Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူထုရဲ့နိုင်ငံရေး

*****************************************

ဆောင်းပါးကဏ္ဍ

လူထုရဲ့နိုင်ငံရေး

လတ်ငြိမ်း

(စက်တင်ဘာ ၁ရက်နေ့ထုတ် The Voice Weekly ဂျာနယ်အတွဲ(၈)အမှတ်(၃၅)မှ ထုတ်ယူဖော်ပြချက်။)

လက်ရှိ မြင်တွေ့နေရသော အပြောင်းအလဲများက မြန်မာပြည်သည် ကာလဝိပတ္တိမှ လွန်မြောက်ခဲ့ပြီဟု ညွှန်းဆိုနေကြသည်။ တစ်နှစ်အတွင်း အပြောင်းအလဲတွေ များစွာဖြစ်ခဲ့သည်။ အစိုးရအပေါ် လူတွေယုံကြည်မှုပိုရှိလာသည်။ မီဒီယာတွေအားကောင်းလာခဲ့သည်။ တစ်ဖက်ကလည်း ပြဿနာ တွေရှိနေဆဲ။ ကချင်ဒေသနှင့် ရခိုင်ပြဿနာများက သွေးမတိတ်သေးသောအနာများ၊ ခေတ်ဟောင်း၏ အမွေဆိုးအဖြစ်  ကျန်နေဆဲဖြစ်သည်။ သို့သော် ကျွန်တော့်လို ပြည်သူတစ်ယောက်အဖို့တော့ ယခုပြောင်းလဲမှု အခြေအနေအပေါ် ကျေနပ်နေမိသည်။ တစ်ချိန်တည်းမှာပဲ ဒီပြောင်းလဲမှုအခြေအနေ အပေါ် ကျေနပ်နေမိသည်။ တစ်ချိန်းတည်းမှာပဲ ဒီပြောင်းလဲမှုအရှိန်တွေ တန့်သွားမှာ၊ လမ်းချော်သွားမှာကို စိုးရိမ်နေမိသည်။

‘လူ’ကလာတဲ့ အပြောင်းအလဲ

ထိုသို့စိုးရိမ်ရသည့် အကြောင်းများစွာရှိသည်။ လက်ရှိတွေ့မြင်ခဲ့ရပြီးသော အပြောင်းအလဲအများစုသည် ခေါင်းဆောင်များ တစ်နည်း လူမှလာ သော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေ့ရသည်။ အပေါ်ထပ်အဆောက်အဦပြောင်းသည်။ သို့သော်လည်း အောက်လူတော်တော်များများ (မဏ္ဍိုင် သုံးရပ်လုံးရှိ ခေါင်းဆောင်မဟုတ်သူများနှင့် ဗျူရိုရေစီယန္တရားရှိလူများ)မှာ သဘောထားမပြောင်းဘဲ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ယခုကြုံ တွေ့နေရသော အပြောင်းအလဲများမှာ အထက်ပိုင်းခေါင်းဆောင်များ၏ နိုင်ငံရေးစေတနာ (Political Will) မှလာသော အပြောင်းအလဲများသာဖြစ်ပြီး အင်စတီကျူးရှင်းများမှလာသော အပြောင်းအလဲမဟုတ်သေးပေ။

ယူတတ်လျှင်သင်ခန်းစာ

နိုင်ငံသမိုင်းကိုပြန်ကြည့်လျှင် သင်ခန်းစာရစရာတွေ အများကြီးရှိသည်။ ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင် ခဲ့ကြသော မင်းများကိုကြည့်ပါ။ သူတို့သည် လက်ဆင့်ကမ်းခြင်း၊  အင်စတီကျူးရှင်းများ ခိုင်မာမေအာင် လုပ်ခြင်းများ အမှန်ပင် အားနည်းခဲ့သူများဖြစ် သည်။ ထို့ကြောင့် သမိုင်းတစ်လျှောက်တွင် မြန်မာနိုင်ငံအခြေအနေသည် ဘုရင်သဘောကောင်းသည့်ခေတ်တွင် ကောင်းစားပြီးနောက် ဘုရင်တစ်ပါး တက်သည်နှင့် ရှေ့ဘုရင်တည်ဆောက်သမျှ ပျက်ကိန်းဆိုက်သော ထုံးဟောင်း၊ သာဓက အများမပြားပင်ရှိသည်။ ဖခင်လက်ထက်က ကောင်းလျှင် သား လက်ထက် ကမောက်ကမဖြစ်သည်။ ဘုရင်မရှိလျှင် တိုက်နေသောတိုက်ပွဲ တစတစစစ်ပွဲကိုပင် ဆက်မတိုက်နိုင်။ ရှေ့ဘုရင်နောက်ဘုရင် အမြင်မကြည် လျှင် ရှေ့ဘုရင်လုပ်သမျှ နောက်ဘုရင်က ဇောက်ထိုးလုပ်ပစ်သည်။ ပုန်ကန်နန်းလုသည့် အဖြစ်အပျက်မျိုးလည်း ဒုနဲ့ဒေး။ တစ်ပတ်သာစံခဲ့သော ဖောင်း ကားစားမောင်မောင်လိုမင်းမျိုးသည် အဆိုးဆုံးဥပမာတစ်ခုပင်။

နောက်တစ်ခေတ်မှာလည်း ထိုအတူ။ လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်တို့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဆုံရှုံးလိုက်ရပြီးနောက် နိုင်ငံရေး အရ ကသောင်းကနင်းဖြစ် ပြည်တွင်းစစ်မီးတွေ လောင်ခဲ့သည်။ နောက် လူတွေကပြောပလောက်အောင် ဆက်မထိန်းနိုင်ခဲ့တာပါသည်။ ဒီမိုကရေစီလှုပ် ရှားမှုခေတ် ၉၀နောက်ပိုင်းကိုကြည့်လျှင်လည်း ထိုနည်းလည်းကောင်းပင်။ ခေါင်းဆောင်တွေကို ထိန်းသိမ်းခံရသည်နှင့် ဘာမှကို ရှေ့ဆက်မလုပ်နိုင် တော့။ နိုင်ငံရေးခါးဆက် ပြုတ်ရတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ လူတစ်ဦးအပေါ်မှာ အားကိုးပြီး ထိုခေါင်းဆောင်လမ်းညွှန်ရာသာ လိုက်ခဲ့ကြသည့် စနစ်ဆိုးကြောင့် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးချိန်မှစပြီး အဆိုးသံသရာ ပြန်ပြန်လည်သွားခြင်းမှာလည်း ခေါင်းဆောင်ကောင်းများရှိနေသည့်အချိန်တွင် အင်စတီကျူးရှင်းများ ခိုင်မာအောင် မလုပ် နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လွှတ်တော်တွင် အင်စတီကျူးရှင်းများ ခိုင်မာလာစေခြင်းတို့သည်သာ နိုင်ငံကို ဦးတည်နေသော ဒီမိုကရေစီလမ်းကြောင်းပေါ်မှ  နောက်ပြန်မ လှည့်စေနိုင်မည်ဖြစ်သည်။

အားကိုးစရာသမ္မတ

ကျွန်တော်တို့ နိုင်ငံရေးယဉ်ကျေးမှု(Political Culture)က လူပုဂ္ဂိုလ်ကိုးကွယ်မှု အစွဲသန်သည်။ အင်စတီကျူးရှင်းတစ်ခုလုံးအပေါ် အယုံအကြည် နည်းသည်။ သမ္မတကိုယုံကြည်သည်။ တရားစီရင်ရေးအာဏာကိုမူ မယုံကည်ကြသေး။ ဒီတော့ တိုင်စာတွေပလူပျံကာ သမ္မတဆီရောက်လာသည်။ တရားစီရင်ရေးမဏ္ဍိုင်သည်  လွတ်လပ်သောမဏ္ဍိုင်အဖြစ် တိတိပပ ပေါ်ထွက်လာခြင်းမရှိသလို ဖြစ်နေသည်။

လွှတ်တော်ကရော။ လွှတ်တော်မှာလည်း အားကော်းလှသည်တော့မဟုတ်။ အထူးသဖြင့် တိုင်းဒေသကြီးတစ်ခုအတွင်း ပြဿနာတစ်စုံတစ်ရာ ကြုံပါက ပြည်သူများက ထိုတိုင်းဒေသကြီး၏ တရားစီရင်ရေးကိုလည်း အားမကိုး ထိုတိုင်းဒေသကြီးလွှတ်တော်ကိုလည်း အားမကိုး သမ္မတကိုသာ အားကိုးကြသည်။

အားကိုးစရာအတိုက်အခံ

NLD ကို အစဉ်အလာသဘောအရ တိုက်အခံပါတီဟု ခေါ်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံခေါင်းဆောင်ဖြစ်သည်။ သူမသည် တစ်ကမ္ဘာလုံးမှ စောင့်ကြည့်ရသည့် ခေါင်းဆောင်၊ နိုဗယ်ဆုရှင်ဖြစ်သည်။ ပြည်သူလူထုသည် အစိုးရအဖွဲ့အပေါ် ယုံကြည်မှု တဖြည်းဖြည်း အားကောင်းလာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပို၍ယုံကြည်သည်။ Emotion ကဲသော ကျွန်တော်တို့ နိုင်ငံရေးအစဉ်အလာ မျိုးရိုးဂုဏ်ဝါ ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို အဖေတူသမီးအဖြစ် သဘောထားကာ အားကိုးကြသည်။ သို့တိုင် သူမ၏ ပါတီNLDမှာ မီဒီယာများနှင့် အဆင်မပြေမှု အချို့ဖြစ်ခဲ့သလို ထိုင်းနိုင်ငံရေးခရီးစဉ်တွင်  အစီအစဉ်ပိုင်းအားနည်းသည်ဟု မီဒီယာတစ်ခုက ဝေဖန်ထားသည်။ လူထုသည်လည်း ပါတီတစ်ခုလုံးကို လေးစားမှုထက် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ယုံကြည်မှု ပိုမိုကဲနေသည်ဟု ထင်ရသည်။

‘လူ’မှ ‘မူ’သို့

နိုင်ငံရေးအပြောင်းအလဲများတွင် ခေါင်းဆောင်ကောင်းများ အရေးကြီးပါသည်။ သို့သော်လည်း နောက်လိုက်ကောင်းများ မပါလို့မဖြစ်။ နိုင်ငံ တည်ဆောက်ရာတွင် ထိပ်ပိုင်းလူ တစ်ယောက် နှစ်ယောက်နှင့် တည်ဆောက်ရ၍မရ။ သမ္မတကို ထောက်ခံသူသည် သမ္မတဖောက်သောလမ်းကို ကိုယ်ကိုယ်တိုင် ဝင်ရောက်လျှောက်လှမ်းရသည်။ လိုအပ်လျှင် ဝင်ဖောက်ရမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သောပြည်သူသည် ဒေါ်အောင်ဆန်း စုကြည်ချစ်သော ဒီမိုကရေစီကို ကိုယ်ကိုယ်တိုင် ကျင့်သုံးရမည်။ ထိုခေါင်းဆောင်များ နောက်လိုက်ကာ၊ ခိုင်မာသော ‘မူ’ များ ချမှတ်နိုင်ရေးကို ဦးတည် ကာ သွားရပါမည်။ လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပတွင်ပါ အင်စတီကျူးရှင်းများ အားကောင်းလာရန် လိုအပ်ပါသည်။

ဘယ်သူ့မှာတာဝန်ရှိ

လွှတ်တော်ပြင်ပ အင်စတီးကျူးရှင်းများ အားကောင်းလာရန်အတွက် လူထုတွင် တာဝန်ရှိပါသည်။ ဘေးထွက်ထိုင်နေရမည့် အချိန်မဟုတ် တော့၊ ကိုယ်ကိုယ်တိုင်  ဝင်တွန်းရမည့်အချိန် ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ဝင်ပါရမည်။ ဒီမိုကရေစီကို ပုံဖော်လိုလျှင် လက်ဝေခံဒီမိုကရေစီနှင့် မကျေနပ်ဘဲ မိမိကိုယ်တိုင် ဝင်ရောက်ပုံဖော်ရမည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် ယခင်က ပါဝင်ခွင့်နည်းခဲ့သည် မှန်သော် လည်း ယခုလို အခွင့်အရေးရလာသောအခါ နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေကျေပွန်ပွန်ယူသင့်သည်။ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ ပြောခဲ့သလို တိုင်းပြည်က သင့်ကိုဘာလုပ်ပေးနိုင်သလဲ၊ ဆိုတာထက် တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်မည်လဲဆိုတာကို မေးရမည့်အချိန် ပြောရ မည့်အချိန် ဖြစ်ပါသည်။

ယခုတော့ ဒီလိုမဟုတ်ပါ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေရော၊ သာမာန်ပြည်သူတွေပါ အရင်လိုပဲ ဖြစ်နေကြသည်။ အရင်လိုပဲဆိုသည့် အဓိပ္ပာယ်က အရင်လို စည်းကမ်းမဲ့စွာ၊ အရင်လိုတာဝန်မဲ့စွာ၊ အရင်လို Inactive ဖြစ်စွာဟု ဆိုလိုပါသည်။ Civil Society အားကောင်းလာသလို ရှိသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွေမှာသာ ကွက်ကွက်ကလေးအားကောင်းနေတာ ဖြစ်သည်။ ထိုမြို့ကြီးတွေမှာ ဆောင်ရွက်နေသည့် လူတွေကလည်း အမြင်ရှိသော လူငယ်လက်တစ်ဆုပ်စာသာ ဖြစ်သည်။

ခေါင်းဆောင်က ထာဝရမဟုတ်

ကျွန်တော်တို့နိုင်ငံရောက်ချင်သော စင်ကာပူလို၊ ကိုရီးယားလို နိုင်ငံမျိုးဖြစ်ဖို့ နှစ်တွေမည်မျှလိုမည်လဲ စဉ်းစားကြည့်ဖို့လိုပါသည်။ ကျွန်တော်တို့ အားကိုးသော ခေါင်းဆောင်များကို တစ်သက်လုံး အားကိုးလို့မရ၊ သူတို့ကိုယ်တိုင်ရော အဘိုးကြီးအဘွားကြီးတွေ ဖြစ်နေပြီ။ သမ္မတကြီးရော ဒေါ်အောင် ဆန်းစုကြည်ပါ အသက် ၆၈ထဲ ဝင်နေပြီဖြစ်ပြီး လာမည့် ၂၀၁၅ဆရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် အသက် ၇၀တွေ ဖြစ်နေကြရော့မည်။ သူတို့ကို အသက်အရွယ်ဘယ်လောက်အထိ အလုပ်လုပ်ခိုင်းကြမှာလဲ။ သူတို့ကို ဘယ်အချိန်အထိ မှီခိုနေဦးမှာလဲ။

ကျွန်တော်တို့ ခေါင်းဆောင်တွေ မရှိတော့သောအခါ ဘယ်လိုရှေ့ဆက်စခန်းသွားကြမည်လဲ၊ ဘယ်လို Backup plan တွေ ကြိုတင်ပြင်ဆင် ထားကြပြီးပြီလဲ။ တကယ်တော့ ခေါင်းဆောင်များအပေါ်သာ အားကိုးနေလျှင် ကျွန်တော်တို့မျှော်မှန်းသော ပန်းတိုင်ကို ရောက်နိုင်မည်မဟုတ်။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လူထုက အားလုံးညီညာကြိုးစားမှသာလျှင် လိုချင်သောပန်းတိုင်ကို ရှောရှောရှူရှူ ရောက်မည်ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် အပြောင်း အလဲအတွက် လူထုလိုပါသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

­၁.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာအမည်တပ်၍ တရုတ်နိုင်ငံထုတ် တားမြစ်ပျားရည် ပြည်ပတင်ပို့ရန် စီစဉ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ABSDF ထိပ်သီးခေါင်းဆောင်ဟောင်းအချို့ ပြည်ဝင်ခွင့်ဗီဇာရ၍ ရန်ကုန်ရောက်ရှိ
  1. ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပမည်
  2. NDF ပါတီမှဦးဆောင်၍ လယ်သမားအခွင့်အရေးဥပဒေ ပြင်ဆင်ထည့်သွင်းရန် တောင်းဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာအမည်တပ်၍ တရုတ်နိုင်ငံထုတ် တားမြစ်ပျားရည် ပြည်ပတင်ပို့ရန် စီစဉ်

တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့တင်ပို့လျက်ရှိသည့် တားမြစ်ဆေးဝါးများပါရှိသည့် တရုတ်ပျားရည်များကို မြန်မာအမည်တပ်၍ အခြားပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် တရုတ်နိုင်ငံမှဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။

“တရုတ်နိုင်ငံကထွက်တဲ့ ပျားရည်တွေကို တားမြစ်ဆေးတွေပါလို့ဆိုပြီး နိုင်ငံတကာက တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ထဲကို တင်သွင်းတယ်။ တင်သွင်းရတဲ့ အဓိကရည်ရွယ်ချက်က မြန်မာအမည်သုံးပြီးတော့ နိုင်ငံခြားကို တင်ပို့ဖို့အတွက်ပဲ။ ဒီကိစ္စကို တားမြစ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါပြီ”ပာု ပြည်တွင်းပျားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက တားမြစ်ဆေးပါရှိသည့် တရုတ်ထုတ်ပျားရည်များအား ပြည်တွင်းသို့ တင်သွင်းနေမှုအပေါ် တားမြစ်အရေး ယူပေးပါရန်  မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းက မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံထုတ် ပျားရည်များကို မြန်မာနိုင်ငံမှတစ်ဆင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် တရုတ်လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တရုတ်နိုင်ငံက တားမြစ်ဆေးပါတဲ့ပျားရည်တွေကို ပြည်တွင်းကို တင်သွင်းပါတယ်။ ဒီလိုဆို တကယ်ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာရင် မြန်မာပြည်သူတွေပဲ ထိခိုက်ရမှာပါ။ ဒါကြောင့် ဒီကိစ္စကိုအမြန်ဆုံးတားမြစ်ဖို့အတွက် မွေး/ရေ ကိုတင်ပြခဲ့ရတာပါ။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ တရုတ်လုပ်ငန်းရှင်ကြီးတွေရဲ့ လုပ်ရပ်တွေပါပဲ။ ဒီအတွက်ကို တခုခု ပြန်တုန့်ပြန်သင့်ပါတယ်”ပာူ မြန်မာနိုင်ငံပျားလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ပျားရည်သည် ၂၀၀၅ ခုနှစ်မှစတင်၍ တန်ချိန် ၁၀၀ မှ ၂၀၀ ကျော်အထိ ထုတ်လုပ်၍ နိုင်ငံတကာ ဈေးကွက် သို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိအချိန်တွင် မြန်မာ့ပျားရည်ကို အမေရိကန်၊ ဂျပန်၊ မလေးရှား၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ABSDF ထိပ်သီးခေါင်းဆောင်ဟောင်းအချို့ ပြည်ဝင်ခွင့်ဗီဇာရ၍ ရန်ကုန်ရောက်ရှိ

သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်အဖွဲ့နှင့် စက်တင်ဘာလ ၁ရက်နေ့ မနက် ၈နာရီခွဲခန့်၌ မိုးသီးဇွန်အပါအဝင် ၇ဦးအဖွဲ့တို့ ပြည်ဝင် ခွင့်ဗီဇာဖြင့် ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ပြည်ပမှ ပြည်ဝင်ခွင့်ဗီဇာနှင့် ပြန်လည်ရောက်ရှိလာကြသည့် ဒေါက်တာနိုင်အောင်အဖွဲ့တွင် ၎င်းအပါအဝင် ဒေါက်တာသောင်းထွန်းနှင့် ဦးညိုအုန်းမြင့်တို့ ဖြစ်ကြောင်း သိရှိရပြီး မိုးသီးဇွန်၏ ၇ဦးအဖွဲ့၌ ကိုထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုရင်အေး၊ ကိုအောင်၊ ကိုမူးသာနှင့် ကိုရွှေစင်ထွန်းတို့ ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော်ကတော့ ပျော်ပါတယ်။ အခုလိုမျိုး ကျွန်တော့်ရဲဘော်ရဲဘက်တွေက လေဆိပ်အထိ လာပြီးကြိုဆိုတဲ့အတွက် ပိုပျော်ပါတယ်။ ပြီးတော့ ကျွန်တော် ၂၁နှစ်အရွယ်မှာ ခင်ဗျားတို့လို သတင်းထောက်လုပ်ဖို့နေနေသာသာ ဘာမှန်းတောင် မသိသေးပါဘူး။ ခင်ဗျားတို့ကလည်း ကျွန်တော့်ကို ဒီလို မျိုးအသိအမှတ်ပြုပြီး လာရောက်တဲ့အတွက် ပိုပြီးဝမ်းသာပါတယ်။ အခုဆိုရင် နိုင်ငံက နည်းနည်းလေးပြောင်းလဲနေပါပြီ။ ကျွန်တော်တို့က ဒီလိုနည်းနည်း လေး ပြောင်းတာတောင် ဒီလောက်ပျော်နေတာ အများကြီးပြောင်းရင်တော့ အတိုင်းထက်အလွန်ပါပဲ"ဟု မိုးသီးဇွန်က ပြောကြားသည်။

ထို့ပြင် ယင်းသို့ ပြည်ဝင်ခွင့်ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်အဖွဲ့နှင့် မိုးသီးဇွန်အဖွဲ့အား သရုပ်ဆောင်ဇာဂနာ၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးလှမောင်ရွှေတို့မှ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး စက်တင်ဘာလ ၁ရက်နေ့ မနက်ပိုင်း၌ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် မိုးသီးဇွန် ၇ဦးအဖွဲ့သည် ရန်ကုန်လေဆိပ်မှ ရွှေတိဂုံစေတီ တော်သို့ တိုက်ရိုက်သွားရောက် ဖူးမျှော်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။

"ကိုမိုးသီးဇွန်က အခု လေဆိပ်ကနေ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ကိုသွားမှာပါ။ ပြီးရင် ရွှေတိဂုံရင်ပြင်တော်ပေါ်မှာရှိတဲ့ ကျောင်းသား ကျောက်စာတိုင်ကိုလည်း သွားမှာပါ။ ကျွန်တော်တို့က ဒီမှာ ၂၈ရက်နေမှာပါ။ ဒီလိုနေတဲ့ရက်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းအချို့တွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။ ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်တို့နဲ့တွေ့ဖို့လည်း စီစဉ်ထားပါတယ်"ဟု အဆိုပါ ပြည်တော်ပြန် ၇ဦးအဖွဲ့မှ ကိုကိုလေးက ပြောကြားသည်။

ထို့နောက် မိုးသီးဇွန်နှင့် ၇ဦးအဖွဲ့သည် စက်တင်ဘာလ ၃ရက်နေ့၌ ယုဇနဟိုတယ်တွင် မနက် ၁၀နာရီမှစတင်၍ ၁၁နာရီအထိ တစ်နာရီကြာ သတင်းမီဒီယာများနှင့်တွေ့ဆုံကာ မြောက်ပိုင်းကျောင်းသားများ မတရားနှိပ်စက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ် မည်ဖြစ်ကြောင်း၊ ယခု ၎င်းတို့၏ လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်စဉ် ၂၈ရက်အတွင်း မြန်မာနိုင်ငံသို့ အပြီးပြန်လာခြင်းမလာခြင်း ပေါ်တွင်လည်း ဆွေးနွေးသွားဖို့ရှိကြောင်း ကိုကိုလေးက ရွှေတိဂုံစေတီတော်မှအပြန် သတင်းမီဒီယာများအား ပြောကြားချက်အရ သိရသည်။

မိုးသီးဇွန်နှင့် ၇ဦးအဖွဲ့အား စက်တင်ဘာလ ၁ရက်နေ့ မနက် ၈နာရီ ၂၀ခန့်၌ ရန်ကုန်လေဆိပ်၌ လာရောက်ကြိုဆိုကြသည့်သူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြန်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ လူ့ဘောင်သစ်ပါတီနှင့် မြန်မာမူဆလင် နိုးကြားရေးကွန်ယက်အဖွဲ့တို့မှ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အဖွဲ့အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်သို့ သွားရောက်ရန်ရှိကြေင်း KNU အဖွဲ့နှင့်လည်း တွေ့ဆုံရန် အစီအစဉ်ရှိသော် လည်း KNU ဘက်မှ တွေ့ဆုံခွင့်ရရှိရန်သာလိုကြောင်း ကိုကိုလေး၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် သြဂုတ်လ ၃၁ရက်နေ့၌ ရန်ကုန်သို့ ရောက်ရှိလာသည့် ဒေါက်တာနိုင်အောင်အား မြောက်ဥက္ကလာပရဲစခန်း၌ ဒေါ်စန်းစန်းအေးမှ သူမ၏ ဖခင်ဖြစ်သူ ဦးစိန်သေဆုံးခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း သြဂုတ်လ ၃၁ရက်နေ့ မနက် ၁၀နာရီခွဲခန့်တွင် တော်ဝင်နှင်းဆီ၌ ကျင်းပပြုလုပ်သည့် မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပမည်

လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဒုတိယအကြိမ်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အစိုးရသစ်တက်ပြီးနောက်ပိုင်း ဒုတိယအကြိမ် ကျင်းပတာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလ ၁၅ရက်နေ့တုန်းကလည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ အဲ့ဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ နိုင်ငံရေးပါတီတွေကိုပဲ ဖိတ်ကြားခဲ့ပါတယ်”ပာု အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ တက်ရောက်နိုင်ရန် ပြည်တွင်းရှိ နိုင်ငံရေးပါတီအား လုံးကို ဖိတ်ကြားခဲ့ပြီး တစ်ပါတီလျှင် နှစ်ယောက်နှုန်းဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းခံထားရကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

“တရားဝင်ဖိတ်စာမရောက်သေးပေမယ့် နေပြည်တော်ကဖုန်းဆက်ပါတယ်။ ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက်ဖို့အတွက်ပါ။ ကျွန်တော်တို့ပါတီကတော့ နှစ်ယောက်အပြည့်တက်မယ်။ ခုချိန်ထိတော့ နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်မယ်လို့ ပြောထားပေမယ့် ပါတီအချို့ကို တော့ မဖိတ်သေးဘူး”ပာု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် လွှတ်တော်ပါတီများက ဒီမိုကရေစီနေ့ဆိုင်ရာစာတမ်းများ ဖတ်ကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ၂၀၀၇ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

YC

-------------------------------------------------------------------------------------------------------------------------

NDF ပါတီမှဦးဆောင်၍ လယ်သမားအခွင့်အရေးဥပဒေ ပြင်ဆင်ထည့်သွင်းရန်တောင်းဆို

မကြာသေးမီကာလအတွင်းက ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့် မြေယာပိုင်ဆိုင်ခွင့်ဥပဒေတွင် လယ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် ဥပဒေအချို့အား ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ ဦးဆောင်၍ တောင်သူလယ်သမား များက တောင်းဆိုထားကြောင်း သိရသည်။

“အခု ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေတွေရယ်၊ မြေယာပိုင်ဆိုင်ခွင့် ဥပဒေတွေရယ်မှာ လယ်သမားအခွင့်အ ရေးတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်စောင့်ရှောက်ပေးမှုက နည်းပါတယ်။ လယ်သမားတွေအတွက် တကယ်အကျိုးရှိပြီး တကယ်လိုအပ်တဲ့ တောင်သူ တွေရဲ့ အခွင့်အရေးတွေပေါ်ထွက်လာနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်”ပာု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် သြဂုတ်လ ၂၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ နိုင်ငံတွင်းဖြစ်ပေါ်လျက်ရှိသော လယ်သိမ်း၊ ယာသိမ်းကိစ္စများ အား လွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် မြေယာပြဿနာများဖြေရှင်းရေးကော်မတီကို သြဂုတ်လ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး NDF ပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များထံသို့ လယ်သိမ်း၊ ယာသိမ်းခံရသော တောင်သူများ၏ စာရင်းကိုပေးပို့၍ လွှတ်တော်သို့တင်ပြနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က NDF ပါတီရဲ့ မြေယာပြဿနာဖြေရှင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီက လယ်သိမ်း၊ ယာသိမ်းကိစ္စတွေကို လွှတ်တော်မှာတင်ပြပေးဖို့အတွက် ဆောင်ရွက်သွားမှာပါ။ မြန်မာနိုင်ငံမှာ လယ်ယာကဏ္ဍ အများဆုံး လုပ်ကိုင်ကြတဲ့ တောင်သူ တွေရဲ့ အရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ပေးသွားမှာပါ။ ဒီကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်း၊ ပြည်နယ်နဲ့ မြို့နယ်တွေက တောင်သူတွေဆီ က အချက်အလက်တွေကောက်ယူထားပါတယ်”ပာု NDF ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ်ပိုင်းတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ် စသည့်မြို့နယ်များတွင် လယ်ယာမြေအများအပြား ရေနစ်မြှုပ်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး၌ လယ်ဧကငါးသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------------------

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တရားစီရင်ရေးရဲ့ အဆုံးအဖြတ်ချက်ကိုဥပဒေပြုအမတ်များကအမှန်အမှားမဲခွဲဆုံးဖြတ်တာ နိုင်ငံတကာမှာအစဉ်အလာမရှိပါဘူး။ တရားရုံးရဲ့စီရင်ခွင့်ကို ပြင်ပမှာမဲခွဲဆုံးဖြတ်ခြင်းဟာအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကိုမျက်ကွယ်ပြုခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပစ်ပယ်ပြီးတော့  လွှတ်တော် ကိုယ်စားလှယ်များရဲ့ လိုအင်ဆန္ဒကိုဆောင်ရွက်နေခြင်းဖြစ်ပါတယ်”

စက်တင်ဘာ ၁ရက်နေ့ထုတ် Favourite News ဂျာနယ် အတွဲ (၃) အမှတ် (၁၆၄) တွင်ပါရှိသည့် “လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အငြင်းပွားမှုကို ပြည်သူ့လွှတ်တော်က စုံစမ်းရေးအဖွဲ့ ဖွဲ့လိုက်” သတင်းမှ ဦးသိန်းစိုး၏ ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“ကော်မတီတွေအနေနဲ့ ဝန်ကြီးတွေကို ခေါ်ဆိုကြားနာမှု လုပ်တယ်ဆိုတဲ့နေရာမှာ အင်္ဂလိပ်လိုတော့ hearing ပေါ့၊ မြန်မာလိုမှာ ခေါ်ဆိုကြားနာတယ် ဆိုတော့  အပေါ်စီဆန်နေတယ်များ မြင်ကြသလားမသိဘူး၊ စကားလုံးအသုံးအနှုန်းကအစ ပြင်ဆင်ရမယ့်သဘောရှိနေပါတယ်။ ခုဖြစ်နေတဲ့ ပြည်ထောင် စုအဆင့် ကိစ္စကလည်း အဲဒီကစတာပဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူ့အကျိုးအတွက် ပြည်သူတွေရဲ့လိုအပ်ချက်တွေအတွက် ဝန်ကြီး ဌာနတွေနဲ့ တွေ့ဆုံမေးမြန်းရမှာပဲ၊ အဲဒီမှာ နှစ်ဖက်ဆိုတဲ့သဘောတရားက ပါလာပြီ။ နောက်လွှတ်တော်မှာ ဝန်ကြီးမလာဘဲ ဒုဝန်ကြီးတွေလာဖြေတာ လည်း တော်တော်အရုပ်ဆိုးတယ်။ အခုအခြေအနေက ဒီမိုကရေစီမှာလှုပ်လှုပ်ရှားရှား ဖြစ်နေတာမြင်ရပြီ Check & Balance အသက်ဝင်လာတဲ့ သဘောပေါ့”

စက်တင်ဘာ ၁ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၁) အမှတ် (၃၄) တွင်ပါရှိသည့် “ဝန်ကြီးများ၏ လွှတ်တော်အတွင်းဖြေကြားမှုများသည် ကတိ ကဝတ်များဖြစ် လက်တွေ့ကျင့်သုံးသည့် စနစ်၊ နည်းလမ်းများ လိုအပ်နေသည် လွဲနေသည်ဆိုပါက အမြန်ဆုံးပြုပြင်ပြောင်းလဲရန်လို” သတင်းမှ လွှတ် တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံမှာ ပိုပြီး လစ်ဘရယ်ကျတဲ့ စီးပွားရေးဝန်းကျင်အခြေအနေကို ဖြစ်စေမယ့်အစား ပြည်တွင်းမှာရှိတဲ့ တစ်ချို့သောသူတွေက မြန်မာ့စီးပွားရေး ကို လက်ဝါးကြီးအုပ်နိုင်ဖို့ တွန်းအားပေးနေပုံရတယ်”

စက်တင်ဘာ ၁ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၅) တွင်ပါရှိသည့် “မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ခရိုနီများအတွက်သာ အကျိုးဖြစ်ထွန်းစေမည်” သတင်းမှ သြစတြေးလျနိုင်ငံ Macquire တက္ကသိုလ်မှ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင်တားနား၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“ဘယ်ဈေးနှုန်းမှ မသင့်တော်ဘူး။ တယ်လီဖုန်းကို အလကားပေးရပါမယ်။ စပြီးသုံးတာနဲ့ မိနစ်၂၀၀အလကားပေးတာမျိုး ရှိရပါမယ်။ အာဖရိကမှာ ရေမရ မီးမရတဲ့နေရာတွေ အများကြီးရှိတယ်။ ဒါပေမယ့်  အဲဒီမှာ ဖုန်းတွေရနေတဲ့အတွက် သိသိသာသာကြီး အကျိုးရှိတာလည်း တွေ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ တယ်လီဖုန်းလဲ သိပ်သည်းဆဆယ်ရာခိုင်နှုန်းတိုးလိုက်တာနဲ့ တစ်ပြိုင်နည်း GDPက ၁ ဒဿမ ၅ရာခိုင်နှုန်းလောက် တက်လာတယ်။”

စက်တင်ဘာ ၁ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၅) တွင်ပါရှိသည့် “မိုဘိုင်း SIM ကတ်များ အလကားပေးသင့်ဟု ဦးသောင်းတင်ဆို” သတင်းမှ ဦးသောင်းတင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive