Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာထွက်ကုန် တင်သွင်းမှုတားမြစ်ချက်ကို ရုတ်သိမ်းပြီဟု ကလင်တန်ပြော

(AFP သတင်းမှ 27 September 2012 ရက်စွဲပါ “ US lifting import ban on Myanmar goods, says Clinton”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ ကုလညီလာခံတွင် ချပြမည်ဟုမျှော်လင့်

(27 September 2012 ရက်စွဲပါ Bloomberg မှ Flavia နှင့် Krause-Jackson Daniel Ten Kate Myanmar's Ex-general Thein Sein set to showcase reforms ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာထွက်ကုန် တင်သွင်းမှုတားမြစ်ချက်ကို ရုတ်သိမ်းပြီဟု ကလင်တန်ပြော

(AFP သတင်းမှ 27 September 2012 ရက်စွဲပါ “ US lifting import ban on Myanmar goods, says Clinton”သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် sanctions များနောက်ထပ် ရုတ်သိမ်းပေးသည့်အနေဖြင့် မြန်မာထွက်ကုန်များတင်သွင်းမှု တားမြစ်ချက်ကို စတင်ဖြေလျှော့ပေးတော့မည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်းကို ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။

တစ်ချိန်က တပ်မတော်အစိုးရအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် မြန်မြန်ဆန်ဆန်ပြောင်းလဲနေခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ပုံမှန် စီးပွားရေးဆက်ဆံမှုပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုက နောက်တစ်ဆင့် လုပ်ဆောင်နေပြီဟု ကလင်တန်က မြန်မာသမ္မတကို ပြောကြားသည်။

“အမေရိကန်ပြည်ထောင်စုထဲကို မြန်မာထွက်ကုန်တင်သွင်းမှု တားမြစ်ထားတာကို ဖြေလျှော့တဲ့လုပ်ငန်းစဉ် စတင်တော့မှာပါ။ မြန်မာပြည်သူတွေ အတွက် အမေရိကန်ဈေးကွက်ထဲကို ကုန်ပစ္စည်းတင်ပို့ဖို့ အခွင့်အလမ်းတွေ ပိုမိုဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်နေပါတယ်”ပာု ၎င်းကပြောသည်။

“ရှင်တို့နဲ့ အတူတကွလုပ်ဆောင်နေစဉ် တစ်ချိန်ထဲမှာပဲ အမေရိကန် ကွန်ဂရက်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ နောက်အဆင့်တွေ ဆောင်ရွက်ကြဖို့ တိုင်ပင်ညှိနှိုင်းသွားမှာဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် နောက်ပြန်မလှည့်တော့ပဲ ရှေ့ဆက်သွားလိမ့်မယ်လို့ မျှော်လင့်နေသူတွေကို ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်”ဟု ကလင်တန်က ဦးသိန်းစိန်ကို ပြောကြားခဲ့သည်။

အမေရိကန်တစ်ခွင် ခြိမ့်ခြိမ့်သဲသဲကြိုဆိုခြင်းခံနေရသူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခရီးစဉ်ခြင်းတိုက်ဆိုင်နေသော သမ္မတဦးသိန်းစိန်သည် ကြာသပေးနေ့ ကုလအထွေထွေညီလာခံသို့မတက်ရောက်မှီ ဗုဒ္ဓဟူးနေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်ပြည်ထောင်စုက စီးပွားရေး Sanctions တွေဖြေလျှော့ပေးတာကို မြန်မာပြည်သူတွေက အရမ်းကျေးဇူးတင်ကြမှာပါ။ ဝါရှင်တန်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ကျွန်တော်တို့ အတိုင်းမသိဝမ်းမြောက် ကျေနပ်မိပါတယ်”ဟု ဦးသိန်းစိန်က ကလင်တန်အား ကျေးဇူးတင်စကားဆိုသည်။

မနှစ်က အာဏာရလာပြီးနောက် မြန်မြန်ဆန်ဆန် ပြောင်းလဲရေးကာလကို ဦးဆောင်နေသူ သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်အကြီးအကဲအဖြစ် အမေရိကန်သို့ ပထမဆုံးရောက်ရှိလာသော ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ အနာဂါတ်အစီအစဉ်များကို ကုလသမဂ္ဂသို့ချပြလိမ့်မည်ဟု မျှော်လင့်ရသည်။

ဟီလာရီကလင်တန်ကဆက်လက်၍ “မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဖြေးဖြေးမှန်မှန် ဆက်တိုက်အကောင်အထည်ဖော် နေတာကို ကျွန်မတို့တွေ့ခဲ့ရပါပြီ။ မြန်မာအစိုးရရဲ့ အားထုတ်မှုတွေကိုအသိအမှတ်ပြုပြီး ဆက်လက်ပြောင်းလဲရေးကို အားပေးနိုင်လိမ့်မယ့် သီးခြား အစီအစဉ်တွေနဲ့ အခုလိုတုန့်ပြန်ရတာကို ကျွန်မတို့လည်းကျေနပ်မိပါတယ်” ဟု ပြောကြားသည်။

“ဒီခရီးစဉ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ကဏ္ဍသစ်ဖွင့်လိုက်တာပါ။ အစိုးရက ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ အပါအဝင် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်ကို သမ္မတကြီးကရှင်းလင်း ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု သမ္မတရုံးတာဝန်ရှိသူ ဦးဇော်ဌေးက AFPသို့ ပြောကြားသည်။

လွန်ခဲ့သော နှစ် ၂၀ ကျော် ဒီမိုကရေစီတိုက်ပွဲစခဲ့ချိန်နောက်ပိုင်း ပထမဆုံးအမေရိကန်ခရီးစဉ်တွင် ဂုဏ်ပြုကြိုဆိုခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ကို နောက်ဆုံးအသုတ် လွှတ်ပေးခဲ့သူ ဦးသိန်းစိန်တို့သည် ယင်းတို့နှစ်ဦး၏ တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်ခရီးစဉ်တွင် အများပြည်သူအာရုံစိုက်ခံရမှုကို ခွဲဝေယူကြပါလိမ့်မည်။

သို့ရာတွင် ရာစုနှစ်ဝက်စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံ၏အသက်မရှူတမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲမှုများကြောင့် သမ္မတဦးသိန်းစိန်အား ခရက်ဒစ်ပေးရန်ထိုက်တန်ကြောင်း အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားနေကြသော်လည်း၊ အိုဘားမားနှင့်တွေ့ဆုံရန် တရားဝင် စီစဉ် ပေးထားခြင်းမရှိပါ။

အမေရိကန်ပြည်ထောင်စုသည် မြန်မာသမ္မတနှင့် အောက်လွှတ်တော်ဥက္ကဌတို့ နှစ်ဦးအပေါ် ယခင်အပတ်က sanctionsများ ရုတ်သိမ်းပေးခဲ့ပြီး၊ အမေရိကန်ဘဏ္ဍာရေးဌာန၏ တစ်ဦးခြင်းပစ်မှတ်ထား ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်ပေးလိုက်သည်။

ယခင်တပ်မတော်အစိုးရပေါ် အမေရိကန်ပြည်ထောင်စုက ဖိအားတိုးမြှင့်ခဲ့ခြင်းကြောင့် ထိုစဉ်ကဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဦးသိန်းစိန်နှင့် ပူးတွဲ စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီးရွှေမန်းတို့နှစ်ဦးစလုံး ၂၀၀၇ ခုနှစ်က ထိုစာရင်းတွင်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က မမျှော်လင့်ခဲ့ဘူးသော ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင်မူ အစီအစဉ်ပေါင်း ၁၀၀ နီးပါး ရေးဆွဲထားပြီး၊ ပြီးခဲ့သော အပတ်က ကွန်ဂရက်ရွှေတံဆိပ်ဆုကိုလက်ခံရယူကာ သမ္မတအိုဘားမားနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

                                                                *********************************************

ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ ကုလညီလာခံတွင် ချပြမည်ဟုမျှော်လင့်

(27 September 2012 ရက်စွဲပါ Bloomberg မှ Flavia နှင့် Krause-Jackson Daniel Ten Kate Myanmar's Ex-general Thein Sein set to showcase reforms ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သောသုံးနှစ်က အာဏာရှင်စစ်အစိုးရ၏ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကုလသမဂ္ဂသို့ လာရောက်ခဲ့ဖူးသည်။ ယနေ့အချိန်တွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းသည် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် မြန်မာနိုင်ငံကို ခေတ်သစ်ဆီသို့ ပို့ဆောင်နေပြီဖြစ်သည်။

ဦးသိန်းစိန်သည် ယနေ့နံနက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားမည်ဖြစ်ရာ ၎င်း၏နိုင်ငံ အနေဖြင့် ဆယ်စုနှစ်ငါးခုခန့် စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီသို့ ပြောင်းလဲသွားမှု၌ တိုးတက်မှုများဖြင့်ဆွဲဆောင်မှုရှိအောင် ပြောကြားမည်ဟုမျှော်လင့် ရသည်။ ၎င်းသည် ၁၉၃ နိုင်ငံပါဝင်သော ကမ္ဘာ့အဖွဲ့အစည်းကြီး၌ မိန့်ခွန်းပြောကြားသော ပထမဆုံးမြန်မာနိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သို့ ၁၇ ရက်ကြာ ခရီးစဉ်ရောက်ရှိလျက်ရှိရာ၊ သူ့အပေါ်သာ မီးမောင်းထိုးအာရုံပြုလျက်ရှိရာ မြန်မာနိုင်ငံကိုလူဆိုးနိုင်ငံအဖြစ်မှ ဒီမိုကရေစီလိုလားသောတိုင်းပြည်အဖြစ် အသွင်ပြောင်းရာတွင်လမ်းညွှန်ပေးနေသူ ဦးသိန်းစိန်အပေါ် အများအာရုံပြုမှု ကျနည်းခဲ့ရသည်။

“အခုအစိုးရဟာ မြန်မာနိုင်ငံကို အပယ်ခံနိုင်ငံအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့ဘဝကနေ လွတ်မြောက်အောင်လုပ်ပေးလိုတဲ့ အစိုးရ ဖြစ်ပါတယ်။ ဦးသိန်းစိန်ကတော့ စစ်အစိုးရဟောင်းရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဒီကိုလာဖူးပါတယ်။ အခုတော့ သူက အပြောင်းအလဲရဲ့ ဗိသုကာပေါ့”ဟု ကုလသမဂ္ဂ၏တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးသန့်၏မြေးဖြစ်သူ ဦးသန့်မြင့်ဦးက ပြောသည်။

ဦးသိန်းစိန်သည် ဝန်ကြီးချုပ်ဘဝက ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် အပြောင်းအလဲများဖြစ်လာမည်ဟု အရိပ်အမြွတ် ပြောကြားခဲ့သည်။ ၎င်းက ကမ္ဘာ့ပရိတ်သတ်ကြီးကို နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုကို လုပ်ဆောင်နေကြောင်း ကြေညာခဲ့သည်။

“အစိုးရဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်အောင် စနစ်တကျခြေလှမ်း လှမ်းနေပါတယ်”ဟု ဦးသိန်းစိန်က အထွေထွေ ညီလာခံတွင်ပြောခဲ့သည်။ ထို့အပြင် ၎င်းကဒီမိုကရေစီကို ဇွတ်အတင်းသွပ်သွင်း၍ မရနိုင်ကြောင်းနှင့် ၎င်း၏တိုင်းပြည်အပေါ် ချမှတ်ထားသော အရေးယူမှုများသည် တရားမျှတမှုမရှိဘဲ၊ နိုင်ငံရေးအရ လက်နက်သဖွယ်အသုံးပြုနေကြောင်း ဝေဖန်ခဲ့သည်။

ဦးသိန်းစိန်က ဖြစ်လာတော့မည့် အပြောင်းအလဲများအတွက် အနည်းငယ်သာအသိပေး ပြောကြားခဲ့သော်လည်း၊ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ်အုပ်ချုပ်လာသော ဗိုလ်ချုပ်ကြီးများက စာမျက်နှာသစ်ဖွင့်လှစ်ရန်အသင့်ဖြစ်နေပြီဟု မည်သူမျှထင်မထားကြပေ။ ယနေ့အချိန်တွင် ခြားနားသောအသွင်သဏ္ဍာန်တစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။ ဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍လွှတ်ပေးခဲ့သည်။ သူပုန်အုပ်စုများ(rebel groups ဟုဆောင်းပါးတွင် သုံးနှုန်းထားသည်။ ။အယ်ဒီတာ)နှင့် ငြိမ်းချမ်းရေးစကားပြောခဲ့သည်။ မြန်မာငွေ“ကျပ်”ကို နှုန်းရှင် သတ်မှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ ဆယ်ကြိမ်လာရောက်ပြီး ဦးသိန်းစိန်နှင့်ခုနှစ်ကြိမ်တွေ့ဆုံခဲ့သူ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကပြောကြားရာတွင် ဥိးသိန်းစိန်သည် ပင်ကိုယ်ဝါကြွားတက်သူတစ်ဦး မဟုတ်ကြောင်း၊ စကားလုံးကြီးများဖြင့် ကြေညာချက်ထုတ်ကာ အများ အထင်ကြီးအောင် လုပ်လေ့ရှိသူမဟုတ်ကြောင်း ပြောခဲ့သည်။

“သူဟာဆုံးဖြတ်ချက်ကို ဆိတ်ဆိတ်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာအေးဆေးပြီး စကားကိုညင်ညင်သာသာ ပြောတတ်သူပါ။ သူ့ကို မေးခွန်းတွေမေးလို့ မျက်နှာအမူအရာ မပြောင်းပါဘူး”ပာု Nambiar ကတယ်လီဖုန်းအင်တာဗျူးတွင် ပြောသည်။ အားလုံးက၎င်းအပေါ် စုပြုံအာရုံကျနေမှု အပေါ်တွင်လည်း၊ အနည်းငယ် စိတ်မသက်မသာ ခံစားနေရသူဖြစ်သည်။ ၎င်းသည် ဝါကြွားခြင်းမရှိသောအသိုင်းအဝိုင်းမှ ဆင်းသက်လာပြီး မိမိကိုယ်မိမိ တည်ဆောက်လာခဲ့သူ ဖြစ်သည်။

ဦးသိန်းစိန်သည် အနောက်နိုင်ငံများကအရေးယူမှုများ ဖြေလျော့ပေးလာအောင်နှင့် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စဉ်းစားလာအောင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများတွင် လမ်းညွန်ပြသခဲ့ပြီးနောက် ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ၎င်းဖိအားများတွင်  စီးပွားရေးမူဝါဒအသစ်များကို ရှင်းပြရန်လိုအပ်လာခြင်း၊ ရိုဟင်ဂျာမွတ်ဆလင်များ၏ဆိုးရွားသော အခြေအနေများအပါအဝင် ခက်ခဲလှသောပြဿနာများ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့် ဖိအားများပင်ဖြစ်သည်။

“သူရှင်းပြလိုတဲ့ကိစ္စတွေကတော့ ပြောင်းလဲမှုဖြစ်သွားတဲ့ကိစ္စတွေ၊ ရှေ့မှာကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေ၊ ရှေ့လျှောက်မယ့် လမ်းကြောင်းက အစိုးရရဲ့ကတိကဝတ်တွေကို ပြောပြလိုပါတယ်”ဟု ဦးသန့်မြင့်ဦးက တယ်လီဖုန်းဖြင့်အင်တာဗျူးတွင် ရန်ကုန်မှ ဖြေကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၅ ရွေးကောက်ပွဲကိုမျှော်ကြည့်လျက် ကမ္ဘာ့ငွေကြေးစနစ်နှင့်ရာစုနှစ်တစ်ဝက်ခန့် ကင်းကွာနေသော မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများကို အာရုံပြုလျက်ရှိသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်တွင် ၄၀% မြင့်တက်လာပြီး၊ စံချိန်တင်ဒေါ်လာ (၃.၉၉) ဘီလီယံသို့ ရောက်ရှိကြောင်း ဖော်ပြထားသည်။ သဘာဝဓါတ်ငွေ့သည် မြန်မာနိုင်ငံ၏ အကြီးဆုံးဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး၊ နောက်ထပ် အသစ်ထပ်မံမတွေ့ရှိပါက ဓါတ်ငွေ့အရန်တည်ရှိမှုသည် တစ်နှစ်လျှင် ၁၅% ပျမ်းမျှ လျော့ကျသွားမည်ဖြစ်သည်။

ဦးသိန်းစိန်သည် ယခုလောလောဆယ် အဓိကမောင်းနှင်သူနေရာတွင် ရောက်ရှိနေသော်လည်း၊ ၎င်း၏ နိုင်ငံရေးအနာဂါတ်မှာ မသေချာသေးပေ။ အသက်(၆၇)နှစ်ရှိပြီဖြစ်သောခေါင်းဆောင်သည် ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးပြီး(၂၀၁၅)ရွေးကောက်ပွဲတွင် အနားယူကောင်းယူမည်ဟု ၎င်း၏ ထိပ်တန်းနိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က မေလကထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းသည်ပြီးခဲ့သည့်လက ကက်ဘိနက်ကို ပြောင်းလဲမှုပြုလုပ်ပြီး ၎င်း၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို တိုးတက်အောင်ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်သည် ၂၀၁၁ မတ်လ သမ္မတဖြစ်လာပြီးနောက် ငါးလအကြာတွင်နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် အတူတွဲ၍အလုပ်လုပ်ကိုင်မှုအတွက် ဆက်ဆံရေးအစဖြစ်ပြီး သူ၏ပါတီအတွက် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် သတ်မှတ် နိုင်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏အတ္တများကိုဘေးဖယ်၍ တိုင်းပြည်ကောင်းမွန်ရေးအတွက် လုပ်ဆောင်ခဲ့ကြသည်။

“ပုဂ္ဂိုလ်ရေးကိုအခြေခံပြီး မစဉ်းစားသင့်ဘူးလို့ထင်ပါတယ်။ တူညီတဲ့ရည်မှန်းချက်ကို အခြေခံစဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အတူတကွလုပ်လုပ်ကိုင်ဖို့လိုပြီး၊ ကျွန်မတို့တိုင်းပြည်တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကမ္ဘာကြီးအနေနဲ့လည်း ဒီအတိုင်း ကျင့်သုံးသင့်ပါတယ်”ဟု စက်တင်ဘာလ(၂၁)ရက်နေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဝါရှင်တန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်ကို ဦးစားပေးခဲ့သည်။

“ကျွန်မတို့ သတိရနေရမယ့်အချက်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို သမ္မတဦးသိန်းစိန် စတင်လုပ်ဆောင်ခဲ့တယ်ဆိုတာပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ(၁၉)ရက်နေ့ကပြောကြားသော မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ “ဦးသိန်းစိန်ဟာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေကို စိတ်အားထက်သန်နေတယ်ဆိုတာ ကျွန်မယုံတယ်။ ဒါပေမယ့် ကျွန်မတို့ စောင့်ကြည့်ရမယ့်အချက်ကတော့ ဒီပြုပြင် ပြောင်းလဲရေးတွေကို အုပ်ချုပ်ရေးယန္တုရားက ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာပါပဲ”ဟု သူကပြောသည်။

အနောက်ကမ္ဘာကလည်း ဦးသိန်းစိန်အပေါ် စိတ်ဝင်တစားနှင့် အသက်ပါလှစွာဆက်ဆံခဲ့သည်။ ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများကို ချီးကျူးပြောဆိုခဲ့ပြီး၊ မြန်မာနိုင်ငံသို့နှစ်ပေါင်း ၅၀ အတွင်း သွားရောက်ခဲ့သော ပထမဆုံးအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။ သူသည် ဦးသိန်းစိန်နှင့် နယူးယောက်တွင် ယမန်နေ့ကတွေ့ဆုံခဲ့သည်။ ဇူလိုင်လက သမ္မတအိုဘားမားသည် ဦးသိန်းစိန်ကို အမည်မည်း စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

“ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်တွဲလုပ်ကိုင်လာမှုကို အသိအမှတ်ပြုရာမှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပိုင်းဟာ အကူအညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကစက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သော ကွန်ဂရက်ကြားနာမှုတွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည်  ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြန်လည်ပြုလုပ်ရန် ကြေညာခဲ့ရာတွင် မြန်မာနိုင်ငံမှ ကုန်ထုတ်ပစ္စည်းများတင်သွင်းခြင်းကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးရန်စတင်လုပ်ဆောင်နေပြီဟု ပြောကြားခဲ့သည်။

                           ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၇.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဝါရှင်တန်က အိန္ဒိယနှင့် မြန်မာအကြား ဆက်ဆံရေးကောင်းစေချင်

(Business Line မှ 26 Sept 2012 ရက်စွဲပါ “US wants India, Burma to share good relationship”သတင်းကို ဘာသာပြန်ဆိုသည်)

  1. အငြင်းပွားကျွန်းများရှိ အချုပ်အခြာအာဏာပိုင်နက်ကိစ္စ တရုတ်သတိပေး

(BBC သတင်းဌာနမှ 26 September 2012 ရက်စွဲပါ China warns on sovereignty at island talks with Japan ကိုဘာသာပြန်ဆိုသည်)

  1. ပစ္စည်းမှာယူမှုများကျဆင်းခြင်းကြောင့် တရုတ်မှ Baosteel  စက်ရုံ ယာယီရပ်နား

(27 September 2012  ရက်စွဲပါ  BBC News မှ China’s Baoshan suspends steel plant as demand slows  ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ဝါရှင်တန်က အိန္ဒိယနှင့် မြန်မာအကြား ဆက်ဆံရေးကောင်းစေချင်

(Business Line မှ 26 Sept 2012 ရက်စွဲပါ “US wants India, Burma to share good relationship”သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အား ကာလတံ့သော ၎င်းတို့၏ စီးပွားရေးအကျိုးအတွက် ဆက်ဆံရေးကောင်းစေချင် သည်ပာု အိုဘားမားအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာနဲ့အိန္ဒိယအကြား၊ မြန်မာနဲ့တစ်ခြားအာရှနိုင်ငံတွေအကြား ဆက်ဆံရေးကောင်းစေချင်ပါတယ်။ မြန်မာနိုင်ငံပာာ အရေးပါတဲ့လမ်းဆုံ နေရာမှာတည်ရှိတဲ့အတွက် အရေးကြီးတဲ့ကဏ္ဍကနေ ဆက်လက် ပါဝင်ပါလိမ့်မယ်”ပာု အရှေ့အာရှပစ္စဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ဝါရှင်တန်အခြေစိုက် Think Tank အုပ်စုတစ်ခုတွင်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက “အမေရိကန်နှင့်အိန္ဒိယတို့သည် မြန်မာနှင့်စီးပွားဖက်ဖြစ်ရေးကိုလေ့လာဖို့ လိုကြောင်း” ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင် Campbell ၏မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တနင်္လာနေ့က နယူးယောက်တွင်ကျင်းပသော အိန္ဒိယရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးဖွံ့ဖြိုးမှု စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအတွင်းဝန် Robert Hormats ကပြောကြားသည်။

“ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေးအခြေခံစနစ်နိမ့်ကျမှု၊ မြန်မာအစိုးရပောာင်း၏ တံခါးပိတ်မှု၊ အိန္ဒိယနှင့် အိမ်နီးချင်းများအကြား နိုင်ငံရေး အယုံအကြည်ပျက်မှုတို့ကြောင့် အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ကြားစခန်းဆက်ကြောင်းများ ဖွံ့ဖြိုးမှု နှစ်ပေါင်းများစွာ နှောင့်နှေးခဲ့ရသည်”ပာု ပြောကြားသွားခဲ့သည်။

“ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး၊ စီးပါားရေးပြောင်းလဲမှုတွေနဲ့အတူ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ အပြန်အလှန် ဆက်ဆံမှု တိုးတက်ရေး အားထုတ်မှုတွေကြောင့် အမေရိကန်နဲ့ အိန္ဒိယရဲ့ အကျိုးစီးပွားတွေ၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုတွေကို အားပေးမြှင့်တင်နိုင်ဖို့ အခွင့်အလမ်းသစ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီလိုကြီးမားတဲ့ အလားအလာတွေကြောင့် ထွန်းသစ်နေတဲ့မြန်မာဈေးကွက်မှာ စီးပွားဖက်ဖြစ်ဖို့ ကျွန်တော်တို့ မျှော်မှန်း ထားသင့်ပါတယ်”ပာု Robert Hormats ကဆိုသည်။

ဝါရှင်တန်အခြေစိုက် cantre for strategic and International Studies ၌စကားမပြောခင် Campbell က “မြန်မာ-တရုတ် ဆက်ဆံရေး ကောင်းနေခြင်းကို အမေရိကန်ကထောက်ခံသည်”ပာု ပြောကြားသည်။

“အစိုးရနဲ့ကော အတိုက်အခံနဲ့ကော ကျွန်တော်တို့ထိတွေ့ညှိနှိုင်းနေတဲ့ကိစ္စတွေအားလုံးထဲမှာ ကျွန်တော်တို့ထောက်ခံတဲ့ အရမ်းခိုင်မာတဲ့ အမြင်တစ်ခုရှိပါတယ်။ မြန်မာပာာ တရုတ်နဲ့ဆက်ဆံရေးကောင်းချုင်တယ်။ ကောင်းဖို့လည်း လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ”ပာု Campbell ကဆိုသည်။

“သူတို့ပာာ ကူးသန်းရောင်းဝယ်ရေးနယ်ပယ်မှာ သာတူညီမျှခိုင်မာတဲ့ဆက်ဆံရေးကို လိုချင်ကြတယ်။ သံတမန်လမ်းကြောင်းကတစ်ဆင့် ဆီလျော်တဲ့နိုင်ငံရေးဆက်ဆံမှုတွေကို အနီးကပ်ဆောင်ရွက်ပြီး တလေးတစားဖြစ်စေချင်ကြတယ်။ ဒါပာာ နှစ်နိုင်ငံစလုံးရဲ့ ကောင်းကျိုးစီးပွားဖြစ်လို့ ကျွန်တော်တို့ ထောက်ခံအားပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်”ပာု Campbell က ရှင်းလင်းပြောကြားသွားသည်။

                                                                **************************************************

အငြင်းပွားကျွန်းများရှိ အချုပ်အခြာအာဏာပိုင်နက်ကိစ္စ တရုတ်သတိပေး

(BBC သတင်းဌာနမှ 26 September 2012 ရက်စွဲပါ China warns on sovereignty at island talks with Japan ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာထိပါး ချိုးဖောက်ခြင်းခံရမှုများကို သည်းခံသွားမည်မဟုတ်ဟု ဂျပန်နိုင်ငံကို သတိပေးပြောဆို လိုက်ကြောင်းသိရသည်။ တရုတ်နှင့် ဂျပန်အကြား အငြင်းပွားကျွန်းများ ပြဿနာအတွက် ဦးတည်ပြုလုပ်သည့် အဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲတွင် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Zhijun က ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ယင်းသို့သတိပေးလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ အဆင့်မြင့်အရာရှိကြီးများအဆင့် ဆွေးနွေးပွဲသည် အငြင်းပွားကျွန်းများရှိရာသို့ ထိုင်ဝမ်မှ ဒါဇင်ခန့်ရှိသည့်လှေများ ဆန္ဒပြရန် ရောက်ရှိ လာချိန်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ဂျပန်တွင် ဆန်ကာကူဟုခေါ်ပြီး တရုတ်တွင် ဒိုင်အောယုဟုဆိုသည့် အဆိုပါကျွန်းများကို ဂျပန်ကထိန်းချုပ်ထားသော်လည်း တရုတ်နှင့် ထိုင်ဝမ်တို့က ၎င်းတို့နှင့်သက်ဆိုင်ကြောင်း တောင်းဆိုထားသည်။

ယင်းကျွန်းများအနက် ကျွန်းသုံးကျွန်းကိုဂျပန်အစိုးရက ပုဂ္ဂလိကလက်ဝယ်မှဝယ်ယူလိုက်သည့်အချိန်မှစ၍ ဒေသတွင်းတင်းမာမှုများ မြင့်တက် လျက်ရှိသည်။

ကမ်းခြေစောင့်သင်္ဘောများအပါအဝင် ထိုင်ဝမ်သင်္ဘောများမှာ ယခုအခါ အဆိုပါ အငြင်းပွားကျွန်းဒေသမှ ထွက်ခွာသွားပြီဖြစ်သည်။ ဂျပန်အစိုးရက ကျွန်းသုံးကျွန်းဝယ်ယူလိုက်ကြောင်း ကြေညာပြီးနောက် လတ်တလောနေ့ရက်များတွင် တရုတ်နိုင်ငံမှ စောင့်ကြည့်လေ့လာရေးသင်္ဘောများသည် အဆိုပါ ဧရိယာသို့ ဖြတ်သန်းဝင်ထွက်သွားလာလျက်ရှိသည်။

ယင်းကျွန်းများပိုင်ရှင်ပြဿနာသည် နှစ်ကာလကြာရှည်စွာဖြစ်ခဲ့သည့် ပြဿနာဖြစ်သော်လည်း ယခုနောက်ဆုံးအကြိမ်တွင်မူ တရုတ်နိုင်ငံမြို့ အတော်များများ၌ ဂျပန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်သည်အထိ ဖြစ်ခဲ့သည်။

ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Chikako Kawai မှာနှစ်ရက်တာမျှပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲတက်ရောက်ရန် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ တနင်္လာနေ့က ရောက်ရှိလာသည်။

“လတ်လော ခက်ခဲတဲ့အခြေအနေကြောင့် ဒု-ဝန်ကြီး Zhang Zhijun နဲ့ပတ်သက်ပြီး ဘာတွေစဉ်းစားနေတယ်ဆိုတာနဲ့ တရုတ်နိုင်ငံက ဘာတွေ စဉ်းစားနေတယ်ဆိုတာကိုရှင်းပြဖို့ ကျွန်တော်စီစဉ်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား အရေးကြီးတဲ့ဆက်ဆံရေးအတွက် ဖြစ်ပါတယ်"ဟု Chikako Kawai က ဆွေးနွေးပွဲမကျင်းပမီ ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သော ကြေညာချက်တွင်မူ မစ္စတာ Chikako Kawai ၏သုံးသပ်ချက်တစ်စုံတရာအား ကိုးကားဖော်ပြထားခြင်း မရှိပေ။ သို့သော် တရုတ် ဒု-ဝန်ကြီး Zhang Zhijun ကဂျပန်အနေဖြင့် နည်းလမ်းများပြောင်းလဲကျင့်သုံးရန် မစ္စတာ Chikako Kawai ကိုပြောကြားကြောင်း ဖော်ပြထားသည်။

"တရုတ်နိုင်ငံအနေဖြင့် မိမိ၏အချုပ်အခြာအာဏာပိုင်နက်ကို ထိခိုက်စေမည့် ဂျပန်နိုင်ငံ၏တစ်ဖက်သတ်လုပ်ရပ်များကို မည်သည့်အခါမျှ သည်းခံသွားမည် မဟုတ်ပေ"ဟု အဆိုပါ ကြေညာချက်တွင်ဖော်ပြထားသည်။

"ဂျပန်အနေဖြင့် မိမိ၏ ထင်မြင်ယောင်မှားမှုများကို မဖြစ်မနေဖယ်ရှားပစ်ရမည်ဖြစ်ပြီး အမှားများကိုပြန်လည် ပြုပြင်နိုင်ရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များ လုပ်ကိုင်ရမည်။ ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားပြီးဖြစ်သည့် နားလည်မှုများနှင့် သဘောတူလိုက်လျောမှုများ ပြန်လည်ဖြစ်ပေါ်လာအောင် လုပ်ကိုင်ရမည်"ဟု ဆိုသည်။

ဂျပန်အစိုးရက ကျွန်းများကိုဝယ်ယူခဲ့ခြင်းမှာ တိုကျိုမြို့တော်ဝန် လက်ယာဝါဒီ Shintaro Ishihara ၏ရန်ပြုလိုသည့် အစီအစဉ်ဖြစ်သည့် ကျွန်းများ ဝယ်ယူမည့်အစီအစဉ်ကို တုံ့ပြန်သည့်အနေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ Shintaro Ishihara က ကျွန်းများကို အများပြည်သူဆိုင်ရာ အလှူအတန်းများ ပြုလုပ်ရေးအတွက် ဝယ်ယူရန် ဦးစွာစီစဉ်ခဲ့သည်။

တရုတ်နှင့် ဂျပန်နှစ်ဖက်စလုံးတွင် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်နေချိန်၌ အဆိုပါ ကျွန်းဝယ်ယူသည့်ကိစ္စဖြစ်ပေါ်လာရာ တင်းမာမှုများ ပြန်လည်လျော့ကျသွားရေးအတွက် လုပ်ဆောင်ရန်ခက်ခဲသည့် အနေအထားတွင်ရှိသည်။

ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda အစိုးရကလည်း ရွေးကောက်ပွဲမကျင်းပမီ လက်ရှိအချိန်တွင် လူကြိုက်များရေပန်းစားမှု လျော့ကျလာလျက် ရှိသည်။ တရုတ်နိုင်ငံသည်လည်း လာမည့်ရက်သတ္တပတ်များအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲများကို ဖြစ်ပေါ်စေမည့် ကွန်မြူနစ်ပါတီကွန်ဂရက် ကျင်းပရန်ရှိသည်။

လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်သော်လည်း အခမ်းအနား ကျင်းပမည့်အစီအစဉ်များကို နှစ်ဖက်စလုံးက ဖယ်ရှားထားကြသည်။ တရုတ်နိုင်ငံတွင်း ဂျပန်ဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်စွာဖြစ်ပေါ် လာပြီးနောက် ဂျပန်ကုမ္ပဏီကြီးများက ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းပစ်လိုက်ကြသည်။

တရုတ်နှင့် ထိုင်ဝမ်တို့ကမူ အငြင်းပွားကျွန်းများသည် သမိုင်းအစဉ်အဆက်အရ ၎င်းတို့၏အချုပ်အခြာအာဏာပိုင်နက်များ ဖြစ်သည်ဟု ဆိုထားကြသည်။ ထိုင်ဝမ် ကမ်းခြေစောင့်ကြပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အငြင်းပွားကျွန်းများရှိရာနေရာသို့ ထိုင်ဝမ်ငါးဖမ်းသင်္ဘော ၅၈ စီးဝင်ရောက်သွားကြောင်း၊ ၎င်းတို့သည် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများ ခြံရံလျက်သွားရောက်ခြင်းဖြစ်ကြောင်း ပြောကြား သည်။

"ငါးဖမ်းတဲ့အခွင့်အရေးဆိုတာ အချုပ်အခြာအာဏာကိစ္စထက်ပိုပြီး အရေးကြီးပါတယ်။ ဒါပေမဲ့ ငါးဖမ်းပိုင်ခွင့်ဆိုတာလည်း အချုပ်အခြာအာဏာ ပိုင်မှုကို ဆိုလိုတာပါပဲ"ဟု ငါးဖမ်းသင်္ဘောများ  အုပ်စုဖွဲ့သွားလာမှုကိုဦးဆောင်ခဲ့သူ Chen Chunsheng ကပြောသည်။

                                                            ***********************************************************

ပစ္စည်းမှာယူမှုများကျဆင်းခြင်းကြောင့် တရုတ်မှ Baosteel  စက်ရုံ ယာယီရပ်နား

(27 September 2012  ရက်စွဲပါ  BBC News မှ China’s Baoshan suspends steel plant as demand slows  ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာပေါ်တွင် စတုတ္တအကြီးဆုံးသံမဏိထုတ်လုပ်သူ Baoshan Iron and steel သည်ပစ္စည်းမှာယူမှုများ ကျဆင်းလာမှုကြောင့် တရုတ်နိုင်ငံရှိ စက်ရုံတွင် ထုပ်လုပ်မှုများယာယီရပ်နားခဲ့သည်။

၎င်းကို Baosteel ဟုလူသိများပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များ အရှုံးပေါ်ခြင်းကိုရှေင်ရှားနိုင်ရန် ရှန်ဟိုင်းရှိ  Luojing မှ စက်ရုံကို ပိတ်လိုက် ရကြောင်း Baosteel ကပြောသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင်အကြီးဆုံး သံမဏိထုတ်လုပ်သူဖြစ်ပြီး ယခုနှစ်တွင် သံမဏိဈေးနှုန်းများကျဆင်းခဲ့သည်။

Beijing သည် သံမဏိဈေးနှုန်းများကျဆင်းစေရန် အခြေပစ္စည်းကဏ္ဍတွင် ကန့်သတ်မှုများပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံမှ သံမဏိထုတ်လုပ် သူများ သည် ရုန်းကန်ရလျက်ရှိသည်။

ရှန်ဟိုင်းစတော့အိတ်ချိန်းသို့ ပေးပို့သော်ကြေညာချက်၌ Baostreel က ပြောကြားရာတွင် စတီးပြားများကို ဈေးကွက်မှ မှာယူမှုကျဆင်း ခဲ့ခြင်းကြောင့် စက်ရုံပိတ်ရန်ဖြစ်လာရကြောင်းပြောသည်။ ထုတ်လုပ်မှု ပြန်လည်စတင်မည့်အချိန်ကိုမူ ပြောကြားသွားခြင်းမရှိပေ။

ရှန်ဟိုင်းမှစက်ရုံသည် အဓိကအားဖြင့် သဘောင်္များနှင့်စက်ရုံများတွင်အသုံးပြုသည့် စတီးပြားများ ထုတ်လုပ်သည်။

စက်တင်ဘာလ(၂၀)ရက်နေ့ကထုတ်ပြန်သော  HSBC  ၏ကိန်းဂဏန်းအချက်များအရ တရုတ်နိုင်ငံတဝှမ်းစက်မှုလှုပ်ရှားမှုများမှာ ငြိမ်သက် နေဦးမည်ဖြစ်ပြီး လာမည့်လတွင်လည်း ဝယ်ယူရေးစီမံခန့်ခွဲမှုညွန်းကိန်း(purchasing managers index)များမှာလည်း ကျုံ့ဝင်နေမည်ဖြစ်ကြောင်း ပြသ ခဲ့သည်။

သံမဏိထုပ်လုပ်မှုနှေးကွေးလာပြီး၊ သံပွ(iron ore)ဈေးနှုန်းများမှာလည်း ယခုနှစ်တွင် ၂၅% ကျဆင်းခဲ့သည်။ ဈေးနှုန်းကျဆင်းမှုများက စက်ရုံများတွင်ဖိအားဝင်နေကြောင်းပြသပြီး တရုတ်နိုင်ငံမှသံမဏိထုတ်လုပ်သူများ ထုတ်လုပ်မှုလျှော့ချမှုများဖြစ်လာနိုင်သည်ဟု သုံးသပ်သူများက ပြောသည်။         

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive