Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတကြားက အဆုံးအဖြတ်

*****************************************

ဆောင်းပါးကဏ္ဍ

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတကြားက အဆုံးအဖြတ်

နိုင်မော်

မြန်မာနိုင်ငံသည် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများကျင်းပခြင်း ပြည်သူ့ကိုယ်စားလှယ်များကို အတည်ပြုပြီး လွှတ်တော် ဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မိမိတို့အဆင့်အတန်း ဂုဏ် သိက္ခာနှင့်အညီအာဏာနှင့် တာဝန်ဝတ္တရားများကို အပ်နှင်းပြီးဖြစ်သည့်အတွက် မိမိတို့ကျရာတာဝန်ကို ဆောင်ရွက်နေကြရပြီ ဖြစ်သည်။

ထိုသို့ဖြစ်သည့် အားလျော်စွာ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကာ နိုင်ငံတော်အကျိုးအတွက် မှန်ကန်သော ခြေလှမ်းများ လှမ်းချီဆောင်ရွက်နေကြသည်။

သို့သော် မြန်မာနိုင်ငံ၏လွှတ်တော်နှင့် အစိုးရအဖွဲ့သည် ဒီမိုကရေစီနှင့်ပတ်သက်၍ အတွေ့အကြုံ နုနယ်သေးသည် ဖြစ်သည်။ ထိုသို့ဖြစ်သည့် အတွက်ကြောင့်လည်း လုပ်ဆောင်ချက်တိုင်းကို အမြော်အမြင်ရှိရှိ ထိန်းထန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ လိုအပ်သည်။ ထိုသို့ပြောရခြင်းမှာ ကိစ္စရပ်များ အကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းတွင် Institution တစ်ခုနှင့်တစ်ခု အာဏာကို ကစားမှုများကြားတွင် အားလုံးအတွက် အဆင်ပြေစေမည့်  ပြဿနာ အဖြေရှာရေးဟူသော လမ်းကြောင်းကို ဦးတည်သွားစေနိုင်ဖို့ ဖြစ်သည်။

နိုင်ငံတော်၏ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတွင် အခက်အခဲ အကြပ်အတည်းများ တစ်သီတစ်တန်း ကြီးရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးအဘက်ဘက်တွင် အခက်အခဲများ မြောက်များစွာ ရှိနေသည်။ အချို့သော အခက်အခဲများကို ဖြေရှင်းနေဆဲ ဖြစ်သကဲ့သို့ အသစ်တွေ့ရတော့မည့်ဆဲဆဲ ကိစ္စများလည်း ရှိသည်။

အဆိုပါကိစ္စများအနက် အခုတစ်လော မီဒီယာများတွင် ပြောဆိုလာကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်သော ပြောဆိုမှုသည် ယခုလောလောဆယ် အဖြေရှာရမည့်ကိစ္စပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ အဆိုပါကိစ္စကို သက်ဆိုင်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ မဏ္ဍိုင်များ က မည်သို့ဖြေရှင်းကြမည်နည်းဟူသော မေးခွန်းသည် ပဟေဠိသဖွယ် ဂရုပြုစရာဖြစ်နေပေသည်။

အဆိုပါကိစ္စကို သက်ဆိုင်ရာပုဂ္ဂိုလ်တို့ မည်သို့ ညှိနှိုင်းကြမည်လဲ။ ဤဆောင်းပါးတွင် ကျွန်တော့်အနေနဲ့ သက်ဆိုင်သူတို့ လက်ရှိ ဘယ်လိုပြုမူ နေကြတယ်ဆိုတဲ့ ရှုထောင်ဘက်ကနေကြည့်၍ ကောက်ချက်ဆွဲသည့် ပုံစံဖြင့်တင်ပြသွားပါမည်။

 ဖြစ်ပေါ်နေသည့်ကိစ္စ

လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စမှာ မတ်လ၂၈ရက်နေ့က နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က အခြခံဥပဒေခုံရုံးအား လွှတ်တော်မှ ဖွဲ့စည်းသော ကော်မတီကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် အဖွဲ့စည်းဟုတ်၊ မဟုတ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ပေးပို့သည့်ကိစ္စအပေါ် ခုံရုံးမှ အဆိုပါ ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည့်အတွက် ဖြစ်ပေါ်လာသည့်ကိစ္စ ဖြစ်သည်။

ထိုကိစ္စတွင် ပါဝင်ပတ်သက်သူများကို အုပ်စုသုံးခု တွေ့ရှိရသည်။ ထိုသူတို့မှာ အခြေခံဥပဒေခုံရုံး၊ ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့ ဖြစ်သည်။ ထိုသို့ဆိုရခြင်းမှာ ခုံရုံးသို့အဆိုတင်သွင်းခဲ့သည်မှာ အုပ်ချုပ်ရေးပိုင်းမှ ဖြစ်ပြီး၊ အဆိုပါဆုံးဖြတ်ချက်အပေါ် မကျေနပ်သည်မှာ ပြည်သူ့ လွှတ်တော်မှ ကိုယ်စားလှယ်များဖြစ်သောကြောင့် ဖြစ်သည်။

နိုင်ငံတော်အခြေခံဥပဒေခုံရုံး

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံးသည် တိုင်းပြည်တွင်အရေးပါသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွှတ်တော်များတွင် ပြဋ္ဌာန်းဆောင်ရွက်သည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ပေါ်ရသော ဌာနတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်လျှင် အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသော တရားရုံးဟု ဆိုနိုင်သည်။ အဆိုပါခုံရုံး၏ ထုတ်ပြန်ချက်အရ  ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဘဏ္ဍာရေးကော်မရှင်၊ အခြေခံဥပဒေခုံရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ကိုသာ ပြည်ထောင်စုအဆင့်အဖွဲအစည်းဟု အခြေခံဥပဒေတွင် အတိအလင်း ဖော်ပြသောကြောင့် ထိုအဖွဲ့အစည်းများကို သာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုပြီး ကျန်ကော်မတီများကို ထည့်သွင်းဖွင့်ဆိုလိုခြင်း မရှိသည်ကို တွေ့ရသည်။ ထို့ပြင် ခုံရုံးက အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်သော ကြေညာချက်တွင် “နိုင်ငံတော်သမ္မတက တင်သွင်းသည့် တင်သွင်းလွှာမှာ တည်ဆဲ ဥပဒေတစ်ရပ်ဖြစ်သော လွှတ်တော်အသီးသီးဆိုင်ရာ ဥပဒေများပါ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် တင်ပြခြင်းမဟုတ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စကားရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုရန်သာ ဖြစ်သည်” ဟု ဖော်ပြထားလေသည်။ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း အပါအဝင် အခြားပြဋ္ဌာန်းထားသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ စိစစ်ခြင်းတို့ကို ဖြစ်သည်။

ထို့အတွက်ကြောင့် လွှတ်တော်၏ ဥပဒေကိုအဓိပ္ပာယ်ဖွင့်ခြင်းထက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အဓိပ္ပာယ်ဖွင့်၍ ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည် ဟု ရှုမြင်မိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၂၄)အရ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟုလည်း ပြဋ္ဌာန်း ထား သည်ဖြစ်ရာ ယခုလက်ရှိ ဖြစ်ပေါ်နေသော အခြေအနေသို့ သက်ရောက်စေသည်ဟု ရှုမြင်မိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့သည် ပညာရှင်အဖွဲ့ အစည်းတစ်ခု ဖြစ်သော်လည်း အခြေခံဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အားနည်းမှုရှိနိုင်သေးသည်ဖြစ်ရာ ခုံရုံးနည်းဥပဒေ အခန်း(၅) ပုဒ်မ ၂၁ (ဂ)တွင် ပါရှိသည့် “ဘာသာရပ်ကျွမ်းကျင်သူအား ဖိတ်ခေါ်ပြီး ယင်း၏ သဘောထားနှင့် အကြံဥာဏ်များ ရယူနိုင်သည်”ဟူသော အခွင့်အရေးကို အသုံးပြု သင့်သည်ဟု သုံးသပ်မိပါသည်။

ပြည်သူ့လွှတ်တော်

မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး နိုင်ငံတော်အတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားကို ယူဆောင်လာမည့် ဥပဒေများကို ပြဋ္ဌာန်းရေး၊ပြည်သူများ ကြုံတွေ့နေရသော ပြဿနာများကို အဖြေရှာရေးအတွက် ဆွေးနွေး၊ စီမံရာ နေရာဌာန ဖြစ်သည်။ ထို့နည်းတူ လွှတ်တော်တွင် ကော်မတီ၊ကော်မရှင်များသည် အဓိကအရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါ ကော်မတီ များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်အတွင်းရှိ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုနေသည်ဖြစ်ရာ ပြည်ထောင်စုအဆင့်မဟုတ်ဟု သတ်မှတ်လိုက် ခြင်းကြောင့် မည်သို့ရှိမည်နည်းဆိုသည်ကိုလည်း စဉ်းစားဖို့ လိုလာသည်။

ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် နိုင်ငံတော်အတွင်း ပြည်သူများအပေါ် တရားဥပဒေက ကာကွယ် ပေးမှု ရှိ၊မရှိကို သုံးသပ်တင်ပြရမည့် ကော်မတီဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးကိုယ်စား ပြုသည်လည်းဖြစ်ရာ အဆိုပါ ကော်မတီကဲ့သို့ ကော်မတီမျိုးကို ပြည်ထောင်စုအဆင့်အဖြစ် လက်မခံနိုင်ခြင်းသည် မည်သို့ရှိမည်နည်း၊ စဉ်းစားဖို့လိုသည်။ ပြည်ထောင်စုအဆင့်မဟုတ်သော အဖွဲ့အစည်း၏ မေးမြန်း ချက်များကို ပြည်ထောင်စုအဆင့်ရှိသူများက ဖြေကြားလိုမှု ရှိနိုင်မည်လား စဉ်းစားသင့်ပေသည်။

ထို့အတွက်ကြောင့် ပြည်သူ့လွှတ်တော်အနေဖြင့် အဆိုပါကိစ္စကို ဖြေရှင်းနိုင်ရန် အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်တင်စွဲဆို သည့် နည်းလမ်းကို ပြည်သူ့ကိုယ်စားလှယ် (၃၀၁)ယောက်၏ ထောက်ခံချက်အရ လုပ်ဆောင်ရန် ပြင်နေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ အမျိုးသားလွှတ်တော်မှ မဲအရေအတွက်နှင့်ပေါင်းပြီး သတ်မှတ်မဲအရေအတွက်ရကာ အခြေခံဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် ခုံရုံး အနေဖြင့် မည်သို့ရှိမည်ဆိုသည်မှာလည်း စဉ်းစားစရာပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတ

နိုင်ငံတော်သမ္မတသည် လွှတ်တော်များမှ ဖွဲ့စည်းသောကော်မတီ၊ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် တင်သွင်းမေး မြန်းခဲ့သူလည်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ သဘောထားနှင့်ပတ်သက်၍ သြဂုတ်လ ၂ဝရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ် လွှာတွင် လွှတ်တော်ကို “စွပ်စွဲပြစ်တင်သည့်နည်းလမ်းအစား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံး ပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှုမရှိဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါကြောင်း၊ ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါ ကြောင်း”ဟူ၍ ဖော်ပြထားသည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အကြံပြုခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ပြန်ကြားချက်ကိုထောက်ရှုလျှင် သမ္မတအနေဖြင့် ထိုသို့နှုတ်ထွက်ရန် အကြံပြုခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြစ် သည့် သက်ဆိုင်ရာ အခြေခံဥပဒေကို ပြင်ဆင်ရေးကိုလုပ်ဆောင်ရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅အရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းက ဥပဒေမူကြမ်းအဖြစ်တင်ပြမှုကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရပြီးပြီဆိုလျှင် ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဟူသည်မှာ နိုင်ငံ တော်သမ္မတ ပြောသကဲ့သို့ပင် သည်လွှတ်တော်၏ ရွေးချယ်မှုအပေါ်တွင် မူတည်မည်ဖြစ်သည်။

အဆိုပါ ပဋိပက္ခမှာခုံရုံး၏ ဆုံးဖြတ်ချက်ဆောင်ရွက်ချက်သည်ပင် ဥပဒေပြုရေးမဏ္ဍိုင်၏ ဆောင်ရွက်ချက်များကို အားနည်းသွားစေသည်။သို့ဖြင့် လွှတ်တော်အမတ်၏ မကျေနပ်မှုများယခုကဲ့သို့ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ထိပ်တိုင်အငြင်းပွားမှုများကို ဖြစ်လာစေသည်။ ထို့ကြောင့် ခုံရုံး၏ ဆုံးဖြတ်ချက်မှာ အနာဂတ်မြန်မာနိုင်ငံတွင် ဒီမိုကရေစီလက်တွေ့ကျင့်သုံးမှု ပီပြင်ရေးအတွက် အရေးပါသည့်ဖြစ်ရပ် ဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။

ခုံရုံးက လွှတ်တော်ကဖွဲ့စည်းသော ကော်မတီကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ပြီး လွှတ်တော်က ခုံရုံးအဖွဲ့ဝင် များကို မိမိတို့အသိစိတ်ဖြင့် တာဝန်မှအနားယူရန် ကြိုးပမ်းဆောင်ရွက်သည်။ နိုင်ငံတော်သမ္မတက အခြေခံဥပဒေပြင်ရန် အကြံပြုသည်။ လွှတ်တော်အမတ် များအားလုံးကရော အခြေခံဥပဒေကို ပြင်စေလိုသလား။ ခုံရုံးအဖွဲ့ဝင်များကို ပြောင်းလိုက်ရုံဖြင့်ရော ပြေလည်သွားမည်လော၊ ယခုခုံရုံးအဖွဲ့ဝင်များကရော မည်ကဲ့သို့  ဆောင်ရွက်ကြမည်န်း။ အဆိုပါပြဿနာ၏ အဖြေသည် ခုံရုံးတွင်ရှိသလော၊ လွှတ်တော်တွင်ရှိသလော၊ သမ္မတတွင်ရှိသလော၊ အခြေခံဥပဒေ ပြင်မည်ဟု ကြွေးကြော်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လိုမြင်ပြီး ဘယ်လို အဖြေရှာမည်နည်းဆိုသည်မှာ ပြည်သူများအတွက် စဉ်းစားစရာတစ်ခုပင်ဖြစ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ကြပါလေ။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၃.၈.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စစ်ဆေးရေးကြန့်ကြာမှုကြောင့် နယ်စပ်ဒေသမှ ကုန်သည်များ တရားမဝင်ကုန်သွယ်လာကြ
  2. သတ္တဗေဒဌာနမှူးက တက္ကသိုလ်ဝင်တန်းမေးခွန်း ရောင်းစားခဲ့သည်ဟု ဌာနတွင်းစွပ်စွဲ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတဦးသိန်းစိန် တရုတ်နှင့် အမေရိကန်သို့သွားရန် သတင်းထွက်ပေါ်
  2. ညီနောင်တိုင်းရင်းသား ၁၀ ပါတီဖြစ်တော့မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************

ပြည်တွင်းသတင်းများ

သတ္တဗေဒဌာနမှူးက တက္ကသိုလ်ဝင်တန်းမေးခွန်း ရောင်းစားခဲ့သည်ဟု ဌာနတွင်းစွပ်စွဲ

ရန်ကုန်၊ သြဂုတ် ၂၃။

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပြုစုရသူ ပါမောက္ခဌာနမှူးက ၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးခွန်းတစ်စုံလျှင် ကျပ် ၁၅သိန်းဖြင့် နာမည်ကြီးကျူရှင်ဝိုင်းများ၌ သင်ယူသူကျောင်းသားများကို ရောင်းချခဲ့သည်ဟု ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနတွင်း စွပ်စွဲမှုများဖြစ်ပွားနေကြောင်း အဆိုပါဌာနမှ ဆရာများ၏ ပြောကြားချက်အရ သိရသည်။

သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ကထိကတစ်ဦးတို့က ပူးပေါင်းကာ နာမည်ကျော် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်း ကျောင်း (TTC)နှင့် ကျူရှင်လောကတွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်သော ပာယ်လ်ပင်ဝိုင်းကျုရှင်တို့ရှိ ကျောင်းသားများကို အောက်မြန်မာပြည်အတွက် ပြုစုထားသော ဇီဝဗေဒမေးခွန်းများအနက် ရန်ကုန်တိုင်းအတွက် မေးခွန်းများကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနရှိ အမည်မဖော်လိုသူ လက်ထောက် ကထိကတစ်ဦးက ပြောကြားသည်။

မေးခွန်းပြုစုရသူ ပါမောက္ခအနေနှင့် တက္ကသိုလ်ဝင်တန်းများအား ကျူရှင်သင်ကြားခြင်းမပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထား သော်လည်း ၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ရက်ပိုင်းအလိုတွင် ဌာနစာကြည့်တိုက်နှင့် ဌာနမှူးအခန်းတို့တွင် တံခါးအလုံပိတ်ကာ ကျောင်းသား/သူအချို့ကို စာသင်ကြားခြင်းများ၊ မေးခွန်းဖြေခိုင်းခြင်းများကို ပြုလုပ်ခဲ့ကြောင်း သတ္တဗေဒဌာနမှ တက္ကသိုလ်ဆရာမတစ်ဦးက ဓာတ်ပုံ အထောက်အထားများဖြင့် ပြောဆိုသည်။

မေးခွန်းရောင်းချသည့်သတင်းများ ထွက်ပေါ်လာသဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ လိုက်လံစုံစမ်းခဲ့သူ တက္ကသိုလ်ဆရာမတစ်ဦးကိုလည်း ယင်း သတ္တဗေဒဌာနမှူးက ယခုရက်ပိုင်းအတွင်း အခြားကိစ္စတစ်ခုဖြင့်စွပ်စွဲ ဌာနတွင်း အရေးယူခြင်းထားကြောင်း ယင်းဌာနရှိဆရာမတစ်ဦးက ဆိုသည်။

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှူးနှင့် နီးစပ်သူ ပါမောက္ခဌာနမှူးတစ်ဦးကလည်း မေးခွန်းပေါက်ကြားသည့်သတင်းကို ကြားသိနေသော် လည်း ယင်းဌာနမှူး ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ ဖြေဆိုရန်ကိုမူ ငြင်းဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းများ ပေါက်ကြားမှုမရှိစေရန် ယခုနှစ်တွင် စနစ်တကျ စီစဉ်ထားပြီးဖြစ်ကြောင်း ၂၀၁၂  ခုနှစ် စာမေးပွဲများ မကျင်းပမီက ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးတစ်ဦးက Popular News ဂျာနယ်သို့ ပြောကြားထားသည်။

sweet

-------------------------------------------------------------------------------------------------------------

စစ်ဆေးရေးကြန့်ကြာမှုကြောင့် နယ်စပ်ဒေသမှ ကုန်သည်များ တရားမဝင်ကုန်သွယ်လာကြ

နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကုန်သည်များအနေဖြင့် သက် ဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများကြောင့် တရားဝင်ကုန်သွယ်မှုများကို ရှောင်ရှား၍ တရားမဝင်ကုန်သွယ်မှုများသာ လုပ် ဆောင်လာလျက်ရှိကြောင်း မြဝတီနယ်စပ်မှ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နယ်စပ်ကနေ ပစ္စည်းတွေတင်သွင်းတာတို့၊ တင်ပို့တာတို့လုပ်မယ်ဆိုရင် သက်ဆိုင်ရာ ကုန်ပစ္စည်းတွေ တင်လာတဲ့ကားကို အရင်ကထက် ပိုပြီး ကြပ်ကြပ်မတ်မတ် စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးတော့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ နှောင့်နှေးကြန့်ကြာနေတဲ့အတွက် တရားဝင် ကုန်သွယ်မှု သိပ်မလုပ်ကြတော့ဘူး။ တရားမဝင်ကုန်သွယ်မှုတွေလုပ်တော့ အစစ်အဆေးတွေကိုရှောင်ပြီး သွားလို့ရတယ်လေ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဒုတိယကုန်သွယ်မှုအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး အစိုးရသစ်လက်ထက်ထိတိုင် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှုနှုန်းထားမှာ အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါး လျက်ရှိနေသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့အနေနဲ့ကလည်း ကြပ်ကြပ်မတ်မတ် မစစ်ဆေးလို့မရပါဘူး။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကတစ်ဆင့် ပြည်တွင်းကို တရားမဝင်ကုန်ပစ္စည်းတွေ တော်တော်ဝင်ရောက်လာပါတယ်။ ပြီးတော့ ဒီတရားမဝင်ကုန်ပစ္စည်းတချို့ဆိုရင် ပြည်တွင်းစားသုံးသူဈေးကွက်မှာ ကျန်းမာ ရေးထိခိုက်တာတွေကို ဖြစ်ပေါ်စေတဲ့ကုန်ပစ္စည်းတွေ ပါလာတက်တယ်။ ဒါကြောင့် ဒီလိုကြပ်မတ်လိုက်ရတာပါ။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံ ရရှိမှုနှုန်းထားပာာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရမ်းကို နည်းပါးနေပါသေးတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍  ပြည်တွင်းသို့ တင်သွင်းလျက်ရှိသည့် ကုန်ပစ္စည်းအချို့အပေါ် ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြု ပေးခဲ့ပြီး လက်ရှိအချိန်တွင် ယင်းကုန်ပစ္စည်းအချို့၏ အခွန်ကင်းလွတ်ခွင့်သက်တမ်းမှာ ပြည့်သွားပြီဖြစ်ကြောင်း သိရသည်။

YC

***************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန် တရုတ်နှင့် အမေရိကန်သို့သွားရန် သတင်းထွက်ပေါ်

လာမည့် စက်တင်ဘာလအတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ တရုတ်နိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံနဲ့ အမေရိကန်ကို သွားမယ်လို့တော့ပြောတယ်။ သေသေချာချာ ပြောထားတာမျိုးတော့ မပာုတ်ပါဘူး။ ညှိနှိုင်းနေတုန်းပဲ။ တိကျပြီဆိုရင်တော့ ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးမှာပါ။ တရားဝင်သတင်းထုတ်ပြန်တာကိုပဲစောင့်ပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သို့ သွားရောက်၍ တရုတ်နိုင်ငံရှိ ပာူကျင် တောင်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရသစ် သမ္မတဦးသိန်းစိန်၏ ၎င်းတာဝန်ယူသည့်အချိန်မှစတင်၍ ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးအဖြစ် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

ညီနောင်တိုင်းရင်းသား ၁၀ ပါတီဖြစ်တော့မည်

တိုင်းရင်းသားပါတီကြီးခြောက်ခုဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီအား လေ့လာလျက်ရှိသည့် နိုင်ငံရေးပါတီလေးခုမှ ယခုအခါ ပါတီဝင်များအဖြစ် ဝင်ရောက်တော့မည်ဖြစ်ပြီး ညီနောင်တိုင်းရင်းသားပါတီတွင် ၁၀ပါတီ ဖြစ်လာတော့မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခု ညီနောင်ပါတီတွေကို လေ့လာနေတယ်ဆိုတဲ့ပါတီလေးခုက ပါတီဝင်တွေအဖြစ် ဝင်ရောက်တော့မယ်လို့ ကြားပါတယ်။ ဒါဆိုရင် ညီနောင် တိုင်းရင်းသားပါတီက ၁၀ ပါတီဖြစ်လာတော့မှာပါ။ အဓိကအနေနဲ့ကတော့ တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိနိုင်ဖို့အတွက်ပဲ ရည်ရွယ်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ညီနောင်တိုင်းရင်းသားပါတီများကို တိုင်းရင်းသားအခွင့်အရေးတန်းတူပေးရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပေးရေး၊ စစ်မှန်သည့် ပြည်ထောင် စုဖြစ်နိုင်ရေး စသည့် အခြေခံမူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး  မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပါတီများ တစုတစည်းတည်းဖြစ်စေရမည်ပာူသော ရည်ရွယ်ချက်ဖြင့် ညီနောင်တိုင်းရင်းသားပါတီများကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပါတီရဲ့ မူဝါဒတွေက ညီညွှတ်တယ်ဆိုရင်တော့ ကျွန်တော်တို့ပူးပေါင်းသွားမှာပါ။ လက်ရှိအချိန်မှာလည်း ဒီညီနောင်ပါတီတွေကို လေ့လာတယ် ဆိုပေမယ့် ကျွန်တော်တို့ပါတီကလည်း သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ ပုံစံမျိုးပါပဲ”ပာု အရှိုချင်းအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

လက်ရှိ ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီခြောက်ခုမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ကယန်းအမျိုးသားပါတီတို့ဖြစ်ပြီး ညီနောင် တိုင်းရင်းသားပါတီဝင်အဖြစ် ဝင်ရောက်ရန် လေ့လာလျက်ရှိသော တိုင်းရင်းသားပါတီလေးခုမှာ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီနှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်သည်။

YC

***************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာ ရပ်ကွက်ရဲ့ အဖေဆိုလည်းဟုတ်တယ်။ အမေဆိုလည်းဟုတ်တယ်။ ဒါပေမယ့် ဒီလို မတရားအမြတ်ထုတ်တာ ဂုတ်သွေး စုပ်နေတာ  လည်မျိုနင်းနေတာတော့ လုံးဝမတရားဘူး။ အဲသလိုလူမျိုးတွေကို အထက်ကတာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးပြီး ဖယ်ရှားအရေးယူသင့်ပါ တယ်”

သြဂုတ် ၂၃ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ (၃) အမှတ် (၁၀၄) တွင်ပါရှိသည့် “သင်္ဃန်းကျွန်း(ဆ/က) ရပ်ကွက်အတွင်း တိုက်ဆောက် သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သိန်းချီ၍ပေးနေရ” သတင်းမှ အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

“တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ  လူအပေါ်မှာလည်း အခြေခံတယ်။ ပြီးတော့ တိုင်းပြည်မှာသွားနေတဲ့ စနစ်အပေါ်လည်း အခြေခံပါတယ်။ ဒီနှစ်ခု ကတော့ ဒွန်တွဲနေတယ်။ လူကောင်းပြီး စနစ်မကောင်းတော့လည်း မဖြစ်ပြန်၊ စနစ်ကောင်းပြီး လူမကောင်းပြန်တော့လည်း မဟုတ်ပြန်ဘူးပေါ့နော်။ အဓိက စနစ်ပိုင်းဆိုရင်လည်း စနစ်ပိုင်းကို ပြင်သွားမယ်။ ပြီးတော့ စနစ်ဆိုတာ ဒွန်တွဲနေတဲ့ လူတွေရဲ့အပိုင်းကို ပြင်သွားမယ်ဆိုရင်တော့ မြန်မာပြည်တင် မဟုတ် ဘူး။ ဘယ်တိုင်းပြည်မှာမဆို ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်လာရမှာပါ”

သြဂုတ် ၂၃ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ (၃) အမှတ် (၁၀၄) တွင်ပါရှိသည့် “စာရေးဆရာကြီး တင့်ဆွေ(ဖျာပုံ)နှင့် တွေ့ဆုံခြင်း” မှ ဆရာတင့်ဆွေ(ဖျာပုံ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

“တပ်မတော်သားကိုယ်စားလှယ်တွေ ကိုယ်စားလှယ်များနှင့် သူ့အမြင်ကိုယ့်အမြင် သိဖို့လိုအပ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်၏ သဘော ဆန္ဒရှိနေသ၍သာ လွှတ်တော်ရှိနေမှာဖြစ်၍ လက်တွေ့ကျကျ တပ်မတော်ကနေ ဒီမိုကရေစီကို လိုလားလက်ခံလာမှ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ အုတ်မြစ်ချနိုင်မှာ ဖြစ်တယ်”

သြဂုတ်လ ၂၃ရက်နေ့ထုတ် Fresh News ဂျာနယ် အတွဲ (၁) အမှတ် (၂၂) တွင်ပါရှိသည့် “တပ်မတော်သားကိုယ်စားလှယ်က အဓိက ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင်ပြော” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*********************

“ယခုလတ်တလောအခြေအနေ၌ Yangon Chronicle ၏ ပြည်တွင်းသတင်း၊ နိုင်ငံရေးသတင်းများ၊ ဆောင်းပါးကဏ္ဍနှင့် ဘာသာပြန် သတင်းများအား Credit ပေးခြင်းမရှိဘဲ ကူးယူဖော်ပြမှုများ ပြုလုပ်နေကြောင်း အထောက်အထားဖြင့် တွေ့ရှိရသောကြောင့် နောက်နောင် ထိုကဲ့သို့ သတင်းအရင်းအမြစ်အား Credit မပေးဘဲ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးယောက်မှ မိမိ၏ကိုယ်ပိုင်ကဲ့သို့ ဖေ့စ်ဘွခ်စာမျက်နှာ၌ ကူးယူဖော်ပြမှုများအား မပြုလုပ်ပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။”

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive