Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၃၇) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်းမှာ ကောလဟာလသတင်းသာဖြစ်ကြောင်း KBZ ဘဏ်
ဒု-ဥက္ကဋ္ဌ ပြောကြား
၂။ ကမ္ဘောဘဏ်နှင့်ပတ်သက်၍ ထွက်ပေါ်နေသော ငွေကြေးဆိုင်ရာကိစ္စရပ်များသည်
အဖြစ်မှန်မဟုတ်ကြောင်း
ဗဟိုဘဏ်မှ ပြောကြား
၃။ ဆရာတော်ဦးကောဝိဒဦးဆောင်၍ ဘင်္ဂလားဒေ့ရှ်ရုံးရှေ့တွင် ထပ်မံဆန္ဒပြမည်
၎။ လက်ပံတောင်းတောင်စီမံကိန်း မြေနေရာတွင် မပြောင်းရွေ့လိုသူများ
ဆက်လက်နေထိုင်နိုင်
၅။ ဒီမို ၁၀ပါတီတွင် တိုင်းရင်းသား၅ ပါတီ ပူးပေါင်းမှု လျော့ချမည်
၆။ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ ရန်ကုန်ရောက် ရခိုင်ရဟန်းသံဃာအပါး ၈၀ကျော်
ဆန္ဒပြတောင်းဆို
၇။ KNPP နှင့် အစိုးရအဖွဲ့အား စီမံကိန်းနယ်မြေများပြုလုပ်ရာတွင်
ပွင့်လင်းမြင်သာမှုရှိစေရန် KCSN တောင်းဆို
၈။ ပါတီညီလာခံတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွေးချယ်မည့်သတင်း ဦးဌေးဦးငြင်းဆို
၉။ တရုတ်ပိုင်ကုမ္ပဏီများအား သပ်သပ်ရပ်ရပ်ဖြင့်
နောက်ပြန်လှည့်ရန်နည်းလမ်းများ ရှာဖွေထားဖို့လိုကြောင်း ၈၈ ဆို
၁၀။ လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရန်
အခေါင်းမီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူများ အရေးယူခံရ
စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ အားကောင်းမောင်းသန် ဖြစ်လာရေး

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ အားကောင်းမောင်းသန် ဖြစ်လာရေး

ကိုကိုဘာသာပြန်ဆိုသည်။

(အောက်တိုဘာ ၆ရက်ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ (၃၀) အမှတ် (၅၈၉) မှ ထုတ်ယူထင်ပြချက်။)

မြန်မာ့စီးပွားရေးတံခါး ဖွင့်ပေးလိုက်ခြင်းကို ဒေသတွင်း၌ ကစားကွက်ပြောင်းခြင်းအဖြစ် အများက ရှုမြင်နေကြသည်။ ကြီးမားကျယ်ပြန့်သော ပြည်တွင်းစီးပွားရေးရှိခြင်း၊ သယံဇာတပေါကြွယ်ဝခြင်း၊ လုပ်သားအင်အား တောင့်တင်းခြင်းတို့ကြောင့် တက်ကြွလှုပ်ရှားပြီး ဝင်ငွေမြင့်မားသော အခြား အာရှနိုင်ငံများအဆင့်သို့ ကာလတိုအတွင်း ရောက်ရှိနိုင်စရာ အလားအလာများစွာ ရှိနေသည်။

တောင့်တင်းကြွယ်ဝသော မြန်မာနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများအတွက်လည်း များစွာ အကျိုးဖြစ်လာပေလိမ့်မည်။ ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောပေါ်လစီများကို အကောင်အထည်ဖော်ရာတွင် ကာလတိုနှင့် အလယ်အလတ်ကာလများ၌ မြန်မာနိုင်ငံသည် စိန်ခေါ် မှုမျိုးစုံကို ရင်ဆိုင်နေရသည်။ ဌာနအဖွဲ့အစည်းများ၏ စွမ်းဆောင် ရည်ကင်းမဲ့မှုသည် မူဝါဒချမှတ်သူအဖို့ ကြီးမားသော အကန့်အသတ်များဖြစ်နေသည်။ အိမ်ထောင်စုများ၏ စုဆောင်းငွေများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကုန်ထုတ်အရင်းအနှီးများအဖြစ် ပြောင်းလဲပေးမည့် ထိရောက်သော ဘဏ်လုပ်ငန်း ကဏ္ဍမရှိခြင်းကြောင့် ဖွံ့ဖြိုးရေးတွင် အဟန့်အတားဖြစ်ရသည်။

ရှေးဆိုရိုးစကားတစ်ခုရှိသည်။ စီးပွားရေးကို လူ့ခန္ဓာကိုယ်နှင့် ပမာနှိုင်းလျှင် ဘဏ်စနစ်သည် လူ့နှလုံးသားနှင့်တူပြီး ဘဏ်ချေးငွေသည် ခန္ဓာ အတွင်း လှည့်ပတ်စီးဆင်းသောသွေးနှင့် တူသည်။ ကျန်းမာသန်စွမ်းသော နှလုံးသားနှင့် ချောမွေ့သော သွေးလည်ပတ်မှုမရှိဘဲ ဤခန္ဓာကိုယ် ဖွံ့ဖြိုးကြီး ထွားဖို့ကိုအသာထား ကျန်းမာဖို့ပင် ခက်ပါသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းသည် အခြေခံမူလတန်းအဆင့်၌သာ ရှိသည်။ လောလောဆယ် နိုင်ငံပိုင်နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ၁၉ ခုသည် စုစုပေါင်းမတည်ငွေ ဒေါ်လာ သန်း ၃၀၀ပင် မပြည့်ပေ။ ထိုဘဏ်များတွင် ဘဏ်ခွဲ ၃၃၀ခန့်သာရှိရာ ဘဏ်ခွဲတစ် ခုလျှင် ပျမ်းမျှ လူ ၁၈၀,၀၀၀ကိုသာ ၀န်ဆောင်မှုပေးနေသည်။ နှိုင်းယှဉ်ကြည့်လျှင် ထိုင်းနိုင်ငံ၌ စီးပွားရေးဘဏ် ၁၉ခုမှ ဘဏ်ခွဲ ၆,၃၀၀ခန့်ရှိရာ တစ်ခု သည် လူ ၁၁၀,၀၀၀ ကို ဝန်ဆောင်ပေးနေခြင်း ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကချေးငွေ စုစုပေါင်း (ကုမ္ပဏီနှင့် အိမ်ထောင်စုများသို့ ချေးငွေ)သည် ၂၀၁၀ ခု အမျိုးသား ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။

ဗီယက်နမ်၌ ၁၂၀ ရာခိုင်နှုန်းနှင့် မလေးရှား၌ ၁၃၅ ရာခိုင်နှုန်း အသီးသီးရှိသည်။ ဤသည်ကိုထောက်လျှင် မြန်မာ့စီးပွားရေး ၏ အသည်းနှလုံး ဖြစ်သော မြန်မာ့လက်ရှိဘဏ်စနစ်သည် ခန္ဓာကိုယ်သို့ သွေးလုံလုံလောက်လောက် ပို့လွှတ်ပေးနိုင်ခြင်းမရှိသေးကြောင်း ထင်ရှားသည်။ ပုဂ္ဂလိက စုဆောင်း ငွေများကို လည်ပတ်လှုပ်ရှားလာစေရန်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရာတွင် စွန့်စားရမှုအတိုင်းအတာကို ခန့်မှန်းအကဲဖြတ်ရန်လည်းကောင်း၊ အရင်းအနှီး များကို ထိရောက်စွာ နေရာချထားရန်လည်းကောင်း၊ မြန်မာ့ဘဏ်စနစ်ကို ထိရောက်ထက်မြက်သည့် ခေတ်မီဘဏ်စနစ်ပေါ်ပေါက်လာအောင် အရေးတ ကြီး လိုအပ်နေပါသည်။

ဤသို့လုပ်ဆောင်ရာတွင် ကျယ်ပြန့်သော မူဝါဒအဆင့်၌ ခိုင်မာသော စည်းမျဉ်းဥပဒေနှင့် ကွပ်ကဲမှုကွန်ရက်ရှိသော ကြံ့ခိုင်သည့် ဗဟိုဘဏ်ရှိရန် လိုအပ်သည်။ ထိုမျှမက လက်ရှိစီးပွားရေးဘဏ်များကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်စေရန် စုစည်းအားဖြည့်ပေးရန် လိုအပ်သည်။

နည်းပညာစွမ်းရည်၊ အဖွဲ့အစည်းနှင့် စီမံခန့်ခွဲရေးစွမ်းရည်များ မြှင့်တင်နိုင်ရန် အရေးပေါ်လိုအပ်နေသည်။ အခြားအဓိက စိန်ခေါ်မှုတစ်ခုမှာ ငွေ အပ်နှံသူများက ဘဏ်အပေါ် ယုံကြည်မှုကင်းမဲ့နေခြင်း ဖြစ်သည်။ တရားမဝင် ငွေကြေးအဖွဲ့အစည်းများကြောင့် ၂၀၀၃ ခုနှစ်က တွေ့ကြုံခဲ့ရသော ဘဏ် အကျပ်အတည်းကြီးကို လူထုက မမေ့နိုင်ကြသေးပေ။ ထိုအကျပ်အတည်းတွင် ငွေအပ်သူအများအပြား ဆုံးရှုံးခဲ့ကြရသည်။

ဘဏ်များရင့်ကျက်လာအောင် ပြုပြင်ရေးအတွက် အခြေခံဘဏ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ငွေအရင်းအမြစ်မှန်မှန် ရရှိရေးအတွက် ငွေအပ်နှံသူများ၏ ယုံကြည်မှု အမြန်ဆုံးပြန်လည်ရရှိအောင် အရေးယူဆောင်ရွက်မှုများ အရေးတကြီးလိုအပ်နေသည်။ မြန်မာနိုင်ငံသည် ရှေ့မှသွားနှင့် ကြသော ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့် အခြားအောင်မြင်နေသော ထွန်းသစ်စ ဈေးကွက်စီးပွားရေး နိုင်ငံများနည်းတူ နိုင်ငံခြားဘဏ်များနှင့် ငွေကြေးအဖွဲ့ အစည်းများ၏ ကျွမ်းကျင်မှုအကူအညီကို ရယူ၍ ၎င်း၏ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအရှိန်အဟုန်ရအောင် လုပ်ဆောင်နိုင်သည်။

အမှန်တကယ်ပင် မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း စီးပွားရေးအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည့် အရှေ့ အာရှနိုင်ငံများထံမှ ကောင်းသောအတွေ့အကြုံများကိုလည်းကောင်း၊ နောက်ပိုင်း ငွေကြေးမတည်ငြိမ်မှုကြောင့် စီးပွားရေးကသောင်းကနင်း ထိခိုက်ခံစား ခဲ့ရသော အတွေ့အကြုံမှ သင်ခန်းစာများကိုလည်းကောင်း ရယူနိုင်ပေသည်။

ဤအရှေ့အာရှနိုင်ငံများ၏ ဘဏ်လုပ်ငန်းကဏ္ဍသည် အမျိုးမျိုးသော အကျပ်အတည်းများကို ဖြတ်သန်းခဲ့ကြရင်း ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ခဲ့ကြရပေရာ မကြာမီကဖြစ်ပေါ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းတွင် ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် အထောက်အကူပြုခဲ့ပေသည်။

ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် တည်ငြိမ်ပြီး ကျွမ်းကျင်ထိရောက်သော ဘဏ်စနစ်သည် ကြိုတင်ရှိနေရမည့် အရေးကြီး လိုအပ်ချက်ဖြစ် ကြောင်း ဤအစိုးရများ ကောင်းစွာသိရှိနားလည်ကြသည်။ ထိုမျှမက စိတ်မချရသော၊ မကိုးစားရသော၊ စီမံခန့်ခွဲမှုညံ့ဖျင်းသော ဘဏ်စနစ်သည် စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်စဉ်တစ်ခုလုံးကို လမ်းချော်သွားစေနိုင်ပြီး စီးပွားရေးတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည် ဆိုသည်ကိုလည်း အရှေ့အာရှအစိုးရများ သိရှိနားလည် ထားကြသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကို နိုင်ငံခြားဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများအား လုပ်ကိုင်ခွင့်ဖွင့်ပေးခဲ့ရာတွင် အရှေ့အာရှအတွေ့အကြုံကို မြန်မာအတွက် လမ်းညွှန်သဖွယ် အသုံးချနိုင်သည်။ တစ်ဖက်တွင် ပြည်တွင်းဘဏ်များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရင်း အခြားတစ်ဖက်တွင် မြန်မာ့ဘဏ်လုပ်ငန်း ခေတ်မီတိုးတက်ရေးအတွက်လည်း စဉ်းစားရမည်ဖြစ်ရာ ထိုအကျိုးစီးပွားနှစ်ခုကို မျှတအောင် ချိန်ဆရာတွင် အရှေ့အာရှနိုင်ငံများမှ ကျယ်ပြန့်သော မိုဒယ်ပုံစံအမျိုးမျိုးကို လေ့လာနိုင်သည်။

နိုင်ငံခြားဘဏ်နှင့် ပြည်တွင်းဘဏ်များ ဖက်စပ်လုပ်ငန်းတည်ထောင်ခြင်း၊ လုပ်ငန်းအပေါ်အခြေခံ၍ ပြည်တွင်းဈေးကွက်ကို ခွဲခြမ်းစိတ်ပိုင်းခြင်း၊ သို့မဟုတ် အခြားမိုဒယ်ပုံစံများ ကျင့်သုံးခြင်း စသည်ဖြင့် မည်သည့်ပုံစံနည်းလမ်းကိုပင် သုံးသည် ဖြစ်စေ ရလဒ်မှာ ပြည်တွင်းနှင့် ပြည်ပဘဏ် နှစ်ဦးနှစ် ဖက်စလုံး အကျိုးရှိမည့်ပုံစံဖြစ်ဖို့ လိုပေမည်။

အရေးအကြီးဆုံးပန်းတိုင်မှာ နိုင်ငံစီးပွားရေးတစ်ခုလုံးကို အကျိုးပြုရပေမည်။ အသုံးပြုသော ပုံစံအမျိုးမျိုးနှင့် နိုင်ငံခြားဘဏ်များအား ဖွင့်ပေး သော အမြန်နှုန်းမှာ အရှေ့အာရှနိုင်ငံများအကြား အမျိုးမျိုး ကွဲပြားခြားနားကြစေကာမူ နိုင်ငံခြားဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများကြောင့် ဤနိုင်ငံ များ၏ ငွေကြေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုနှင့် ရင်းမြစ်ခွဲဝေချထားမှုတွင် များစွာတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်မှာမူ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း အရှေ့အာရှနိုင်ငံများ စီးပွားဖွံ့ဖြိုးမှုတွင် နိုင်ငံခြားဘဏ်များက များစွာ အကျိုးပြုခဲ့သည်။ ဘဏ်လုပ်ငန်းစနစ် တွင် နိုင်ငံခြားဘဏ်များ ပါဝင်လုပ်ကိုင်စေခြင်းသည် ခန္ဓာကိုယ်ကို ဖြည့်စွက်အာဟာရပေးသည်နှင့် တူသည်။ သူတို့ကြောင့် နှလုံးကြံ့ခိုင်သန်စွမ်းပြီး သွေး လှည့်ပတ်မှု ကောင်းစေသည်။

မည်သို့ပင်ဖြစ်စေ အာဟာရမျှတဖို့တော့ လိုသည်။ မှားယွင်းသော အာဟာရစားမိသည်ဖြစ်စေ၊ ဗီတာမင်တစ်မျိုးတည်း အလွန်အကြူး စားမိလျှင် ဖြစ်စေ၊ ဖြည့်စွက်စာမှား၍ ရွေးချယ်မိသည်ဖြစ်စေ၊ မမျှမတဖြစ်ပြီး ရောဂါအခြေအနေဆိုးလျှင် နှလုံးရောဂါဖောက်သည့်အခြေ ဆိုက်သွားနိုင်သည်။ အဆုံး တစ်နေ့တွင် ဘဏ်လုပ်ငန်း လျှော့ပေါ့ပေးရေးလုပ်ငန်းတွင် မြန်မာ၏ ချဉ်းကပ်ပုံကို နိုင်ငံရေးနှင့် စီးပွားရေး ရည်မှန်းချက်များကသာ အဆုံးအဖြတ် ပေးပါ လိမ့်မည်။ လက်တွေ့လုပ်ကိုင်ကြသည့်အဆင့်တွင်မူ အာဆီယံနိုင်ငံများရော၊ တရုတ်နိုင်ငံပါ "Bank for International Settle Ments" ထောက်ခံ အတည် ပြုထားသော လုပ်ထုံးလုပ်နည်းများဆီသို့သာ မနီးယိုးစွဲ ဆုံစည်းလာကြသည်။

မြန်မာဘဏ်များသည် ဤအကောင်းဆုံး လုပ်ထုံးလုပ်နည်းများဆီသို့သာ ဦးတည်လျက် ပြုပြင်လုပ်ဆောင်ဖွယ်များကို ချိန်ဆလုပ်ကိုင်သွားရပေ မည်။ အပြောင်းအလဲများ မြန်ဆန်လွန်းလျှင် မလိုအပ်ဘဲ ပြည်တွင်းဘဏ်များ အင်အားချည့်နဲ့သွား နိုင်ပြီး ဘဏ်လုပ်ငန်းမတည်မငြိမ် ဖြစ်သွားနိုင်သည်။ နှေးကွေးလွန်းလျှင်လည်း လွန်စွာလိုအပ်နေသော စီးပွားရေးဖွံ့ဖြိုးမှုကို ကြန့်ကြာသွားစေနိုင်ပေသည်။ သို့ဖြစ်လေရာ ဘဏ်လုပ်ငန်း ဖြေလျှော့ပေးရေး လုပ်ငန်းစဉ်ကို အသေအချာ စဉ်းစားသုံးသပ်ထားသော နည်းဗျူဟာနှင့် လမ်းပြမြေပုံဖြင့် လမ်းညွှန်လုပ်ကိုင်လျက် လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပြန်လည် သုံးသပ်ခြင်း၊ လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်ခြင်းတို့ဖြင့် လုပ်ဆောင်သွားသင့်ပေသည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၆.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ ရန်ကုန်ရောက် ရခိုင်ရဟန်းသံဃာအပါး ၈၀ကျော် ဆန္ဒပြတောင်းဆို
  1. လက်ပံတောင်းတောင်စီမံကိန်း မြေနေရာတွင် မပြောင်းရွေ့လိုသူများ ဆက်လက်နေထိုင်နိုင်
  2. ဆရာတော်ဦးကောဝိဒဦးဆောင်၍ ဘင်္ဂလားဒေ့ရှ်ရုံးရှေ့တွင် ထပ်မံဆန္ဒပြမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဒီမို ၁၀ပါတီတွင် တိုင်းရင်းသား ၅ပါတပူးပေါင်းမှု လျော့ချမည်
  2. KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်းမှာ ကောလဟလသတင်းသာဖြစ်ကြောင်း KBZ ဘဏ် ဒု-ဥက္ကဋ္ဌပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ ရန်ကုန်ရောက် ရခိုင်ရဟန်းသံဃာအပါး ၈၀ကျော် ဆန္ဒပြတောင်းဆို

အောက်တိုဘာလ ၅ရက်နေ့ နေ့လည် ၁နာရီမှစတင်၍ ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးအနီး၌ ရန်ကုန်ရောက် ရခိုင်သံဃာတော် ၈၀နီးပါးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြ၍ ကြေညာချက် ၉ချက်ပါရှိသည့် ၎င်းတို့၏ သဘောထား ကြေညာချက်တစ်စောင်အား ဖတ်ကြားကြောင်း သိရသည်။

"ကျွန်တော်တို့ အခု ဒီဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ ဆန္ဒပြရတယ်ဆိုတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူဆလင်တွေက ကျွန်တော်တို့ ဗုဒ္ဓဘာသာဘုန်း ကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် အခုလို လာပြီးဆန္ဒပြရတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ၉ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို အခုလာရောက်ဆန္ဒပြတဲ့ ဘုန်းဘုန်းတို့က ဖတ်ပြမှာဖြစ်ပါတယ်။ နောက်ပြီး ဒီလိုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပါတီခေါင်းဆောင်တွေကလည်း ပါဝင်ပြီး နိုင်ငံအသီးသီးကို တောင်းဆိုရန်ဆိုတာကိုလည်း ထည့်သွင်းထားပါတယ်"ဟု ယင်းသို့ ဆန္ဒပြ လှုပ်ရှားမှုတွင်ပါဝင်သည့် သံဃာတစ်ပါးက မိန့်ကြားသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် လာရောက်ဆန္ဒပြကြသည့် မြန်မာနိုင်ငံ တိုင်းရင်းသား ရဟန်းရှင်လူများမှ ၎င်းတို့၏ သဘောထားကြေညာ ချက်များအား နေ့လည် ၁နာရီခွဲကျော်အချိန်ခန့်တွင် မိန့်ကြားခဲ့ပြီး အဆိုပါသဘောထားကြေညာချက်၌ နိုင်ငံတကာမှ ဘာသာရေးလွတ်လပ်မှုကို လေး စားရေး၊ ဂျီဟတ်ဝါဒဖြင့် လူမျိုးရေးဝါးမျိုခြင်း ကမ္ဘာအား(လွှမ်းမိုး)သိမ်းပိုက် ကြိုးစားပယ်ဖျက် ရပ်တန့်ရန်၊ ဘာသာရေးပဋိပက္ခကြောင့် တတိယကမ္ဘာစစ် မဖြစ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် နိုင်ငံခေါင်းဆောင်အသီးသီးနှင့် ပါတီခေါင်းဆောင်များမှလည်း ကာကွယ်စောင့်ရှောက်ပေးရန် ထည့်သွင်းတောင်း ဆိုထားကြောင်း သိရသည်။

ထို့ပြင် ယင်းကြေညာချက်၌ မြန်မာနိုင်ငံတွင်  Organization of the Islamic Cooperation (OIC) ရုံး ဆောက်လုပ်မည်ဆိုသည့်ကိစ္စနှင့် ပတ် သက်၍လည်း လက်မခံကြောင်း ထည့်သွင်းဖော်ပြထားပြီး အောက်တိုဘာလ ၄ရက်နေ့ နေ့လည် ၁နာရီတွင် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အကြမ်းဖက်၊ ဖျက်ဆီးမှုများဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မကွေးကျောင်းတိုက်တွင် သံဃာအပါး ၁၀၀ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရ သည်။

ATM

--------------------------------------------------------------------------------------------------------------------------

လက်ပံတောင်းတောင်စီမံကိန်း မြေနေရာတွင် မပြောင်းရွေ့လိုသူများ ဆက်လက်နေထိုင်နိုင်

ရန်ကုန် ၊အောက်တိုဘာလ ၅။

ကန့်ကွက်သံများရှိနေသော်လည်း ဆက်လက်လုပ်ကိုင်မည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမြေနေရာတွင် မပြောင်းရွေ့လိုသူများ အနေ နှင့် ဆက်လက်နေထိုင်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  စက်တင်ဘာလ ၂၈ ရက်တွင် နယူးယောက်မြို့တွင် ရောက်ရှိနေချိန် ပြည်ပမီဒီယာ တစ်ခုနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ပြောင်းရွေ့လိုတဲ့သူတွေကလဲ ပြောင်းရွေ့နေသလို မပြောင်းချင်တဲ့သူတွေကို မပြောင်းရွေ့ခိုင်းဖို့ ကျွန်တော်ဒီမလာခင် မှာခဲ့ပါတယ်”ဟု သမ္မတ က ဆိုသည်။

လက်ပံတောင်းတောင်စီမံကိန်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ရွာ ၄ ရွာ ရွေ့ပြောင်းပေးခဲ့ရပြီး စီမံကိန်းဝန်းကျင် ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခြင်းများအပေါ် ဒေသခံပြည်သူလူထုမှ မကျေနပ်သည့်အတွက် ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားခဲ့သည်။

လက်ပံတောင်းတောင်စီမံကိန်းအား ရပ်ဆိုင်းမည်မပာုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီဥက္ကဋ္ဌ Mr.Chendefang က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဂရင်းမီးရထားပိာုတယ်၌ မီဒီယာသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

sweet

--------------------------------------------------------------------------------------------------------------------------

ဆရာတော်ဦးကောဝိဒဦးဆောင်၍ ဘင်္ဂလားဒေ့ရှ်ရုံးရှေ့တွင် ထပ်မံဆန္ဒပြမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ ကိုင်တွယ်မှုညံ့ဖျင်းသောကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူနည်းစု ရဟန်းသံဃာများနှင့် ဗုဒ္ဒဘာသာဝင်များ အကြမ်း ဖက်ခံရခြင်းဖြစ်သဖြင့် အောက်တိုဘာလ ၈ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ဆရာတော်ဦးကောဝိဒမှ ဦးဆောင်ပြီး ရခိုင်အမျိုးသားကွန်ယက်မှ လူငယ်များက ဆန္ဒပြမမှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။

''လူနည်းစုဗုဒ္ဒဘာသာဝင်တွေကို facebook ပေါ်မှာ တင်ထားတဲ့ ပုံတွေကြောင့် အကြမ်းဖက်ခံရတယ်၊ ဒါဟာ ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုင်တွယ် မှု ညံဖျင်းတာပဲ"ဟု ရခိုင်အမျိုသားကွန်ယက်မှ ဗဟိုအလုပ်အမှုဆောင် ကိုမျိုးချစ်က ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ဆရာတော်ဦးကောဝိဒမှ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဆန္ဒပြခွင့်လျှောက်ထားခဲ့ကြောင်း သိရပြီး ခွင့်ပြု ချက်မရရှိပါကလည်း ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

မင်းခဏ့်

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဒီမို ၁၀ပါတီတွင် တိုင်းရင်းသား ၅ပါတပူးပေါင်းမှု လျော့ချမည်

ရန်ကုန်၊ အောက်တိုဘာ ၆။

ပြည်မပါတီ ၅ခုအပါအဝင် ညီနောင်တိုင်းရင်းသားပါတီ ၅ခုနှင့်ဖွဲ့စည်းထားသော ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီ၏ ရှေ့ဆက်သွားမည့်လုပ်ငန်း စဉ်များတွင် တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများကို လျော့ချသွားမည်ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရှိရသည်။

“ဆယ်ပါတီထဲက နုတ်ထွက်တာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့အရေးကို တိုင်းရင်းသားပါတီတွေကပဲ လုပ်နိုင်မှာမို့လို့ ပူးပေါင်းဆောင် ရွက်မှုတွေ ဆက်မလုပ်တဲ့သဘောပါ”ဟု ကျားဖြူပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဆိုသည်။

အခြားသော တိုင်းရင်းသားပါတီများနှင့်လည်း ညီနောင်တိုင်းရင်းသားပါတီ ၅ပါတီတို့ ပူးပေါင်းဖွဲ့စည်းခြင်းများကို မကြာခင်လပိုင်းအတွင်း ဆောင်ရွက်တော့မည်ဖြစ်ပြီး တိုင်းရင်းသားပါတီပေါင်း ၁၅ ခုခန့် စုစည်းမိမည်ဟုယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မိတ်ဆွေ ၁၀ပါတီဝင် ပြည်မပါတီတစ်ခုဖြစ်သော ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက ၎င်းတို့မိတ်ဆွေပါတီများ စတင်ဖွဲ့စည်းစဉ်ကပင် ပြည်မ ပါတီများနှင့် တူညီသောကိစ္စရပ်များကို ပူးပေါင်းလုပ်ကိုင်ကြပြီး တိုင်းရင်းသားများ၏အရေးကို တိုင်းရင်းသား ၅ပါတီက သီးခြားလုပ်ဆောင်ကြကြောင်း၊ ပူးပေါင်းမှုလျော့ချခြင်းမှာ ၎င်းတို့၏အရေးကိစ္စများကို ပိုမိုဆောင်ရွက်လိုခြင်းဖြစ်ကာ ယင်းပါတီများ၏ မူလရည်ရွယ်ချက်ဖြစ်သဖြင့် အထူးအဆန်းကိစ္စရပ် မဟုတ်ကြောင်း Yangon Chronicle သို့ ရှင်းပြသည်။

ပြီးခဲ့သော လပိုင်းအတွင်းက ABSDFခေါင်းဆောင်ဟောင်း မိုးသီးဇွန်နှင့် မိတ်ဆွေဆယ်ပါတီ အမည်တပ်ကာ တွေ့ဆုံခဲ့ခြင်းအပေါ် တိုင်းရင်းသား ပါတီခေါင်းဆောင်များ သဘောတူညီခြင်းမရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးလှစောက သတင်းမီဒီယာ တစ်ခု၌ ပြောကြားခဲ့သည်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီမှာ ပြည်မပါတီ ၅ ခုဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDF၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်(နုတ်ထွက်သွား)နှင့် တိုင်းရင်းသားပါတီများဖြစ်သော ကျားဖြူပါတီ SNDP၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ဖြစ်ကာ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပူးပေါင်းယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သည်။

SWEET

--------------------------------------------------------------------------------------------------------------------------

KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်းမှာ ကောလဟလသတင်းသာဖြစ်ကြောင်း KBZ ဘဏ် ဒု-ဥက္ကဋ္ဌ ပြောကြား

ပြီးခဲ့သည့် စက်တင်ဘာလကုန်နီးပိုင်းမှစတင်၍ မြန်မာနိုင်ငံ၏ နာမည်ကြီးဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဆရာကျောင်း(ခ) ဦးအောင် ကိုဝင်း စစ်ဆေးဖမ်းဆီးခံရသည်ဆိုသည့် သတင်းထွက်ပေါ်ချက်များသည် မဟုတ်မမှန်သည့် ကောလဟလသတင်းများသာဖြစ်ကြောင်း အောက်တိုဘာလ ၅ရက်နေ့ နေ့လည် ၃နာရီခွဲကျော်ခန့်၌ ယခင်ဗဟိုဘဏ်တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ဖူးပြီး ယခုလက်ရှိ ကမ္ဘောဇဘဏ်၏ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်၏ ရှင်းလင်းပြောကြားချက် အရ သိရသည်။

"ဒီသတင်းက ကောလဟလတွေပါ။ အဖမ်းလည်းမခံရပါဘူး။ စစ်ဆေးမေးမြန်းတာလောက်ပဲရှိတာပါ။ ပြီးတော့ ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ ညနေမှာ MRTV ကနေ တိုက်ရိုက်လွှင့်မယ့် မြန်မာ-ဘရုနိုင်း ဘောလုံးပွဲမှာ သူကိုယ်တိုင် လာကြည့်မှာပါ။ အဲဒီကျရင်တော့ ရှင်းသွားမှာပါ"ဟု ၎င်းက ပြော ကြားသည်။

အဆိုပါ ကောလဟလသတင်းထွက်ပေါ်မှုနှင့် စပ်လျဉ်း၍ KBZ ဘဏ်၏ ဒု-ဥက္ကဋ္ဌမှ ယင်းသို့ မဟုတ်မှန်သတင်းထွက်ပေါ်ရခြင်း၏ အကြောင်းမှာ အခြားပြည်သူတစ်ချို့မှ ငွေအလုံးအရင်းများ ပြန်လည်ထွက်ရှိစေရန်နှင့် ဒေါ်လာဈေးများ ရွှေဈေးများ ပြန်လည်တက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ကောလဟလသတင်း ထွက်ပေါ်မှုသည် တစ်နှစ်လျှင် သုံးကြိမ်ခန့်မျှ ထွက်ပေါ်တတ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ရှင်းပြသည်။

"ဒီလိုသတင်းတွေထွက်တယ်ဆိုတာကလည်း ငွေအလုံးအရင်းတွေ အပြင်ကိုပြန်ထွက်လာပြီး ဒေါ်လာဈေးတွေ ရွှေဈေးတွေ ပြန်တက်လာအောင် လုပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီလိုကောလဟလသတင်းကလည်း တစ်နှစ်ကို သုံးကြိမ်လောက် ထွက်ပါတယ်။ အရေးကြီးတာကတော့ ပြည်သူတွေ အနေနဲ့ ဒီလိုကောလဟလသတင်းတွေကို အထင်မမှားပဲနဲ့ ယုံကြည်ပေးဖို့က အရေးကြီးဆုံးပါပဲ"ဟု ဆိုသည်။

အဆိုပါ ကောလဟလသတင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဘဏ်ရုံးခွဲ၌ ငွေအပ်နှံထားသူ အမျိုး သမီးတစ်ဦးက ၎င်းသည် အောက်တိုဘာလ ၅ရက်နေ့၌ ယင်းမဟုတ်မမှန်သတင်းအား ကြားသိရ၍ မြောက်ဥက္ကလာပမြို့နယ် ဘဏ်ရုံးခွဲသို့ ချက်ခြင်းသွား ရောက်ထုတ်ယူရာ မရသောကြောင့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ရုံးချုပ်သို့ လာရောက်ထုတ်ယူရခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းမှ အမျိုး သမီးတစ်ဦးက ပြောကြားသည်။

"အခုလို KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရတယ်ဆိုတော့ ချက်ခြင်း ငွေထုတ်ဖို့ အပ်ထားတဲ့ မြောက်ဥက္ကလာရုံးခွဲကိုသွားတာ မရတာနဲ့ အခုပြည်လမ်း က KBZ ရုံးချုပ်ကို လာပြီးငွေထုတ်တာပါ။ အခုလိုမျိုး သတင်းအမှန်ကြားရတော့ ဝမ်းသာပါတယ်" ဟု ၎င်းက ဆိုသည်။

၎င်းတို့ ကမ္ဘောဇဘဏ်အနေဖြင့် အောက်တိုက်ဘာလ ၄ရက်နေ့၌ ကမ္ဘောဇဘဏ်ရုံးခွဲအား သုဝဏ္ဏမြို့နယ်၌ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဘဏ်ရုံးခွဲအပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် ၎င်းတို့ ဘဏ်ရုံးခွဲပေါင်း ၇၉ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ကမာရွတ် မြို့နယ် ပြည်လမ်းကမ္ဘောဇဘဏ်၏ မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းချို၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့ KBZ ဘဏ်ရုံးခွဲတွေကို ရွာတွေအထိ ဖွင့်သွားဖို့ ရှိပါတယ်။ ပြီးတော့ သူများနိုင်ငံတွေမှာ ATM တွေက ထောင်ကျော်ရှိနေပြီ။ အခု အစ်ကိုတို့မှာက ၈၀လောက်ပဲ ရှိပါသေးတယ်ဆိုတော့ ဘဏ်စနစ်တွေကောင်းမွန်အောင် အများကြီးလုပ်ရဦးမှာ။ ဘဏ်စနစ်တွေကောင်းမှလည်း လုပ်ငန်း ရှင်တွေ အစဉ်ပြေပြေ လည်ပတ်နိုင်ပြီး တိုင်းပြည်တိုးတက်မှာပါ" ဟု ၎င်းက ဆိုသည်။

ထို့နောက် အဆိုပါ ကောလဟလသတင်းထွက်ပေါ်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးရှိဘဏ်များအား အောက်တိုဘာလ ၁ရက်နေ့တွင် ပိတ်လိုက်ခြင်းနှင့် ပတ်သက်၍လည်း ၎င်းတို့အနေဖြင့် ခြောက်လတစ်ခါ ငွေစာရင်း ချုပ်သည့်အတွက်ကြောင့် အောက်တိုဘာလ ၁ရက်နေ့ အား ပိတ်လိုက်ရခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌လည်း ဘဏ်အားလုံးပိတ်၍ ငွေစာရင်းချုပ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ယင်းသို့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ အဖမ်းခံရခြင်းဆိုသည့် မဟုတ်မမှန်သတင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၆ ရက်နေ့ နေ့လည် ၁နာရီ မှစတင်၍ ဗဟိုဘဏ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ရန်ရှိကြောင်း သတင်းရရှိသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“အားလုံးဟာ အန္တရာယ်ကျရောက်တော့မယ်ဆိုရင် ကိုယ်နဲ့မဆိုင်သလိုမနေဘဲ ဘေးမှာရှိနေတဲ့ လူတွေကို လက်တို့ကြပါ။ ပြီးတဲ့အခါမှာ အချင်းချင်း ဒီကွန်ရက်ကြီးကို သယ်ဆောင်သွားပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ အသံတွေနဲ့ ကန့်သတ်နိုင်မယ့် နည်းတစ်ခုပေးနိုင်မယ်ဆိုရင် ကျွန်တ်ာတို့ကု အန္တရာယ်ပေးနိုင်မယ့် ကျွန်တော်တို့အဝန်းအဝိုင်း ဖျက်ဆီးမယ့်လူတွေကို ကျွန်တော်တို့ ဟန့်တားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီကနေဆက်ကြည့်မယ် ဆိုရင် ကျွန်တော်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆက်နွယ်သွားနိုင်ပါတယ်။ နိုင်ငံတကာစင်မြင့်မှာ ကျယ်ကျယ်လောင်လောင်နဲ့ ကမ္ဘာတည်တဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြတဲ့သူတွေဟာ မြန်မာပြည်ရဲ့ပုံရိပ်ဖြစ်တဲ့ ဧရာဝတီရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ဖို့လည်း ခေါင်းထဲထည့်ထားကြပါ”

အောက်တိုဘာ ၆ရက်ထုတ် The Street View ဂျာနယ် အတွဲ (၁) အမှတ် (၃၉) တွင်ပါရှိသည့် “ဧရာဝတီမြစ်ဆုံအတွက် သွေးမအေးကြရန် ပညာရှင်များ တိုက်တွန်း”သတင်းမှ ၈၈ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

“ကျွန်မတို့နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေကို အမြဲပဲလေ့လာနေတဲ့ ပုဂ္ဂိုလ်တွေသိရမှာကတော့ ဆန္ဒပြဖိုဆိုလို့ရှိရင်လည်း လွယ်ကူသေးတာမဟုတ်ဘူး။ ဥပဒေ အရ ဆန္ဒပြခွင့်ရှိတယ်ဆိုပေမဲ့ ခွင့်ပြုချက်ရမှ ဆန္ဒပြပိုင်ခွင့်ရှိပါတယ်။ ဒါက ကျမက ဆန္ဒပြတာတွေကို အထူးအားပေးချင်တဲ့စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ဒီမိုကရေစီ အခွင့်အရေးတစ်ခုနဲ့ ပတ်သက်လို့တောင်မှ ကျွန်မတို့အခြေအနေက ဒီမိုကရေစီရရှိပြီးသား လူ့အသိုင်းအဝိုင်းတွေနဲ့ မတူဘူးဆိုတာကို ရှင်းပြ ချင်လို့ပြောတာဖြစ်ပါတယ်”

အောက်တိုဘာ၆ရက်ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် (၁၀၀) တွင်ပါရှိသည့် “ဒေါ်စုအမေရိကန်ခရီးစဉ် အပြီးသတ်အဖြစ် လော့အိန်ဂျလိစ်မြို့ တွင် မြန်မာမိသားစုများနှင့်တွေ့ဆုံ၍ မေမြန်းသည်များကိုဖြေကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

“ကိုးရီးယားယဉ်ကျေးမှုတွေ၊ ကိုကာကိုလာ ယဉ်ကျေးမှုတွေ တခြားယဉ်ကျေးမှုတွေအမျိုးစုံ ကျွန်တော်တို့ဆီက ညီငယ်ညီမငယ်တွေက တဖြည်းဖြည်း တိုတိုလာပြီး ကမ္ဘာဆန်လာတဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် ပြည်ပရောက်နေတဲ့မြန်မာတွေက သင်္ကြန်ကျဖို့ကြိုးစားတယ်၊ ရွှေရိုးကဖို့ကြိုးစား တယ်၊ ယိမ်းကဖို့ကြိုးစားတယ်၊ ကရင်ဒုံးယိမ်းကဖို့ ကြိုးစားတယ် အစသဖြင့်၊ ပြည်ပရောက်နေတဲ့ မြန်မာတွေက ကိုယ့်အမျိုးသားသရုပ်ကို ဖော်ပြဖို့ ကြိုး စားနေကြတဲ့အချိန်မှာ ကျွန်တော်တို့ညီငယ်ညီမငယ်တွေက တိုသထက်တိုလာတယ်။ ခေတ်မီတာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရိုးရာယဉ် ကျေးမှုကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ရဲ့ အမျိုးသားသရုပ်ကိုဖော်ပြဖို့ အင်မတန်အရေးကြီးတဲ့ သေရေးရှင်ရေး ကာလမျိုးလို့ ကျွန်တော်မြင်ပါတယ်”

အောက်တိုဘာ ၆ရက်ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် (၁၀၀) တွင်ပါရှိသည့် “ကျွန်တော်တို့လူမျိုးများဟာ မြန်မာအလွန်ဆန်ချင်ကြတဲ့အခါ ပါဠိစကားတွေကိုသုံးနှုန်းကြတဲ့အတွက် သမဂ္ဂဆိုတဲ့ဝေါဟာရကို စိုးရိမ်ထိန့်လန့်စရာမလိုပါဘူးဟု ၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးပြောကြား” သ တင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive