Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၆.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ခြံစည်းရိုးအပြင်ဘက်က အကျင့်ပျက်ခြစားမှု

*****************************************

ဆောင်းပါးကဏ္ဍ

ခြံစည်းရိုးအပြင်ဘက်က အကျင့်ပျက်ခြစားမှု

လှရွှေ (ခေတ္တ-နို့ဖိုးဒုက္ခသည်စခန်း)

(အောက်တိုဘာ ၁၆ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၄၀)မှ ထုတ်ယူတင်ပြချက်။)

တစ်လအတွင်း မြန်မာပြည်နဲ့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေဆီကို အကြောင်းတိုက်ဆိုင်လို့ ရောက်ရှိသွားခဲ့ပါတယ်။ မိသားစု ကျန်းမာရေးကိစ္စ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆက်တွဲတွေဖြစ်တဲ့ ဆက်ဆံရေးရုံးဖွင့်လှစ်ရေးကိစ္စတွေနဲ့ ဆက်စပ်ပြီး မြန်မာပြည်တွင်းနေခဲ့စဉ်က ပြည် တွင်းရှိ လူတစ်ဦးချင်းတွေရဲ့ ကိုယ်ကျင့်တရားပျက်ပြားမှု၊ အောက်ခြေဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားနေမှုစတာတွေကို ဂျာနယ်တွေမှာ ရေးသားတင်ပြ ခွင့် ရရှိခဲ့ပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ တွေ့ကြုံရတော့ စာရေးသူအဖို့ အံ့သြခဲ့ရတယ်။ ပြီးခဲ့တဲ့လကတည်းက ထိုင်း- မြန်မာစပ်က ဒုက္ခ သည်စခန်းတစ်ခုဖြစ်တဲ့ နို့ဖိုးဒုက္ခသည်စခန်းကို ပြန်ရောက်ခဲ့ပါတယ်။ အမြင့်ပေ ၂၀၀၀ ကျော်၊ မြန်မာနိုင်ငံနယ်စပ်ကနေ ကားနဲ့သွားရင် ၄၅ မိနစ်အကြာ မှာတည်ရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းဟာ ဗမာ၊ မွန်၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကချင် ဒုက္ခသည်တစ်သောင်းကျော်ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခု ဖြစ်ပါတယ်။ ဒီဒုက္ခသည်စခန်းမှာ ပြည်တွင်းစစ်ဘေး၊ စစ်ဒဏ်ကြောင့် ဒီဒုက္ခသည်စခန်းမှာ ပြည်တွင်းစစ်ဘေး၊ စစ်ဒဏ်ကြောင့် ထွက်ပြေးလာတဲ့သူတွေ၊ တော်လှန် ရေးအသိုင်းအ၀ိုင်းကလာတဲ့သူတွေ၊ တတိယနိုင်ငံကိုသွားချင်လို့ ထွက်လာတဲ့သူတွေဆိုပြီး အမျိုးမျိုးရှိကြပါတယ်။

အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံတဲ့ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်နေတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလိုလူမျိုးစုံတဲ့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ အကျင့်ပျက်ခြစားမှုတွေ ဘယ်လိုဖြစ်နေသလဲဆိုတာ တော်တော်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ လူ့အလွှာအသီးသီးကလာတဲ့သူတွေဖြစ် တော့ စခန်းအတွင်းမှာ လည်း လုပ်ငန်းမျိုးစုံနဲ့ဘဝရပ်တည်ရေးအတွက် လှုပ်ရှားနေတာတွေကိုတွေ့ရပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေက ကားတွေစီး၊ ဘတ်ငွေသန်းချီတန်တဲ့ ဈေးဆိုင်ခန်းတွဖွင့်၊ ဆက်သွယ်ရေးအတွက် မရှိမဖြစ်အရေးပါတဲ့ အင်တာ နက်ဆိုင်တွေဖွင့်၊ လက်ဖက်ရည်ဆိုင်တွေ၊ ချဲဒိုင်တွေကအစ ရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။

ကျွန်တော်ရောက်တဲ့ရက်မှာ ရိက္ခာထုတ်တဲ့ရက်နဲ့ တိုက်ဆိုင်နေပါတယ်။ ရိက္ခထုတ်တဲ့ရက်ဆိုတာ ဒုက္ခသည်တွေ အူစိုတဲ့နေ့၊ ကလေးတွေအတွက် ဗီဒီယိုရုပ်ရှင်တွေကြည့်ရတဲ့နေ့ ဖြစ်ပါတယ်။ TBBC ကထုတ်ပေးတဲ့ ရိက္ခာလေးတွေထဲက ကိုယ့်မိသားစုအတွက် မလိုအပ်တဲ့ပစ္စည်းတချို့ကိုရောင်းပြီး စားချင်စရာလေးတွေ ဝယ်စား၊ အောက်ဆုံးရောက်နေတဲ့စိတ်ဓာတ်တွေကို အနုပညာလေးတွေနဲ့ဖြေသိမ့်တဲ့နေ့တွေ ဖြစ်ပါတယ်။

ပြည်တွင်းက ငွေကြေးပြည့်စုံပြီး တတိယနိုင်ငံကို ထွက်လိုတဲ့အတွက် ဒုက္ခသည်ဖြစ်နေတဲ့သူတွေကတော့ မပြောလိုပါဘူး။ ဒုက္ခသည်စခန်းကိုမ ရောက်ဖြစ်တဲ့ နှစ်နှစ်နီးပါးမှာ ဒုက္ခသည်တော်တော်များများ ပျောက်သွားတာကို တွေ့ရတယ်။ မြန်မာ့ပြည်တွင်း နိုင်ငံရေးပြောင်းလဲမှုနဲ့ တိုက်ရိုက်ဆက် စပ်နေသလို ထိုင်းအစိုးရရဲ့မူဝါဒတွေနဲ့လည်း ဆက်စပ်နေပြန်တယ်။ ဒုက္ခသည်စခန်းဆိုတာလည်း အုပ်ချုပ်မှုအဆင့်ဆင့်နဲ့ နေထိုင်ရတဲ့နေရာပါ။

စခန်းရဲ့အကြီးဆုံးအုပ်ချုပ်ရေးအရာရှိက ထိုင်းပြည်ထဲရေးက ပလပ်ဆိုတဲ့အရာရှိဖြစ်ပါတယ်။ စခန်းတစ်ခုလုံး ရပ်ကွက်အသီးသီးတွေကို တိုက် ရိုက်အုပ်ချုပ်နေတဲ့ စခန်းဥက္ကဋ္ဌတွေရှိသလို ရပ်ကွက်မှူးတွေ၊ လိုင်းမှူးတွေ၊ ရိက္ခာမှူးတွေ အသီးသီးရှိကြပါတယ်။ ရပ်ကွက်မှူး၊ လိုင်းမှူး၊ ရိက္ခာမှူးတွေ ဆိုတာ ဒုက္ခသည်တွေအတွက် အင်မတန်မှအရေးပါပါတယ်။

ဒုက္ခသည်တွေထဲမှာ အဆင်းရဲဆုံးသူတွေကတော့ တော်လှန်ရေး အဝန်းအဝိုင်းမှာ နှစ်တွေကြာ၊ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ် နေတဲ့သူ တွေပါ။ ဒုက္ခသည်တစ်ဦးအတွက် အခြေခံရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ သကြား၊ ငရုတ်သီးရပေမယ့် သားငါးနဲ့ တခြားမိသားစုလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ စခန်းအပြင်ကိုထွက်ပြီး အလုပ်လုပ်ကြပါတယ်။ ဒီလိုစခန်းအပြင်ကိုထွက်ပြီး အလုပ်လုပ်တယ်ဆိုတာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့မဟုတ် ပါဘူး။

ဒုက္ခသည်အများစုက ထိုင်းလူမျိုး တောင်သူတွေဆီမှာ မတန်တဲ့လုပ်အားခတွေနဲ့ အလုပ်သွားလုပ်ကြတာပါ။ ရိက္ခာထုတ်တဲ့နေ့မှာပဲ မိုးဦးမှာ မပေးခဲ့တဲ့ အိမ်ခေါင်မိုးအတွက် အင်ဖက်ဖိုးထုတ်ပေးတဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒုက္ခသည်ဆိုတာ လက်ခုပ်ထဲကရေလိုပါပဲ။ ဒီနှစ်မှာ TBBC က အိမ်အတွက်လိုအပ်တဲ့ အင်ဖက်တွေ ထုတ်မပေးဘဲထားတဲ့နှစ် ဖြစ်နေပါတယ်။ အိမ်တော်တော်များများကလည်း ပျက်စီးနေတာကိုတွေ့ရပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကဆို  TBBC က အိမ်တိုင်အတွက် ယူကလစ်တိုင်လေးတွေ ထုတ်ပေးပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေက ခေါင်းပုံ ဖြတ်ထားလို့ မရခဲ့တာတွေလည်းရှိပါတယ်။ ဒီလိုနှစ်တွေမှာတော့ ထိုင်းအစိုးရပိုင်တဲ့ သစ်တောတွေပြုန်းတီးအောင် အခုတ်ခံရတဲ့ နှစ်တွေပါပဲ။ ထိုင်းသစ် တောအရာရှိတွေ သေနတ်တကားကားနဲ့စောင့်နေတဲ့ကြားက မြန်မာတွေလက်စွမ်းပြလိုက်တာ ဒုက္ခသည်စခန်းနားက သစ်တောထူထပ်တဲ့တောင်တွေက တောင်ကတုံးဘဝ ရောက်သွားရှာတယ်။

ဒီနှစ်ကတော့ TBBC က အိမ် အတွက်လိုအပ်တဲ့အင်ဖက်တွေထုတ် မပေးပါဘူး။ မိုးလယ်ရောက်တော့မှ အင်ဖက်အစား ငွေကို သက်ဆိုင်ရာ စခန်းအုပ်ချုပ်ရေးမှူးတွေက ထုတ်ပေးနေတာဖြစ်ပါတယ်။ မိသားစုလိုအပ်ချက်တွေ ကိုဖြည့်ဆည်းဖို့ အလုပ်သွားလုပ်နေတဲ့သူတွေ ရိက္ခာရဖို့အတွက် လမ်းကြောင်းလေးတွေ ရှိနေပါတယ်။ လူမရှိရင် ရိက္ခာမရဘူးဆိုတဲ့ မူနဲ့ကိုင်ထားတော့ ဒုက္ခသည်တွေအတွက် ရွေးချယ်စရာလမ်းက လာဘ်ပေးပြီး ရိက္ခာ ရရှိရေးကို လုပ်ကြပါတယ်။

TBBC ဝန်ထမ်းလေးတွေ ဒါမှမဟုတ် ရပ်ကွက်အုပ်ချုပ် ရေးနဲ့ ဆက်စပ်တဲ့သူတွေကို သင့်တော်သလို လာဘ်ထိုးပြီး ရိက္ခာတွေထုတ်ကြပါတယ်။ အဆက်အသွယ်ကောင်း မရှိရှာတဲ့သူတွေကတော့ ရိက္ခာမရကြပါဘူး။

အင်ဖက်ဖိုးအတွက် ငွေထုတ်ပေးတာက ငတ်ပြတ်နေတဲ့ဒုက္ခသည်တွေအတွက် မက်မောစရာပါ။ ကျွန်တော်လည်း အင်ဖက်ဖိုးငွေထုတ်တဲ့ နေရာ ကို သွားရောက်လေ့လာမိပြန်တယ်။ အမျိုးသမီးနဲ့ ကလေးအတွက် အင်ဖက်ဖိုးငွေလာထုတ်တဲ့ဒုက္ခသည် တစ်ဦးကို TBBC မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း နှစ်ဦးနဲ့ ရပ်ကွက်ကရွေးထားတဲ့ ရိက္ခာမှူးတွေက အစ်ကို့အမျိုးသမီးနဲ့ ကလေးကိုယ်တိုင်လာမှ ငွေထုတ်ပေးလို့ရမယ်တဲ့။ ဘာမှပြန်မပြောဘဲ ထွက်သွားတဲ့ ဒုက္ခသည်ကို စိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်။ သူရဲ့နောက်မှာ မိသားစုရိက္ခာ စာအုပ် ၁၀ အုပ်ကျော်အတွက် ငွေလာထုတ်သူတစ်ဦးကို တွေ့ခဲ့ရပြန်ပါ တယ်။

သူကတော့ အစီအစဉ်တကျထပ်ထားတဲ့ ရိက္ခာစာအုပ်တွေကိုကျော်ပြီး ဘတ်ငွေတစ်ထပ်ကြီးထုတ်သွားတာကိုတွေ့ရတော့ ကျွန်တော့်စိတ်ထဲ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ မိသားစုရိက္ခာလေးတောင် ထုတ်ယူခွင့်မရှိတဲ့ ဒုက္ခသည်နဲ့ မိသားစု ၁၀ ခုကျော်အတွက် ရိက္ခာထုတ်သွားတဲ့ဒုက္ခ သည်ကြားက ကွာခြားမှုတွေကိုလည်း စဉ်းစားနေမိခဲ့ပါတယ်။

ဒုက္ခသည်စခန်းအတွင်း အကျင့်ပျက်ခြစားမှုက တော်တော်စိတ်မကောင်းစရာပါ။ လူတစ်ဦးအတွက် လိုအပ်တဲ့ရိက္ခာဆိုတာ အတိအကျ၊ ပိုတာ တွေ မရှိပါဘူး။ ဒီကြားထဲက ခေါင်းပုံဖြတ်၊ လာဘ်စားနေကြတဲ့လူတွေကလည်း မြန်မာတိုင်းရင်းသားတွေဖြစ်နေကြပြန်တယ်။

လူမရှိဘဲ ရိက္ခာစာအုပ် ၂၀ လောက်ကို ထုတ်လို့ရတဲ့သူတွေရှိသလို ယောက်ျားက တောင်ယာမှာအလုပ်လုပ်သွားနေလို့ ကလေးတွေကျောင်း တက်နေလို့ရိက္ခာထုတ်မရတဲ့ ဒုက္ခသည်တွေကိုမြင်ရတော့ ကျွန်တော်တို့မြန်မာတွေ အကျင့်ပျက်ခြစားမှုကို ဘယ်လိုနည်းနာတွေ၊ ဘယ်လိုအုပ်ချုပ်ရေး၊ ဘယ်လိုပညာရေးတွေနဲ့ ပြုပြင်ရမလဲဆိုတာ မတွေးတတ်အောင်ရှိခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ အကျင့်ပျက်ခြစားမှုက မြန်မာ့အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာစက် သက်ရောက်မှုမရှိဘဲ ခြံစည်းရိုး အပြင် ဘက်က ခြစားမှုတွေဖြစ်ပါ တယ်။ ခြံစည်းရိုးအပြင်က အာပြဲလျှာပြဲ လူ့အခွင့်အရေး၊ အကျင့်ပျက်ခြစားမှုအကြောင်းကို အော်နေကြတဲ့သူတွေမှာလည်း အကျင့်ပျက်ခြစားမှုတွေ ဖြစ်နေပါလားလို့ တွေးမိတယ်။ နိုင်ငံကိုပြန်လည်ထူထောင်တဲ့အခါ ဒီလိုအကျင့်ဆိုးတွေနဲ့ လူသားတွေရဲ့စံနှုန်းတွေ အမိမြန်မာပြည် ထဲကို ကပ်ပါမလာပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။

****************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၆.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိရန် တောင်သူများ လယ်မြေလုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားရမည်
  2. ကုန်းပိုင်းရေနံရှာဖွေရေးလုပ်ငန်းလုပ်ကိုင်မှု လူမှုစီးပွားထိခိုက်ပါက ကန်ထရိုက်တာစာချုပ်ရပ်စဲမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဧရာဝတီတိုင်းဒေသကြီးအစိုးရအား စုံစမ်းစစ်ဆေးရန် သမ္မတညွှန်ကြား
  1. မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိရန် တောင်သူများ လယ်မြေလုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားရမည်

တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်များရရှိရန်နှင့် ၂၀၁၂ လယ်ယာမြေဥပဒေပါအခွင့်အရေးများ ရရှိနိုင်ရန်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်များကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၂ အောက်တိုဘာလ ၁၅ ရက်နေ့ ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကဉ္စနာခန်းမ၌ ကျင်းပခဲ့သည့် လယ်ယာမြေဥပဒေ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေများနှင့် နည်းဥပဒေများရှင်းလင်းဆွေးနွေးပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ(ပုံစံ-၁)ကို အခမဲ့ရယူလျှောက်ထား၍ သက်ဆိုင်ရာ လယ်ယာစီမံခန့်ခွဲမှု အဖွဲ့များက အဆင့်ဆင့်စိစစ်၍ မှတ်ပုံတင်ပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တောင်သူများအား လယ်မြေလုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားခိုင်းရခြင်းမှာ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ အစား ပြည်သူပိုင်လယ်ယာမြေဥပဒေအဖြစ် ပြည်သူဗပာိုပြုစနစ်အဖြစ် ပြောင်းလဲခြင်းကြောင့်ဖြစ်ပြီး ၂၀၁၀ လယ်ယာမြေဥပဒေပါ လယ်ယာမြေများတွင် လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ပာင်းသီးပာင်းရွက် ပန်းမန်စိုက်ပျိုးသည့် ခြံမြေနှင့် မြေနု ကျွန်းမြေတို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် တောင်သူလယ်သမားများ သားစဉ်မြေးဆက် ဘဝအာမခံချက်များအတွက် လယ်ယာမြေများကို နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား(သို့)နိုင်ငံသားများပါဝင်သည့် အဖွဲ့အစည်းများရောင်းချပေါင်နှံ ပေးကမ်းလဲလှယ်ခြင်းများကို တားမြစ်ထားပြီး ၂၀၁၂ လယ်ယာမြေဥပဒေ အရ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တောင်သူများလယ်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်အသုံးချရမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံရှိ တောင်သူများမှာ ရာသီဥတုဖောက်ပြန်မှုများ၊ စိုက်စရိတ်ချေးငွေ အပြည့်အဝမရရှိခြင်းများနှင့် ကုမ္ပဏီများမှ လယ်ယာမြေများသိမ်းဆည်းမှုများကြောင့် အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး တစ်နိုင်ငံလုံးတွင်လည်း လယ်ယာမြေသိမ်းဆည်းမှုများ ကြောင့် ဆန္ဒပြမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကုန်းပိုင်းရေနံရှာဖွေရေးလုပ်ငန်းလုပ်ကိုင်မှု လူမှုစီးပွားထိခိုက်ပါက ကန်ထရိုက်တာစာချုပ်ရပ်စဲမည်

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအဖြစ် ကုန်းတွင်းရေနံရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ယင်းလုပ်ငန်းများမှ လူမှုစီးပွားထိ ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါက ကန်ထရိုက်တာစာချုပ်များ ရပ်စဲသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီလုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေ၊ လူမှုစီးပွားထိခိုက်တာတွေ ဖြစ်လာမယ်ဆိုရင် စာချုပ်ရပ်စဲတဲ့အထိ အရေးယူသွားမှာပါ။ ဒီတော့ ဒီလုပ်ငန်းစလုပ်တော့မယ်ဆိုရင် ကန်ထရိုက်တာတွေကြိုပြီး သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်၊ လူမှုစီးပွားအကာအကွယ်ပေးပြီးဖြစ်အောင် ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ပြီးတော့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်လည်း လုပ်ဆောင်သင့်ပါတယ်”ပာု ၎င်းက ပြောသည်။

ထို့ပြင် ရေနံယိုဖိတ်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ပါက အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဖြေရှင်းပေးရေးအတွက် နာလည်မှုစာချွန်လွှာကို မကြာမီကာ လအတွင်း ရေးထိုးနိုင်လိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်ပိာုတယ်၌ ပြုလုပ်ခဲ့သည့် ရေနံယိုဖိတ်မှုဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရေနံယိုဖိတ်မှုဖြစ်ပွားရင် ဒေသတွင်းပျက်စီးဆုံးရှုံးမှုနည်းပါးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ MoU လက်မှတ်ရေးထိုး ဆောင် ရွက်သွားနိုင်ဖို့အတွက် ဒီဆွေးနွေးပွဲကိုပြုလုပ်ခဲ့တာပါ”ပာု ၎င်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်သို့ရောင်းစားလျက်ရှိပြီး ရေနံယိုဖိတ်မှုပြဿနာများကို အာဆီယံဒေသတွင်း နိုင်ငံအချင်းချင်း ပူးပေါင်းဖြေရှင်းရေးအတွက် ၁၉၉၃ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်နိုင်၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံ တို့ သဘောတူညီခဲ့ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအား စုံစမ်းစစ်ဆေးရန် သမ္မတညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ သမ္မတထံသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရနှင့်ပတ်သက်၍ တိုင်ကြားမှုများ ပြုလုပ်ခဲ့သည့်အတွက် ၎င်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအား စုံစမ်းစစ်ဆေးရန် သမ္မတက ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဧရာဝတီတိုင်းဒေသကြီးအစိုးရကို သက်ဆိုင်ရာဝန်ကြီးဌာနတွင်းမှာစစ်ဆေးဖို့အတွက် သမ္မတက ညွှန်ကြားထားပါတယ်။ တိုင်းလွှတ်တော်အ နေနဲ့ကတော့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကို စစ်ဆေးဖို့ အခွင့်အာဏာမရှိဘူးလို့ဆိုပါတယ်။ ပြီးတော့ အောက်တိုဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက စုံစမ်းစစ်ဆေးမှုတွေပြုဖို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြောကြားသွား ပါတယ်”ပာု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရခြင်းမှာ တိုင်းဒေသကြီးအစိုးရနှင့် ဌာနဆိုင် ရာအချို့သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကြားတွင် ကင်းကွာမှုများဖြစ်လာနိုင်စေရန် ဆောင်ရွက်ခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှုများ ဖြစ်ပေါ်လာမှုမရှိနိုင်စေရန် ဆောင်ရွက်ခြင်း၊ လွှတ်တော်မှ အတည်ပြုလိုက်သည့်အဆိုများအား အောက်ခြေတွင် လုပ်ဆောင်မှုအားနည်းခြင်းနှင့် လွှတ် တော်ကိုယ်စားလှယ်များ အလုပ်လုပ်ကိုင်ရာတွင် ခက်ခဲလာသည့်အတွက်တို့ကြောင့်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပါတီလွှတ်တော်ကိုယ်စားလှယ်များအားခေါ်ယူ၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအား လွှတ်တော်ကိုယ်စားလှယ် များက စွပ်စွဲပြစ်တင်မည့်အပေါ် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မယ်ဆိုတော့ ဦးဌေးဦးက ခေါ်ပြီးမလုပ်ဖို့ပြောပါတယ်။ ခြိမ်းခြောက်တဲ့ပုံစံမျိုးပြောတာပါ။ ဒါ တွေကို ပြည်တွင်းဂျာနယ်တွေမှာရေးတော့ မပာုတ်ပါဘူးလို့ ဗြောင်ငြင်းတယ်။ အခု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက စုံစမ်းစစ်ဆေးဖို့ သမ္မတကညွှန်ကြားလိုက်ပါပြီ။ မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့တော့ လိုပါတယ်”ပာု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ တိုင်းဒေသကြီးအစိုးရအား တိုင်းဒေသကြီးလွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းသည် အစိုးရသစ်လက်ထက်မှစတင်၍ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ၂၀၁၀ အငြင်းပွားဖွယ် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့နယ် ဒေါင်းနေကျေးရွာတွင်ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့ကြောင်း သိရသည်။

“မကွေးတိုင်းက NLD ပါတီဝင် တော်တော်များများ ကြံ့ခိုင်ရေးပါတီကို ကူးပြောင်းသွားကြပါတယ်။ ဒီပါတီကူးပြောင်းတဲ့အခမ်းအနားကိုလည်း လုပ်ပြီးသွားပါပြီ။ ပါတီကူးလာတဲ့သူတွေကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေ ထုတ်ပေးပြီးသွားပါပြီ။ ဒီအခမ်းအနားကို မကွေးတိုင်းဝန်ကြီးချုပ်က ဧည့် သည်အနေနဲ့ လာတက်ခဲ့ပါတယ်”ပာု ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ကူးပြောင်းသွားရခြင်းမှာ NLD ဗပိာု၏ ဆက်ဆံမှုများနှင့် NLD ကျေးရွာအုပ်စုရုံး ပြောင်းရွှေ့ဖွင့်လှစ်ခြင်းအပေါ် မကျေနပ်မှုများကြောင့်ဖြစ်ကြောင်း ပါတီကူးပြောင်းခဲ့သူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီတွင်း ဒီမိုကရေစီပျောက်ဆုံးမှုများအတွက် နေရာဒေသအတော်များများတွင် ပါတီဝင်များမှ ဆန္ဒထုတ်ဖော်မှုများ၊ ပါတီကူးပြောင်းမှုများကို ပြုလုပ်ခဲ့ပြီး ဗပာိုကော်မတီအနေဖြင့်လည်း ယင်းကိစ္စရပ်များအပေါ် ထိထိရောက်ရောက် ကိုင် တွယ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

ဒီမိုကရေစီမှာ ပြည်သူတွေကထိန်းပိုင်ခွင့်ရှိပါတယ်။ ဘာနဲ့ထိန်းလဲဆိုတော့ မဲလေးတစ်ပြားနဲ့ ထိန်းသွားပါတယ်။ လုပ်ပုံလုပ်ဟန်တွေ ပြောတာတွေကို မကြိုက်ဘူးဆိုရင် နောက်ရွေးကောက်ပွဲမှာ မဲမပေးခြင်းအားဖြင့် ပြည်သူလူထုက ဒဏ်ပေးလို့ရပါတယ်။ ပြည်သူတွေက ကိုယ့်ရဲ့ဒီမိုကရေစီအခွင့်အရေး တွေကို သိသလို တာဝန်တွေကိုလည်း သိရပါမယ်။ အခုကတည်းက ဘယ်သူတွေက ဘာလုပ်နေတယ်ဆိုတာကို လေ့လာရမယ်။ လေ့လာတဲ့အခါမှာ အပေါ်ယံကြော မလေ့လာပါနဲ့။ နက်နက်နဲနဲလေ့လာပါ။

အောက်တိုဘာ၁၆ရက်ထုတ် Weekly Elevenဂျာနယ်အတွဲ(၂) အမှတ်(၈)တွင်ပါရှိသည့် “လုပ်ပုံလုပ်ဟန်နှင့် ပြောဆိုမှုကို မကြိုက်ပါက မဲမ ပေးခြင်းဖြင့် ဒဏ်ပေး၍ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကမ္ဘာ့နိုင်ငံတွေနဲ့ အဆက်အသွယ်ကောင်းတွေ ရရှိလာတာဟာ နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံအတွက် အရမ်းကိုကောင်းတဲ့ အကျိုး သက်ရောက်မှု တွေရရှိလာနိုင်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ ကဏ္ဍပေါင်းစုံက လူအများအပြားကို အမြန်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေပေးနိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းရင် ကြီးမားတဲ့ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင် ပါတယ်။

အောက်တိုဘာ ၁၆ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ(၄) အမှတ်(၄၀)တွင်ပါရှိသည့် “ADB နှင့် နော်ဝေအစိုးရပူးပေါင်း၍ မြန်မာ့ခရီးသွား လုပ်ငန်းအတွက် ဒေါ်လာနှစ်သိန်းကျော် အကူအညီပေးမည်” သတင်းမှ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး ကတ်ဂျာနော့ဒ်ဂတ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီမိုကရေစီလှိုင်းနဲ့အတူ ပြုပြင်ပြောင်းလဲဖို့လိုအပ်လာပြီ။လုပ်ငန်းပိုင်းဆိုင်ရာကို ပိုပြီးတော့အလေးထား ဆောင်ရွက်ရသလို ပြည်သူကို ဆားဗစ်ပေးရမယ်။ ဝန်ဆောင်မှုပေးရမယ်၊ ပြည်သူ့ရဲ့ လိုအပ်ချက်ကို တရားဥပဒေနဲ့အညီလိုက်လျောပေးရမယ်။

အောက်တိုဘာ၁၆ရက်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၈) အမှတ် (၄၀) တွင်ပါရှိသည့် “ဂိုဏ်ဖွဲ့အကြမ်းဖက် ကျူးလွန်မှုများကို မြန်မာနိုင် ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းနှိမ်နင်းမည်”သတင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီး တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive