Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မီဒီယာအခြေပြု  ပွင့်လင်းဝန်ထမ်းအဖွဲ့အစည်းများဆီသို့

*****************************************

ဆောင်းပါးကဏ္ဍ

မီဒီယာအခြေပြု  ပွင့်လင်းဝန်ထမ်းအဖွဲ့အစည်းများဆီသို့

အောင်အောင်(IR)

(သြဂုတ် (၁၉)ရက်နေ့ထုတ် Meessenger အတွဲ(၃)၊ အမှတ်(၁၃) တွင်ပါရှိသည့် ဆောင်ပါးအား ကောက်နှုတ်ဖော်ပြချက်)

စာရေးသူတို့နိုင်ငံတွင် လတ်တလော အသုံးများနေသော ဝေါဟာရတစ်ခုကို ပြောပြပါဆိုလျှင် “လူ့အခွင့်အရေး”ဟူသော ဝေါဟာရသည်  တစ်ခု အပါအဝင် ဖြစ်သည်။ ယခင်က လူ့အခွင့်အရေး စကားလုံးပါလျှင်ပင် နိုင်ငံရေးမပါပါနှင့်။ ယခုတော့ အစိုးရကိုယ်တိုင်ကိုက လူ့အခွင့်အရေး ဆိုသည်ကို နေရာပေးဖော်ပြလာခဲ့ရာ ပြည်သူအချို့သည် နားလည်သည် ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လူအခွင့်အရေးဆိုသည်ကို မတန်တဆ နေရာတကာ သုံးလာကြသည်။

ရပ်ကွက်ထဲ လူငယ်ချင်း ရန်ဖြစ်တကာအစ အဆင်မပြေတာကအဆုံး လူ့အခွင့်အရေးနှင့် ချိတ်ဆက်လာကြသည်။ ပြဿနာ တစုံတရာ ဖြစ်လာလျှင်ပင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ မိတ္တူပို့လာကြသည်။ ဘာပြဿနာပဲဖြစ်ဖြစ် လူ့အခွင့်အရေးကော်မရှင်ကို တိုင်လိုက်မည်ဆိုတာ မကြာခဏ ကြားလာရသည်။ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေနဲ့ ရောချလာကြသည်။

စာရေးသူ ဒုက္ခသည်များကို အကူအညီပေးရသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုနှင့် အလုပ်လုပ်စဉ် တစ်နေ့ လူတချို့  အကူအညီ တောင်းခံရန် ရုံးတံခါးဝသို့ ရောက်လာပါသည်။ ရုံးအတွင်းသို့ ၎င်းတို့ကို ခေါ်ယူဆွေးနွေးသည့်အခါ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စပြဿနာများ ဖြစ်နေပြီး စာရေးသူတို့ရုံးနှင့် မသက်ဆိုင်သဖြင့် နားလည်အောင် ပြောပြပြီး ပြန်လွှတ်ရသည်။ အဆိုပါ သူတို့မှာ ရုံခြံဝင်းအတွင်း စိုက်ထူထားသော ရုံးဆိုင်းဘုတ်မှ “ဒုက္ခသည်”ဟူသော စာလုံးကိုမြင်သည်နှင့် အားကိုးတကြီး ၎င်းတို့ဒုက္ခများကို တင်ပြလာကြခြင်း ဖြစ်သည်။ မည်သူသည် ဒုက္ခသည်နည်း။ မည်သို့သော သူကို ဒုက္ခသည်ဟု သတ်မှတ်သနည်း၊ ၎င်းတို့မသိကြပါ၊ ထိုသို့ မသိခြင်းအတွက်လည်း အပြစ်တင်ရန်မရှိပါ။

အလားတူကိစ္စမျိုး စာရေးသူ ကလေးသူငယ်များအား အကူအညီပေးသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုတွင်နှင့် အလုပ် လုပ်ခဲ့စဉ်ကလည်း ကြုံဖူးပါသည်။ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သည်ဆိုသည်နှင့် ကလေးသူယ်ရှိသော မိသားစုအချို့မှ ချဉ်းကပ် အကူအညီတောင်းလာခြင်း ဖြစ်သည်။ အဖွဲ့အစည်းအနေဖြင့် မည်သည့်ဒေသ ၌ ကလေးသူငယ်များကို အကူအညီပေးနေသည် မည်သို့ပေးနေသည်ကို ၎င်းတို့မသိကြ။

စာရေးသူပြည်တွင်း ပြည်ပအတွေ့အကြုံများအရ မြန်မာပြည်တွင် ပြည်သူများအကြား၌ ကြီးမားသော သတင်းအချက်အလက် လစ်ဟာမှု (Information gap) ဖြစ်ပေါ်နေပါသည်။ သာမာန် အများပြည်သူများသည်  မည်သည့်ဌာနများသည် မည်သည့်ဝန်ကြီးဌာနလက်အောက်၌  ရှိသည်၊ ဘာတွေလုပ်မည်၊ ဘာတွေလုပ်ပေးနိုင်သည်၊ ဘာတွေကတော့ အခမဲ့ဖြစ်သည်၊ ဘာတွေကတော့ ဘယ်လောက်ကုန်ကျနိုင်သည် စသဖြင့် အခြေခံ သတင်းအချက်အလက်များကို မသိရှိကြချေ။ နိုင်ငံရပ်ခြားကဲ့သို့လည်း အင်တာနက်ကို အလွယ်တကူ သုံးစွဲနိုင်ခြင်း မရှိကြဘဲ သုံးစွဲနိုင်သည့်တိုင် အလွန် နည်းပါးသော မြို့နေလူထုသာ ဖြစ်သည်။

စာရေးသူ ပြည်ပတွင် ကျောင်းများတက်စဉ် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်  အချို့ကို ကိုးကားချင်သဖြင့် ဝန်ကြီးဌာန၏ website အချို့ကို ဝင်ရောက်ကြည့်ရှုရာ များစွာသော website အများစုမှာဖွင့်မရဘဲ ဖွင့်၍ရသော website များမှာလည်း  Update လုပ်ထားခြင်း မရှိ ကြပါ။ မြန်မာပြည်ပြန်ရောက်ပြီး ပြည်တွင်းမှ ထပ်မံဝင်ရောက်ကြည့်ရှုရာ အလားတူအခက်အခဲများ ကြုံတွေ့ရပါသည်။ ၎င်းဝန်ကြီးဌာန website များမှာ ကျွန်တော့် အတွေ့အကြုံအရ လွန်ခဲ့သော ၄၊၅နှစ် မကကတည်းက တင်ထားခြင်း ဖြစ်သည်။ ဆိုပါလျှင် အရည်အသွေးရော၊ အရေအတွက်ပိုင်းတွင်ပါ တိုးတက်သက်ဝင်နေရမည် ဖြစ်သင့်သည်။ သို့သော်ဤသို့ဖြစ်မလာပါ ဖြစ်မလာသေးပါ၊ ယခု လတ်တလော Update အဖြစ်ဆုံးဆို၍ အစိုးရ website များတွင် နိုင်ငံတော်သမ္မတရုံး Website သာ ဖြစ်မည်ထင်ပါသည်။

ထို့ပြင်ပြည်သူလူထုကြားသတင်းအချက်အလက် လစ်ဟာနေမှုဖြစ်နေသည်မှာ ပြည်သူများနှင့် အစိုးရဌာနများကြားတွင်၌သာ မဟုတ်ဘဲ ပြည်သူများနှင့် NGO များ၊UNအဖွဲ့အစည်းများ ကြားတွင်ပါရှိနေလေရာအဆိုပါကိစ္စကိုကုစားရန် ပွင့်လင်းမြင်သာမှု ရှိခြင်း၊ Transperancy နှင့် Accountability မှာများစွာအရေးကြီးလှသည်။ ထိုသို့ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်း အကောင်းဆုံးအဖြေမှာ အစိုးရ ရုပ်သံမီဒီယာများပင် ဖြစ်သည်။ ရုပ်မြင်သံကြား အစီအစဉ်များမှတဆင့်  အစိုးရဌာနအသီးသီးသည် ၎င်းတို့ လုပ်ဆောင်နေမှု၊ လုပ်ဆောင်ပေးနိုင်မှု၊ အခမဲ့ဝန်ဆောင်မှု၊ အခမဲ့ မဟုတ်သော ဝန်ဆောင်မှုနှင့် ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတများကို အလှည့်ကျ ဖော်ပြပေးနိုင်သည်၊ ဖော်ပြပေးသင့်သည်။ ထိုသို့ အစိုးရဌာနများ၌ လုပ်ငန်းတစ်ရပ် ကိစ္စတစ်ရပ် ဆောင်ရွက်ရာတွင် အချိန်ကြာမြင့်မည့်အချိန်ကိုပါ ခန့်မှန်းဖော်ပြပေးနိုင်ပါက ပြည်သူလူထုအတွက် များစွာအဆင်ပြေပါမည်။

အစိုးရ အဖွဲ့အစည်းများတင်မကဘဲ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့်  NGO,INGO နှင့် UN အဖွဲ့အစည်းများသည်လည်း ၎င်းတို့ တိုင်းပြည်အတွင်း လုပ်ဆောင်နေမှုများကို ပြည်သူများထံ ရုပ်မြင်သံကြား၊ သတင်းစာများမှတဆင့် ပွင့်ပွင့်လင်းချပြရန် လိုပါသည်။ ပြည်သူအကြားတွင်  အဆိုပါ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ မေးခွန်းများစွာ ရှိကြပါသည်။ သိလိုကြပါသည်။ နယ်လှည့် ဟောပြောရုံ သင်တန်းများ ပို့ချရုံဖြင့် မလုံလောက်ပါ။ ဘတ်ဂျတ် ဘယ်လောက်ရသည်၊ ဘာတွေလှူဒါန်းပြီး ဖြစ်သည်။ ဘာတွေလှူဒါန်းမည် စသဖြင့် ထင်သာမြင်သာ ဖြစ်စေမည့် အချက်အလက်များကို လူသိရှင်ကြား ဖော်ပြသင့်ပါသည်။ အကယ်၍ ပြောသလို ပမာဏအား မလှူဒါန်းပါက လှူဒါန်းမှု မရသေးပါက လှူဒါန်းသည့် ငွေပမာဏနှင့် ရရှိသည့် အလှူငွေများ ကွာဟနေပါက သက်ဆိုင်ရာ နယ်မြေဒေသများမှ မီဒီယာများမှ အဆိုပါ အဖွဲ့အစည်း များအား ထောက်ပြဝေဖန်လာပါလိမ့်မည်။

ထိုသို့ ရုပ်သံမီဒီယာများမှတစ်ဆင့် ပုံမှန်အချိန်ပိုင်း ထုတ်လွှင့်ပေးပါက သတင်းစာများတွင် ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းဖော်ပြပါက ဂရုတစိုက် ကြည့်ရှုလေ့လာကြမည့် ပြည်သူများစွာ ရှိပါသည်။ လက်ဆင့်ကမ်း မျှဝေကြမည့် ပြည်သူများစွာ ရှိပါသည်။ အစိုးရအပေါ်လည်း ယုံကြည် နားလည်မှုလည်း တိုးလာမည်ဖြစ်ပြီး အစိုးရဌာနများ NGOများ အနေဖြင့်လည်း ပိုမိုတာဝန်ယူ၊ ဝန်ခံလာရမည်ြဖစ်သည်။ ဤနေရာတွင် သတိပြုရန်မှာ ရုပ်မြင်သံကြားမဟုတ်ဘဲ  Internet တွင် လွှင့်တင်ထားပါက အများပြည်သူများ လက်လှမ်းမီနိုင်မည် မဟုတ်ပါ။

အများပြည်သူမှလည်း မည်သို့သော ဝန်ဆောင်မှုကို မည်သည့်ဌာနမှ ပေးရသည်၊ မည်သည့်အချိန်ကို မည်သည့်နေရာများတွင် ရနိုင်သည်၊ မည်မျှအချိန်ကုန်သည်၊ မည်မျှ အချိန်ကြာမြင့်နိုင်မည်ကို အလွယ်တကူ သိရှိနိုင်ကြမည်ဖြစ်ပြီး အကဲဖြတ်နိုင်ကြမည်ဖြစ်ပြီး ကျေနပ်သဘောကျပါက Media များမှတစ်ဆင့် အဆိုပါဌာနများကို ထုတ်ဖော်ချီးကျူးကြမည် ဖြစ်သည်။ အချို့သော ဌာနဆိုင်ရာများအနေဖြင့် နေရာတကာ ဂျာနယ် စာစောင် များတွင် ဝေဖန်မှုများသာ ကြုံတွေ့ဖတ်ရှုနေရရာ ယခုလိုပွင့်လင်းမှု ပြသခြင်းဖြင့် ပို၍ရှုပ်ထွေးကုန်မည်လားဟု စဉ်းစားစရာ ရှိပါသည်။

ထိုင်နေရင် အကောင်းသား ထမှကျိုးမှန်းသိဆိုသလိုမျိုးများ ဖြစ်နေမည်လားဟု တွေးတောဖွယ် ရှိပါသည်။ ပြည်သူလူထုအများစုသည် နားလည်မှု ရှိကြပါသည်။ မ,အကြပါ။ မရိုင်းကြပါ။ ပြုပြင်ပြောင်းလဲမှု ထင်ရှားသိသာစွာပြသော ဌာနများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမည်ဖြစ်ပြီး ကျိုးမှန်းသိပါက ဝိုင်းဝန်းတွဲကြပါလိမ့်မည်။ အကျိုးမှ အကောင်းဖြစ်လာရန် ကူညီကြံဆကြပါလိမ့်မည်၊ အကျိုးမှန်းသိမှာစိုး၍ ဆက်၍ထိုင်နေလျှင်သာ နောက်ဆုံးတစ်နေ့ ယုံကြည်မှု ဆုံးရှုံး ၍  ချောင်ပိတ်မိပါလိမ့်မည်။

စာရေးသူသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးရာ လုပ်ရည်ကိုင်ရည်ရှိပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိသော ဝန်ထမ်း များရှိသည်ကို နားလည်သိရှိရပါသည်။ ပြည်သူများမှ မိမိဌာန အဖွဲ့အစည်းကို အားကိုးယုံကြည်မှု ရှိသည်၊ ချစ်ခင်လေးစားမှု ရှိသည်ဟူသော ပီတိစိတ်ဖြင့် လုပ်ကိုင်ရသည်ကို လိုလားသူ အများအပြား ရှိပါသည်။ အတုန့်အလှည့်အားဖြင့် နိုင်ငံတော်မှ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ခံစားခွင့်များ ခေတ်နှင့်အညီ တပြေးညီဖြစ်ရေးအား ကြံဆဆောင်ရွက်လာမည် ဖြစ်ပါသည်။

မဝေးလှသော အတိတ်ကို ပြန်ကြည့်လျှင် စာရေးသူတို့နိုင်ငံတွင် ပြည်သူ့တာဝန် ထမ်းဆောင်ရသည့် အဖွဲ့ အစည်းများသည် ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်းတို့၌  များစွာအားနည်းလှသည်ဖြစ်ရာ ပြည်သူလူထု၏ အားကိုးယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော် အကြီးအကဲများမှဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား မိမိတို့အသိစိတ်ဖြင့် ပြုပြင်ပြောင်းလဲကြရန် လမ်းဖွင့်ပေးခဲ့ပြီ ဖြစ်ပြီး ပြည်သူလူထုနှင့် စာနယ်ဇင်းများမှလည်း လေ့လာစောင့်ကြည့်လျက် ရှိကြပါသည်။ တချို့ဌာနများသည် ပြုပြင်ပြောင်းလဲနေပြီ ဆိုသော်လည်း ထင်သာမြင်သာ မရှိလှသေးပါ။ ပြည်သူအများထံမှ “သွားကြည့်ကြပါ၊ ဘာမှ မပြောင်းလဲသေးကြပါဘူး” ဟူသော အသံများသာ ကြားနေရသည်။ သို့ဖြစ်၍ ဌာနများအနေဖြင့် ၎င်းတို့၏ သိသင့်သိထိုက်သည်များကို အစိုးရပိုင် မီဒီယာများမှတဆင့် ပြည်သူလူထုထံသို့ ပွင့်လင်းစွာ တင်ပြကြခြင်းဖြင့် အပြောင်းအလဲ အလှည့်အပြောင်းကာလတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြပါစေကြောင်း မျှော်လင့်ဆန္ဒပြုမိပါသည်။

 *****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၉. ၈.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဆန်စပါးအသင်းမှ တောင်သူများအား ကူညီပေးရန်  အရေးပေါ်အကူအညီထောက်ပံ့ရေးလုပ်ငန်းဖွဲ့
  2. ခွင့်ပြုမိန့်မလိုဘဲ ပြည်သူ့ဝန်ထမ်းများအား တရားစွဲဆိုနိုင်ပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမဆုံးအစည်းအဝေးကျင်းပ
  2. ဝန်ကြီးဌာနများ၏ စီမံကိန်းနှင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဘဏ္ဍာငွေသုံးစွဲမှုအား လွှတ်တော်သို့တင်ပြရေး အဆိုတင်သွင်း
  3. မြန်မာ-တရုတ် ပြဿနာများအတွက် တရုတ်လာရောက်လေ့လာ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဆန်စပါးအသင်းမှ တောင်သူများအား ကူညီပေးရန်  အရေးပေါ်အကူအညီထောက်ပံ့ရေးလုပ်ငန်းဖွဲ့

မြန်မာနိုင်ငံအတွင်း မိုးအဆမတန် ရွာသွန်းမှုများကြောင့် အချို့ဒေသရှိ လယ်ယာမြေများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တောင်သူများအား အကူအညီပေးနိုင်ရန် အရေးပေါ် အကူအညီ ထောက်ပံ့ရေးလုပ်ငန်းအဖွဲ့ Emergency Early Response Team (EERT)ကိုဖွဲ့စည်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ ဖွဲ့စည်းလိုက်သော EERT အနေဖြင့် မြန်မာနိုင်ငံအတွင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသော ဒေသများအား သတင်းအချက်အလက် စုဆောင်းပေးခြင်း၊ ရေမြှုပ်သော စိုက်ခင်းများ အချိန်ကာလအလိုက် ပြန်လည်စိုက်ပျိုးရန် လိုအပ်မှု ရှိ၊မရှိ သုံးသပ်ခြင်း၊ မျိုးစပါးများအချိန်မီ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ခြင်း၊ အထွက်နှုန်း မကျဆင်းနိုင်စေရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးခြင်း၊ ရာသီဥတု ပြောင်းလဲမှုများကို တောင်သူများ ကြိုတင်သိရှိပြီး ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မိုးတအားကျတယ်။ မိုးတအားကျတော့ တောင်သူတွေအနေနဲ့ တော်တော်ဒုက္ခရောက်ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းကို အရေးပေါ်အကူအညီ လုပ်ငန်းအဖွဲ့ဆိုပြီး ဖွဲ့လိုက်တာပါ။ တောင်သူတွေ အချိန်မှီ စပါးစိုက်ပျိုးနိုင်အောင် အဓိက ကူညီပေးသွားပါမယ်။ တောင်သူတွေလိုအပ်တဲ့ စိုက်ပျိုးရေး သွင်းအားစုတွေကိုလည်း အကူအညီ ပေးသွားပါမယ်။ တောင်သူတွေအတွက် ရာသီဥတုတွက်ချက်ပေးတာတွေကိုပါ လုပ်ဆောင်ပေးသွားမှာပါ”ပာု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်မှုများကြောင့် စပါးအထွက်နှုန်းများလျော့ကျ၍ တောင်သူများ အခက်အခဲ၊ အကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိပြီး ယခင်တောင်သူများ ဆန်စပါးအထူးပြုကုမ္ပဏီများထံမှ ချေးယူထားသော ချေးငွေများကို ပေးဆပ်နိုင်ခြင်း မရှိတော့သည့်အတွက် ဆန်စပါးအထူးပြုကုမ္ပဏီများအနေဖြင့်လည်း ရပ်ဆိုင်းလုနီးပါး ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

“အခုနှစ် ရာသီဥတုက တော်တော်ဖောက်ပြန်ပါတယ်။ ဒီလိုဖောက်ပြန်လို့ စပါးအထွက်နှုန်းလည်း တော်တော် လျော့ကျသွားတယ်။ တောင်သူ တွေလည်း တော်တော်ကိုဒုက္ခရောက်သွားတယ်။ ဒါကြောင့် ဆန်စပါးအထူးပြု ကုမ္ပဏီတွေရဲ့ ချေးငွေတွေကို ပြန်မဆပ်နိုင်တော့ပါဘူး။ ကျွန်တော် တို့လည်း အဆင်ပြေတာနဲ့ ပြန်ဆပ်မှာပါ။ ဒါပေမယ့် ခုလက်ရှိကို စားဖို့တောင်အနိုင်နိုင်၊ သူတို့ချေးငွေတွေကိုတော့ ပြန်မဆင်နိုင်သေးပါဘူး”ပာု ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ တောင်သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ လူဦးရေ သန်းခြောက်ဆယ်၏ ၇၅ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင် သူများဖြစ်ပြီး နိုင်ငံ၏ အဓိက ထွက်ကုန်မှာလည်း ဆန်စပါးဖြစ်သည့်အတွက် တောင်သူများအဆင်မပြေ ခက်ခဲလာပါက နိုင်ငံတော်၏ စီးပွားရေးကိုပါ ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ခွင့်ပြုမိန့်မလိုဘဲ ပြည်သူ့ဝန်ထမ်းများအား တရားစွဲဆိုနိုင်ပြီ

ပြည်သူ့ဝန်ထမ်းများ (ပြန်တမ်းဝင်အရာရှိ)များအား တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ခွင့်ပြုမိန့် တင်ပြတောင်းခံရန် မလိုအပ်ဘဲ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇(၁) အရ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆိုနိုင်ပြီး တာဝန်ချိန်မပာုတ်ပါက ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ နှင့် တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့အရ တရား စွဲဆိုနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြန်တမ်းဝင်အရာရှိတွေကို တာဝန်ချိန်မှာရော၊ တာဝန်ချိန်ပြင်ပမှာကော ပြစ်မှုတစုံတရာ ကျူးလွန်တယ်လို့ တွေ့ရင် တရားစွဲဆိုခွင့်ပြုမိန့်မှ မလိုဘဲ တရားစွဲဆိုနိုင်ပါပြီ။ ဒီကိစ္စကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနဲ့ အစိုးရအဖွဲ့အဆင့်ဆင့်ကိုလည်း ညွှန်ကြားထားပြီးပါပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများအား တရားစွဲဆိုရာ၌ အကျဉ်းဦးစီးနှင့် စစ်ဘက်ဆိုင်ရာများမှအပ ကျန်ဌာနများကို တရားစွဲဆိုကြောင်း အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်ပြီး တရားစွဲဆိုခံရသည့် ယင်းဌာနများအား သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ယခင် ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ)များအား ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိ၍ တရားစွဲဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့များထံမှ တရားစွဲဆိုခွင့်ပြုမိန့်တောင်းခံနေရသည့်အတွက် ဦးစီးဆိုင်ရာ လုပ်ငန်း များနှင့် အမှုများသည် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Ref:မြန်မာတိုင်းမ်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမဆုံးအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး နှစ်ရက်အကြာတွင် ယင်းကော်မရှင်၏ ပထမဆုံးအစည်းအဝေးကို မရမ်းကုန်းမြို့နယ်ရှိ စက်မှုဝန်ကြီးဌာနရုံး(ဘွိုင်လာသင်တန်းကျောင်း)တွင် ယနေ့နံနက် ၁၀နာရီမှ နေ့လည်၁၂နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။

“ မ.ဆ.လ ခေတ်နောက်ပိုင်း ပြင်ပက အတတ်ပညာရှင်တွေပါဝင်တဲ့ ပထမဆုံး လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်” ဟု ထိုစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။

ကော်မရှင်အနေဖြင့် ပြဿနာများဖြစ်ပွားခဲ့သည် ဇာစ်မြစ်ကိုရှာဖွေဖော်ထုတ်ရန်၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ အမှန်တကယ် ရရှိနိုင်ရန်၊ ဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို အကြံပြုတင်ပြရမည်ဖြစ်ကြောင်း ထိုအစည်းအဝေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒီကိစ္စဟာ State Building ၊ Nation Building နဲ့ နိုင်ငံသားဖြစ်မှု ဥပဒေဆိုင်ရာတွေအထိ ကျယ်ပြန့်ပါတယ်၊ ဒီကိစ္စဟာ ကျွန်တော်တို့ ထောင်က လွတ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုမှာ ပထမဆုံးပါဝင်တာ ဖြစ်ပါတယ် ဟု ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီးက ပြောကြားသည်။

ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးရမည့် အချက်(၈)ချက်အပေါ် မူတည်၍  အဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး အခင်းဖြစ်ပွားရာ ဒေသများနှင့် သွားရောက်ရန် ခက်ခဲသော နေရာဒေသများအထိပင် သွားရောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး အင်တာဗျူးများ ဖြေကြားမည့် ဒေသခံများ၏ လုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးမြင့် (ညွှန်ကြားရေးမှူး-ငြိမ်း- သာသနာရေး ဦးစီးဌာန)က ဆိုသည်။

၂၀၁၂ သြဂုတ်လ ၁၇ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၂ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ယင်းကော်မရှင်တွင် ထင်ရှားသည့် သမိုင်းပညာရှင်များ ၊ နိုင်ငံရေးသိပ္ပံပညာရှင်များ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါဝင်ပြီး ကော်မရှင်၏ အစီရင်ခံစာကို နိုဝင်ဘာ(၁၆)ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံ အစီရင်ခံ တင်သွင်းရမည်ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဝန်ကြီးဌာနများ၏ စီမံကိန်းနှင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဘဏ္ဍာငွေသုံးစွဲမှုအား လွှတ်တော်သို့တင်ပြရေး အဆိုတင်သွင်း

၂၀၁၂ သြဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး နဝမနေ့တွင် တွံ့တေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသာက မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများ၏ စီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်များမှုများတွင် ဘဏ္ဍာငွေသုံးစွဲမှု သုံးငွေရငွေများကို ဗပိာုအဖွဲ့အစည်း၊ ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းများအားလုံး လုပ်ငန်းတစ်ခုချင်းအလိုက် ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြရေးအဆိုကို တင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ်များသည် သြဂုတ်လ ၁၇ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့ကြရန် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

“လက်ရှိမှာ ဝန်ကြီးဌာနတွေက လုပ်ဆောင်နေတဲ့လုပ်ငန်းတွေ၊ သူတို့သုံးစွဲနေတဲ့ ဘတ်ဂျက်တွေကို လွှတ်တော်အနေနနဲ့ကော ပြည်သူတွေ အနေနဲ့ကော သိကိုသိသင့်ပါတယ်။ ဒါမှလည်း အပြန်အလှန်ထိန်းကျောင်းမှု ဖြစ်လာနိုင်မှာပေါ့။ တကယ်ကို ပွင့်လင်းမြင်သာမှုရှိတဲ့ အပြောင်းအလဲတွေကို ဒီကိစ္စကို လွှတ်တော်ကို တင်ပြသင့်ပါတယ်။ အရင် လွှတ်တော်ကိုယ်စားတယ်တစ်ဦး တင်သွင်းတဲ့ နိုင်ငံတော်သမ္မတ ခန့်အပ်ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှု ပြသရေး အဆိုတုန်းကတော့ ပယ်ချ ခံခဲ့ရတယ်။ ခု ဘယ်လိုလာဦးမယ်တော့ မသိသေးဘူး”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် ၂၀၁၂ သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်စတုတ္တပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့တွင် ဇူလိုင်(၁၄)ရက်နေ့တွင် တင်သွင်းခဲ့သော ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သမ္မတမှ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်များ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားကို ထုတ်ဖော်ကြေညာ မှတ်တင်ထားရန် အဆို အား ကန့်ကွက်မဲများသည့်အတွက် ပယ်ချခံခဲ့ရကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ-တရုတ် ပြဿနာများအတွက် တရုတ်လာရောက်လေ့လာ

ပြည်တွင်း၌ မြန်မာဒေသခံများနှင့် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီမျအားအကြား ဖြစ်ပွားလျက်ရှိသော ပြဿနာကိစ္စရပ်များအား ပညာရှင်ကဏ္ဍမှ ရှုမြင်နိုင်ရန်အတွက် တရုတ်နိုင်ငံရှိ ဘေဂျင်းတက္ကသိုလ်နှင့် ယူနန်တက္ကသိုလ်မှ တရုတ်ပညာရှင်များနှင့် သြဂုတ်လ ၁၇ ရက်နေ့တွင် မန္တလေးမြို့ မြစ်ဖျားဧရာပိာုတယ် ငါးလွှာခန်းမတွင် ဆွေးနွေးပွဲပြုလုပ်၍ လာရောက်လေ့လာခဲ့ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“တရုတ်-မြန်မာဆက်ဆံရေးပာာ အရင်ကလိုမပာုတ်တော့ပါဘူး။ အရင်တုန်းက အခြေအနေတွေကောင်းခဲ့ပေမယ့် ခုကျတော့ ဆက်ဆံရေး နည်းနည်းတင်းမာလာတွေကို တွေ့ရပါတယ်။ အဓိကတော့ မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်က သူ့သက်တမ်းအတွင်းမှာ ရပ်စဲလိုက်တဲ့ အချိန်ကတည်းကပါပဲ။ မြန်မာနိုင်ငံပာာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အနာဂါတ်မှာ တရုတ်နဲ့ကော အမေရိကန်နဲ့ပါ ဆက်ဆံရေး ကောင်းနေဖို့ လိုပါတယ်”ပာု မြန်မာ-တရုတ်အရေး လေ့လာလျက်ရှိသော မြန်မာပညာရှင်တစ်ဦးက ပြောကြားသည်။

မြန်မာ-တရုတ် ဆက်ဆံရေးအား ပညာရှင်ကဏ္ဍမှ လေ့လာနိုင်ရန်ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ယူနန် တက္ကသိုလ်နှင့် ဘေဂျင်းတက္ကသိုလ်မှ တရုတ်-မြန်မာဆက်ဆံရေး အထူးလေ့လာနေသူ တရုတ်ပညာရှင် ခြောက်ဦး၊ နယ်သာလန်နိုင်ငံအခြေစိုက် French National Institute(FNI)မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒရေးရာပညာရှင် Mr.Tom Kramer နှင့် Mr.Kelvin တို့ တက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဆွေးနွေးမည့် ပညာရှင်များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များဖြစ်သည့် စိမ်းရောင်စိုအဖွဲ့၊ မကွေးတိုင်း ဒေသခံများ၊ မြင်းခြံမြို့နယ်မှ Green for All Group၊ ရှမ်းပြည်နယ်ရှိ စိမ်းရောင်စိုအဖွဲ့၊ မုံရွာမှ နဒီချင်းတွင်း မြစ်ဖျားသန္တာအဖွဲ့၊ ပြင်ဦးလွင်မြို့နယ် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ဒေသခံများ၊ Upper Myanmar Lawyer Network, Meiktila Peoples’s Honorary Network မှ ဒေါ်မြင့်မြင့်အေး၊ တောင်ကြီးမြို့ (NLD)၊ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသ မကွေးတိုင်းဒေသကြီးမှ ဦးစိုးမြင့်နှင့် (၈၈)ကျောင်းသားအဖွဲ့မှ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“ဒီဆွေးနွေးပွဲမှာ တရုတ်ဘက်ကကော မြန်မာဘက်ကကော တော်တော်ကို ဆွေးနွေးခဲ့ပါတယ် တရုတ်နိုင်ငံဘက်ကို ဓာတ်ငွေ့ပို့တာမှ ပိုက်လိုင်း ဖြတ်သန်းရာဒေသတွေမှာ ဖြစ်နေကြတဲ့ဒေသခံတွေရဲ့ အခက်အခဲတွေ၊ တရုတ်နိုင်ငံရဲ့ တချို့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာတွေ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဒုက္ခရောက်နေကြရတဲ့ တောင်သူတွေရဲ့ အခက်အခဲနဲ့ တရုတ်နိုင်ငံ လက်ရှိတင်ပို့နေတဲ့ ကျန်းမာရေး ထိခိုက်စေမည့် ဆီကိစ္စရပ်တွေ၊ စားသောက်ကုန်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီတရုတ် ပညာရှင်အဖွဲ့ဘက်ကတော့ အရာရာကို အပြုသဘောဆောင် ပြီးတော့ ဆွေးနွေးခဲ့ပါတယ်”ပာု ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ယခင်အစိုးရ လက်ထက်ကတည်းကပင် မြန်မာနိုင်ငံအတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လာချိန်မှစတင်၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနည်းငယ် တင်းမာလာခဲ့သည်။

Ref:The Voice

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီလိုမျိုးက အရင်ကတည်းကဖြစ်သင့်တဲ့ အနေအထားတစ်ခုပါပဲ။ ထာဝရငြိမ်းချမ်းရေးရဖို့က အစိုးရအပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ကလည်း မြန်မြန် လုပ်ချင်ပါတယ်။ အခုပုံစံအတိုင်းဆိုရင်တော့ ဆက်စောင့်ရမယ့် အနေအထားမှာ ရှိနေပါတယ်”

သြဂုတ် ၁၉ရက်ထုတ် News Days ဂျာနယ်အတွဲ(၁)အမှတ်(၂၄)တွင် ပါရှိသည့် “ကရင်အမျိုးသား လွတ်လပ်ရေးတပ်မတော် တပ်မဟာ၆/၇ ၏ ပူးပေါင်း ဆက်ဆံရေး ရုံးဖွင့်ပွဲသို့ နိုင်ငံတော်အဆင့် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်” သတင်းမှ ကလိုထူးဖောမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေကတော့ နောက်ချန်ထားခဲ့ရမှာပဲ။ ဒါလည်းကျွန်တော်တို့ လုပ်ရမယ့်ကိစ္စပါ။ ကိုယ့် အစိုးရအတွင်းမှာတော့ လုပ်ပိုင်ခွင့် ရှိတာပေါ့၊ လွှတ်တော်ကျတော့ ကျွန်တော်တို့ လုပ်ပိုင်ခွင့် မရှိဘူး”

သြဂုတ် ၁၉ရက်ထုတ် News Days ဂျာနယ် အတွဲ(၁) အမှတ်(၂၄)တွင် ပါရှိသည့် “နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွင် နှေးကွေးသူများကို ချန်ထားခဲ့ မည်ဟု သမ္မတကဒုတိယအကြိမ် ထပ်မံပြောကြား”သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်က မြန်မာလူမျိုး ဖြစ်တယ်။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားကိစ္စက ကျွန်တော့်ကိစ္စ ဖြစ်တယ်။ တိုင်းရင်းသားတွေ ခံစားရသလို ကျွန်တော် ခံစားရတယ်။ ကျွန်တော်စုံစမ်းမယ့် အမှန်တရားကို နိုင်ငံတကာမီဒီယာတွေ လက်ခံတာမခံတာ သူတို့အပိုင်း။ တကယ့် အမှန်တရား ပေါ်ပေါက်အောင် ဆောင်ရွက်မှာပါ”

သြဂုတ်လ ၁၉ရက်ထုတ် Messangerဂျာနယ် အတွဲ(၃)အမှတ်(၁၃)တွင် ပါရှိသည့် “ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော စုံစမ်းရေး ကော်မရှင်ကို သမ္မတဖွဲ့စည်း” သတင်းမှ အဆိုပါကော်မရှင်တွင် ပါဝင်သူ ဦးဇာဂနာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************************

 

“ယခုလတ်တလောအခြေအနေ၌ Yangon Chronicle ၏ ပြည်တွင်းသတင်း၊ နိုင်ငံရေးသတင်းများ၊ ဆောင်းပါးကဏ္ဍနှင့် ဘာသာပြန် သတင်းများအား Credit ပေးခြင်းမရှိဘဲ ကူးယူဖော်ပြမှုများ ပြုလုပ်နေကြောင်း အထောက်အထားဖြင့် တွေ့ရှိရသောကြောင့် နောက်နောင် ထိုကဲ့သို့ သတင်းအရင်း အမြစ်အား Credit မပေးပဲ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးယောက်မှ မိမိ၏ကိုယ်ပိုင်ကဲ့သို့ ဖေ့စ်ဘွခ်စာမျက်နှာ၌ ကူးယူဖော်ပြမှုများ အား မပြုလုပ်ပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။”

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive