Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၀.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဆက်လက်ချီတက်နေဆဲ မြန်မာ့စီးပွားရေး ပြန်လည်တံခါးဖွင့်မှု

(29 August 2012ရက်စွဲပါ The Diplomat မှ Steven Finch ရေးသားသော “Burma’s economic reboot marcheson” ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာပိုင်နက်ကို ဘေးမဲ့တောအဖြစ် အိန္ဒိယသူပုန်များ အသုံးပြုနေ

(Daily Newsမှ 28 August 2012 ရက်စွဲတွင် ပါရှိသည့် “NE insurgent group using Myanmar as safe sanctuary; Govt” သတင်းကို ဘာသာပြန်သည်။)

  1. ဂျပန်စီးပွားရေးလုပ်ငန်းစုတို့ သဘောတူလက်မှတ်ရေးထိုး

(Reuters သတင်းဌာနမှ 27 August 2012 ရက်စွဲပါ “Myanmar Signs industrial zone pact with japan consortium”ကို ဘာသာပြန် ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

ဆက်လက်ချီတက်နေဆဲ မြန်မာ့စီးပွားရေး ပြန်လည်တံခါးဖွင့်မှု

(29 August 2012ရက်စွဲပါ The Diplomat မှ Steven Finch ရေးသားသော “Burma’s economic reboot marcheson” ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ငွေကြေးပြုပြင်ပြောင်းလဲမှု သည်ခေတ်မီ၍ တည်ငြိမ်သော စီးပွားရေး ဖန်တီးပေးရန် ခြေလှမ်းတစ်လှမ်းပို၍ နီးကပ်သွားမည် လော။

အတိတ်က မြန်မာအစိုးရတွင် မူဝါဒနှင့် ပတ်သက်၍ မည်သည့်အစီအစဉ် မျှမရှိပဲ လှုပ်ရှားမှုများ မရှိခြင်းကြောင့် ဗဟိုဘဏ်သည် ရှိနေသည် ဆိုသည်ကို ဗဟိုဘဏ် အဆောက်အအုံ ရှိနေခြင်းကြောင့်သာ ရှိနေသေးသည်ဟု လက်ခံနိုင်ပါသည်။

မြန်မာ့လွတ်လပ်ရေးရပြီး နောက်ပိုင်းငွေကြေးဆိုင်ရာ သမိုင်းကြောင်းသည် စိတ်ကူးယဉ်ဆန်ဆန် ထက်ပင် ထူးဆန်းသော ဂန္တဝင်မြောက် အဖြစ် အပျက်များစွာ ရှိခဲ့သည်။ ထိုအထဲတွင် အာဏာရှင်ဟောင်း ဦးနေဝင်းသည် ၁၉၈၅နှင့် ၁၉၈၇တို့တွင် ကြိုတင်သတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမရှိဘဲ ပြည်တွင်းငွေကြေးကို တရားမဝင်ကြေညာခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများအကြား ငွေကြေးအများအပြား ဆုံးရှုံးခဲ့ရသည်။

၎င်းတို့လက်ထက်တွင် ၁၉၆၄ကလည်း ငွေတရားမဝင်ကြေညာမှု တစ်ကြိမ်ရှိခဲ့ဖူးသည်။ သို့သော် ၂၀၁၁ခုနှစ် မတ်လတွင် စတင်တာဝန်ယူလာ သော မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ရည်ရွယ်ချက်ကြီးကြီးဖြင့် လုပ်ဆောင်လာရာ လာမည့်နှစ်တွင် FEC ပြန်လည် ရုတ်သိမ်းရေး အပါအဝင် ငွေကြေး လဲလှယ်မှု နှုန်းများစွာ ရှိနေမှုကို စုစည်းခြင်း အစီအစဉ်သည် ကြိုတင်ခန့်မှန်းနိုင်သော လုပ်ငန်းစဉ်များစွာ ရှိနေမှုကို စုစည်းခြင်း၊ အစီအစဉ်သည် ကြိုတင်ခန့်မှန်းနိုင်သော လုပ်ငန်းစဉ်များ ဖြစ်လာမည်ဖြစ်ကြောင်း  ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“တကယ်လို့ နိုင်ငံခြားငွေလုပ်ငန်းနဲ့ နိုင်ငံခြား ငွေလဲလှယ်မှု စာရင်းပြောင်းမှုတွေ ဘဏ်များမှာ လွယ်ကူချောမွေ့ပြီး တည်ငြိမ်နေမယ်ဆိုရင်၊ ကျွန်တော်တို့ FECကို ဈေးကွက်ကနေ ပြန်ရုတ်သိမ်းနိုင်မှာပါ”ဟု ၎င်းကပြောသည်။

FEC ကိုင်ဆောင်ထားသူများကို အမေရိကန်ဒေါ်လာ(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးရန် အချိန်ပေးရမည် ဖြစ်ကြောင်း ဦးမောင် မောင်ဝင်းက ပြောသည်။

အချိန်ကာလ ခြောက်လခန့် ပေးရမည်ဖြစ်ပြီး ထိုကာလအတွင်း ပြည်သူများသည် FEC ကိုလဲလှယ်ခြင်း နှင့် ဆက်လက်သုံးစွဲခွင့်လည်း ရှိနေမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ ထိုကာလပြီးလျှင် FECကိုဆက်လက် ထုတ်ဝေပေးတော့မည် မဟုတ်ဘဲ ၊ပြည်သူများကမူ ဗဟိုဘဏ်တွင် လာရောက်၍ လဲလှယ်နိုင်ပြီး ငါးနှစ်ခန့်လဲလှယ်ရန် အချိန်ပေးနိုင်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

“တစ်စုံတစ်ဦးက မြန်မာကျပ်နဲ့ လဲလှယ်ချင်တယ်ဆိုရင် နေ့စဉ်နှုန်းထား အပေါ်မှာ မူတည်လို့လဲ လဲပေးနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ယခုလုပ်ဆောင်မှုမှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) နှင့်ညှိနှိုင်းတိုင်ပင်ထားသော ရှည်လျားလှသည့် မြန်မာငွေကြေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်၏ ပထမဆုံး အဓိကကျသော ခြေလှမ်းတစ်လှမ်း ဖြစ်သည်။

အကယ်၍ စီမံထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်သွားခဲ့ပါက မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်၏ လှည့်ပတ်ငွေအတွင်းမှ အရေးပါသော ငွေစက္ကူတစ်မျိုး ၏ ကြီးမားသော ပမာဏ ကိုပရမ်းပတာ မဖြစ်ပဲ ပြန်သိမ်းနိုင်ရန် စီမံခန့်ခွဲ နိုင်ခြင်းဖြစ် သည်။ ထို့ပြင်ဒေသတွင်း သဘာဝမကျသော ငွေကြေးတစ်မျိုး၏ နိဂုံးမှာလည်း အရေးပါသည်။

FECကို ၁၉၉၃ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံသားများ နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်းကို ပိတ်ပင်ထားသော နိုင်ငံတွင် နိုင်ငံခြားငွေနှင့် ကျပ် ငွေအကြားတွင် ဆက်စပ်ပေးသော ငွေကြေးတစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သည်။

အနောက်နိုင်ငံများ၏ အရေးယူမှုများ ကြုံတွေ့နေရပြီး နိုင်ငံခြားဝင်ငွေ အားနည်းလာမည့် အရိပ် အယောင်များကြောင့် နိုင်ငံခြားဝင်ငွေ ပိုကောင်း လာရေး အတွက်လည်းဖြစ်သည်။

               အဆိုပါ လုပ်ဆောင်ချက်မှာ နိုင်ငံခြားငွေများစွာလိုအပ်ပြီး ရှာဖွေရန်နည်းလမ်း ကုန်နေသော အစိုးရ တစ်ခု၏ အောင်မြင်သော လုပ်ဆောင်ချက် တစ်ခုဟု ဆိုနိုင်သည်။ နိုင်ငံခြားခရီးသွားများသည် ပထမဆုံး ဒေါ်လာ၂၀၀ကို FECနှင့် လဲရန်လိုအပ်သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသော နိုင်ငံခြား ကုမ္ပဏီများနှင့် အကူအညီပေးရေး အေဂျင်စီများသည်လည်း FECကို အသုံးပြုရန် အတင်းလုပ်ဆောင်ထားသည်။ ဒေါ်လာနှင့် ကျပ်လဲလှယ်မှုနှုန်းတွင် FEC၏နှုန်းမှာ သိသာစွာနည်းသည်။

လမ်းဘေးတွင် ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်ခြင်းမှာတရားမဝင်ဟု သတ်မှတ်ထားပြီး ဟိုတယ်များတွင် နှုန်းထားနည်းပါးသည်။ တရားဝင်လဲ လှယ် သူများထံတွင် ကျပ်ငွေတန်ဖိုးကို အသေသတ်မှတ်ထားပြီး ကြီးမားစွာ တန်ဖိုးမြှင့်ထားသည်။

နိုင်ငံခြားသားများအတွက် အပြိုင်ငွေတစ်မျိုး စမ်းသပ်သည့် နိုင်ငံအချို့ ရှိခဲ့ရာ အထူးသဖြင့် ဆိုရှယ်လစ် နိုင်ငံများတွင်ဖြစ်ပြီး ပြဿနာများဖန် တီးပေးခဲ့ကြောင်း FECမူဝါဒချမှတ်စဉ်က ပါဝင်ခဲ့သူ ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့သည်။

FECကို နှစ်အနည်းငယ်ပဲ ထုတ်ဝေသင့်တယ် လို့ထင်ပါတယ်၊ တရုတ်နဲ့ ပါကစ္စတန်မှာ လိုပေါ့၊ ဒါပေမယ့် သိတဲ့ အတိုင်းပဲ ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်ဖို့ နှေးကွေးနေတော့ FECက အမြဲတမ်း ငွေကြေးဖြစ်လာတယ်”ဟု ၎င်းကပြောသည်။

ယခုလတွင် စတင်အသက်ဝင်ခဲ့သော နိုင်ငံခြားငွေလဲလှယ်မှု ဥပဒေသစ်အရ မြန်မာနိုင်ငံသားများ သည် ၁၉၄၇ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားငွေကို ခွင့်ပြုချက်မလိုပဲ ကိုင်ဆောင်ခွင့်ရပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွက် နောက်အဓိက ကျသော မှတ်တိုင်တစ်ခုမှာ ကမ္ဘာ့ ငွေကြေးစနစ်နှင့် ပြန်လည်ချိတ်ဆက်နိုင်ရေးအတွက် ATMကတ်များ ပြန် လည် မိတ်ဆက်ပေးလာခြင်းဖြစ်သည်။ VISA နှင့်Master Cardတို့လည်း ၂၀၁၃တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဟု ကြေညာခဲ့သည်။

ဗဟိုဘဏ်သည် FEC ကိုအခက်အခဲအနည်းဆုံးဖြင့် ရုတ်သိမ်းတော့မည်ကို သိသဖြင့် တန်ဖိုးကျ သွားမည့် အရေးကို ကာကွယ်နိုင်စွမ်း အပေါ်တွင် ကြီးစွာမူတည်နေသည်။

ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် တစ်ခါတစ်ရံ FECသည် ဒေါ်လာနှင့် ကျပ်လဲလှယ်ရာတွင် တန်ဖိုးထက်များစွာ ကျဆင်းနေတတ်ခြင်း ကြောင့် FECဖြင့်လခရသူများ မနစ်နာစေရန် ဈေးနှုန်းကွာဟမှု မရှိစေရေးအတွက် ဗဟိုဘဏ်နှင့် အစိုးရသည် အချိန်အတော်ကြာကပင် ဆွေးနွေးခဲ့ ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ငွေကြေးလှည့်ပတ်မှုမှ FECကိုတိတ်တဆိတ် စတင်ရုတ်သိမ်းနေခဲ့ပြီး ဖြစ်သော်လည်း FECဈေးနှုန်းကို ထိန်းထားနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

လှည့်ပတ်သုံးစွဲနေသော FECပမာဏကို ၎င်းကပြောကြားခြင်း မရှိပေ။ ဈေးကစားမည့်သူများအား အခွင့်အရေးပေးသလို ဖြစ်မည်ဖြစ်၍ ပမာဏ ကိုပြောကြားခြင်း မရှိကြောင်း ဆိုသည်။ FECအသစ်များ ရိုက်နှိပ်မထုတ်ဝေသည်မှာ နှစ်အတန်ကြာရှိခဲ့ပြီဟု ၎င်းကဖြည့်စွက်ပြောသည်။

“ဗဟိုဘဏ်မှာ FECအလုံအလောက် ရှိပါတယ်”ဟု ၎င်းကပြောသည်။ FECကို ရုတ်သိမ်းပြီးပါက အဓိက ကျသော စမ်းသပ်မှုတစ်ခုမှာ  ဧပြီလ ၁ရက်နေ့တွင် စီမံထားသော နှုန်းရှင်စီးမျောမှုနောက်ပိုင်း ၇ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု Bloomberg News ကဆို သည်။ ထိုသို့ကျဆင်းမှုမှာ ဒေသတွင်း အခြားငွေကြေးများ ကျဆင်းမှုထက် ပိုသည်ဟုဆိုသည်။

စင်ကာပူ Maybank မှ FX သုတေသန အကြီးအကဲ Sakatiandi Supaat ကပြောကြားရာတွင် ဒေါ်လာ နှင့် လဲလှယ်မှုတွင် ‘ကျပ်’တန်ဖိုးဆက် လက် ကျဆင်းနေဦးမည်  ဟုဆိုသည်။

“ဒါဟာ မြန်မာနိုင်ငံက ပို့ကုန်တင်ပို့သူများ အကျိုးအမြတ် ရှိစေမှာ ဖြစ်ပါတယ်။ မေးရမယ့် မေခွန်းကတော့ ငွေကြေးကို ပိုပြီးလွတ်လပ်စွာ ခွင့်ပြု ထားဖို့နိုင်ငံခြား အရံငွေဒေါ်လာ ၈ဘီလီယံအပေါ်မှာ မှီထားတာ လုံလောက်ပြီလား ဆိုတာပါပဲ”ဟု ၎င်းကပြောသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာပိုင်နက်ကို ဘေးမဲ့တောအဖြစ် အိန္ဒိယသူပုန်များ အသုံးပြုနေ

(Daily Newsမှ 28 August 2012 ရက်စွဲတွင် ပါရှိသည့် “NE insurgent group using Myanmar as safe sanctuary; Govt” သတင်းကို ဘာသာပြန်သည်။)

အိန္ဒိယနိုင်ငံကို ထိခိုစေမည့် လှုပ်ရှားမှုများအတွက် မြန်မာပိုင်နက်ကို အသုံးပြုခွင့်မပေါ်ပါဟု မြန်မာနိုင်ငံက အဘက်က အကြိမ်ကြိမ် အာမခံထား သော်ငြားလည်း ULFA နှင့် NSCN-K ကဲ့သို့သော  သူပုန်အုပ်စုများသည် မြန်မာပိုင်နက်ကို ဘေးမဲ့တောအဖြစ် အသုံးပြုကာ အခြေစိုက် စခန်းများ ထူ ထောင်ထား ကြသည်ဟု အိန္ဒိယအစိုးရက ယနေတွင် ပြောကြားလိုက်သည်။

People Liberal Army, United liberation Front,People’s Revolutionary Party of Kangleipak အစရှိသော မဏိပူရအခြေစိုက် မီတီသူပုန် အုပ်စုများ၊ NSSK-K,ULFA,NDFBစသော နာဂသူပုန် စခန်းများ ရှိခြင်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြားနှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်တိုင်း တစ်ခု တည်းသော အရေးကြီးဆုံး လုံခြုံရေး ပြဿနာ ဖြစ်နေခဲ့သည်ဟု ၎င်းကပြောကြားသည်။  

ဒီသူပုန်အုပ်စုတွေ အိန္ဒိယနိုင်ငံကို အန္တရာယ်ဖြစ်စေမယ့် လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် မြန်မာ ပိုင် နက် ကို အသုံးပြုခွင့်မပေးဘူးလို့ မြန်မာနိုင်ငံက မမြဲတမ်းအာမခံခဲ့ပါတယ်။ ဒါပေမယ့် ဒီသူပုန်အုပ်စုတွေက မြန်မာပိုင်နက်ကို ဆက်လက်အသုံးပြုနေကြတဲ့ ကိစ္စဟာ မြန်မာနိုင်ငံရဲ့အကြိမ် ကြိမ် အာမခံချက်နဲ့ ကိုက်ညီမှု မရှိပါဘူး”ဟု အိန္ဒိယ ပြည်ထဲရေးဌာနက ဆိုသည်။

ဆက်လက်၍ အာသံပြည်နယ် အနှံ့အပြားတွင် ULFA (anti talk faction)က ဖွဲ့စည်းပုံဆိုင်ရာနှင့် စစ်ရေးစွမ်းရည် ခိုင်မာအောင် တည်ဆာက်နေ သည်ဟူသော သတင်းများနှင့် ပတ်သက်၍ မေးမြန်းသောအခါ ဝန်ကြီးက “ULFA ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှန့်ထားဖို့ ပြည်နယ်အစိုးရကို အကြံပြုထားပါတယ်”ဟု ပြောကြားသွားသည်။

---------------------------------------------------------------------------------------------------------------------

ဂျပန်စီးပွားရေးလုပ်ငန်းစုတို့ သဘောတူလက်မှတ်ရေးထိုး

(Reuters သတင်းဌာနမှ 27 August 2012 ရက်စွဲပါ “Myanmar Signs industrial zone pact with japan consortium” ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ ယခင်မြို့တော်ဟောင်း ရန်ကုန်အနီးတစ်ဝိုက်တွင်ရှိသော သီလဝါဆိပ်ကမ်းတွင် အထူးစီးပွားရေးဇုန တည်ဆောက်သွားရန် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်စက်မှု စီးပွားရေးလုပ်ငန်း အုပ်စုကြီးတို့ သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ကြောင်း ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်(UMFCCI)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းသဘောတူညီချက်အရ ဂျပန်မှနာမည်ကျော် Mitsubishi Corp၊ Marubeni Corp နှင့် Sumitomo Corp တို့သည် သီလဝါဆိပ်ကမ်းရှိ ၂၄၀၀ ဟက်တာ (၅၉၀၀ ဧက) ကျယ်ဝန်းသည့် မြေနေရာ၌ မြန်မာအစိုးရနှင့် အကျိုးတူ ပူးပေါင်းကာ အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် မြန်မာအစိုးရ၏ စက်မှုလုပ်ငန်းများတိုးချဲ့ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရေးဟူသည့် ရည်မှန်းချက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်း၌ ပြည်တွင်းမှပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ကြီးများ ပါဝင်လုပ်ကိုင် လာအောင်လည်း ဖိတ်ကြားသွားရန် စီစဉ်ထားသည်။ ဂျပန်တို့ကမူ စီမံကိန်းတွင် အစုရှယ်ယာ ၄၉ရာခိုင်နှုန်း ရယူမည်ဖြစ်သည်။

"မြန်မာဘက်က အများပြည်သူနဲ့ဆိုင်တဲ့ အစုစပ်လုပ်ငန်းကြီးတစ်ခု ထူထောင်သွားမှာပါ၊ ဒါမှအများပြည်သူတွေ အနေနဲ့ အဲဒီစီမံကိန်းထဲမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မှာပါ" ဟု UMFCCI ဥက္ကဌ ဦးဝင်းအောင်က ပြောပါသည်။ စက်ရုံများ၊ အလုပ်ရုံများနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံပါဝင်မည့် ယင်းသီလဝါ အထူးစီးပွားရေးဇုန်၏ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။ “ဂျပန်အစိုးရရဲ့ ဘဏ္ဍာရေးထောက်ပံ့ပေးမှုကြောင့် စီမံကိန်းအကောင် အထည် ဖော်မယ့်သူတွေ အနေနဲ့ ကုန်ကျစရိတ်တွေ အင်မတန် လျော့နည်းသွားမှာဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောဆိုသည်။

ပြင်ဆင်ရေးဆွဲထားသည့် စီးပွားရေးဇုန်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ လောလောဆယ် နှစ်ဦးနှစ်ဖက် ဆွေးနွေးလျက်ရှိသည်။ သို့ရာတွင် ဂျပန် လုပ်ငန်းကြီးများက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် မဟာဗျူဟာကျသော မြန်မာနိုင်ငံတွင်းသို့ စောလျင်စွာ ဝင်ရောက်ပြီး လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ ဂျပန်နိုင်ငံသည် အိမ်နီးချင်းထိုင်းနိုင်ငံ၏ အကြီးဆုံးသော ရင်းနှီးမြှုပ်နှံသူ နိုင်ငံဖြစ်ပြီး မော်တော်ကား ထုတ်လုပ်ရေးစက်ရုံများ၊ အဆင့်မြင့် နည်းပညာ လုပ်ငန်းဆိုင်ရာ စက်ရုံများ တည်ဆောက်ကာ ရင်းနှီးမြှုပ်နှံထားသလို ထိုင်း စက်မှုဇုန်များ၊ ဆိပ်ကမ်းများကို မြန်မာနိုင်ငံနှင့် ချိတ်ဆက်မည့် အစီအစဉ်များကိုလည်း စတင်ရေးဆွဲလျက်ရှိပါသည်။

ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဧပြီလကတည်းက လျင်မြန်စွာပြောင်းလဲလျက်ရှိသည့် မြန်မာနိုင်ငံသို့ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လို ကြောင်း ရှင်းရှင်းလင်းလင်းထုတ်ဖော်အသိပေးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံက ဂျပန်ကို ပေးရန်ရှိသည့် ကြွေးမြီ ယန်းငွေ ၃၀၃ ဒဿမ ၅ ဘီလီယံ (ဒေါ်လာ ၃ ဒဿမ ၇၂ ဘီလီယံ) ကိုလည်း လျှော်ပေးခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေများ ပြန်လည်ပေးအပ်မည်ဟု သမ္မတဦးသိန်းစိန်၏ ဂျပန်ချစ်ကြည်ရေးခရီးစဉ်တွင် ထုတ်ဖော်အသိပေးခဲ့သည်။ ဂျပန် Sumitomo Mitsui Banking ကော်ပိုရေးရှင်းက မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်သို့ စီမံခန့်ခွဲမှုဆိုင်ရာအကူအညီများ ထောက်ပံ့ပေးသွားရန်လည်း သဘောတူညီထားပြီးဖြစ်သည်။ ထို့ပြင် ဂျပန်သည် သီလဝါ သာမက ကျောက်ဖြူ နှင့် ထားဝယ်ကဲ့သို့ အခြားသော စီးပွားရေးဇုန်ကြီးများ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဟု လည်းမျှော်လင့်ရသည်။ လတ်တလော အနေအထားတွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို ဦးဆောင်အကောင်အထည် ဖော်နေသော ထိုင်းနိုင်ငံ Italian-Thai Development Pclကုမ္ပဏီက စီမံကိန်းသို့ ဂျပန်ကုမ္ပဏီများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စည်းရုံးလျက်ရှိသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၀.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်အစိုးရက ထားဝယ်ဆိပ်ကမ်းညှိနှိုင်းရေး အစီအစဉ်ကို တင်ပြမည်

(Bangkok Post မှ 29 August 2012 ရက်စွဲပါ “Govt to submit coordination blueprint for Dawei Project” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာသမ္မတ၏ ခရီးစဉ်အတွက် မြန်မာသမ္မတ လမ်းရှင်းထား

(Channel News Asia မှ 30n August 2012 ရက်စွဲပါ “US paves way for Myanmar President visit” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ထားဝယ်သို့ နယ်စပ်ဖြတ်ကူး ကားလမ်း၊ရထားလမ်း၊ ဖောက်လုပ်ရန် ထိုင်းကိုADB တိုက်တွန်း

(Bangkok Postမှ 30August 2012ရက်စွဲပါ “ADB urges Thailand to build cross-border route to Daiwai ”) သတင်းကို ဘာသာပြန်ဆိုသည်။

*****************************************

ဘာသာပြန်သတင်းများ

ရခိုင်အစိုးရက ထားဝယ်ဆိပ်ကမ်းညှိနှိုင်းရေး အစီအစဉ်ကို တင်ပြမည်

(Bangkok Post မှ 29 August 2012 ရက်စွဲပါ “Govt to submit coordination blueprint for Dawei Project” သတင်းကိုဘာသာပြန်ဆိုသည်)

         ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ထိုင်းနှင့် မြန်မာနိုင်ငံအကြား ညှိနှိုင်းရေး လုပ်ငန်းစဉ် ထူထောင်ဖွဲ့စည်းရန် စီစဉ်ထားသည့် အ တိုင်းထိုင်းအစိုးရက ဆက်လက် လုပ်ဆောင်မည်ဟု ဆိုသည်။

ထားဝယ်စီမံကိန်းကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ကြမည့် ထိုင်း-မြန်မာနိုင်ငံသို့ ယခင်အပတ်က အဆိုပြုလွှာ တင်ပြထားသည်ဟု နိုင်ငံခြားရေးရာ အမြဲတမ်း အတွင်းဝန် ဆီဟာဆတ် ဖြောင်ခက်ကွေက ပြောကြားသည်။

ထိုင်း-မြန်မာနားလည်မှု စာချွန်လွှာ ကို ဝန်ကြီးချုပ် ယင်လက်နှင့် သမ္မတဦးသိန်းစိန် တို့ယခင်လက လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းခြေ စီးပွားရေးဇုန် နှင့်အတူ ထားဝယ်စီမံကိန်းကို ပံ့ပိုအားပေးကြမည့် အဆိုပြုလွှာ လုပ်ငန်းစဉ်သစ် အရ နှစ်နိုင်ငံ အစိုးရများ အတူတကွ လုပ်ဆောင်သွားသင့်သည်ဟု ဆီဟာဆတ်က ပြောကြားသည်။

မစ္စတာ ဆီဟာဆတ်သည် ပို့ဆောင်ရေး စက်မှု စီးပွားရေးစီမံကိန်း ဖွံ့ဖြိးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ကို ဦးဆောင် ကာ မကြာသေးမီက မြန်မာနိုင်ငံသို့ တစ်ခေါက်ပြန်သွားကြဦးမည် ဟုသိရှိရသည်။

ထားယ်စီမံကိန်း ပူးတွဲအကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် ဖြစ်နိုင်သမျှ မြန်မြန် ဆန်ဆန် ဆွေးနွေးရန် သမ္မတဦးသိန်းစိန်က ဆန္ဒရှိနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်းကူးက ပြောကြားသည်။

အခြေခံအဆောက်အဦး တည်ဆောက်ရေး ၊စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး ၊နယ်စပ်ဖြတ်ကူးကုန် စည်စီးဆင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း များရေးဆွဲရေး ကိစ္စများကို ပစ်မှတ်ထား ဆွေးနွေးကြလိမ့်မည်ဟု ဆီဟာဆတ်ကပြောကြားသည်။

ထို့ပြင် ထားဝယ်ဒေသ အနီးတစ်ဝိုက်တွင် လူထုဖွံ့ဖြိုးရေး အသက်မွေးဝမ်းကျောင်း သင်တန်းပေးခြင်း၊ဒေသခံများအား ပြန်လည်နေရာချထားခြင်း ပညာရှင်ပိုင်းဆိုင်ရာ ပြဿနာများ ပညာရေးနှင့် ကျန်းမာရေး အကူအညီပေးခြင်း ကိစ္စတို့ကို ပူးပေါင်းဆောင်ရွက်ရန် ထိုင်းအစိုးရက တွန်းအားပေးသွား မည်ဟု သိရှိရသည်။

ထိုင်းအစိုးရသည် ထားဝယ်စီမံကိန်း ကန်ထရိုက်တာ အီတာလျံထိုင်း ကုမ္ပဏီကို အစစအရာရာ ကူညီပံ့ပိုး ပေးပြီးအားပေးမည့် အပြင် နိုင်ငံခြား တိုင်းပြည်များတွင် ထားဝယ်စီမံကိန်း အကြောင်းလူသိများအောင် ကြိုးစားနေသည်ဟု ဆီဟာဆက်က ဆက်လက်ပြောဆိုသည်။

သို့သော်လည်း ထားဝယ်နှင့် ထိုင်းအရှေ့ဘက်ကမ်းခြေ လမ်ချာဘန်ဆိပ်ကမ်းအကြား ဆကသွယ်မည့်လမ်းတစ်လျှောက်မှ ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပြောင်းပြန်ဆိုးကျိုး များသက်ရောက်စေနိုင်သည်ဟု ယုံကြည်နေကြသော အရပ်ဖက် အဖွဲ့အစည်းခေါငးဆောင်များနှင့် ပညာရှင် များစွာက ထိုင်းအစိုးရအား ထားဝယ်စီမံကိန်းကို ပြန်လည်သုံးသပ် စဉ်းစားပေးရန် တောင်ဆိုထားကြသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာသမ္မတ၏ ခရီးစဉ်အတွက်  အမေရိကန် လမ်းရှင်းထား

(Channel News Asia မှ 30n August 2012 ရက်စွဲပါ “US paves way for Myanmar President visit” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာ ခံသို့ မြန်မာခေါင်းဆောင်ဦးသိန်းစိန် တက်ရောက်နိုင်ရန်အတွက် ဗီဇာအတားအဆီးများကို ဗုဒ္ဓဟူးနေ့က ဖယ်ရှားပေးလိုက်သည်။

အိုဘားမား၏ ဗီဇာခွင့်ပြုမိန့်ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန်တွင် ဦးသိန်းစိန်    လွတ်လပ်စွာ သွားလာနိုင်မည်ဟု သိရှိရသည်။ သို့မဟုတ်ပါက ညီလာခံကျင်းပသော နယူယောက် ကုလသမဂ္ဂ ဌာနချုပ်အနီး တစ်ဝိုက်တွင်သာ သွားရောက်နိုင်သည်ဟု ဆိုသည်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တော်မီတာက “သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်နေတဲ့ မြန်မာသမ္မတနဲ့ သူ့အစိုးရ အဖွဲ့ကို ပိုပြီးနီးနီးကပ်ကပ် တွေ့ထိဆက်ဆံသွားဖို့ ကျွန်တော်တို့ စိတ်ဝင်စားနေတယ်လို့ အချက်ပြလိုက် တာပါ”ဟု ပြောကြား သည်။

တော်ဗီမီလာက ဆက်လက်၍ “မြန်မာအစိုးရထဲက အဓိက ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ ကျွန်တော်တို့ ပိုမိုထိတွေ့ ဆက်ဆံခြင်းအားဖြင့် မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေး၊ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး ချောချောမွေမွေ့ တိုးတက်လာမှာ ဖြစ်ပါတယ်။ အခုအဆုံးအဖြတ်ကြောင့် သမ္မတဦးသိန်းစိန်နဲ့ သူရဲ့ ပြုပြင် ပြောင်းလဲရေး ဝန်ကြီးတွေဟာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်ပြီး ဒီမိုကရေစီနှင့် အမေရိကန်မူဝါဒကို ပိုမိုနားလည် သဘောပေါက် လာမှာ ဖြစ်ပါတယ် ”ဟုပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း တစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း ၊အင်တာနက်နှင့်မီဒီယာဆင်ဆာကို ဖြေလျှော့ပေးခြင်း၊ အတိုက်အခံ ဒီမိုကရေစီအုပ်စုများ၊ တိုင်းရင်းသားလက် နက်ကိုင် အုပ်စုမျးနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆက်တိုက် ပြုလုပ်ကာ ကမ္ဘာကို အံ့အားသင့်စေခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ ဆက်လက် ပြုပြင်ပြောင်းလဲအောင် အားပေးဖို့ မျှော်လင့်ထားသော အိုဘားမား အစိုးရကလည်း နှစ်ပေါင်း၂၀ကျော်အတွင်း ပထမဆုံး သံအမတ်ကြီးကို စေလွှတ်လိုက်သည့် အပြင် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီဖြစ်သည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လာမည့်လတွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်၍ ကုလညီလာခံ သို့တက်ရောက်တော့မည်အပြင် အမေရိကန်ကွန်ဂရက် ရွှေတံဆိပ်ဆုကို လက်ခံရယူမည်ဖြစ်သည်။ ယခုလို ခရီးစဉ်မျိုးကို ယခင်စစ်အစိုးရဟောင်း လက်ထက်တွင် စိတ်ကူးထဲမှာပင် မဖြစ်နိုင်ခဲ့ပေ။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၈ခုနှစ်ဥပဒေအရ လူအခွင်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်များ(သို့မဟုတ်) စစ်ဖက် ခေါင်းဆောင်များကို ပြည်ဝင်ဗီဇာ ပိတ်ပင်ထားသည်။

---------------------------------------------------------------------------------------------------------------------

ထားဝယ်သို့ နယ်စပ်ဖြတ်ကူး ကားလမ်း၊ ရထားလမ်း၊ ဖောက်လုပ်ရန် ထိုင်းကိုADB တိုက်တွန်း

(Bangkok Postမှ 30August 2012ရက်စွဲပါ “ADB urges Thailand to build cross-border route to Daiwai ”) သတင်းကို ဘာသာပြန်ဆိုသည်။

ကြီးမားလွန်းသော ထားဝယ်စီမံကိန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့်  ဘဏ်များပါဝင်လိုစိတ် ဖြစ်ပေါ်လာအောင် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် အခြေခံစနစ် ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းအစိုးရကို အာရှဖွံ့ဖြိုးရေးဘဏ် ADBက အကြံပေးလိုက်သည်။

ထိုင်းအစိုးရသည် နော့သ်ဘူရီခရိုင်သို့ ကားလမ်းဖောက်လုပ်ရေးပြင် ထားဝယ်သို့ နယ်စပ်ဖြတ်ကူး ရထားလမ်း ဖောက်လုပ်ရေးကိုပါ စဉ်းစားသင့် သည်ဟု ADB ထိုင်းနိုင်ငံဌာနေ ဒါရိုက်တာ ခရိတ်စတီပင်ဆင်က မနေ့က ပြောကြားသည်။

ခရိတ်စတီပင်ဆင်က “ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့ မလိုပါဘူး၊ ထားဝယ်စီမံကိန်းကို မြေပေါ်က တက်လာနိုင်ရုံ ပမာဏလောက်ပါပဲ”ဟု ဆိုပါ သည်။

လေးရာသီဟိုတယ်တွင် ပြုလုပ်သော Thailand Focus 2012 ဖိုရမ်တွင် ခရိတ်က ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။ ဘန်ဝိုင်-ကန်ချနာဘူရီ ဆက်ကြောင်းကို ကြီးကြပ်မည့် ပြည်သူ-ပုဂ္ဂလိက လက်တွဲမှု အစီအစဉ်အတွက် ADBကနည်းပညာ အကူအညီပေးလျက်ရှိသည်။

ဘတ်ငွေ ၄၅.၉ ဘီလီယံကုန်ကျမည့် ၉၈ကီလိုမီတာရှိ  ဘန်ရိုင်-ကချနာဘူရီ ကားလမ်းစီမံချက်ကို အဝေးပြေး လမ်းဌာနက လုပ်ငန်းစနေပြီဟု လည်း သိရှိရသည်။

ဖြူနာရွန်မှ ထားဝယ်သို့ အပြီးသတ် ကီလိုမီတာ လမ်းကြောင်းနှင့်ပတ်သက်၍  ဒီဇိုင်းလုပ်ငန်း ပြီစီးနေပြီဖြစ်ပြီး ဖြူနာရွန်  နယ်စပ်ဝင်ပေါက်သို့ နောက်ထပ် ၇၀ကီလိုမီတာ လမ်းကြောင်းတစ်ခုကိုလည်း ကနဦး အဆင့်လေ့လာမှု ပြုလုပ်နေသည်ဟု ဆိုသည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်သည့် အဓိကပြဿနာမှာ အဆင့်တစ် အကောင်အထည်ပေါ်လာရန်  ဒေါ်လာ၈ဘီလီယံခန့်နှင့် စီမံကိန်း တစ်ခုလုံး အတွက် ဒေါ်လာ၅၀ဘီလီယံခန့် ကြီးကြီးမားမား ပုံအောလောင်းထည့်ဖို့ လိုအပ်နေခြင်းပင် ဖြစ်သည်ဟု စတီဗင်ဆင်က မှတ်ချက်ပေးသည်။

ထားဝယ်စီမံကိန်းသည် ထိုင်း၊မြန်မာနှင့် အာဆီယံဒေသ တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်သောကြောင့် စီမံကိန်း အကောင်အထည်ပေါ် သည်ကို ADBက မြင်တွေ့လိုသည်ဟု ၎င်းက အပြုသဘော ပြောဆိုသည်။

ADBက ထားဝယ်စီမံကိန်း ကန်ထရိုက်တာ အီတာလျံထိုင်း ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ဘဏ်မှငွေချေးရန် ကုမ္ပဏီက တရားဝင် တောင်းဆိုခြင်း မရှိဟု သိရသည်။

ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အလုပ်အကိုင်၅၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ရင်နှီး မြှုပ်နှံမှု ကဏ္ဍတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် အဓိက အကြီးဆုံး ပြဿနာတစ်ရပ် ဖြစ်နေပြီး ၊ လက်ရှိ စီးပွားရေးအပါအဝင်  ပြုပြင်ပြောင်းလဲ ရေး ကြိုးပမ်းမှုများနှင့်အတူ ပညာရေးနှင့် လူသားအရင်းအမြစ် ကဏ္ဍများကိုပါ ဦးစားပေးသည့်အပြင် ဦးစားပေးပြင်ဆင်ရန် လိုအပ်နေသည်ဟု စတီဗင် ဆင်က သုံးသပ်ပြောကြားသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive