Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူအများကြား တရားဝင်မှုတည်ဆောက်မှသာ

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူအများကြား တရားဝင်မှုတည်ဆောက်မှသာ

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် မှန်ကန်မှုရှိသည့် အပြောင်းအလဲများကို စနစ်တကျ ဆောင်ရွက်သွားနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိပြီးပြီ ဖြစ်သည်။ ပြည်တွင်း၌လည်း နိုင်ငံရေးစနစ်အပြောင်းအလဲအပေါ် ပြည်သူများ၏ ယုံကြည်မှုမှာ တဖြည်းဖြည်း တိုးမြှင့်လာလျက်ရှိသည်ကို တွေ့မြင်ရသည်။ စီးပွားရေးအပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ပြည်သူအများ အပြောင်းအလဲကို တိုက်ရိုက်ခံစားခွင့် မရှိသေးသော်လည်း နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးအပြောင်းအလဲကိုတော့ အထူး မျှော်လင့်မိကြသည်မှာ အမှန်ပင်ဖြစ်သည်။

သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ၏ ဂယက်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အနောက်နိုင်ငံများလို ပြည်သူများ၏ နိုးကြားမှုဖြင့် အသွင်ကူးပြောင်းခဲ့သည့် bottom-up model မျိုးမဟုတ်။ သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲလို့ဆိုရမည့် imposed transition ဖြင့် အသွင်ကူးပြောင်းခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အကြီး အကဲများ၏ ကြီးမှူးမှုဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ယခင်တပ်မတော် တပ်ချုပ်ကြီး သန်းရွှေ၏ အာဏာနေရာ ခွဲဝေ ချထားမှု (power allocation) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပုံဖော်လာရသည်ဆိုလျှင် အတိုင်းအတာတစ်ခုထိတော့ မှန် ကန်မှုရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲအပေါ် အပေါင်းလက္ခဏာဆောင်သည့် တိုးတက်ဖြစ်ထွန်းမှုများအဖြစ် အသိအမှတ် ပြုကြသော်လည်း စနစ်အတွင်း ပြုပြင်ပြောင်းလဲမှု လိုလားသူခြင်း မညီမညွတ်ဖြစ်နေခြင်းကိုတော့ ဝေဖန်ထောက်ပြကြသည်။ ဤသို့ဖြစ်ရခြင်း၏ အ ကြောင်းရင်းကို စီစစ်ကြည့်လျှင် ယခင်နိုင်ငံတော်အကြီးအကဲ တပ်ချုပ်ကြီး၏ အာဏာနေရာခွဲဝေချထားမှုကြောင့် သမ္မတနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ကြား တင်းမာမှု ပေါ်ပေါက်လာရသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း အစိုးရအဖွဲ့ဝင်မှာ ပါတီဝင်မဖြစ်ရဟု ပြဋ္ဌာန်းထားသည့် အတွက်ကြောင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့မှာ အာဏာခွဲဝေကျင့်သုံးမှု ပီပီပြင်ပြင်ရှိလှသည်ဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ခုံရုံး ကိစ္စကိုကြည့်လျှင် အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာကြား နိုင်ငံရေးညီညွတ်မှုအပ်ကြောင်း ဖြစ်သွားနိုင်သည်အထိ ပြင်းထန်သည့် အာဏာ လွန်ဆွဲပွဲတစ်ရပ်ဖြစ်သည်ဟု ကောက်ချက်ချ၍ ရနိုင်သည်။

သမ္မတအပေါ် ထောက်ခံမှု

နိုင်ငံတကာမှ သမ္မတဦးသိန်းစိန်ကို ချီးကျူးကြသည့်အချက်မှာ လူထုဆန္ဒမပါသည့် သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲအပေါ် နိုင်ငံရေး စေတနာဖြင့် ပြည်သူအများမျှော်လင့်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် နိုင်ငံရေးဖြေလျှော့မှုများ၊ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ်အောင် တဖြည်းဖြည်းဆောင်ရွက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သမ္မတအနေဖြင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်၊ မဝင်ဆိုခြင်းမှာ ယခုအချိန်ထိတိုင် တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း လာမည့်ရွေးကောက်ပွဲကို ဝင်မည်ဆိုလျှင်တော့ ပြည်တွင်း၌ လူထုထောက်ခံမှုကို ယခုထက်ရရှိအောင် ဆောင် ရွက်နိုင်မှဖြစ်မည်။ တနည်းဆိုရလျှင် ကိုယ်လူ့အဖွဲ့အစည်းအတွင်း၌ ကိုယ့်ရဲ့တရားဝင်မှုကို တည်ဆောက်နိုင်ရန်ပင် ဖြစ်သည်။ ယခုတွင်ရော တည် ဆောက်နိုင်ပြီလောဟု မေးစရာရှိလာသည်။ အောက်တိုဘာ ၁ ရက်နေ့က သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်မှ မြန်မာပြည်သို့ပြန်အလာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်သူအများ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်ကို ကြည့်ခြင်းအားဖြင့် “ဒါဟာ ငါတို့နိုင်ငံ၏ သမ္မတကြီး” ဟူသော ခေါင်းဆောင်တစ်ဦးအပေါ် ယုံကြည်မှုကို ပြည်သူများတွင် ရှိလာပြီဟု ဆိုနိုင်သည်။

ခေါင်းဆောင်နှင့် ပြည်သူများ တရားဝင်မှု အနေအထား

မြန်မာနိုင်ငံသည် လူလတ်တန်းစားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုမဟုတ်သေးသည့်အပြင်၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် ဆယ်စုနှစ်ပေါင်း များစွာ ကင်းကွာနေခြင်းကြောင့် ပြည်သူများကြားတွင် ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုထွန်းကားဖို့ အချိန်ယူတည်ဆောက်ရဦးမည် ဖြစ်သည်။ ထိုသို့ တည်ဆောက်ရာတွင် မြန်မာနိုင်ငံတွင် အများစုဖြစ်သော အခြေခံလူတန်းစားများ၏အကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်သူမှာ ပြည်သူများအကြား တွင် ယုံကြည်အားထားလောက်သည့် ခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာပေဦးမည်။ တနည်းဆိုရလျှင်ခေါင်းဆောင်နှင့် ပြည်သူများအကြား တရားဝင်မှု အနေအထား (elite-mass legitimacy) မြင့်မားလာဖို့ပင် ဖြစ်သည်။ ဒီမိုကရက်တစ်အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည်မှာ ထိုသို့ ပြည်သူအများ၏ ချစ်ခင် လေးစားမှုကို ရယူထားနိုင်ပြီးဖြစ်သည်။ ယခုနိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်သူအများ၏ ထောက်ခံမှု တဖြည်းဖြည်းတက်လာသည့် သမ္မတဦးသိန်းစိန်အနေဖြင့်လည်း သူ၏ စီးပွားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျန် သည့် သမ္မတသက်တမ်းအတွင်း ထင်သာမြင်သာသည့် ရလဒ်ပေါ်ထွန်းအောင် ဆောင်ရွက်နိုင်ပါက သူ၏ခေါင်းဆောင်မှုအပေါ် ပြည်သူအများက ပိုမို ယုံကြည်လာမည်ပင်ဖြစ်သည်။ အသစ်ပေါ်ထွန်းလာသည့် မြန်မာနိုင်ငံသည် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး တည် ဆောက်ရေးဆိုသည့် စိန်ခေါ်မှုများကို ကြုံတွေ့ နေရသည်ဖြစ်ရာ သမိုင်းဝင်အချိုးအကွေ့ဟုလည်း ဆို၍ရနိုင်သည်။ ယင်းစိန်ခေါ်မှုများကို ကျော်လွှား သွားနိုင်ဖို့ရာမှာ နိုင်ငံရေးအင်အားစုများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရုံမျှမက ပြည်သူအများပါ ပူးပေါင်းပါဝင်နိုင်အောင် ဆောင်ရွက်နိုင်ဖို့လိုအပ်ပါ ကြောင်း….။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်းမှုအား ဆန္ဒပြကန့်ကွက်သွားမည်
  2. ပြည်တွင်း၌ စက်မှုဇုန် ၇ ခုထပ်မံတိုးချဲ့မည်
  3. ပြည်တွင်းသို့ တရုတ်ဆေးဝါးအတုများဝင်ရောက်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. မြန်မာ-အမေရိကန် စစ်ရေးပူးပေါင်းလေ့ကျင့်မည်မပာုတ်ကြောင်း သမ္မတငြင်းဆို
  1. ပြည်ခိုင်ဖြိုးပါတီညီလာခံတွင် ဥက္ကဋ္ဌသစ်ရွေးချယ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်းမှုအား ဆန္ဒပြကန့်ကွက်သွားမည်

စစ်တွေ၊ အောက်တိုဘာလ ၁။

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည်နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့် ဘင်္ဂါလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်နိုင်ရန်နှင့် ဘာသာ ရေးလုပ်ငန်းများ လုပ်ဆောင်မည့်အစီအစဉ်အား အစိုးရအဖွဲ့မှခွင့်ပြုမည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများအနေဖြင့် ဆန္ဒပြကန့်ကွက်သွားမည် ဖြစ်ကြောင်းကို စစ်တွေမြို့ရှိ ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင် ဦးသိန်းဝင်းက ပြောသည်။

စစ်တွေမြို့တွင် အောက်တိုဘာလ ပထမပါတ်အတွင်း OIC အဖွဲ့အား ခွင့်မပြုနိုင်ကြောင်း စစ်တွေမြို့ရှိ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ ကျောင်း သားလူငယ်များက လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအား တင်ပြမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၄ ရက်နေ့တွင် ရခိုင်အမျိုးသမီးထုမှ ရခိုင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်ရေးအတွက် အတူယှဉ်တွဲမနေထိုင်နိုင်ကြောင်း ဆန္ဒပြတောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။

“မြို့ပေါ်မှာကော၊ ပြည်နယ်အတွင်းမှာ ဘယ်နေရာမှာမှ ဘဝလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူး၊ လူတိုင်းက ကျီးလန့်စာစား ဖြစ်နေတယ်၊ တစ်နေ့ကို တစ်နေရာမှာ ပြသနာတက်တယ်ဆိုပြီး အသံတွေထွက်နေကြတော့ အမြဲတမ်းစိုးရိမ်နေကြတယ်၊ ဒါကြောင့် ဘယ်လိုမှ အတူယှဉ်တွဲနေထိုင်လို့ မဖြစ်ဘူး”ဟု ဦးသိန်းဝင်းက ဆိုသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်အမျိုးသမီးထုမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးများသို့ ဆန္ဒပြခွင့်လျှောက်ထားခဲ့ ကြောင်းသိရပြီး ကမာ့္ဘမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်အတွင်း အခြေမစိုက်ရေး၊ စစ်တွေမြို့အတွင်းရှိ အင်ပါလာရပ်ကွက် (ဘင်္ဂါလီရပ်ကွက်) အား မြို့အတွင်းမှ ပြောင်းရွေ့ပေးရေးနှင့် ရခိုင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် အေးချမ်းစွာနေထိုင်ရေးအတွက် အတူယှဉ်တွဲ မနေ ထိုင်နိုင်ရေးတို့အား တောင်းဆိုဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် ဆန္ဒပြမည့်အစီအစဉ်အား သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ပြည်နယ်အစိုးရမှ လက်ရှိရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့်ပြသနာများကြောင့် ၁၄ ရက်ခန့်ရက်ရွေ့ဆိုင်းရန်နှင့် တောင်းဆိုမှုအစီအစဉ်များအား နေပြည်တော်ရှိအစိုးရအဖွဲ့သို့ တင်ပြထား ကြောင်းသိရပြီး အဆိုပါတောင်းဆိုချက်များအား လိုက်လျောပေးခြင်းမရှိပါက ရခိုင်အမျိုးသမီးထုကိုယ်စား “အစိုးရကခွင့်မပြုရင် လမ်းပေါ်အကုန်ထွက် မယ်”ဟု မြို့မိမြို့ဖ ရခိုင်အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

“နိုင်ငံတကာရုံးတစ်ရုံးလာဖွင့်တဲ့ကိစ္စက ပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး၊ နေပြည်တော်မှာရှိတဲ့ အစိုးရအဖွဲ့ကဘဲ ဆုံးဖြတ် ပေးနိုင်လိမ့်မယ်၊ ၁၄ရက်လောက်ရွေ့ဆိုင်းတယ်ဆိုတာကိုတော့ လူထုကလက်ခံထားတယ်”ဟု သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုသည့် ၄ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် တာဝန်ယူလျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏အိုးအိမ်များပင် လွမ်းမောလျက်ရှိနေကြောင်းကို “ကျနော်တို့ရဲ့အိမ်မက်က အိမ်ကိုဘဲပြန်ရောက် နေတယ်”ဟု လုံခြုံရေးတာဝန်ကျနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်း(၆)မှ အရာရှိတစ်ဦးက ဆိုသည်။

မင်းခဏ့်

-----------------------------------------------------------------------------------------------------------------------

ပြည်တွင်း၌ စက်မှုဇုန် ၇ ခုထပ်မံတိုးချဲ့မည်

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍမြင့်တက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အခမ်းပေါများလာနိုင်စေရေးအတွက် ပြည်တွင်း၌ စက်မှုဇုန် ၇ ခုကို ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စားစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

“ပြည်တွင်းမှာ စက်မှုဇုန် ၇ ခုကိုထပ်မံတိုးချဲ့ဖွင့်လှစ်သွားဦးမှာပါ။ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ဖို့နဲ့ မြန်မာ့ စက်မှုကဏ္ဍတစ်ခေတ် ဆန်းသစ်လာနိုင်စေဖို့ရည်ရွယ်ပါတယ်။ FDA ကလည်း လာတော့မှာပါ။ ပြီးတော့ လာမည့် ၂၀၁၅ မှာ AFTA ကလည်း စတော့မှာ ဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကော။ ပညာရှင်တွေကော၊ အလုပ်သမားတွေကော အားလုံးပြင်ဆင်ထားဖို့လိုပါမယ်”ပာု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အသစ်ထပ်မံတိုးချဲ့မည့် စက်မှုဇုန် ၇ ခုမှာ မန္တလေးတိုင်းဒေသကြီးအတွင်း တပ်ကုန်းစက်မှုဇုန်နှင့် ရတနာပုံစက်မှုဇုန်၊ ကရင်ပြည်နယ်တွင် ဘားအံစက်မှုဇုန်၊ မြဝတီစက်မှုဇုန်နှင့် ဘုရားသုံးဆူစက်မှုဇုန်၊ ရခိုင်ပြည်နယ်တွင် ပုဏ္ဍားကျွန်းစက်မှုဇုန်နှင့် ရှမ်းပြည်နယ်တွင် နမ့်အွန်စက်မှုဇုန်တို့ဖြစ် ကြောင်း သိရသည်။

“စက်မှုဇုန်တွေပေါများလာလေ ကိုယ့်နိုင်ငံကပြည်သူတွေအတွက် အလုပ်အကိုင်တွေ ပေါများလာနိုင်မှာပေါ့။ တခုတော့ရှိတယ် ကိုယ့်နိုင်ငံက စက်မှုဇုန်တွေမှာ ပြည်ပနိုင်ငံသားတွေကြီးကပဲ လုပ်ကိုင်မယ်ဆိုရင်တော့ နိုင်ငံအတွက် အရမ်းကိုနစ်နာနိုင်ပါတယ်။ စက်မှုလုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ကိုင်နိုင်အောင်ကြိုးစားသွားရမှာပါ”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ စက်မှုဇုန် ၁၈ ဇုန်ရှိပြီး ယခုအသစ်ထပ်မံတိုးချဲ့မည့် စက်မှုဇုန် ၇ ခုနှစ်ခုနှင့် ပေါင်းလိုက်ပါက စုစုပေါင်း စက်မှုဇုန် ၂၅ ဇုန်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

ပြည်တွင်းသို့ တရုတ်ဆေးဝါးအတုများဝင်ရောက်

နယ်စပ်ဒေသမားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်ဆေးဝါးအတုများ၊ အာနိသင်မပြည့်ဝသည့် ဆေးဝါးများနှင့် တရားမဝင်ကန့်သတ် တရုတ်ဆေးဝါးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

“ခု ပြည်တွင်းကို တရုတ်ဆေးဝါးတွေ အရမ်းကိုဝင်ရောက်လာပါတယ်။ ဒါတွေကိုမသိဘဲ သုံးလိုက်မိမယ်ဆိုရင် အသက်အန္တရာယ်အတွက် အရမ်း ကိုပဲ စိုးရိမ်ရပါတယ်။ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်ပါမှသာ ဝယ်သုံးသင့်ပါတယ်။ တရုတ်နိုင်ငံကဝင်လာတဲ့ ဒီဆေးဝါးတွေပာာ ဈေးနှုန်းအရမ်းကို သက်သာတယ်ဆိုပေမယ့် ရေရှည်သုံးရင်တော့ လူကို ထိခိုက်လာနိုင်ပါတယ်”ပာု စားသုံးသူများကာကွယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

တရုတ်နိုင်ငံထုတ် ဆေးဝါးအတုများသည် နယ်စပ်ဒေသမှတစ်ဆင့် နာမည်ကြီးတံဆိပ်အချို့အား ပြန်လည်အသုံးပြု၍လည်းကောင်း၊ မိမိကိုယ် ပိုင်တံဆိပ်အသုံးပြု၍လည်းကောင်း ပြည်တွင်းဆေးဝါးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး ယင်းဆေးဝါးများသောက်သုံးမိပါက ဆေးမတိုးသော ရောဂါ၊ ဆေးယဉ်ပါးမှုရောဂါများနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲကို အကိုက်အခဲပျောက်ဆေးအတု၊ သွေးကျဆေးအတု၊ ငှက်ဖျားဆေးအတု၊ ကင်ဆာဆေးအတု၊ ဆီးချိုကျဆေး အတုတွေ ဝင်ရောက်နေပါတယ်။ တစ်ချို့ဆေးဝါးတွေဆိုရင် တော်တော်ကို အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးတွေဝယ်ယူတော့မယ်ဆိုရင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်ပါတဲ့ ဆေးတွေကိုသာ ဝယ်ယူသင့်ပါတယ်”ပာု ပြည်တွင်းသို့ နိုင်ငံခြားဆေးဝါးများတင်သွင်းလျက်ရှိသည့် ကုမ္ပဏီတစ် ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံသည် ယင်းတို့နိုင်ငံမှ ထွက်ရှိသော ဆေးဝါးအတု ၅၀ ရာခိုင်နှုန်းခန့်ကို အာဖရိကနိုင်ငံများသို့ တင်ပို့ရောင်းချ၍ ကျန် ၅၀ ရာခိုင်နှုန်း ကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Ref:Flower News

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

မြန်မာ-အမေရိကန် စစ်ရေးပူးပေါင်းလေ့ကျင့်မည်မပာုတ်ကြောင်း သမ္မတငြင်းဆို

ပြင်ပ၌ သတင်းထွက်ပေါ်လျက်ရှိသည့် မြန်မာ့တပ်မတော်နှင့် အမေရိကန်တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မည်ဆိုသည့် သတင်းများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ငြင်းဆိုခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာမီဒီယာပိုင်းဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“တပ်မတော်ကိုစပြီးတော့ ပြုပြင်ပြောင်းလဲနေတဲ့ အနေအထားတွေရှိပါတယ်။ အဲဒီတော့ အမေရိကန်နဲ့ပူးပေါင်းပြီးတော့ ထရိန်နင်တွေပေးဖို့တို့ စစ်ရေးလေ့ကျင့်ဖို့တို့ ဘာတို့ ဒါတွေကတော့ ကျွန်တော်တို့ အစီအစဉ်မရှိပါဘူး။ နောင်လည်း ကျွန်တော်တို့ရှိစရာတော့လည်း သိပ်အကြောင်းမရှိပါဘူး”ပာု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့တပ်မတော်အနေဖြင့် Standard Army ဖြစ်နိုင်ရန် အမေရိကန်နိုင်ငံသာမက တရုတ်၊ ရုရှား၊ ဂျပန် စသည့်နိုင်ငံများ နည်းပညာ၊ အတတ်ပညာများကို ရယူရမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေးတက်လာသည်နှင့်အမျှ တစ်ဦးချင်းဝင်ငွေများပြားလာပြီး တပ်မတော်သားများအပြင် အခြားဝန် ထမ်းများကိုလည်း အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

“သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ မြန်မာပိုင်းဆိုင်ရာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒီစကားကိုပြောသွားတာပါ။ ပြီးတော့ လက်ပံ တောင်းတောင်ကိစ္စ၊ တိုင်းရင်းသားရေးရာတွေနဲ့၊ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စတွေကိုပါ ပြောသွားပါတယ်။ အမေရိကန်နိုင်ငံနဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မယ်ဆိုတဲ့ကိစ္စ သမ္မတကြီးကိုယ်တိုင်မပာုတ်ပါဘူးလို့ ပြောခဲ့ပါတယ်”ပာု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့တပ်မတော်အနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်လေ့ကျင့်မှုများ ပြုလုပ်သွားမည်မပာုတ်ဘဲ အမေရိကန်နိုင်ငံ၏ နည်းပညာနှင့် အတတ်ပညာ များကိုသာ လေ့လာသွားမည်ဖြစ်ပြီး တပ်မတော်၏အဓိကအလုပ်အနေဖြင့် တိုင်းပြည်ကိုသာ ကာကွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားသွားခဲ့သည်။

              YC

-----------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီညီလာခံတွင် ဥက္ကဋ္ဌသစ်ရွေးချယ်မည်

၂၀၁၀ အငြင်းပွားဖွယ်ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးကျွတ်ပါတီညီလာခံကို အောက်တိုဘာလ ဒုတိယပတ်အတွင်း နေပြည်တော်ရှိဗပာိုဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ သစ်ကို ရွေးချယ်ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီပြည်ခိုင်ဖြိုးပါတီညီလာခံကျင်းပရေးအတွက် ကော်မရှင်တွေ၊ ကော်မတီတွေ ဖွဲ့ပြီးပါပြီ။ သူများပါတီတွေလို ပါတီဝင်အဖွဲ့တွေက ဆန္ဒပြတာတို့ နားလည်မှုလွဲတာလို့တော့ မရှိပါဘူး။  ဒီညီလာခံမှာ ပါတီဥက္ကဋ္ဌသစ်ကို ရွေးချယ်သွားမှာပါ။ ဒီညီလာခံတက်ရောက်ဖို့အတွက် မြို့နယ်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီးကိုယ်စားလှယ်တွေကိုလည်း ရွေးချယ်ပြီးပါပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပထမဆုံးအကြိမ် ပါတီညီလာခံကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသည့် ဗပိာုအလုပ်အမှုဆောင်များအနေဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတာဝန်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်အတွက် ပါတီတာ ဝန်များကို အပြည့်အဝတာဝန်ယူနိုင်ခြင်းမရှိတော့သည့်အတွက် ပါတီပြန်လည်ဖွဲ့စည်းရန်နှင့် ဗပိာုအလုပ်အမှုဆောင်များ၊ ဗပာိုကော်မတီဝင်များနှင့် ဥက္ကဋ္ဌ သစ်ကို ပြန်လည်ရွေးချယ်ခန့်အပ်သွားရန် ပါတီဗပိာုညီလာခံကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

“ဗပာိုအလုပ်အမှုဆောင်တွေ တိုးမယ်။ ပြောင်းမယ်။ ပြောင်းလဲခန့်အပ်မယ်ဆိုတာတွေက ပါတီလုပ်ငန်းစဉ်တွေကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်ဖို့အတွက်ပါ။ ပါတီဖွဲ့စည်းပုံတွေကိုလည်း ပြန်လည်ပြင်ဆင်သွားမှာပါ။ ဗပာိုကော်မတီနဲ့ အရန်ကော်မတီဝင်တွေကိုလည်း ဒီမိုကရေစီနည်းနဲ့ ပြန်ခန့်အပ် သွားမှာပါ”ပာု ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဖွဲ့စည်းပုံအရ ပါတီဗပိာုကော်မတီသည် ဗပာိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် အင်အား (၁၅၀)ဦးနှင့် အရန်ကော် မတီဝင် (၅၀)ဖြင့် စုစုပေါင်း(၂၀၀)ဦးကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“၂၀၁၅ရွေးကောက်ပွဲတွင် ပြင်ဆင်မှုတွေကို အများကြီးလုပ်ထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှ ကန့်ကွက်လွှာလေးခုကို စစ်ဆေးခဲ့ပြီးပါပြီ။ နိုင်သူ လည်းနိုင်၊ ရှုံးသူလည်းရှုံးပေါ့။ အဲဒီကနေပြီးတော့ အားနည်းချက်အားသာချက်တွေကို လေ့လာပါတယ်။ နောက်ပြီးတော့ ရှိပြီးသားဥပဒေတွေ လုပ်ထုံး လုပ်နည်းတွေကို လေ့လာမယ်၊ ပြီးရင် ပိုတာတွေ လိုတာတွေကို ကြည့်မယ်၊ ပြင်မယ်ပေါ့၊ ပါတီတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီ ဥပဒေ တွေကို လိုက်နာဖို့လိုပါတယ်”

အောက်တိုဘာ ၂ရက်ထုတ် Envoy ဂျာနယ်အတွဲ (၃) အမှတ် (၂၀) တွင်ပါရှိသည့် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ”သတင်းမှ ကော်မရှင်ဥက္ကဋ္ဌ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“အရင်တုန်းက အဆင့်ဆင့်ကြားခံနေရတဲ့အတွက် မလိုလားအပ်တဲ့အရှုံးတွေ အခုဆိုရင် ရပ်တန့်သွားပါပြီ၊ ခုချိန်မှာ စမ်းတဝါးဝါးအဆင့် ကွယ်ပျောက်သွား တဲ့အတွက် ပြည်သူတွေရဲ့ယုံကြည်မှု ပိုရှိလာတယ်။ တိုင်းပြည်အတွက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အများကြီးပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့အတွက် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူပါတယ်”

အောက်တိုဘာ ၁ရက်ထုတ် ရန်ကုန်တိုင်းဂျာနယ် ဂျာနယ်အတွဲ (၈) အမှတ် (၃၈) တွင်ပါရှိသည့် “သမ္မတဦးသိန်းစိန်အား ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆို”သတင်းမှ စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းချုပ် CEC ဒေါက်တာမြိုင်လင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့အနေနဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေရရှိဖို့အတွက် လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုအားလုံးကို ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ အာဏာနဲ့ သဘာဝအရင်းအမြစ်ခွဲဝေရေး ကိစ္စတွေက ရှင်းရှင်းလင်းလင်း ပါရှိပြီးဖြစ်ပါတယ်။ အဲဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်း သားတွေဘက်က မရှင်းဘူးဆိုရင်လည်း အစိုးရအနေနဲ့ ဖွဲ့ စည်းပုံကို ပြင်ဆင်သွားဖို့ ဆန္ဒရှိပါတယ်”

အောက်တိုဘာ ၁ရက်ထုတ် ရန်ကုန်တိုင်းဂျာနယ် အတွဲ(၈) အမှတ်(၃၈) တွင်ပါရှိသည့်“ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ခြင်း နည်းလမ်းအပါအဝင် မည်သည့် ညှိနှိုင်းမှုမျိုးကိုမဆို ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား”သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive