Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၉.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် နောက်လတွင် အိန္ဒိယသို့သွားမည်

(Deccan Heral မှ 19 October 2012ရက်စွဲပါ “Suu kyi to visit India next month”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်ကာကွယ်ရေးမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ရောက်

(16 Oct 2012 ရက်စွဲပါ The Guardian မှ Francis Wade ရေးသားသော US defense officials meet Burmese Counterpartsကို ဘာ သာ ပြန် ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် နောက်လတွင် အိန္ဒိယသို့သွားမည်

(Deccan Heral မှ 19 October 2012ရက်စွဲပါ “Suu kyi to visit India next month”သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာ့ဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လတွင် အိန္ဒိယနိုင်ငံသို့ ရက်သတ္တပတ်ခန့် လာရောက်လည် ပတ်မည် ဖြစ်၍ အိန္ဒိယနိုင်ငံ နှင့်နှစ်ပေါင်း၄၀နီးပါး ကွဲကွာခဲ့ပြီးနောက် သူမ၏ ပထမဆုံး အိန္ဒိယခရီးစဉ်ဖြစ်လာမည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသို့ ရောက်ရှိနေစဉ်အတွင်း နိုဝင်ဘာ ၁၄ရက်တွင် ဂျဝါဟာလာနေရူး အမှတ်တရ ဟောပြောမှုကို ပို့ချမည်ဟု တရားဝင် သတင်းရပ်ကွက်က ကြာသပတေးနေ့တွင် ပြောကြားသည်။ ယခုနှစ်အစောပိုင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်  အိန္ဒိယဝန်ကြီင်္းချုပ် မန်မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင်သည် Jawaharlal Nehru Award For International Understandingဆုကို ၁၉၉၂ခုနှစ်တွင် လက်ခံရရှိခဲ့ သည်။ ကမ္ဘာကျော် မြန်မာဒီမိုကရေစီ ခေါင်းဆောင်သည် ၁၉၈၉မှ ၂၀၁၀အတွင်း ၁၅နှစ်ခန့် နေအိမ်တွင် အကျယ်ချုပ် ထိန်သိမ်းခံ ခဲ့ရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀တွင် သူမ၏ မိခင်ဒေါ်ခင်ကြည် အိန္ဒိယနှင့် နိပေါသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရစဉ်က သူမ၏ ငယ်ဘဝကို  အိ န္ဒိယ၌ ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူမသည် ၁၉၆၄တွင် နယူးဒေလီမြို့ Lady Shri Ram Colledgeမှ ဘွဲ့ရရှိခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတကို ထောက်ခံကြ သူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများသည် ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက် လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲ သမားများအကြား ပါ တီတွင်း အကွဲအပြဲ ဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန် ပြည်လည်အရွေးခံရသည့် ကိစ္စက အစပျိုး ပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတဦးသိန်းစိန်အား အင်္ဂါနေ့က ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ ခြင်း အပေါ် ၎င်းပါတီအတွင်းမှ လူများစုပင် အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာကောင်းသူ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အ များစုက မျှော်လင့်ထားကြသည်။

သို့ရာတွင် ရန်ကုန်မှ အကဲခတ် လေ့လာသူများကမူ “ယခုကဲ့သို့ ဦးသိန်းစိန်ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည် အာဏာရှင် စစ်အုပ်ချုပ်ရေး စနစ် ဟောင်း၏ လက်ကျန်နိုင်ငံရေး ယန္တရားကို နောက်ဆုံးထပ်မံ ပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်”ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်း ခံထားရသော ပြည်ခိုင်ဖြိုး ပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်း တပ်မတော်သား အမတ်များမှအပ ကျန်နေရာ အများစုကို ထိန်းချုပ်ထားဆဲ ပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီကိုယိမ်းယိုင် သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင် အများစုမှာ ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင်ခရိုနီ သူဌေးကြီးများက NLD ပါတီနှင့် အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်း နေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန် ပုံ ငွေ ရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။ အကြီးတန်း ပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေး ခွင်များကို နောက် ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်က တန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေ သော ပြဿနာဖွဲ့ မီးရှိကြောင်း ထင်ဟပ်နေသည်ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာ များထဲတွင် အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံး စုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့ တတ်ပါတယ်။ အဆင်မပြေ တာမျိုးတောင် ရှိတတ် တယ်။ ဒါပေမယ့် ဒီလိုအဖြေ ရလာဒ်မျိုးကို မျှော်လင့်ထားသူ အနည်းငယ်ပဲရှိပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန် တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးသည်။ အောက်လွှတ်တော် ဥက္ကဋ္ဌသည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦးထဲမှ တစ်ဦးအဖြစ် ပြန်လည် အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန်အပေါ် ဖိအားပိုမို ကျရောက်စေခြင်းဖြင့် ပြုပြင် ပြောင်း လဲ ရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင်သည်ဟု သိရှိရသည်။ ရန်ကုန်မှ အကဲခတ် လေ့လာသူ တစ်ဦးက “ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာတည်ဆောက် နေတုန်းလို့ ထုတ်ဖော်ပြသ နေပေမယ့် ပါတီသစ် ခွဲထောင်မယ့် လှုပ်ရှားမှု မှန်သမျှဟာ လွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါ ဆန္ဒမဲအင်အား ပြန့်ကျဲသွား စေ နိုင်ပါတယ်”ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ ဦးသိန်းစိန်ကဲ့သို့သော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းကို သစ္စာခံသူ နောက်လိုက်များရှိ သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံး သည်လည်းအာဏာရှင် အကြီးအကဲ ဟောင်း၏ သစ္စာခံများ ဖြစ်ကြသည်။

ဖိနှိပ်သော အဏာရှင် တပ်မတော် အစိုးရ အဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီး အချိန်တွင် ၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကိုစတင် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြ နေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေး တွင်ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြ ခြင်းက ပြိုင်ဆိုင်မှု ကြီးထွားနေကြောင်း ထင်မြင်ယူဆမှုကို ဖြစ်ပေါ်စေသည်။

“ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌ နေရာပေးခဲ့သော အကြောင်းအရင်းမှာ အိမ်ထဲမှ ထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်နေကြသည်”ဟု သံတမန် တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုး ပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့မှာ ပြည်ပနိုင်ငံသားများ ဖြစ်သောကြောင့် အခြေခံ ဥပဒေအရ သမ္မတ လမ်းကြောင်းတွင် အ တားအဆီး ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅မတိုင်ခင် မအောင်မြင်သည့်တိုင်အောင် သူမ၏ NLDပါတီမှာမူ အင် အားကြီးပါတီ ဖြစ်သွားပါလိမ့်မည်။ လွှတ်တော်အမတ် တစ်ဦးက “ခင်ဗျား ဘာတွေတွေ့လာ နိုင်သလဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီထဲက အခွင့်အလမ်းတွေ လက် မလွှတ် ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။ ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုး ပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။

--------------------------------------------------------------------------------------------------------------------------------

အမေရိကန် ကာကွယ်ရေးမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ရောက်

(16 Oct 2012 ရက်စွဲပါ The Guardian မှ Francis Wade ရေးသားသော US defense officials meet Burmese Counterparts ကိုဘာသာ ပြန်ဆို သည်)

အမေရိကန် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူ ၂၀ ကျော်သည် မြန်မာနိုင်ငံ အစိုးရ ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ စစ်တပ်မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိ လာခြင်းသည် ရာစုနှစ်၏ လေးပုံတစ်ပုံခန့် အတွင်း မြန်မာစစ် တပ်နှင့် ဆက်ဆံရေး အားကောင်းစွာ ပြန်လည်စတင်မှုကို ပြသလျက်ရှိသည်။

အမေရိကန်- မြန်မာလူ့အခွင့်အရေး ဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာစစ်တပ်နှင့် ပတ်သက်၍ ကိစ္စရပ်များစွာကို ခရီးစဉ်တွင်း ဆွေးနွေးကြ မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ အဆိုအရသိရသည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ် ဆောင်ရေးကို ထောက်ပံ့ကူညီ သည့်အနေဖြင့် အမေရိကန် ကာကွယ်ရေးဌာန ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ ကာကွယ်ရေး ပုဂ္ဂိုလ်များအကြား ဌာန ချင်း ကိစ္စများ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ် ကြမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် အိမ်ဖြူတော်အမျိုးသားလုံခြုံရေးဝန်ထမ်းအဖွဲ့မှ အကြီးတန်း ကိုယ်စားလှယ်များ၊ ပြည်တွင်း လုံခြုံရေးဌာန အ ဖွဲ့ဝင်များ၊ တောင်နှင့်အရှေ့တောင် အာရှအတွက် ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး Vikram Singhနှင့် အမေရိကန် စစ်တပ်၏ ပစိဖိတ်တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး Francis Wiercinskiတို့ ပါဝင်လာကြသည်။

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မှုကြောင့် မြန်မာနိုင်ငံအပေါ် ဝါရှင်တန်၏ ပြန်လည်ဆက်ဆံမှု အမြန်နှုန်းနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ် ရှားသူများထံမှ စိုးရိမ်ပူပန်မှုများ ချက်ချင်းထွက်ပေါ်လာသည်။ သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များအတွက် အများ၏ ချီးကျူးမှုကို ရရှိခဲ့ သည်။ သို့သော်အားကောင်းသော စစ်တပ်သည် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် မပါဝင်သည့် သဘောကို ပြသနေသည်။

 ၎င်းက တိုင်းရင်းသားအုပ်စုများအပေါ် တိုက်ခိုက်ခြင်းများ ရပ်တန့်ရန် စစ်တပ်ကို တောင်းဆိုခဲ့သော်လည်း တပ်မှူးများက အချို့ကိစ္စများအပေါ် လျစ်လျူရှု လျက်သာရှိသည်။

ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်း များအရ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သား ၇၅၀၀၀ခန့် အိုးမဲ့အိမ်မဲ့ ဖြစ် ကြရကြောင်း သိရသည်။ စစ်တပ်သည် နေအိမ်များမီးရှို့ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းနှင့် အရပ်သားများအား စစ်ဆေးမေးမြန်းစဉ် နှိပ်စက်သတ် ဖြတ ခြင်းများ ကျူးလွန်းကြောင်း Human Rights Watch-HRWအဖွဲ့က စွပ်စွဲပြောဆို ထားသည်။

HRW မှ မြန်မာနိုင်ငံအကြောင်း သုတေသနပြုသူ David Mathiesonအဆိုအရ အမေရိကန်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေး လမ်းကြောင်း ဖွင့်လှစ်ခြင်းသည် အပေါင်းလက္ခဏာဆောင်သော လုပ်ရပ်တစ်ခုဖြစ်သည်။ "ဒါကို စစ်တပ်ချင်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းလို့ အဓိပ္ပာယ် ဖွင့်သင့် တယ်လို့ မဆိုလိုပါဘူး။ မြန်မာစစ်ဘက် အရာရှိတွေကို အမေရိကန် စစ်တပ်ကျောင်းတွေမှာ လက်ခံဖို့ သိပ်စောလွန်း ပါသေးတယ်"ဟု ၎င်းကပြောကြား သည်။

ယခုတစ်ပတ် အမေရိကန် ကိုယ်စားလှယ်များ ဆွေးနွေးမည့် အကြောင်းအရာကို သဲသဲကွဲကွဲ မသိရသေးပေ။ အမေရိကန် အစိုးရက ပြောကြားရာ တွင် လူ့အခွင့်အရေးကို ဦးတည်မည်ဖြစ်ပြီး၊ ပဋိပက္ခ ဖြစ်နေသော ဒေသများတွင် အရပ်သားများကို အကာအကွယ်ပေးရေးနှင့် စစ်တပ်တွင်း ပြုပြင်ပြောင်းလဲ ရေးများ ပါဝင်မည်ဟု ဆိုသည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူး Catherine Wilkinson က အီးမေးလ်မှတစ်ဆင့်ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုများ နှင့်ပတ်သက်သော တရားဝင် အမေရိကန် မူဝါဒမှာ ဆက်ဆံရေး မလုပ်သေးဘဲ ကျန်ရှိနေ ပါသေးသည်။ လူသားချင်း စာနာမှုဆိုင်ရာ ကန့် သတ် ချက်အချို့နှင့် သံတမန်ရေးရာ ကိစ္စများမှလွဲ၍ ဆက်ဆံရေး မလုပ်ရန် မူဝါဒ ရှိနေပါသေးသည်ဟု ဆိုသည်။ ထိုသို့သော မှတ်ချက်မျိုးကို လူ့အခွင့် အရေး ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးMichael Posnerကလည်း ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် မြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် စစ်တပ်ချင်း ဆက်ဆံရေးမှာ အတန်ကြာ စောင့်ဆိုင်းရမည် ဖြစ်ကြောင်းပြောခဲ့သည်။

မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဒေသတွင်း စစ်တပ်များ၏ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သော Cobera Goldအစီအစဉ်၌ ပါဝင်နိုင် ရေးအတွက် အမေရိကန် အစိုးရအား နားချပေးရန် ထိုင်းနိုင်ငံကို အကူအညီ တောင်းခံသည်ဟု ယူဆရသည်။

အမေရိကန်ကလည်း ဒုတိယကမ္ဘာစစ် အတွင်းက ကျန်ရစ်သော အမေရိကန်စစ်သား ရာပေါင်းများစွာ၏ ရုပ်ကြွင်းများ ရှာဖွေရေးအတွက် ၎င်း၏

စစ်တပ်များ ဝင်ခွင့်ပြုရန် မြန်မာနိုင်ငံတွင် ခွင့်ပြုချက် တောင်းခံထားသည်။ ဝါရှင်တန်သည် ၁၉၈၈ခုနှစ်အထိ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးများ ရရှိခဲ့သည်။

သို့သော် ၁၉၉၀ပြည့်နှစ် များအထိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဆန့်ကျင်သည့် စစ်ဆင်ရေးများတွင် ပူးပေါင်းဆောင်ရွက်မှု အချို့ရှိခဲ့ သည်။

ဒေသတွင်း သူပုန်များက အမေရိကန်နှင့် မြန်မာတို့၏ဆက်ဆံရေးတိုးတက်ရန် ကြိုးပမ်းအားထုတ်မှုများသည် မြန်မာနိုင်ငံကို တရုတ်ထံမှ ဝေးရာသို့ ဆွဲခေါ်သွားခြင်း မဟာဗျူဟာ အစိတ်အပိုင်းဖြစ်ကြောင်း ယုံကြည်နေကြသည်။ London School of Economicsမှ မြန်မာပညာရှင် မောင်ဇာနည်က မြန်မာ နိုင်ငံသည် အမေရိကန်၏ အာရှဗဟိုပြုခြင်းတွင် မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အမေရိကန်က မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်ဆံခြင်းသည် လူ့အခွင့် အရေး ကိစ္စထက်စာလျှင် မဟာဗျူဟာ လိုအပ်ချက်ကြောင့်ဟု ပြောကြားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံနှင့် ပတ်သက်သော အမေရိကန် မူဝါဒသစ်ကို ထောက်ခံခဲ့ခြင်းကလည်း အ မေ ရိကန်အတွက် အများအမြင်တွင် တိုင်းရင်းသားများကို နှိပ်ကွပ်လျက်ရှိသည့် ဗိုလ်ချုပ်များနှင့် ဆက်ဆံခြင်းအပေါ် သက်သာရာ ရစေသော အချက်တစ်ခုဖြစ် သည်ဟု မောင်ဇာနည်က ဆိုသည်။

***************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၉.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီအကူးအပြောင်းနှင့် ထိပ်တိုက်ဆုံတွေ့လာသော။

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီအကူးအပြောင်းနှင့် ထိပ်တိုက်ဆုံတွေ့လာသော။

နိုင်မော်

မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် အချိန်ကာလအပြောင်းအလဲအမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုး၊ အစိုးရအမျိုးမျိုးတို့ကြားတွင် အခြေအနေ အမျိုးမျိုးတို့ဖြင့် ဒွန်တွဲ၍ရှိနေခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ မတူညီသော လူမျိုးများ၊ ယုံကြည်မှုများကြားတွင် နိုင်ငံတစ်နိုင်ငံ၏စနစ်ကို အကောင် အထည်ဖော်ရခြင်းဖြစ်ရာ ခေတ်အခြေအနေနှင့် လူတို့၏တန်ဖိုးထားမှုအရ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များကို ပြဋ္ဌာန်းကျင့်သုံးလာကြသည်။ ထို့ကြောင့် ပင် မြန်မာနိုင်ငံသည် ခေတ်စနစ် အချိန်အခါ၏ တိုက်တွန်းမှုတို့၊ မမြင်နိုင်သော တွန်းအားများ၏အလိုအရ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လာသည်။ ဒီမို ကရေစီသည် တစ်ဦးချင်းအနေဖြင့် မဖြစ်လာနိုင်၊ လိုလားတောင်းဆိုသူများရှိသလို အဆိုပါလိုလားမှုများကို ဖြည့်ဆည်းဆောင်ရွက်မှုမည့် အစိုးရများလည်း ရှိရမည်ဖြစ်သည်။

အဆိုပါကိစ္စသည် မြန်မာ့နွေဦးကိုကြည့်လျှင် သိနိုင်သည်။ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြည်သူ့အစိုးရတက်လာပြီးနောက် အတိုက်အခံအင်အားစုများနှင့် လက်တွဲသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ နာမည်ပျက်စာရင်းသွင်းထားသော နိုင်ငံသား၊ နိုင်ငံခြားသားများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းအစရှိသော နိုင်ငံရေးအပြောင်းအလဲများကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါအပြောင်းအလဲများ လုပ်ဆောင်နေသည်နှင့် တစ်ပြိုင်တည်းတွင် ခေတ်ဟောင်းမှ သန္ဓေတည်ခဲ့သော ပြဿနာများ၊ အစိုးရ၏လုပ်ငန်းစဉ်တွင် မပါ သေးသော ပြဿနာသစ်များလည်း အစီအရီ ပေါ်ပေါက်လာခဲ့ပါသည်။

အဆိုပါပြဿနာများတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာကိစ္စသည် ထိပ်ဆုံးမှပါဝင်သည်။ အဆိုပါပြဿနာသည် မျှော်လင့်မထားသော ပြဿနာဟုပင် ဆိုရမည်ဖြစ်သည်။ အဆိုပါကိစ္စသည် အစိုးရသစ်အတွက် ဖြေရှင်းရခက်သည့် အနေအထားတွင် ရှိသည်။ အဆိုပါပြဿနာသည် သိမ်မွေ့နက်နဲသော ကိစ္စ ဟုပင် ဆိုရမည်ဖြစ်သည်။ မတူညီသော ပါဝင်ပတ်သက်သူ အကျိုးစီးပွားရှင်များ၊ ခြားနားသည့် လူမျိုးစုများမတူညီသော တန်ဖိုးထားမှု၊ မတူညီသော လူမျိုးရေး သရုပ်လက္ခဏာရပ်များ၊ လူ့အခွင့်အရေးနှင့် အမျိုးသားရေးတန်ဖိုးများအကြားတွင် အဆုံးအဖြတ်ပေးရမည့်သူ အစိုးရအတွက် ခက်ခဲနေသည်။ အဆိုပါကိစ္စတွင် ဘာသာရေးဆိုင်ရာ ကွဲပြားမှုများနှင့်လည်း ချိတ်ဆက်နေသည်။ အဆိုပါကိစ္စ၏ နောက်ဆက်တွဲအခြေအနေများလည်း ရှိနေသည်။ တစ် လောကကို ရန်ကျမ်းစာကို မီးရှို့မိသည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယ(ရာမူး)တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံခဲ့ရသည့်ဖြစ်ရပ်မျိုးရှိ သည်။ ထိုကဲ့သို့သော ကိစ္စများ ဆက်လက်ဖြစ်ပွားနိုင်သည်များလည်း ရှိသည်။

စတင်ဖြစ်ပွားချိန်က ဘာသာရေးမပါသော်လည်း ယခုနောက်ပိုင်းတွင် ဘာသာရေးသဘောဆောင်လာမည့် အခြေအနေကို ပြနေသည်။ ထိုသို့ ပြောရခြင်းမှာ အဆိုပါကိစ္စတွင် ဘုန်းတော်ကြီးများ ပါဝင်ပတ်သက်လာခြင်းကြောင့် ဖြစ်သည်။

နောက်တစ်ချက်က မြန်မာပြည်သူတို့၏ သဘောထားဖြစ်သည်။ မြန်မာပြည်သူတို့အနေဖြင့် အဆိုပါကိစ္စတွင် မည်သူ၏ ပူးပေါင်းပါဝင်မှုကို မျှဝေ မလိုလားသည့်သဘော ဖြစ်နေသည်။ ကျွန်တော်ထိုသို့ပြောရခြင်းမှာ အဆိုပါကိစ္စကို ညှိနှိုင်းဆောင်ရွက်မည့် အစ္စလာမ်ကမ္ဘာမှ ကိုယ်စားပြုအဖွဲ့အစည်း ဖြစ်သည့် (OIC) အဖွဲ့၏ ညှိနှိုင်းမှုကို မလိုလားသော ဆန္ဒပြမှုများ ရှိခဲ့သည်။ ထိုအခါ ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် ခွင့်မပြုကြောင်း ကြေညာလိုက်ရ သည့်ကိန်း ဆိုက်ရတော့သည်။

မှန်ပါသည်။ ယနေ့ခေတ်စနစ်အရလည်း ပြည်သူကို အလေးထားရသည်ဆိုတော့လည်း ထိုသို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ ယနေ့အချိန်အခါ တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းတစ်ပါး၏ ကြားဝင်ဖြေရှင်းမှုကို မြန်မာနိုင်ငံသားအများစုက မလိုလားခြင်းဖြစ်နေသည်။

ယခုကိစ္စသည် လူမျိုးရေး၊ ဘာသာရေး အကြောင်းအချက်များ ပါဝင်ရောယှက်နေသောကြောင့် အနည်းငယ်မျှ လှုံ့ဆော် သည်နှင့် ပေါက်ကွဲမှုရှိ နိုင်သည်။ ကျွန်တော့်အနေဖြင့် အဆိုပါပဋိပက္ခစသည့်အချိန်ကတည်းက မျက်ခြည်မပြတ် သတင်းများကို စောင့်ကြည့်ခဲ့ရာ အဆိုပါကိစ္စသည် နယ်စပ်လူဝင် မှုပြဿနာမှ လမ်းကြောင်းသွယ်ဖယ်ကာ လူမျိုးရေး၊ ဘာသာရေး လမ်းကြောင်းပေါ်သို့ ရောက်လာသည်ဟု တွေ့မြင်နေရသည်။ အခြားတစ်ဖက်တွင် နိုင်ငံ တကာက လူ့အခွင့်အရေး ချိုးဖောက်မှုဟု ပြောဆိုသုံးသပ်လာကြသည်။ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တားနားကိုယ်တိုင် လာရောက်ကြည့်ရှုပြီး လူ့အခွင့်အရေးချိုးဖော်မှုဟု ဆိုလိုက်ရာ မြန်မာပြည်သူများ (အထူးသဖြင့် ရခိုင်ဒေသခံများ)က မကျေနပ်မနပ် ဖြစ်လာရတော့သည်။ နိုင်ငံရေးပါတီအချို့ ကပင် ထိုသို့ပြောဆိုမှုကို ကန့်ကွက်မှုများ ရှိလာခဲ့သည်။ ကန့်ကွက်ဆန္ဒပြမှုများ ရှိလာခဲ့သည်။

ထိုသို့သော အခြေအနေများကြားတွင် အစိုးရက ရခိုင်ပြည်နယ်အရေးကိစ္စကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း၍ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်လာသည်ကို တွေ့ရသည်။

မည်သို့ပင် ဆိုစေကာမူ အဆိုပါကိစ္စသည် မတူညီသော တန်ဖိုးထားမှုများ၊ ယုံကြည်မှုများ အကြားတွင် ဖြေရှင်းရခက်နေသည်က အမှန်ပင်ဖြစ် သည်။ ပြည်သူက အစိုးရကိုထိန်းရမည်ဟူသော သဘာဝရှိသော်လည်း အစိုးရတစ်ရပ်၏ ဖြေရှင်းချက်ကို ပြည်သူကနားမလည်ဘဲ မိမိတို့အကျိုးစီးပွားကို ရှေ့တန်းတင်လျှင်မူ အစိုးရအတွက် အကြပ်ရိုက်စေသည့်အနေအထားမျိုးကို ရောက်သွားစေသည်ဖြစ်ရာ ထိရောက်မျှတသော မူဝါဒများ ချမှတ်ဆောင် ရွက်ရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်သွားစေမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါကိစ္စပြေလည်ရေးသည် သက်ဆိုင်သူများအနေဖြင့် ဖြစ်နေသောပြဿအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်မှုများ၊ မိမိတို့ကိုယ် ကျိုးကို ရှေ့တန်းတင်မှုများနှင့် ရှေ့ဆက်သွားကြမည်ဆိုလျှင် ပြဿနာအမြစ်တွယ်ကာ နာတာရှည်ဖြစ်သွားနိုင်ကိုလည်း သတိထားရမည်ဖြစ်သည်။

ထို့ပြင် အဆိုပါကိစ္စသည် မူစလင်ကမ္ဘာမှ နိုင်ငံများ အပေါ်လည်း အနည်းနှင့်အများဆိုသလို ဂရုပြုမိစေခဲ့ပြီလည်း ဖြစ်သည်။ တူရကီမှ နိုင်ငံခြား ရေးဝန်ကြီး ရခိုင်ပြည်နယ်သို့ သွားရောက်စုံစမ်းမှုများ ရှိလာသည်။ မူစလင်ကမ္ဘာမှ နိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကလည်း မြန်မာနိုင်ငံတွင် လာရောက်စုံစမ်းရန်နှင့် အကူအညီပေးရန် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလာသည်များ ရှိလာသည်။ မြန်မာပြည် သူများက ကန့်ကွက်မှုများ ရှိလာသည်။

အမှန်တကယ်က သူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်သည်။ သူတို့အနေဖြင့် အဖြစ်မှန်ကိုသိပါမှ ထင်မြင်ချက်များနှင့် တကယ့်အခြေအ နေကို နှိုင်းယှဉ်နိုင်မည်ဖြစ်သည်ကိုလည်း ထည့်စဉ်းစားဖို့လိုမည် ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာကြီး၏ဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်နေသည့် အကူးအပြောင်းကာလဖြစ်သည်။ ထို အချိန်တွင် မြန်မာသည် အမေရိကန်နှင့် သင့်မြတ်ရန်လိုသကဲ့သို့ တရုတ်နှင့်လည်း အဆင်ပြေဖို့လိုသည်။ ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုမည်။ ထိုင်းနှင့်မိတ်ဖွဲ့ရန်လိုသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့်လည်း လက်တွဲဖို့လိုမည်။ အနောက်ကမ္ဘာနှင့်လည်း အဆက်အသွယ်မပြတ်သင့်သလို မွတ်စလင် ကမ္ဘာနှင့် လည်းညှိနှိုင်းဆောင်ရွက်ဖို့ စဉ်းစားကြရမည်၊ အဆုံးအစွန်အထိပြောရလျှင် အားလုံးနှင့်သင့်မြတ်ဖို့ လိုမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေး ကို စွဲကိုင်သလို ငြိမ်းချမ်းစွာ အတူသင့်မြတ်နေထိုင်ရေးကို လည်းစဉ်းစားဖို့လိုသည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက အဆိုပါအနေအထားကို ရိပ်စားမိဖို့လို မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အနီးစပ်ဆုံး ပြဿနာ၏ ဗဟိုတွင်ရှိသည့် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီအနွယ်ဟုဆိုကြသည့် ရိုဟင်ဂျာများအကြား ရန်ငြိုးဖွဲ့ နေကြလျှင်သော်လည်းကောင်း၊ မုန်းစရှည်အောင် လှုံ့ဆော်သူများရှိခဲ့လျှင်သော်လည်းကောင်း အဖြေမထွက်ဘဲ မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့်ကိန်း သို့ ဆိုက်သွားနိုင်ကြောင်း တင်ပြလိုက်ရပေသည်။

ရခိုင်ပြည်နယ်(ရိုဟင်ဂျာ)အရေးသည် ဒီမိုကရေစီခေတ် အပြောင်းအလဲများနှင့် ထိပ်တိုက်တွေ့လေပြီတကား။

                                               ***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive