Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၁.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. House က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုပြုခြင်းကို ကန့်သတ်သည့် ဥပဒေဖြေလျှော့ရန် ထောက်ခံ

(20 September 2012 ရက်စွဲပါ The Washington Post မှ House approves bill to ease restrictions on US aid to Myanmar through development banks ကိုဘာသာပြန်ဆိုသည်)

  1. Xi Jinping က နယ်မြေအငြင်းပွားမှုအတွက် ဂျပန်အားသတိပေး

(19 September 2012 ရက်စွဲပါ BBC News မှ Xi Jinping warns Japan over East China Sea dispute ကိုဘာသာပြန်ဆိုသည်)

************************************************************

House က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုပြုခြင်းကို ကန့်သတ်သည့် ဥပဒေဖြေလျှော့ရန် ထောက်ခံ

(20 September 2012 ရက်စွဲပါ The Washington Post မှ House approves bill to ease restrictions on US aid to Myanmar through development banks ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ကွန်ဂရက်၏ အကြီးဆုံးအစိတ်အပိုင်းဖြစ်သော House of Representatives(အောက်လွှတ်တော်) သည် မြန်မာနိုင်ငံအပေါ် အမေရိ ကန် အကူအညီများပေးခြင်းကို ကန့်သတ်ထားသည့် အရေးယူမှု ဥပဒေတစ်ခုကို ဖြေလျှော့ပေးရန် သဘောတူ ထောက်ခံလိုက်သည်။

အဆိုပါ ဥပဒေ ဖြေလျှော့ရန် ကိစ္စကို ဆီးနိတ်တွင် အတည်ပြုရန် ကျန်ရှိနေသေးပြီး ဖြေလျှော့ပြီးပါက အမေရိကန် အနေဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့ ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့မှ တစ်ဆင့် ငွေကြေးအကူအညီများ ပေးနိုင်မည်ဖြစ်သည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ဆုလဒ်ပေးသည့် အနေဖြင့် ၎င်း၏ တင်းကြပ်သော စီးပွားရေးအရ အရေးယူမှုများကို ပြန်လည် ရုပ်သိမ်းလျက်ရှိသည်။

Houseသည် အဆိုပါ ခြေလျှော့မှုကို စက်တင်ဘာလ ၁၉ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ကွန်ဂရက်က အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား အမြင့်ဆုံး ဂုဏ်ပြုဆု ပေးအပ်ခဲ့ပြီး နာရီပိုင်း အကြာတွင် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ခရီးစဉ်အတွင်း ကျန်ရှိသည့် အရေးယူမှုများ ဖြေလျှော့ရန် ထောက်ခံခဲ့သည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံအား ငွေချေးရန် အမေရိကန်က ဗီတိုဖြင့်ခွင့်ပြုနေရသည်။ မြန်မာနိုင်ငံသည် အဆိုပါဘဏ်များသို့ပေးရန်ရှိသည့် ကြွေးမြီ များ ကိစ္စရှင်းလင်းမှသာ ငွေချေးခြင်းများ ပြန်လည်ပြုလုပ် နိုင်မည်ဖြစ်သည်။

---------------------------------------------------------------------------------------------------------------

Xi Jinping က နယ်မြေအငြင်းပွားမှုအတွက် ဂျပန်အားသတိပေး

(19 September 2012 ရက်စွဲပါ BBC News မှ Xi Jinping warns Japan over East China Sea dispute ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ လုပ်ရပ်အပေါ် ထိန်းချုပ်သင့်ပြီး၊ တရုတ်၏  အချုပ်အခြာအာဏာကို ထိပါးနေမှုအား ရပ်တန်းကရပ်သင့်သည်ဟု အနာ ဂတ် တရုတ်ခေါင်းဆောင်ဖြစ်လာမည့် Xi Jinping ကသတိပေး ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။

၎င်း၏ မှတ်ချက်များမှာ အရှေ့တရုတ် ပင်လယ်ပြင်ရှိ အငြင်းပွား ကျွန်းစုများကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပုဂ္ဂလိက ပိုင်ရှင်များထံမှ ကျွန်းများကို တိုကျိုအစိုးရက ဝယ်ယူမှုသည် တရားမျှတမှုမရှိဘဲ ရယ်စရာကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု မစ္စတာ Xi Jinpingက ပြောကြားကြောင်း Xinhua သတင်းဌာနက ဖော်ပြသည်။

အဆိုပါ လုပ်ရပ်ကြောင့် တရုတ်နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာလ ၁၈ရက်နေ့(အင်္ဂါနေ့)က တရုတ်အရှေ့မြောက်သို့ ၁၉၃၁ခုနှစ်က ဂျပန်ဝင်ရောက်သော နှစ်ပတ်လည်နေ့ဖြစ်ရာ တင်းမာမှုများ မြင်တက်လျက်ရှိစဉ် အချို့သော ဂျပန်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ တိုက် ခိုက်ခံခဲ့ရသည်။

ဘေဂျင်းမြို့တော်ရှိ ဂျပန်သံရုံးရှေ့တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ဂျပန်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြရာ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက တန်းစီစောင့်ဆိုင်း နေခဲ့ရသည်။

ယခုအခါ တရုတ်-ဂျပန် နှစ်နိုင်ငံသည် ကျွန်းများကိစ္စနှင့် ပတ်သက်၍ ရေတပ်ချင်း ပဋိပက္ခဖြစ်မည်ကို စိုးရိမ်လာရသည်။ မစ္စတာ Xi Jingpingသည် ဘေဂျင်းသို့ ရောက်ရှိနေသော အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panettaနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ဆုံခြင်းမှာ မစ္စတာ Xi အနေဖြင့် တစုံတရာ ရှင်းလင်းခြင်းမရှိဘဲ လူမြင်ကွင်းမှ နှစ်ပတ်ခန့်ပျောက်ဆုံးနေပြီးမှ ပထမဆုံး တရားဝင် တွေ့ဆုံ ခြင်းဖြစ်သည်။ အများရှေ့မှောက်မှ ၎င်းပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၎င်း၏ ကျန်းမာရေး အပေါ်လည်းကောင်း၊ နိုင်ငံရေးအရ လွန်ဆွဲမှုများနှင့် သော် လည်းကောင်း ကောလဟလများ ထွက်ပေါ်ခဲ့သည်။

သို့သော် မစ္စတာXiအား ကျန်းမာရေး ကောင်းမွန်စွာ တွေ့ရကြောင်း Mr Panettaက BBCသို့ ပြောကြားသည်။ "ကျွန်တော်သူ့ကို တွေ့ရတာ ကျန်းမာရေး ကောင်းရုံတင် မကပါဘူး။ ကျွန်တော်တို့ ဆွေးနွေးတဲ့ အရေးကိစ္စ တွေမှာလဲ ထဲထဲဝင်ဝင် ရှိတာကို တွေ့ရပါတယ်"ဟု Mr Panetta ကပြောဆို ပီး တွေ့ဆုံမှုတွင် သတ်မှတ်ထားသည့် အချိန်ထက် နာရီဝက်ပို၍ ကြာမြင့်ခဲ့ကြောင်း ပြောသည်။

တရုတ်အစိုးရ တာဝန်ရှိသူများက တိုကျိုနှင့် နယ်မြေအငြင်းပွားမှုတွင် အမေရိကန်အား ယခုအတိုင်း အလယ်တွင်သာ ဆက်လက်ရပ်တည်ရန် တောင်းဆိုခဲ့သည်။ အမေရိကန်၏ ပစိဖိတ်သို့ မဟာဗျူဟာ ပြောင်းလဲရွေ့လျား လာခြင်းသည် တရုတ်၏ပါဝါကို ကန့်သတ်ရန် ကြိုးစားခြင်း မဟုတ်ကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့က Mr Panettaက တရုတ်အစိုးရကို အာမခံခဲ့သည်။

"ကျွန်တော်တို့ရဲ့ အာရှ- ပစိဖိတ်ဒေသမှာ ပြန်လည်ချိန်ညှိခြင်း လုပ်လာတာဟာ၊ တရုတ်နဲ့ ဆက်ဆံဖို့ ကြိုးစားတာသာဖြစ်ပြီး ပစိဖိတ်မှာ အဲဒီအ တွက် နေရာလေးချဲ့ထွင်လာတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

"ဒါဟာ ပစိဖိတ်က ကျွန်တော်တို့ အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပုံစံသစ်ဖန်တီးတာပါပဲ"ဟု၎င်းက သံချပ်ကာတပ် အင်ဂျင်နီယာ အ ကယ်ဒမီမှ ဗိုလ်လောင်းများအားပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးက ပြောကြားရာတွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်နိုင်ငံ အနေဖြင့် စစ်တပ်နှစ်ခုအကြား ပိုမိုအားကောင်းစွာ ပူးပေါင်းမှ သာ ဖြစ်လာနိုင်သည့် ပဋိပက္ခများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ မလိုချင်တဲ့ တင်းမာမှုတွေ၊ ပဋိပက္ခတွေမှာ အငြင်းပွားမှုတွေ ဒါမှမဟုတ် နားလည်မှု လွဲတာတွေ မြင့်တက် မလာဖို့ပါပဲ"ဟု Mr Panettaက ပြောကြားသည်။

သတင်းထောက်များက ပြောကြားရာတွင် ၎င်း၏မှတ်ချက်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် စစ်ရေးဆက်ဆံမှု တိုးတက်ရန် ဝါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှု ဖြစ်ကြောင်း၊ ယခင်က တရုတ်စစ်တပ်သည် အမေရိကန် ထိပ်တန်းပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး တိုးမြှင့်ရန် တွန့်ဆုတ်နေခဲ့ ကြောင်း ပြောသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၁.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. AEC နှင့်ပတ်သက်၍ လိုအပ်ချက်များအတွက် ဆွေးနွေးပွဲပြုလုပ်မည်
  2. စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး အသင်းအဖွဲ့အဆင့်သို့တိုးမြှင့်မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. တပ်မတော်မှ လယ်ယာမြေသိမ်းဆည်း၍ စီးပွားရေးလုပ်ကိုင်မှုအပေါ် လူ့အခွင့်အရေးကော်မတီစုံစမ်းစစ်ဆေးမည်
  2. ပဉ္စမကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အသစ်ခန့်အပ်ရန်ရှိ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

AEC နှင့်ပတ်သက်၍ လိုအပ်ချက်များအတွက် ဆွေးနွေးပွဲပြုလုပ်မည်

လာမည့် ၂၀၁၅ ခုနှစ်တွင် စတင်မည့် အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှု(AEC)နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ရင်ဆိုင်ရမည် ဖြစ်သော ကဏ္ဍအသီးသီးကို ရင်ဆိုင်နိုင်ရန် လိုအပ်ချက်များအတွက် စက်တင်ဘာလ ၂၂ရက်နေ့တွင် Chatrium Hotel၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“လာမယ့် ၂၀၁၅မှာ AECဖြစ်လာရင် ကဏ္ဍအသီးသီးတွေမှာ မြန်မာလုပ်ငန်းရှင်တွေ တွေ့ကြုံရမယ့် အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြိုတင် ပြင်ဆင်ရမယ့် လိုအပ်ချက်တွေအတွက် စက်တင်ဘာ ၂၂ရက်နေ့မှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ တွေ့ဆုံဆွေးနွေး သွားမှာပါ”ပာု ပြည်တွင်း လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် AECတွင် တွေ့ကြုံရမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွား ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍနှင့် အသေးစား အလတ်စား လုပ်ငန်းရှင်များ၏ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများတွင် တွေ့ကြုံရမည့် ကိစ္စရပ်များနှင့် ဖြေရှင်းနိုင်ရန် နည်းလမ်းများကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

“လာမယ့် ၂၀၁၄မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌနေရာ တာဝန်ယူရမယ်။ ၂၀၁၅မှ AECနဲ့ AFTAက စတော့မယ်။ ဒီလိုကိစ္စတွေအတွက် မြန်မာနိုင်ငံ က လုပ်ငန်းရှင်တွေ အနေနဲ့ ပြင်ဆင်ထားသင့်ပါပြီ။ တခြားနိုင်ငံက လုပ်ငန်းရှင်တွေကို ယှဉ်ပြိုင်ရပါတော့မယ်။ ဒီအချိန်မှာ ကိုယ့်ဘက်က ချို့ယွင်းနေလို့ မ ရပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကောင်း လာနိုင်ပေမယ့် ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့လုပ်ဆောင်ချက် တွေကိုတော့ အားမရ သေးပါဘူး”ပာု ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                မြန်မာနိုင်ငံသည် အစိုးရသစ် လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာ နိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နှင့် EUနိုင်ငံများက ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့် အပြင် ပြည် တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုမှာလည်း တရှိန်ထိုး ဝင်ရောက်လာခဲ့သည်။

YC

Ref:Popular News

Ref:The Voice

----------------------------------------------------------------------------------------------------------------------------------

စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး အသင်းအဖွဲ့အဆင့်သို့တိုးမြှင့်မည်

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာနိုင်စေရေးအတွက် စက်မှုကဏ္ဍနှင့် သက်ဆိုင်သော လုပ်ငန်းအစု အဖွဲ့များအား အသင်း အဖွဲ့ အဆင့်သို့ တိုးမြှင့်ဆောင်ရွက် သွားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းက တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိ ရသည်။

“မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် စက်မှုကဏ္ဍကို အသင်းအဖွဲ့ အဆင့်ထိ ရောက်အောင်တိုးမြှင့်ဖို့ စီစဉ်နေပါပြီ။ ခုလို ဆောင်ရွက်ရတာပာာ လာမည့်အနာဂါတ်မှာ AFTA(Asean Free Trade Area), AEC(Asean Economic Community), FDI(Foreign Direct Investment)တွေ ဖြစ်ပေါ်လာမှာကြောင့် သူတို့ကိုယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် အစုအဖွဲ့များမှာ ဓာတုဗေဒလုပ်ငန်း အစုအဖွဲ့၊ Electricalနှင့် Electronic အစုအဖွဲ့၊ Renewable Energy & Environmental လုပ်ငန်းအစုအဖွဲ့၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းအစုအဖွဲ့များ ဖြစ်သည်။

ထို့ပြင် မြန်မာ့စက်မှုကဏ္ဍတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြင့်  ဝင်ရောက်လာနိုင်မည်ဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် တောင်ကိုရီးယား နိုင်ငံက ရင်းနှီးမြှု့ပ်နှံနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့စက်မှုကဏ္ဍမှာ ဂျပန်နိုင်ငံက ပထမ အများဆုံး ရင်းနှီးမြှုပ်နှံသွားမှာပါ။ သူ့နောက်မှာ တောင်ကိုရီးယား လိုက်လာနိုင်ပါတယ်။ ပြီးတော့ ဂျပန်လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ တော်တော်လေး စိတ်ဝင်စားတာ တွေ့ရတယ်။ ဒီ့ထက်ပိုပြီး အခွင့်အလမ်း ကောင်း တွေ ပေးနိုင်မယ်ဆိုရင်တော့ မြန်မာ့စက်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တရှိန်ထိုး ဝင်လာတော့မှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား အချက် ၁၀ ချက်ထက်မနည်း ပြင်ဆင်၍ အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပြီး ပြည် ထောင်စုလွှတ်တော်နှင့် နိုင်ငံတော် သမ္မတထံသို့ ဆက်လက်တင်ပြထားကြောင်း သိရသည်။

YC

Ref:မြန်မာပို့စ်ဂလိုဘယ်

Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တပ်မတော်မှ လယ်ယာမြေသိမ်းဆည်း၍ စီးပွားရေးလုပ်ကိုင်မှုအပေါ် လူ့အခွင့်အရေးကော်မတီစုံစမ်းစစ်ဆေးမည်

သံတွဲမြို့နယ်အတွင်း တောင်သူများ၏ လယ်ယာမြေများကို တပ်မတော်မှသိမ်းယူ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များက ယင်းလယ်ယာမြေများ၌ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေမှုအပေါ် တိုင်ကြားခဲ့သည့်အတွက် တိုင်ကြားမှုအပေါ် အမျိုးသား လွှတ်တော်၌ ဖွဲ့စည်းထားသည့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

“ဒီကော်မတီက စုံစမ်းစစ်ဆေးတယ် ဆိုပေမယ့် လယ်ယာမြေ ကိစ္စမှာတော့ တခါမှ စစ်ဆေးတာမျိုး မလုပ်ဘူး သေးပါဘူး။ ဒီကိစ္စက စိတ်ဝင်စား ဖို့ကောင်းတဲ့အတွက် ခုလိုကွင်းဆင်းစစ်ဆေးဖို့ လုပ်ကြတာပါ။ ပထမ ဒေသခံတွေက တပ်က သိမ်းသွားတယ် ဆိုတာကို ဘာမှမပြောပေမယ့် ဒီလယ်ယာမြေ တွေပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းလာ လုပ်ကိုင်တာမြင်မှ တိုင်ကြားကြတာပါ”ပာု လူ့အခွင့်အရေးဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအနေဖြင့် တပ်မတော်မှ လယ်ယာမြေများ သိမ်းဆည်း၍ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေမှု များအား စက် တင်ဘာလ ၂၃ရက်နေ့မှ စတင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး တွေ့ရှိချက်များအား ပြည်ထောင်စု လွှတ်တော်နာယကနှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့များထံသို့ အစီရင်ခံစာ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

“လယ်ယာမြေဥပဒေမှာ လယ်လုပ်သူတွေပာာ လယ်ယာမြေတွေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ဆိုထားပေ မယ့် ခုချိန်ထိကို လယ်လုပ်သူ လယ်သိမ်းခံ ရတုန်းပါပဲ။ ဒီကိစ္စတွေကို နိုင်ငံတော်အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးသင့်ပါတယ်။ ဒီနှစ်မှာ ရာသီဥတုဖောက်လို့ တောင်သူတွေ ဒုက္ခရောက်ရတဲ့အထဲ လယ်သိမ်းမှုတွေပါ များလာတော့ တောင်သူတွေလည်း နလံမထူ နိုင်တော့ပါဘူး”ပာု တောင်သူအရေး လိုက် လံ ဆောင်ရွက်နေသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၁)ဖြင့် လယ်ယာမြေ ဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း လက်ရှိအချိန်တွင် တောင်သူများမှာ လယ်ယာမြေ သိမ်းဆည်းခံရ မှုများကို တွေ့ကြုံခံစား ရလျက်ရှိကြောင်း သိရသည်။

YC

Ref:The Voice

Ref:မြန်မာပို့စ်ဂလိုဘယ်

-----------------------------------------------------------------------------------------------------------------------------------

ပဉ္စမကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အသစ်အစားထိုး ခန့်အပ်ရန်ရှိ

လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နုတ်ထွက်သွားသည့် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နေရာတွင် အစားထိုးမည့် ပုဂ္ဂိုလ်များအား ပြန်လည်အစားထိုး ခန့်အပ်ရန် အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နုတ်ထွက်သွားတဲ့ ခုံရုံးအဖွဲ့ဝင်တွေ နေရာမှာ ခုံရုံးဥက္ကဋ္ဌ အပါအဝင် စုစုပေါင်း ၉ဦးခန့်မှာပါ။ နိုင်ငံတော် သမ္မတက၃ဦး ရွေးချယ်မယ်။ အမျိုးသား လွှတ်တော်က ၃ဦးနဲ့ ပြည်သူ့လွှတ်တော်က၃ဦး ရွေးချယ်ခန့်အပ် ပေးမှာပါ။ သူတို့ရွေးချယ်တဲ့ ၉ ဦးကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးသွား မှာပါ။ ပြည်သူ့လွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်နဲ့ ဥပဒေရေးရာနဲ့ စီးပွားရေး ကော်မရှင်က ပုဂ္ဂိုလ်တွေ အ များဆုံး ပါဝင်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယခင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များအား ပြည်သူ့လွှတ်တော်မှ ကန့်ကွက်ခဲ့ပြီး စက်တင်ဘာလ ၃ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှ ဦးနန္ဒကျော်စွာမှ ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦးဖြင့် ခုံရုံးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့မှုအပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးက ကန့်ကွက်ခဲ့သည့်အတွက် ဦးနန္ဒကျော်စွာအစား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဆွေအား အစားထိုးပြောင်းလဲ ခန့်အပ်ခဲ့သော်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ထပ်မံကန့်ကွက်ခဲ့သည်။

ထိုသို့ ကန့်ကွက်မှုများကို ပြည်သူ့လွှတ်တော်မှ လက်ခံစဉ်းစားတော့မည် မပာုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော် သမ္မတရုံးမှ စက် တင်ဘာလ ၆ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း အမိန့်အမှတ် (၂၉/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

                              YC

Ref:Popular News

Ref:ကြေးမုံ

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပညာရေးစနစ် ပျက်စီးခဲ့ရတဲ့ ကာလတွေကြောင့် ကျွန်မတို့လူငယ်တွေဟာ ကမ္ဘာမှာအဆင့်မမီ ဖြစ်ကြရပါတယ်။ လူငယ်တွေဟာ ကမ္ဘာမှာ အဆင့်မြင့်ဆုံး တွေကို လက်မမီအောင် ဖြစ်ကြရပါတယ်။ တစ်ခါတစ်ရံ အခွင့်အရေးပေးလို့ သင်းတန်းမှာ တက်ကြရတဲ့အခါ စိတ်ထက်ထက်သန်သန်နဲ့ သင်ယူကြရပါ တယ်။ ဒါပေမယ့် ဒီလိုသင်ယူလိုရတဲ့ ပညာတွေက ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီတာလည်း တွေ့ရပါတယ်။ အချက်အလက်တွေ သင်ယူကြရတာကတော့ မှန်ပါတယ်။ ဒီအချက်အလက်တွေကို လက်တွ့အသုံးချရတဲ့ နေရာမှာတော့ အဆင်မပြေတာ တွေ့ရပါတယ်”

စက်တင်ဘာ၂၁ရက်နေ့ထုတ် First Weekly ဂျာနယ်အတွဲ(၁)အမှတ်(၄၆)တွင်ပါရှိသည့် “လူငယ်တွေပဲ ဖြစ်ဖြစ်၊ လူကြီးတွေပဲဖြစ်ဖြစ် ဘယ်သူ့လက် ထဲကိုမှ မြန်မာနိုင်ငံတော်ကို ရော့ယူလိုက်လို့ ထည့်ခွင့်မရှိပါဘူးဟု ဒေါ်အောင်ဆန်းစုကြည်ဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------

“ဘယ်ဘက်ကိုမှ နိုင်ငံရေး အကျိုးအမြတ် ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျွန်မတို့မလုပ်ဘူး။ ဒီလိုဘက်လိုက်ပြီး ပြောတာဟာ ပဋိ ပက္ခတွေကို ပြေငြိမ်းသွားမှာ မဟုတ်ဘူး။ နောက်ပြီးတော့လည်း အခုအုပ်ချုပ်ရေးဘက်က လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေကိုလည်း မပြီးမြောက်သေးခင် ကျွန်မတို့ အနေနဲ့ ပျက်စီးအောင်လို့ အခက်အခဲ ဖြစ်အောင်လို့ ကျွန်မတို့ ရည်ရွယ်ချက်မရှိဘူး”

စက်တင်ဘာ ၂၁ရက်ထုတ် News Watch ဂျာနယ် အတွဲ(၇) အမှတ်(၆၄)တွင်ပါရှိသည့် “ဗွီအိုအေနှင့် တွေ့ဆုံခန်းတွင် ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောခဲ့သလဲ” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------

“ကျွန်တော့်အမြင်ကတော့ သမ္မတရဲ့ အမေရိကန် ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံကို အလည်အပတ် ခရီးသွားရောက်တာဟာ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ ဟာ အမေရိကန် ပြည်ထောင်စုထက် မဟာဗျူဟာမြောက် အရေးပါတာကို ပြသလိုတာကြောင့် ဖြစ်သလို တစ်ဖက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေးမှာ တရုတ်-မြန်မာ မဟာဗျူဟာ ဆက်ဆံရေးကို အလေးထားဖို့ ပြသလိုတာကြောင့် ဖြစ်တယ်။ တနည်းပြောရင် တရုတ်နိုင်ငံနဲ့ မဟာဗျူဟာ ဆက်ဆံရေးကို ကျောထောက်နောက်ခံပြုပြီး အမေရိကန် ပြည်ထောင်စုကို အလည်အပတ် သွားတယ်လို့လည်း သုံးသပ်နိုင်မယ် ထင်ပါတယ်”

စက်တင်ဘာ၂၀ရက်ထုတ် Weekly Eleven ဂျာနယ်အတွဲ(၅)အမှတ်(၂၅)တွင်ပါရှိသည့် “နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံ သို့သွားရောက်” သတင်းမှ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်မှု ဆောင်းပါးများရေးသားသူ ဒေါက်တာရန်ရန်မျိုးသိမ်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive