Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၇.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ပါတီခေါင်းဆောင်အဖြစ် သမ္မတ ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရ

(The Gulf Today မှ 17 oct 2012 ရက်စွဲပါ ‘Myanmar president re-elected party leader” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. လာမည့် ရွေးကောက်ပွဲ အတွက် မြန်မာကို သြစတြေးလျ ကူညီမည်

(Radio Austrilia News မှ 16 Oct 2012 ရက်စွဲပါ Austrilia to help Burmese with 2014 elections သတင်းကို ဘာသာပြန်ဆိုသည်။)

  1. စီးပွားရေးအတက်အကျပေါ်က အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ

(Algazeera Newsမှ 13October 2012ရက်စွဲပါ “South East Asia: An economy on the rise” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************

ဘာသာပြန်သတင်းများ

ပါတီခေါင်းဆောင်အဖြစ် သမ္မတ ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရ

(The Gulf Today မှ 17 oct 2012 ရက်စွဲပါ ‘Myanmar president re-elected party leader” သတင်းကို ဘာသာပြန်ဆိုသည်)

အသစ်တဖန် ရှင်သန်ရေပန်းစားနေသော အတိုက်အခံ NLDပါတီနှင့်ယှဉ်လျှင် နောက်ကောက်ကျနေသည့် အနေအထားကို ပြန်လည်ပြုပြင်ရန် ရည်မှန်းထားသော အာဏာရပါတီ ၏ အရေးကြီးသော ညီလာခံတွင် ပါတီဥက္ကဌအဖြစ် ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတ ဦးသိန်းစိန်ကို အင်္ဂါနေ့က ပြန်လည် ရွေးချယ်လိုက်ကြသည်။

ဦးသိန်းစိန်၏နေရာကို အစားဝင်မည်ဟု တစ်ပြေးနေသော ပြုပြင်ပြောင်းလဲရေး သမားတစ်ဦးဖြစ်သူ အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ နိစ္စဓူဝ လုပ်ငန်းများ ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် မဲပေးရွေးချယ် ခဲ့ကြသည်ဟု ပါတီဝင်များက ပြောကြားသည်။

ဦးသိန်းစိန်သည် ယခင်နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကို ပြည်ဖုံးကားချကာ အသွင်ပြောင်းအစားထိုးလိုက်သော အရပ်ဖက် အစိုးရသစ်တွင် သမ္မတ တာဝန်ထမ်းဆောင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နေရာကို မနှစ်က စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ယခင်တပ်မတော် အစိုးရ လက်ထက်တွင် သူထက်ပို၍ အဆင့်မြင့်ပြီး ၊ သမ္မတဖြစ်ရန် ရည်မှန်းချက်ထားသည်ဟု သတ် မှတ်ခံရသူ ဦးရွှေမန်း နှင့် အာဏာလွန်ဆွဲမှု ဖြစ်နေသည်ဟု အကဲခတ်လေ့လာ သူများက ဆိုကြသည်။

အစိုးရ၏ ဒီမိုကရေစီ စံနှုန်းအပေါ် အဓိက စမ်းသပ်မှုဟု ရှုမြင်ကြသော ၂၀၁၅ရွေးကောက်ပွဲ အတွက် ပြည်ခိုင်ဖြိုးပါတီက ကြိုတင်ပြင်ဆင်နေ သည့် အလျောက် ယခုရွေးချယ်မှု မတိုင်မီက ဦးရွှေမန်းပါတီ ဥက္ကဋ္ဌဖြစ်လာမည်ဟု မျှော်လင့် ခဲ့ကြကြောင်း ပါတီဝင် အများစုက ပြောကြားသည်။

ယခုကဲ့သို့ မျှော်လင့်မထားသော အဖြေသည် အစိုးရနှင့် အာဏာရပါတီအကြား ကွဲလွဲမှု မဖြစ်အောင် တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု လွှတ် တော်အမတ်များက  မှတ်ချက်ပေးသည်။

အမည်မဖော်လိုသော ပါတီဝင် တစ်ဦးက “အစိုးရနဲ့ ပါတီအကြား ဆက်ဆံရေး ကောင်းနေဖို့အတွက် သမ္မတနဲ့ ဝန်ကြီးတွေရဲ့ အနေအထားကို နဂို အတိုင်း ထိန်းပေးထားရမှာပါ” ဟု ပြောကြားသည်။

“တကယ်လို့ ကျွန်တော်တို့ အရမ်းကြီး ပြောင်းလဲပစ် လိုက်မယ်ဆိုရင် အစိုးရနဲ့ ပါတီအကြား ဆက်ဆံရေး ခက်ခဲသွားနိုင်တယ်”ဟု ၄င်းကဆက် လက်ပြောကြားသည်။

ပြီးခဲ့သောဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄နေရာအနက် ၄၃နေရာ အနိုင်ရရှိသွားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ NLDပါတီကို အပြတ်အသတ် အရှုံးပေး ခဲ့ရသော်လည်း ပြည်ခိုင်ဖြိုးပါတီမှာ ပန်းပန်နေဆဲဟု ဆိုကြသည်။

---------------------------------------------------------------------------------------------------------------------

လာမည့် ရွေးကောက်ပွဲ အတွက် မြန်မာကို သြစတြေးလျ ကူညီမည်

(Radio Austrilia News မှ 16 Oct 2012 ရက်စွဲပါ Austrilia to help Burmese with 2014 electionsသတင်းကို ဘာသာပြန်ဆိုသည်။)

၂၀၁၄အတွက် လွှတ်တော်နှင့် သမ္မတ ရွေးကောက်ပွဲများကို စီမံခန့်ခွဲရန် မြန်မာနိုင်ငံကို အကူအညီပေးမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံက ထုတ်ဖော် ပြောကြားလိုက်သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carrက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံကာ ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲစနစ် တိုးတက်စေရန်နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို အထောက်အကူ ဖြစ်စေရန်အတွက် အတွေ့အကြုံ နှင့် ကျွမ်းကျင်သူ များ ပေးပို့ကူညီမည်ဟု ဘော့ကားက ဆိုသည်။

“မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဦးတည်ပြီး ဒီမိုကရေစီ အပြောင်းအလဲတွေ ဆက်လုပ်နေသလို လာမယ့်၂၀၁၄(၂၀၁၅) အထွေထွေ ရွေးကောက်ပွဲအတွက် စည်းကမ်းဥပဒေတွေ ရေးဆွဲနေပါတယ်”ဟု ဘော့ကားက ပြောကြားသည်။

“ဒီမိုကရေစီ အပြောင်းအလဲအတွက် သမ္မတ ဦးသိန်းစိန်၏ အကြိမ်ကြိမ် ကတိပေးမှုများကို မိန့်ခွန်းအတော် များများတွင် တွေ့ရမှာဖြစ်ကြောင်း၊ မြန် မာအစိုးရကို ဝေဖန်ထားသည့် ကုလနှစ်ပတ်လည် ညီလာခံ ဆုံးဖြတ်ချက်တွင် ပျော့ပြောင်းသော စကားလုံးများ အသုံးပြုရေးကို အခြားနိုင်ငံများ ထောက်ခံ အောင် မိမိစည်းရုံးသွားမည် ဖြစ်ကြောင်း ” သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောကြားသည်။

လက်ရှိ ကုလညီလာခံ ဆုံးဖြတ်ချက်သည် မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အထောက်အထား မှတ်တမ်းကို ဝေဖန်ဆန်းစစ် ထား ခြင်းဖြစ်သည်။ မြန်မာအစိုးရက ပြုလုပ်ခဲ့သော ပြောင်းလဲတိုးတက် မှုများကို တုန့်ပြန်ထင်ဟပ်ရန်အတွက် ပိုမိုပျော့ပြောင်းသော ဝေဖန်ဆုံးဖြတ်ချက် အဖြစ် ပြောင်းလဲ ပေးစေရန် ဘောကားက ဆန္ဒရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည်များ ပြဿနာနှင့် ရခိုင်ပြည်နယ် အဓိကရုဏ်း ပြဿနာများက အစိုးရ၏ လုပ်ဆောင်ချက် မှတ်တမ်းများတွင် ထောက်ကွက် ဖြစ်နေသည်ဟု သိရှိရသည်။

---------------------------------------------------------------------------------------------------------------------

စီးပွားရေး အတက်အကျပေါ်က အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ

(Algazeera Newsမှ 13October 2012ရက်စွဲပါ “South East Asia: An economy on the rise” သတင်းကို ဘာသာပြန်ဆိုသည်။)

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို ၊မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ယင်း၁၀နိုင်ငံ၏ စီးပွားရေး စုစည်းမှုအားသည် တစ်နေ့နေ့တွင် ဥရောပသမဂ္ဂ ၏ စွမ်းပကားကို စိန်ခေါ်နိုင်မည့် အလားအလာရှိ နေပြီဟု ပြောနိုင် သည်။ လက်ရှိအာဆီယံသည် စုစုပေါင်း လူဦးရေသန်း ၆၀၀၀နှင့်အတူ စီးပွားရေး ပမာဏ ဒေါ်လာ၂ထရီလီယံ ခန့်ရှိသည်။

ဒေါ်လာ ၁၆ထရီလီယံခန့် ရှိသော ဥရောပ သမဂ္ဂကို လိုက်မီအောင် ခရီးရှည် သွားရလိမ့်မည်ဟု .ယူဆနိုင်သော်ငြားလည်း အချိန်တိုအတွင်း ကမ္ဘာ့္ဘ့ဒုတိယ စီးပွားရေး တရုတ်နိုင်ငံ၏ ဖြစ်စဉ်ကို အာဆီယံက နည်းယူလျက်ရှိသည်။

သို့သော်အာဆီယံသည် ပြဿနာအလွန်ရှုတ်သော ဒေသဖြစ်သည်။ အာဆီယံတွင် ရေနံဓာတ်ငွေ့ ကြွယ်ဝသော  တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှု ပြဿနာအပြင် အဂတိ လိုက်စားမှုများ၊ စီမံခန့်ခွဲမှု အလွဲအမှားများ၊ ပြည်တွင်းရေး အရှုပ်အထွေးများက အုံနှင့်ကျင်းနှင့် ပါဝင်ဖွဲ့စည်း ထားသည်။

အယ်ဂျာဇီးယား သတင်းဌာနက အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ် ဆူရမ်အား မြန်မာနိုင်ငံ အကြောင်း၊ တောင်တရုတ်ပင်လယ် ပြဿနာ၊ ငွေကြေး အကြပ်အတည်းပြဿနာများနှင့် ပတ်သက်၍ မေးမြန်း ခဲ့သည်။

“မြန်မာနိုင်ငံသည် ကမ္ဘာကိုတံခါးဖွင့်ပေးနေပြီ၊ သို့သော် နိုင်ငံပြန်လည် တည်ဆောက်ရေး ကန်ထရိုက်ကို ဘယ်သူရမလဲ။ မြန်မာနိုင်ငံက စီးပွားရေး တံခါးကို ကမ္ဘာသို့ ဖွင့်ပေးချိန်တွင် အာဆီယံနိုင်ငံများ ဘေးစည်းသို့ ရောက်သွားမှာလား” စသောမေးခွန်းများကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ဒါက ဘယ်သူမဆို ယှဉ်ပြိုင်နိုင်တဲ့ ပွဲတစ်ခုပဲ။ မြန်မာတွေ ကသူတို့သွားနေတဲ့ စီးပွားရေး ဖွံ့ဖြိုးမှု လမ်းကြောင်းမှာ ဘယ်သူက  အကောင်းဆုံးတွဲ ဖက် ဖြစ်မလဲ ဆိုတာကို ရွေးချယ်မှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံကို ဝင်ဖို့ကြိုးစားနေတဲ့ ကိစ္စမှာ သီးသန့်ပေါ်လွင်နေတဲ့ နိုင်ငံဖြစ်တယ်လို့ ကျွန်တော်မထင်ပါဘူး၊ ဒီလိုပဲ မြန်မာနိုင်ငံကလည်း အရာရာမှာ တစ်နိုင်ငံတည်းကို လွှမ်းမိုးလက်ဝါးကြီး အုပ်ခွင့်ပေးတာမျိုးထက် ပိုပြီးလက်တွေ့ကျဖို့ ရှိပါတယ်”ဟု ဆူရင်ပစ်ဆူရမ်က ဆက်လက် ပြောကြားသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၇.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လုပ်သင့်သလောက်ပဲ လုပ်ကြပါ

*****************************************

ဆောင်းပါးကဏ္ဍ

လုပ်သင့်သလောက်ပဲ လုပ်ကြပါ

မိုးတင့်

(အောက်တိုဘာ ၁၇ရက်ထုတ် News Week ဂျာနယ် အတွဲ (၂) အမှတ် (၅၂) မှ ထုတ်ယူတင်ပြချက်။)

ပိုတဲ့စကားကြောင့် ပေါ့တယ်လို့အဆိုရှိပါတယ်။ တကယ့်အဖြစ်အပျက်ထက် ပိုမိုချဲ့ကားပြီး ပြောရမယ်ဆိုလို့ရှိရင် တကယ့်အဖြစ်အပျက် အနှစ် သာရ ပေါ့ပေါ့ရွှတ်ရွှတ်င်္ကြီး ဖြစ်သွားတတ်ပါတယ်။ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းစကာလမှာ ပိုမိုပွင့်လင်းလာပြီး ကိုယ့်ဆန္ဒကို တရားဝင်ဥပဒေအရ ဖော်ထုတ်ခွင့်ရရှိလာတဲ့အခါ ဆန္ဒပြမှုတွေ၊ တရားစွဲဆိုမှုတွေ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်တွေ့ရှိလာရတယ်။

အလုပ်သမားဆန္ဒပြမှုတွေ လယ်သမားဆန္ဒပြမှုတွေ အပါအဝင်တရားစွဲဆိုမှုတွေ ရဲ့နောက်မှာ နိုင်ငံရေးသမားဟု အမည်ခံသူများ ပါပါဝင်လာကြ တဲ့အခါ သေးတဲ့အမှုပိုကြီး လာတတ်ကြတာကိုလည်း လေ့လာမိတယ်။ တစ်ချို့နိုင်ငံရေးသမား အမည်ခံတွေ လုပ် စားလာသလိုမျိုး တောင်းခံစားရတယ်။ နိုင်ငံတစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို တက်ညီလက်ညီနှင့် ဝိုင်းဝန်းဆန္ဒပြလိုက်တာ ကောင်းမွန်သောရလာဒ်တွေ ထွက်ရှိလာခဲ့ တယ်။ သို့သော်တစ်ခါတစ်ရံအစွန်းရောက်လွန်းသော ပြောဆိုဆန္ဒပြမှုတွေကို ဖတ်ရှုကြားသိနေရတယ်။ ဘာပဲဖြစ်ဖြစ် အရင်အစိုးရလက်ထက်က ဆောင် ရွက်ခဲ့တာဆိုရင် ဆန္ဒပြပြီးရပ်တန့်ခိုင်းမှာပဲဆိုတဲ့ ပြုမူပြောဆိုမှုတွေကိုလည်း ကြိုကြားကြိုကြား ကြားတွေ့လာရတယ်။

ဒီမိုကရေစီနည်းအရ အများစုရဲ့ဆန္ဒကို အနည်းစုကဆန္ဒပြပြီး တရားစွဲရမယ်ဆိုတဲ့ကိစ္စတွေ ဆန္ဒပြမှုတွေကိုလည်း တွေ့ရတယ်။ အဖွဲ့အစည်းထဲ ကို ရှေ့နေဟုခေါ်ဆိုသောသူတစ်ဦးကို ခေါ်သွင်းလာပြီး အနည်းငယ်သော ဆန္ဒပြသူတွေက အများစု(ကိုယ့်အဖွဲ့ထက် အဆ ၂၀၊၃၀ ကျော်ပိုများတဲ့) ဖြစ်တဲ့ အဖွဲ့ကို အရေးယူတရားစွဲဖို့ စီစဉ်တဲ့ကိစ္စတွေလည်း မြင်နေကြားသိနေရတယ်။

ပြေလည်ပြီးသားကိစ္စကို နို်င်ငံရေးသမားလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားသူတွေဝင်ရောက်ပြီး အစကပြန်စကြတာမျိုးလည်း ကြားသိဖတ်ရှုရ တယ်။ တစ်ခါတစ်လေ နိုင်ငံနဲ့ချီပြီး အကျိုးရရှိနိုင်တဲ့ကိစ္စများမှာလည်း Transperancy ရှိအောင် တိုက်တွန်းလှုံ့ဆော် သင့်ရုံလောက်ကို လုံးဝရပ်ပေးဖို့အထိ တောင်းဆိုနေကြတာလည်း တွေ့မြင်ကြားသိနေရတယ်။

တောင်သူလယ်သမား၊ အလုပ်သမားတွေဆိုသည်မှာ အခြေခံလူတန်းစား အရိုးသားဆုံး အောက်ခြေလူတန်းစားတွေသာ ဖြစ်ပါတယ်။ နိုင်ငံသိ နိုင်ငံရေးသမားများသာမက ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားပါလို့ခံယူထားတဲ့ လူတွေရောက်လာပြီး အရောင်ဆိုးလိုက်ရင် ရိုးသားတဲ့လူတန်းစားတွေ အရောင်ပြောင်းသွားတတ်ကြပါတယ်။ အောက်ခြေလူတန်းစားပြည်သူတွေဟာ သူတို့ယုံကြည်အားကိုးမိပြီဆိုရင် ဘာလုပ်ခိုင်းခိုင်း အသက်ကိုတောင် ပဓာနမထားဘဲ ရိုးသားစွာ ယုံကြည်ပြုလုပ်ပေးတတ်ကြတဲ့ စိတ်နေစိတ်ထားတွေ ရှိတတ်ကြပါတယ်။ အဲဒီစိတ်နေစိတ်ထားတွေရှိတတ်ကြပါတယ်။ အဲဒီ စိတ်နေကို နိုင်ငံရေးသမားတွေ မိမိထင်ပေါ်လိုမှုအတွက် အသုံးမချသင့်ပါဘူး။

တစ်ခါတစ်ရံနိုင်ငံရေးသမား ဟုအမည်ခံတွေဟာ နိုင်ငံတိုးတက်ရေးအတွက် အနှောက်အယှက်ပေးတတ်တဲ့သူတွေ ဖြစ်မှန်းမသိ ဖြစ်သွားတတ် ကြတယ်။ တစ်ခါကလည်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ထဲမှာ “ငါတို့ကတော့ အသက်အသေခံပြီး ဆန္ဒပြမှာပဲဆိုတာ ကမ္ဘာကသိအောင် ကြွေးကြော် ပြီ”ဆိုပြီး ဆောင်းပါးတိုတစ်ပုဒ်ပါလာတာ ဖတ်ရှုဖူးတယ်။ မခုလို မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတဲ့အချိန်မှာ နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံမယ်လို့ စီစဉ်နေသူတွေအတွက် လက်တွန့်စေမယ့် အရေးသားအပြောအဆိုတွေ ဖြစ်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် စဉ်စားစေလိုပါတယ်။

အထိအခိုက်မခံတဲ့ ကိစ္စတွေဖြစ်တဲ့ ရခိုင်ပြည်နယ်အရေးအခင်းနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံရေးခေါင်းဆောင်ဟုဆိုသူတစ်ဦးမှ မြန်မာနိုင်ငံ သား ရိုဟင်ဂျာဖြစ်ခွင့်ရှိတယ်လို့ ဆိုသုံးသပ်ထားတာကို ဂျာနယ်တစ်စောင်(ထိုအချိန်က တစ်စောင်မကပါ) မှာ ဖတ်ရှုလိုက်ရဘူးတယ်။ နိုင်ငံတော်တာဝန် ရှိသူ အကြီးအကဲတွေကတောင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိဘူးလို့ အတိအလင်းပြောဆိုထားတာကို ထိုနိုင်ငံရေးသမား အမည်ခံသူက ငါ့စကား နွားရ ပြောဆိုခဲ့တာ တွေ့ရတယ်။ လူအထင်ကြီးအောင် ဝင်ပြောရင်း စကားမှားသွားတယ်ထင်ပါတယ်။

မဖြစ်မနေညှိနှိုင်းတိုင်ပင်လို့မရလို့ ဆန္ဒဖော်ထုတ်ရမယ့်ကိစ္စတွေ ရှိသလို ဘာဖြစ်ဖြစ် ခေတ်မီအောင် ဆန္ဒပြကြမယ်ဆိုရင်တော့ ရှေ့ရေးအတွက် ရင်လေးစရာပါပဲ။ စက်ရုံဆို ဆန္ဒပြကွာ၊ လယ်သမားဆိုဆန္ဒပြကွာ၊ Crony ခရိုနဆိုဆန္ဒပြကွာ၊ တရုတ်ဆိုဆန္ဒပြကွာဆိုပြီး ကျားကျားမီးယပ်လုပ်နေရင်တော့ ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်ရာမကျဘဲ ဆန့်ကျင်ရာကျနေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ နိုင်ငံတိုးတက်ဖို့ရာမှာ အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူတွေဘဲ ဖြစ်လာလိမ့်မယ်။

လိုအပ်ရင်သုံးဖို့အတွက် အကောင်းဆုံးအခွင့်အရေးပေးထားတာကို အချီးအနှီးပေါပေါလောလော အသုံးချနေရင် ကြာရင်တန်ဖိုးမရှိ မလေးစား တော့မှာ သေချာတယ်။ နိုင်ငံတကာ Image မှာလည်း မြန်မာနိုင်ငံကို အထင်မသေးစေလိုပါ။ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပြုစေလိုပါတယ်။ ယခုအခါ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ Image တစ်ခု စတင်တည်ဆောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့များသာမကဘဲနှင့် စင်မြင့်ပေါ် ဂျာနယ်စာမျက်နှာပေါ်တွေကနေ လူပြိန်းကြိုက်တွေ၊ တစ်ပွဲထိုးတွေပြောဆိုတာကို မသိနားမလည်တဲ့ပြည်သူတွေ နားယောင်သွားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်ဖြစ်သွားမှာ ဖြစ်နေတာကို ဆက်လက်မပြုလုပ်မိကြဖို့ လိုပါတယ်။ မယောင်ရာဆီလူး ဖြစ်နေရင် တကယ်အနှစ်သာရတွေပျောက်ဆုံးပြီး အုတ်ရောရောကျောက်ရောရောဖြစ်ကုန်မှာ စိုးရွံ့မိပါတယ်။ နိုင်ငံရေးသမားများ နည်းမည်ခံယူထားသူ များ၊ ဒီမိုကရေစီနာမည် ခံယူထားသူများ၊ ဒီမိုကရေစီအသုံးချနေသူများ သတိချပ်စေချင်ပါတယ်။

****************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၇.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မြစ်ဆုံနှင့် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်မပာုတ်
  2. မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဖွဲ့စည်းမည်
  3. တရုတ်သို့ လယ်ယာထွက်ကုန်များ တရားဝင်ပို့ခွင့်ရရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံတော်သမ္မတနှင့် မိတ်ဆွေပါတီများ ထပ်မံတွေ့ဆုံမည်
  1. ရှမ်းပြည်နယ်ဝန်ကြီးတစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးနှစ်ဦး ပြောင်းလဲခန့်အပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြစ်ဆုံနှင့် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်မပာုတ်

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သက်တမ်းတစ်လျှောက် ဆက်လက်လုပ်ကိုင်မည်မပာုတ်ကြောင်း ကတိပြုထားသည့် ဧရာဝတီမြစ်ဆုံစီမံ ကိန်းနှင့် ပြည်သူလူထုကန့်ကွက်နေသည့်ကြားမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်လျက်ရှိသော မုံရွာမြို့ရှိ ကြေးနီစီမံကိန်းအား မည်သည့် အကြောင်းနှင့်မှ ဖျက်သိမ်းသွားမည်မပာုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျင်းဝှာက ပြောကြားသည်။

“ကြေးနီတောင်စီမံကိန်းပာာ ကုမ္ပဏီရဲ့ပြယုဂ်ဖြစ်တဲ့အပြင် တရုတ်အစိုးရရဲ့ ပြယုဂ်နဲ့ပါ ပတ်သက်နေပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရနဲ့ ပြည်သူ တွေက တားဆီးမယ်ဆိုရင်တောင် တရုတ်အစိုးရက ခွင့်ပြုမှာမပာုတ်ပါဘူး။ စက်မှုဆိုင်ရာဖွံ့ဖြိုးမှုတွေအတွက် မဖြစ်မနေလုပ်ရမှာပါ”ပာု ၎င်းက ပြောကြား သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မြန်မာစီးပွားရေးဦးပိုင်လီမီတက်နှင့် Myanmar Wanbao Mining Copper Ltd တို့မှ အကျိုးအမြတ် ခွဲဝေခံစားသည့်ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းကြောင့် ရွာများပြောင်းရွှေ့ရခြင်း၊ ဒေသခံတို့၏လယ်ယာမြေများ ဆုံးရှုံးခြင်း၊ ပတ်ဝန်း ကျင် ထိခိုက်နစ်နာမှုများနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှုများကို ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံပြည်သူများမှ မြစ်ဆုံစီမံကိန်းကဲ့သို့ ကန့် ကွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ကလည်း ဘယ်လိုမှလက်မခံနိုင်ပါဘူး။ မြစ်ဆုံစီမံကိန်းလိုပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်သွား မှာပါ။ ဒီစီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူထုနစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စတွေအတွက် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို တရားစွဲဆိုသွားဦးမှာပါ။ သူတို့ဘက်က လုံးဝမဖျက်သိမ်းဘူးလို့ပြောရင် ကျွန်တော်တို့ဘက်ကလည်း လုံးဝလက်ခံမှာမပာုတ်ပါဘူး။ ကြေးနီစီမံကိန်းကိစ္စကို လုံးဝကန့်ကွက်ပါတယ်”ပာု ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုးရသစ် ဦးသိန်းစိန်လက်ထက်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်သူလူထုမှ တခဲနက် ကန့်ကွက်ခဲ့သည့် မြစ်ဆုံစီမံကိန်းအား ၎င်း၏လက်ထက်တွင် ဆက်လက်လုပ်ဆောင်မည်မပာုတ်ကြောင်း ၂၀၁၂ မေလက ပြောကြားခဲ့သည့် မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဖွဲ့စည်းမည်

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ ရပိုင်ခွင့်အမျိုးမျိုးနှင့် နိုင်ငံတွင်း အလုပ်သမားသမဂ္ဂများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်နိုင်စေရန် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့တွင် လှိုင်သာယာမြို့ နယ်ရှိ အလုပ်သမားသမဂ္ဂများစုပေါင်းရုံးသစ်တွင်ကျင်းပသည့် အစည်းအဝေးတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလောလောဆယ်မှာ အလုပ်သမားအဖွဲ့အစည်းတွေ တော်တော်များများကိုရှိပါတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေကို ပေါင်းစည်းဖို့အတွက်ခုထိ မလုပ်နိုင်သေးပါဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းသွားမှာပါ။ အလုပ်သမားအဖွဲ့အစည်း အတွေ အချင်းချင်းလည်းချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်”ပာု ယင်းအစည်းအဝေးအပြီးတွင် အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပြော ကြားသည်။

ထို့ပြင် ယင်းစည်းဝေးပွဲတွင် အလုပ်သမားအဖွဲ့အစည်းအသီးသီးက အတည်ပြုခဲ့သည့် အလုပ်သမားအလံတော်ကို မြန်မာတစ်နိုင်ငံလုံးရှိ အလုပ် သမားအဖွဲ့အစည်းများ ကျယ်ပြန့်စွာသိရှိနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် ကိုယ့်အားကိုယ်ကိုး၍ အလုပ်သမားအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိနိုင်စေရန်နှင့် အရည်အသွေးတိုးတက်လာနိုင်စေရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြော ကြားသည်။

“ဒီအစည်းအဝေးမှာ အလုပ်သမားအလံကို အတည်ပြုခဲ့ပါတယ်။ အလုပ်သမားအလံမှာ ကြယ်ဖြူ ၁၄လုံးပါပြီးတော့ အစိမ်း၊ အဖြူ၊ အပြာ၊ အနီ၊ ခရမ်း အရောင် ၅ မျိုးကို သုံးထားပါတယ်။ သဘောကတော့ ကြယ်မှာ လူတန်းစားမရွေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ အလုပ်သမား ထုကိုကိုယ်စားပြုတဲ့ အမှတ်အသားတွေကိုလည်း ထည့်ထားပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းအလုပ်သမားအဖွဲ့အစည်းပေါင်း ၂၆၀ ကျော်ဖွဲ့စည်းထားပြီး အဖွဲ့ချုပ်အနေဖြင့် တစ်ခုတည်းသာရှိသည့် အတွက် တိုးမြှင့်ဖွဲ့စည်းရန်လိုအပ်ကြောင်းနှင့် ထိုသို့ဖွဲ့စည်းနိုင်ရန် ကော်မတီတစ်ရပ်ထူထောင်၍ အလုပ်သမားသမဂ္ဂအချင်းချင်း ချိတ်ဆက်ဆောင်ရွက် နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တရုတ်သို့ လယ်ယာထွက်ကုန်များ တရားဝင်ပို့ခွင့်ရရှိ

မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ နိုဝင်ဘာလနောက်ဆုံးပတ်မှ စတင်၍ တရားဝင်တင်ပို့ခွင့်ရရှိတော့မည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်တုန်းက မြန်မာ့လယ်ယာထွက်ကုန်တွေကို တရုတ်ကိုတင်ပို့တော့မယ်ဆိုရင် ဒီဘက်က တရားဝင်ကုန်စည်လို့ လက်ခံပေမယ့် တရုတ်နိုင်ငံ ကတော့ တရားဝင်ကုန်စည်လို့ သတ်မှတ်မထားပါဘူး။ နန်နင်းကုန်စည်ပြပွဲမှာ အခွန်သက်သက်သာသာနဲ့ တရုတ်ကိုတင်ပို့ခွင့်ရဖို့အတွက် သဘော တူညီခဲ့ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံမှ တရားဝင်ကုန်စည်အဖြစ် သတ်မှတ်ခြင်းမရှိခဲ့သည့်အတွက် မှောင်ခိုအနေ ဖြင့်သာ တင်ပို့ခဲ့ကြရပြီး တရုတ်နိုင်ငံတွင်လည်း မြန်မာ့လယ်ယာထွက်ကုန်များတွေ့ရှိပါက ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပိာုဘက်မှာက ဒီကုန်စည်တွေတွေ့ရင် ဖမ်းပြီးအရေးယူနေပါတယ်။ ဒီလပိုင်းမှာကို တရုတ်ကိုဆန်တင်ပို့ရင် စစ်လားဆေးလားလုပ်တယ်။ အကြောင်းအမျိုးမျိုးပြပြီး ပို့တာကိုလက်မခံဘူး။ ဒီလပိုင်းထဲမှာကို ဆန်တင်ပို့ရင် တရုတ်က အကြောင်းအမျိုးမျိုးပြပြီး လုံးဝလက်မခံဘူး။ သူတို့လက်မခံ တော့ ဒီဘက်မှာ ဆန်တွေလာပုံနေတာပေါ့။ ဒါ့ကြောင့် ပာိုဘက်က စီးပွား/ကူးသန်းဝန်ကြီးရယ်၊ စိုက်ပျိုးရေးဝန်ကြီးတွေရယ်နဲ့ ညှိနှိုင်းပြီးမှပဲ ပြန်တင်ပို့ခွင့်ရ ခဲ့တယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျြို့ပ၍ ငြင်းပယ်နေသော်လည်း တရုတ် နိုင်ငံမှ အသက်အန္တရာယ်ထိခိုက်စေသည့် စားသောက်ကုန်များ၊ ပျားရည်များနှင့် အခြားအခြေခံကုန်စည်များကိုမူ မြန်မာနိုင်ငံအနေဖြင့် လက်ခံနေရ ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံတော်သမ္မတနှင့် မိတ်ဆွေပါတီများ ထပ်မံတွေ့ဆုံမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် မိတ်ဆွေ(၁၀)ပါတီ မကြာမီကာလအတွင်း ဒုတိယအကြိမ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သမ္မတနဲ့ နောက်တစ်ကြိမ်တွေ့ဆုံဖို့ရှိပါတယ်။ တွေ့ဆုံဖို့အတွက် နိုင်ငံတော်သမ္မတရုံးက အကြောင်းကြားစာတွေရောက်နေပါပြီ။ ကျွန်တော်တို့ မိတ်ဆွေပါတီများကတော့ ဖက်ဒရယ်မူနဲ့ ရွေးကောက်ပွဲအချိုးကျစနစ်တွေနဲ့ပတ်သက်ပြီး တင်ပြဖို့ရှိပါတယ်။ တွေ့မယ့်နေ့အတိအကျကိုတော့ သေချာမသိ ရသေးပါဘူး”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် မိတ်ဆွေပါတီများ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇူလိုင်လ ၁၈ ရက်နေ့တွင် နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်ရှိ စက်မှုလယ် ယာစနစ် တောင်သူပညာပေးစိုက်ခင်း အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်သမ္မတနဲ့ ပထမအကြိမ်တွေ့တုန်းက တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေရေးရာကိစ္စရပ်တွေ၊ နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပြုပြင်ပြောင်း လဲရေးတွေ၊ ပြီးတော့ ပြည်တွင်းမှာဖြစ်နေကြတဲ့ လယ်ယာမြေပြဿနာတွေ တိုင်းရင်းသာစာပေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ခုတစ် ကြိမ်မှာလည်း ဘာအကြောင်းအရာတွေ ဆွေးနွေးမယ်ဆိုတာ ဒီမိတ်ဆွေ ၁၀ပါတီက အစည်းအဝေးလုပ်ဦးမှာပါ”ပာု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည့် ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရှမ်းပြည်နယ်ဝန်ကြီးတစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးနှစ်ဦး ပြောင်းလဲခန့်အပ်

နိုင်ငံတော်သမ္မတရုံးမှ ရှမ်းပြည်နယ်ဝန်ကြီးတစ်ဦးအား ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးနှစ်ဦးအား ပြောင်းလဲတာဝန် ပေးအပ်လိုက်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မပာုတ် ပြညန်ယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့အရ ဦးအောင်ကျော်ညွှန့် အား ရှမ်းပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမိန့်အမှတ် (၃၆/၂၀၁၂)ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)တို့အရ (၁) ဦးစန်းမောင်အား ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးတင်စိုးအား ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း အမိန့်အမှတ် (၃၇/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

Ref: YC

-----------------------------------------------------------------------------------------------------------------------------------

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ပါတီတွင်းပြဿနာက ကိုယ်ကျိုးစွန့်သမားတွေနဲ့ အခွင့်အရေးမျှော်လင့်ပြီးဝင်လာသူတွေကြား ပြဿနာလို့ဆိုကြပါတယ်။ ကျွန်တော်ကတော့ အဲဒါကို အပြည့်အစုံမှန်တယ်လို့ မမြင်ပါဘူး။ ဗဟိုရဲ့အားနည်းချက်ကြောင့် ဖြစ်တဲ့ပြဿနာပါ။ ပြည်တွင်းမှာရော ပြည်ပမှာပါရှိတဲ့ အန်တီရဲ့ သြဇာနဲ့ အရှိန်အဝါ ကြောင့်သာ ပါတီက ဆက်သွားနေတာပါ။ တကယ်တော့ ပါတီတွင်းပြဿနာက တကယ်ကို စိုးရိမ်စရာအခြေအနေပါ”

အောက်တိုဘာ ၁၇ရက်ထုတ် 7 Day News ဂျာနယ် အတွဲ (၁၁) အမှတ် (၃၂) တွင်ပါရှိသည့် “အခွင့်မျှော်နှင့် ကိုယ်ကျိုးစွန့်ပါတီဝင်တို့အကြား ပဋိပက္ခကို အချိန်ယူရမည်ဟု ဒီချုပ်ဥက္ကဋ္ဌပြော”သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဗဟို လူငယ်တာဝန်ယူခဲ့ဖူးသူ ဦးဇော်မင်းကျော်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“လောလောဆယ်မှာ အစိုးရဌာနတွေက ရေးဆွဲတင်ပြတဲ့ ဥပဒေတွေကို လွှတ်တော်က ဆွေးနွေးအတည်ပြုပေးနေတာပါ။ လက်မခံနိုင်တာကို ကန့်ကွက်ပြီး ပယ်ဖျက်ခွင့်ရှိတယ်။ နည်းဥပဒေတွေလည်း ဒီလိုပါပဲ။ များသောအားဖြင့်တော့ အစိုးရဌာနတွေက ယခင်ကတည်းက ရေးဆွဲပြီးသားဥပဒေတွေကို ခုလ ချိန်မှာ ဆီလျော်အောင်လုပ်ဖို့တော့ လိုတာပေါ့။ ပြည်သူတွေ အားသာ၊ အားနည်းချက်တွေကို ဥပဒေအဟောင်းတွေနဲ့ ဆက်စပ်ပြီးလုပ်တာကြောင့် သူတို့ရဲ့ အတွေ့အကြုံက အားသာနေတာပါ”

အောက်တိုဘာ ၁၇ရက်ထုတ် Popular News ဂျာနယ် အတွဲ (၄) အမှတ် (၄၁) တွင်ပါရှိသည့် "အစိုးရအဖွဲ့လွှတ်တော်ထက် အတွေ့အကြုံအားသာ၍ ဥပဒေ ရေးဆွဲနေခြင်းဟုဆို"သတင်းမှ ကော်မတီအတွင်းရေးမှူးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းဖြင့်သာ တန်ဖိုးကြီးမားလှသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အမျိုးသား သွေးစည်းညီညွတ်ရေး နှင့်အတူ တိုင်းရင်းသားပြည်သူတို့ လက်ဝယ်ပိုက် ပိုင်ဆိုင်ရရှိနိုင်လိမ့်မည်ဟူ၍လည်းကောင်း NDFပါတီမှ ယုံကြည်ပါတယ်”

အောက်တိုဘာ ၁၇ရက်ထုတ် News Week ဂျာနယ် အတွဲ (၂) အမှတ် (၅၂)တွင်ပါရှိသည့် “NDFပါတီ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘော ထားကြေညာချက် ထုတ်ပြန်” သတင်းမှ NDF ပါတီ၏ ကြေညာချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive