Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၈.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ  Obama to visit Myanmar ကိုဘာသာပြန်သည်)

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအမတ်များက အစိုးရအား ရခိုင်ပြည်နယ်တွင် အေးချမ်းမှု ပြန်လည်တည်ဆောက်ရန် တိုက်တွန်း

(Associated Press မှ 8 November 2012 ရက်စွဲပါ “ Suu Kyi ethnic Lawmakers call for Myanmar  gov`t to restore peace after Comm unrest” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************************

ဘာသာပြန်သတင်းများ

အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ  Obama to visit Myanmar ကိုဘာသာပြန်သည်)

အသစ်ပြန်လည်ရွေးကောက်တင်မြှေုာက်ခံရသော အမေရိကန်သမ္မတ Barack Obama သည် ယခုလအနှောင်းပိုင်းတွင် ရန်ကုန်သို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ၎င်းသည် ယခင်ကအပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ဝါရှင်တန်၏ ထောက်ခံမှုကို ပြသသည့် လက္ခဏာတရပ်ပင် ဖြစ်သည်။

“အိုဘားမားဟာ နိုဝင်ဘာ(၁၉)မှာ ရန်ကုန်ကိုလာပါလိမ့်မယ်။ သူဟာ သမ္မတဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်နဲ့ တွေ့ပါလိမ့်မယ်”ဟု အမည်မဖော်လိုသူ အစိုးရအရာရှိက AFPသို့ ပြောပါသည်။ လုံခြုံရေးကြောင့် အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သမ္မတဦးသိန်းစိန်၏ အမည်ခံအရပ်သားအစိုးရတက်လာပြီး၊ ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လာပြီးကတည်းက အမေရိကန် ပြည်ထောင်စု နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးမှာ အရေးပါစွာ နွေးထွေးလာခဲ့သည်။

Mr. Obama သည် ရွေးကောက်ပွဲအောင်ပွဲပြီးနောက် နိုဝင်ဘာ(၂၂) ရက်နေ့ Thanksgiving မတိုင်မီနှင့် ကွန်ဂရက်တွင် ဘတ်ဂျက်ကိစ္စ အန္တရာယ်များအတွက် မဆွေးနွေးမီ နိုင်ငံခြားခရီးအတွက် အချိန်အနည်းငယ်သာရသည်။

အိမ်ဖြူတော်ကမူ မြန်မာနိုင်ငံခရီးစဉ်အတွက် အတည်ပြုခြင်း မရှိသေးပေ။

Mr Obama သည် ဖနွမ်းပင်တွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟုမျှော်လင့်ရသည်။ အဆိုပါ အစည်းအဝေးမှာ အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် တရုတ်နှင့်ရုရှားအပါအဝင် ဒေသတွင်း ပါတနာများ နှစ်ပတ်လည်တွေ့ဆုံခြင်း ဖြစ်သည်။

“အစီအစဉ်အရဆိုရင်တော့ သူဟာ(၁၈) ရက်နေ့မှာ ရောက်ရမှာပါ”ဟု ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Knieu Kanharith က AFPသို့ ပြောသည်။  Mr Obama သည် ၎င်း၏ နိုင်ငံတွင် မည်မျှနေမည်ဆိုသည်ကို မသိကြောင်းနှင့် ထိပ်သီးအစည်းအဝေးသည် နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြောသည်။

Obama  အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ တိုးတက်မှုများကို အားပေးလျက်ရှိသည်။

ဦးသိန်းစိန်သည် စက်တင်ဘာလက နယူးယောက်သို့ သမိုင်းမှတ်တိုင်ဖြစ်မည့် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားသည့် ပထမဆုံးမြန်မာခေါင်းဆောင်ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အမေရိကန်အစိုးရ တာဝန် ရှိသူများလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သို့ သမ္မတကြီးဦးသိန်းစိန်နှင့် တပြိုင်နက်နီးပါးသွားရောက်ခဲ့ပြီး Mr Obama နှင့် တွေ့ဆုံခဲ့သည်။

“သူရဲ့ခရီးစဉ်ကို ကျွန်တော်တို့ကြိုဆိုပါတယ်။ သူရွေးကောက်ပွဲမှာနိုင်သွားတာကလည်း ကျွန်တော်တို့ဝမ်းသာပါတယ်။ သူဟာ မြန်မာနိုင်ငံ အကြောင်း အတော်သိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က AFP သို့ပြောသည်။

၎င်းတို့ ပါတီအနေဖြင့် Obama မြန်မာနိုင်ငံသို့ လာမည်ကို ကြားသိရကြောင်း၊ သို့သော်နေ့ရက်ကိုမူ မသိကြောင်း ၎င်းကပြောသည်။

“အမေရိကန်သမ္မတတွေ မြန်မာနိုင်ငံကို မလာတာ အတော်ကြာပါပြီ။ နှစ်ပေါင်း(၅၀) ကျော်ပါပြီ” ဟု ၎င်းက Burma ဟူသော အမည်ကိုသုံး၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများသည် အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်မှ လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်များအတွက် စိုးရိမ်ပူပန်မှု များရှိနေသည့်ကြားမှ အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် ဇူလိုင်လက မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နိုင်ရန် အရေးယူမှုများ ဖြေလျော့ပေးခဲ့ရာ အဓိကအမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်နိုင်ခဲ့သည်။

ကိုကာကိုလာ၊ General Electric တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ တိုးတက်လာမည့်အရေးကိုမျှော်ကိုး၍ မြန်မာနိုင်ငံတွင် စတင်နေရာယူခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့အပေါ် ၂၀၀၇ ခုနှစ်က ချမှတ်ထားခဲ့သော အရေးယူမှုကို ရုတ်သိမ်းပေးမည် ဟု ကြေညာခဲ့သည်။

 ----------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအမတ်များက အစိုးရအား ရခိုင်ပြည်နယ်တွင် အေးချမ်းမှု ပြန်လည် တည်ဆောက်ရန် တိုက်တွန်း

(Associated Press မှ 8 November 2012 ရက်စွဲပါ “Suu Kyi ethnic Lawmakers call for Myanmar  gov`t to restore peace after Communal unrest” သတင်းကို ဘာသာပြန်ဆိုသည်)

မကြာသေးမီက ဗုဒ္ဓဘာသာရခိုင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်တို့အကြားဖြစ်ပွားသော သွေးမြေကျ အဓိကရုဏ်း ဘေးဒဏ်သင့်ထားသော ရခိုင်ပြည်နယ်တွင် အေးချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ထိန်းသိမ်းရေးအတွက် လုံခြုံရေးတပ်များလုံလုံလောက်လောက်ဖြန့်ချပေးရန် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များက အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က ၎င်းတို့ ထုတ်ပြန်သော ကြေညာချက်တွင် ယခင်လက လူပေါင်း ၉၀ ခန့်သေဆုံးကာ ၃၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော ရခိုင်ပြည်နယ်မှ လူမျိုးစုပဋိပက္ခကိုင်တွယ်ပုံနှင့် ပတ်သက်သည့်မူဝါဒများကို ရှင်းလင်းပြောကြားရန် အစိုးရအား တိုက်တွန်းထားသည်။

ရခိုင်ရော  ရိုဟင်ဂျာပါ အုပ်စုနှစ်စုလုံး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးဖို့လိုသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

အစောပိုင်းဇွန်လက အဓိကရုဏ်းတွင်လည်း အလားတူ လူ ၁၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး လူ ၇၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြဿနာရင်းမြစ်ကိုဖြေရှင်းနိုင်ရေးတို့မှာ အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောဆိုသည်။

နောက်ဆုံးဖြစ်ပွားသော အဓိကရုဏ်းတွင် ပိုမိုထိခိုက်ဆုံးရှုံးသူ ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံခံနေရခြင်းအပေါ် သူမက ဝေဖန်ထောက်ပြမှု မရှိခဲ့ခြင်းကို သူမ၏ နိုင်ငံခြားထောက်ခံသူများစွာက စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု သတ်မှတ်ထားသူများအတွက် နိုင်ငံသားဖြစ်ခွင့် စည်းကမ်းများကို ရေးဆွဲထားသော ၁၉၈၂  ဥပဒေကို မည်ကဲ့သို့ ကိုးကားအသုံးပြုနေသည်ဆိုသည်ကိုလည်း အစိုးရအနေဖြင့် ရှင်းလင်းပြတ်သားဖို့လိုသည်ဟု အထက်ပါ ကြေညာချက်တွင် ပါရှိသည်။

၎င်းကြေညာချက်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံကိုအမည်မဖော်ပြသော်လည်း ယခုပြဿနာနှင့်သက်ဆိုင်သည်ဟု ထောက်ပြထားသည်။ အရေအ တွက်တွင် အငြင်းပွားစရာဖြစ်နေသော်လည်း ရိုဟင်ဂျာအများစုသည် ဘင်္ဂလားဒေရှ့်ဖက်မှ တရားမဝင်လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု မြန်မာ တို့က သတ်မှတ်ထားကြသည်။

“နယ်စပ်ခြင်း ထိစပ်နေသော အစိုးရနှစ်ဖွဲ့စလုံးသည် နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကိစ္စရပ်များကို တလေးတစားတာဝန်ယူ ဆောင်ရွက်သင့်သည်။ နယ်စပ်ဖြတ်ကူးမှု တားဆီးရေးနှင့် နယ်စပ်လုံခြုံမှု ရှိစေရေးအတွက် နှစ်နိုင်ငံစလုံးက စနစ်တကျဆောင်ရွက်ရန် အရေးတကြီးလိုအပ်သည်” ဟုလည်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများတွင် ယခင်ကလက်ခံထားခဲ့သော ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် သတ်မှတ်ရန် ငြင်းဆိုထားပြီး၊ နောက်ထပ်မဝင်နိုင်အောင် တားဆီးပိတ်ဆို့ထားသည်။

 

 *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၈.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် တံခါးဖွင့်ရန် စဉ်းစား

( 6 November 2012 ရက်စွဲပါ The Nation မှ Myanmar considers opening agriculture to foreign investment ကို ဘာသာပြန်ပါသည်)

  1. ရခိုင်ပြည်နယ်တွင်း ဆူပူအုံကြွမှုများကို စိုးရိမ်ကြောင်း ဗြိတိန်ထုတ်ဖော်

(UPI သတင်းဌာနမှ 6 Oct 2012 ရက်စွဲပါ Britain express concern about violence in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. နယူးဇီလန်ဝန်ကြီးချုပ် အရှေ့အာရှထိပ်သီးညီလာခံ အပြီးတွင် မြန်မာသို့သွားမည်

(Scoop news မှ 8 Nov 2012 ရက်စွဲပါ “PM to attend EAS and visit Myanmar” သတင်းကို ဘာသာပြန်သည်။)

     

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် တံခါးဖွင့်ရန် စဉ်းစား

( 6 November 2012 ရက်စွဲပါ The Nation မှ Myanmar considers opening agriculture to foreign investment ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သောလူဦးရေ၏ ၇၀% ကို အလုပ်ပေးထားနိုင်သော စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုလိုအပ်လျှက် ရှိကြောင်း  မြန်မာဘက်မှ အင်္ဂါနေ့တွင် အရိပ်အမြွက်ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာရှိတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၀.၄၈% ပဲ ရှိပါတယ်"ဟု သမ္မတ ဦးသိန်းစိန်က ဗီယင်ကျင်းတွင်ကျင်းပသော (၉)ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

"တကယ်လို့သာ ကျွန်တော်တို့ဟာ အဆင့်မြင့်နည်းပညာ၊ အတွေ့အကြုံဝေမျှမှု၊ သုတေသန၊ ချေးငွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစတဲ့ လိုအပ်တဲ့ အကူအညီတွေရခဲ့မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ စားနပ်ရိက္ခာကို ပြည်တွင်းဈေးကွက်ပိုလျှံရုံသာမက ဒေသတွင်းဈေးကွက်ကိုပါ ဖြည့်ဆည်း ပေးနိုင်မယ်ဆိုတာ ခိုင်ခိုင်မာမာယုံကြည်ပါတယ်"ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

-------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်တွင်း ဆူပူအုံကြွမှုများကို စိုးရိမ်ကြောင်း ဗြိတိန်ထုတ်ဖော်

(UPI သတင်းဌာနမှ 6 Oct 2012 ရက်စွဲပါ Britain express concern about violence in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ဆူပူအုံကြွမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်မှုများ နှင့် ပတ်သက်၍ ဗြိတိန် နိုင်ငံအစိုးရအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဝီလျံဟေ့ဂ်ကပြောကြားသည်။ မစ္စတာဝီလျံဟေ့ဂ်သည် လာအိုနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် အာရှ-ဥရောပထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းအတည်ပြုပြောဆိုသည်။

မြန်မာနိုင်ငံတွင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မိမိအနေဖြင့် လွန်စွာဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း၊ သို့တိုင်အောင် ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်နေသည့် ဆူပူအုံကြွမှုများ၊ အကြမ်းဖက်မှုများအတွက် စိုးရိမ်ပူပန်မိ ပါကြောင်းပြောဆိုသည်။ အဆိုပါဖြစ်စဉ်များကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဖြစ်ပေါ်ရသည်ဟု မစ္စတာဝီလျံဟေ့ဂ် ကဆိုသည်။

"ဆူပူအကြမ်းဖက်မှုတွေအားလုံးအဆုံးသတ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ နိုင်ငံရေးပါတီနဲ့အဖွဲ့အစည်းတွေအားလုံး လုပ်ကိုင် ဆောင်ရွက်ပေးကြဖို့ ဗြိတိန်နိုင်ငံကတိုက်တွန်းပါတယ်" ဟု မစ္စတာဝီလျံဟေ့ဂ်က ကြေညာချက်ထုတ်ပြန်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်ခဲ့သော ဆူပူအုံကြွမှုများကြောင့် လူပေါင်း ၈၉ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ သို့သော် မြန်မာအစိုးရအဆိုအရ ရခိုင်ပြည်နယ်တွင်းအခြေအနေအရပ်ရပ်မှာ ကောင်းစွာထိန်းသိမ်းထားနိုင်ပြီဖြစ်သည်ဟုဆိုသည်။

မည်သို့ပင်ဆိုစေ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံး(UNOCHA) မှ ပြောခွင့်ရပုဂ္ဂိုလ် Jen Laerke က

"ရခိုင်ပြည်နယ်တွင်း အခြေအနေမှာ အလွန်အမင်း အထိအခိုက်မခံသော အခြေအနေဖြစ်သည်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ဘဏ် (World Bank) က ဒေါ်လာ ၂၄၅ သန်းထောက်ပံ့မည်ဖြစ်ကြောင်း လွန်ခဲ့သည့် သတင်းပတ်ကထုတ်ပြန်ကြေညာသည်။

------------------------------------------------------------------------------------------

နယူးဇီလန်ဝန်ကြီးချုပ် အရှေ့အာရှထိပ်သီးညီလာခံ အပြီးတွင် မြန်မာသို့သွားမည်

(Scoop news မှ 8 Nov 2012 ရက်စွဲပါ “PM to attend EAS and visit Myanmar” သတင်းကို ဘာသာပြန်သည်။)

နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီးသည် ပထမဆုံးမြန်မာခရီးစဉ် မတိုင်မှီ အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားသို့ ယခုလကုန်ပိုင်းတွင် အရင်သွားမည်ဟု သိရှိရသည်။

မစ္စတာဂျွန်ကီးသည် အာဆီယံ ၁၀ နိုင်ငံ အပါအဝင် သြစတြေးလျား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား နိုင်ငံများ အဖွဲ့ဝင်သစ် ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခေါင်းဆောင်များနှင့် အတူ နိုဝင်ဘာ ၂၀ တွင် ဖနွမ်းပင်မြို့၌ အရှေ့အာရှ ထိပ်သီးညီလာခံ EAS သို့တက်ရောက် မည်ဖြစ်သည်။

“ဒီအစည်းအဝေးဟာ နယူးဇီလန်အတွက် အရေးပါတဲ့ နိုင်ငံတွေစုဝေးကြတဲ့ပွဲပါ။ ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ အာဆီယံ ၁၀ နိုင်ငံနဲ့ သူတို့ရဲ့ ကုန်သွယ်ရေး လွတ်လပ်ဇုံ စီးပွားဖက် ၆ နိုင်ငံပါဝင်တဲ့ ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်စီးပွားရေး လက်တွဲ ပူးပေါင်းမှု အစီအစဉ် အတွက် စေ့စပ်ဆွေးနွေးတွေမှာ ကျွန်တော်လည်း ပါဝင်ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။” ဟု ဂျွန်ကီးက ပြောကြားသည်။

နယူးဇီလန်ဝန်ကြီးချုပ်သည် အရှေ့အာရှထိပ်သီးညီလာခံအပြီးတွင် မြန်မာသမ္မတဦးသိန်းစိန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။

“မြန်မာနိုင်ငံသည် ပြီးခဲ့တဲ့တစ်နှစ်လုံး သမိုင်းဝင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတိုးတက်ပြောင်းလဲမှုတွှေကို ကျွန်တော်အနေနဲ့  ဦးဦးဖျားဖျားတွေ့မြင်ချင်ပါတယ်။ ပြီးတော့ ကမ္ဘာကြီးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြန်လည်ပေါင်းထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံကို အားပေးထောက်ခံဖို့ နယူးဇီလန်က ဘယ်လိုပါဝင်နိုင်မလဲ ဆိုတာကို လေ့လာသွားမှာပါ။” ဂျွန်ကီးကပြော ကြားသည်။

ဂျွန်ကီးက ဆက်လက်၍ “ကျွန်တော့်ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံအကြားဆက်ဆံရေးတည်ဆောက်ဖို့ နယူးဇီလန်ကကတိပြုထားတာကို ထင်ဟပ် ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလာမယ့် နှစ်အနည်းငယ်အတွင်း နယူးဇီလန်ကုမ္ပဏီအတွက် စစ်မှန်တဲ့ အခွင့်အလမ်းတွေရှိလာလိမ့်မည်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသွားသည်။

***********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၈.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. စည်ပင်ပိုင်မြေများပေါ်ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများ လုံးဝဖျက်သိမ်းရတော့မည်
  2. ခရီးသွားလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းပိုလာရေး ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်မပြု

နိုင်ငံရေးသတင်း

  1. ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များကြေညာချက်ထုတ်ပြန်
  1.  မြန်မာ-သြစတြေးလျ နှစ်နိုင်ငံစစ်ရေးပုးပေါင်းဆောင်ရွက်နိုင်ဖွယ်ရှိ
  2. နိုင်ငံပိုင်မီဒီယာများအား အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ၂၀၁၃ ခုနှစ်တွင်ပြောင်းလဲမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

စည်ပင်ပိုင်မြေများပေါ်ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများ လုံးဝဖျက်သိမ်းရတော့မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေများပေါ်တွင် ခွင့်ပြုချက်မရှိပဲဆောက်လုပ်ထားသည့် အဆောက်အအုံများကို လုံးဝဖျက် သိမ်းခိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။

“အရင်လတွေတုန်းကစည်ပင်ပိုင်မြေတွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲအဆောက်အအုံတွေဆောက်ရင် တရားစွဲဆိုတာတို့၊ ဒဏ်ကြေးပေးဆောင် ခိုင်းတာတို့တွေပဲ လုပ်ခိုင်းတယ်။ ပြီးရင် ခွင့်ပြုချက်ပါမစ်ချပေးတယ်။ ဒီလကစပြီးတော့ ပြန်ဖျက်သိမ်းခိုင်းတဲ့စနစ်ကိုပဲ ကျင့်သုံးတော့မှာပါ”ပာု ရန်ကုန် စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း၌ စည်ပင်၏ခွင့်ပြုချက်မရှိဘဲဆောက်လုပ်နေသည့် အဆောက်အအုံများစွာရှိကြောင်းသိရသည်။ ယင်း အဆောက်အအုံများကို တည်ဆဲဥပဒေများဖြင့်ဖျက်သိမ်းခိုင်းမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသည့်ကန်ထရိုက်များကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်စည်ပင်က ဆောက်လုပ်ခွင့်သတ်မှတ်ထားတာက လမ်းအကျယ်နှစ်ဆကို လေးပေခွဲထပ်ပေါင်းပြီးတော့ အဲ့ဒီထက်မပိုတဲ့အမြင့်တွေ ကိုသာ ပါမစ်ချထားပေးတာပါ။ သူတို့ဆောက်တဲ့အခါကျတော့ လမ်းကျဉ်းကျဉ်းလေးထဲမှာ အထပ်ပေါင်းမရေတွက်နိုင်အောင်ဆောက်ထားတယ်။ ဒါဆို ပါမစ်ပြန်သိမ်းတယ်။ ဒါကိုမှ ဆက်ဆောက်နေသေးတဲ့ တိုက်တွေကို မဖျက်မချင်းတရားစွဲဆိုနေမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့ရှိစည်ပင်ပိုင်မြေများပေါ်တွင် ဆောက်လုပ်လျက်ရှိသည့် အဆောက်အအုံများမှာ ဆောက်လုပ်ခွင့်ပါမစ် လာရောက်လျှောက်ထား ရာတွင် အမည်ပေါက်ပိုင်ရှင်အမည်နှင့် ဆောက်လုပ်ခွင့်လာရောက်လျှောက်ထားသော ပိုင်ရှင်အမည်များမှာတူညီခြင်းမရှိသည့်အတွက် ရန်ကုန်စည်ပင် မြေယာဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------------------------------

ခရီးသွားလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းပိုလာရေး ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်မပြု

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုရရှိလာစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရာနှုန်းပြည့်ခွင့်မပြုရန် ပြည်ထောင်စုဝန်ကြီးမှ ညွှန်ကြားထားကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍမှာ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံဖို့ ဥရောပနိုင်ငံတွေက ကမ်းလှမ်းတာရှိပါတယ်။ ဒါပေမယ့် သူတို့ကိုခွင့်ပြုလိုက်ရင် ပြည်တွင်းကခရီးသွားလုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်းမဲ့သွားမှာပါ။ ဘာပဲပြောပြောသူတို့ဆီမှာက ကိုယ်တွေနိုင်ငံထက်စာရင် နည်းပညာပညာရပ်တွေက တိုးတက်နေတော့ ကိုယ့်ဆီကလူတွေ ဘယ်လိုယှဉ်မလဲ။ ဒါကြောင့် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှုကို ပြည်တွင်းလုပ်ငန်းရှင်ကိုပဲပေးတယ်။ နိုင်ငံခြားသားဆို လုပ်ကိုင်ခွင့်ပါမစ်မပေးဖို့ ဝန်ကြီးက ညွှန်ကြားထားတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာ့ခရီးသွားလုပ်ငန်းပင်မစီမံကိန်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလတွင် အပြီးသတ်ရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ ယင်းစီမံကိန်းကို ပိာုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့က ပူးပေါင်းရေးဆွဲ လျက်ရှိကြောင်း သိရသည်။

“မြန်မာ့ခရီးသွားလုပ်ငန်းပင်မစီမံကိန်းကို ၂၀၁၃ အမီ ရေးဆွဲပြီးစီးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပြည်တွင်းက ပိာုတယ်တွေမှာ ခရီးသွားဘယ် လောက်ဝင်ရောက်တယ်ဆိုတဲ့အပေါ်မူတည်ပြီးတော့ရေးဆွဲခဲ့တာပါ။ ဒီစီမံကိန်းအတွက် ဆွေးနွေးပွဲတွေလည်းပြုလုပ်သွားဖို့ရှိပါတယ်။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးပြီဆိုတော့  ပြည်တွင်းကိုခရီးသွားတွေဝင်လာတော့မှာပါ။ ဒီအတွက် ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပိာုတယ်လုပ်ငန်းရှင်တွေ ပြင်ဆင်ထားသင့်ပါပြီ”ပာု ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင်မြန်မာ့ခရီးသွားလုပ်ငန်းတွင် ပြည်တွင်းရှိလုပ်ငန်းရှင်များနှင့် နိုင်ငံခြားသားလုပ်ငန်းရှင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် Joint Venture ကုမ္ပဏီ ၂၀ နီးပါးခန့်ရှိကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်တွင်းနှင့်နိုင်ငံခြားအကျိုးတူပူးပေါင်းဆောင်ရွက်မှုများအတွက် ၆၀:၄၀ ဖြင့် လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

YC

 ***************************************

နိုင်ငံရေးသတင်း

ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ(၂၁)ရက်နေ့မှစတင်၍ ထပ်မံဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများနှင့်ပတ်သက်၍ အောက်တိုဘာလ ၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလျယ်အချို့မှ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသောအခြေအနေများကို ထိန်းသိမ်းနိုင်ရန် တပ်ဖွဲ့ဝင်များ တိုးမြှင့်ခြင်းနှင့် လုံခြုံရေး အစီအစဉ်များအဆင့်တိုးမြှင့်ခြင်းများဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ လူအများစုနှင့်လူနည်းစု၊ လူမျိုးရေးနှင့်ဘာသာရေးကိုအခြေခံ၍ ခွဲခြား ဆက်ဆံခြင်းမပြုရန်နှင့် လူသားအားလုံး၏ လူ့အခွင့်အရေးဆိုင်ရာများကို လေးစားလိုက်နာရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်မှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံး၏ အစိုးရများတွင် တာဝန်ရှိသည့်အတွက် ဥပဒေနှင့်အညီတာဝန်ယူခြင်းနှင့် တာဝန်ခံခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်မှုများကိုလည်း လုံခြုံမှုရှိစေရန် ကာကွယ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခအခြေအနေများကို အမြန်ဆုံးထိန်းသိမ်းနိုင်ရန် ရခိုင်ပြည်နယ်၌ စစ်အုပ်ချုပ်ရေး လုပ်ဆောင်မည်ပာူသော သတင်းများ ပြင်ပ၌ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

              YC

-------------------------------------------------------------------------------------------------------------------

 မြန်မာ-သြစတြေးလျ နှစ်နိုင်ငံစစ်ရေးပုးပေါင်းဆောင်ရွက်နိုင်ဖွယ်ရှိ

မြန်မာ-သြစတြေးလျနှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာရှ-ဥရောပဆွေးနွေးပွဲ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျနိုင်ငံဝန်ကြီးချုပ် မစ္စဂျုလီယာရေးလက်တို့ နိုဝင်ဘာလ ၅ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ တွေ့ဆုံစဉ် ယင်းကိစ္စအား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်က တရားဝင်ပြောသွားတော့မပာုတ်ဘူး။ အရိပ်အမြွတ်အနေနဲ့ ပြောသွားတာပါ။ သူတို့တွေ့တုန်းကတော့ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့အတွက်အဓိကပြောသွားတာပါ။ သြစီဝန်ကြီးချုပ်ပြောတာကတော့ ကျွန်မတို့နှစ်နိုင်ငံ စစ်ရေးအရပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဆုံးဖြတ်ချက်တစ်ချို့ ချမှတ်ဖို့ရှိနေသေးတယ်လို့ ပြောသွားတာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် ၁၉၈၈ ခုနှစ်ထိ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ ပြလုပ်ခဲ့သော်လည်း နောက်ပိုင်းမြန်မာပြည်တွင်းရေးမငြိမ်သက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင်း ယင်းစစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ခဲ့သည်။

                မြန်မာနိုင်ငံအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်နှင့် အာရှနိုင်ငံများပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံပေါင်းစုံ ပူးတွဲစစ်ဆင်ရေး “ရွှေမြွေပောာက်”ကို လာရောက်လေ့လာရန် အမေရိကန်နိုင်ငံက ဖိတ်ခေါ်ခဲ့သည်။

               YC

------------------------------------------------------------------------------------------------------

နိုင်ငံပိုင်မီဒီယာများအား အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ၂၀၁၃ ခုနှစ်တွင်ပြောင်းလဲမည်

နိုင်ငံတော်ပိုင်မီဒီယာများအားလုံးကို အများပြည်သူဝန်ဆောင်မှုမီဒီယာ(Public Service Media)အဖြစ်သို့ လာမည့် ၂၀၁၃ ခုနှစ်တွင် စတင် ပြောင်းလဲတော့မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်တွင် ပြုလုပ်ကျင်းပခဲ့သော နိုင်ငံပိုင်မီဒီယာပြောင်းလဲရေးဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံမှကျင့်သုံးဖော်ဆောင်လျက်ရှိသည့် ဒီမိုကရေစီစနစ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရန် အစိုးရပိုင်မီဒီယာအသီးသီးကို ပြည်သူ့ဝန်ဆောင်မှုမီဒီယာအဖြစ်သို့ ပြောင်းလဲရခြင်းဖြစ်ကြောင်းသိရသည်။ ပြည်သူ့ဝန်ဆောင်မှုမီဒီယာအဖြစ်သို့ပြောင်းလဲရာတွင် လွှတ်တော် အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီများ၊ အဖွဲ့အစည်းများနှင့် ပညာရှင်များအသီးသီးထံမှ အကြံပြုချက်များ တောင်းခံ သွားမည်ဖြစ်ကြောင်း သိရသည်။

ပြောင်းလဲတော့မည့် အများပြည်သူဝန်ဆောင်မှုမီဒီယာအနေဖြင့် ပုဂ္ဂလိကမီဒီယာများတွင် ဖော်ပြရန်ပျက်ကွက်နေသည့် အကြောင်းအရာ များကို ဦးစားပေးဖော်ပြသွားမည်ဖြစ်ပြီး ပြည်သူများ၏အကျိုးအတွက် စစ်မှန်သော စတုတ္ထမဏ္ဍိုင်အဖြစ် ပုဂ္ဂလိကမီဒီယာများနှင့် လွတ်လပ်တရားမျှတစွာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ မီဒီယာဖြေလျော့မှုများကို ပြုလုပ်ပေးခဲ့သည့်အပြင် ယခင် မီဒီယာတားဆီးပိတ်ပင်မှု အများဆုံးပြုလုပ်ခဲ့သည့် စာပေစိစစ်ရေးကိုလည်း ပယ်ဖျက်ပေးခဲ့သည်။

YC

***************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဥပဒေကြောင်းအရ ဆန္ဒပြမယ့်လူတွေကို တရားဝင်ဆန္ဒမပြနိုင်အောင် လုပ်ထားတယ်။ ဥပဒေပြဠာန်းချက် တွေက အလုပ်သမားတွေဘက်မှာ မရှိဘူး။ အလုပ်ရှင်တွေကလည်း ဥပဒေကို လေးစားလိုက်နာတာမရှိဘူး။ ပင်မ ဥပဒေကို အရေးတကြီးပြင်ဖို့လိုအပ်နေတယ်။”

နိုဝင်ဘာ ၉ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၇) တွင်ပါရှိသော “သေသည်အထိ အစာငတ်ခံ ဆန္ဒပြမည်ဟု အလုပ်သမားများဆို သတင်းမှ အလုပ်သမားရှေ့နေ ဦးဖိုးဖြူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

“အခု အိုဘားမားထပ်နိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ပိုကောင်းလာမယ်လို့ ယူဆတယ်။ သူက အစောပိုင်းကတည်းက မြန်မာ့ဒီမိုကရေစီပြောင်းလဲရေးကို ထောက်ခံတဲ့သူ တစ်ယောက်ပါ။ သူ့လက်ထက်မှာပဲ စီးပွားရေးပိတ်ဆို့ထားတာတွေ ပြန်ဖွင့်ပေးခဲ့တယ်။ တစ်ကယ်လို့ မြန်မာနိုင်ငံကို ဒီလထဲမှာ လာဖြစ်ခဲ့မယ်ဆိုရင် သူနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါလာမှာပဲ။ ဒီတော့ မြန်မာနိုင်ငံစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်လို့ရနိုင်တယ်”

နိုဝင်ဘာလ (၉) ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၃၀) အမှတ် (၅၉၄) တွင် ပါသော “အိုဘားမား အနိုင်ရရှိမှုက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုခိုင်မာလာစေနိုင်” သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးမြတ်သင်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

“တစ်ခုသေချာတာက ငြိမ်းချမ်းမှုမရှိဘဲနဲ့ ဒီမိုကရေစီဆိုတာရှိလာမှာ မဟုတ်ပါဘူး။ နောက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို မဖော်ဆောင်နိုင်ရင် ငြိမ်းချမ်းမှုဆိုတာ ရှိမှာမဟုတ်ဘူး။ ဒီနေရာမှာ မြန်မာနိုင်ငံခေါင်းဆောင်တွေကို ပြောချင်တာက နိုင်ငံရေးနဲ့ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်သွားဖို့ ကျွန်တော်တို့ အားပေးပါတယ်။ နောက်ကျန်ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်သူတစ်ဦး တစ်ယောက်အနေနဲ့မှ ကို်ယ့်ရဲ့ထင်မြင်ထုတ်ဖော်ပြောဆို မှုတစ်ခုကြောင့်နဲ့တော့ အကျဉ်းကျ မခံသင့်ပါဘူး။”

နိုဝင်ဘာလ (၉) ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၃၀) အမှတ် (၅၉၄) တွင် ပါသော “မြန်မာ့ ငြိမ်းချမ်းရေးအတွက် ဥရောပ သမဂ္ဂ ကူညီမည်” သတင်းမှ မစ္စတာ Jose Manuel Barroso ၏ပြောကြားချက်အားကောက်နှုတ်ချက်။

********************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive