Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၀.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထားဝယ်စီမံကိန်း ဖွံ့ဖြိုးရေး ဟန်ချက်မျှအောင် ထိုင်းနှင့် မြန်မာကြိုးပမ်း

(Reuters သတင်းဌာနမှ 8 Oct 2012 ရက်စွဲပါ Thailand, Myanmar throw weight behind Dawei Zone ကိုဘာသာပြန်ဆိုသည်)

  1. နောက်ဆုံးထွက်ပေါ်လာသည့် ကိန်းဂဏန်းများကြောင့် တရုတ်စီးပွားရေးနာလန်ထူမည်ဟု မျှော်လင့်နိုင်

(BBC သတင်းဌာနမှ 9 Nov 2012 ရက်စွဲပါ China economy: Latest numbers add to recovery hopes ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ထားဝယ်စီမံကိန်း ဖွံ့ဖြိုးရေး ဟန်ချက်မျှအောင် ထိုင်းနှင့် မြန်မာကြိုးပမ်း

(Reuters သတင်းဌာနမှ 8 Oct 2012 ရက်စွဲပါ Thailand, Myanmar throw weight behind Dawei Zone ကိုဘာသာပြန်ဆိုသည်)

ဒေါ်လာဘီလီယံနှင့်ချီကုန်ကျမည့် ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ လုပ်ငန်းများ စိတ်ဝင်တစားရင်းနှီး မြှုပ်နှံမှုများပြုလုပ်လာရေးအတွက် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံမှ ဝန်ကြီးများ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

"ထားဝယ်စီမံကိန်းမှာပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့နှစ်နိုင်ငံစလုံးအတွက်အင်မတန်အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ နောက်တစ်ဆင့်က တော့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကလုပ်ငန်းတွေ ဝင်ရောက်ရင်းနှီး မြှုပ်နှံနိုင်အောင် ဖိတ်ခေါ်ဖို့ပဲဖြစ်ပါတယ်" ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီး Kittirat Na Tasnong က ဘန်ကောက်မြို့တော်တွင်ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ ခတ္တရပ်နားစဉ်ပြောကြားသည်။

၂၅၀ စတုရန်းကီလိုမီတာ (၁၀၀ စတုရန်းမိုင်) ကျယ်ဝန်းပြီး ဒေါ်လာ ၅၀ ဘီလီယံခန့်ကုန်ကျမည့် စီမံကိန်းကြီးတွင် ရေနက်ဆိပ်ကမ်း၊ စတီးစက်ရုံ များ၊ ချက်စက်ရုံများ၊ ရေနံဓာတုစက်ရုံနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများပါဝင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုကြီးဖြစ်ပြီး Dawei Development Co ၏ ပင်မကုမ္ပဏီကြီးလည်းဖြစ်သော Italian-Thai Development Pcl က စီမံကိန်းပထမပိုင်းအတွက် အခြေခံအဆောက်အဦ နှင့်ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံကို ရရှိရန်ကြိုးပမ်းခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင်မူ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံသည် ထားဝယ်မှထိုင်းနယ်စပ်အထိ ၈၃ မိုင်ရှည်လျားသော မော်တော်ကားလမ်း ဖောက်လုပ်ရေးစီမံကိန်းအပါအဝင် အခြေခံအဆောက်အဦစီမံကိန်းများအတွက် ပူးတွဲကော်မတီများထူထောင်သွားရန် သဘောတူညီခဲ့ကြသည်။

အခြားသောကော်မတီတစ်ခုက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေအတွက် စီးပွားရေးလုပ်ငန်းများဆိုင်ရာ အကြံဉာဏ်များ ပေးသွားလိမ့်မည်ဖြစ်သည်။

နောက်ထပ် အလားတူဆွေးနွေးပွဲများကိုလည်း နေပြည်တော်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ထားဝယ်စီမံကိန်းပထမပိုင်းအတွက် ရန်ပုံငွေကိစ္စကို လာမည့်သုံးလ သို့မဟုတ် လေးလအတွင်း ဆုံးဖြတ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘက်ကမူ ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ထက်နောက်မကျစေဘဲ စတင်ရန်ဆန္ဒရှိနေကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေကြေးမူဝါဒရေးရာဌာန အကြီးအကဲ Somchai Sajjapong က ပြောကြားသည်။

"နိုင်ငံတကာဘဏ်လုပ်ငန်းအဖွဲ့အစည်းကြီးတွေက ထားဝယ်စီမံကိန်းအတွက်ရင်းနှီးမြှုပ်နှံမှုချေးငွေထုတ်ပေးဖို့ အင်မတန်စိတ်ဝင်တစား ရှိကြပါ တယ်"ဟု ဘဏ္ဍာရေးဝန်ကြီး Kittirat ကပြောဆိုသည်။ စီမံကိန်းတွင် အခြားတတိယနိုင်ငံတစ်နိုင်ငံ ပါဝင်ပတ်သက်မည့်ကိစ္စကို မြန်မာနှင့်ထိုင်းဆွေးနွေးမှု မပြုလုပ်ရသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

--------------------------------------------------------------------------------------------------------------------------

နောက်ဆုံးထွက်ပေါ်လာသည့် ကိန်းဂဏန်းများကြောင့် တရုတ်စီးပွားရေးနာလန်ထူမည်ဟု မျှော်လင့်နိုင်

(BBC သတင်းဌာနမှ 9 Nov 2012 ရက်စွဲပါ China economy: Latest numbers add to recovery hopes ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း တရုတ်အစိုးရက ထုတ်ပြန် သည့် အားရစရာကောင်းသော စီးပွားရေးကိန်းဂဏန်းများက ညွှန်းဆိုလျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု၊ လက်လီရောင်းချမှုနှင့် ပုံသေအက်ဆက်(မြေ၊အဆောက်အအုံနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း) ရင်းနှီးမြှုပ်နှံမှုတို့မှာခန့်မှန်းထားသည်ထက်မြင့်တက်ခဲ့သည်။

ဤအတောအတွင်းမှာပင် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်းကျဆင်းလာရာ မူဝါဒရေးဆွဲသူများအနေဖြင့် စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည့်လုပ်ကိုင်ဆောင်ရွက်မှုများပြုလုပ်ခွင့်ရရှိလာသည်။

တရုတ်ပြည်၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ သုံးနှစ်တာကာလမျှနိမ့်ကျမည့်အနေအထားသို့ရောက်ရှိခဲ့ပြီးနောက် ယခုကဲ့သို့သော အားရစရာ ကောင်းသည့်ကိန်းဂဏန်းများပြန်လည်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ စက်ရုံအလုပ်ရုံများ၏ကုန်ထုတ်လုပ်မှုမှာ ၉ ဒဿမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး လက်လီရောင်းချမှုနှုန်းမှာ ၁၄ ဒဿမ ၅ ရာခိုင်နှုန်းမြင့်တက်လာသည်ကိုကြည့်လျှင် ပြည်တွင်းဝယ်လိုအားမှ အဆမတန်မြင့်တက်နေသည်ကို တွေ့ရသည်။

တရုတ်စီးပွားရေးအတွက် ပြည်တွင်းစားသုံးမှုမြင့်တက်ခြင်းမှာ လွန်စွာအရေးကြီးသည်။ အကြောင်းမှာ ၂၀၀၈ ခုနှစ်မတိုင်မီကာလအထိ တရုတ် စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ခဲ့သော ပြည်ပပို့ကုန်ဝယ်လိုအားမှာ တရုတ်ပြည်၏အဓိကဈေးကွက်များဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်တို့၌စီးပွားရေးနှေးကွေးကျဆင်းချိန်တွင် လိုက်ပါကျဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။

တိုးတက်မှုအထောက်အပံ့ပြည်ပသို့ရောင်းချမှုကျဆင်းခြင်း၊ တိုင်းပြည်စီးပွားရေးတိုးတက်မှု ဆက်လက်နှေးကွေးနေခြင်းတို့ကြောင့် တရုတ် စီးပွားရေးမူဝါဒရေးဆွဲသူများသည် ပြည်တွင်းစားသုံးမှု ယခုနှစ်အတွင်း မြင့်တက်လာစေမည့် လုပ်ဆောင်ချက်အဆင့်ဆင့်ကိုလုပ်ကိုင်ခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လမှစ၍တရုတ်အစိုးရက ဘဏ်အတိုးနှုန်းထားကို နှစ်ကြိမ်တိတိလျှော့ချပစ်ခဲ့ပြီး ဘဏ်များအနေဖြင့် အရန်ငွေအဖြစ်ထားရှိရမည့် ပမာဏကိုလည်း နှိမ့်ချပစ်ခဲ့သည်။

ပြည်တွင်းသုံးစွဲမှုမြင့်တက်ရေးအတွက် တရုတ်အစိုးရ၏နောက်ထပ်ကြိုးပမ်းချက်တစ်ရပ်မှာ ဒေါ်လာ ၁၅၀ ဘီလီယံကျော်တန်ဖိုးရှိသည့် အခြေခံအဆောက်အဦ စီမံကိန်းသစ်များ အတည်ပြုချမှတ်ပေးခဲ့ခြင်းပင်ဖြစ်သည်။

လေ့လာဆန်းစစ်သူများအဆိုအရ တရုတ်နိုင်ငံအနေဖြင့်စီးပွားရေးနလန်ထူမည့် အစီအစဉ်မျိုးထုတ်ဖော်လာဖွယ်မရှိပေ။ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းနေမှု၏အဓိပ္ပာယ်မှာ အစိုးရအနေဖြင့် ရှိပြီးသားလုပ်ငန်းစဉ်များကို ထပ်မံအရှိန်မြှင့်တင်လုပ်ဆောင်နိုင်သည့်သဘောပင်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် စားသုံးသူဈေးနှုန်းများအပေါ်တွင်လည်းဂယက်ရိုက်ခတ်မှုရှိမည်လောဟူ၍ စိုးရိမ်နေစရာမလိုပေ။

တရုတ်ပြည်စားသုံးသူ ဈေးနှုန်းများမှာ ယမန်နှစ်ကထက် ၁ ဒဿမ ၇ ရာခိုင်နှုန်း တိုးမြင့်လာသည်။ သို့သော် အဆိုပါနှုန်းသည် ၂၀၁၀ ဇန်နဝါရီလ နောက်ပိုင်းအနှေးကွေးဆုံးနှုန်းထားဖြစ်သည်။

***********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၀.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. တော်ဝင်သစ်အချောထည်အလုပ်သမားများ အစာငတ်ခံဆန္ဒပြသော်လည်း အလုပ်ရှင်မှလိုက်လျောခြင်းမရှိ
  1. ပြည်တွင်းလုံးဝငြိမ်းချမ်းရေးအတွက် အမေရိကန်-မြန်မာ ဆွေးနွေး

နိုင်ငံရေးသတင်း

  1. ဝန်ကြီးဌာနနှစ်ခု အမည်ပြောင်းလဲကြောင်း ထုတ်ပြန်ကြေညာ
  2. ရခိုင်ပဋိပက္ခများအား ဦးခင်ညွှန့်နောက်ကွယ်မှ ကြိုးကိုင်နေကြောင်း သတင်းများထွက်ပေါ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

တော်ဝင်သစ်အချောထည်အလုပ်သမားများ အစာငတ်ခံဆန္ဒပြသော်လည်း အလုပ်ရှင်မှလိုက်လျောခြင်းမရှိ

ရွှေုပြည်သာမြို့နယ်အတွင်းရှိ တော်ဝင်သစ်အချောထည်အလုပ်သမားများမှ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ အလုပ်သမား ၁၀ ဦးက အစာငတ်ခံဆန္ဒပြခဲ့ကြသော်လည်း လက်ရှိအချိန်ထိတိုင် အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုမှုများအား လိုက်လျောခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါအလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၅ ရက်မြောက်နေ့တွင် တော်ဝင်မိသားစုကုမ္ပဏီဥက္ကဋ္ဌဦးကိုကိုထွေးက သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားများ၏ဆန္ဒထုတ်ဖော်တောင်းဆိုမှုများမှာ ဥပဒေပြင်ပရောက်ရှိ နေသည့်အတွက် လိုက်လျောနိုင်ခြင်းမရှိကြောင်း ပြောကြားသည်။

ယင်းသို့ အစာငတ်ခံဆန္ဒပြမှုများကြောင့် အချို့အလုပ်သမားများမှာ အားပြတ်လပ်ပြီးဆေးရုံသို့တက်ရောက်ကုသနေရသည့် အလုပ်သမားများ ပင်ရှိလာခဲ့ပြီး အဆိုပါဆန္ဒထုတ်ဖော်မှုများအတွက် နိုဝင်ဘာလ ၃ ရက်နေ့တွင် အလုပ်ရှင်၊ ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့တို့မှ ကြားဝင်ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှလျော့ပေါ့ခြင်းမရှိသည့်အတွက် ပြေလည်မှုမရရှိသေးကြောင်း တော်ဝင် သစ်အချောထည်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုပ်ငန်းခွင်ခွဲခြားဆက်ဆံမှုမရှိရေး၊ အလုပ်သမားများအား အခြားလုပ်ငန်းခွင်သို့ပြောင်းရွှေ့ခိုင်းစေခြင်းမပြုရေးနှင့် လုပ်ခလစာတိုးပေးရေးတို့ အတွက် တော်ဝင်သစ်အချောထည်အလုပ်သမား ၂၅၀ ကျော်မှ အောက်တိုဘာလ  ၂၅ ရက်နေ့တွင် စက်ရုံရှေ့၌ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလုပ်သမားများ၏ အစာငတ်ခံဆန္ဒထုတ်ဖော်မှုများ အန္တရာယ်များသည့်အတွက် နိုဝင်ဘာလ ၆ ရက်နေ့တွင် သံဃာတော်များက အခြားနည်းဖြင့် ဆန္ဒထုတ်ဖော်ကြရန်နှင့် အစာငတ်ခံဆန္ဒထုတ်ဖော်နေသောအလုပ်သမားများ ဆန္ဒပြမှုရပ်ဆိုင်းရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------

ပြည်တွင်းလုံးဝငြိမ်းချမ်းရေးအတွက် အမေရိကန်-မြန်မာ ဆွေးနွေး

လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရခိုင်ပဋိပက္ခအရေးနှင့် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO တို့အကြား ငြိမ်းချမ်းရေး ရရှိနိုင်စေရေးအတွက် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရယ်မစ်ချယ်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးမှုတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များအပါအဝင် မြန်မာ-အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ တပ်မတော်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်မှုတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များပါဝင်သည့် နိုင်ငံရေးအင်အားစုများ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း လက်ရှိတပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အောက်တိုဘာလ ၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

YC

***************************************

နိုင်ငံရေးသတင်း

ဝန်ကြီးဌာနနှစ်ခု အမည်ပြောင်းလဲကြောင်း ထုတ်ပြန်ကြေညာ

နိုင်ငံတော်သမ္မတရုံးမှ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနနှစ်ခုတို့ကို အမည်ပြောင်းလဲလိုက်ကြောင်း အမိန့်ကြေငြာစာအမှတ် ၈၃/၂၀၁၂ ကို နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

                ယခင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအဖြစ်လည်းကောင်း အမည်ပြောင်းလဲ ခဲ့သည်။

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၏သဘောတူညီချက်အရ ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခုအား အမည်ပြောင်းလဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------

ရခိုင်ပဋိပက္ခများအား ဦးခင်ညွှန့်နောက်ကွယ်မှ ကြိုးကိုင်နေကြောင်း သတင်းများထွက်ပေါ်

ရခိုင်ပြည်နယ်အတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြားဖြစ်ပွားလျက်ရှိသောပဋိပက္ခများကို ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲပောာင်း ဝန်ကြီးချုပ် ဦးခင်ညွှန့်က နောက်ကွယ်မှကြိုးကိုင်နေခြင်းဖြစ်သည်ပာု ပြင်ပ၌ သတင်းများထွက်ပေါ်လျက်ရှိသည်။

“ဒီသတင်းကထွက်နေတာကြာပါပြီ။ ရခိုင်ပြည်နယ်မှာ ပြဿနာစတင်တဲ့အချိန်က ရခိုင်ဘက်က သူပြန်လာပြီးမှဖြစ်တာဆိုတော့ သူ့အပေါ် နည်းနည်းတော့ သံသယဖြစ်စရာကောင်းနေတာပေါ့။ ဒါပေမယ့် ဒီသတင်းကသိပ်သေချာမှုမရှိပါဘူး။ ရခိုင်ကိစ္စစုံစမ်းရေးကော်မရှင်က တာဝန်ယူ ပါလိမ့်မယ်”ပာု ရခိုင်ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း ဦးခင်ညွှန့်နှင့် အပေါင်းအပါ ၁၁ ဦး ရခိုင်ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ခဲ့သည့်အတွက် အထိန်းသိမ်းခံနေရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

စစ်ထောက်လှမ်းရေးအကြီးအကဲဝန်ကြီးချုပ်ပောာင်း ဦးခင်ညွှန့်သည် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရ လက်ထက် ၂၀၀၄ ခုနှစ်တွင် ထောင်ဒဏ် ၄၄ နှစ်နှင့် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

YC

**********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သမ္မတအိုဘားမားပြန်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ပိုပြီးတော့ကောင်းလာမယ်။ အခုဆို မြန်မာ-အမေရိကန် ဆက်ဆံရေးက တစ်နှစ်ခွဲလောက် ရှိပြီဆိုတော့ တစ်ဖက်နဲ့တစ်ဖက်က နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက အရှိန်ရလာပြီ၊ အဲဒီလိုအခြေအနေမှာ မစ်ရွမ်းနေသာ သမ္မတဖြစ်ခဲ့ရင် နှစ်နိုင်ငံကြား ဆက်ဆံမှုကို အစကပြန်စရတော့မယ်။ မစ်ရွမ်းနေထက်စာရင် သူကမြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော်တော်လေး အလေး ထားတာတွေ့ရတာက အိမ်ဖြူတော်ဝန်ထမ်းတွေ၊ နိုင်ငံခြားရေးအရာရှိတွေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရှေ့ဆက်မယ့် မူဝါဒတွေလုပ်ထားတယ်လို့ သိရတယ်။ အဲဒီတော့ မြန်မာနိုင်ငံဖက်ကသာ ဆက်ပြီးတော့ အပြုသဘောတိုးတက်ပြောင်းလဲလာရင်သူတို့ဘက်ကလည်း Action to Action ဆိုပြီး ပြောထားတော့ သမ္မတ အိုဘားမား ပြန်အရွေးခံရတာက မြန်မာနိုင်ငံအတွက် ဆက်ပြီးတော့ ကောင်းဖို့ပဲရှိပါတယ်။”

နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် နေပြာတော်တိုင်းမ် ဂျာနယ် အတွဲ (၁) အမှတ် (၅၀) တွင် ပါသော “Four More Years အိုဘားမားနဲ့မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ရေချိန်” သတင်းမှ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

----------------------------------------------------------------------------------------------------------

“တိုင်းရင်းသားတွေကို အခြေခံဥပဒေက အာမခံရမယ်လို့ပြောသွားတော့ ဘယ်လိုပုံစံနဲ့ အာမခံချက်ကို လိုချင်တာပါလဲ၊ အခြေခံဥပဒေကရော တိုင်းရင်းသားတွေကို ဘယ်လိုအာမခံချက်ပေးနိုင်ရမလဲ။ အခြေခံဥပဒေက အများကြီးအရေးကြီးတာပေါ့။ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေကို ကာကွယ်တဲ့ ဥပဒေမရှိဘူး။ ကာကွယ်တယ်ဆိုတာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေပေါ့။ ဥပမာ-တိုင်းရင်းသားတွေက တစ်ခုခုလုပ်ရမယ် ပွဲတွေဘာတွေကျင်းပမယ်၊ ဓလေ့ထုံးစံအမျိုးမျိုးပေါ့လေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာနဲ့ပတ်သက်တာတွေ လုပ်မယ်ဆိုရင် လုပ်ခွင့်ပေးတာပေါ့။ ဒါက ကာကွယ်ပေးတာပဲ။ အဲဒါ ဥပမာ တစ်ခုပေါ့။”

နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် နေပြည်တော်တိုင်းမ် ဂျာနယ် အတွဲ (၁) အမှတ် (၅၀) တွင် ပါသော “အခု အစည်းအဝေးကနေ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာ လက်ခံတာပေါ့၊ ဒါကအောင်မြင်မှုတစ်ခုလို့ ဆိုလို့ရတာပေါ့” သတင်းမှ ဦးဆွမ်လွတ်ဂွမ် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

----------------------------------------------------------------------------------------------------------

“ပြည်သူတွေအကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်တာနဲ့အညီ ဂုဏ်သိက္ခာမြင့်မားတဲ့ အစိုးရယန္တရားတစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် အထက်ကညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေထောက်ပြလာမှ ဆောင်ရွက်တာစတဲ့ အမှုမဲ့ အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့လိုပါတယ်”

နိုဝင်ဘာ ၇ ရက်နေ့ထုတ် အင်ပါယာဂျာနယ် အတွဲ (၁) အမှတ် (၃၄) တွင်ပါသော “ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ကန့်လန့်တိုက် ဥာဉ်ဆိုး” ဆောင်းပါးမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive