက်ထဲ၌ ထည့်သွင်းဖော်ပြထားသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ကဏ္ဍသုံးရပ်၌ ယူနက်စကိုအဖွဲ့ ကူညီမည်

မြန်မာနိုင်ငံအတွင်း အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးတက်အောင်မြင်နိုင်စေရန် ဆက်လက်လုပ်ဆောင်နိုင်စေရန် ယူနက်စကို(UNESCO-ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့)မှ ကဏ္ဍကြီးသုံးရပ်တွင် အကူအညီကောင်းများ ပေးသွားမည်ဖြစ်ကြောင်း ယင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ယူနက်စကိုအဖွဲ့၏ သြဂုတ်လ ၁၀ ရက်နေ့တွင် ချက်ထရီယံပိာုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။

“မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ရော၊ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့အတွက် ကော ယူနက်စကိုအဖွဲ့က ကဏ္ဍကြီးသုံးရပ်မှာကူညီပေးသွားမယ်လို ဒီပွဲမှာပြောသွားပါတယ်”ပာု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြော ကြားသည်။

ယူနက်စကိုအဖွဲ့မှ မြန်မာ့ပြုပြင်ပြောင်းလဲမှု ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး အကူအညီပေးသွားမည့် ကဏ္ဍကြီးသုံးရပ်မှာ မီဒီယာကဏ္ဍဖွံ့ဖြိုး တိုး တက်ရေး၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးစသည့် ကဏ္ဍ များဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ကဏ္ဍကြီးသုံးရပ်မှာ ကူညီပေးသွားမှာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ အရမ်းကိုရှားပါးပါတယ်။ ဒါကြောင့် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်နိုင်ဖို့အတွက် ကူညီပေးမှာပါ။ ပြီးတော့ ပြည်တွင်းလုပ်သားတွေအားလုံး အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပို့ချနိုင် ရေးဆိုင်ရာ စီမံကိန်းတွေမှာလည်း ကူညီဆောင်ရွက်ပေးသွားပါမယ်။ မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် လည်း ကူညီပေးသွားမှာပါ”ပာု ယူနက်စကိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်ဖြစ်သည့်အပြင် အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန် သွယ်ခွင့်(AFTA)ပေါ်ပေါက်လာပါက နိုင်ငံတကာလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်ရန် လက်ရှိအချိန်တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုများ၊ နည်းပညာ အား နည်းမှုများကို ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။

Ref:Venus

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းမည်

မြန်မာနိုင်ငံ၏ဆန်စပါးကဏ္ဍ ပြန်လည်မြင့်မားတိုးတက်လာနိုင်စေရန် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းကို ပြန်လည်ဖွဲ့စည်းသွား တော့မည်ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းကို ပြန်ဖွဲ့တော့မှာပါ။ ဒီအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို သြဂုတ်လအတွင်းမှာ ပြုလုပ်နိုင် အောင်လျာထားပါတယ်။ ဒီဆန်စက်လုပ်ငန်းရှင်များအသင်းကို ဆန်စပါးအသင်းချုပ်ရဲ့ လက်အောက်ခံအနေနဲ့ပဲ ထားမှာပါ။ အခုလိုဖွဲ့စည်းရတာပာာ အောက်ခြေမှာရှိတဲ့ ဆန်ကဏ္ဍကလုပ်ငန်းရှင်တွေ ပြည်သူတွေပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာနိုင်အောင် ရည်ရွယ်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက် လက်ပြောကြားသည်။

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းကို ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့၍ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်၌ သင်းခွဲ တစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့ပြီး ယင်းအသင်းအနေဖြင့် ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်သော အသိပညာများ ပြန့်ပွားရေးကို အဓိက လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆန်စပါးကဏ္ဍအတွက် လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စက ကောင်းပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ တောင်သူတွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ မြန်မာ့ဆန်စပါးကဏ္ဍ တစ်ခေတ်ဆန်း သစ်လာမယ်လို့ ထင်ပါတယ်”ပာု တောင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဆန်စပါးအများပိုင်ကုမ္ပဏီများတွင်လည်း အခြေခံလူတန်းစားများ ရင်းနှီးမြှုပ်နှံနိုင်ရန် ကျပ်တစ်သောင်းတန် ရှယ်ယာလက်မှတ်များကို ငွေကျပ်ဘီလီယံတစ်ထောင်ဖိုးအထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ဆန်စပါးကဏ္ဍ အကျိုးအမြတ်ကောင်းများ ဖြစ်ပေါ်လာပါက အခြားကဏ္ဍများတွင် လည်း အခြေခံလူတန်းစားများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပြဋ္ဌာန်း

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများတွင် အထောက်အကူကောင်းများဖြစ်လာနိုင်စေရန် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ သြဂုတ်လ ၁၀ ရက်နေ့တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပြဋ္ဌာန်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများ ကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရစ္ဆာန် များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့ တင်ပို့မှုတို့ကို တားဆီးနိုင်ရန်တို့အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် ကုန်စည်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်နှင့်ပတ်သက်၍ တင် သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ တိရစ္ဆာန် တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းတိရစ္ဆာန်နှင့်ပတ်သက်၍ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ခိုင်းစေမှု၊ မွေးမြူမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိင်သည့် ကိစ္စရပ်များတွင် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ထုတ်ပြန်ကြညာချက်တွင် ပါရှိသည်။

ထို့ပြင် The Essential Supplies and Services Act.,1947 အရထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေနှင့် မဆန့်ကျင်သမျှ ဆက်လက်ကျင့်သုံးနိုင်ကြောင်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင် အခန်းပေါင်း(၅)ခန်းပါရှိပြီး ၎င်းတို့မှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များ၊ ရည်ရွယ်ချက်၊ အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့် အထွေအထွေအခန်းတို့ဖြစ်သည်။

YC

 ------------------------------------------------------------------------------------------------------------------------------------

ပျံကျဝန်ထမ်းများပင်ပါဝင်နိုင်သော လူမူဖူလုံရေးဥပဒေ မကြာမီပြဋ္ဌန်းမည်

လူမှုဖူလုံရေးဌာနတွင် မှတ်ပုံတင်ထားရှိပါက ပျံကျဝန်ထမ်းများပင် ပါဝင်နိုင်သော လူမူဖူလုံရေးဥပဒေတရပ်ကို မကြာမီ ပြဋ္ဌာန်းသွားမည်ဖြစ် ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးက ပြောကြားသည်။

"လူမှုဖူလုံရေးဆေးခန်းပေါင်း ၉၃ခန်းရှိပါတယ်။ ပုဂ္ဂလိကဆေးရုံတွေနဲ့ စာချုပ်ချုပ်ဆိုပြီး ပိုမိုကောင်းမွန်တဲ့ လူမှုဖူလုံရေးဝန်ဆာင်မူတွေ ဆောင် ရွက်သွားဖို့ရှိပါတယ်"ဟု ၎င်းဆိုသည်။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်းကြီး ဦးမြင့်သိန်းက မှတ်ပုံတင်ထားသူအလုပ်သမား ၆သိန်းကျော်ရှိပြီး ၃.၅သိန်းကျော်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် နေထိုင်ကြကြောင်း၊ ၁၉၅၄လူမှုဝန်ထမ်းဥပဒေဟောင်းကို ဖျက်သိမ်းကာ ၂၀၁၂ဥပဒေဟောင်းကို ပြဋ္ဌာန်းပြီး ပိုမိုကောင်းမွန်သော လူမှုဖူ လုံရေးဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က ပြည်သူ့လွတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဝန်ထမ်းများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေသာ ငွေးကြေးပမာဏကိုသာ လူမူဖူလုံရေးမှတ်ပုံတင်ရန်နှင့် လစဉ်ကြေးများအဖြစ် ကောက်ခံစေ လိုကြောင်း၊ ထိုဥပဒေကို အသုံးချပြီး ၎င်းတို့ကိုယ်ကြိုးစီးပွားအတွက် အသုံးပြုရန် ကြံစည်နေသော အကျင့်ပျက်ဝန်ထမ်းများ၏ အန္တရာယ်မှ ကာကွယ်နိုင် ရန် နည်းဥပဒေများ ရေးဆွဲထားရန် လိုအပ်သည်ဟုထင်ကြောင်း အငြိမ်းစားကျောင်းဆရာကြီးတဦးမှ အကြံပြုပြောကြားသည်။

PL

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဲဒီမှာနေကြေတဲ့သူတွေက နှစ်ပေါင်းကြာပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလည်း သိပ်မတွေ့ရဖူးပါဘူး။ ကျွန်တော်ပြောချင်တာက ဒီလိုဖြစ်ပျက်မှုတွေဟာ ဘာ သာရေးကြောင့်လည်း မဟုတ်ဘူး။ လူမျိုးရေးကြောင့်လည်းမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇဝတ်မှုပေါ်မှာ အခုန ကလို မခံမရပ်နိုင်ဖြစ်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ဒီလိုကြမ်းတမ်းတဲ့ လုပ်ရပ်တွေနဲ့ ဒီလိုဖြစ်တာပါ”

သြဂုတ် ၁၆ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ (၃) အမှတ် (၁၀၃) တွင်ပါရှိသည့် “နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ VOA ဌာနမှူး အင်တာဗျူး” သတင်းမှ သမ္မတကြီးဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ဘာပဲလုပ်လုပ် လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတယ်။ ကိုယ်ဖြစ်ကိုယ်ခံရမယ်။ အပြစ်ဖြစ်လာရင် ထောင်ထဲအထိနေရမယ် လို့ သမ္မတက ပြောထားတယ်။ ကျွန်တော်ဆိုရင် ဝန်ကြီးဖြစ်တော့ ပိုဆင်းရဲသွားတယ်”

သြဂုတ် ၁၆ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အမှတ် (၇၂) တွင်ပါရှိသည့် “အစိုးရအဖွဲ့ဝင်ဝန်ကြီးများမမှန်မကန် ပြုလုပ်ပါက ထောင်ထဲသွားရ မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား”သတင်းမှ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“တိုင်းရင်းသားအရေးဆိုတာက လက်ရှိ တိုင်းပြည်မှာ ဦးစားပေးလုပ်ဆောင်ရမယ့်ကိစ္စပါပဲ။ ငြိမ်းချမ်းရေးမရဘဲ ဖွံ့ဖြိုးမှု မရနိုင်ပါဘူး။ ရှေ့လျှောက်လည်း တိုင်းရင်းသားအရေးကို ဦးစားပေးဆွေးနွေးသွားဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒီကနေ့တွေ့ရတဲ့ အပြောင်းအလဲတွေမှာဆိုရင်  လွတ်လပ်စွာ စုစည်း လှုပ်ရှားမှုတွေ ရတာတော့ တွေ့ရပါတယ်။ ဒီကြားထဲ ပြည်နယ်တချို့မှာ မတည်ငြိမ်တဲ့ အရိပ်အယောင်တွေ တွေ့နေရတော့ စိတ်ပူရတာလည်းရှိပါတယ်”

သြဂုတ် ၁၆ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၀) အမှတ် (၅၂၈) တွင်ပါရှိသည့် “သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ”သတင်း မှ ဦးကိုကို လှိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive