Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၈.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင်

*****************************************

ဆောင်းပါးကဏ္ဍ

ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင်

မိုးမြင့်ငြိမ်း

ယနေ့(အောက်တိုဘာ ၁၈ ရက်နေ့)သည် နေပြည်တော်တွင် ပထမအကြိမ် ပဉ္ဓမလွှတ်တော်ပုံမှန်အစည်းအဝေးပွဲ ကျင်းပသည့်နေ့ဖြစ်သည်။ လွှတ်တော်၏လုပ်ဆောင်ချက်များသည် တစ်ကြိမ်ထက်တစ်ကြိမ် အသက်ဝင်လာသလို ပြည်သူများမှာလည်း လွှတ်တော်မှာ အခွံသက်သက်မဟုတ် မိမိတို့ သန်း ၆၀ သောပြည်သူများ၏အရေးကို ဝေဖန်ငြင်းခုံနေကြသည့် နေရာဖြစ်လာကြောင်း တဖြည်းဖြည်းသိရှိလာပြီလည်းဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်နိုင်ငံရေးတွင် ပါဝင်လာခြင်းကြောင့်လည်း ပြည်သူများရော၊ နိုင်ငံတကာကရော စိတ်ဝင်တစား စောင့်ကြည့်လာကြသည်။

အထူးစိတ်ဝင်စားရသည့် အရေး

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာနှစ်ရပ်ကြား အာဏာခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုဖြစ်ပေါ်ခဲ့ရသည်။ လွှတ်တော်အတွင်း ကြံ့ခိုင်ရေးအမတ်များသည် မိမိတို့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဖွဲ့စည်းခဲ့သည့် အစိုးရကို ဝေဖန်တိုက်ခိုက်မှုများ ပြင်းထန်ခဲ့သည့်အတွက် နိုင်ငံတကာကပင် အထူးစိတ်ဝင်စားရသည့်ကိစ္စ ဖြစ်ခဲ့ရသည်။ တပြိုင်နက်တည်းမှာပင် သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြား အာဏာပြိုင်ဆိုင်မှု ကြိမ်းသေပေါက်ရှိနေမည်ဟု သုံးသပ်၍ရသွားခဲ့သည့်အပြင် ပြုပြင်ပြောင်းလဲလိုသူများကြား စည်းလုံးညီညွတ်မှုမရှိခြင်းကိုလည်း ဖော်ပြရာရောက်နေသည်။ ယင်းအငြင်းပွားမှုအပေါ် ဥပဒေရှုထောင့်ကမကြည့်ဘဲ နိုင်ငံရေးရှုထောင့်မှကြည့်ကာ ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်ကိုလည်း စာရေးသူအမှန်ပင် ဘဝင်ကျမိသည်။

Unity and Diversity

ယင်းအငြင်းပွားမှုမှာ ဒီမိုကရေစီစနစ်အတွင်း ဖြစ်လေ့ဖြစ်ထရှိသော အသွင်ကွဲ၊အဆင်ကွဲဖြစ်မှု (diversity)ကိုဖော်ပြနေသည်ဟု ကောက်ချက် ချ၍ရနိုင်မည်လော။ စာရေးသူအမြင်၌ အသွင်ကွဲပြားမှုများကို စည်းလုံးညီညွတ်မှု(unity)နှင့် မထိန်းညှိလျှင်တော့ အပြန်အလှန် တိုက်ခိုက်နေခြင်းဖြင့်သာ အချိန်ကုန်နေမည် ဖြစ်သည်။ စည်းလုံးညီညွတ်မှု(Unity)ကိုသာ ဦးစားပေးလျှင်လည်း အမှားထောက်ပြဝေဖန်မှုများ ရှိလာတော့မည်မဟုတ်ဘဲ တစ်သွေး တစ်သံ၊ တစ်မိန့်စနစ်ဆီသို့ ဦးတည်သွားနိုင်ပေသည်။ အသွင်ကွဲပြားမှုအပေါ် စည်းလုံးညီညွတ်မှုဖြင့် ထိန်းညှိနိုင်မှသာလျှင် ဒီမိုကရေစီစနစ် ပိုမိုခိုင်မြဲမည် ဖြစ်သည်။ စာရေးသူဤကိစ္စကို အလေးထားပြောကြားနေရခြင်းမှာ ယခင်လွှတ်တော် အစည်းအဝေးတွင်ဖြစ်ပွားခဲ့သော အဆိုပါခုံရုံးကိစ္စတွင် လွှတ်တော်ဘက်မှ အနိုင်ရရှိသွားသည့်သဘော ဖြစ်သွားခြင်းကြောင့် အနိုင်၊အရှုံးရလဒ် တိတိကျကျထွက်သွားသည့် ကစားပွဲဟု ဆိုနိုင်သည်။ တနည်းဆိုရလျှင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအကြား နောက်တစ်ကြိမ် အာဏာလွန်ဆွဲပွဲမျိုး ပေါ်လာနိုင်သေးသည်ဟုဆို၍ ရနိုင်သည်။ သို့ဆိုလျှင် ဖြေရှင်းစရာ ပြဿနာများစွာ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံတွင် အချင်းချင်းမညီညွတ်မှုကြောင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်အထမမြောက်ဘဲ တိုင်းပြည်နွံ့နစ်သွားနိုင်သည့် အန္တရာယ်ရှိခြင်းကြောင့် နိုင်ငံ့ခေါင်းဆောင်များ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ အနှုးအညွှတ်မေတ္တာရပ်ခံလိုပါသည်။

အလေးထားဆောင်ရွက်ရမည့် စီးပွားရေး

ယခုအကြိမ်လွှတ်တော်တွင် အလေးထားဆွေးနွေးရမည့်ကိစ္စမှာ ပြည်သူတစ်ရပ်လုံးနေ့စဉ်နှင့်အမျှ ထိတွေ့နေသည့် နိုင်ငံ၏စီးပွားရေးပင် ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမှာ လိုအပ်ချက်များရှိခြင်းကြောင့် အပြီးသတ် မဆောင်ရွက်နိုင်သေးသလို၊ နိုင်ငံသားရင်းနှီးမြုပ်နှံမှုဥပဒေ၊ ဗဟို ဘဏ်ဥပဒေများအပါအဝင် အခွန်ဥပဒေများလည်းအတည်ပြုပြဋ္ဌာန်းဖို့ ကျန်ရှိနေသေးသည်။ ထိုအရေးကိစ္စများတွင်လည်း အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်သည်။ အုပ်ချုပ်ရေးမှ အကောင်အထည်ဖော်မည့် စီးပွားရေးမူဝါဒများကို လွှတ်တော်မှဥပဒေ၊ နည်းဥပဒေများဖြင့် အတည်ပြုပြဋ္ဌာန်းရန် ရှိနေခြင်းကြောင့်ဖြစ်သည်။

လက်တွေ့အလုပ်ဖြစ်သည့် ရေးရာကော်မတီများ

လွှတ်တော်မှာ တစ်ကြိမ်ထက်တစ်ကြိမ် အသက်ဝင်လာသည်ဟု ဆို၍ရနိုင်သော်လည်း အချို့သောကိစ္စရပ်များကို ဆောင်ရွက်သင့်ပါလျက်၊ ဆောင်ရွက်နိုင်ပါလျက် မဆောင်ရွက်သေးသည်ကို တွေ့နေရပါသည်။ အထူးသဖြင့် လွှတ်တော်ရေးရာကော်မတီများအသက်ဝင်ရေး ကိစ္စရပ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွှတ်တော်စနစ်မှာ ပါလီမန်စနစ်လို အုပ်စုဖွဲ့ဝိုင်းအာကြသည့် လုပ်ပုံကိုင်ပုံမျိုးမဟုတ်ဘဲ၊ ရေးရာကော်မတီများဖြင့် စုံစမ်းအဖြေရှာသည့် အမေရိကန်ကွန်ဂရက်လို ဖြစ်သည်။ သို့သော် ယခုရေးရာကော်မတီများ ဖွဲ့စည်းထားသော်လည်း လက်တွေ့အလုပ်ဖြစ်အောင် ဆောင်ရွက်ကြသည်ကို မတွေ့ရ။ သို့ဆိုလျှင် မြန်မာနိုင်ငံလွှတ်တော်စနစ်၏ အသက်ဖြစ်သော ရေးရာကော်မတီများကို အဖြစ်သဘောဖွဲ့စည်းထားခြင်းကြောင့် လွှတ်တော်၏ စွမ်းဆောင်ရည် အားနည်းနေသေးသည်ဟု သုံးသပ်၍ရနိုင်သည်။ ကိုယ်ပိုင်ဘတ်ဂျက်ပင်မရှိသေးသော လွှတ်တော်၏ တစ်ရက်အသုံးစရိတ်မှာ အတော်များသည့်အပြင် ထိရောက်မှုအားနည်းနေလျှင် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမည်မဟုတ်။ ထိုအတွက်ကြောင့် ရေးရာကော်မတီများတွင် ညှိနှိုင်းအဖြေရှာလိုက်လျှင် ရနိုင်သည့်ကိစ္စရပ်မျိုးကို လွှတ်တော်အစည်းအဝေးပွဲတွင် အချိန်ကြာမြင့်စွာ ပြောဆိုနေမှုများကြောင့် အရေးတကြီးဆွေးနွေး ဆောင်ရွက်သင့်သည့်ကိစ္စများကို မဆောင်ရွက်နိုင်ဘဲရှိနေလေရာ ထိုသို့ဖြစ်နေရခြင်းကို  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ အလေးထားပြုပြင်စေလိုကြောင်း စာရေးသူ မေတ္တာရပ်ခံအပ်ပါသည်။

                                               ***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၈.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်အဖြစ်ပြောင်းလဲဖွဲ့စည်းမည်
  2. မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ
  3. ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက် ပါတီနှင့် ကွန်ရက်များဖွဲ့စည်းထူထောင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ငြိမ်းချမ်းရေးအတွက် ရှမ်းတိုင်းရင်းသားများညီလာခံကျင်းပမည်
  2. ရခိုင်ပါတီနှစ်ခုပူးပေါင်းရေးဆွေးနွေးမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်အဖြစ်ပြောင်းလဲဖွဲ့စည်းမည်

လက်ရှိနိုင်ငံတော်ကပိုင်ဆိုင်သည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ဖို့အတွက် ညှိနှိုင်းနေပါတယ်။ အများပိုင်ဘဏ်လုပ်ပြီဆိုရင်တော့ မြန်မာ့လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း MAPCO နဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။ လက်ရှိအချိန်မှာ နိုင်ငံပိုင်ကနေ အများပိုင်အဖြစ် ပြောင်းလဲနိုင်ဖို့အတွက် လိုအပ်တဲ့ကိစ္စတွေကို ဆောင်ရွက်နေပါတယ်"ပာု၎င်းက ပြောသည်။

ယခုကဲ့သို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းရခြင်းမှာ မြန်မာ့စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်ပိုမိုချေးယူနိုင်စေရန်နှင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အမြန်ဆုံးကူးပြောင်းနိုင်ရေးအတွက် လိုအပ် သည့်အကူအညီများ ပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်မှာလယ်သမားတွေ တော်တော်အထိနာပါတယ်။ လယ်သိမ်းတာတွေကော၊ ပျက်စီးသွားတဲ့လယ်တွေအတွက် စိုက်စရိတ်ချေးငွေ အပြည့်အဝမရတာကော အများကြီးဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် တောင်သူတွေရဲ့ဘဝ ဒီ့ထက်ပိုပြီး အဆင်ပြေဖို့နဲ့ စိုက်စရိတ်ချေးငွေ အပြည့်အဝရရှိစေဖို့ အတွက် ခုလိုအများပိုင်ဘဏ်အဖြစ် ပြောင်းလိုက်တာပါ"ပာု လယ်/ဆည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်တို့ကို နိုင်ငံပိုင်ဘဏ်များအဖြစ် ဆက်လက်ထားရှိမည်ဖြစ်သော်လည်း လိုအပ်ပါက ယင်းဘဏ်များကိုပါ အများပိုင်(သို့)ပုဂ္ဂလိက ဘဏ်များအဖြစ် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

မြန်မာ-အမေရိကန်နှစ်နိုင်ငံကြား လူ့အခွင့်အရေးဆိုင်ရာ ယုံကြည်မှု၊ နားလည်မှုနှင့် ဆက်ဆံရေးပိုမိုတိုးတက်လာနိုင်စေရန် လူ့အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗပာိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း အလုပ်သမားဥပဒေအကောင်အထည်ဖော်ရေး၊ အခွင့်အရေးများကာကွယ်ရာတွင် ပုဂ္ဂလိက အခန်းကဏ္ဍနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က မြန်မာနှင့် အမေရိကန် နှစ်ဖက်ကာကွယ်ရေး အဖွဲ့အစည်းများ၏  အဆင့်အတန်းနှင့် ဆောင်ရွက်မှုများ၊ အနာဂါတ် အပြန်အလှန်ဆွေးနွေးပွဲနှင့် ပူးပေါင်း ဆောင်ရွက်မှုများအပေါ် သဘောထားအမြင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလ ၇ ရက်နေ့တွင် မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ ဒုတိယနေ့ကိုဆက်လက်ကျင်းပခဲ့ပြီး ယင်း အစည်းအဝေးတွင် မြန်မာ-အမေရိကန်နှစ်နိုင်ငံကိုယ်စားလှယ်များက လက်နက်ကိုင်ပဋိပက္ခဒေသများရှိ ပြည်သူများအားကာကွယ်နိုင်မည့် နည်းလမ်းများ၊ ယင်းဒေသများသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးအပ်မည့်နည်းလမ်းများနှင့် နည်းပညာအကူအညီများ ပေးအပ်နိုင်မည့် အခြေအနေများ၊ မှုခင်းဆိုင်ရာတရားရေးစနစ်၊ တရားဥပဒေစိုးမိုးရေးအတွက် တရားရုံးနှင့် ဥပဒေဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် စီရင်ချက်များ၊ အကျဉ်းသားများ ဆိုင်ရာကိစ္စများ၊ လွှတ်တော်မှ ပြဋ္ဌာန်းထားသော ဥပဒေများ၊ အရပ်ဘက် အသိုက်အဝန်း၏ အခန်းကဏ္ဍနှင့် အနာဂါတ် လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးပွဲသို့ နိုင်ငံခြားဝန်ကြီးဌာန ဥပဒေနှင့် ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွှန့် ဦးဆောင်သော အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံ Democracy, Human Rights and Labour မှ Assistant Secretary Mr. Michael Posner ဦးဆောင်သောအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက် ပါတီနှင့် ကွန်ရက်များဖွဲ့စည်းထူထောင်မည်

ထားဝယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းနိုင်ရန်အတွက် ထားဝယ်တိုင်းရင်းသားများပါတီနှင့် ထားဝယ်လူထု အခြေပြုအဖွဲ့များ ကွန်ရက်ကို ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထားဝယ်ဒေသကပြည်သူတွေရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်း နိုင်ဖို့အတွက် ထားဝယ်တိုင်းရင်းသားများပါတီကို ထုထောင်သွားမှာပါ။ ၂၀၁၂ မတိုင်ခင်မှာ ပါတီထူထောင်နိုင်အောင် ကြိုးစားသွားမှာပါ။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် ထားဝယ်ပြည်သူတွေနဲ့အတူ လုပ်ဆောင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ထားဝယ်ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပါတီသာမက အင်အားကြီးလူမှုအဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်၍ ဒေသအရေးပိုမိုလုပ်ဆောင်နိုင်ရန် ထားဝယ်လူမှုအခြေပြုအဖွဲ့အစည်းများကွန်ရက်ကို အောက်တိုဘာလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

“ထားဝယ်လူမှုအခြေပြုအဖွဲ့အစည်းကွန်ရက်ကို ဖွဲ့စည်းလိုက်ပါပြီ။ ဒီအဖွဲ့က အပတ်စဉ်ပုံမှန်အစည်းအဝေးတွေပြုလုပ်ပြီးတော့ ဒေသအရေးကို ပူးပေါင်းဖြေရှင်းကြမှာပါ။ ပြီးတော့ ဒေသက NGO အဖွဲ့တွေနဲ့လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ပြည်သူတို့ရဲ့ လိုအပ်နေတဲ့ ဆန္ဒတွေအတွက် အတက်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားသွားမှာပါ”ပာု ထားဝယ်လူမှုအခြေပြုအဖွဲ့များကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ထားဝယ်ဒေသ၌ ပါတီကြီးများက ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လယ်ယာမြေကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိပြီး အခြား NGO အဖွဲ့အစည်းများက လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ငြိမ်းချမ်းရေးအတွက် ရှမ်းတိုင်းရင်းသားများညီလာခံကျင်းပမည်

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ရှမ်းတိုင်းရင်းသားများက "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း"ခေါင်းစဉ်ဖြင့် ညီလာခံ တစ်ခုကို နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"မကြာမီကာလအတွင်းမှာ ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ရှမ်းတိုင်းရင်းသားညီလာခံတစ်ခုလုပ်ဖို့ရှိပါတယ်။ ရန်ကုန်မှာလုပ်ဖြစ်ဖို့များပါတယ်။ ဒီ အစည်းအဝေးမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ရှမ်းပါတီတွေအပြင် ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာပညာရှင်တွေ၊ ရှမ်းတိုင်းရင်းသားတွေမပာုတ်တဲ့ အဖွဲ့အစည်းတွေကပါ ဝင်ဆွေးနွေးသွားမှာပါ"ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယင်းညီလာခံပြုလုပ်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုင်းရင်းသားများ အများဆုံးရှိသည့် ရှမ်းပြည်နယ်အဖွဲ့များနှင့်  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကြား ငြိမ်းချမ်းရေးအတွက် လိုအပ်သည့်အချက်အလက်များကို သိရှိနိုင်ရန်၊ လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်အကြား ပြေလည်မှုရရှိနိုင်စေရန် အတွက်ဖြစ်ကြောင်း သိရသည်။

"အခု နယ်တွေကိုရောက်နေတဲ့ အဖွဲ့တွေကိုလည်း ပြန်ခေါ်ထားပါတယ်။ ဒီကရှိတဲ့အဖွဲ့တွေကလည်း ကော်မတီဖွဲ့ပြီး အစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ ငြိမ်းချမ်းရေးအတွက် တစ်ချို့အဖွဲ့တွေနဲ့ လက်မှတ်ထိုးထားပေမယ့် တစ်ချို့အဖွဲ့တွေနဲ့ကတော့ ခုထိငြိမ်းချမ်းရေးမရသေးပါဘူး။ ဒီကိစ္စကိုလည်း အစည်းအဝေးမှာ ဆွေးနွေးသွားမှာပါ"ပာု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ယင်းအစည်းအဝေးကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ပါတီနှစ်ခုပူးပေါင်းရေးဆွေးနွေးမည်

              ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်  နှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအတွက် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ရခိုင်ပါတီနှစ်ခု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို စာပို့ပြီးပါပြီ။ ပါတီနှစ်ခုမှာ တူတာလည်းရှိမယ်။ မတူတာတွေလည်းရှိမယ်။ ကျွန်တော်တို့ တစ်ဖက်နဲ့တစ်ဖက် အတက်နိုင်ဆုံးညှိယူသွားမှာပါ"ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏(၂၄)ပြည့် အခမ်းအနားကို ရွှေဂုံတိုင်ရှိ၊ ဒို့ရိုးရာစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် လွတ်လပ်မှုနှင့် ညီမျှမှု၊ ရခိုင်လူမျိုးတို့၏ အမျိုးသားရပိုင်ခွင့်များနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အခြေခံပြီး စာတမ်း(၉)ချက် ထုတ်ပြန်ခြင်း၊ ပါတီဖွဲ့စည်းပုံမူဝါဒနှင့် လုပ်ငန်းစဉ်(၁၉)ချက်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပြောကြားခဲ့သည်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်မပြုတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံခဲ့ပါဘူး။ သို့သော် ကျွန်တော်တို့ပာာ နိုင်ငံရေး ပါတီအနေနဲ့ဆက်လက်လှုပ်ရှားဖို့အတွက် ပါတီမှတ်ပုံတင်ကို(၁၉၈၈)ခုနှစ်မှာ စတင်ခဲ့ပါတယ်။ တိုက်ပွဲတွေဝင်ရ၊ အဖမ်းခံရ၊ အနှိပ်စက်ခံရ၊ လူတွေအများကြီး သေရတဲ့ကြားထဲက ကျွန်တော်တို့ပါတီက လှုပ်ရှားခဲ့တာ ဒီနေ့ဆို(၂၄)နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီအတွက် ဒီနေ့ဂုဏ်ပြုသောအားဖြင့် (၂၄)နှစ်ပြည့် နှစ်ပတ်လည်ဂုဏ်ပြုပွဲလေး ပြုလုပ်ခဲ့တာပါ"ပာု ယင်းအခမ်းအနားတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးသာပာန်ကပြောကြားသည်။

လက်ရှိအချိန်တွင် ရခိုင်တိုင်းရင်းသားပါတီနှစ်ခု ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပါတီညီလာခံများခေါ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၁၅ မတိုင်မီကာလအတွင်း ပူးပေါင်းနိုင်ရေးဆွေးနွေးမှုများ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

-----------------------------------------------------------------------------------------------------------------------------------

“ဒီနေ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ပဲဖြစ်ဖြစ် ကျွန်တော်တို့လို တိုင်းရင်းသားပါတီတွေ အနေနဲ့ပဲဖြစ်ဖြစ် ခွဲထွက်ဖို့ ဘယ်အဖွဲ့အစည်း ဘယ်ပါတီမှ ဒီနေ့ဒီအချိန်အခါမှာ ဒီအခြေအနေအရ ဒါတွေကိုတောင်းဆို တာပြောဆိုတာတွေမ၇ှိတော့ပါဘူး။ အဲဒီတော့ တန်းတူရည်တူ ပြည်ထောင်စုမူ၊ ပြည်နယ်တွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အဓိကတင်ပြ တောင်းဆိုနေတာဖြစ်ပါတယ်”

အောက်တိုဘာ ၁၈ ရက်ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ(၅)၊ အမှတ်(၂၉)တွင်ပါရှိသည့် “မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးအရ မဖြေရှင်း၍ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား”သတင်းမှ ဦးအေးသာအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ KIA/KIO ကြား ၁၉၉၄ ခုနှစ်က သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီး နိုင်ငံရေးဆွေးနွေးမှုကို ဆက်လက်လုပ်ခဲ့ရင် တိုးတက်မှုရခဲ့မှာ အမှန်ပဲ။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးမှု မလုပ်ဖြစ်ခဲ့ဘူး။ မလုပ်ခဲ့တာလည်း ပြည်သူ့အစိုးရ ဒီမိုကရေစီအစိုးရ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးလည်း ရှိခဲ့တာကိုး။ ခုခေတ်က ပြည်သူ့အစိုးရ၊ ဒီမိုကရေစီအစိုးရ ဖြစ်နေပြီဆိုတော့ ၉၄ တုန်းက တောင် အပစ်အခတ် ရပ်စဲရေးလုပ်နိုင်ခဲ့ရင် ခုလည်းလုပ်နိုင်ရမှာပဲလို့ မြင်တယ်”

အောက်တိုဘာ ၁၈ ရက်ထုတ် သတင်းသစ်ဂျာနယ် အတွဲ(၁) အမှတ်(၃၀)တွင်ပါရှိသည့် “နှစ်ဘက်တပ်များ အပစ်အခတ်ရပ်ဖို့ အမိန့်ပေးသူတွေပါမှ” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ဘယ်ဘာသာမဆို ကောင်းတဲ့အလုပ်တစ်ခုကို လုပ်တယ်ဆိုရင် အားပေးလက်ခံရမှာပါ။ ဒါပေမယ့် ဒီကိစ္စမှာလည်း လက်ခံသင့်ပေမယ့် ဘာလို့ငြင်းဆန် နေရတာလဲဆိုတာကို ကျွန်တော်လည်းစဉ်းစားရခက်ပါတယ်။ ဝမ်းနည်းမိပါတယ်”

အောက်တိုဘာ ၁၈ ရက်ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ(၃၀) အမှတ်(၅၉၁)တွင်ပါရှိသည့် “ကန့်ကွက်မှုကြောင့် အိုအိုင်စီအား ပြည်တွင်းတွင် ရုံးဖွင့်ခွင့် မပြု”သတင်းမှ မြန်မာနိုင်ငံဆိုင်ရာ မော်လဝီအဖွဲ့ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive