Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၃၆) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ အာဏာပိုင်များ ရှာဖွေတွေ့ရှိသောကလေးမှာ ရိုက်နှက်ခံရသော
ကလေးငယ်မဟုတ်ကြောင်း ဒေသခံများပြော
၂။ ကျုံပျော်တွင် ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေ၊ နှစ်ဦး အရေးပေါ် အခြေအနေ
၃။ အင်အားကြီးပါတီအချို့ ပြန်လည်ဖွဲ့စည်းနေချိန်တွင် ပါတီငယ်များလည်း ပြင်ဆင်လာ
၎။ ရေတပ်စခန်းတစ်ခုအား တရားစွဲဆိုမှု အရှေ့ပိုင်းခရိုင်တရားရုံး လက်ခံ
၅။ ငြိမ်းချမ်းရေးနေ့ဆန္ဒပြခဲ့ခြင်းသည် အမှားအယွင်းဟုမခံယူ၍
ကိုယ်ပိုင်ခံဝန်ဖြင့် အမှုရင်ဆိုင်မည်
၆။ မြန်မာ့နိုင်ငံရေးပါတီလေးပါတီ ICAPP အဖွဲ့ဝင် အဖြစ်ပါဝင်ရန် အရည်အချင်းပြည့်မီ
၇။ ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်က အဓမ္မတပ်သားစုဆောင်းနေဟုဆို
၈။ ဦးဌေးဦးက လွှတ်တော်ကိစ္စများ ဝင်ရောက်စွက်ဖက်ဟု ဧရာဝတီတိုင်းလွှတ်တော်
ဥက္ကဋ္ဌ စွပ်စွဲ
၉။ ကာကွယ်ရေးဦးစီးချုပ်က ဂျာနယ်ထုတ်ဝေရန် စီစဉ်နေကြောင်းသတင်းများထွက်ပေါ်
၁၀။ စာတင်သော်လည်းထူးခြားမူမရှိ၍ ရှေ့နေ တစ်ရာကျော် ဆန္ဒပြမည်
၁၁။ လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနှိပ်ခံရမှုများကို ကူညီမည်
၁၂။ ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
၁၃။ ဘင်္ဂလားဒေ့ရှ်မှ တင်ပို့ခွင့်ပိတ်ပင်ထားသည့် ဆားတန်ချိန်တစ်သောင်း
ပြန်လည်ဝယ်ယူမှုကြောင့် ရခိုင်တွင် ဆားဈေးမြင့်တက်
၁၄။ Shopping Centre ဖွင့်ရန် မန္တလေးတွင် မြေရှာမှု
ဂဂမျိုးဆက်ကျောင်းသားများ ငြင်းဆို
၁၅။ ယုဇနကုမ္ပဏီ မောတောင်နယ်စပ်စခန်းလမ်းပိုင်း BOT ရုပ်သိမ်းခံရ စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဝန်ထမ်းဟူသည်

*****************************************

ဆောင်းပါးကဏ္ဍ

ဝန်ထမ်းဟူသည်

(စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် နေပြည်တော်တိုင်း(မ်)ဂျာနယ် အတွဲ(၁) အမှတ်(၄၄)မှ ထုတ်ယူဖော်ပြချက်။)

အီကိုဇင်

ဝန်ထမ်း ဝန်ထမ်းနှင့် ကြားကြားနေရသည်မှာ ဝန်ထမ်းစွမ်းဆောင်ရည်၊ ဝန်ထမ်းဘဝ၊ ဝန်ထမ်းလစာ၊ ပင်စင်၊ ခံစားခွင့်၊ လုပ်သက်စသည် စ သည်။ ယနေ့ခေတ်ကြီးထဲတွင် ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ လွယ်ကူလှသည်တော့ မဟုတ်ပေ။ နိုင်ငံဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ပိုလို့ပင် ခက်ခဲသေးသည်ဟု နားလည်မိသည်။ ဝန်ထမ်းတစ်ယောက်ခန့်ထားဖို့ဆိုသည်မှာ အဆင့်ပေါင်းများစွာကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ဒီကြားထဲအကြောင်းကြောင်းကြောင့် နှုတ် ထွက်သူများကလည်း ဒုနှင့်ဒေး။ မည်သို့ပင်ဖြစ်စေ ရှိပြီးသားဝန်ထမ်း၊ ရှိပြီးသားအရည်အချင်း၊ ရှိပြီးသားကျွမ်းကျင်မှုတွေနှင့်ပင် ရည်မှန်းချက်ပြည့်မီ အောင်မြင်အောင် ဆက်လက်ချီတက်ကြ၊ အလုပ်ဆက်လုပ်နေကြရဦးမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ပစ္စက္ခအခြေအနေနှင့် အလုပ်လည်ပတ်မှုယန္တရားတွေ ကရော…

ပွင့်လင်းလွတ်လပ်လာသော နိုင်ငံတကာက အာရုံစိုက်ခံလာရသော အပြောင်းအလဲတစ်ခုသို့ ဦးတည်နေသော ခေတ်သစ်၊ စနစ်သစ်တစ်ရပ်ကို ယနေ့ မျက်ဝါးထင်ထင် တွေ့မြင်နေရပြီး ပြည်သူအား ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်သည့် နိုင်ငံကို ဆင်းရဲမှုသံသရာမှ လွတ်မြောက်နိုင်ရေး လမ်းပြ ဖော်ဆောင်ပေးနိုင်သည့် တောလက်ကျေးရွာမကျန် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းညွှန်မှုပေးနေသည့် အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် လိုက်ပါအကောင်အထည်ဖော်ရသည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်လို့ နေပါပြီ။ ဆိုတော့ လုပ်နေကျအလုပ်တွေထက်ပိုများသော အလုပ်တွေကို ခေတ်၊ စနစ်၏ တောင်းဆိုမှုများအရ အချိန်နှင့် တပြေးညီဖြစ်ရန် မြန်မြန်ဆန်ဆန်ဆောင်ရွက်လာကြရပြီး အဆင့်မြင့်နည်းပညာအသုံးပြု ဆောင်ရွက်ရမှုစသည့် စိန်ခေါ်မှု များစွာကို တွေ့ကြုံရင်ဆိုင်နေရသည့် အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်လို့လာပါသည်။

ဌာန၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရန်အတွက် ခေတ်မီနည်းပညာသုံး facilities တပ်ဆင်ဆောင်ရွက်လျက်ရှိသည်သာမက ဝန်ထမ်း စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြင့်မားစေရန်အတွက် လုပ်ငန်းလိုအပ်ချက်အလိုက် မြှင့်တင်ဆောင်ရွက်ရေးကို အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ကာလလည်း ဖြစ်ပါသည်။ သို့ဆိုလျှင် ဝန်ထမ်းများဘက်သို့ တစ်လှည့်သုံးသပ်ကြည့်ပါက ခေတ်မီမြန်ဆန်တိုးတက်လာသည့် အုပ်ချုပ်မှုယန္တရား အပြောင်း အလဲနှင့်အညီ ပြောင်းလဲနိုင်စွမ်းရှိပြီး လိုက်ပါပြောင်းလဲသူများ၊ ပြောင်းလဲနိုင်စွမ်းရှိသော်လည်း အကြောင်းကြောင်းကြောင့် မပြောင်းလဲလိုသူများ၊ ကိုယ် ရည်ကိုယ်သွေးအရ လိုက်ပါပြောင်းလဲနိုင်စွမ်းမရှိသူများ၊ အပြောင်းအလဲဖြစ်နေမှန်းပင်မသိ ဘာပြောင်းလဲရမည်မှန်းမသိဘဲ နေရင်းထိုင်ရင်း လုပ်ငန်းခွင် နှင့် အံဝင်ခွင်ကျမဖြစ်တော့သူများ၊ နေသာသလိုနေရသည်ကို အကျင့်ပါလာသူများစသည် စသည်…

အများပြည်သူနှင့် ထိတွေ့၍ ဝန်ဆောင်မှုပေးနေရသော ဝန်ထမ်းများအနေနှင့် မိမိ၏လုပ်ဆောင်ချက်တိုင်းသည် အရေးကြီးကြောင်း၊ ပြည်သူ ဝန်ထမ်းအဖြစ် ပြည်သူနှင့် တိုက်ရိုက်တွေ့ရသဖြင့် ပြည်သူ၏အထင်ကြီးမှု၊ လေးစားမှု၊ အားကိုးမှုရရှိရန် မိမိ၏စွမ်းဆောင်ရည်ဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးမှုသည် အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခုလုံးအတွက် အရေးကြီးကြောင်း၊ သေးငယ်သော မူလီလေးပင်ဖြစ်စေကာမူ ကြီးမားသော စက် ယန္တရားလည်ပတ်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သကဲ့သို့ပင် ဝန်ထမ်းတစ်ဦး၏ အကောင်းဆုံးဝန်ဆောင်မှုသည် good governance အတွက် အခြေခံပင် ဖြစ်ကြောင်း စသည်စသည်တို့ကို သိရှိရန် လေ့ကျင့်ပျိုးထောင်ထားခဲ့သော်..

ဝန်ထမ်းစွမ်းဆောင်ရည် တိုးတက်ရန်အတွက် နည်းလမ်းအသွယ်သွယ်ကို စဉ်းစားရာ၌ ဘယ်လိုမျိုး ဆောင်ရွက်သင့်သလဲ၊ ယခင်က ဘာတွေ လုပ်ခဲ့သလဲ။ ယခု ဘယ်နည်းလမ်းသုံးမလဲ။ မက်လုံး incentive ပေးသည့် နည်းလမ်းကရော ထိရောက်မှုရှိသလား စသည် စသည်။

ဝန်ထမ်းစွမ်းဆောင်ရည်တိုးတက်စေရန် သင်တန်းများက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်အသီးသီးမှ ဖွင့်လှစ်သည့်သင်တန်းများ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ၊ မွမ်းမံသင်တန်းများ၊ အဆင့်မြင့်နည်းပညာရပ်၊ အိုင်တီပညာရပ်ဆိုင်ရာ သင်တန်းများ စသည် စသည်။ သို့ရာတွင် ဝန်ထမ်းအများစုမှာ ငွေရေးကြေးရေးနှင့် လူမှုရေးအခက်အခဲ၊ ဖတ်ရှူလေ့လာသင်ကြားလိုစိတ်၊ သင်တန်းတက်ခြင်းဆိုင်ရာ အားပေးစေ့ဆော်မှုစသည် စသည်တို့သည် သင်တန်းတက်ရောက်မှုနှင့် ဆက်နွယ်လျက်ရှိသည်။ အသက်ကန့်သတ်ချက်ရှိသည့် သင်တန်းမျိုး၌ မိမိ အသက်သည် ထိုကန့်သတ်အသက်ကျော်သည်အထိ နည်းလမ်းအမျိုးမျိုးဖြင့် ရှောင်လွှဲနေသည်များလည်း ရှိတတ်သေးသည်။

ဝန်ထမ်းတိုင်းမျှော်မှန်းသည့် ရာထူးတိုးမြှင့်ရေး အမှတ်ပေးရာ၌ သင်တန်းတက်ရောက်မှုသည် အဓိကအမှတ်ရစေမည်ဆိုလျှင် သင်တန်းများသို့ မလွဲမသွေတက်ရောက်လာကြမည် ဖြစ်သည်။ သို့ဆိုပါက သင်တန်းတက်ရောက်သူတိုင်း စွမ်းဆောင်ရည်မြင့်ပါသလားဟု မေးနိုင်ပါသည်။ အချို့ဌာနများ တွင် ယင်းစနစ်ကျင့်သုံး၍ မဖြစ်မနေလာရောက်ကြသော်လည်း စွမ်းဆောင်ရည်တိုးမြှင့်မှုနှင့် ဆက်စပ်မှုရှိ၊ မရှိကိုမူခန့်မှန်းရန် ခဲယဉ်းတက်ပြန်သည်။ ဝန်ထမ်း၏ ကိုယ်ရည်ကိုယ်သွေးနှင့် မိမိအလုပ်ပေါ်ထားရှိသည့် သဘောထားပေါ်တွင် မူတည်နေကြောင်း တွေ့ရှိနိုင်ပါသည်။

သဘာဝအရင်းအမြစ်ရှားပါး၍ လူ့စွမ်းအားအရင်းအမြစ်ကို အဓိကအားထား၍ တိုးတက်မှုရရှိသောနိုင်ငံများတွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း အမျိုးမျိုးကို တစ်နှစ်လျှင် နာရီမည်မျှတက်ထားမှသာ ရာထူးတိုးမြှင့်ရေးစဉ်းစားမည် စသည်ဖြင့် သတ်မှတ်ထားခြင်းသာမက သင်တန်းတက်ရောက်နိုင် ရေးအတွက် ဌာနအနေဖြင့် ပံ့ပိုးကူညီနိုင်သည်များကို ဆောင်ရွက်ပေးပါက ထိရောက်မှုရှိမည် ဖြစ်သည်။ သင်တန်းတက်ရောက်နိုင်ရန်အတွက် မည်သို့ပံ့ပိုး မည်၊ ထူးချွန်ပါက ဂုဏ်ပြုဆုချီးမြှင့်မည်၊ ရာထူးတိုးမြှင့်ရာတွင် ဦးစားပေးစဉ်းစားမည် စသည် စသည်။

ရာထူးတိုးမြှင့်ရာတွင် ဝန်ထမ်းအတွက် အထက်အရာရှိမှ ရေးသားရသည့် ဝဖဟုခေါ်ကြသည့် အကဲဖြတ်မှတ်တမ်းသည် ဝန်ထမ်း၏ စွမ်းဆောင် ရည်ကို တိကျစွာအကဲဖြတ်နိုင်သည့် စံချိန်၊ စံညွှန်းများပင်ဖြစ်သည်။ တာဝန်ကိုလိုလားစွာ ထမ်းရွက်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု၊ ယုံကြည်စိတ်ချရခြင်း၊ လေ့လာဆည်းပူးခြင်း၊ ကြိုးစားမှုရှိခြင်း၊ တီထွင်ကြံဆတတ်ခြင်း၊ ရုံး/အလုပ်ရုံစည်းကမ်းများလိုက်နာခြင်း၊ အများအကျိုးအတွက် စေတနာ့ဝန်ထမ်း ဆောင် ရွက်ခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း၊ ခေါင်းဆောင်မှုပေးနိုင်ခြင်းတို့အပေါ် အကဲဖြတ်၍ အမှတ်ပေးရမည့် အချက်(၁၀)ချက်ကို အမှတ်ပြည့် ၁၀ မှတ်စီ သတ် မှတ်ထားပြီး ကနဦးမှတ်တမ်းရေးသူက အချက်အလိုက်အကဲဖြတ်အမှတ်ပေးခြင်း ဖြစ်ပါသည်။ ထပ်ဆင့်မှတ်တမ်းရေးသူက မှတ်ချက်ထပ်မံ ဖော်ပြပေးပါ သည်။ သို့သော် ယင်း ဝဖ ပုံစံမှာ ဝန်ထမ်းတစ်ဦးအတွက် စဉ်ဆက်မပြတ်ဘဲ သုံးသပ်အကဲဖြတ်နေရသည့် ပုံစံမျိုးမဟုတ်ဘဲ ရာထူးတိုးမြှင့်စဉ်းစားချိန်တွင်မှ သာ ဖြည့်သွင်းရခြင်းမျိုးဖြစ်သဖြင့် တစ်ခါတစ်ရံတစ်နှစ်စသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။

လုပ်သက်အလိုက်ပေးသည့်အမှတ်နှင့် အဆိုပါ ဝဖ ရမှတ်များပေါင်း၍ စဉ်းစားရာ၌ စဉ်ဆက်မပြတ်အကဲဖြတ်ခြင်းမရှိခဲ့သည့် ဝဖ ရမှတ်များသည် တစ်ဦးနှင့်တစ်ဦး မတိမ်းမယိမ်းဖြစ်နေတတ်ပြီး တိတိကျကျသတ်မှတ်ထားသည့် လုပ်သက်ရမှတ်များက အဓိကဦးဆောင်လျက်ရှိတတ်ရာ လုပ်သက်များ သူက အသာစီးရသည့် သဘောဖြစ်ပေါ်လာပြန်သည်။ ထိုများပြားသော လုပ်သက်များကို ဘယ်လိုရလာပါသလဲ။ စားလိုက်၊ သောက်လိုက်၊ ခုံချင်းဆက်ပြီး အိပ်လိုက်၊ ဈေးဝယ်ထွက်လိုက်၊ တကယ်လုပ်ရမယ့် အလုပ်ကိုတော့ တာဝန်ကျေနာရီပိုင်းလောက်လုပ်ပြီး ကိုယ်ဝန်ဆောင်မှုပေးရမည့် ပြည်သူအား အချိန်ကြာမြင့်စွာ စောင့်ခိုင်းလိုက်စသည် စသည်များဖြင့် များလာသည့်လုပ်သက်များပေလား။ တိုးမြင့်လာသည့် ရာထူးအလိုက်ဆောင်ရွက်နိုင်စွမ်းရှိ မရှိ သေချာကျနဆန်းစစ်နိုင်ခြင်းမရှိဘဲ ထိုသို့သောနည်းလမ်းဖြင့် ရာထူးတိုးမြင့်လာသူတွေများလာပါက အထက်၊ အောက်၊ ဘေးဝန်ထမ်းအားလုံးအတွက်၊ အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာမည်မှာ ဧကန်မလွဲပါပေ။

အုပ်ချုပ်မှုယန္တရားကောင်းသည်ဆိုပါက နိုင်ငံတစ်ခုတွင် ဝန်ထမ်း၏လုပ်ဆောင်ချက်အရပေးသည့်စနစ် performance related pay ကို မက်လုံး အဖြစ် ကျင့်သုံးကြောင်းလေ့လာ သိရှိရပါသည်။ ဝန်ထမ်း၏လုပ်ဆောင်ချက်ကို မည်သူက မည်သည့်နည်းလမ်း အသုံးပြုတိုင်းတာ၍ မည်သို့ပေးသည်ကို မသိရှိရသေးသော်လည်း  အဆိုပါနိုင်ငံတွင် ဝန်ထမ်းများသည် တစ်နေ့လျှင် ၁၂ နာရီမှ ၁၆နာရီအထိ အလုပ်လုပ်တတ်ကြကြောင်း၊ စားပွဲပေါ်တွင် လုပ်စရာ အလုပ်ကုန်မှ ပြန်တတ်ကြကြောင်း၊ ညည့်နက်သည်အထိ ရုံးများတွင် မီးများလင်းလျက် အလုပ်လုပ်ကြကြောင်း၊ ကမ္ဘာပေါ်တွင် မွေးဖွားနှုန်းအနည်းဆုံး နိုင်ငံဖြစ်သဖြင့် ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ရက်သတ်မှတ်၍ အဆိုပါနေ့တွင် ည၇နာရီထိုးသည်နှင့် ရုံးများပိတ်၊ မီးမှိတ်သည့်စနစ်ကိုပင် ကျင့်သုံးရ ကြောင်း မှတ်သားဖွယ်သိရှိရပါသည်။ ဝန်ထမ်းတွေကပဲ တာဝန်သိစိတ်နှင့် အလုပ်အကြွေးတင်မှာကြောက်ကြလေသလား သို့တည်းမဟုတ် သူတို့ကျင့်သုံး သည့် performance related pay ကပဲစွမ်းရော့သလားဆိုတာ သူတို့ကပဲ သိနိုင်လိမ့်မည်ဟု…

ကျောင်းသားလူငယ်များကို ဟောပြောသည့် စာပေဟောပြောပွဲတစ်ခု၌ ဟောပြောသူမှ ကျောင်းသားများ စာကြိုးစားချင်စိတ်ပေါ်လာစေရန်၊ အစွမ်းကုန်(အသားကုန်) ဆောင်ရွက်ရန် ဟောပြောခဲ့ပြီး အစွမ်းကုန်မလုပ်ဘဲ လုပ်နိုင်သလောက်လုပ်တာ ဝန်ထမ်းဖြစ်ကြောင်း၊ ဟောပြောသည်ကို နား ထောင်ခဲ့ဖူးပါသည်။ စိတ်ဆိုးရအခက်၊ ထောက်ခံရအခက်ကြီးပါ။ အသားကုန်ဝန်ထမ်းများ မရှိမဟုတ်၊ ရှိပါသည်။ အရည်အတွက်အများစုကမူ သူပြောသ လိုပါပဲ။ လုပ်နိုင်သလောက်သာ တစ်ခါတစ်လေ လုပ်နိုင်တာထက်လျော့ပြီးတော့တောင်လုပ်ကြပါသေးသည်။ တက်မှန်းသိရင် ခိုင်းနေဦးမယ်။ မတတ်ချင် မသိချင်ယောင်ဆောင်နေဦးဆိုသူက အများစုပင်။ စွမ်းဆောင်ရည်ပြည့်ဝဖို့ဆိုတာကတော့ …

အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး အသိုက်အဝန်းတစ်ခုအသွင် ဖြစ်ပေါ်လာမည့် ၂၀၁၅ခုနှစ်တွင် နိုင်ငံများအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းလာတော့မည် ဖြစ်သည်။ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှု အရည်အချင်းအစရှိသည်တို့ လွတ်လပ်စွာပြိုင်ဆိုင်လာနိုင်ပြီး၊  ပြိုင်ဆိုင် မှုပြင်းထန်လာမည့် ထိုအချိန်တွင် မိမိဘက်မှ ကြိုတင်ပြင်ဆင်ထားမှုမရှိပါက အလဲထိုးခံရဖွယ်ရှိပါသည်။ ပြိုင်ဆိုင်မှုများ အုပ်ချုပ်မှုယန္တရားအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်မည် မဟုတ်သော်လည်း နှိုင်းယှဉ်ခြင်းအားဖြင့် နောက်ကျမကျန်ရစ်ခဲ့ရန် အရေးကြီးသည်။

ချုပ်၍ဆိုရသော် အစိုးရအုပ်ချုပ်မှုယန္တရားအတွင်းရှိ ဝန်ထမ်းများစွမ်းဆောင်ရည် တိုးမြှင့်ရန်နှင့်ပတ်သက်၍ ပြည်သူအများဖက်မှ ဝန်ထမ်းများ၏ ဘဝကို စာနာနားလည်ပြီး ပြောကြ၊ ရေးကြ၊ သုံးသပ်၊ အကဲဖြတ်ကြပါ။ ပြည်သူ့အသံသည် အခြေအနေကိုရောင်ပြန်ဟပ်နိုင်သည့် ကြေးမုံသဖွယ်ဖြစ်သည် ကို သဘောတူလက်ခံရပါမည်။ ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် ပတ်သက်၍လည်း နည်းလည်းအသွယ်သွယ်ကို စဉ်းစားဆောင်ရွက်ကြ ရန် အချိန်တန်ပြီဟု မီးမောင်းထိုးပြလိုက်ရကြောင်းပါ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၉.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. အာဏာပိုင်များရှာဖွေတွေ့ရှိသောကလေးမှာ ရိုက်နှက်ခံရသောကလေးငယ်မဟုတ်ကြောင်း ဒေသခံများပြော
  2. မသမာသူများကြောင့် တောင်သူများ စိုက်စရိတ်ချေးငွေ အပြည့်မရ

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြန်ကြားရေးဝန်ကြီးဌာနအား ပြောင်းလဲမှုများပြုလုပ်မည်
  1. အင်အားကြီးပါတီအချို့ ပြန်လည်ဖွဲ့စည်းနေချိန်တွင် ပါတီငယ်များကလဲ ပြင်ဆင်လာ
  1. ကျုံပျော်တွင် ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေ၊ နှစ်ဦး အရေးပေါ်အခြေအနေ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

အာဏာပိုင်များရှာဖွေတွေ့ရှိသောကလေးမှာ ရိုက်နှက်ခံရသောကလေးငယ်မဟုတ်ကြောင်း ဒေသခံများပြော

စက်တင်ဘာလ ၂၉။

စစ်တွေမြို့နယ်ရှိ သက်ဆိုင်ရာအာဏာပိုင်များမှ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အင်ပါလာရပ်ကွက်အတွင်း ရေခဲချောင်းရောင်းသော ကလေး ငယ်တစ်ဦး ပျောက်ဆုံးခြင်းဖြစ်ပွားမှုတွင် ပြန်လည်တွေ့ရှိကြောင်း စက်တင်ဘာလ ၂၈ရက် ညနေ (၅)နာရီတွင် ထုတ်ပြန်ခဲ့သော်လည်း အဆိုပါအာဏာပိုင် များတွေ့ရှိသည့် ကလေးငယ်မှာ ရိုက်နှက်ခံရပြီး ပျောက်ဆုံးနေသောကလေးငယ်မဟုတ်ကြောင်း စစ်တွေမြို့ရှိ ဝံလက်ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေး က ထုတ်ဖော်ပြောသည်။

စစ်တွေမြို့၊ အင်ပါလာရပ်ကွက်အတွင်း စက်တင်ဘာလ ၂၈ရက်နေ့တွင် ကလေးငယ်တစ်ဦး ရိုက်နှိက်ခံရပြီး ရပ်ကွက်အတွင်း သေဆုံးသွား သည်ဟု ဒေသခံများက ကြားသိရသဖြင့် အဆိုပါအင်ပါလာရပ်ကွက်အား ဝိုင်းဝန်းကာ ကလေးငယ်အားထုတ်ပေးရန် တောင်းဆိုမှုသည် ည ၇ နာရီအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတောင်းဆိုမှုနှင့်ဆက်လျဉ်း၍ ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ် တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန်ရောက်ရှိနေကြပြီး ညနေ ၄ နာရီမှ ရဲ ၆၀ဦးခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က မီးတိုင်တစ်တိုင် အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။

“ရဲတပ်ဖွဲ့ကရှာတွေ့တဲ့ကလေးက ပျောက်နေတဲ့ကလေးမဟုတ်ဘူးဆိုတာ၊ ကျနော်တို့အတည်ပြုလိုက်ပြီ။ ဒီကိစ္စအတွက် ကလေးကို ထုတ်ပေးဖို့ မြို့ထဲကလူတွေက ဆန္ဒပြတောင်းဆိုမည်၊ ကလေးက အသက် ၁၁ နှစ်လောက်ဘဲ ရှိသေးတယ်”ဟု ဦးသိန်းထွန်းအေးက ဆိုသည်။

အဆိုပါကလေးငယ်သည် စစ်တွေမြို့၊ မြို့မကြီးလမ်းတစ်လျှောက်တွင် ရေခဲချောင်းရောင်းလေ့ရှိပြီး အင်ပါလာရပ်ကွက်တွင်းမှ ရေခဲချောင်း ဝယ်ယူရန်အတွက် လက်ပြခေါ်ဆောင်သောကြောင့် သွားရောက်ရာတွင် အင်ပါလာရပ်ကွက်နှင့် စစ်တွေမြို့နယ်လူထုအကြား လုံခြုံရေးတာဝန်ရှိသော တပ်မတော်မှ အရာရှိများက ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့တွင်တာဝန်ကျလျက်ရှိသော ရဲတပ်ရင်းမှအရာရှိတစ်ဦးက“ဒီကိစ္စက ကောဟာလတွေပါ၊ ကလေးကော၊ မိခင်ကောက ကျမတို့မပျောက်ပါဘူးဆိုပြီး ညနေ (၅)နာရီထိုးကတည်းက စခန်းကို ရောက်လာတယ်၊ ဒီကလေးလေးနဲ့အမေကို လွန်ခဲ့တဲ့ရက်အနည်း ငယ်တုန်းက ဈေးထဲမှာလူတစ်ယောက်က အမည် အသက်နဲ့ နေရပ်လိပ်စာတွေ မေးသွားတယ်၊ ဒီလူက ကောလဟာလကို အင်တာနက်မှာဖြန့်တာ ဖြစ်နိုင် ပါတယ်”ဟု ဖြေကြားခဲ့သည်။

“မြို့ထဲကို ကျေးတောက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၆ဦးလောက်က ကလေးလေးတစ်ယောက်နဲ့ သူရဲ့အမေကိုလာပြတယ်၊ ဒါပေ မယ့် ဒါဟာ ပျောက်ဆုံးသွားတဲ့ကလေးငယ်မဟုတ်ဘူးဆိုတာ ကျနော်တို့ အကုန်လုံးသိတယ်”ဟု ဒေသခံ ဝံလက်ဖောင်ဒေးရှင်းမှ ဦးနိုင်အောင်က ဆိုသည်။

နယ်မြေရှိရဲတပ်ဖွဲ့မှ ပြန်လည်ရှာဖွေတွေ့ရှိသော ကလေးငယ်မှာ စစ်တွေမြို့၊ ကျေးတောပိုက်စိပ်ရွာမှ ကလေးငယ်ဖြစ်ပြီး ဒေသခံများအဆိုအရ ပျောက်ဆုံးသွားသော ကလေးငယ်မှာလည်း ကျေးတောပိုက်စိပ်ရွာမှဖြစ်ကြောင်းနှင့် ယခုအချိန်ထိ ကျေးတောပိုက်စိပ်ရွာတွင် ရှာဖွေတွေ့ရှိသေးခြင်းမရှိ ကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ ဦးနိုင်အောင်က ပြောသည်။                                                                        

မင်းခဏ့်

-----------------------------------------------------------------------------------------------------------------------------------

မသမာသူများကြောင့် တောင်သူများ စိုက်စရိတ်ချေးငွေ အပြည့်မရ

ရေနစ်မြှုပ်ခံလယ်မြေများအတွင်း အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန် နိုင်ငံတော်မှ မျိုးစပါးနှင့် ထောက်ပံ့ငွေများ ကူညီပံ့ပိုးပေးခဲ့သော်လည်း အောက်ခြေဝန်ထမ်း မသမာသူများကြောင့် တောင်သူများမှာ စိုက်စရိတ်ချေးငွေ အပြည့်အဝရရှိခြင်းမရှိကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့လက ရာသီဥတုဖောက်ပြန်လို့ လယ်မြေဧကတော်တော်များများ ရေနစ်မြှုပ်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလယ်မြေတွေပေါ်မှာ အချိန်မီ ပြန်စိုက်ပျိုး နိုင်ဖို့အတွက် နိုင်ငံတော်က စိုက်စရိတ်ချေးငွေ ထုတ်ချေးခဲ့ပါတယ်။ ဒါပေမယ့် အောက်ခြေက မသမာသူဝန်ထမ်းအချို့က စိုက်စရိတ်ချေးငွေကို ဖြတ် တောက်နေတဲ့အတွက် အပြည့်အဝမရခဲ့ပါဘူး”ပာု အထက်ပါတောင်သူက ပြောကြားသည်။

နိုင်ငံတော်မှ တောင်သူများအတွက် စိုက်စရိတ်ချေးငွေ ငါးထောင်ထုတ်ပေးပါက အုပ်ချုပ်ရေးမှူးက လေးထောင်သာ တောင်သူများလက်သို့ ထည့်၍ ကျန်တစ်ထောင်ကို စာရင်းဖောက်ဖျက်ထားသည့်အတွက် တောင်သူများမှာ ရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ရန် စိုက်စရိတ်မလုံလောက်သည့် အတွက် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

“ပဲခူးတိုင်းဒေသကြီးမှာ အဆိုးဆုံးပါပဲ။ နိုင်ငံတော်က စိုက်စရိတ်ချေးငွေချထားပေးလိုက်တယ်။ အုပ်ချုပ်ရေးမှူးက ကြားထဲက ဖြတ်တောက် တယ်။ ဘာကြောင့်ဖြတ်တောက်တယ်မေးတော့ မဖြေဘူး။ ခပ်တည်တည်လုပ်နေတယ်။ နောက်ပြီး အမှန်တကယ်ဒုက္ခရောက်တဲ့ လယ်တွေကို ထောက်ပံ့ ကြေးကော၊ မျိုးစပါးကော ဘာမှမပေးဘဲနဲ့ စပါးအထွက်ကောင်းတဲ့လယ်တွေကိုပဲပေးတယ်။ ဒီတော့ ဒီကတောင်သူတွေ ဆုပ်လဲဆူး၊ စားလဲရူးဆိုတဲ့ အခြေ အနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်”ပာု ပဲခူးတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လက ရာသီဥတုဖောက်ပြန်၍ လယ်မြေဧက ငါးသိန်းကျော် ရေနစ်မြှုပ်ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်တွင် တောင်သူများ မှာ ရာသီဥတုဖောက်ပြန်မှုများ၊ လယ်ယာမြေလုပ်သား ရှားပါးမှုများနှင့် စိုက်စရိတ်ချေးငွေ အပြည့်အဝမရရှိမှုများကြောင့် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိသည်။

Y

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြန်ကြားရေးဝန်ကြီးဌာနအား ပြောင်းလဲမှုများပြုလုပ်မည်

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ဒီမိုကရေစီနိုင်ငံသို့ လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် နိုင်ငံပိုင်ပြန်ကြားရေးဝန်ကြီးဌာနကို လည်း ပြောင်းလဲမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးရဲထွဋ်က စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းလျားလိတ်ပိာုတယ်တွင် ကျင်းပခဲ့သည့် ပြည်သူ့ဝန်ဆောင်မှု အသံလွှင့်လုပ်ငန်းဆွေးနွေးပွဲ ပထမနေ့တွင် ပြောကြားသည်။

“ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ နိုင်ငံပိုင်မီဒီယာဆိုတာမရှိပါဘူး။ ဒါကြောင့် တခြားဒီမိုကရေစီနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံရဲ့ ပြန်ကြား ရေးဝန်ကြီးဌာနကို ပြောင်းလဲသွားမှာပါ။ မီဒီယာလုပ်ငန်းဆိုတာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပဲ လုပ်ကိုင်ရမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။

ထို့ပြင် တိုင်းရင်းသားလူမျိုးများအတွက် နိုင်ငံပိုင်မီဒီယာများတွင်သာမက ပုဂ္ဂလိကပိုင် MRTV-4 နှင့် Sky Net ရုပ်သံလိုင်းများတွင် တိုင်းရင်း သားအစီအစဉ်များအား ထည့်သွင်းသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအလိုက် ထုတ်လွှင့်လျက်ရှိသော FM လိုင်းများတွင်လည်း တိုင်းရင်းသားဘာသာ စကားများဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းသားအစီအစဉ်တွေလုပ်မယ်ဆိုတာ မြန်မာ့အသံအနေနဲ့ကတော့ ဒီဂျစ်တယ်ပြောင်းပြီးမှ နောက်ထပ်ချယ်နယ်တွေ တိုးချဲ့သွားဖို့ရှိတာ ပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် နိုင်ငံပိုင်မီဒီယာများအနေဖြင့် ရုပ်သံမီဒီယာလုပ်ငန်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ ပုံနှိပ်မီဒီယာလုပ်ငန်းတွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် News Light of Myanmar တို့ဖြစ်ကြောင်း သိရသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

အင်အားကြီးပါတီအချို့ ပြန်လည်ဖွဲ့စည်းနေချိန်တွင် ပါတီငယ်များကလဲ ပြင်ဆင်လာ

ရန်ကုန်၊ စက်တင်ဘာ ၂၉။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနှင့် NLD ပါတီတို့က ပါတီညီလာခံများ ပြုလုပ်ကာ ခေါင်းဆောင်ပိုင်းများ ပြန်လည်ရွေးချယ်ခြင်း၊ ပါတီ ပြန်လည်ဖွဲ့စည်းခြင်းများ ပြုလုပ်ရန်စီစဉ်နေချိန်တွင် ပါတီငယ်အချို့ကလည်း ပါတီပြန်လည်ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။

လွတ်တော်အတွင်း တစ်နေရာမှမရရှိခဲ့သော အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်က အောက်တိုဘာလဆန်းပိုင်းတွင် ပါတီခေါင်းဆောင် ပိုင်းများ ပြန်လည်ရွေးချယ်ခြင်း ပါတီဝင်အသစ်များ ထပ်မံခေါ်ယူဖြည့်တင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသက်ဦးက ဆိုသည်။

“ပါတီမှာ သေတဲ့သူတွေကလဲ သေကုန်ပြီ၊ အသက်ကြီးလို့ ကျန်းမာရေးကြောင့် မလုပ်နိုင်တဲ့သူတွေကလည်း များလာတယ်”ဟု ပါတီ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ၎င်းက ရှင်းပြသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကလည်း ပါတီအဖွဲ့ခွဲများ တိုးချဲ့ဆောင်ရွက်ခြင်းကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဦးသု ဝေက ပြောကြားသည်။

“လူဘောင်သစ်ပါတီကို အင်အားတောင့်တင်းအောင် တိုးချဲ့သွားမှာပါ”ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးဇင်အောင်ကလည်း ဆိုသည်။

ကြံ့ခိုင်ရေးပါတီညီလာခံတွင် ဒု-ဥက္ကဋ္ဌနေရာအပါအဝင် ဗဟိုအလုပ်အမူဆောင်နေရာများ ပြန်လည်ရွေးချယ်ခြင်း မကြာခင်ကျင်းပမည့် ပြည်လုံး ကျွတ်ပါတီညီလာခံတွင် ပြုလုပ်မည်ဖြစ်ပြီး၊ အောက်ခြေအဆင့်များအထိ ပါတီဝင်များ ပြန်လည်စိစစ်ခြင်းကို ယခုလတ်တလော ပြုလုပ်လျက်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

“ပါတီဝင်ထားပြီး ပါတီအလုပ်မလုပ်တဲ့သူတွေကိုလည်း စိစစ်နေပါတယ်”ဟု ယခင် ကြားဖြတ်ရွေးကောက်ပွဲကာလ ရှုံးနိမ့်ခဲ့သော မြို့နယ်တစ်ခု တွင်ရှိသည့် ပါတီဝင်အင်အား၏ တစ်ဝက်မျှပင် မဲမရရှိခဲ့သောအခြေအနေကို ရည်ညွှန်း၍ ပြောကြားသွားခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဗဟိုအလုပ် အမှုဆောင်တစ်ဦးက ပြောကြားသည်။

NLD ပါတီညီလာခံကိုလည်း ကျင်းတော့မည်ဖြစ်ကာ၊ ယခုလတ်တလော မြို့နယ်ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“ဒေါ်စုကိုယ်တိုင် မဲမရရင် ပြုတ်သွားနိုင်ပါတယ်”ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ရွေးချယ်မည့် အနေအထားနှင့် ပတ်သက်၍ NLD ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးဟန်သာမြင့်က ဆိုသည်။

ရွေးကောက်ပွဲများအပြီးတွင် ပါတီများ ပြင်ဆင်ဖွဲ့စည်းခြင်းများနှင့် ပတ်သက်၍ နိုင်ငံရေးဖြစ်စဉ် တစ်ခုမျှသာဖြစ်ပြီး၊ မဖြစ်မနေ ဆောင်ရွက်ရမည် သာဖြစ်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ တစညပါတီမှ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးထွန်းရီက သုံးသပ်ပြော ကြားသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

ကျုံပျော်တွင် ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေ၊ နှစ်ဦး အရေးပေါ်အခြေအနေ

ရန်ကုန်၊ စက်တင်ဘာ ၂၈။

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှမ်းမဲကျေးရွာတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့တို့ အင်းကွက်လုသောပြဿနာ ဖြစ်ပွားနေချိန်တွင် အခြေအနေထိန်းသိမ်းနိုင်မှုမရှိသောကြောင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားစဉ်တွင် ဒေသခံရွာသား (၅)ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ၂ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်းနှင့် ၁ဦးမှာ စက်တင် ဘာလ ၂၈ရက်နေ့ နံနက် ၁၁ နာရီတွင် ပုသိမ်ဆေးရုံကြီး၌ သေဆုံးခဲ့ကြောင်း သိရသည်။

ကျန်ဒဏ်ရာရရှိသူ နှစ်ဦးဖြစ်သော ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းတို့ကို ပုသိမ်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ စက်တင်ဘာလ ၂၈ရက်နေ့ နေ့လည် ၃နာရီကျော်တွင် လွှဲပြောင်းပေးခဲ့ပြီး ည(၉)နာရီအချိန်ခန်တွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ ဒဏ်ရာရရှိသူနှစ်ဦး၏ အခြေအနေနှင့် ပတ် သက်၍ သက်ဆိုင်ရာအာဏာပိုင်များမှ ယခုအချိန်ထိ တိကျသော ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

“ကျနော်တို့ ဘာမှမထုတ်ပြန်နိုင်ပါဘူး၊ ဘာမှလည်းမသိသေးပါဘူး”ဟု လသာမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ဦးမြင့်ဝင်းက သတင်းထောက်များ၏ မေးမြန်း ချက်အား အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ဒဏ်ရာရရှိခဲ့သော ကာယံကရှင်၏ မိသားစုဝင်များကိုလည်း တွေ့ဆုံမေးမြန်းခွင့်မရရှိဘဲ လူနာများအား လိုက်လံပို့ဆောင်သော စေတနာရှင် ဝန်ထမ်းတစ်ဦးက “လူနာအခြေအနေက တော်တော်ဆိုးတယ်၊ သေနတ်ဒဏ်ရာကတော့ သေချာတယ် ပြန်ပြီး အခြေအနေကောင်းဖို့ မလွယ်ကူတော့ ဘူး”ဟု ဆိုသည်။

အင်းလုယက်မှုဖြစ်ပွားရာတွင် ရွာသားများ၊ အင်းပိုင်ရှင်များနှင့် ဒေသခံရဲတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ပစ်ခတ်မှုနှင့် ပတ်သက်၍ ပုသိမ် မြို့နယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ဝင်တစ်ဦးက “အင်းလုတဲ့ဖြစ်ပွားစဉ်ကိုတော့ အတိအကျမသိသေးဘူး၊ ဒါပေမယ့်ရွာသားတွေ က ခဲတွေနဲ့လည်း ပစ်ပေါက်တယ်၊ လေးခွတွေနဲကလည်းပစ်တော့ ရဲတွေက နောက်ဆုံး စည်းတစ်ခုထိ တားတယ်ထင်တယ်၊ အဲဒါကို ကျော်လွန်တဲ့အ တွက် ပစ်တာခတ်တာဖြစ်ပွားတာပါ၊ အခြေအနေမှန်တော့ စစ်ဆေးမှု စမယ်ထင်တယ်”ဟု ဖြေကြားသည်။

မင်းခဏ့်

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“အပြောင်းအလဲတွေရှိနေပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ရည်မှန်းထားတဲ့၊ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေး ပန်းတိုင်နားတော့ မရောက်သေးပါဘူး။ ကျွန်မတို့သွားနေတဲ့ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာဖို့အတွက် လိုအပ်တဲ့ ပြောင်းလဲ မှုတိုင်း အလုံးစုံ အပြည့်အဝ မရသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲမှုတွေတော့ ရှိနေပါတယ်”

စက်တင်ဘာ ၂၈ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ(၃၀) အမှတ် (၅၈၈) တွင်ပါရှိသည်“ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးအတွက် အမေရိကန်က လက်တွဲကူညီရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 -----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ ဒီကျောက်တိုင်ကို ကိုယ့်သဘောနဲ့ကိုယ် စိုက်တာမဟုတ်ဘူး။ ပြည်သူတွေရဲ့ဆန္ဒကို ခံယူတယ်၊ ကျောက်တိုင်ကို စိုက်ထူရမလားလို့ သုံးကြိမ်မေးတယ်။ အားလုံးက တညီတညွှတ်တည်း ထောက်ခံတဲ့အတွက် စိုက်ထူခဲ့ခြင်းဖြစ်ပါတယ်။ စိုက်ထူတဲ့အခါမှာလည်း ဒီကျောက်တိုင်ကို ဖယ်ရှား လိုသူဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားသူ မဟုတ်လို့သာ မြင်မယ်လို့ လူထုကို အသိပေးခဲ့ပြီးသားပါ”

အောက်တိုဘာ ၂ရက်နေ့ထုတ် news watch (စောင့်ကြည့်သတင်းဂျာနယ်) အတွဲ (၇) အမှတ် (၆၅) တွင်ပါရှိသည် “လူထုငြိမ်းချမ်းရေး ကျောက်တိုင် ပျောက်ဆုံး”သတင်းမှ Generation Wave(GW)မှ ကိုမိုးသွေးက စက်တင်ဘာ ၂၂ရက်တွင် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 -----------------------------------------------------------------------------------------------------------------------------------

“ဒီဥပဒေတစ်ခု ထပ်တိုးတာထက်စာရင် တည်ရှိနေတဲ့ ဥပဒေတွေထဲက ကျွန်တော်တို့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးနေတဲ့ အချိန်မရွေး အန္တရာယ် ပေးနိုင်တဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ အရင်ကြိုးစားသင့်တယ်လို့ ထင်တယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ဥပဒေတွေကို ပယ်ဖျက်လိုက် ရင် အများကြီး အသက်ရှုချောင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုတင်ရင်၊ ကျွန်တော်တို့ကလည်း ဒီမိုကရေစီအား နှောင့်ယှက်ဖျက်ဆီးမှုမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေမျိုးမတင်သင့်ဘူးလား။ ဒါက ဒီမို ကရေစီဘက်က ပြောတာပါ။ ဒါကြောင့် သတင်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေမျိုးတင်ရင်တော့ ဒီဥပဒေမျိုးကို လက်ခံပါတယ်”

စက်တင်ဘာ ၂၉ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၁) အမှတ်(၂၉) တွင်ပါရှိသည့် “မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အား မီဒီယာ ဥပဒေအသစ် ပြန်လည်ရေးဆွဲစေမည်”သတင်းမှ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဆရာဝံသ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive