Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၄.၉.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. တရုတ်ပြည်ရောက် အဖမ်းခံမြန်မာမူးယစ်ရာဇာက မဲခေါင်မြစ်လူသတ်မှုကို ၀န်ခံ

(BBC News မှ 22 Sept 2012 ရက်စွဲပါ “Burmese warlord admits murdering sailors in China” သတင်းကို ဘာသာပြန်ဆိုသည်။

  1. တရုတ်နိုင်ငံတွင် တိုယိုတာလုပ်ငန်းများပြန်စ

(24 September 2012ရက်စွဲပါ BBC News မှ China protests: Toyota resumes Chinese operations ကိုဘာသာပြန်ပါသည်)

************************************************************

ဘာသာပြန်သတင်းများ

တရုတ်ပြည်ရောက် အဖမ်းခံမြန်မာမူးယစ်ရာဇာက မဲခေါင်မြစ်လူသတ်မှုကို ၀န်ခံ

(BBC News မှ 22 Sept 2012 ရက်စွဲပါ “Burmese warlord admits murdering sailors in China” သတင်းကို ဘာသာပြန်ဆိုသည်)  

လူသတ်မှုတွင် ပက်သက်ကြောင်း သံသယရှိသူ မြန်မာနိုင်ငံသား ရှမ်းလူမျိုး မူးယစ်ရာဇာနှင့် အဖွဲ့ဝင် ၅ဦးက မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္ သား ၁၃ဦးအား သတ်ဖြတ်မှုကို တရုတ်နိုင်ငံ၌ ရုံးတင်စစ်ဆေးရာတွင် ၀န်ခံလိုက်ပြီဟု တရုတ်အစိုးရ အာဘော်မီဒီယာက သတင်းထုတ်ပြန်သည်။

တရုတ်ကုန်သဘောင်္ နှစ်စင်းနှင့် သေဆုံးသူ တရုတ်သဘောင်္သား ၁၃ဦး၏ အလောင်းများကို မဲခေါင်မြစ် ထိုင်းနိုင်ငံ ဖက်ခြမ်းတွင် အောက်တိုဘာ လက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသော စိုင်းနော်ခမ်းသည် ထိုင်း၊ လာအို၊ မြန်မာ ၃နိုင်ငံ ထိစပ်ရာ ရွှေတြိဂံဒေသမှ အင်အားအကြီးဆုံး မူးယစ် ရာဇာတစ်ဦး ဖြစ်သည်ဟု ယုံကြည်ရသည်။

မူးယစ်ဆေးဝါး မှောင်ခိုမှုများကြောင့် လူသိများသော ယင်းဥပဒေမဲ့ ဒေသတွင် လှုပ်ရှားနေသော စိုင်းနော်ခမ်းသည် ဆယ်နှစ်ကျော်ခန့် ဖမ်းဆီးမရ နိုင်သူဟု သတ်မှတ်ခံရသူ ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သော ဧပြီလကုန်တွင် စိုင်းနော်ခမ်းကို လာအိုနိုင်ငံဖက်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ပြန်ပေး ဆွဲမှု များဖြင့် တရားစွဲဆိုရန် တရုတ်နိုင်ငံသို့ ပို့ပေးခဲ့ရသည်။ ကူးမင်းမြို့ တရားရုံးက ၄င်းတို့ခြောက်ဦးကို နောက်ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဟု သိရှိရသည်။

လာအို၊ ထိုင်း၊ မြန်မာ ၃နိုင်ငံမှ အာဏာပိုင်များကို တရုတ်နိုင်ငံက နော်ခမ်းကိစ္စနှင့် ပက်သက်၍ ဖိအားပေး ခဲ့သည်ဟု BBCသတင်းထောက် Jonathan Headက ဘန်ကောက်မှ သတင်းပေးပို့သည်။

သို့သော်လည်း ယခုအမှုကိစ္စနှင့် ပက်သက်၍ မရှင်းလင်းသေးသော အချက်များစွာ ကျန်နေသေးသည်ဟု သတင်းထောက်က ဆိုသည်။ အဆိုပါ လူသတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် သံသယရှိသော ထိုင်းစစ်သား ၉ဦး၏ အမှုကိုလည်း ထိုင်းနိုင်ငံတွင် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

စိုင်းနော်ခမ်းသည် တရုတ်သဘောင်္များကိုသာ တိုက်ခိုက်လုယက်နှောင့်ယှက်သူဖြစ်ပြီး ယခုကဲ့သို့ တရုတ်နိုင်ငံသို့ ခေါ်ဆောင်တရားစွဲဆို ခံရခြင်း အပေါ် ဒေသခံ လူထုက ကျေနပ်မှုမရှိကြဟု ရှမ်းသတင်းဌာနများက ရေးသားကြသည်။

--------------------------------------------------------------------------------------------------------------------------------

တရုတ်နိုင်ငံတွင် တိုယိုတာလုပ်ငန်းများပြန်စ

(24 September 2012ရက်စွဲပါ BBC News မှ China protests: Toyota resumes Chinese operations ကိုဘာသာပြန်ပါသည်)

နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ ဆန္ဒပြမှုများ အပြီးတွင် တရုတ်နိုင်ငံ၌ တိုယိုတာ မော်တော်သည် ၎င်း၏လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ဂျပန်ကား ကုမ္ပဏီ အရောင်းပြခန်းများ တိုက်ခိုက်ခံရပြီး၊ အချို့ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားခဲ့သည်။ အခြားဂျပန် စီးပွားရေး လုပ်ငန်း များသည်လည်း ပြီးခဲ့သည့် အပတ်အကုန် ဆန္ဒပြမှုများ အားပျော့သွားချိန်တွင် လုပ်ငန်းများ ပြန်လည်လုပ်ဆောင် လျက်ရှိသည်။

တရုတ်မြို့ကြီးများတွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ လမ်းမပေါ်သို့ ထွက်လာခဲ့ကြသည်။  ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီကြီးများ ဖြစ်သော တိုယိုတာ၊ နစ်ဆန်းနှင့် ဟွန်ဒါတို့တည်ရှိသော တရုတ်အရှေ့ပိုင်း ဆိပ်ကမ်းမြို့ Qingdaoမြို့တွင် ကိုယ်စားလှယ်များ အားလုံးတိုက်ခိုက်ခံရ ကြောင်း သတင်းများ ပေးပို့ခဲ့ကြပြီး စက်ရုံများတွင် ထုတ်လုပ်မှုများ ရပ်ဆိုင်းခဲ့သည်။

ဟွန်ဒါသည် သောကြာနေ့တွင် တရုတ်နိုင်ငံရှိ ထုတ်လုပ်မှုအချို့ကို ပြန်လည်လုပ်ဆောင်နေကြောင်း သတင်းများက ဆိုသည်။ အခြားထိခိုက် ခဲ့သော ဂျပန်ကုမ္ပဏီများမှာ လျှပ်စစ်ကုမ္ပဏီ ဖြစ်သော ဆိုနီ၊ Fast Retailing၏ လက်အောက်ခံ စတိုးဆိုင်ကြီးများ ဖြစ်သော Aeonနှင့် Uniqlo Apparelတို့ ဖြစ်ကြသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၄.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂသို့သွားရောက် ဂုဏ်ပြုဆုသစ်လက်ခံ

( The News မှ 23 Sept 2012 ရက်စွဲပါ “ Suu Kyi visits UN, gets new award” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်စီမံကိန်းကို ကယ်တင်နိုင်ရန် ထိုင်းနှင့်ဂျပန် တို့ အပြိုင်အဆိုင်ကြိုးပမ်း

(21 September 2012 ရက်စွဲပါ Reuters  မှ Jason  နှင့်     Amy Saurtta  Letevre တို့ ရေးသားသော Japan, Thailand race to rescue of Myanmar`s struggling Dawei ကို ဘာသာပြန်ပါသည်။)

***********************************************************

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂသို့သွားရောက် ဂုဏ်ပြုဆုသစ်လက်ခံ

( The News မှ 23 Sept 2012 ရက်စွဲပါ “ Suu Kyi visits UN, gets new award” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက်တွင် နောက်ထပ်ဆုသစ် တစ်ခု ကို လက်ခံရယူခဲ့သည်။

နိုင်ငံတကာတွင် အမေရိကန် ပြည်ထောင်စု၏ အပြုသဘောဆောင်သော ဦးဆောင်မှုနှင့် ထိတွေ့မှုကို အားပေးသော Atlantic Council ဥာဏ် ကျယ်အုပ်စုက ချီးမြှင့်သော “2012 Global Citizen Award” ဆုကိုလက်ခံရယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာမှာ လူသိများခြင်း မရှိတဲ့ ကျွန်မရဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ဒီနေ့ည ကျွန်မလေးလေးစားစား ဂုဏ်ပြုရပါလိမ့်မယ်”ဟု ပြောကြားသည်။

“လူသိများပြီးဆုတွေ အများကြီးရထားတဲ့ ကျွန်မတို့လို လူတွေထက် အမည်မသိတဲ့  တိုက်ပွဲဝင် စစ်သည်တွေက ပိုပြီးကြီးကျယ် မြင့်မြတ်ပါတယ်” ဟုသူမက ဆိုသည်။

နယူးယောက်မြို့ ပလာဇာဟိုတယ် ဂုဏ်ပြုညစာစားပွဲတွင် IMFအမှုဆောင် ညွှန်ကြားရေးမှူး ခရစ်စတင်းလာဂါဒီက “ကျွန်မက ငွေကြေး နိုင်ငံရေး၊ အာဏာ၊ စီးပွားရေးနဲ့ ပဋိပက္ခတွေနောက်ကို အလွယ်တကူ လိုက်ပါလေ့ မရှိပါဘူး။ ဒါပေမယ့် ဒုက္ခနွံထဲက ပြန်ရုန်းထနိုင်တဲ့ အချိန်၊ ဂရုဏာနဲ့ စိတ်ဓာတ်ခွန် အားတွေ ပြည့်ဝစေတဲ့ အချိန်မျိုးမှာတော့ ကျွန်မဟာ မယုံကြည်နိုင်လောက်အောင် ဆွဲဆောင်ခံလိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ည ဂုဏ်ပြု မိတ်ဆက်ပေးဖို့ ကျွန်မလက်ခံ လိုက်ပါတယ်”ဟု ပြောသည်။

နှစ်ပေါင်းများစွာ အကျယ်ချုပ် ထိန်သိမ်းခံ ခဲ့ရသော်လည်း မြန်မာ့ဒီမိုကရေစီ အရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သော ဒေါ် အောင်ဆန်းစုကြည်၏ ဘဝသည် မိမိတို့အတွက် နှိုးဆော်သော သဝဏ်လွှာ ဖြစ်သည်ဟု သူမကဆိုသည်။

ယခုနှစ်အတွက် အခြားဆုများစွာ ရရှိသူများမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးဟောင်း ဆာကိုဒါ အိုဂါဒါ၊ လူသားချင်း စာနာရေး  လှုပ်ရှားသူ အမေရိကန် ဂီတပညာရှင် ကွင်စီဂျုံးတို့ ဖြစ်သည်။

Atlantic Councilဥက္ကဋ္ဌဖြစ်သူ ဆီနိတ်တာဟောင်း ချတ်ဟေဂယ်က “ဒီပုဂ္ဂိုလ်တွေကို Global Citizen Awardချီးမြင့်တာဟာ ဂုဏ်ပြုရုံသက် သက် မဟုတ်ဘဲ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို လူတွေပိုသိအောင်နဲ့ သူတို့လမ်းကြောင်း အတိုင်းလိုက်ပါမယ့် အခြားသူတွေကို အားပေးလှုံ့ဆော်ပေး တာဖြစ်ပါတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံမှ အာဏာရှင် တပ်မတော်အစိုးရကို အစားထိုး အသွင်ပြောင်းလဲထားသော အရပ်ဖက် အစိုးရသစ်သည် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများကို ဆက်တိုက်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုလည်း  ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ပေးခဲ့သည်။

၂၀၁၀တွင် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး အမေရိကန်ခရီးစဉ်တွင် လေးလေးစားစား ဂုဏ်ပြုကြိုဆို ခံနေရသည်။ သူမ၏ လက်ရှိခရီးစဉ်သည် အထွေထွေညီလာခံ တက်ရောက်မည့် မြန်မာသမ္မတ၏

၃ ရက် ခရီးစဉ်နှင့် တိုက်ဆိုင်နေသောကြောင့် ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတထက် သူမက ပိုမိုထင်ပေါ်နေမည်ကို စိုးရိမ်ကြောင့်ကြမှုများ ရှိနေသည်။

၁၉၆၁မှ ၁၉၇၁အထိ ကုလသမဂ္ဂ ဝန်ထမ်းလုပ်ခဲ့ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်သည် Altalantic Councilဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မသွား ရောက်မီ ကုလသမဂ္ဂ ဌာနချုပ်သို့ သွားရောက်၍ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့သည်။

ဘန်ကီမွန်းက “သူမရဲ့ အိမ်အပြန်ကို ကြိုဆိုပါတယ်။ သူမဟာ အခုဆိုရင် လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့သင်္ကေတ တစ်ခုဖြစ်နေပါပြီ။ သူမရဲ့ ဒီမို ကရေစီနှင့် ဖွံ့ဖြိုးရေးမှာ ကြီးကြီးမားမား ပါဝင်ပြီး ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဦးဆောင်သွားလိမ့်မ်လို့ ကျွနတော်တို့ မျှော်လင့်ထားပါ တယ်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း “မြန်မာနိုင်ငံအတွက် ဒီမိုကရေစီစစ်စစ်လိုချင်ရင် အတူတကွလက်တွဲ လုပ်ဆောင် နိုင်ရန် ပြည်သူအားလုံး (အားလုံး)  လေ့လာသင်ယူ ကြရမည်”ဟု ပြောကြားခဲ့သည်။

ယခင်က မမျှော်လင့်ခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်၏ ၁၈ရက် အမေရိကန် ခရီးစဉ်တွင်  အမေရိကန် ပြည်ထောင်စုတစ်လွှား အစီအစဉ် ၁၀၀ခန့် ပါဝင်ပြီး စက်တင်ဘာ၂၅တွင် အင်ဒီယားနားပြည်နယ် ဖို့စိန်းမြို့ အခြေစိုက် မြန်မာအသိုင်းအဝိုင်းကို သွားရောက်တွေ့ဆုံမည်ဟု သိရသည်။

သူမ၏ ခရီးစဉ်အတွင်း လူးဝစ်စဗီးလ်၊ ဆန်ဖရန်စစ္စကို၊ လော့စအိန်ဂျလိ မြို့များတွင် ဝင်ရောက်ရပ်နားရန် စီစဉ်ထားသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် ဇွန်လက ဥရောပ ခရီးစဉ်တွင် နေမကောင်း ဖြစ်ခဲ့သောကြောင့် လက်ရှိခရီးစဉ်၌ အစီအစဉ် များပြားမှုအပေါ် သူမ၏အသိုင်းအဝိုင်းက စိုးရိမ်ပူပန် နေကြသည်ဟု ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

ထားဝယ်စီမံကိန်းကို ကယ်တင်နိုင်ရန် ထိုင်းနှင့်ဂျပန် တို့ အပြိုင်အဆိုင်ကြိုးပမ်း

(21 September 2012 ရက်စွဲပါ Reuters  မှ Jason  နှင့်     Amy Saurtta  Letevre တို့ ရေးသားသော Japan, Thailand race to rescue of Myanmar`s struggling Dawei ကို ဘာသာပြန်ပါသည်။)

လအတန်ကြာ ညှိုနှိုင်းခြင်းများ အကောင်အထည် မဖော်နိုင်ခဲ့ခြင်းများ ရှိခဲ့ပြီးနောက်  အရှေ့တောင်အာရှ ကုန်သွယ်ရေးကို အသွင်ပြောင်းပေးမည့်  ဘီလီယံ ဒေါ်လာများစွာ တန်ဖိုးရှိသည့် မြန်မာနိုင်ငံ မှရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေှးဇုန် စီမံကိန်းကို လုပ်ဆောင်နိုင်မည့် လမ်းကြောင်းပေါ်သို့ ပြန် ရောက်လာသည်။

အဆိုပါ စီမံကိန်းကို ဂျပန်နိုင်ငံမှချေးငွေဒေါ်လာ(၃.၂)ဘီလီယံ မရရှိမီ ထိုင်းနိုင်ငံမှ ဘဏ်များသည် လုပ်ငန်းစနိုင်ရန် ကာလတို ချေးငွေများ ချေးနိုင်ရန် ရည်မှန်းထားကြောင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများကို သိရှိထားသည့် ရင်းမြစ်များက Reutresသို့  ပြောပါသည်။

                ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သော Italian-Thai Development PCLသည် ၂၀၁၀ ခုနှစ်က ထားဝယ်တွင် ရေနက်ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန်(SEZ) ထူထောင်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

                သို့ သော် အီတာလျှံ-ထိုင်းသည် ပထမအဆင့်ဖြစ်သည့် လမ်းများ၊ လျှပ်စစ်မီး၊ အခြားလိုအပ်ချက်များနှင့် ဆိပ်ကမ်းအတွက် လိုအပ်သည့် ဒေါ်လာ (၈.၅)ဘီလီယံ ငွေကြေး ထည့်ဝင်နှိုင်မှု မရှိခြင်းကြောင့် လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိခဲ့ပေ။ ထားဝယ်၏ မဟာဗျူဟာ အရေးပါမှုကို သိရှိသောကြောင့် ဂျပန်နှင့် ထိုင်းတို့သည် အဆိုပါ စီမံကိန်းကို ကယ်တင်ရန် ဝင်ရောက်လာကြသည်။

                “အီတာလျှံ-ထိုင်းဟာ ငွေကြေးအခက်အခဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းအစိုးရက ဒီစီမံကိန်းကို ထိထိရောက်ရောက် ဝင် ရောက်ကိုင်တွယ်နေ ပါတယ်။ နောင်လာမယ့် ခြေလှမ်းကတော့ ဂျပန်ကို ဖိတ်ခေါ်ဖို့ ဖြစ်ပါတယ်”ဟုထားဝယ် SEZ ဥက္ကဌ ဦးသောင်းလွင်က Reutersသို့ ပြောပါသည်။

                ထားဝယ်နှင့် ဘန်ကောက်မှ အရှေ့ တောင်ဘက် ၁၀၀ ကီလီုဝေးသော ဒေသရှိ  Laem Chabang  ဆိပ်ကမ်းကို ဆက်သွယ်ရန် ထိုင်းနှင့်မြန်မာ အစိုးရတို့က ဇူလိုင် (၂၃)ရက်နေ့ တွင် သဘောတူပြီး ကတည်းက Bangkok Bank နှင့် Siam Commercial Bankတို့ ဦးဆောင်သော ထိုင်းဘဏ်များ သည် နေက်ထပ်(၈-၁၀)လခန့် ဆက်တိုက်အလုပ်ဖြစ်နေစေရန် ပေါင်းကူးပေးသည့် ချေးငွေဘတ်(၁၀)၊ ဘီလီယံ( ဒေါ်လာ ၃၂၅သန်း)ချေးရန် စီစဉ်နေ ကြောင်း ထားဝယ်ဖွံ့ ဖြိုးရေးမှ မန်နေဂျင်းဒါရိုက်တာ Somjet Thinaphong က Reutres နှင့်အင်တာဗျူးတွင် ပြောပါသည်။

                အဆိုပါ ချေးငွေနောက်တွင် စီမံကိန်း ရှေ့ဆက်လုပ်ကိုင် နိုင်ရေးအတွက် ဂျပန်အစိုးရ နောက်ခံပြုသော ဂျပန်ဘဏ်မှ နိုင်ငံတကာ ကော်ပိုရေးရှင်း များသို့ ငွေကြေးထောက်ပံ့သည့် အစီအစဉ်အရ ကန့်သတ်ချက် နည်းပါးသည့် ချေးငွေများ  ချေးပေးမည် ဖြစ်ပါသည်။ ညှိနှိုင်းမှုတွင် ပါဝင်သော  သတင်းရင်း မြစ်တစ်ခုက ပြောကြားရာတွင် အဆိုပါ ချေးငွေသည် ဒေါ်လာ(၃.၂) ဘီလီယံ ရှိနိင်သည်ဟု ဆိုပါသည်။

                ထားဝယ်SEZမှ ဦးသောင်းလွင်က ပြောကြားရာတွင် ယခုစီမံကိန်း၌ ဂျပန်နိုင်ငံအား အကြီးမားဆုံး ထည့်ဝင်သူအဖြစ် မျှော်လင့်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံတွင် ဒေါ်လာ၅၀ဘီလျံတန် ၂၅၀စတရန်ကီလို(၁၅၅စတုရန်းမိုင်) ကျယ်ဝန်းသည့် ထားဝယ်SEZသည် ရှေ့အလားအလာများကို ပြသနေသည်။ အဆိုပါ SEZတွင် စူပါအဝေးပြေးလမ်းများ၊ သံမဏိ စက်ရုံများ ၊သဘောင်္ကျင်းများ၊ ရေနံချက်စက်ရုံများ၊ စက္ကူပျော့ဖတ် စက်ရုံများ ပါဝင်ပြီး ၊ ဂေါက်ကွင်း နှစ်ခုနှင့် အပန်းဖြေစခန်း တစ်ခုလည်း ပါဝင်သည်။

                ကားလမ်းများ၊ ရထားလမ်းများသည် ထားဝယ်နှင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် သာမကအခြား အရှေ့တောင်အာရှ နိုင်ငံများနှင့်  ဆက်သွယ်နိုင်မည်ဖြစ်ပြီး ပြည့်ကျပ်နေသော မလက္ကာ ရေလက်ကြားကိုရှောင်ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့သည် ဂျပန်၊ တရုတ်တို့နှင့် ကုန် သွယ်မှု လမ်းကြောင်း ဖြတ်လမ်းရရှိနိုင်သည်။  အာဆီယံ နိုင်ငံများက ထားဝယ်စီမံကိန်းသည် ၎င်းတို့၏ ၂၀၁၅ခုနှစ် ဈေးကွက်တစ်ခုတည်း ဖြစ်ရေး ရည် မှန်းချက်တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နိုင်မည်ဟု မျှော်လင့်နေသည်။

ဂျပန်နိုင်ငံ အတွက်မူ ၎င်းနှင့်ချိတ်ဆက်ထားပြီးသော အရှေ့တောင်အာရှနှင့် ၎င်းတို့၏ ထုတ်ကုန်များ ရောင်းချရန် ပိုမိုလွယ်ကူ လာမည်ဖြစ်ပြီး ဂျပန်ပိုင် စက်ရုံများနှင့် ထုတ်လုပ်မှုများအတွက် ကြီးမားသောကွန်ယက် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

"ဒီနှစ်မကုန်မီမှာ အဓိကကျတဲ့ တိုးတက်မှုတွေ ရနိုင်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Pisanu Suvanajataက Reuters နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က အဆိုပါ စီမံကိန်းသည် ဒေသခံများ၏ မကျေနပ်မှုများနှင့် ငွေကြေးထောက်ပံ့မှု မခိုင်မာခြင်းတို့ကြောင့် ရပ်သ လောက်နီးပါး ဖြစ်သွားခဲ့သည်။ ထိုဒေသတွင်ဆန်၊ သီဟိုဠ်ပင်နှင့် ရာဘာစိုက်ပျိုးသော ဆင်းရဲသည့် လယ်သမား(၃၀၀၀၀)ခန့်သည် စီမံကိန်း (၁၀)နှစ်တာ ကာလအတွင်း ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။

ထားဝယ်ဒေသတွင် အများစုက ထိုင်းနိုင်ငံ၏ အကြီးဆုံး စက်မှုဇုန်ထက် လေးဆခန့်ကြီးသော ထားဝယ်SEZကြောင့် ဖြစ်လာနိုင်သော ပတ်ဝန်း ကျင်ဆိုင်ရာ ပျက်စီးမှုများနှင့် ကျန်းမာရေးအတွက် အန္တရာယ်များကို စိုးရိမ်ပူပန် နေကြသည်။ ထိုင်းနိုင်ငံ၏ Ma Ta Phutတွင် ၁၉၉၆မှ ၂၀၀၉ခုနှစ် အတွင်း လေထု ညစ်ညမ်းမှုကြောင့် လူ၂၀၀၀ခန့်သည် ကင်ဆာနွယ်သော သေဆုံးမှုများ ရှိခဲ့သည်ဟု ထိုစက်မှုဇုန်ကို ရပ်တန့်ရန် ၂၀၀၉ခုနှစ်က ကြိုးပမ်းသော ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများ၏ အဆိုအရ သိရှိရသည်။ အစိုးရသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ၃.၆ ဘီလီယံတန် တရုတ်တို့၏ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ခဲ့ခြင်းကြောင့် ဒေသခံများသည် ယုံကြည်မှု ရှိ လာပြီး ထားဝယ်စီမံကိန်းကို ပြင်းထန်စွာ ကန့်ကွက်လာသည်။ ထို့ကြောင့် အစိုးရသည် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံ ကိန်းကို ဖျက်သိမ်းခဲ့သည်။ ထိုအစား မဂ္ဂါဝပ်(၄၀၀) ထွက်ရှိမည့် သန့်ရှင်းသည့် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံကို အစားထိုး ပေးခဲ့သည်ဟု ဦး သောင်းလွင်က ပြောပါသည်။ လက်ရှိ သန့်ရှင်းသော ကျောက်မီးသွေး နည်းပညာသည် ထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားအဆိပ်အ တောက် ဖြစ်နိုင်သည့် ဓါတ်ငွေ့များကို မြေကြီးအောက် နက်နက်တွင် သိုလှောင်ထားခြင်း သို့မဟုတ် ရေနံနှင့်ဓါတ်ငွေ့ လုပ်ကွက်များအတွင်း ပို့လွှတ်ခြင်း ဖြစ်သည်။

"သန့်ရှင်းတဲ့ ကျောက်မီးသွေး နည်းပညာ ဆိုရင်တော့ ကျွန်တော်တို့ ခွင့်ပြုမှာပါ။ ကျွန်တော်တို့ သမ္မတကြီး ဂျပန်ကို သွားလည်တုန်းက J-Power Groupမှာ သန့်ရှင်းတဲ့ ကျောက်မီးသွေး နည်းပညာကို တွေ့ခဲ့တာပါ"ဟု ၎င်းကပြောသည်။

သို့သော် ဤမျှလောက်ဖြင့် ဒေသခံများ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခြင်း မရှိပေ။ ထားဝယ် စီမံကိန်းကို ဆန့်ကျင်ရေး လှုံ့ဆော်သည့် လှုပ် ရှားသူများက ပြောကြားရာတွင် မည်ကဲ့သို့သော ကုမ္ပဏီများ လာရောက်တည်ထောင်မည် ဆိုသည်ကို သဲသဲကွဲကွဲ သိရှိရခြင်း မရှိကြောင်း ဆိုသည်။ ဦးသောင်းလွင်ကမူ Nippon Steel နှင့် ရေနံဓာတု လုပ်ဆောင်သူများ ထားဝယ်တွင် စက်ရုံတည်ထောင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

ယခုအပတ်တွင် ဒေသခံလှုပ်ရှားသူများသည် ထားဝယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သော အဝေးပြေးလမ်း တလျှောက်တွင် "နောက်ထပ် Map Ta Phut တည်ဆောက်ခြင်း ရပ်တန့်ပါ" ဟူသော စာတမ်းများ ထောင်ထားခဲ့ကြပါသည်။

"ကျွန်တော့်သဘောကတော့ ဒေသခံပြည်သူတွေ သဘောတူမှသာ ဒီစီမံကိန်းကို ဆက်လုပ်စေချင်တယ်"ဟု ထိုဒေသတွင် စီမံကိန်းကြောင့် သက် ရောက်မှုများ လေ့လာရန် ဖွဲ့စည်းထားသော ရွာ(၁၂)ရွာ ကော်မတီ ဥက္ကဌ စောခူးက ပြောပါသည်။အီတာလျံ-ထိုင်း သည် အဆိုပြုထားသော စက်မှုဇုန် ဖြစ် လာနိုင်သော လေထုညစ်ညမ်းမှုများကို သေချာစွာ ရှင်းမပြနိုင်ကြောင်း ၄င်းကပြောသည်။

အခြေခံ အဆောက်အဦးများ ပြီးစီးပါက အီတာလျံ-ထိုင်းသည် SEZ၏၁၇%ကို အကြီးစားစက်မှု လုပ်ငန်းများဖြစ်သည့် သံမဏိ၊ ရေနံဓာတုနှင့် ရေနံစက်ရုံများအား ခွင့်ပြုမည် ဖြစ်သည်။ မဂ္ဂါဝပ်(၄၀၀)ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အနည်းဆုံး (၄)နှစ် ကြာမည်ဟု ခန့်မှန်းသည်။ ထို့နောက် တွင်မှ ဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ရန် မျှော်လင့်ရသည်။

ဇူလိုင်လ (၂၃)ရက်နေ့က ထိုင်းဝန်ကြီးချုပ် ရင်လတ်နှင့်မြန်မာသမ္မတဦးသိန်းစိန်တို့သည် ထိုင်း-မြန်မာနယ်စပ် တွင် နောက်ထပ် နယ်စပ်ဖြတ် ကျော် စခန်းသုံးခု ဖွင့်လှစ်ရန်နှင့် လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတွင်ပါ ကူညီရန် စီစဉ်ခဲ့ရာ အဆိုပါ စီမံကိန်းအတွက် လိုအပ်သော မြှင့်တင်မှုများ ဖြစ် ခဲ့သည်။ လာမည့်လတွင် ရင်လတ်နှင့် ဦးသိန်းစိန်တို့သည် ထားဝယ်စီမံကိန်းကိစ္စ ထပ်မံဆွေးနွေးရန် ရှိသည်။

ထိုင်းသံအမတ်ကြီးက ပြောကြားရာတွင် ထိုင်းနိုင်ငံသည် အီတာလျံ-ထိုင်းနှင့်မြန်မာအစိုးရကြားတွင် ကြားဝင်ညှိ နှိုင်းပေးမည်ဟု ဆိုပါသည်။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက် နှစ်(၆၀)ခွင့်ပြုသော စာချုပ်ကို ၂၀၁၀ခုနှစ် နိုဝင်ဘာလက အီတာလျံ-ထိုင်းနှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ပြီး၊ ယခုပြန်လည် ဆွေးနွေးနေပြီ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ အီတာလျံ-ထိုင်းသည် ထားဝယ်ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်းတွင် ၅၁ရာခိုင်နှုန်း ပါဝင်ခွင့်ရပြီး၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်၏ Max Myanmarအုပ်စုက၂၅% ပါဝင်ခွင့်ရမည် ဖြစ်သည်။ ကျန်၂၄ရာခိုင်နှုန်းကို မြန်မာအစိုးရက ပိုင်ဆိုင်မည် ဖြစ်သည်။

အီတာလျံ-ထိုင်းက ပြောကြားရာတွင် အဆိုပါ စီမံကိန်း၏ ပထမအဆင့်တွင် ၄င်းသည် ပါဝင်မှု အကြီးဆုံး ရှိနေဦးမည် ဖြစ်ကြောင်း၊ သို့သော် ထပ်မံ ပေါ်ပေါက်လာမည့် ကုမ္ပဏီ အစုအဖွဲ့တွင် ထိုင်း၊ ဂျပန်နှင့် ပုဂ္ဂလိက ကုမ္ပဏီအချို့ ပါဝင်သော မြန်မာအစိုးရ၏ ရှယ်ယာများ ပါဝင်လာမည် ဖြစ် ကြောင်း ဆိုသည်။

“ဒီကုမ္ပဏီ အစုအဖွဲ့မှာ ဂျပန်အစိုးရက အချို့ရှယ်ယာတွေ ပါဝင်ပါမယ်။ မြန်မာအစိုးရကလည်း သူ့ရှယ်ယာတွေကို ဂျပန်ကို ပေးပါလိမ့်မယ်။ ဂျပန် အစိုးရက ပုဂ္ဂလိကကဏ္ဍ ပါဝင်လာနိုင်အောင် ကူညီပါလိမ့်မယ်”ဟု SEZဥက္ကဌ ဦးသောင်းလွင်က ပြောသည်။

Somjet ကပြောကြားရာတွင် Max Myanmar၏ ရှယ်ယာများကို ပယ်ဖျက်မည်ဟု မျှော်လင့်ရပြီး အောက်တိုဘာ လဆန်းတွင် ယာယီသတ် မှတ် ထားသော ထိုင်းနှင့်မြန်မာ အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုတွင် သတ်မှတ်ချက် အပြည့်အစုံကို ပြန်လည် ဆွေးနွေးမည်ဟု ၄င်းကဆိုသည်။

“ထိုင်းရော မြန်မာအစိုးရရော လမ်းမကြီး ဆက်သွယ်ရေးနဲ့ ဆိပ်ကမ်းလုပ်ငန်းမှာ ကြီးမားစွာ ပါဝင်ပတ်သက် ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါ တွေဟာ လုံးဝစီးပွားရေးအတွက် လုံးလုံးမဟုတ်ဘဲ၊ ပြည်သူ့စီမံကိန်းတွေ ဖြစ်လို့ပါပဲ”ဟု ထားဝယ် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ Somjectက ပြောသည်။ “အစိုးရတွေ ပါဝင် ပတ်သက်လာပြီ ဆိုရင်တော့ ငွေရေးကြေးရေး ကိစ္စတွေကို အစိုးရတွေက ကူညီရမှာပါ”ဟု ၄င်းကပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive