Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၉.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမတ် ပထမဆုံးကျင်းပ

(The Penninsula Newsမှ 19Septn 2012ရက်စွဲပါ “Myanmar marks first saffron revolution” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကော့သောင်းတွင်ဖမ်းထားသော ထိုင်း၈၃ဦးကို မြန်မာလွှတ်ပေး

(Bangkok Post မှ 18Sept 2012ရက်စွပါ “Myanmar frees 83Thais” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ပထမဆုံးကျင်းပ

(The Penninsula Newsမှ 19Septn 2012ရက်စွဲပါ “Myanmar marks first saffron revolution” သတင်းကို ဘာသာပြန်ဆိုသည်)

လွန်ခဲ့သော ၅နှစ်က တပ်မတော်အစိုးရ၏ ရက်ရက်စက်စက် ချေမှုန်းခြင်းခံခဲ့ရသော ရွှေဝါရောင် တော်လှန်ရေး၏ ပထမဆုံး အထိမ်းအမှတ် အခမ်း အနားကို မနေ့က ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သံဃာတော်များ အပါအဝင် လူ၁၀၀ကျော် စုစည်းကျင်းပကြခြင်း ဖြစ်သည်။

ယခင်တပ်မတော်အားကိုး အာဏာရှင်များအပေါ် သံဃာနှင့် ပြည်သူလက်တွဲ အာခံခဲ့သော ၂၀၀အရေးတော်ပုံ အထိမ်အမှတ် လူသိရှင်ကြား အခမ်းအနားသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင်ပြောင်းလဲရေး အစိုးရ လက်ထက်တွင် မူဝါဒ အပြောင်းအလဲများကြောင့် ထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လောင်စာဆီဈေးနှုန်းကြောင့် ကုန်ဈေးနှုန်းတက်ခြင်းကို စတင်ဆန္ဒပြရာမှ နှစ်ပေါင်း၂၀ စစ်ဖက်အာဏာရှင် များအပေါ် ကြီးမားသော ခြိမ်းခြောက်မှု အဖြစ် အင်အားကောင်းသွားခဲ့သော ၂၀၀၇ရွှေဝါရောင် အုံကြွမှုတွင် အနည်းဆုံး ၃၁ဦးသေဆုံးခဲ့ရပြီး သံဃာတော်များ ရာနှင့်ချီ၍ ဖမ်းဆီးခြင်း ခံခဲ့ကြရသည်။

ယခင်အစိုးရ လက်ထက် ဖိနှိပ်ခြိမ်းခြောက် အုပ်ချုပ်မှုစနစ် အသာစီးရနေပြီဟု တွက်ဆထားချိန်တွင် ထိုကဲ့သို့ မမျှော်လင့်သော အုံကြွမှုကြောင့် ထို စဉ်က အာဏာရှင် မိသားစုများ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ တိမ်းရှောင်နေခဲ့သည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့သည်။

---------------------------------------------------------------------------------------------------------------------

ကော့သောင်းတွင်ဖမ်းထားသော ထိုင်း၈၃ဦးကို မြန်မာလွှတ်ပေး

(Bangkok Post မှ 18Sept 2012ရက်စွပါ “Myanmar frees 83Thais” သတင်းကို ဘာသာပြန်ဆိုသည်)

တရားမဝင် ကျူးကျော်ဝင်ရောက်မှုဖြင့် တရားစွဲခံနေရသော ထိုင်းနိုင်ငံသား ၈၃ဦးကို မြန်မာအာဏာပိုင်များက အင်္ဂါနေ့တွင် လွှတ်ပေးလိုက်ခြင်း ကြောင့် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်ကြရန် မျှော်လင့်နေကြပြီဟု သိရှိရသည်။

တနင်္လာနေ့တွင် မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော အကျဉ်းသား ၅၀၀ကျော်အနက် ၎င်းတို့လည်း ပါဝင်သည်ဟု ထိုင်းနိုင်ငံခြား ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ သာနိသောင်ပတ်တီက ပြောကြား သည်။

၎င်းထိုင်းလူမျိုးများကို ဖမ်းဆီးထားသော ကော့သောင်းမြို့သို့ ရန်ကုန်မြို့ ထိုင်းသံရုံးမှ တာဝန်ရှိသူများ သွားရောက်ကာ ရနောင်းဖက်သို့ ပြန်နိုင်ရန် စီစဉ်ပေးနေသောကြောင့် မွန်းလွဲပိုင်းတွင် အိမ်ပြန်နိုင်ကြလိမ့်မည်ဟု သာနိသောင်ပတ်တီက ပြောသည်။

ယခုလွတ်မြောက်လာသော ထိုင်လူမျိုး ၈၃ဦးသည် မြန်မာပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်ကာ တောရှင်းစိုက်ပျိုး နေထိုင်ခြင်း ကြောင့် ဇူလိုင်လ အစောပိုင်းတွင် မြန်မာအာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုခဲ့သူ ထိုင်လူမျိုး၉၂ဦး ပါဝင်သည်ဟု သိရှိရသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၉.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအပေါ် sanctionများဆက်လက်ဖြေလျှော့ပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(BBC Newsမှ 18Sept 2012ရက်စွဲပါ “Suu Kyi calls for further easing od Burma sanctions” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံအတွက် မလွယ်ကူလှသော ငြိမ်းချမ်းရေးလမ်း

(13 September 2012 ရက်စွဲပါ Asia Times Online မှ Brain Mc Cartan ရေးသားသော No easy peace for Myanmar ကိုဘာသာပြန်ပါသည်)

************************************************************

မြန်မာနိုင်ငံအပေါ် sanctionများဆက်လက်ဖြေလျှော့ပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(BBC Newsမှ 18Sept 2012ရက်စွဲပါ “Suu Kyi calls for further easing od Burma sanctions” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရအပေါ် ချမှတ်ထားသော sanctionများ နောက်ထပ် ဖြေလျှော့ပေးခြင်းကို သူမအနေဖြင့် ထောက်ခံကြောင်း အမေရိကန် ပြည်ထောင်စု သို့ အလည်အပတ် ရောက်ရှိနေသည့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ က လင်တန်နှင့် တွေ့ဆုံပြီးနောက် သူမက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ မစ္စစ်ကလင်တန်လာပြီး မြန်မာနိုင်ငံ တွင် တပ်မတော်က ကျောထောက် နောက်ခံ ပေးထားသော အစိုးရ၏ နောက်ပြန်လျှောနိုင်မှု (သို့မဟုတ်) အဖျားရှူးနိုင်မှုကို သတိပေး ပြောဆိုခဲ့သည်။

မြန်မာအစိုးရသစ်က  နိုင်ငံရေးနှင့် လူမှုစီးပွား ပြုပြင်ပြောင်းလဲမှု များကို တစ်သီတစ်တန်း စတင်ပြုလုပ်ခဲ့ ပြီးနောက်တွင် စတင်ပြုလုပ်ခဲ့ပြီး နောက်တွင် အနောက်အုပ်စုက ယခင်ချမှတ်ထားခဲ့သော sanctionများသိသိသာသာ ဖြေလျှော့သွားခဲ့ပြီ ဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည်လည်း တရုတ်နိုင်ငံ ခရီးစဉ်အပြီး လာမည့်အပတ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာမည်ဟု သိရသည်။ ဝါရှင်တန်မှ US Institute of Peaceတွင် စကားပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ပထမဆုံး အတားအဆီးကို ဖြတ်ကျော်ခဲ့ပြီဖစ် ကြောင်း သို့သော်နောက်ထပ် အတားအဆီးများစွာ ကျန်နေသေးကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ချစ်ကြည်ရင်းနှီးမှု ကဏ္ဍအရ sanctionများ ဆက်လက်ဖြေလျှော့ ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ “sanctionတွေ ဖြေလျှော့ပေးတာကို ကျွန်မထောက်ခံပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကျွန်မတို့ ပြည်သူတွေဟာ သူတို့တာဝန်ယူတာကို စတင်လုပ် နိုင်ကြပြီလို့ ကျွန်မယူဆလို့ပါပဲ။ ဒီမိုကရေစီ အရွေ့ရဲ့ အရှိန်ကို ဆက်ထိန်းထားဖို့ အမေရိကန် sanctionတစ်မျိုးတည်းကိုပဲ မှီခိုနေရမယ်လို့ ကျွန်မမထင်ပါဘူး။ ဒီပန်းတိုင်ကို ရောက်အောင် ကျွန်မတို့ အလုပ်လုပ်ကြရမှာပါ”ဟုဒေါ်အောင်ဆန်းစုကြည်က sanctionများသည် မြန်မာနိုင်ငံကို စီးပွားရေး အရ ထိခိုက်စေသည်ဟူသော အထောက်အထား မရှိကြောင်း၊ သို့သော် ကြီးကျယ်သော နိုင်ငံရေး အကျိုးသက်ရောက်မှုကို ပေးခဲ့ကြောင်း ဆက်လက် ပြော ကြားသည်။

မစ္စစ်ကလင်တန်ကလည်း တပ်မတော်ကို အားပြုထားရသော အစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကို မိတ်ဆက်ပေးခဲ့ခြင်း မရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာရှိကြောင်း  သတိပေး ပြောကြားသည်။ မစ္စစ်ကလင်တန်က ဆက်လက်၍ “မြန်မာနိုင်ငံသည် ကျန်ရှိနေ သေးသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မြောက်ကိုးရီးယားနှင့် စစ်ဖက် အဆက်အသွယ် ဖြတ်ခြင်း၊အပါအဝင် လုပ်ဆောင်စရာ များစွာကျန်နေသေးကြောင်း၊ တိုင်းပြည်ကိုစည်းလုံးညီညွတ်စေရန်နှင့် အနာဟောင်းများကျတ်ကာ အပြောင်းအလဲများ ရှေ့ခရီးဆက်နိုင်ရန်အတွက် အစိုးရနှင့်အတိုက်အခံတို့ အတူတကွ ဆက်လက်လုပ် ဆောင်သွားကြဖို့ လိုကြောင်း”ပြောကြားသည်။

ထို့ပြင်အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှောမည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း ဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအတွက် မလွယ်ကူလှသော ငြိမ်းချမ်းရေးလမ်း

(13 September 2012 ရက်စွဲပါ Asia Times Online မှ Brain Mc Cartan ရေးသားသော No easy peace for Myanmar ကိုဘာသာပြန်ပါသည်)

မြန်မာအစိုးရနှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာသော တိုင်းရင်းသားလက်နက်ကိုင်များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ထောက်ပံ့ကူညီရန် နော်ဝေးအစိုးရ၏ အစီအစဉ်သစ်သည် ယခုအခါပြင်းထန်စွာ ဝေဖန်ခြင်းကို ခံနေရသည်။ အဆိုပါအစီအစဉ်ဖြစ်သော မြန်မာ့ငြိမ်းချမ်းရေးထောက်ပံ့ကူညီရေး အစီအစဉ်သစ်(Myanmar Peace Support Initiative-MPST)ကို ပြန်လည်သုံးသပ် စစ်ဆေးရန် ကြိုးစားအားထုတ်မှု အသစ်များသည် စိုးရိမ်ပူပန်မှုများကို ဖြေလျော့ပေးနိုင်ကောင်း ပေလိမ့်မည်။ ဖြေလျော့မှု မပေးနိုင်သည့် အခြေအနေလည်း ဖြစ်နိုင်သည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသ များတွင် နှစ်ပေါင်းများစွာ မငြိမ်မသက် ရှိနေမှုများသည်လည်း ထာဝရ ငြိမ်းချမ်းရေးအတွက် အောင်မြင်ကောင်း အောင်မြင်နိုင်သည်။ မအောင်မြင်သည့် အခြေအနေလည်း ဖြစ်နိုင်သည်။

အဆိုပါ နော်ဝေးအစိုးရ၏ အစီအစဉ်သည် ပြီးခဲ့သည့် ဇန်နဝါရီလက သမ္မတ ဦးသိန်းစိန်၏ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ထို စဉ်က ဦးအောင်မင်း အော်စလိုသို့ လာရောက်လည်ပတ်စဉ်က စတင်ခဲ့ခြင်း ဖြစ်သည်။ MPSIသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ဆွေး နွေးရာတွင် ရန်ပုံငွေ ထောက်ပံ့ခြင်းမှတဆင့် အဆင်ပြေအောင် မြှင့်တင်ပေးရန် ရည်ရွယ်သည်။ ဒေသခံ လူ့အဖွဲ့အစည်းများနှင့် တိုင်ပင်ခြင်း၊ အကဲဖြတ်ခြင်း လိုအပ်ချက်များ နှင့် ပဋိပက္ခဖြစ်ရာ ဒေသများတွင် ဆက်ဆံရေးရုံးများ ထားရှိခြင်းများအတွက် ရန်ပုံငွေ ထောက်ပံ့ရန် ရည်ရွယ်ခဲ့သည်။ MPSIသည် အပစ်အ ခတ် ရပ်စဲရေး သဘောတူပြီးသည့် ဒေသများနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ထူထောင်ပြီးသည့် ဒေသများရှိ ပြဿနာများ ကိုင်တွယ်ဖြေရှင်းရန် အဆိုပြုခဲ့သည်။ မွန်ပြည်သစ်ပါတီ (NMSP)သည် ယခင်ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ပြီး ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် MPSI အနေဖြင့် ပဲခူးတိုင်းကျောက်ကြီးမြို့နယ် အနီးတဝိုက်တွင် အိုးမဲ့အိမ်မဲ့ဖြစ်ရသော ရွာသားများကို အရေးပေါ် အကူအညီများပေးခြင်းဖြင့် ရှေ့ပြေးစီမံကိန်းကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ MPSIသည် ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်နှင့် ချင်းပြည်နယ်များမှ တိုင်းရင်းသား အခြေပြုအဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

MPSIသည် အစိုးရနှင့် လည်းကောင်း၊ အစိုးရမဟုတ်သော အုပ်စုများမှ လက်နက်ကိုင်နှင့် နိုင်ငံရေး အဖွဲ့များနှင့်လည်းကောင်း၊ NGOများနှင့် လည်းကောင်း၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လည်းကောင်း အရေးပေါ် အကူအညီများ ပေးခြင်းမှ အစပြု၍ အိုးမဲ့အိမ်မဲ့ ရွာသားများ၊ မြေမြှပ်မိုင်း ရှင်းလင်းရေး၊ မျိုးဆက်များအလုပ်အကိုင်ခန့်ထားရေးများတွင် စီမံကိန်းများချ၍ အထောက်အပံ့ပြုရေး အတူလုပ်ကိုင်ရန်ရည်ရွယ်ခဲ့သည်။ နေပြည်တော်က MPSIနှင့် အလုပ်လုပ်ရန် စိတ်အားထက်သန် ခဲ့ခြင်းကို သုံးသပ်သူ အများစုက ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းသော အပေါင်းလက္ခဏာ ဆောင်သည့် လက္ခဏာအဖြစ် အဓိပ္ပါယ် ကောက်ယူခဲ့ကြသည်။ MPSI အစီအစဉ်အတွက် ပထမအစ ဝေဖန်မှုမှာ အဆိုပါ အစီအစဉ်အတွက် ရန်ပုံငွေမှာ ပြည်တွင်းပြည်ပမှ ဒုက္ခရောက်နေသော ပြည်သူများအ တွက် အကူအညီပေးရေး အုပ်စုများကို ပေးသောအလှူငွေမှ ခွဲပေးခြင်းဖြစ်သည်ဆိုသည့် သဘောပေါက်မှုမှ စတင်ထွက်ပေါ် လာခြင်းဖြစ်သည်။ Osloသည် အစောပိုင်း ကတည်းက အချို့အကူအညီပေးရေး အုပ်စုများအတွက် ရန်ပုံငွေကို ဖြတ်တောက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုကိစ္စသည် အချိန်အတော် အကြာကပင် စီစဉ်ထားပြီးဖြစ်ကာ MPSIနှင့် ဆက်စပ်ပတ်သက်ခြင်း မရှိကြောင်း နော်ဝေးအစိုးရ တာဝန်ရှိသူများက ပြောသည်။

နော်ဝေးသည် MPSIအတွက် အမေရိကန် ဒေါ်လာ(၅)သန်း အသုံးပြုရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။ ထို့အပြင် အခြားအလှူရှင်များ ကိုလည်း အကူအညီများ ထပ်မံပေးရန် တောင်းခံထားသည်။ အဆိုပါ ရန်ပုံငွေကို ရန်ကုန်အခြေစိုက် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းများမှ တဆင့်ပေး သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံအမတ်ကြီးက  မေလတွင် ပြောကြားခဲ့ရာ၌ အကယ်၍ နယ်စပ်အခြေစိုက် အကူအညီပေးရေး အုပ်စုများ သည် ရန်ကုန်တွင် ရုံးခန်းဖွင့်လှစ် နိုင်မည်ဆိုပါက ရန်ပုံငွေရရှိရေး စဉ်းစားပေး နိုင်သည်ဟု ပြောကြားခဲ့သည်။ MPSI၏  အကြီးအကဲ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဟောင်း Charles Petricက ဇွန်လက ပြော ကြားခဲ့ရာတွင် မြန်မာနိုင်ငံတွင် ပွင့်လင်းစွာ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းသစ်များကို ပို၍နှစ်သက်ကြောင်း ပြောကြားခဲ့သည်။ ပြင်ပသတင်းဌာနများသို့ ပေါက်ကြား သွားခဲ့သော MPSI၏ဌာနတွင်း ကနဦး အစီရင်ခံစာတွင် နယ်စပ်၌ လုပ်ကိုင်နေသော အုပ်စုများအတွက် ထည့်သွင်းစဉ်းစားခြင်း မပြုရန် ရေးသား ထားသည်။ အဆိုပါ အချို့သော အုပ်စုများကို လက်ခံချင်ပုံ မရပေ။ ၎င်းတို့လုပ်ဆောင်နေသော လူသားချင်း စာနာမှုဆိုင်ရာနှင့် အခြားလုပ်ဆောင်နေမှုများ သည် လက်ရှိလက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေသော နေရာတွင် အကျုံးဝင်လျက် ရှိသည်ဟု ခံစားနေရသည်။ လက်ရှိအပစ်အခတ် ရပ်စဲရေးနှင့် ညှိနှိုင်းမှုများမှာ မအောင်မြင်နိုင်သည့် အလားအလာများ အားကောင်းလျက် ရှိနေသေးသည်ဖြစ်ရာ အဆိုပါ အချို့အုပ်စုများသည် ၎င်းတို့၏ လုပ်ဆောင်မှုများ အန္တရာယ် ရှိလာနိုင်၍ ပြည်တွင်းသို့ ရွေ့ပြောင်းရန် စဉ်းစားလျက် ရှိနေသည်။ ထို့ကြောင့်အများက အစိုးရ၏ ပြည်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုများ ရိုးသား မှုရှိ၊ မရှိအပေါ်တွင် သံသယ ရှိနေဆဲ ဖြစ်သည်။

ယခုဝေဖန်မှုများသည် ပြည်တွင်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများကို အကူအညီ ပးရာတွင် ပါဝင်နေသူ တိုင်းရင်းသား ခေါင်းဆောင်အချို့ကို အံ့အား သင့်စေသည်။ နိုင်ငံတကာ ပြင်ပအဖွဲ့အစည်းများထံမှ စောဒကတက်မှုများ ထက်စာလျှင် နိုင်ငံခြားသား လှုပ်ရှားသူများ၊ အလှူရှင်များနှင့် ထောက်ပံ့ရေး အဖွဲ့များ၏ အကူအညီများနှင့် ရပ်တည်နေသော မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းအခြေပြု အဖွဲ့အမျိုးမျိုးထံမှ တရားမျှတမှုမရှိ ကြောင်း ပြောဆိုသည့် အသံများ ထွက်ပေါ်လာသည်။

Karen Environment and Social Action Network (KESAN)၊ Human Rights Education Institute of Burmaနှင့် Women's League of Burmaအစရှိသော အုပ်စုများသည် မြန်မာနိုင်ငံမှ အခွင့်အရေးများ အနှိမ်ခံ ထားရသော လူများနှင့် စစ်အစိုးရလက်ထက် မှတ်တမ်းတင်ထားသော ချိုးဖောက် မှုများ ပြောရေးဆိုခွင့် ရှိလာအောင် လုပ်ဆောင်ပေး နိုင်ရန် တည်ထောင်ထားသော အုပ်စုများ ဖြစ်ကြသည်။ အများစုသည် ယခုအရပ်သား အမည်ခံ အစိုးရ  လက်ထက်တွင်လည်း အဆိုပါ လုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင် နေကြသည်။ လွန်ခဲ့သည့် ၁၀နှစ် ၁၅နှစ်အတွင်း မြန်မာနိုင်ငံ၏ ဆိုးဝါးသော အခြေအနေများ ကမ္ဘာတွင် ပေါ်ပြူလာ ဖြစ်နေချိန်တွင် အဆိုပါအုပ်စုများ ကောင်းစွာ ရပ်တည် လှုပ်ရှားနိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ငွေကြေး၊ လုပ်အားပေးမည့် သူများနှင့် အကြံဥာဏ်များ လွယ်ကူစွာ အသင့်ရရှိ နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများ၏ နိုင်ငံရေးအဖွဲ့များနှင့် ဆက်သွယ်လုပ်ကိုင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ပြောင်းလဲမှုအတွက် ပလက်ဖောင်းကို ဖြစ်ပေါ်စေသည်။ တချိန်တည်းမှာပင် ၎င်းတို့သည် မြန်မာနိုင်ငံတွင်းမှ အခြေအနေမှန်များကို လွတ်လပ်စွာဖော်ထုတ်နိုင်သော အခွင့်အရေးကိုလည်း ဆက်လက်ထိန်းသိမ်းထားပြီး၊ နိုင်ငံတကာတွင် ထောက်ခံမှုများရရေး လုပ်ငန်းကိုလည်း ထမ်းဆောင်သည်။

အချို့သော အုပ်စုများသည် ၎င်းတို့တည်ဆောက်ထားပြီးသော ပလက်ဖောင်းကို အသုံးပြု၍ နော်ဝေတို့ ထောက်ပံ့ထားသော ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပိုမိုပါဝင်လာနိုင်ရေးကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် KNUနှင့် SSA(တောင်) ကဲ့သို့သော တိုင်းရင်းသား အဖွဲ့အစည်း များသည် ယခင်က ၎င်းတို့သည် ရှိသည်ဟုပင် ထည့်မတွက်ထားသည့် လူထုအခြေပြု အဖွဲ့အစည်းများနှင့် ညှိနှိုင်းရန် တွန်းအားပေး သကဲ့သို့ ရှိသည်။ တိုင်းရင်းသား ခေါင်းဆောင်အများစုက ယုံကြည်နေသည်မှာ ၎င်းတို့လူမျိုးများသည် စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရေးတစ်ခုတည်းကိုသာ လုပ်ဆောင်နေ ကြပြီး ငြိမ်းချမ်းရေးကို မည်သို့တဖြည်းဖြည်း တည်ဆောက်ရမည်ဆိုသည့် အမြင်ကို အောက်ခြေမှစ၍ မရှိကြပေ။

အခြေခံလူတန်းစား ထကြွခြင်း

အစိုးရကို ဆန့်ကျင်ခဲ့ကြသည့် နိုင်ငံရေး အဖွဲ့အစည်းများသည် ၎င်းတို့ကိုယ်၎င်းတို့ မိမိတို့သည်သာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ရ မည်ဟု ရှုမြင်ထားကြပြီး၊ မကြာမီကအထိ သက်ဆိုင်ရာ ဒေသခံ လူထုအဖွဲ့အစည်း များထံမှ အကြံဥာဏ်များ တောင်းခံခဲ့ခြင်း မရှိပေ။ Asia Times online နှင့် စကားပြောခဲ့သော တိုင်းရင်းသား အုပ်စုများမှ တာဝန်ရှိသူများက ပြောကြားရာတွင် အဆိုပါ နိုင်ငံရေး အဖွဲ့အစည်းများ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ရန်ပုံငွေများနှင့် လုပ်ဆောင်ချက်များကို ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများက မည်သို့မျှ မေးခွန်းထုတ်ခဲ့ခြင်း မရှိကြောင်း ပြောခဲ့သည်။ ယခုMPSI အဖြစ် အပျက်တွင်လည်း အဆိုပါ ဒေသခံ လူထုအဖွဲ့အစည်း များကပင် လုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ခွင့်ရရေး တွန်းအားပေးခဲ့ပြီး၊ ညှိုနှိုင်းရေး စားပွဲတွင် ပါဝင် နိုင်ရေးအတွက် ပွင့်လင်းမြင်သာမှု ရှိရေးကို တောင်းဆိုခဲ့သည်။

အဆိုပါ အခြေခံ လူတန်းစားများ၏ တွန်းအားပေးမှုသည် အဖွဲ့များကြားတွင် KNUနှင့် RCSS (Restoration Conuncil of Shan State) တို့ကဲ့သို့သော အဖွဲ့များ အခတ်အခဲ ဖြစ်နေသော အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအုပ်စုများသည် ၎င်းတို့၏ တိုင်းရင်းသားများ အကြားတွင် နှစ်သက်မှု မရှိသည့် မြန်မာအစိုးရနှင့် ရှုတ်ထွေးသော ညှိနှိုင်းမှု သာမက လျင်မြန်စွာ တိုးတက်လာနေသော လူထုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုနှင့်ပါ ဆွေးနွေးရမည် ဖြစ်သည်။ လူထုအဖွဲ့အစည်းများမှာ ၎င်းတို့၏ တော်လှန်ရေး မဟာဗျူဟာ အောင်မြင်ရေးအတွက် နားလည်မှုဖြင့် ပေါ်ပေါက်လာအောင် ကူညီ ထားသော အဖွဲ့များဖြစ်သည်။

တိုင်းရင်းသားခေါင်းဆောင် အများစုသည် နော်ဝေးအစိုးရ၏ အစီအစဉ် အပေါ်တွင်လည်း အကြောင်းပြချက် မတူညီ ကြသော်လည်း သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။ ၎င်းတို့အဓိက စိုးရိမ်ပူပန်သည့် အချက်မှာ ထိုအကူအညီများသည် အစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်းကို ပို၍ အဆင်ပြေစေရန် အထောက်အပံ့ဖြစ်ဖို့ စိုးရိမ်ပြီး၊ နိုင်ငံရေးအရ ညှိနှိုင်းမှုများ မပြီးစီးသေးမီ လက်နက်ချရမည်ကို ပူပန်နေခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှု အများစုမှာ ယခင်ကြိုးစားခဲ့ဖူးခြင်းများထက် တိုးတက်မှု ရှိနေသော်လည်း၊ သူပုန်ထရခြင်းများ၏ နောက်ကွယ်မှ နိုင်ငံရေးအရ ကွဲပြားခြားနား နေမှုများကိုမူ အနည်းငယ်မျှသာ ကိုင်တွယ်နိုင်ပါသေးသည်။

အစိုးရပိုင်းမှမူ ကွဲပြားခြားနားသော အိုင်ဒီယာကို ကိုင်စွဲထားပုံရသည်။ သူပုန်ထမှုများသည် ဖွံ့ဖြိုးမှုနိမ့်ကျရခြင်းက လှုံ့ဆော်ခြင်းကြောင့်ဖြစ်ပြီး၊ တိုင်းရင်းသား ဒေသများတွင် စီးပွားရေး လုပ်ဆောင်မှုများ တိုးမြှင့်ပေးပြီး၊ သာယာဝပြော လာပါက ငြိမ်းချမ်းရေးကို သယ်ဆောင်လာမည်ဟု ခံယူထားပုံရသည်။ သို့သော် အစိုးရ၏ အဓိပ္ပါယ်ကောက်ယူထားမှုမှာ တိုင်းရင်းသာအုပ်စုအများစုက ၎င်းတို့၏ တော်လှန်ရေး ဆက်လက်လုပ်ဆောင်ရေး အတွက် ခံယူထားမှုများနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။ တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးအုပ်စုများသည် တိုင်းရင်းသား ရပိုင်ခွင့် ပိုမိုရရန်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပါအဝင် ဗဟိုအစိုးရ၏ နိုင်ငံရေးအရ တရားမျှတမှု မရှိခြင်းကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

MPSI က ၎င်းသည်အစိုးရ၏ ရပ်တည်နေရာအတွက် ထောက်ခံပေးနေသည် ဆိုသည်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး၊ အများပြည်သူသို့ ထုတ်ပြန် ကြေညာချက်တွင် နိုင်ငံရေးအရ ညှိနှိုင်းမှုအစား စီးပွားရေး အကူအညီပေးခြင်းဖြင့် အစားထိုးရန် မသင့်ကြောင်း ဖော်ပြခဲ့သည်။ MPSI၏ အစီအစဉ်  မူကြမ်း တွင် အကူအညီပေးခြင်းသည် မိမိကိုယ်မိမိယုံကြည်မှုရှိရေး စမ်းသပ်ရန်နှင့် တည်ဆောက်ရန် မဟာဗျူဟာလက်နက်တစ်ခု ဖြစ်ရန်သာ ရည်ရွယ်ပြီး၊ နိုင်ငံရေးအရ အဖြေထုတ်မှု လိုအပ်ချက် နေရာတွင် အစားထိုးရန် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်ခဲ့သော စစ်ပွဲများနှင့် ယုံကြည်မှု ပျောက်ဆုံးနေခြင်းများကို လအနည်းငယ်အတွင်း ကုစားရန်မဖြစ်နိုင်ပေ။ တိုင်းရင်းသား အုပ်စုများနှင့် အစိုးရသည် အဓိပ္ပါယ်ရှိသော နိုင်ငံရေးအရ ဆွေးနွေးမှုများ မပြုလုပ်မီ၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုရှိရေးကို တဖြည်းဖြည်း တည်ဆောက်ရန် လိုအပ်သည်။ ထိုသို့ဆွေးနွေးမှုများသည် နှစ်များစွာ ကြာနိုင်ကြောင်း အချို့က ခန့်မှန်းကြပြီး ထိုသို့ဆွေးနွေးသည်အထိ ပြည်တွင်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများအပေါ် ဂရုစိုက်အကူအညီပေးရေးနှင့် တိုင်းရင်း သား အုပ်စုများကြား အခြေခံစွမ်းဆောင်ရည်များ တည်ဆောက်ပေးခြင်းများကို လုပ်ဆောင်ပေးရန် လိုအပ်သည်။

MPSIသည် မကြာမီက ပေါက်ကြားသွားသော ၎င်း၏အစီရင်ခံစာကြောင့် ပျက်ယွင်းခဲ့ရသော ၎င်း၏ပုံရိပ်ကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားခဲ့သည်။ ဩဂုတ်လ (၃၁)ရက်နေ့က ၎င်းသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နယ်တွင် လူထုအခြေပြု အဖွဲ့အစည်းများ ပိုမိုပါဝင်စေရန် ရည်ရွယ်ချက်များနှင့် ကတိ ကဝတ်များကို ရှင်းလင်းတင်ပြသည့် ဒုတိယ အစည်းအဝေးကို ခေါ်ယူခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ လူထုအဖွဲ့အစည်း အနည်းငယ်မှ ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ခြင်းကြောင့် လုပ်ငန်းစဉ်သည် နဂိုကတည်းက မှားယွင်းနေသည်ဆိုသည်ကို အများက ယုံကြည်နေကြောင်း အချက် ပေးသည့် သဘောဖြစ်သည်ဟု အခြေအနေကို သဘောပေါက်သူများ၏ အဆိုအရ သိရှိရသည်။ လူထုအခြေပြု အဖွဲ့အစည်းငါးခုမှ လက်မှတ်ရေးထိုး၍ နော် ဝေသံအမတ်ကြီး Nordgaardထံသို့ ပေးပို့သော အစည်းအဝေးနှင့် ပတ်သက်ပြီး ဝေဖန် ထားရာတွင် “ကျွန်ုပ်တို့အနေဖြင့် အဆိုပါ အစည်းအဝေးသည် နော်ဝေးနိုင်ငံ၏ MPSIအတွက် ကောင်းမွန်သော လုပ်ငန်းဆောင်တာများကို သရုပ်ဖော် ရှင်းလင်းမပြနိုင်ဟု ခံစားရသည်”ဟု ဖော်ပြထားသည်။ ၎င်းတို့က MPSI၏ ညှိနှိုင်းတိုင်ပင်မှုသည် မှားယွင်းမှုများရှိပြီး၊ လျင်မြန်စွာ လုပ်ဆောင်ခဲ့ကာ ပွင့်လင်း မြင်သာမှု မရှိခြင်းကြောင့် တိုင်းရင်းသား လူထုများနှင့် လူထုအဖွဲ့အစည်းများက ဘယ်သောအခါမျှ လက်ခံနိုင်ဖွယ် မရှိကြောင်း ပြောကြားခဲ့သည်။

အစိုးရဖက်မှရော တိုင်းရင်းသား နိုင်ငံရေး အုပ်စုများဖက်မှ ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးချင်းသည် နိုင်ငံရေးကေဒါများအဖြစ် လေ့ကျင့်ပေးထားခြင်း ထက်စာလျှင် လူ့စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း ဦးဆောင်စည်းရုံးမှု ပညာရပ်များကို လေ့ကျင့်သင်ကြားပေးထားမှသာ ယေဘူယျအားဖြင့် ပိုမိုနီးစပ်မည်ဖြစ်ပြီး စစ်ဖြစ်နေရာမှ ငြိမ်းချမ်းရေးသို့ အသွင်ကူးပြောင်းရေးတွင် ၎င်းတို့၏ လူ့အသိုင်းအဝိုင်းများအား အကူအညီ ပေးနိုင်ရန် အသွင်ကူးပြောင်းရေးတွင် ပိုမိုသင့်လျော်မည်ဖြစ်သည်။ MPSI သည်ရန်ပုံငွေများကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တည်ထောင်ထားသည့် ဆက်ဆံရေး ရုံးသစ်များသို့ စတင်ပေးဝေနေပြီ ဖြစ်ရာ MPSI၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော လုပ်ဆောင်မှုများကို အကဲဖြတ်ရန် စောလွန်းနေသေးသည်။ မျှော်လင့်နေကြသည်မှာ အဆိုပါ ဆက်ဆံ ရေး ရုံးသစ်များသည် ဒေသခံများ၏ မကျေနပ်မှုများကို ကိုင်တွယ်ရန်နှင့် ဒေသခံ အသိုင်းအဝိုင်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် အကြံဥာဏ်တောင်းခံပြီး အရေး ကြီးသောအချက်ကို ဖြည့်ဆည်းပေးနိုင်ရေးပင် ဖြစ်သည်။ လောလောဆယ်တွင်မူ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တွန်း၍ လုပ်ဆောင်နေပြီး၊ အစိုးရကို သံသယ၏ အကျိုးခံစားခွင့်ကို ပေးထား သည်။ ယခုကဲ့သို့ ယာယီဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် နေသည့်နည်းတူ တိုင်းရင်းသား အဖွဲ့ အစည်းများ၊ MPSIနှင့် ဒေသခံ လူထုအဖွဲ့အစည်းများ ကြားတွင် ညှိနှိုင်းသဘောတူညီမှု ရရှိရေး လုပ်ဆောင်ရန် လိုအပ်နေပြီး၊ သို့မှသာ အဓိပ္ပါယ်ရှိသော ငြိမ်း ချမ်းရေးကို ရယူနိုင်လိမ့်မည် ဖြစ်သည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive