Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီမြန်နှုန်းမြင့်ရန် စည်းကမ်းအရေးကြီးသည်

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီမြန်နှုန်းမြင့်ရန် စည်းကမ်းအရေးကြီးသည်

ဒေါက်တာဓမ္မပိယ (ITBMU)

(အောက်တိုဘာလ ၃ ရက်နေ့ထုတ် The Myanmar Post Journal မှ ထုတ်ယူဖော်ပြချက်။)

ခေတ်တွေပြောင်းလာပြီဆိုတော့ မြန်မာနိုင်ငံကို ခေတ်မီတိုးတက်တဲ့အသွင်နဲ့ တွေ့ချင်၊ မြင်ချင်သူတွေကလည်း များမှများ၊ အရိပ်တကြည့်ကြည့် နဲ့ စောင့်ကြည့်ရတာတွေကြာလာတော့ နှေးကွေးရကောင်းလားလို့ အားမလိုအားမရဖြစ်နေသူတွေ ရှိပါတယ်။

ဒီမိုကရေစီစနစ်ဆိုတာ လူတွေထင်ထားသလို ဖြစ်ချင်ရာတွေကို တင်ပြရင် တစ်ချက်လွှတ်အမိန့်တော်နဲ့ အလျှင်အမြန် ဆောင်ရွက်နိုင်တဲ့ သက်ဦး ဆံပိုင် ဘုရင်စနစ်မျိုးလည်း မဟုတ်ပါ။ အမိန့်အာဏာထုတ်ပြီးလျှင် “ရေဗူးပေါက်တာမလိုချင်၊ ရေပါဖို့ကအဓိက”ဆိုတဲ့ ချက်ချင်းအကောင်အထည် ဖော် ပေးရတဲ့ အာဏာရှင်စနစ်မျိုး မဟုတ်ပါ။ ဒီမိုကရေစီစနစ်ဆိုတာ တရားဥပဒေနှင့်အညီ အုပ်ချုပ်နိုင်ဖို့ ဥပဒေရေးရာတွေကို အမှားနည်းနိုင်သမျှနည်းအောင် ရေးဆွဲပေးရတဲ့ စနစ်မျိုးဖြစ်လို့ ဥပဒေရေးဆွဲရာမှာပဲဖြစ်ဖြစ်၊ စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရာမှာပဲဖြစ်ဖြစ် နှေးကွေးပါတယ်။ ဒါကို ပြည် သူ၊ ပြည်သားတွေ စိတ်ရှည်ရှည်ထားနိုင်ကြဖို့ပါ။

ဒီမိုကရေစီစနစ်ဟာ တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်းတို့ကို ပြုလုပ်ပြီးမှ အကောင်းဆုံးနည်းလမ်းတစ်ခု အသင့်တော်ဆုံး နည်းလမ်းတစ်ခုကို ရွေးချယ်အတည်ပြု၊ ပြဠာန်းပေးရတဲ့ စနစ်မျိုးဖြစ်လို့ အလျင်စလိုပြုလုပ်ပေးလို့ မရနိုင်ပါ။ ဥပဒေနှင့်အညီ စီမံကိန်းတစ်ခုကို ချမှတ်တဲ့ အခါ စီမံကိန်းနဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးနိုင်ဖို့ ပညာပေးတွေကို အရင် ပြုလုပ်ပေးကြရမှာပါ။ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည် ဖော် နိုင်အောင် စီမံဆောင်ရွက်ကြရမှာပါ။ ဥပမာ လာဘ်ပေး၊ လာဘ်ယူ ကိစ္စမျိုးပါ။ လာဘ်ပေး၊ လာဘ်ယူကင်းရှင်းတဲ့ နိုင်ငံဖြစ်ဖို့ တည်ထောင်နိုင်ဖို့ဟာ လွယ် ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါ။

နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒရေးရာတွေကို ပြည်သူတွေ စိတ်သန့်သန့်ရှင်းရှင်းနဲ့ လိုက်နာနိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေကို မူဝါဒအားဖြင့် မချမှတ်ခင် သို့မဟုတ် မူဝါဒကိုချမှတ်ပြီးတဲ့အခါ ဒီမူဝါဒရဲ့ ရည်ရွယ်ချက်တွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို ပြည်သူ၊ ပြည်သားတွေ သိအောင် ကြိုတင်အသိပေးထားရပါမယ်။ ဥပမာ အခွန်ဘဏ္ဍာကိစ္စမျိုး၊ ပညာရေးပြုပြင်ပြောင်းလဲမယ့်ကိစ္စမျိုး ကြိုတင်သိထားမှ ကြိုတင်ပြင်ဆင်နိုင်မှာပါ။ တစ်ကယ် တော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ဘယ်ကိစ္စမျိုးကိုမှ ပုန်းလျှိုးကွယ်လျှိုးပြုလုပ်နေစရာ အကြောင်းမရှိပါ။ စနစ်ဆိုတာ ပြည်သူ၊ပြည်သားတွေကပါ ပါဝင်လိုက်နာကျင့်သုံးနိုင်ပါမှ စည်းကမ်းပြည့်ဝတဲ့စနစ်၊ စည်းကမ်းပြည့်ဝတဲ့ လူမျိုးဆိုတာ ဖြစ်လာနိုင်မှာပါ။ စည်းကမ်းရှိတဲ့ ပြည်သူတွေများလာပါမှ စည်း ကမ်းရှိတဲ့နိုင်ငံဆိုတာ ဖြစ်လာမှာပါ။ ဆိုလိုချင်တာကတော့ အဆင့်ရှိရှိကမ္ဘာနဲ့ ဆက်ဆံချင်ရင် နေတက်၊ ထိုင်တက်ဖို့ လိုပါတယ်။ ကွမ်းကို စည်းမဲ့ကမ်းမဲ့ ထွေး။ ဆေးလိပ်ကို စည်းမဲ့ကမ်းမဲ့သောက်။ အမှိုက်တို့၊ စားပြီးသောက်ပြီး အချဉ်ထုပ်အခွံ၊ ငှက်ပျောခွံ၊ ဖျော်ရည်ဗူးခွံ စတာတို့ကို စည်းမဲ့၊ ကမ်းမဲ့ စွန့်ပစ် တာမျိုးတွေဟာ အဆင့်ရှိတဲ့ လူမျိုးတို့ရဲ့ အမူအကျင့်တွေမဟုတ်ပါဘူး။ သတိထားဆင်ခြင်သင့်ပါတယ်။ “မြန်မာလူမျိုးတွေ စည်းကမ်းမရှိဘူး”တဲ့။ မြန်မာ နိုင်ငံလောက် စည်းကမ်းများတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ရှိမှာမဟုတ်ပါ။ ဟိုနားမှာလည်းစည်းကမ်း၊ ဒီနားမှာလည်းစည်းကမ်း၊ စည်းကမ်းနို့တစ်ဘုတ်တွေ များ လွန်းလှပါတယ်။ တစ်ကယ်တော့ စည်းကမ်းမရှိတာ မဟုတ်ပါ။ မလိုက်နာတာပါ။ စည်းကမ်းရေးဆွဲရတယ်ဆိုတာ ဖတ်ရန်မျှသာမဟုတ်ဘဲ လိုက်နာနိုင်ဖို့ အ ရေးကြီးပါတယ်။ စာသင်ကျောင်းတစ်ကျောင်း သို့မဟုတ် ရုံးတစ်ရုံးရဲ့ အဝန်းအဝိုင်းထဲကို ဝင်ကြည့်ပါ။ စည်းမျဉ်း၊ စည်းကမ်းတွေက များလွန်းလှပါတယ်။ ရှိသမျှ စည်းမျဉ်း၊ စည်းကမ်းတွေကိုသာ အကုန်အစဉ်ဖတ်ရမယ်ဆိုရင် အလုပ်တောင်လုပ်ချိန်ရမှာ မဟုတ်ဘူး။ စည်းမျဉ်း၊ စည်းကမ်းတွေ ပြည်သူ၊ ပြည် သားတွေ လိုက်နာစေချင်ရင် နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးနိုင်ရပါမယ်။ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာစေချင်ရင် နံပါတ် ၁ က ကျောသား၊ ရင်သားမခွဲခြားဘဲ ဆက်ဆံပေးဖို့ပါ။ ရာထူးရှိသူ၊ ရာထူးမဲ့သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ပေးကမ်းနိုင်သူ၊ မပေးကမ်းနိုင်သူရယ်လို့ ခွဲခြားဆက်ဆံမှု မပြုဘဲ အပြစ်ရှိသူကို အပြစ်နဲ့တန်အောင် အရေးယူပြီး အပြစ်ကင်းစွာနေထိုင်နိုင်ဖို့ ကာကွယ်ပေးရပါမယ်။ အများမျှော်လင့်ထားတဲ့ ဥပဒေစိုးမိုးရေးဆိုတာ ဒီအခြေခံသဘောတရားတွေကို အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။

ဥပဒေစိုးမိုးရေးဆိုတဲ့ စကားကို မြန်မာပြည်သူ၊ ပြည်သားတွေ ဂဃနဏ နားလည်ထားကြဟန် မတူသေး။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်အိမ်ရှေ့ ကို အမှိုက်လာပစ်ရင် မကြိုက်သော်လည်း သူများအိမ်ရှေ့ကို ကိုယ်တိုင်က အမှိုက်ပစ်နေကြတယ်။ စည်းကမ်းမှာ ခြွင်းချက်ထားပြီး ကျင့်သုံးလို့မရပါ။ ခြွင်း ချက်ထားပြီး ကျင့်သုံးနေကြရင် လူမျိုးပျောက်သွားခဲ့ရတဲ့ သာဓကတွေ သမိုင်းမှာထင်ကျန်နေဆဲ ရှိနေပါသေးတယ်။

တစ်ချိန်တစ်ခါက မြန်မာနိုင်ငံမှာ စည်းကမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အထက်အဖွဲ့အစည်းနှင့် အောက်အဖွဲ့အစည်း အတော်ကို ကွာခြားသွားခဲ့ ပါတယ်။ ဥပမာ-လူကြီးတွေရဲ့ကားနဲ့ဖြစ်စေ၊ လူကြီးသားသမီးတွေရဲ့ ကားနဲ့ဖြစ်စေ မီးနီကို ဖြတ်ကူးလို့ ယာဉ်ထိန်းရဲက အဲဒီကားကို တားဆီးမိခဲ့ရင် အဲဒီ တားဆီးမိတဲ့ ယဉ်ထိန်းရဲ ထုချေလွှာတင်ရတဲ့အဖြစ်မျိုးပါ။ အဲဒီအချိန်အခါက ယာဉ်စည်းကမ်းထိန်းရဲတွေဟာ လူကြီးတွေရဲ့ကား၊ အရပ်သားတွေရဲ့ ကား တွေကို ခွဲခြားမှတ်သားထားရပါတယ်။ ဒါ ကြောင့် ရဲတွေကလည်း အရပ်ဘက်ကကားတွေကို ဖမ်းဆီးခဲ့ရင် လာဘ်ပေး၊ လာဘ်ယူ ပြုလုပ်ခြင်းဖြင့် အားလုံး အိုကေ ဖြစ်သွားရပါတယ်။

ဒီဖြစ်ရပ်မျိုးတွေ သင်ခန်းစာယူပြီး ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက် ကျင့်သုံးတော့မယ်ဆိုရင် လာဘ်ပေး၊ လာဘ်ယူကိစ္စမျိုးမှာ လာဘ်ယူ သူကို အရေးယူသင့်သလို လာဘ်ပေးသူတွေကိုလည်း အရေးယူသင့်ပါတယ်။ ဒီလိုပြုလုပ်နိုင်မှသာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်မှာ လာဘ်ပေး၊ လာဘ် ယူကိစ္စတွေ ကင်းရှင်းသွားမှာပါ။ တစ်ကယ်တော့ ဒီလာဘ်ပေး၊ လာဘ်ယူကိစ္စတွေဟာ နေရာတိုင်း၊ ဌာနတိုင်းမှာလိုလို ယနေ့အချိန်ထိ ရှိနေဆဲပါ။ သူ့နည်း သူ့ဟန်နဲ့ လှုပ်ရှားနေကြဆဲပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းအားလုံးကို ခြုံငုံကြည့်တော့ စနစ်တစ်ခုရဲ့ ချို့ယွင်းချက်ဟာ ပြည်သူ၊ ပြည်သားတွေရဲ့ စိတ် ဓါတ်တွေကို ဘယ်လောက်အထိ ပျက်ပြားသွားစေခဲ့တယ်ဆိုတာ သိသာလှပါတယ်။

အမှားဆိုတာ သိလို့မှားတာပဲဖြစ်ဖြစ်၊ မသိလို့မှားတာပဲဖြစ်ဖြစ် ဘယ်အမှားမျိုးမှ မကောင်းပါ။ စည်းမျဉ်း၊ စည်းကမ်းဆိုတာ လိုက်နာဖို့ပါ။ ခွင့်လွှတ် ဖို့ မဟုတ်ပါ။ တိုင်းပြည်တွင်းမှာ ပြည်သူ၊ ပြည်သားတိုင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့ဆိုတာ စည်းကမ်းရှိမှဖြစ်မှာပါ။ စည်းကမ်းပြည့်ဝတဲ့ နိုင်ငံတော် သစ်တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အလိုအပ်ဆုံးအရာဟာ လူတွေစည်းကမ်းရှိမှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေစည်းကမ်းရှိဖို့ အရေးကြီးပါ တယ်။ ပြည်သူတွေစည်းကမ်းရှိရင် ဒီမိုကရေစီစနစ်တိုးတက်မှု မနှေးကွေးနိုင်တော့ပါဘူးလို့ ဆိုချင်ပါတယ်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မန္တလေးမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်း ABSDF က သမ္မတထံစာပို့မည်
  1. ပုဂ္ဂလိကဘဏ်များတွင်ပါ လယ်ပေါင်ခွင့်ရရှိရေး တောင်းဆိုမည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံအား ချေးငွေပေးမည်
  1. အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်
  2. ဖားအံမြို့ရှိ ဗပိာုအဆင့်ဆက်သွယ်ရေးရုံးနှင့်ပတ်သက်၍ KNU ကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မန္တလေးမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်း ABSDF က သမ္မတထံစာပို့မည်

မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းအား အယုံအကြည်မရှိကြောင်း ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ပောာင်းများအဖွဲ့က သမ္မတထံ စာပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးမြို့တော်ဝန်ပာာ ပြည်သူတွေရဲ့အသံကိုနားထောင်မှုမရှိဘဲ လုပ်ချင်ရာကိုလုပ်နေပါတယ်။ ဒီကိစ္စတွေအတွက် သမ္မတဆီကို မန်းမြို့တော် ဝန်ကို အယုံအကြည်မရှိကြောင်း စာပို့သွားမှာပါ။ လက်ရှိမှာလည်း ပြည်သူတွေရဲ့ ဆန္ဒမဲလက်မှတ်တွေကို ရယူနေပါတယ်။ ပြီးတော့ ပြည်သူတွေအပေါ် မတရားတရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့လည်း တိုင်ကြားသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မန်းမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်းတိုင်စာအား စက်တင်ဘာလကုန်တွင် သမ္မတထံသို့ပေးပို့သွားမည်ဖြစ်ပြီး ယင်းသို့တိုင်ကြားနိုင်ရန် ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများသာမက အခြားအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးအောင်မောင်းသည် ၎င်း၏ မန္တလေးမြို့တော်ဝန်အဖြစ် စတင်တာဝန်ယူသည့် သက်တမ်းခြောက်လအတွင်း ဈေးချိုပျံကျကုန်စိမ်းဈေး အပြောင်းအရွှေ့ကိစ္စရပ်များ၊ ချမ်းမြေ့ သာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လယ်ယာမြေပြဿနာများတွင် တပ်ဖွဲ့အင်အား အများအပြားအသုံးပြု၍ မန္တလေးဒေသခံပြည်သူများအား နှိမ်နင်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ခုလိုလုပ်ဆောင်တာပာာ ပုဂ္ဂိုလ်ရေးမုန်းတီမှု တစ်စွန်းတစ်စတောင်မပါပါဘူး။ သူ့သက်တမ်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေကို မလိုအပ်ဘဲ အများအပြားသုံးတယ်။  ပြည်သူတွေရဲ့ စိတ်ဓာတ်ရေးရာတွေကို ချိုးနှိမ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ခု ဆန္ဒမဲရယူပြီး တာနဲ့ သူ့ကိုပြန်ရုတ်သိမ်းဖို့အတွက် လုပ်ဆောင်တော့မှာပါ”ပာု ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

လက်ရှိ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးအောင်မောင်းသည် အစိုးရသစ်လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကဘဏ်များတွင်ပါ လယ်ပေါင်ခွင့်ရရှိရေး တောင်းဆိုမည်

တောင်သူလယ်သမားတို့၏ ဘဝအဆင်ပြေချောမွေ့စေရေးနှင့် စိုက်စရိတ်ချေးငွေအပြည့်အဝ ရရှိနိုင်စေရေးအတွက် ပုဂ္ဂလိကဘဏ်များတွင်ပါ လယ်ပေါင်ခွင့်ရရှိရေး မြန်မာနိုင်ငံဆန်စပါးအသင်းမှ သက်ဆိုင်ရာသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“လယ်ယာမြေဥပဒေမှာပါတာက လယ်ယာမြေတွေကို ပေါင်မယ်ဆိုရင် အစိုးရဘဏ်တွေမှာသာ ပေါင်ရမယ်ဆိုပြီး ကန့်သတ်ထားပါတယ်။ ဒီကိစ္စ အတွက် ပုဂ္ဂလိကဘဏ်တွေမှာပါ တောင်သူတွေလယ်ပေါင်ခွင့်ရရေးအတွက် ကျွန်တော်တို့ တောင်းဆိုသွားမှာပါ။ တောင်သူတွေအတွက် အဆင်ပြေနိုင်ဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာပါ”ပာု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် လယ်သမားများအဆင်ပြေနိုင်စေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်းသီးနှံစိုက်ပျိုးစရိတ် သန်းပေါင်း ၅၀၀၀၀ ကျော် ထုတ် ချေးပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလမှစတင်၍ ချေးငွေမျာအား ဘဏ်ခွဲများတွင် ရန်ပုံငွေပေး၍ တောင်သူများအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း စိုက်ပျိုးစရိတ်ချေးငွေဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေ ငါးသောင်းကျော် ထုတ်ချေးပေးသွားမှာပါ။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ်လယ်သမား တွေအတွက် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်ကို သုံးကြိမ်ထုတ်ချေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက တောင်သူတွေကို ထုတ်ချေးခဲ့ပေမယ့် ကြွေးတွေကျန် နေပါသေးတယ်။  ကြွေးကျန်တွေအတွက် ဒဏ်ကြေးအဖြစ် ငွေတစ်ရာကို တစ်ကျပ်တိုးဆိုပြီး သတ်မှတ်ထားပါတယ်”ပာု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမိန့်ကြေငြာစာအမှတ် ၂/၂၀၁၂ ဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် အစိုးရ ဘဏ်(သို့)အစိုးရက သတ်မှတ်ထားသော ဘဏ်တစ်ခုတွင်သာ လယ်ယာမြေ ပေါင်နှံရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြဲ့ပီး ပေါင်နှံသည့် လယ်ယာမြေအတွက် ခိုင်မာသောစာချုပ်တစ်ရပ်ထားရှိရမည်ဖြစ်ကြောင်း လယ်ယာမြေနည်းဥပဒေတွင် ဖော်ပြပါရှိသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံအား ချေးငွေပေးမည်

နိုင်ငံတကာရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက မြန်မာနိုင်ငံအား ချေးငွေဒေါ်လာ သန်းတစ်ထောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

“မြန်မာနိုင်ငံကိုချေးငွေပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြင်ဆင်နေတယ်ဆိုတာ ဂျပန်နိုင်ငံထုတ်သတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံကိုကာလတိုချေးငွေပေးဖို့ အလားအလာရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အမေရိကန် နိုင်ငံကလည်း ပို့ကုန်တင်ပို့မှုကန့်သတ်ထားတာကို ဖြေလျော့ပေးလိုက်ပါပြီ”ပာု ဗပာိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအားချေးငွေထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် ဘဏ်ကြီးများနှင့် အဖွဲ့များမှာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး ရေးဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ဖြစ်ပြီး မကြာမီပြုလုပ်မည့် IMF အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့၏ အထောက်အပံ့ချေးငွေများကို ပေးအပ်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

“နိုင်ငံတကာက ဒီပိုက်ဆံတွေကို ထပ်ပြီးချေးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကြွေးမြီက တစ်ဘီလျံထိကိုရှိသွားပါပြီ။ ဂျပန်နိုင်ငံကလည်း မြန်မာ နိုင်ငံကို ပိုက်ဆံချေးဖို့ ပြင်ဆင်နေပါတယ်။ ADB နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ အစည်းအဝေးမှာတော့ အမေရိကန်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့လို့ နိုင်ငံကို ပိုက်ဆံထုတ်မချေးနိုင်ခဲ့ပါဘူး”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ဂျပန်နိုင်ငံက ပြီးခဲ့သည့် ဧပြီလပိုင်းတွင် မြန်မာနိုင်ငံအပေါ်ကြွေး ယန်းဘီလျံ ၃၀၀ကို သက်သာခွင့်ပေးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ADB၊ ကမ္ဘာ့ ဘဏ်နှင့် အခြားအဖွဲ့အစည်းများကို မြန်မာနိုင်ငံမှ ၎င်းတို့ရရန်ရှိသည့် ကြွေးမြီအချို့အဝက်ကို လျှော့ချပေးရန် တောင်းဆိုထားကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်

လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry ကသတ်မှတ်ခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစု ကြည်နေ့သတ်မှတ်ဖို့ မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပာာ တစ်ခေတ်မှာတယောက်ပဲ ပေါ်လာနိုင်မှာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီကြိုးပမ်းမှုတွေအတွက် အမေရိကန်နိုင်ငံကတောင် အသိအမှတ်ပြုတဲ့အနေ နဲ့ ခုလိုသတ်မှတ်ပေးခဲ့တာ အရမ်းကိုကောင်းပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်လည်း တကယ်ကို ဂုဏ်ယူဖွယ်ရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပာန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် ပန်းတိုင်က သိပ်မဝေးတော့ပါဘူး”ပာု မြန်မာ့အရေးလေ့လာနေ သူတစ်ဦးက ဆိုသည်။

အမေရိကန်နယူးယောက်မြို့သို့ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၊ ကပ်ပီတော်၌ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု(ကွန်ဂရက်)ရွှေတံဆိပ်ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝါရှင်တန်မြို့ ကက်ပီတော်၌ ရုံးစိုက်သော NED(National Endowment for Democracy)ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့အခြေစိုက် အတ္တလန်တစ်ကောင်စီမှ ချီးမြှင့်သော ၂၀၁၂ ဂလိုဘယ်နိုင်ငံကြီးသားဆုအားလည်းကောင်း၊  နယူးယောက်မြို့၊ ကွင်းစ်ကောလိပ်ကျောင်းသားများအား စကားပြောအပြီး ကျောင်းအထိမ်းအမှတ်လက်ဆောင်အားလည်းကောင်း ရရှိခဲ့သည်။

                              YC

-----------------------------------------------------------------------------------------------------------------------

ဖားအံမြို့ရှိ ဗပိာုအဆင့်ဆက်သွယ်ရေးရုံးနှင့်ပတ်သက်၍ KNU ကြေညာချက်ထုတ်ပြန်

ဖားအံမြို့၌ ဖွင့်လှစ်မည့် ဗပာိုအဆင့် ဆက်သွယ်ရေးရုံးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဗပိာုဌာနချုပ်မှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်၌ စက်တင်ဘာလ ၂၇ ရက်နေ့တွင် KNU မှ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးသည် ခရိုင်၊ တပ်မပာာအချို့မှ ခေါင်းဆောင်များကို ခေါ် ဆောင်၍ မြန်မာအစိုးရနှင့် တွေ့ဆုံရန်ထွက်ခွာသွားပြီး ဖားအံမြို့၌ ဗပာိုအဆင့်ဆက်သွယ်ရေးရုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ဖော်ပြပါရှိသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီး မူတူးစေဖိုး၏ ခရီးစဉ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ စီစဉ်ဆောင်ရွက်သည့်ခရီးစဉ်မပာုတ်ကြောင်း၊ ကရင် လွတ်မြောက်ရေးတပ်မတော်(KNLA) ဗပိာုစစ်ဌာနချုပ်၏ အစီအစဉ်မပာုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးလိုသည့်အကြောင်းအရာများကို KNU ဗပိာုအ နေဖြင့် တစ်စုံတစ်ရာသိရှိခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်မှ သဘောတူညီမှု လက်မှတ်ရေးထိုးသည့်အကြိမ်တိုင်းတွင် မြန်မာအစိုးရနှင့် KNU တို့၏ သ ဘောတူညီမှုအဖြစ်သာ ဆောင်ရွက်ခဲ့ကြပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာတို့အကြား လက်မှတ်ရေးထိုးသည့် အထူးသီးသန့် သဘောတူညီမှုများမပာုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ကရင်အမျိုးသားအစည်းအရုံး၏ ဌာန(၁၄)ခုအနက် တစ်ခုဖြစ်သည့် ကရင်အမျိုးသား ကာကွယ်ရေးဌာန၏ အုပ်ချုပ်သူနှင့် ဦးဆောင်မှုအောက်တွင်သာရှိပြီး ကရင်အမျိုးသားအစည်းအရုံးသည် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး စစ်မှန်သော ငြိမ်း ချမ်းရေးရရှိရန် ခိုင်မာစွာဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးရေးအစီအစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

NT

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံက အီတာလျံ-ထိုင်းကုမ္ပဏီကလုပ်ဆောင်နေတာဖြစ်ပြီး သူတို့က ဂျပန်မှာရှိတဲ့ အဓိကကုမ္ပဏီကြီးတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ ထားဝယ်စီမံကိန်းက မဲခေါင်ဒေသအတွက်ရော အာဆီယံနိုင်ငံအတွက်ပါ အရေးကြီးတဲ့ ကြီးမားတဲ့စီမံကိန်းတစ်ခု ဖြစ်တာကြောင့် မြန်မာရော ထိုင်းနိုင်ငံအတွက်ပါ ဂျပန်က ပူးပေါင်းဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါ ပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ဒီစီးပွားရေးဇုန်စီမံကိန်းကို ဖော်ဆောင်သွားမယ်ဆိုတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ MOU တွေ၊ အခြားသ ဘောတူစာချုပ်တွေကို ဂျပန်အစိုးရနဲ့ရော စီးပွားရေးလုပ်ငန်းတွေနဲ့ပါ လက်ရှိမှာ လုပ်ဆောင်ထားခြင်း မရှိပါဘူး”

အောက်တိုဘာ ၃ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၇) အမှတ် (၅၂)တွင်ပါရှိသည့်“ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့်သဘောတူညီချက်မျှ မရှိသေး”သတင်းမှ ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် JCCI ၏ မဲခေါင် ဒေသဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီဥက္ကဋ္ဌ မစ္စတာ ကိုဟိဝါတာနာဘဲ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“သမ္မတကြီးပြောသွားသလိုပဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကျွန်တော်တို့နိုင်ငံမှာ နှစ်နိုင်ငံနိုင်ငံသားခံယူခွင့်ကို ခွင့်ပြုမထားပါဘူးလို့ ပြောချင်ပါ တယ်။ ဒါ့ကြောင့် နိုင်ငံရပ်ခြားကိုထွက်သွားတဲ့ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့လူတွေအတွက် စနစ်သစ်တစ်ခု ထုတ်ပြန်ဖို့ ကြိုးစားနေပါတယ်။ အဲဒီ စနစ် အသစ်ကတော့ (PR) စနစ်ပါ။ အမြဲတမ်းနေထိုင်ခွင့် Permanent Resident စနစ်ဖြစ်ပါတယ်။ ဒီစနစ်အရဆိုရင် တခြားနိုင်ငံမှာ နိုင်ငံသားခံယူထားပြီး မြန် မာနိုင်ငံမှာ ပြန်လာနေချင်တဲ့ သူတွေအတွက် သူတို့ရှိထားတဲ့ နိုင်ငံသားအဖြစ်ကို စွှန့်လွှတ်စရာမလိုတော့ပါဘူး။”

အောက်တိုဘာလ ၃ ရက်နေ့ထုတ် Nweday News Journal အတွဲ (၁)၊ အမှတ် (၃၀) တွင်ပါရှိသည့် “ပြည်ပတွင် နိုင်ငံသားခံယူထားသော မြန်မာလူမျိုး များ တစ်ဖက်နိုင်ငံသားခံယူထားမှုကို မစွှန့်လွှတ်ဘဲ မြန်မာနိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်”သတင်းမှ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“ချိုးဖောက်ခံရတာများနေတော့ ဘယ်အချက်နဲ့ကိုင်ပြောသလဲပဲကွာနေတာ၊ ရှေ့ကလူတွေပြောသလို အက်စစ်ငွေ့တွေ ပြန့်နေတာ ဒေသခံတွေ သိခွင့်မရှိ ဘူး။ ဘယ်လောက်ဆိုးသလဲ။ စီးပွားရေးဆိုတာ လူ့အခွင့်အရေးနဲ့ ချိန်ခွင်လျှာညှိပြီး လုပ်ရမှာ။”

အောက်တိုဘာလ ၃ ရက်နေ့ထုတ် The Myanmar Post Journal အတွဲ (၄) အမှတ် (၃၈) တွင်ပါရှိသည့် “ကြေးနီတောင်စီမံကိန်းလုပ်ဆာင်ချက်များ လူ့အခွင့်အရေး ၁၁ရက်ကို ချိုးဖောက်လျက်ရှိ”သတင်းမှ Innovative လူ့အခွင့်အရေးအဖွဲ့ မှ ဦးဇော်မျိုးအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive