Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၀.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာက လူဇင်ဘတ် နှင့် သံတမန်ဆက်ဆံရေး ထူထောင်

(16 August 2012 ရက်စွဲပါ IANS မှ “Myanmar establishes diplomatic ties with Luxembourg” ကိုဘာသာပြန်ဆိုပါသည်။)

  1. မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လုံခြုံရေးအခြေအနေ တိုးတက် ဟု ကုလပြောကြား

( VOA NEWS မှ 16 Aug 2012 ရက်စွဲပါ “UN Security improving in Western Burma”   သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာကို ပိုမိုအထောက်အကူဖြစ်စေသော တရုတ်

(People’s Daily မှ 20 August 2012 ရက်စွဲပါ“ China is more helpful to Myanmar” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. Visa ကငွေသားကိုင်သုံးသော မြန်မာနိုင်ငံသို့ ဝင်ရောက်မည်

(17 August 2012 ရက်စွဲပါ VOA News မှ Visa to enter cash-dominated Burma ကိုဘာသာပြန်သည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာက လူဇင်ဘတ် နှင့် သံတမန်ဆက်ဆံရေး ထူထောင်

(16 August 2012 ရက်စွဲပါ IANS မှ “Myanmar establishes diplomatic ties with Luxembourg” ကိုဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံသည် လူဇင်ဘတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့ရာ ၂၀၁၂ခုနှစ်အတွင်း မာလာဝီနှင့် ဘူတန်နိုင်ငံများအပြီးတွင် ဆက်ဆံ ရေး ထူထောင်သောတတိယနိုင်ငံဖြစ်ကြောင်း တရားဝင်သတင်း အရင်း အမြစ်များက ကြာသာပတေးနေ့ကပြောပါသည်။

လူဇင်ဘတ်နိုင်ငံနှင့်သံတမန်ထူထောင်းခြင်းကြောင့် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရကတည်းက ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၁၀၇)နိုင်ငံနှင့် အဆက် အသွယ် ပြုလုပ်ထားနိုင်ပြီဖြစ်ကြောင်း Xinhua ကသတင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၏ အဆိုအရ နိုင်ငံပေါင်း (၃၀) သံရုံးများဖွင့်ထားနိုင်ပြီး ၊နယူယောက်နှင့် ဂျီနီဖာတွင် အမြဲတမ်းကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားကာ ၊ဟောင်ကောင်၊ ကူမင်း၊နန်းနင်း နှင့် ကိုးလ်ကတ္တားတို့တွင် ကောင်စစ်ဝန်ချုပ်ရုံး လေးခုဖွင့်ထားကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း (၂၈) နိုင်ငံကသံရုံများ ဖွင့်လှစ်ထားပါသည်။ တရုတ်နှင့်အိန္ဒိယတို့သည် မန္တလေးတွင်လည်းကောင်း၊ ဆွစ်ဇာလန်က ရန်ကုန်တွင်လည်းကောင်း ၊ ဘင်္ဂလားဒေ့ရှ်က စစ်တွေတွင်လည်းကောင်း   ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပါသည်။

------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လုံခြုံရေးအခြေအနေ တိုးတက် ဟု ကုလပြောကြား

( VOA NEWS မှ 16 Aug 2012 ရက်စွဲပါ “UN Security improving in Western Burma”   သတင်းကို ဘာသာပြန်ဆိုသည်။)

အရပ်သားများ ဒါဇင်နှင့် ချီ၍ သေဆုံးကာ လူထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ဖြစ်စေခဲ့သော ရခိုင်နှင့် ရိုဟင်ဂျာ မွတ်စလင်များအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ တိုးတက်နေပြီဟု ကုလသမဂ္ဂက ပြောကြားလိုက်ပါသည်။ု

ကုလသမဂ္ဂလူသားခြင်းစာနာမှုဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးဌာန UNOCHA က “ရခိုင်ပြည်နယ်တွင် အခြေအတင် ဖြစ်ပွားမှုသတင်းများ ပြီးခဲ့ သော သုံးပတ်အတွင်းသိသိသာသာ လျော့နည်သွားသည်” ဟုမှတ်ချက်ပေးပြောကြားသည်။ သို့သော်လည်း နေရာအချို့တွင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် လူမျိုးစုနှစ်ခုအကြား တင်းမာမူများ အလွန်မြင့်နေဆဲဖြစ်သည်ဟု သတိပေးပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်လည်းကောင်း၊ တိုင်းရင်းသား လူမျိုးစုအဖြစ်လည်းကောင်း အသိအမှတ်ပြုခြင်း မခံရသည့် ရိုဟင်ဂျာ မွတ်ဆလင် များ၏ အနေအထားကို အဆိုပါ မငြိမ်သက်မူ ဖြစ်စဉ်က မီးမောင်းထိုးပြနေပါသည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဦးရေ ၈၀၀,၀၀၀ခန့်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖက်မှ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်နေထိုင်သော  ဘင်္ဂါလီများသာဖြစ်သည်ဟု မြန်မာပြည်သူအများစုက သတ်မှတ်ထားကြသည်။

ဇွန်လ အကြမ်းဖက်မူ အပြီးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့များက ရိုဟင်ဂျား မွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက် ညှင်းပန်းနှိပ်စက်မူများ ပြုလုပ်လျက်ရှိသည်ဟု HRW နှင့် Amnesty International ကဲ့သို့သော လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲပြောကြားထားသည်။

တိုင်းရင်းသားလူမျိုးစုများအပေါ် အကြမ်းဘက်ပြုမူဆက်ဆံသော သမိုင်းကြောင်းရှိခဲ့သည့်မြန်မာအစိုးရကမူ  ၎င်းစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး၊ ယင်းပြဿနာ အမြင့်ဆုံးအဆင့် သည်းခံမှုကို ကျင့်သုံး၍ ကိုင်တွယ်ဖြေရှင်းခဲ့သည်ဟု ပြန်လည်တုန့်ပြန်ပြောဆိုထားပါသည်။

၎င်းမငြိမ်သက်မူဖြစ်စဉ်အတွင်း နေအိမ်ပေါင်း ၅၃၀၀ ခန့် ဖျက်ဆီးခံခဲ့ရပြီး စစ်တွေ၊ ကျောက်တော်၊ မောင်းတောမြို့နယ်များရှိ ဒုက္ခသယ်စခန်း ၆၃ခု တွင် ဒုက္ခသယ်စုစုပေါင်း ၆၈၅၀၀ခန့် ခိုလှုံနေရဆဲဖြစ်သည်ဟု မြန်မာအစိုးရ တာဝန်ရှိသူများက ထုတ်ပြန်ကြေငြာထားသည်။

------------------------------------------------------------------------------------------------------------------------------

မြန်မာကို ပိုမိုအထောက်အကူဖြစ်စေသော တရုတ်

(People’s Daily မှ 20 August 2012 ရက်စွဲပါ“ China is more helpful to Myanmar” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

(မြန်မာနိုင်ငံ၌ နိုင်ငံတကာကို တံခါးဖွင့်ပေးသော တရုတ်ခြေလှမ်းကျဲမှုကို ဟန့်တားရန် ကြိုးစားနေချိန်တွင်  တရုတ်အစိုးရအာဘော် သတင်းစာက လက်တုန့်ပြန်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်)

နှစ်ပေါင်း ၇၀ကျော် ဂျပန်တို့ကြီးစိုးမှုကို အံတုယှဉ်ပြိုင်သည့် တရုတ်နှင့် အခြားအာရှနိုင်ငံတို့၏ အောင်ပွဲတွင် ယူနန်- မြန်မာ ကားလမ်းသည် အရေး ကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံမြောက်ပိုင်း လမ်းတစ်လျှောက် မကြာသေးမှီက သွားရောက်ခဲ့သော ခရီးစဉ်တွင် “၎င်းဒေသ စီးပွားရေးသည် ပြည်တွင်းလက်နက်ကိုင်ပြဿနာကြောင့် နောက်ကျကျန်နေခဲ့ပြီး ဒေသခံတို့၏ နွမ်းပါးသော လူနေမှုအဆင့်ကို တရုတ်နိုင်ငံကသာ ကူညီမြှင့်တင်ပေးနိုင် မည်” ဟု ထင်မြင်ယူဆမိစေသည်။

ဆယ်စုနှစ်ချီ တိုက်ပွဲများကြောင့် စီးပွားရေးနောက်ကျ

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိရွာများ၊ အထူးသဖြင့် တောင်ပေါ်ရွာများသည် ဆင်းရဲနေဆဲဖြစ်ပြီး ရွာသားအများစုမှာ အိမ်သုံးပစ္စည်းအနည်း ငယ်သာရှိသော တဲကလေးများတွင် နေထိုင်ကြရသည်။ ယင်းဒေသများသည် သဘာဝသယံဇာတကြွယ်ဝသော်လည်း နှစ်ပေါင်းရှည်ကြာ လက်နက်ကိုင် တိုက်ပွဲများကြောင့် စီးပွားရေးနောက်ကျကာ လမ်းများဆိုးဝါးခြင်း၊ လျှပ်စစ်မီးမရှိခြင်း၊ အခြေခံစနစ်များ ချို့တဲ့ခြင်း တို့ကိုဖြစ်ပေါ်စေခဲ့သည်။ တိုင်းရင်း သားများနေထိုင်သော နိုင်ငံမြောက်ပိုင်းဒေသများတွင် အစိုးရက ကြီးကြီးမားမား ရင်းနှီးမြှပ်နှံမှု မပြုလုပ်နိုင်ခြင်းကြောင့် စီးပွားရေးနှေးကွေးသွားကာ အမျိုး သားစည်းလုံးမှုကို မလွှဲမရှောင်သာ ပျက်ပြားစေခဲ့သည်။

ဒေသခံမြောက်ပိုင်းသားများက“ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား ဖြစ်နိုင်သမျှ မြန်မြန်ငြိမ်းချမ်းရေး ရစေချင်ကြောင်း၊ သို့မဟုတ်ပါက မြောက်ပိုင်းဒေသသို့ ရင်းနှီးမြှပ်နှံသူများ ရောက်လာမည်မဟုတ်ကြောင်း၊ တည်ငြိမ်သည့် ပတ်ဝန်းကျင်နှင့် ပွင့်လင်းသည့် မူဝါဒ မရှိပါက ဒေသစီးပွားရေး၊ ကောင်းစွာဖွံ့ဖြိုးမှာ မဟုတ်ကြောင်း” People’s Daily  သတင်းထောက်က ပြောကြားသည်။

မူဆယ်လမ်း(သို့) ကားအရှုပ်ဆုံး အဝေးပြေးလမ်း

မြန်မာနိုင်ငံမြောက်ပိုင်းလမ်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် တရုတ်အနောက်တောင်ပိုင်းတို့အကြား စီးပွားရေး၊ လူမှုရေး ကူးသန်း ဖလှယ်ရာ သွေးကြောတစ်ခု ဖြစ်လာနေသည်။ ယူနန်-မြန်မာ ကားလမ်းတစ်လျှောက် မြို့များမှ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ကားရပ်စခန်းများက ထရပ်ကားယာဉ်မောင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ရွှေလီနှင့် ကပ်နေသော မူဆယ်မြို့သည် မြန်မာနိုင်ငံတွင် တရုတ်ကုန်စည်များ အဓိကဖြန့်ဖြူးပေးသော ဗဟိုချက်ဖြစ်သည်ဟု ထရပ်ကားယာဉ်မောင်း တစ်ဦးကဆိုသည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှု ဒဏ်ကို ခံနေရာသော ကာလတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်စည်များက မြန်မာ့စီးပွားရေး အသက်ဆက်ရှင်သန်နိုင်ရေးတွင် များစွာ အရေးပါခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံက ပြင်ပကမ္ဘာကို တံခါးပြန်ဖွင့်ပေးနေပြီဖြစ်သော်လည်း ယူနန်-မြန်မာလမ်း သည် မြန်မာနိုင်ငံအတွက် အရေးပါအရာရောက်နေဆဲပင်ဖြစ်သည်။

“ရွာကလူငယ်တွေက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေကြတယ်ဆိုပေမယ့် အများစုကတော့ အနာဂါတ်အတွက် မျှော်လင့်ချက်တွေနဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ကုန်ကူးနေကြတာပါ”ဟု အသက်၆၀ကျော် ရှမ်းဦးကြီးတစ်ဦးက ဆိုသည်။

ကျောက်မဲမှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက “တရုတ်နှင့်မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံကုန်ကူးရန် သဘာဝက အခွင့်အရေးပေးထားသော ရှည်လျားသည့် နယ်စပ်ကို မျှဝေ ပိုင်ဆိုင်ထားကြကြောင်း၊ မြန်မာနိုင်ငံတွင်းသို့ တရုတ်ကုန်ပစ္စည်းများစွာ ဝင်လာခြင်းမှာ တရုတ်ပစ္စည်းများသည် စားသုံးသူအတွက် ဈေးချိုကာ ရောင်းဝယ်သူအတွက် အမြတ်ကျန်သောကြောင့် ဖြစ်ကြောင်း” မှတ်ချက်ပေး ပြောကြားသည်။

“မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ အလှမ်းဝေးပြီး တရုတ်နိုင်ငံနဲ့ အရမ်းနီးပါတယ်။ မြန်မာအတွက် တရုတ်ကပိုပြီး အထောက်အကူဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှပ်နှံခြင်းက နှစ်နိုင်ငံစီးပွားရေး မိတ်ဖက်မှုကို နက်ရှိုင်းစေ

ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုများတွင် တရုတ်နှင့် မြန်မာတို့ နီးနီးကပ်ကပ်ဆက်ဆံခဲ့ကြသော်လည်း ကျောက်စိမ်းတူးဖော်ထုတ်လုပ်ခြင်း၊ သစ်ထုတ် လုပ်ခြင်းနှင့်အခြားကုန်ကြမ်း ပစ္စည်းများရယူခြင်းစသော သယံဇာတထုတ်ုလုပ်ငန်းများပေါ်တွင်သာ အာရုံစိုက် ဦးစားပေးခဲ့ကြသည်။ ယင်းပူးပေါင်း ဆောင်ရွက်မှုပုံစံသည် အမှန်တကယ်၌ ပျက်ပြားလွယ်သော ပုံစံသာဖြစ်သည်။

တရုတ်နယ်စပ်အနီးမှ မြန်မာမြောက်ပိုင်းဒေသသည် တိုင်းရင်းသားပြဿနာများ ရှုပ်ထွေးနေသည်။ ရှိရင်းစွဲဒေသတွင်း မငြိမ်မသက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည်လည်း ကြီးမားသေား ထိခိုက်နိုင်ချေနှင့် ရင်ဆိုင်နေရသည်။

သယံဇာတထုတ်ယူမှုကို အခြေပြုသော ကုန်သွယ်ရေးသည် ထုတ်လုပ်မှုနှင့် ရောင်းချမှု စီးပွားရေးကဏ္ဍအပေါ် အနည်းငယ်မျှသာ လှုံ့ဆော် အားပေးနိုင်ခြင်းကြောင့်တရုတ်တို့၏ ရင်းနှီးမြှပ်နှံမှုများသည် မြန်မာနိုင်ငံစီးပွားရေးအပေါ်တွင် လွှမ်းမိုးနိုင်မှုအကန့်အသတ်ရှိနေသည်ဟု အကဲခတ်လေ့လာ သူများက ယုံကြည်ထားကြသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် လယ်ယာကဏ္ဍ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုသည် အလားအလာကြီးမားသည်ဟု မြန်မာနိုင်ငံမှ စီးပွားရေး သမားအများစုက ယုံကြည်လျက်ရှိသည်။ အထည်အလိပ်နှင့် စိုက်ပျိုါ်ရေးကုမ္ပဏီများ အပါအဝင်လုပ်သားအသုံးပြု တရုတ်ကုမ္ပဏီလုပ်ငန်းများစွာသည် မြန်မာဈေးကွက်ကို လေ့လာစုံစမ်းရန် ကိုယ်စားလှယ်များစေလွှတ်ထားကြသည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု နယ်ပယ် တိုးတက်လာသည်နှင့်အမျှ တရုတ် ကုမ္ပဏီများ ဝင်ရောက်ရင်းနှီးမြှပ်နှံ ကြတော့မည်ဖြစ်၍ နှစ်နိုင်ငံစီးပွားရေးမိတ်ဖက်မှု ပိုမိုအားကောင်းအောင် ပြုလုပ်ပေးနိုင်ပါလိမ့်မည်။

------------------------------------------------------------------------------------------------------------------------------

Visa ကငွေသားကိုင်သုံးသော မြန်မာနိုင်ငံသို့ ဝင်ရောက်မည်

(17 August 2012 ရက်စွဲပါ VOA News မှ Visa to enter cash-dominated Burma ကိုဘာသာပြန်သည်)

ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော  Visa ကငွေစက္ကူကိုင်သုံးလျက်ရှိသော ဈေးကွက်လွှမ်းမိုးသည့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ပြင်ဆင် လျက်ရှိသည်ဟု ကြေညာခဲ့ရာ ကြွေးဝယ်ကဒ်နှင့်ငွေထုတ်ကဒ် (credit and debit card)များကို မြန်မာနိုင်ငံတွင် အသုံးပြုရန် စာရင်းပြောင်းရန် လွယ်ကူသွားမည်ဖြစ်သည်။

Wall Street Journal က သောကြာနေ့တွင် သတင်းဖော်ပြရာတွင် မြန်မာ့စီးပွားရေးခေတ်မှီရေး အထောက်အကူပြုရန် မြန်မာပြည်တွင်း ဘဏ်ဝန်ထမ်းများအား အီလက်ထရွန်းနစ်ငွေပေးစနစ်( electronic payment system) အသုံးပြုပုံကို  Visa က လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ နိုင်ငံတကာအရေးယူမှုများမှ နိုးထလာပြီဖြစ်သည်။

ကမ္ဘာပေါ်တွင် နေရာတကာ၌ အီလက်ထရွန်နစ်ငွေလွှဲပြောင်းမှုမှာ ပုံမှန်အသုံးပြုမှုတစ်ခုဖြစ်နေသော်လည်း မြန်မာနိုင်ငံတွင် မဖြစ်နိုင်သော ကိစ္စရပ် တစ်ရပ်ဖြစ်နေဆဲဖြစ်သည်။ ဆင်းရဲမွဲတေနေသော တိုင်းပြည်တွင် ATMစက်အလွန်နည်းပါးစွာသာရှိနေပြီး၊ စီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံတကာ အသိအမှတ်ပြု ခရက်ဒစ်ကဒ်များကို လက်ခံခြင်းကို ကာလရှည်ကြာကတည်းက တားမြစ်ထားသည်။

သို့သော် Visa ကပြောကြားရာတွင် မြန်မာနိုင်ငံပေါ်အရေးယူမှုများ ဖြေလျော့ပေးပြီးနောက် နိုင်ငံတကာမှ ဧည့်သည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကြောင့်၊ ငွေသားသယ်ဆောင်ခြင်းမပြုလိုသူ ဧည့်သည်များအတွင် မြန်မာနိုင်ငံတွင် အခြေခံအီလက်ထရွန်နစ် ငွေပေးဝန်ဆောင်မှုပေးရန် လိုအပ်လာသည်ဟု ဆိုသည်။

Wall Street Journal ကပြောကြားရာတွင် ဆင်းရဲသော မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦးမလုံလောက်မှုကြောင့် Visa အနေဖြင့် ATM စက်များသော်လည်းကောင်း၊ အီလက်ထရွန်နစ် ငွေပေးစနစ်အပြည့်အဝပေးရန်သော်လည်းကောင်း ထူထောင်ရန်လအတန်ကြာစောင့်ဆိုင်းရလိမ့်မည်ဟု ဆိုခဲ့သည်။

သို့သော် ကုမ္ပဏီက ပြောကြားရာတွင် ၎င်းသည် ဘဏ်အုပ်စုတစ်ခုနှင့် ပတ်တနာ(partner) ပြုလုပ်ထားပြီးလအနည်းငယ်အတွင်း အဆင့်မြှင့်တင် နိုင်ရေးအတွက် ရည်ရွယ်၍ လေ့ကျင့်သင်ကြားရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပေ။

လာမည့်နှစ် အရှေ့တောင်အာရှအားကစားပွဲနှင့် ဒေသတွင်းအစည်းအဝေးတစ်ခုဖြစ်သည့် World Economic Forum တွင် ဧည့်သည်များစွာ လာမည်ဟု မြန်မာနိုင်ငံက မျှော်လင့်လျှက်ရှိသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၀.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်အကြမ်းဖက်မှုများ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်းကို ဘန်ကီမွန်းကြိုဆို

(UN News မှ 17August 2012ရက်စွဲပါ “Myanmar: Ban Welcome Commission probing in Rakhine State”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဒုတိယသမ္မတသစ်အကြောင်း လွှတ်တော်အမတ်များ သေချာမသိကြ။

(VOA News မှ 16August 2012ရက်စွဲပါ “Myanmar Law makers know Little about new appointed voice president” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအတွက် မဟာဗျူဟာ မူကြမ်းထုတ်ပြန်

(17 August 2012 ရက်စွဲပါ IPS မှ Carcy Biron ရေးသားသော “World Bank releases draft strategy for Myanmar “ကို ဘာသာပြန်ဆို သည်။)

*****************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်အကြမ်းဖက်မှုများ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်းကို ဘန်ကီမွန်းကြိုဆို

(UN News မှ 17August 2012ရက်စွဲပါ “Myanmar: Ban Welcome Commission probing in Rakhine State”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသတွင် မကြာသေးမီကဖြစ်ပွားသော အကြမ်းဖက် အဓိကရုဏ်းကိုစုံစမ်းစစ်ဆေးရန်  ၂၇ဦးကော်မရှင်ကို ဖွဲ့စည်း ကြောင်း သမ္မတဦးသိန်းစိန်က ကြေညာခြင်းကို ကုလသမဂ္ဂ အထွေတွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကကြိုဆိုထောက်ခံလိုက်သည်ဟု ကုလအကြီးအကဲ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ဒီကော်မရှင်မှာ နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖွဲ့စည်း ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါလိမ့်မယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က မူစလင်အသိုင်းအဝိုင်းရဲ့ အနေအထား အပါအဝင် အကြမ်းဖက်မှုများ ရဲ့ အခြေခံအကြောင်းအရင်းများကို ကိုင်တွယ်ဖို့အတွက် လူများစု ပါဝင်ဆောင်ရွက်ခွင့်ရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါ လိမ့်မယ်”ဟုမစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ကြေညချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာမူစလင်များအကြား အပြန်အလှန် အကြမ်းဖက်မှုဖြစ်စဉ် များတွင်း အရပ်သားများ ဒါဇင်နှင့်ချီ၍ သေဆုံးကာ ရာပေါင်းများစွာ ပျက်ဆီးဆုံးရှုံးခဲ့ပြီး အနည်းဆုံးလူပေါင်း ၆၄၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ပြောရေးဆိုခွင့်ရှိသူ ကဆက်လက်၍ “`ဤကော်မရှင်သည် ပြန်လည်စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် မှန် သမျှတွင် အဓိကကျကျ ပါဝင်လိမ့်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ ပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုများတွင် လက်တွေ့အပြုသဘော ဆောင်သော စိတ်ဓာတ်ဖြင့် ကူညီရန်နှင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင်ကူညီရန် ကုလသမဂ္ဂအနေဖြင့် အဆင်သင့်ရှိနေကြောင်း” ပြောကြားသွားခဲ့သည်။

-------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတသစ်အကြောင်း လွှတ်တော်အမတ်များသေချာမသိကြ။

(VOA News မှ 16August 2012ရက်စွဲပါ “Myanmar Law makers know Little about new appointed voice president” သတင်းကို ဘာသာပြန်ဆိုသည်။)

ယခင်ရက်ကခန့်အပ်လိုက်သော ဒုတိယသမ္မတနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မြန်မာလွှတ်တော်အမတ်များ ကြိုးစား ရှာဖွေလျက်ရှိခြင်းသည် နိုင်ငံရေးပွင့်လင်းမှုဆီ ဦးတည်နေသော မြန်မာနိုင်ငံတွင် တပ်မတော် သြဇာလျော့ချမှု နှေးကွေးနေခြင်းကို ပြသနေသည်။

ယခင်လကနှုတ်ထွက်သွားသည့် ဒုတိယသမ္မတတစ်ဦး၏ လစ်လပ်နေရာကို အစားထိုးရန်အတွက် ရေတပ်ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို တပ်မတော် သားအစုအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းခဲ့ကြ သည်။ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ရာခိုင်းနှုန်း ရရှိထားသော တပ်မတော်အစုအဖွဲ့သည် အရပ်ဖက်ထိပ်တန်းခေါင်းဆောင်သုံးဦး အနက်တစ်ဦးကို အမည်စာရင်း တင်သွင်းခွင့်ရှိသည်။

ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဓိကအတိုက်အခံပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်သူ ဦးမျိုးအောင်က “ဦးဥာဏ်ထွန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘာမှမသိပါဘူး၊ အရင်ကလည်း သူ့ကိုမတွေ့ဘူးပါဘူး။ သူ့ရဲ့အကြောင်းကို အသေးစိတ် မသိရသေးတဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို သူဘယ်လို အထောက်အကူပြုသလဲဆိုတာ ကျွန်တော်တို့အကဲမဖြတ်နိုင်သေးပါဘူး” ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။

၂၀၁၀ရွေးကောက်ပွဲ တွင်စတင်ခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီခြေလှမ်းသည် နှစ်ပေါင်း၅၀တိုက်ရိုက် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ကာ အမေရိ ကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့အား sanction များဖြေလျှော့ပေးအောင် ဆွဲဆောင်နိုင်ခဲ့ပြီး တရုတ်နှင့်အိန္ဒိယကြား လူဦးရေသန်း၆၀ရှိသော မြန်မာ့ ဈေးကွက်တွင် ကိုကာကိုလာ၊ ယူနီလီမား၊ဂျီအီး အစရှိသော အမေရိကန်ကုမ္ပဏီများ အပါအဝင်နိုင်ငံတကာ ကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြှုပ်နှံအောင် အားပေးလျက်ရှိသည်။

အာဏာရပြည်ခိုင်ဖြိုးပါတီက ၂၀၁၅ရွေးကောက်ပွဲကို စောင့်မျှော်နေပြီဖြစ်သည့်အလျောက် သမ္မတဦးသိန်စိန်ကလည်း လူများစု အလုပ်အကိုင် ဖန်တီးရေးကို တွန်းအားပေးနေပြီဖြစ်သည်။

ဧပြီလက ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၅နေရာအနက် ၄၃နေရာအနိုင်ရရှိထားသော အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီကလည်း နိုင်ငံ၏ အာဏာတည်ဆောက်ပုံကို စိန်ခေါ် နေလေပြီ။လက်ရှိ အခြေခံဥပဒေအရ သမ္မတလေင်းသုံးဦးအနက်မှ သမ္မတကိုရွေးချယ် ရခြင်းဖြစ်သည်။ ယခုလစ်လပ် ဒုတိယသမ္မတနေရာအတွက် ဦးဥာဏ်ထွန်းကို အတည်ပြုရွေးချယ်ခဲ့သည့် လုပ်ငန်းစဉ်သည် မိနစ်၂၀သာကြာမြင့်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျွန်မတို့ အနေနဲ့ သူတို့ကိုအတည်မပြုခင်မှာ သူရဲ့ကိုယ်ရေးရာဇဝင်ကို ဘာ့ကြောင့်မရခဲ့ကြတာလဲ ဆိုတဲ့ အချက်ကို နားလည်ဖို့ခက်နေပါတယ်”ဟု သူကမှတ်ချက်ပေးသည်။

--------------------------------------------------------------------------------------------------------------------------------

 ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအတွက် မဟာဗျူဟာ မူကြမ်းထုတ်ပြန်

(17 August 2012 ရက်စွဲပါ IPS မှ Carcy Biron ရေးသားသော World Bank releases draft strategy for Myanmar ကိုဘာသာပြန်ဆိုသည်။)

ကမ္ဘာဘဏ်သည် လာမည့်တစ်နှစ်ခွဲအတွင်း မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်ဆံရေး ပြုရာတွင် ပုံဖော်ပေးမည့် အကျဉ်းချုပ်မူကြမ်း ကိုထုတ်ပြန်ခဲ့ သည်။ နောက်ဆုံးအတည်ပြုချက် မဖြစ်မီ ကြားဖြတ်မဟာဗျူဟာကို အောက်တိုဘာလကုန်တွင် စတင်အကောင်အထည်ဖော်ရန် အသင့်ဖြစ်မည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် အငြင်းပွားနေဆဲဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို  တစ်နှစ်ကျော် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုလေ့လာပြီးနောက် သြဂုတ်လဆန်းတွင်ရန်ကုန်ရုံးခန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ သည်။ ထိုသို့ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ကမ္ဘာဘဏ်နှင့် မြန်မာအကြား ပထမဆုံးတရားဝင်ဆက်ဆံရေး ပြုလုပ်ခြင်းအတွက် အမှတ်အသားဖြစ်သကဲ့သို့ ကမ္ဘာ့ဘဏ်အုပ်စု၏ ပုဂ္ဂလိကကဏ္ဍလက်တံသည် ပထမဆုံး နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း (IFC)အနေဖြင့် ဝင်ရောက်လာခြင်း အမှတ်အသားလည်းဖြစ်သည်။ ထို့ပြင်ကမ္ဘာဘဏ်သည်  ဒေါ်လာ၈၅သန်း ချေးရန် စီစဉ်ပြီးဖြစ်ရာ အောက်တိုဘာလတွင် အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရပြီး မြန်မာနိုင်ငံက တင်ရှိခဲ့သော ကြွေးမြီ ဒေါ်လာသန်း(၄၀၀) ကိုလည်း ပြန်လည် စဉ်းစာရေး အစီအစဉ်လည်းပါဝင်သည်။

ဘဏ်သည်ယခုအခါ intrime strategy note (ISN) ဟုခေါ်သောကြားဖြတ် မဟာဗျူဟာမှတ်စုကို အကျဉ်းချုပ်မူကြမ်းအဖြစ် ထုတ်ပြန်ခဲ့ပြီဖြစ် သည်။ ၎င်းသည် ISN မူကြမ်းအတွက် လက်ရှိအကြံပြုဆွေးနွေးမှုများကို သတင်းအချက်အလက်ပေးရေး အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ထိုသို့ ထုတ်ပြန်ရခြင်းမှာ ပြည်တွင်းပြည်ပ NGO များကတိုက်တွန်း သဖြင့်လည်းကောင်း ၊ကမ္ဘာဘဏ်သည် ပြည်တွင်းလူ့အဖွဲ့အစည်းအတွင်း ပြည်စုံလုံလောက် အောင် ညှိနှိုင်းခြင်းမရှိကြောင်း စောဒကတက်မှုများ ရှိနေခြင်းကြောင့်ဖြစ်သည်။

အမှန်တကယ်တွင် ISNတွင်မြန်မာဘာသာဖြင့် ပြန်ဆိုထုတ်ဝေထားခြင်း မရှိသေးပေ။ သို့သော်မြန်မာဘာသာဖြင့် ထုတ်ဝေရန်ပြင်ဆင်လျက်ရှိ ကြောင်း ဘဏ်မှပြောကြားခဲ့သည်။

“ပြောရမယ်ဆိုရင် ကမ္ဘာ့ဘဏ်ရဲ့ ချဉ်းကပ်မှုဟာ အားလုံးပါဝင်မှုမရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။လို့ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ အသိုင်း အဝိုင်းကနေ ခံစားနေရပြီး စိုးရိမ်နေကြပါတယ်။ဆုံးဖြတ်ချက်ချမှတ်တဲ့ ”လုပ်ငန်းစဉ်မှာ ပဋိပက္ခနဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ ဒဏ်ခံစားရတဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေ၊အသိုင်းအဝိုင်းတွေဆီက မေမြန်းမှုတွေ ထည့်ဝင်မှုတွေမရှိခဲ့ပါဘူး။ ဟု US. Campaign for Burma မှJennifer Quingly ကISP သို့ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်မှ ISN မထုတ်ပြန်မီက မြန်မာNGO လေးဒါဇင်ခန့်သည် ဝါရှင်တန်ရုံးချုပ်သို့ စာရေးသားပေးပို့ခဲ့ရာတွင် ဘဏ်၏        ၎င်းတို့တိုင်းပြည် အတွက် ပြန်လည်ဆက်ဆံရေးလုပ်ဆောင်မှုသည် အပြေးအလွှားဆန်ပြီး လျှို့ဝှက်ထားသော အပေါ်မှအောက်သို့သဘောဖြစ်နေခြင်းကြောင့် စိတ်ပူရ ကြောင်းဖော်ပြထားသည်။

စာရေးသူများက ၎င်းတို့သည် ယခုနှစ်အစောပိုင်းကဘဏ်နှင့် အစပြုဆွေးနွေးမှုများရှိခဲ့ပြီး လက်ရှိပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်လုပ် ကိုင်နေမှုသည် ကမ္ဘာ့ဘဏ်အနေဖြင့်ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်အောင်လေ့ကျင့်ပေးရေး အခွင့်အလမ်းဖြစ်လာကြောင်း ဝန်ခံခဲ့သည်။ သို့သော ၎င်းတို့က ဘဏ်၏ISN ရေးဆွဲမှု လုပ်ငန်းစဉ်တွင် မှားယွင်းမှုများရှိကြောင်း ဖော်ပြထားပါသည်။

“ကမ္ဘာ့ဘဏ်ဝန်ထမ်းများနှင့် အချို့လူထုအခြေပြု အဖွဲ့အစည်းကွန်ရက်များ အလွတ်သဘောတွေ့ဆုံမှုများ ရှိခဲ့သော်လည်း ၎င်းတို့သည် ISN အကြောင်း ဖော်ပြဖူးခြင်းမရှိပဲ၊ ပုံမှန်ဆွေးနွေးမှုများသာ ရှိခဲ့သည်”ဟုစာတွင်ရေးသား ထားသည်။

“အကြံပြု ဆွေးနွေးမှုများ၏ ရလာဒ်နှင့် ISN မူကြမ်းတို့ကို အွန်လိုင်းပေါ်တွင်ပင် တင်ထားခြင်းမရှိခဲ့ပါ”ဟုဖော်ပြထားပါသည်။

အဆိုပါနောက်ဆုံး ထောက်ပြချက်ကိုမူ ပြင်ဆင်ပေးသည့် အနေဖြင့်ကမ္ဘာ့ဘဏ်သည် ISN မူကြမ်းကို ထုတ်ပြန်၍ အီးမေးလ်တုန့်ပြန်မှုများ ကိုတောင်းဆိုထားသည်။

“ကမ္ဘာ့ဘဏ်ဟာ ဆွေးနွေးအကြံပြုချက်များ ကိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့၊လုပ်ဆောင်ဆဲဖြစ်ပါတယ်”ဟု ဘဏ်မှ Chisako Fukude က IPS သို့ပြောကြားခဲ့သည်။

“ISN မူကြမ်းနဲ့ ပတ်သက်ပြီး လက်ရှိဆွေးနွေးအကြံပြုမှုတွေကနေ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက လူတန်းစားအမျိုးမျိုး ဆီကနေ အရေးကြီးတဲ့ အမြင်တွေကြားရပါတယ်။ အစိုးရဆီက လူထုအခြေပြုအဖွဲ့အစည်းတွေ မြန်မာ နိုင်ငံမှာလုပ်နေတဲ့ ပြည်တွင်းပြည်ပ NGO တွေ၊ဖွံ့ဖြိုးတိုးတက်မှုပါတနာတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ပုဂ္ဂလိကကဏ္ဍကနေအရေးကြီးတဲ့ အမြင်တွေသိရပါတယ်။ နောက်ထပ်ဆွေးနွေးမှု တွေလည်းလုပ်ဆောင်သွားမှာပါ”ဟု၎င်း ကပြောပါသည်။

NGO ကိုယ်စားလှယ်များသည် ၎င်းတို့အပိုင်းမှနေ၍ ကမ္ဘာ့ဘဏ်တာဝန်ရှိသူများကို အသေးစိတ်အကြံပြုမှုများစွာပေးခဲ့ရာ ပိုမိုအားကောင်းသော ဆွေးနွေးအကြံပြုမှု လုပ်ငန်းစဉ်မည်သို့တည်ဆောက်မည်ဆို သည့်အပြင် ကမ္ဘာ့ဘဏ်မြန်မာနိုင်ငံသို့ ပြနလည်ဝင်ရောက်ရာတွင် မည်သို့ထိန်းသိမ်း စောင့်ရှောက်ရမည်တို့လည်း ပါဝင်ခဲ့သည်။

အဆိုပါအကြံပြုမှုများတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊အဂတိလိုက်စားမှု သမိုင်းကြောင်းနှင့် စီးပွားရေးအရအထီကျန်ပြုခံထားရမှု သမိုင်းကြောင်း များကိုအခြေခံ၍ စီးပွားရေးပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး နှင့်ဆက်နွယ်နေသော  အကာအကွယ်ပေးမှုများကို ကျယ်ပြန့်စွာပြုလုပ်ရန်ပါဝင် သည်။ အတိအကျဆိုရသော် ခြေခံအဆောက်အအုံစီမံကိန်းများနှင့် ဆက်စပ်ရာတွင် ထည့်သွင်းစဉ်းစားဖို့ ဖြစ်သည်။

ISN မူကြမ်း၏ အဆိုအရ လာမည့်တစ်နှစ်ခွဲအတွင်း ဘဏ်အများစု၏ အစပြုလုပ်ငန်းသည် အကဲဖြတ်ခြင်း(asessment)၊ တန်ဖိုးဖြတ်ခြင်း (Evaluation)နှင့် စွမ်းရည်မြှင့်တင်ခြင်း(Capacity Building)များတွင် နည်းလမ်းဟောင်းများမှ တော်လှန်ရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီ အစဉ်တွင် လိုက်ပါနိုင်အောင် တပြေးညီ အသင့်ဖြစ်နေရမည်ဖြစ်သည်ဟုဆိုသည်။

ISP မူကြမ်းတွင် အာမခံချက်ပေးထားသော ညွှန်ပြချက်တစ်ခုမှာ “ဖြေးဖြေးလုပ်ဆောင်၍  တဖြည်းဖြည်းချင်း မြှင့်တင်ရန်”(Move slowly and sale up gradually)ဖြစ်သည်။ ယင်းမှာအစိုးရ၏ အကောင်အထည်ဖော်မှု စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ သို့သော်သီးခြားညွှန်းဆိုမှု တစ်ရပ်ဖြစ်သည့် ပြည်သူများ၏ နေ့စဉ်ဘဝများ လျင်မြန်စွာတိုးတက်ဖြစ်ပေါ်ရေးနှင့် သိသာမြင်သာသော သက်ရောက်မှုများရှိရေး နှင့်ရောထွေးစဉ်းစားမှု ရှိလာနိုင်သည်။

ISN တွင်သဘောမတူညီမှုများ အများဆုံးဖြစ်လာနိုင်သည့် ကဏ္ဍမှာ ကမ္ဘာ့ဘဏ်ကပဋိပက္ခဒဏ်ခံရသော လူ့အဖွဲ့အစည်းများကြား နလံထူနိုင် ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များပေးပြီး နယ်စပ်ဒေသများတွင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထောက်ခံပံ့ပိုးမည့်အစီအစဉ်ဖြစ်သည်။ ယခုအပတ် ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖတ်ဒေသအတွက် ဒုဥက္ကဋ္ဌ Pamela Cox ၏ဗီဒီယိုအရ ဆိုပါကမ္ဘာ့ဘဏ်၏ အဆိုပြုထားသော လုပ်ငန်းစီမံ ချက် ကိုဒေါ်လာငါးသန်း အထောက်အပံ့ရနိုင်ကြောင်းသိရသည်။

အဆိုပါလူ့အဖွဲ့အစည်း များအပေါ်ထားရှိသော ရည်မှန်းချက်မှာ အရေးကြီးလှသည်ဆိုသည်မှာ ငြင်းချက်ထုတ်ဖွယ်မရှိသော်လည်း ၎င်းတို့နှင့် ဆက်ဆံဆောင်ရွက်ရန်မှာ ငြင်းချက်ထုတ်ဖွယ်မရှိသော်လည်း ၎င်းတို့နှင့်ဆက်ဆံဆောင်ရွက်ရန်မှာ အရှုတ်အထွေးဆုံး ဖြစ်လိမ့်မည်လည်းဖြစ်သည်။ အဆိုပါ ဒေသများမှ လူများမှာ မြန်မာ နိုင်ငံနှင့်သီးခြားဖြစ်နေသည့်သဖွယ် ဖြစ်သည်။ထို့အပြင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုလည်း သံသယရှိကြပြီး ၎င်းတို့၏နယ် မြေမှ သံယံဇာတများထုတ်ယူရန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရေခြုံလာခြင်းဖြစ်သည်ဟု မြင်နေကြသည်။

ဇူလိုင်လနှောင်းပိုင်းက ကရင်လူ့အဖွဲ့အစည်းအခြေပြုများကွန်ရက်က နော်ဝေဦးဆောင်သော မြန်မာ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထောက်ပံ့ရေး (Norway–Led Myanmar Peace Support Initiative-MPSI )ကိုဝေဖန်သော ကြေညာချက် ထုတ်ပြန်ခဲ့သည်။ MPSI သည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ များတွင် တိုင်းရင်းသားပဋိပက္ခများ ချုပ်ငြိမ်းရေး လုပ်ငန်းစဉ်များ အကူအညီပေးရန် အဆင့်မြင့်ပရောဂျတ် ဖြစ်သည်။ (ဇွန်လက ကမ္ဘာ့ဘဏ်သည် အဆိုပါ နော်ဝေ၏ ကြိုးပမ်းမှု ကို ထောက်ပံ့ကူညီရန် စီးစဉ်ခဲ့သည်။)

ကရင်၏ ဝေဖန်မှုများသည် မကြာမီက ကမ္ဘာ့ဘဏ်၏ ISN ရေးဆွဲသည့် လုပ်ငန်းစဉ်ကို ဝေဖန်မှုနှင့် ဆင်တူလှပြီး၊ MSI သည်ပွင့်လင်းမြင်သာမှု မရှိခြင်း၊၎င်းတို့အသိုင်းအဝိုင်း ပါဝင်ပတ်သက်မှု မရှိခြင်းကိုဝေဖန်ထားသည်။

“အဆိုပါ ပြဿနာများကြောင့် ကျွန်တော်တို့အနေဖြင့် MPSI နှင့် အခြားငြိမ်းချမ်းရေး ရန်ပုံငွေပေးနေသော အဖွဲ့များကို ပြောကြားလိုသည်မှာ ကျွန်တော်တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အားနည်းအောင်မလုပ်ကြရန် ဖြစ်ပါသည်။ သို့သော်ပိုမို၍ ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်ကိုသာ လုပ်ဆောင် စေလိုသည်”ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

“MPSI အနေဖြင့် ရန်ပုံငွေများ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဖြတ်လမ်းမှမလိုက်သင့်ကြောင်းနှင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်ပိုင်းနှင့် အသိုင်းအဝိုင်းအကြား သွေးခွဲမှုမျိုးစေ့ချမပေးသင့်ကြောင်း ပြောလိုပါသည်။ကျွန်တော်တို့ သည် MPSI ၏အရေးပေါ်လုပ်ဆောင်ချက် ကိုနားလည်ပါသည်။ သို့သော် ယခုလုပ်ငန်းစဉ်သည်ထိခိုက်ပျက်စီးလွယ်ပြီး၊ ရှောင်ရှားနိုင်သည့် အဓိကအမှားများကို အလွယ်တကူရှင်သန်နိုင်မည်ကို စိုးရိမ်ပါသည်” ဟု ဖော်ပြ ထားသည်။

အချို့အုပ်စုများက မကြာမီက ၎င်းတို့၏ စိုးရိမ်မှုကို ပြောကြားရာတွင် အစိုးရနှင့် ပါတနာပြုထားသော နိုင်ငံတကာအုပ်စုများသည် နယ်စပ်ဒေသများ တွင် ၎င်းတို့အသိုင်းအဝိုင်းများက ဦးဆောင်သော အစပြုလုပ်ဆောင်မှုများ ကို ထိရောက်စွာတားဆီးထားသလို ဖြစ်နေကြောင်း ဖော်ပြခဲ့ကြသည်။

“တကယ်လို့ ကမ္ဘာ့ဘဏ်ဟာ အစိုးရကသာ တစ်ဆင့်သွားမယ်ဆိုရင် မေးစရာမေးခွန်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် မှတ်ပုံတင်ထားတဲ့ အုပ်စုတွေကပဲ အခွင့်အရေးရှိကြတော့မှာလား”ဟု ကရင်ပတ်ဝန်း ကျင်နှင့် လူမှုရေးလှုပ်ရှားမှု ကွန်ရက်မှ  ပေါလ်စိန်ထွားက DVBသို့ပြီးခဲ့သည့် အပတ်က ပြောသည်။

“ကျွန်တော်တို့အားပေးလိုတာက ကမ္ဘာ့ဘဏ်အနေဖြင့် နယ်စပ်ဒေသတွေမှာ လုပ်ကိုင်နေတဲ့ မှတ်ပုံတင်မထားတဲ့ ဒေသခံအုပ်စုတွေအများကြီးကို လာကြည့်ပါဦးလို့။နိုင်ငံတကာ NGO တွေက လက်တွေ့မှာ ဖြစ်နေတာကို နားမလည်တော့၊ ပြဿနာတွေအများကြီးရှိလာနိုင်ပါတယ်” ဟု၎င်းကပြောသည်။

 ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive