Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၁.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမေရိကကို ဘာတွေပို့ကြမည်လဲ

*****************************************

ဆောင်းပါးကဏ္ဍ

အမေရိကကို ဘာတွေပို့ကြမည်လဲ

ဦးလှဝင်း (လေသူရဲတစ်ဦး)

အောက်တိုဘာ၂၁ရက်ထုတ် The Voice Weekly ဂျာနယ်အတွဲ() အမှတ်()တွင် ပါရှိသည့် ဆောင်းပါးကို ထုတ်ယူတင်ပြချက်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေက ဒီနေ့အလွန် မြန်နေတယ် ခင်ဗျား။လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေစဉ် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ပြီး ဟီလာရီက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ထားတဲ့ Sanctinကို မကြာခင် ရုပ်သိမ်းပေးမယ်လို့ ပြောခဲ့ပါတယ်။ ဟော ... ခုအောက်တိုဘာလ ပထမအပတ် မကုန်သေးပါဘူး။ ဟော ... ခုအောက်တိုဘာလ ပထမအပတ် မကုန်သေးပါဘူး။ အမေရိကန်သမ္မတက မြန်မာအပေါ်ချမှတ်ထားတဲ့ဘဏ္ဍာရေးဆိုင်ရာ အမေရိကန်သမ္မတက မြန်မာအပေါ်ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုဥပဒေ Sanctionအား ရုတ်သိမ်းတဲ့ဥပဒေကို လက်မှတ် ရေးထိုးပေး လိုက်ပါပြီ။ ဘာမှ မကြာခင်မှာ သွင်းကုန် ပိတ်ဆို့ထားတဲ့ဘာမှ မကြာခင်မှာ သွင်းကုန် ပိတ်ဆို့ထားတဲ့ Sanctionကို ပယ်ဖျက်တဲ့ ဥပဒေ ထွက်လာပါ တော့တယ်။ ပယ်ဖျက်တဲ့ဥပဒေ ထွက်လာပါတော့တယ်။ မြန်မာနိုင်ငံက ထွက်ကုန်တွေကို အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက ထွက်ကုန်တွေကို အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက်ရောင်းချနိုင်တဲ့ ခေတ်ကို ရောက်ပါတော့မယ်။ ကဲ ... ကျွန်တော်တို့ ရွှေမြန်မာတွေမှာ အမေရိကန်ကို ရောင်း ချဖို့၊ တင်သွင်းဖို့ လက်ထဲမှာ ဘာထွက်ကုန်ပစ္စည်းတွေ ရှိကြပါသလဲ။ အမေရိကန် ပြည်ထောင်စုကရော မြန်မာ့ထွက်ကုန်တွေထဲက အမေရိကန်ပြည်ထောင်စု ကရော မြန်မာ့ထွက်ကုန်တွေထဲက ဘယ်ထွက်ကုန်တွေကို ၀ယ်ယူဖို့၊ တင်သွင်းဖို့ စိတ်ဝင်စားနေပါသလဲ။ ဘယ်ထွက်ကုန်တွေကို ၀ယ်ယူဖို့၊ တင်သွင်းဖို့ စိတ်ဝင်စားနေပါသလဲ။ ဒီမေးခွန်းက ဒီနေ့ကမ္ဘာ့စီးပွားရေးလောကမှာ အလွန်စိတ်ဝင် ဒီမေးခွန်းက ဒီနေ့ကမ္ဘာ့စီးပွားရေးလောကမှာ အလွန်စိတ်ဝင်စားနေ ကြတဲ့သတင်းကြီး ခင်ဗျား။ တစ်ခေတ်တစ်ချိန်အခါတုန်းက မြန်မာထွက်ကုန် တော်တော်များများကို အမေရိကန်ပြည်ထောင်စုက စိတ်ဝင်စားခဲ့ပါတယ်။ ဆန်၊ အ၀တ်အထည်နှင့် ပတ္တမြားပေါ့ခင်ဗျား။ ဒါပေမဲ့ အမေရိကန်ရဲ့ Sanctionဒဏ်ခံရတဲ့ ဆယ်နှစ်လောက် အချိန်အတွင်းမှာ မြန်မာ့ထွက်ကုန်နှင့် ကုန်သွယ်မှု အခြေအနေ တွေကလည်း ရှေးကနှင့် မတူတော့ပါဘူး။ ပြောင်းသွားပါပြီ။ ဒီSanctionကြောင့် မြန်မာနိုင်ငံက မိမိထွက်ကုန်တွေကို ခရီးဝေးတဲ့ ပြည်ပနိုင်ငံကြီးတွေကို မရောင်းနိုင်ခဲ့ဘဲ နယ်နိမိတ်ချင်းကပ်နေတဲ့ နိုင်ငံတွေနှင့်ပဲ ကုန်သွယ်မှုပြုခဲ့ရပါတယ်။ ခေတ်စကား နှင့်တော့ နယ်စပ်ကုန်သွယ် ရေးပေါ့ ခင်ဗျား။ အဓိကနယ်စပ်ကုန်သွယ်ရေးပြုလုပ်ခဲ့တဲ့ တိုင်းပြည်တွေကတော့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ပါပဲ။

CLSAလို့ အတိုကောက်ခေါ်ကြတဲ့ Asia Pasific Marketအုပ်စုက ဒီနေ့ကမ္ဘာမှာ အလွန်နာမည်ကြီးနေတဲ့ စီးပွားရေးအုပ်စုပါ။ အုပ်စုက ဒီနေ့ ကမ္ဘာမှာ အလွန်နာမည်ကြီးနေတဲ့ စီးပွားရေးအုပ်စုပါ။ သူတို့အဓိက လုပ်ကြတဲ့ စီးပွားရေးကတော့ ကမ္ဘာ့ကုန်သွယ်မှုမှာ သူတို့အဓိက လုပ်ကြတဲ့ စီးပွားရေး ကတော့ ကမ္ဘာ့ကုန်သွယ်မှုမှာ ကြားခံပွဲစား အလုပ်နဲ့ ငွေကြေးဝန်ဆောင်မှု ကြားခံပွဲစားအလုပ်နဲ့ ငွေကြေးဝန်ဆောင်မှု (Financial Service) လုပ်ငန်းတွေ ပါပဲ။ လုပ်ငန်းတွေပါပဲ။

ဒီ CLSAအုပ်စုရဲ့ ခန့်မှန်းတွက်ချက်မှုများအရ ...အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံကို အဓိက၀ယ်ယူနေတဲ့ ဖောက်သည်နိုင်ငံ၊ တရုတ် ကတော့ ကျောက်မျက်နှင့် သစ်မာကို အဓိက၀ယ်ယူသော ဖောက်သည်နိုင်ငံ၊ ဂျပန်ကတော့ မြန်မာနိုင်ငံ အထည်ချုပ် စက်ရုံတွေက ထုတ်လုပ်တဲ့ အ၀တ် အထည်တွေကို အဓိက ၀ယ်ယူနေတဲ့ နိုင်ငံလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကရတဲ့ ငွေပမာဏရဲ့ ၅၇ ရာခိုင်နှုန်းက ဓာတ်ငွေ့ကရတယ်လို့ ပြောပါတယ်။ နောက်ပဲမျိုးစုံက ၁၈ ရာ ခိုင်နှုန်း၊ သစ်မာက ၁၀ ရာခိုင်နှုန်း၊ အ၀တ်အထည်က ၆ ရာခိုင်နှုန်း နဲ့ ဆန်က ၅ ရာခိုင်နှုန်း၊ နောက် ငါးနဲ့ တခြား ပင်လယ် ထွက်ကုန်က ၄ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ကဲ ...ဒီ စီအယ်အက်(စ်)အေအုပ်စုရဲ့ ပြုစုထားတဲ့ မြန်မာ့ ပို့ကုန်တွေ အ ထဲက ဘယ်ကုန် ပစ္စည်းကို ဒီနေ့ အမေရိကန်ဈေးကွက်ကို ပို့နိုင်ကြမယ်လို့ ထင်ပါသလဲ။ပြည်ပကုန်သည် အများစု မျှော် လင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အဓိကထွက် ကုန်ပစ္စည်းကတော့ ဆန်ပါပဲ။ မြန်မာနိုင်ငံဟာ ဦးနေဝင်းရဲ့ ဆိုရှယ်လစ်ခေတ် မတိုင်ခင်က ... ကမ္ဘာမှာ နံပါတ်(၁)ဆန် ပို့ကုန်အများဆုံးရှိတဲ့ နိုင်ငံဘ၀ကို ရောက်ခဲ့ဖူးပါတယ်။

ဒီနေ့တော့ ထိုင်းနိုင်ငံက နံပါတ်(၁) ဆန်တင်ပို့နိုင်တဲ့ တိုင်းပြည်ဖြစ်နေပြီး ဗီယက်နမ်က နံပါတ်(၂) တိုင်းပြည်ဖြစ် နေပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံဟာ နံပါတ်(၁)ဆန်တင်ပို့နိုင်တဲ့ ဘဝကို အချိန်တိုအတွင်းမှာ ပြန်ရောက်နိုင်တယ်လို့ CLSAအုပ်စုက ခန့်မှန်းထားပါတယ်။ အဲ ...ဒါပေမဲ့ စိုက်ပျိုးရေး နည်းစနစ်တွေကို မြန်မာနိုင်ငံနှင့် ကိုက်ညီတဲ့ သိပ္ပံနည်းစနစ်တွေကို ပြောင်းလဲပြီး စိုက်ပျိုးဖို့လိုပါလိမ့်မယ်။ အဲ ... နောက် လယ်သမားတွေကို အရင် အစိုးရ လက်ထက်တွေကလို ပစ်ထားလို့မရတော့ပါဘူး။

လယ်စိုက်တဲ့အလုပ်မှာ လယ်လုပ်သားတွေရဲ့ကဏ္ဍက အဓိကအကျဆုံး ဖြစ်နေတယ်။ သူတို့ဘ၀ကို မြှင့်တင်ရပါမယ်။ ထိုင်းနိုင်ငံက လယ်သမား တွေလို လယ်လုပ်ကိုင်လိုစိတ် အပြည့်ရှိအောင် ပြန်ပျိုးထောင်ရမယ်။ အဲ ... ထိုင်းလယ်သမားတွေ ရရှိနေတဲ့ လွတ်လပ်မှု၊ ဘ၀အာမခံရှိမှုမျိုး ရှိအောင် နိုင်ငံတော်အစိုးရအနေနှင့် ဖန်တီးပေးရပါလိမ့်မယ်။ တစ်နည်းအားဖြင့်တော့ လက်ရှိအစိုးရရဲ့ ပါးနပ်လိမ္မာတဲ့ ဦးဆောင်မှုနှင့် ဒီနေ့မြန်မာ့ လယ်ယာကဏ္ဍကို ကြိုးစားပြီး ပြန်မြှင့်တင်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ မဆလခေတ်ကစပြီး ဘ၀သေအောင် ပြုလုပ်ထားတဲ့ မြန်မာ့လယ်သမားတွေကိုပြန်ပြီး ဘ၀ ရှင်သန်လာအောင် ဒီနေ့အစိုးရတာဝန်ခံတွေက အသက်ပြန်သွင်းပေးရပါလိမ့် မယ်တဲ့။အဲ ...ဒီနေ့ အမေရိကန် ပြည်ထောင်စုရဲ့ ဆန်ဈေးကွက်ကို မြန်မာ့ ဆန်ဝင်တိုးဖို့ဆိုတာကတော့ မလွယ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန် ပြည်ထောင်စုမှာ ထွက်ရှိနေတဲ့ ဆန်က သူတို့လူမျိုးစားဖို့ ရိက္ခာအတွက် လိုအပ်တာထက် အများကြီးပိုနေပါတယ်။ အဲ ...ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံတွေ ဆန်စားစရာမရှိ ဖြစ်နေတဲ့နိုင်ငံတွေကို သူတို့ လှူဒါန်းချင်တဲ့ အချိန်အခါမျိုးမှာတော့ မြန်မာ့ဆန်ကိုဝယ်ပြီး လှူတာမျိုးတော့ ဖြစ်နိုင်တာပေါ့ခင်ဗျား။ ဒီလိုဝယ်ပြီး လှူတာမျိုးက မြန်မာ့ဆန် ဈေးကွက်မှာ ဖဆပလ ခေတ်ကလည်း ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဦးနေ၀င်းရဲ့ မဆလခေတ်၊ နောက် တပ်မတော်အစိုးရ ဒါပေမဲ့ ဦးနေ၀င်းရဲ့ မဆလခေတ်၊ နောက် တပ်မတော် အစိုးရ ခေတ်တွေမှာ နိုင်ငံတော် အစိုးရရဲ့ မိုးကုတ်ပတ္တမြားမြေအပေါ် ကိုင်တွယ်ခဲ့ပုံ၊ ထိန်းချုပ်ခဲ့ပုံ၊ စီမံခန့်ခွဲခဲ့ပုံတွေက အကုန်မှားယွင်းနေခဲ့တဲ့ တွယ်ခဲ့ပုံ၊ ထိန်းချုပ်ခဲ့ပုံ၊ စီမံခန့်ခွဲ ခဲ့ပုံတွေက အကုန်မှားယွင်းနေခဲ့တဲ့အတွက် ကျွန်တော်မျက်စိအရှေ့မှာ အလွန်ချမ်းသာခဲ့တဲ့ မိုးကုတ်မြို့အတွက် ကျွန်တော်မျက်စိအရှေ့မှာ အလွန် ချမ်းသာခဲ့တဲ့ မိုးကုတ်နဲ့ မန္တလေးက ဒီနေ့မြို့အိုမြို့ပျက်ဘဝကို ရောက်နေပါပြီ။ မိုးကုတ်နဲ့ မန္တလေး ဆက်သွယ်ထားတဲ့လမ်းကလည်း စနစ်တကျ ပြုပြင်တာတွေမလုပ် ဆက်သွယ်ထားတဲ့ လမ်းကလည်း စနစ်တကျပြုပြင်တာတွေ မလုပ် တာကြာခဲ့ပြီး ဖြစ်တဲ့ အတွက် ဒီနေ့လက်ပန်လှရွာနဲ့ ၀ါးဖြူတောင် ရွာအကြားမှာရှိတဲ့ ကားလမ်းဆိုရင် ကားလမ်းမဟုတ်တော့ပါဘူး။ ရွာအကြားမှာရှိတဲ့ ကားလမ်းဆိုရင် ကားလမ်းမဟုတ်တော့ပါဘူး။ တောလမ်း ... အဲ ... လှည်းသွားလမ်းကြမ်းအဆင့် ဖြစ်နေပါပြီ။ တောလမ်း ... အဲ ... လှည်းသွားလမ်းကြမ်းအဆင့်ဖြစ်နေပါပြီ။ ဒီ မိုးကုတ်ကားလမ်းကို ပြုပြင်ကြပါဦးခင်ဗျား။ အစိုးရ အာဏာပိုင်တွေနဲ့ အလွန်းသင့်တဲ့ ကုမ္ပဏီကြီးတွေကို မူရင်းသိုက် (Prmary Source)တွေမှာ မဆင်မခြင် တူးခွင့်ပေးလိုက်တဲ့အတွက် မိုးကုတ် ရတနာမြေက အဖိုးတန် ရတနာသိုက်တွေရှိတဲ့ တောင်တွေလည်း တောင်ကတုံး ဖြစ်ကုန်ပါ ပြီ။ ဒါပေမဲ့ ရတနာတွေကတော့ ရှိနေပါတယ်။

မိုးကုတ်သားတွေစကားနှင့် ပြောရရင်တော့ မင်းမကောင်းလို့ ပုန်းနေကြတယ်လို့ဆို ပါတယ်။ ဒီနေ့တော့ ပြည်သူတွေ အားထားနိုင်တဲ့ မင်းကောင်း လည်း ပေါ်နေပါပြီ။ ပုန်းနေတဲ့ ပတ္တမြားတွေပဲ ထွက်လာကြဖို့ လိုပါတော့ တယ်။မှန်ပါတယ်။မကြာခင် ပတ္တမြားတွေ ပြန်ပေါ်လာကြပါတော့မယ်။ အဲ ... ဒါပေမဲ့ ဒီရတနာတွေကို ဖော်ထုတ်ယူနိုင်တဲ့ နည်းပညာနဲ့ ရတနာသိုက်တွေ တည်ရှိတဲ့နေရာက မိုးကုတ်သား၊ မိုးကုတ်သူ စစ်စစ်တွေပဲ သိကြပါတယ်။ ဒီနေ့ လုပ်ခွင့်ရ ထားတဲ့ မိုးကျရွှေကိုယ် ဧည့်သည်တွင်း ပိုင်ရှင်တွေ မသိပါဘူး။ ပတ္တမြားမြေ တစ်ခုလုံးကို မိုးကုတ်သူ၊ မိုးကုတ်သား စစ်စစ်တွေရဲ့ လက်ကို ပြန်ပေးအပ်သင့်ပါတယ်။မိုးကုတ်ပတ္တမြားကိုသာ ပြန်ထုတ်လုပ်နိုင်ခဲ့ရင်တော့ အမေရိကန် ဈေးကွက်မှာ ရောင်းလို့မလောက်တဲ့ မြန်မာ့ကုန်ပစ္စည်း ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ယူကြရပါဦးမယ်။ ဒေသခံတွေကို ပြန်စည်းရုံး ရပါဦးမယ်။ အဲ ... နောက်ဆုံးကျန်တဲ့ အမေရိကန် ဈေးကွက်ကို ၀င်နိုင်မယ့် ပစ္စည်းနှစ်မျိုးကတော့ အ၀တ်အထည်နဲ့ ရေနံဓာတ်ငွေ့ပါပဲ။ အ၀တ်အထည် ပို့ကုန်လုပ်ငန်း အောင်မြင်ဖို့ ပြဿနာကတော့ ချက်ချင်းဖြေရှင်းနိုင်တဲ့ ပြဿ နာပါ။ တရုတ်နဲ့ ဗီယက်နမ်က အထည်ချုပ်လုပ်ငန်း စက်ရုံတွေကို သာဓကအဖြစ်ထားပြီး သူတို့ လုပ်သလိုအတုယူပြီး လုပ် ကိုင်ရုံပါပဲ။ ဒါပေမဲ့ ဒီနေ့ အထည်ချုပ် လုပ်ငန်းလုပ်ကိုင်နေတဲ့ မိတ်ဆွေအားလုံး ညည်းတွားနေကြတဲ့ ပြဿနာကတော့ ဆိပ်ကမ်း အကောက်ခွန်ဌာနနဲ့ ရင်ဆိုင်နေကြရတဲ့ ပြဿနာပါပဲ။ မှန်ပါတယ်။ ဒီနေ့ မော်တော်ကားပြခန်း ဖွင့်ထားတဲ့ ကုန်သည်တွေကလည်း ဒီဆိပ်ကမ်းအကောက်ခွန်ဌာနပြဿနာကိုပဲ ညည်းတွားနေကြ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်း အကောက်ခွန်ဌာနက ဒီနေ့ချက်ချင်း မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်းအကောက်ခွန် ဌာနက ဒီနေ့ချက်ချင်း အခြေခံကစပြီး ပြင် ဆင်မှုတွေ ပြုလုပ်ကြရမယ့် ဌာနဖြစ်နေပါပြီ။ အခြေခံကစပြီး ပြင်ဆင်မှုတွေ ပြုလုပ်ကြရမယ့်ဌာန ဖြစ်နေပါပြီ။ ဘာတွေပြင် ဆင်သင့် တယ်ဆိုတာကတော့ ဒီနေ့အစိုးရ တာဝန်ခံတွေနဲ့ ဘာတွေပြင်ဆင်သင့်တယ် ဆိုတာကတော့ ဒီနေ့အစိုးရ တာဝန်ခံတွေနဲ့ အထည်ချုပ် လုပ်ငန်းလုပ်တဲ့ ကုန်သည်ကြီးတွေ ပွင့်ပွင့်လင်းလင်း အထည်ချုပ်လုပ်ငန်းလုပ်တဲ့ ကုန်သည်ကြီးတွေ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာသင့်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဒီနေ့ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာသင့်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဒီနေ့ ကျင့်သုံးနေကြတဲ့  ဆိပ်ကမ်းအကောက်ခွန် စနစ်ကို လေ့လာသင့်၊ အတုယူသင့်ပါတယ်။ မိမိနိုင်ငံရဲ့ ကုန်သွယ်မှုကို ဆိပ်ကမ်းအခွန် အတုယူ သင့်ပါတယ်။ မိမိနိုင်ငံရဲ့ ကုန်သွယ်မှုကို ဆိပ်ကမ်းအခွန် ဌာနရဲ့ အားနည်းချက် ကြောင့် အဟန့်အတား မဖြစ်သင့်ပါဘူး။ ဌာနရဲ့ အားနည်းချက်ကြောင့် အဟန့်အတား မဖြစ်သင့်ပါဘူး။ အဲ ... နောက်ဆုံး ကျန်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ပို့ကုန်ကဏ္ဍ ...။ ဒီနေ့ အမေရိကန် ပြည်ထောင်စုက သူ့နိုင်ငံထွက် လောင်စာနှင့် သူ့နိုင်ငံသုံးလို့ လောက်အောင်၊ ပြည်ပကိုတောင် ရောင်းချနိုင်အောင် စီမံချက်တွေ အကုန်ပြု လုပ်ထားပြီးနေပါပြီ။ ဒီနေ့အမေရိကန်မှာ ဓာတ်ငွေ့သိုက် အကြီးကြီးတွေကို အများကြီး တွေ့ထားပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိမယ့် ဓာတ်ငွေ့ ဈေးကွက်က အမေရိကန်ပြည် ထောင်စုကို ၀င်လို့မရနိုင်တော့ပါဘူး။ အဲ ... ဒါပေမဲ့ အမေရိကန်မှာ ရေနံကုမ္ပဏီ အကြီးကြီးတွေ ရှိပါတယ်။ သူတို့ဆီမှာ ငွေအားသာ မဟုတ်ဘူး။ ဘယ်သူ့မှာမှ မရှိတဲ့ ရေနံထုတ်လုပ်တဲ့ နည်းပညာသစ်တွေ ရှိပါတယ်။ ဒီရေနံတူးဖော်တဲ့ ကုမ္ပဏီကြီးတွေကတော့ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အလွန်စိတ်ဝင်စား နေပါတယ်။ သူတို့စွမ်းဆောင် နိုင်တာတွေကို စနစ်တကျလေ့လာပါ။ တခြားနိုင်ငံက ကုမ္ပဏီတွေ စွမ်းဆောင်နိုင်တာနဲ့ နှိုင်းယှဉ်ပါ။ မိမိအတွက် ပိုအကျိုးရှိခဲ့လျှင် သူတို့ကိုဖိတ်ခေါ်ပေါ့ခင်ဗျား။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၁.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီ
  2. အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း
  3. ရေနံကုမ္ပဏီကြီးများ၏ အင်အားသုံးမတရားမှုများအား တရားစွဲဆိုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပုံစံ ၁၇၊ ၁၉ ပယ်ဖျက်တော့မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီ

မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းသစ်များအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် စီးပွားရေးကျွမ်းကျင်ပညာရှင်များ ထည့်သွင်း၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကော်မရှင်မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မကြာခင်မှာ ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာတော့မှာပါ။ ဥပဒေထွက်လာပြီဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း တရှိန်ထိုးဝင်လာတော့မှာပါ။ ဒါကြောင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြန်ပြီးဖွဲ့စည်းလိုက်တာပါ။ ဒီအဖွဲ့မှာ စီးပွားရေးပညာရှင် ငါးဦးထပ်တိုးလိုက်တာပါ။ လာမယ့် ၂၀၁၄ မှာလည်း AFTA လာတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း ပြင်ဆင်ထားဖို့ လိုပါတယ်”ပာု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း(သမ္မတရုံး)က တာဝန်ယူ၍ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးတင်သိန်း(သမ္မတရုံး)နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးသောင်းလွင်(မီးရထားဝန်ကြီးဌာန)တို့ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း(သမ္မတရုံး)၊ ဦးလှထွန်း(သမ္မတရုံး)နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြန်ဖွဲ့စည်းပြီးရင်တော့ ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ကိစ္စတွေကို ပိုပြီးလုပ်ကိုင် ဆောင်ရွက်လာ နိုင်မှာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုအတည်ပြုပြီးဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာတော့မှာ ဖြစ်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေလည်း ပြင်ဆင်ထားသင့်ပါပြီ”ပာု မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုစောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာများအဖြစ် လက်ရှိထုတ်ဝေလျက်ရှိသော မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် The News Light of Myanmar သတင်းစာများကို အများပြည်သူ ဝန်ဆောင်မှုသတင်းစာ(Public Service Media-PSM)အဖြစ် ပြောင်းလဲရန်အတွက်  သတင်းစာအုပ်ချုပ်ရေးအဖွဲ့ (Governing Body)အဖွဲ့ကို ဖွဲ့စည်းကြောင်း အမိန့်ကြေငြာချက်အမှတ်(၇၂/၂၀၁၂)ကို ထုတ်ပြန် ကြေညာခဲ့သည်။

အများပြည်သူဝန်ဆောင်မှု သတင်းစာအုပ်ချုပ်ရေးအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဦးရဲတင့်(ကြေးမုံသတင်းစာ၊ စာတည်းမှူးချုပ်(ငြိမ်း))က တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဦးကျော်စိုး (ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း)မှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် ဦးရဲမြင့်ဖေ(ကြေးမုံသတင်းစာ၊ စာတည်းမှူးချုပ်(ငြိမ်း))၊ ဦးရဲနိုင်မိုး (စာနယ်ဇင်းပညာရပ်ကျွမ်းကျင်သူ)နှင့် ဦးကျော်ဇောနိုင်(ဥပဒေပညာရှင်)တို့က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုဖွဲ့စည်းလိုက်သည့် အများပြည်သူ ဝန်ဆောင်မှု သတင်းစာအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်ရေးအတွက် လိုအပ်သောမူဝါဒများ၊ လုပ်ငန်းစဉ်များကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများအတွက် လိုအပ်သောကျင့်ဝတ်နှင့် စည်းမျဉ်းများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများအနေဖြင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာများ၏ အခြေခံမူများကို ဖော်ဆောင်နိုင်ရန်အတွက် ကြီးကြပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

YC

------------------------------------------------------------------------------------------------------------------------

ရေနံကုမ္ပဏီကြီးများ၏ အင်အားသုံးမတရားမှုများအား တရားစွဲဆိုမည်

ရေနံဝယ်ယူရေးကုမ္ပဏီများမှ အင်အားသုံး မတရားလုပ်ဆောင်နေမှုများအပေါ် ကလေးဒေသ၊ အင်းတင်ရွာအနီး မှော်လုပ်သားအဖွဲ့များ၊ ရေနံ ကျင်းပိုင်များနှင့် ကလေးမြို့ ရှစ်လေးလုံးအင်အားစု၊ အထက်ချင်းတွင်း လူုငယ်အင်အားစုတို့မှ ဖော်ထုတ်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"ရေနံကုမ္ပဏီတွေက မတရားမှုတွေအတွက် ဖော်ထုတ်ပြီး ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ။ သူတို့တွေက ရေနံတွေကို ပေါက်ဈေးထက် ဈေးနှိမ် ပြီးဝယ်ကြပါတယ်။ ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ရေနံမရောင်းရင် ဖမ်းဆီးထောင်ချမယ်ဆိုတာမျိုးတွေပါ ခြိမ်းခြောက် ပြောဆို နေပါတယ်။ ကိုယ်ထိလက်ရောက် ကျုးလွန်တာမျိုးတွေတောင် ရှိပါတယ်။ ဒါတွေကို ဖော်ထုတ်သွားမှာပါ"ပာု ရှစ်လေးလုံးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကုမ္ပဏီမှ ရေနံများဝယ်ယူရာတွင် ၎င်းတို့ပေးသည့်ဈေးဖြင့်သာ ရောင်းချရမည်ပာု အနိုင်ထက်ပြုကျင့်မှုများ ပြုလုပ်သည့်အပြင် ရောင်းချခြင်း မရှိသည့်သူများကိုလည်း ဖမ်းဆီး၍ ရိုက်နှက်ခြင်းများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပေါင်း၍ ထောင်ချခြင်းများပြုလုပ်လေ့ရှိကြောင်း သိရသည်။

“အလုပ်သမားတွေကို ရေနံရောင်းခိုင်းလို့ အဆင်မပြေရင် အာဏာပိုင်တွေနဲ့ပေါင်းပြီး ဖမ်းဆီးတာတွေ၊ ရိုက်နှက်တာတွေ လုပ်ပါတယ်။ တကယ်ကို ဥပဒေမဲ့လုပ်ရပ်တွေပါပဲ။ ဒီရေနံတူးဖော်ရေးလုပ်ငန်းတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို အထိုက်လျောက်ထိခိုက်မှု ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာက မသိချင်ယောင်ဆောင်နေပါတယ်”ပာု ယင်းဒေသမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ရေနံလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပကုမ္ပဏီများအနေဖြင့် ရေနံရှာဖွေရေးလုပ်ကိုင်မှုများအတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုများ ဖြစ်လာပါက သဘောတူစာချုပ်ရပ်စဲသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ကြေညာခဲ့ပြီး ကုန်းတွင်းရေနံလုပ်ကွက်များလုပ်ကိုင်၍ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ပြည်ပ ကန်ထရိုက်တာများအနေဖြင့် ရေကြောင်းသွားလာရေးနှင့် ငါးဖမ်းလုပ်ငန်းများကို ထိခိုက်ခြင်းမရှိစေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို ဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာရန် စသည့်အချက်ငါးချက်ဖြင့် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပုံစံ ၁၇၊ ၁၉ ပယ်ဖျက်တော့မည်

ပြည်ပနိုင်ငံများသို့ထွက်ခွာရာတွင် လုပ်ဆောင်ရသည့် နိုင်ငံကူးလက်မှတ် ပတ်စ်စပို့စ် ရရှိနိုင်ရန် ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပေးရသည့် ပုံစံ ၁၇၊ ၁၉ ကိုပယ်ဖျက်တော့မည်ဖြစ်ကြေင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်ပကိုသွားမယ့်သူတွေအတွက် ပတ်စ်ပို့စ်ရဖို့ဆို ပုံစံ ၁၇၊ ၁၉ အခွန်ကင်းရှင်းကြောင်းလက်မှတ်ကို ပြရပါတယ်။ ခုဒီအဆင့်တွေကို လျှော့ချတဲ့ အနေနဲ ပုံစံ ၁၇၊ ၁၉ ပယ်ဖျက်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ အဓိကတော့ ပြည်သူတွေအတွက် ပြည်ပကိုထွက်ခွာရာမှာ အဓိက အခက်အခဲ တစ်ခုကို ဖြေလျော့ပေးလိုက်တာပါ”ပာု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထိုသို့ ပြည်ပခရီးထွက်ခွာရာတွင် အဓိက အခက်အခဲတစ်ခုဖြစ်သည့် ပုံစံ ၁၇၊ ၁၉ ကိုဖြေလျော့နိုင်ရန် စီစဉ်ဆောင်ရွက်နေသော်လည်း ပြည်တွင်း၌ အခွန်ကြွေးကျန်သူများ၊ ကုမ္ပဏီလုပ်ငန်းရှင်ကြီးများနှင့် ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်သည့် နိုင်ငံခြားကုမ္ပဏီပိုင်ရှင်များ၊ ဝန်ထမ်းများကို ဆက်လက်စိစစ်သွားဦးမည်ဖြစ်ကြောင်း သိရသည်။

“ပြည်ပကိုထွက်တော့မယ်ဆိုရင် ပုံစံ ၁၇၊ ၁၉ တင်ပြရတာပာာ အဓိကအခက်အခဲကို ဖြစ်နေပါတယ်။ ဒီလို အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပြခိုင်းလို့ နိုင်ငံတော်ဝင်ငွေ တိုးလာတာ မရှိပါဘူး။ ပြီးတော့ ဥပဒေမှာလည်း အခွန်ကင်းလွတ်ခွင့် ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီအခွန်ကင်းရှင်း ကြောင်း ထောက်ခံချက် လုပ်ဖို့အတွက် တစ်ချို့တွေဆိုရင် နိုင်ငံခြားခရီးစဉ်တွေ ဖျက်လိုက်ရတာတောင် ရှိပါတယ်”ပာု ဥပဒေပညာရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနှင့်အခွန်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ရန်နှင့် အခွန်ဆိုင်ရာ အခက်အခဲအချို့ ပြေလည်နိုင်စေရန် မကြာမီကာလအတွင်း ရန်ကုန်မြို့၌ အများပြည်သူ ဆက်ဆံရေးရုံးကို ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းရုံးတွင် ငွေရေးကြေးရေးနှင့် ဘဏ်ဆိုင်ရာ သတင်းအချက်အလက်များကိုပါ မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

YC          

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

အဓိက Sattilite ဂြိုလ်တုတွေနဲ့ စောင့်ကြည်ရမယ့်နေရာကတော့ ရခိုင်ပြည်နယ် မြောက်ဘက်အခြမ်းပဲ ဖြစ်တယ်။ ဘင်္ဂါလားဒေ့ရှ်က ဘင်္ဂါလီတွေ ခိုးဝင် လာတာ အများအပြား ရှိတာကို သတိထားရမယ်။ အဲဒီဟာတွေကို အဓိကထားပြီး စောင့်ကြည့်ရမယ်။ တွေ့ရင်ထိထိရောက်ရောက် အသိပေးဖို့ လိုအပ်တယ်။ ဒီလိုမျိုးခိုးဝင်လာတာ တွေကိုလည်း ကမ္ဘာသိ အောင် ကြေညာရမယ်။

အောက်တိုဘာ၂၁ရက်ထုတ် Flower Newsဂျာနယ် အတွဲ(၈) အမှတ်(၄၁)တွင် ပါရှိသည့် “လူမျိုးခြားများ ခိုးဝင်လာခြင်းကို ကာကွယ်ရန် နယ်စပ် ဒေသများတွင် Satelliteဂြိုလ်တုများ သုံးပြီးစောင့်ကြည့်မည်” သတင်းမှ ပြည်တွင်း ဘူမိဗေဒ ပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

------------------------------------------------------------------------------------------------------------------------

သူတို့ဝန်ကြီးတွေ အပြောင်းအလဲဆိုတာ လူပြောင်းတာပဲရှိတာ။ မူပြောင်းတာမှ မဟုတ်တာ။ အရေးကြီးတာက အစိုးရအဖွဲ့တစ်ဖွဲ့မှာ  တကယ်အပြောင်း အလဲ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ မူကိုပြောင်းလဲနိုင်လား မပြောင်းလဲနိုင် ဘူးလားကိုဆိုတာ၊ အခုဟာက မူမပြောင်းဘဲ လူပြောင်းနေတာကတော့ ဘာမှ ထူးခြားနေမှာ မဟုတ်ဘူး။

အောက်တိုဘာ၂၁ရက်ထုတ် News Dayဂျာနယ် အတွဲ(၁) အမှတ်(၃၃)တွင် ပါရှိသည့် “ဝန်ကြီးအပြောင်းအလဲ ဖြစ်သည်မှာ ၂လနီးပါးရှိပြီ ဖြစ်သော် လည်း ထူးခြားသော ပြောင်းလဲမှုတစ်စုံတစ်ရာ မတွေ့ရသေးကြောင်း လေ့လာသူများဆို” သတင်းမှ စာရေးဆရာကြီး ဦးထက်မြက်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------------------

ဖက်ဒရယ် ကိစ္စအကောင်အထည်ပေါ်လာမယ်ဆိုရင် ချက်ချင်း ငြိမ်းချမ်းရေးရပြီးတော့ အဆင်ပြေသွားမှာ။ တိုင်းရင်းသား လူမျိုးတွေ အားလုံး ပြည်ထောင်စု တစ်ခုလုံးတောင့်တနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးအနေနဲ့ တစ်တိုင်းပြည်လုံး အေးအေးဆေးဆေးဖြစ်သွားမယ်။ အဆင်ပြေသွားမယ်။ ဘယ်သူမှ လက်နက်ကိုင်ချင်မှာ မဟုတ်တော့ဘူး။

အောက်တိုဘာ၂၁ရက်ထုတ်  Messengerဂျာနယ် အတွဲ(၃) အမှတ်(၂၂)တွင် ပါရှိသည့် “အနာဂတ်တွင် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေး အကောင်အထည်ဖော် အာမခံပေးရန် လိုအပ်” သတင်းမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive