Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၈.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ဖက်တွင် မဟုတ်ပဲ တရားမျှတမှုဖက်မှ ရပ်တည်ပါ

(3 October 2012 ရက်စွဲပါ Jakarta Globe မှ Eva Kusuma Sundari ရေးသားသော Aung San Suu Kyi should stand up for justice , not politic ကို ဘာသာပြန်ပါသည်)

  1. ပုဂ္ဂလိက ဘဏ်များနှင့်ပတ်သက်သည့်  ကောလဟာလများကို ဗဟိုဘဏ်ငြင်းဆို

(Xinhua Newမှ 6Oct 2012ရက်စွဲပါ “Myanmar denies rumors about instability of private banks” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ရခိုင်ပြည်နယ်တွင် နေစရာမရှိသောသူများ  အရေအရေ အတွက်တိုးလာနေဆဲ

(Scoop Independent Newsမှ 6 Oct 2012ရက်စွဲပါ “Number of displaced people in Rakhine State still rising” သတင်းကို ဘာသာပြန်ဆိုသည်။)

*********************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ဖက်တွင် မဟုတ်ပဲ တရားမျှတမှုဖက်မှ ရပ်တည်ပါ

(3 October 2012 ရက်စွဲပါ Jakarta Globe မှ Eva Kusuma Sundari ရေးသားသော Aung San Suu Kyi should stand up for justice , not politic ကို ဘာသာပြန်ပါသည်)

စာရေးသူသည် ပါလီမန် အဖွဲ့ ၀င်တစ်ဦးဖြစ်ပြီး Asean Inter-Parliamentary Myanmar Caucus ဥက္ကဌ ဖြစ်ပါသည်။ စာရေးသူသည် အစ္စလာမ် ဘာသာဝင် အမျိုးသမီးဖြစ်၍ ကိုယ့်ဖက်ကိုယ်ယက်သည်မှ လွဲ၍ အချို့အချက်များကောင်းမွန်သဖြင့် ဘာသာပြန်ပါသည်။ အယ်ဒီတာ )

ဒေါ်အောင်ဆန်းစုကြည်ဟူသော အမည်သည် တရားမျှတမှုအတွက် လူသားတစ်ဦးသည် ဒုက္ခများကို ကျော်လွှား၍ ခံနိုင်ရန် ရှိစွာဖြင့် တိုက်ပွဲဝင် မှု ကိုယ်စားပြုနေပြီး ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်များဖြစ်သော နယ်လ်ဆင်မင်ဒဲလားနှင့် မာတင်လူသာကင်း ကဲ့သို့သော အမေရိကန်၏ လူမှုရေး ၊တရားမျှတမှုအ တွက် သူရဲကောင်းများနှင့် တစ်တန်းစားတည်း ထားရှိနိုင်သည်။

ယခုသူ၏ ပထမဆုံးသော အမေရိကန် ခရီးစဉ်တွင် အမေရိကန်၏ ပူးတွဲပါလီမန်သည် ၄င်းတို့၏ လေးစားမှုကို ပြသသည့် အနေဖြင့် အမြင့်ဆုံး အရပ်သား ဆုဖြစ်သည့် ကွန်ဂရက် ဆိုင်ရာ ရွှေတံဆိပ် ဆုချီးမြှင့် ခဲ့သည်။ သူသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ မှားယွင်းသော အုပ်ချုပ်မှု အပေါ် နှစ်ပေါင်း များစွာ ရဲရဲဝံ့ဝံ့ ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ခြင်း ကြောင့် အဆိုပါ ဆုတံဆိပ် အတွက်သံသယ ဖြစ်ဖွယ် မရှိ ထိုက်တန်ပါသည်။ ကျွန်ုပ်တို့အားလုံး သူ့အား အလေးပြု ပါသည်။ သူသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ မှားယွင်းသော အုပ်ချုပ်မှုအပေါ် နှစ်ပေါင်းများစွာ ရဲရဲဝံ့ဝံ့ ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ခြင်း ကြောင့် အဆိုပါ ဆု တံဆိပ်အတွက် သံသယဖြစ်ဖွယ်မရှိ ထိုက်တန်သည်။ ကျွန်ုပ်တို့ အားလုံးသူ့အား အလေးပြုပါသည်။ သူသည် ပုဂ္ဂိုလ်ရေးအားဖြင့် လည်းကောင်း၊ အများနှင့် သက်ဆိုင်သော အားဖြင့်လည်းကောင်း ဒုက္ခများကြုံတွေ့ရသော်လည်း ချက်ခြင်း အင်အားများပြန် လည်ပြည့် နေပြီး ဒေါင်ဒေါင်မြည်နေမှုသည် အများ သတိ ပြုဖွယ်လက္ခဏာ ဖြစ်ခြင်းကြောင့် သန်းပေါင်းများစွာသော လူများအား စစ်အစိုးရ၏ ရက်စက်မှုနှင့် ဖိနှိပ်မှုများကို ဆန့်ကျင်ရုန်းကန်ရာတွင် မျှော်လင့်ချက်များ ၊ ခွန်အားများကို ဖြစ်စေသည်။

စာရေးသူသည် သူ့အား နေအိမ်အကျယ်ချုပ် ကျခံစေစဉ် (၂၀၁၀) ကနောက်ဆုံးတွေ့ဆုံခဲ့ပါသည်။ သူသည် ကြင်နာတက်သူဖြစ်ပြီး ဥာဏ်ရည် ထက်မြက်ကာ ဆုံးဖြတ်ချက် ခိုင်မာသူ ဖြစ်ပါသည်။ ရည်မှန်းချက်ကို မယိမ်းမယိုင် စွဲကိုင်ထားနိုင်သည့် အာရှမှ အမျိုးသမီးများ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကျွန်ုပ်တို့ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဘ၀များ ရရှိရေး လုပ်ကိုင်နေခြင်းများနှင့် မည်သို့တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်မည် ဆိုသည်ကို ကျွန်ုပ်တို့၏ ရှုမြင်မှုများကြောင့် ကျွန်ုပ်တို့သည် သူနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည်။ သူသည်ယခုအခါ မြန်မာနိုင်ငံတွင် လွှတ်တော်အမတ်တစ်ဦး ဖြစ်နေပြီ ဖြစ်ပြီး စာရေးသူသည် အင်ဒိုနီးရှားတွင် အမတ်တစ်ဦး ဖြစ်နေပြီ။ ကျွန်ုပ်တို့သည် အမျိုးသား လွှမ်းမိုးသော နိုင်ငံများမှ အမျိုးသမီး နိုင်ငံရေးသမား များဖြစ် သည်။ ကျွန်ုပ်တို့တွင် ဖလှယ်စရာများစွာ ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံသည်လည်း စစ်တပ်၏ မှားယွင်းသော အုပ်ချုပ်မှုမှ ကြိုးစားရုန်းကန် ထွက်ခဲ့ရသည့် နိုင်ငံ ဖြစ်ပြီး စီးပွားရေးနှင့် ခေတ်မှီသော သာတူညီမျှသည့် လူ့အဖွဲ့အစည်းဖြစ်ရန် ခြေလှမ်းရှည်ကြီး လျှောက်လှမ်းခဲ့ရပြီး တိုက်ပွဲများစွာ ကျော်လွှားရဦးမည်ဖြစ် သည်။

ယနေ့ မြန်မာနိုင်ငံတွင် နေ့စဉ်ရုန်းကန် နေရမှုများကို ကိုင်တွယ်ရန် ကျန်နေပါသေးသည်။ မြန်မာနိုင်ငံသည် တံခါးဖွင့်ရန်အတွက် အဓိကခြေလှမ်း များကို အမှန်တကယ် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ပြည်သူများမှာ ဖိနှိပ်ခံရဆဲ နှင့် စစ်တပ်၏ ဒီမိုကရေစီမကျသော အာဏာ၏ ဆက်လက်ဖိနှိပ်မှုရှိ နေသေးပုံရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀နှောင်းပိုင်တွင် လွတ်မြောက်ပြီး လွှတ်တော်အတွက် အနိုင်ရသောအခါ ကျွန်ုပ်တို့သည် သူနှင့်မြန်မာပြည် သူများ အတွက် ၀မ်းသာပျော်ရွှင်ခဲ့ရသည်။

သို့သော်လွတ်တော် ကိုယ်စားလှယ်များ၊ အခြားအတိုက်အခံ လွှတ်တော် ကိုယ်စားလှယ်များတွင် ခက်ခဲသော လုပ်ငန်းတာဝန်များး ရှေ့တွင် ရှိနေပါ သေးသည်။ ၄င်းတို့အပေါ် ဒိမိုကရေစီမကျသော ကန့်သတ်မှုများရှေ့တွင် ရှိနေပါသေးသည်။ အခြေခံဥပဒေက တုတ်နှောင်မှုများ ပြုလုပ်ထားသကဲ့သို့ရှိ သည်။ အခြေခံဥပတွင် စစ်တပ် နှင့် အာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အပေါ် တရားမျှတမှု မရှိသည့် အာဏာများ ထိန်း သိမ်း ပေးထားသည်။ အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝ်ုင်းသည် ဦးသိန်းစိန် အစိုးရက လုပ်ဆောင်သော ပြုပြင်ပြောင်းလဲမှုများ ကို တုန့်ပြန် သောအားဖြင့် အစိုးရနှင့် ဆက်ဆံရေး ထူထောင်ခြင်း၊ ၁၉၉၀ခုနှစ် များဆီက ချမှတ်ထားသော နိုင်ငံရေး နှင့် စီးပွားရေးအရ အရေးယူမှုများကို တဖြည်းဖြည်း ရုတ်သိမ်း ပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ သွားရောက်ခြင်း ၊ ဦးသိန်းစိန် အမေရိကန်သို့ သွားရောက်ခြင်းများကလည်း နိုင်ငံရေးအရ လည်းကောင်း၊ စီးပွားရေး အရလည်းကောင်း ဆက်ဆံရေး များတိုးတက်နေသည့် အမှန်တကယ် လက္ခဏာများဖြစ်သည်။

အိုဗားမား အစိုးရ၏ အာရှကို ဗဟိုပြုခြင်း (Asia Pivot ) ၏ ရလာဒ်တစ်ခုလည်း ဖြစ်ပါသည်။ ၀ါရှင်တန်၏ သံတမန် နှင့် စစ်ရေးအရကို အရှေ့အ လယ် ပိုင်းမှ ပစိဖိတ်တစ်လွှား နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြန်လည် ချိန်ညှိခဲ့သည်။ ပိုမိုလွတ်လပ်သော မြန်မာနိုင်ငံ ဖြစ်လာရေးအ တွက်မျှော်လင့်ချက်များမှာ အားကောင်းမောင်းသန် ရှိနေဆဲဖြစ်သည်။ သို့သော် စာရေးသူတို့ တိုင်းပြည်အပါအ၀င် အခြားအာဆီယံ နိုင်ငံများတွင် တွေ့မြင်ရသည့် ပျက်စီးမှုမျိုး၊ ဆုံးရှုံးမှုမျိုး မြန်မာနိုင်ငံတွင် ပြန်မဖြစ်ရန် ပုံဖော်ပေးရမည့် အခွင့်အလမ်းများ တဖြည်းဖြည်း ပျောက်ဆုံးနေသည်ဟု ထင်သည်။

နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်မှု နှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုသည် ရပ်တန့်နေသော စီးပွားရေး အတွက် လိုအပ် သော ငွေကို သယ်ဆောင်လာသည် ဖြစ်သောလည်း တရားဥပဒေ စိုးမိုးမှု မရှိသော ၊ အဂတိ လိုက်စားမှု ပုံမှန်ရှိနေသော ၊ စစ်တပ်ခရိုနီများ ကြီးစိုးနေသော တိုင်းပြည်တစ်ခုတွင် အာဆီယံနိုင်ငံ များ၏ အတွေ့အကြုံအရ ပြည်သူလူထုသည် လူ့အခွင့်အရေးများ ချိုးဖောက်ခံရခြင်း ၊ အခက်အခဲများ ကြုံရနိုင်သည်။ ဤအချက်မှာ ယနေ့ကျွန်ုပ်တို့ အကြောက်ဆုံး အချက်တစ်ခုဖြစ်သည်။

စာရေးသူသည် Asean Inter-Parlimentary Myanmar Caucus၏ ဥက္ကဌ တစ်ဦးအနေဖြင့် ဒေသတွင်းရှိ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ၏ အဓိ က ဦးဆောင်နိုင်ငံရေး သမားများနှင့် တွေ့ဆုံ အလုပ်လုပ်ခဲ့ပြီး လူ့အဖွဲ့ အစည်း အတွင်းမှ အဖိနှိပ်ခံရဆုံး နင်းပြားများ၏ အသံကို တက်နိုင်သမျှ ကြားအောင် ဖော်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ သည် အချင်းအချင်း အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် အချင်းချင်း ထောက်ခံကူညီမှုများ ပြုလုပ်ခဲ့သည်။ အာဆီယံ ပြည်သူ များအတွင်းတွင် ကြီးမားသော စီးပွားရေး လုပ်ငန်းများ၏ အင်အားကြီးသော အစုများ၊ အမြစ်တွယ်နေသော နိုင်ငံရေးအီလစ်များ ၊ အဂတိ လိုက်စားမှုများ၊ စစ်တပ်၏ တန်ခိုးထွာမှုများနှင့် ပထ၀ီနိုင်ငံရေးများ ကြုံတွေ့ရလျက်ရှိသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများ အဆက်မပြတ် ဖြစ်ပေါ်စေရန် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားအင်အားစုများကို ထောက်ခံကူညီရန် စိတ်အားထက်သန်ဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တိုင်ဖြစ်သော ယခုအမေရိကန် နှင့်ကုလသမဂ္ဂ ခရီးစဉ်တွင် သူ၏ပြည်သူများနှင့် အမှန်တကယ် သက်ဆိုင်သော ကိစ္စရပ်များကို အားလုံးသိရှိအောင် ထောက်ခံပြောကြားရေးအတွက် ကျွန်ုပ်တို့ကတောင်း ဆိုခဲ့သည်။ လျှို့ဝှက်နိုင်ငံရေး များ ၊ စီးပွားရေး လုပ်ငန်းကြီးများ ၏ အရင်းရှင် ၀ါဒ များကြီးစိုးနေသော တိုင်းပြည်တွင် ရည်မှန်ချက်များ ရှုတ်ထွေးသွားရန် အလွန်လွယ်ကူပါသည်။ ကျွန်ုပ်တို့အားလုံးသည် မြန်မာနိုင်ငံကို အာဆီယံတွင် ယဉ်ကျေးမှု နှင့် စီးပွားရေးအရ ဦးဆောင်နိုင်သော မှန်ကန်သော နေရာသို့ ပြန် ရောက်ပြီး ကြီးပွားတိုးတက် စေလိုသည်။ သို့သော် ကျွန်ုပ်တို့ ပြည်သူများ၏ ငွေများပေးရုံဖြင့် အောင်မြင်မှု မရနိုင်ပါ။ လူ့အခွင့်အရေး အရပ်သား အခွင့်အရေး နှင့်နိုင်ငံရေး ရပိုင်ခွင့်များသည် နိုင်ငံရေးပိုကာ ကစားပွဲတွင် ရောင်းဝယ်နိုင်သော ကဒ်ပြားများအဖြစ် အသုံးမပြုနိုင်ပေ။ ၄င်းတို့ကို ယူဆောင်သွား၍ မရနိုင်ပေ။ ၄င်းတို့သည် မှန်ကန်၍ တရားမျှတသော အောင်မြင်သည့် လူ့အဖွဲ့အစည်း၏ အမြူတေများပင် ဖြစ်သည်။

အစိုးရ တပ်များသည် ကချင် နှင့်ရှမ်းပြည်နယ် မြောက်ပိုင်း တိုင်းရင်းသား ဒေသများတွင် ဆက်လက် တိုက်ခိုက် နေပြီး ၊ လူ့အခွင့်အရေးချိုးဖောက် မှုများပြုလုပ်နေသ၍ အမျိုးသား ပြန်လည် စည်းလုံးရေးမှာ အောင်မြင်ရန် ခက်ခဲနေဦးမည် ဖြစ်ပါသည်။ ဒီမိုကရေစီသို့ စစ်မှန်သော အသွင်ကူးပြောင်းမှုများ တွင် တရားဥပဒေစိုးမိုးမှုကို ထူထောင်နိုင်ရန်လည်း လိုအပ်လှသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သော Check and Balanceစနစ်တစ်ရပ် လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရန် အားလုံး၏ ရပိုင်ခွင့်များကို စောင့်ရှောက်ရန် ဆန္ဒရှိပြီး လုပ်ဆောင်နိုင်စွမ်း လည်းရှိသည့် ပွင့်လင်းမြင်သာကာ တာဝန်ယူနိုင်သည့် အင်စတီကျူးရှင်းများက Check and Balanceလုပ်ဆောင် ပေးရမည်ဖြစ်သည်။ အတင်းအဓမ္မ ပြောင်းရွှေ့စေခိုင်မှုများ၊ အကြောင်းပြချက်မရှိ မြေယာ သိမ်းယူမှုများသည် မြင့်တက်လျက်ရှိရာ ဆင်းရဲမွဲတေနေပြီးသော အဆင့်အတန်းကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သို့လည်းကောင်း အမေရိကန်ု အစိုးရသို့ လည်းကောင်း ကုလသမဂ္ဂသို့လည်းကောင်း စာရေးသူ ပြောလိုသည်မှာ မြန်မာ နိုင်ငံတစ်ဝှမ်း ထောင်ထဲရှိ ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများအတွက် ရပ်တည်ပေးပါ။ နှစ်ပေါင်းများစွာ ယနေ့ထိ ခံစားနေရသော ရိုဟင်ဂျာ မူဆလင်များ အတွက် ရပ်တည်ပေးပါ။ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့် များအတွက် ရပ်တည်ပေးပါ။ ဖွံ့ဖြိုးရေး စီမံကိန်း များအတွက်မြေသိမ်းယူခံရပြီး ဒုက္ခဖြစ်အောင် လုပ်ခံနေရသော လယ်သမား၊ ရွာသား၊များဖက်မှ ရပ်တည်ပေးပါ။ ဒုက္ခသည်များစွာ မူရင်းနေအိမ်သို့ ပြန်ရောက်အောင် ရပ်တည်ပေးပါ။ တရားမျှတမှု၊ အမှန် တရားနှင့် လူ့အခွင့်အရေးဖက်မှ ရပ်တည်ပါဟူ၍ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး အနာဂတ်သည် သူ၏မူ(Principle)ကို မယိမ်းမယိုင် စွဲကိုင်ထားနိုင်သည့် ကြီးမားသော အရည်အချင်းပေါ် တွင် မူတည်နေသည်။ သူသည်နိုင်ငံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် ကြုံတွေလာရမည့် ဖိအားများအတွက် ကျွန်ုပ်တို့သည် သူနှင့်အတူ လည်းကောင်း သူ၏နောက်တွင် လည်းကောင်း ရပ်တည်ပေးနေသည်။ ထို့အတူပင် အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့ သည်လည်း သူ့အားထောက်ခံ ပံ့ပိုးရန် တာဝန်ရှိသည်။ မြန်မာနိုင်ငံအပေါ် အမြတ်ထုတ် ရန် အဆင်သင့်ဖြစ်နေသော သယံဇာတ ပေါများသော နိုင်ငံ၊ လုပ်အားခ ဈေးပေါသော နိုင်ငံအဖြစ် မရှုမြင် ကြစေလိုပါ။ နှစ်ပေါင်းများစွာ အာဏာဖြင့် မတရား အုပ်ချုပ်ခံလာရသော တိုင်းပြည်မှ လူများသည် ရပိုင်ခွင့်များ ထိုက်တန်သည်ဟု ရှုမြင်စေလို သည်။ ကမ္ဘာကြီး အနေဖြင့် ဤအခွင့်အရေး အတွက် အချိန်ကိုက် ဖြစ်သည်။ နောက်မကျသေးပါ။

------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိက ဘဏ်များနှင့်ပတ်သက်သည့်  ကောလဟာလများကို ဗဟိုဘဏ်ငြင်းဆို

(Xinhua Newမှ 6Oct 2012ရက်စွဲပါ “Myanmar denies rumors about instability of private banks” သတင်းကို ဘာသာပြန်ဆိုသည်။)

ငွေစုသူများအကြား စိုးရိမ်မှု ဖြစ်ပေါ်ခဲ့သော ပြည်တွင်းပုဂ္ဂလိက ဘဏ်များမငြိမ်မှု ကောလဟာလ သတင်းများကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ငြင်းဆို လိုက်သည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။

ဘဏ်များ၏ အကျိုးစီးပွားကို ထိခိုက်စေလိုသူများက မဟုတ်မမှန် လုပ်ကြံသတင်းလွှင့်ခြင်းသာ ဖြစ်သည်ဟု ဗဟိုဘဏ်က ကြေညာကြောင်း New Light of Myanmar သတင်းစာက ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်၏ စနစ်တကျ စီမံခန့်ခွဲမှု များအောက်တွင် ဘဏ်လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများအတိုင်း ပုဂ္ဂလိက ဘဏ်များက လုပ်နိုင်သောကြောင့် ပုဂ္ဂလိကဘဏ်များ အားလုံးကို နိုင်ငံသားများ ယုံကြည်နိုင်သည်ဟု ဗဟိုဘဏ်၏ ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ် ၁၉ခုနှင့် အစိုးရဘဏ် ၁၉ခုနှင့် အစိုးရဘဏ် ၄ခုရှိသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးလာမှုကြောင့် ဈေးကွက်စီးပွားရေးစနစ်ကို ပုံသွင်းရန်အတွက် အများပိုင် ကုမ္ပဏီများ ထူထောင်ခြင်းကိုလည်း ခွင့်ပြုထားသည်။

ခွင့်ပြုချက်ရထားသော ပုဂ္ဂလိကဘဏ် ၁၁ခုသည် အများပြည်သူအား ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ FECတို့ဖြင့် နိုင်ငံခြား ငွေစာရင်း ဖွင့်ပေး ခြင်းကို ဇူလိုင်က စတင်ခဲ့ကြသည်။

ယခင်က ယင်းကဲ့သို့ နိုင်ငံခြားငွေကြေး ဝန်ဆောင်မှုများကို အစိုးရဘဏ် ၂ခုကသာ လုပ်ပိုင်ခွင့် ရှိခဲ့သည်။ ယခုအခါ နိုင်ငံခြား ငွေလဲလှယ်နှုန်း တည် ငြိမ်စေရန်နှင့် နိုင်ငံခြားငွေ ဈေးကွက်ပေါ်ထွက်လာစေရန် အတွက် ပုဂ္ဂလိကဘဏ် ၁၁ခုကို နိုင်ငံခြား ငွေမာ၃မျိုး ကိုင်တွယ်ရန် ဗဟိုဘဏ်က ခွင့်ပြုထားသည်။

ထို့ပြင်မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၂၀ခန့်ဖွင့်လှစ်ထားပြီး စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ မလေးရှား ၊နယ် သာလန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့မှ ဘဏ်များလာရောက် ဖွင့်လှစ်ကြခြင်း ဖြစ်ကြောင်း သိရှိရ သည်။

---------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်တွင် နေစရာမရှိသောသူများ  အရေအရေ အတွက်တိုးလာနေဆဲ

(Scoop Independent Newsမှ 6 Oct 2012ရက်စွဲပါ “Number of displaced people in Rakhine State still rising” သတင်းကို ဘာသာပြန်ဆိုသည်။)

ရခိုင်ပြည်နယ်တွင် နေစရာမရှိသော အိုမဲ့အိမ်မဲ့ ပြည်သူအရေအတွက် တိုးပွားလာနေဆဲ ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက သတိပေး ပြောကြားသည်။

ရခိုင်ပြည်နယ်၌ လူမျိုးစု အကြမ်းဖက် အဓိက ရုဏ်းဖြစ်ပွားပြီးနောက် လေးလကြာသည့်တိုင်အောင် အိုးမဲ့အိမ်မဲ့ဖြစ်သူ အရေအတွက် တိုးလာ နေခြင်း ဖြစ်ကြောင်း လတ်တလော ဒုက္ခသည် စခန်းများတွင် လူပေါင်း ၇၅၀၀၀ခန့် ရှိနေပြီး အများစုမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ယနေ့ပြောကြားသည်။

“ရခိုင်ပြည်နယ် အနှံ့အပြားတွင် အသွားအလာ တားမြစ်ထားဆဲဖြစ်ပြီး အချို့ရွာသားများမှာ အလုပ်သွားရန် ဈေးသွားရန် ပညာရေး ကျန်းမာရေး ကိစ္စများ ဆောင်ရွက်ရန် တားဆီးခံနေရသည့် မတတ်သာသည့် အဆုံး၊ ဒုက္ခသည် စခန်းများတွင် အစားအစာ ရရှိရန်နှင့် ဆေးကုရန်အတွက် ရွာများကို စွန့်ခွာ လာကြသည်”ဟု ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာမဟာမင်းကြိးရုံး UNHCR မှပြောရေးဆိုခွင့်ရှိသူ အေဒရီရန် အက်ဒဝပ်ကဂျနီဗာတွင် သတင်းထောက်များ အား ပြောကြားသည်။

ပြီးခဲ့သော ဇွန်လက ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် မွတ်စလင် ရိုဟင်ဂျာများအကြား အကြမ်းဖက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရသည်။

ဒေသခံ အာဏာပိုင်များက ထုတ်ပြန်သော ဒုက္ခသည်အရေအတွက် ၇၅၀၀၀သည် ဇွန်လတွင် အစိုးရက ရှေးဦးစွာ ထုတ်ပြန်ထားသော အရေအ တွက်၅၀၀၀၀ထက် ပိုများလာကြောင်း သြဂုတ်လဆန်းက ထပ်မံဖြစ်ပွားသော အဓိကရုဏ်းကြောင့် လူပေါင်း၄၀၀၀ခန့်၏ နေအိမ်များ မီးလောင်ပျက်စီးသွားခဲ့ ကြောင်း UNHCR၏အဆိုအရ သိရှိရသည်။

ယခုအခါ စစ်တွေ၊ ကျောက်တော်၊ မောင်းတောမြို့များ အပါအဝင် ထိခိုက်မှု အများဆုံး ကျေးရွာများသို့ လူသားချင်း စာနာမှု အကူအညီများ ပိုမို ရောက်ရှိ နိုင်ရေးအတွက် UNHCRက ၎င်း၏လူသားချင်း စာနာမှု လုပ်ဖောက်ကိုင်ဖက်များနှင့်အတူ တောင်းဆိုတိုက်တွန်း လျက်ရှိသည်။

အခင်းဖြစ်ပွားရာမူလဒေသများသို့  ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေခြင်းဖြင့် နောက်ထပ်စွန့်ခွာ ထွက်ပြေးမှုများ မဖြစ်အောင် တားဆီးနိုင်မည်ဖြစ် င်္ပြီး ဒုက္ခသည်များ အိမ်ပြန်လာခြင်းကို အဆင်ပြေ ချောမွေ့အောင် ကူညီပေးနိုင် လိမ့်မည်ဟု မျှော်လင့်ထားကြောင်း အေဒရီယန်အက်ဒဝပ်က ပြောကြား သည်။

UNHCRသည် ဒုက္ခသည်စခန်းများရှိ လူ၅၄၀၀၀ခန့်အား ပလပ်စတစ် အခင်းများ၊ ဖျာများ၊ စောင်များ၊ ခြင်လုံစကာများ၊ အိုးခွက်ပန်းကန်များ ဖြန့်ဝေ ပေးလျက်ရှိသည်။ ထို့ပြင် လူ၁၀၅၀၀ခန့် နေနိုင်မည့်အရေးပေါ် ယာယီအမိုးအကာတဲများ ဆောက်လုပ်ခြင်းကိုလည်း ထောက်ပံကူညီနေပြီး အိမ်ပြန်ရန် အခြေအနေများ တည်ငြိမ်သည်အထိ အစိုးရဒုက္ခသည်စခန်းများသို့  စားနပ်ရိက္ခာ၊ ရေနှင့် သန့်ရှင်းရေးစသော အခြေခံကူညီ ထောက်ပံ့မှုများကို ဆက်လက် ဖြည့်ဆည်း ပေးသွားမည်ဟု သိရှိရသည်။

မစ္စတာ အက်ဒဝပ်က ဆက်လက်၍ “ဒုက္ခသည် အရေအတွက် တိုးလာသော်လည်း နေအိမ်မပျက်စီး သူများမှာ စစ်တွေသို့ ပြန်လာကြပြီးဖြစ် ကြောင်း ယိုင်နဲ့နဲ့ တည်ငြိမ်မှုပြန်ရလာသော် ငြားလည်း အနေအထားမှာ တင်းမာနေဆဲဖြစ်ကြောင်း”သုံးသပ်ပြောဆိုခဲ့သည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive