Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၂.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည်၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဒီဝါလီရက်သတ္တပတ်ခရီး

(Hindustan Times မှ 11 November 2012 ရက်စွဲပါ “Suu Kyi's Diwali visit , a trip down memory lane” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

*****************************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဒီဝါလီရက်သတ္တပတ်ခရီး

(Hindustan Times မှ 11 November 2012 ရက်စွဲပါ “Suu Kyi's Diwali visit , a trip down memory lane” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံသည် တောက်ပသောအတိတ်ပုံရိပ်များကို ပြသရန် စီစဉ်ပြင်ဆင်ကာ ဒီဝါလီရက်သတ္တပတ်တွင် ၆ ရက်ကြာ ခရီးရောက်ရှိလာမည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေပြီဖြစ်သည်။

ထိုခရီးစဉ်သည် နယူးဒေလီအတွက် ဒီမိုကရေစီလိုလားသူ မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်လည်ရင်းနှီးနွေးထွေးစေမည့် အစီအစဉ်တစ်ခု ဖြစ်လာ လိမ့်မည်။

ပညာသင်ကြားခဲ့ရာ Lady Shri Ram College သို့ ဒေါ်အောင်ဆန်းစုကြည်အလည်လာခြင်းအပါအဝင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ခရီးတွင် သူမသည် မိတ်ဟောင်း၊ ဆွေဟောင်းများနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ကမ္ဘာကျော်မြန်မာအတိုက်အခံခေါင်းဆောင်သည် နိုဝင်ဘာ ၁၄ ရက်တွင် နေရူး အမှတ်တရ ဟောပြောမှုကိုလည်း ပို့ချဦးမည် ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်ဥက္ကဌ ဆိုနီယာဂန္ဒီကလည်း သူမ၏ အမှတ်(၁၀) ဂျန်ပတ်နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ခံမည်ဖြစ်သည်။ ထိုနေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် ၁၉၆၀ ခုနှစ်က သူမ၏မိခင် အိန္ဒိယဆိုင်ရာသံအမတ်ကြီး ဒေါ်ခင်ကြည်နှင့် အတူ နေထိုင်ခဲ့ဘူးသော အမှတ်(၂၄) အက္ကဘာလမ်းနှင့် ကပ်လျက် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂျဝါဟလာနေရူးဆုကို ချီးမြှင့်ခဲ့စဉ်ကာလက မြန်မာစစ်အစိုးရ၏ အမျက်ဒေါသကို ခံယူခဲ့ရဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အန်ဒရာပရာဒေရှ့် ပြည်နယ်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုဒေသတွင်ကျေးလက်ကဏ္ဍ စွမ်းရည် မြင့်လာစေမည့် ဆောင်ရွက်ချက်များကို ပြသရန် စီစဉ်နေသည်။

ထို့အပြင် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဘန်ဂလောရှိ အိန္ဒိယ သိပ္ပံနှင့် နည်းပညာနယ်မြေသို့လည်း သွားရောက်ကြည့်ရှူမည်ဟု သိရှိရသည်။ သူမသည် ၆ ရက်ကြာမည့် အိန္ဒိယခရီးစဉ်တွင် ဒေလီမြို့၌ ဝန်ကြီးချုပ်မန်မိုဟန်ဆင်း၊ ဒုတိယသမ္မတဟာမစ်အန်ဆာရီ အောက်လွှတ်တော်ဥက္ကဌ မီရာကူးမားတို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

 ------------------------------------------------------------------------------------------------------------------

တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

ဒီမိုကရေစီအစိုးရစစ်စစ်ကို မရွေးချယ်နိုင်သေးခင်လက်ရှိအခိုက်အတန့်တွင် မည့်သည့်ရင်းနှီးမြှုပ်နှံမှုမှမပြုလုပ်ကြရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ များကိုတောင်းဆိုထားသော မြန်မာအတိုက်အခံပါတီတစ်ခုက ဒေါ်အောင်ဆန်းစုကြည်အားတပ်မတော်အစိုးရ (စစ်အစိုးရ) နှင့် မဟာမိတ် ပြုနေကြောင်း စွပ်စွဲလိုက်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဂငယ်ကွေ့ပြန်ကွေ့သွားပြီး အခုဆိုရင် တပ်မတော် အစိုးရရဲ့ အာဘော်၊ လက်တွဲဘော်၊ မဟာမိတ် ဖြစ်နေပါပြီ။ သူမဟာ တပ်မတော်အစိုးရရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်လာနေပါတယ်။ ဒါကြောင့် သူမကိုအတိုက်အခံခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်လို့ ခေါ်ဝေါ်တာဟာ မမှန်တော့ပါဘူး”ဟု Parliamentary Democracy Party (PDP-Burma) ဥက္ကဋ္ဌဗိုလ်အောင်ဒင်က ကြေညာချက်ထုတ်ပြန်သည်။

ဗိုလ်အောင်ဒင်က ၎င်းတို့ PDP ပါတီသည် ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ် မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးနှင့် စစ်ရေးအပါအဝင် လေးလမ်းသွားမဟာဗျူဟာကို ချမှတ်ကျင့်သုံးနေသည်ဟု ပြောကြားသည်။

 *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၂.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တစ်နှစ်ဆိုသော အချိန်အတွင်းမြန်မာနိုင်ငံသည် ခြားနားခဲ့ပြီ

(9 Nov 2102 ရက်စွဲပါ  CNN မှ Paula Hancocks ရေးသားသော What a different year makes in Myanmar ကိုဘာသာပြန်ပါသည်။)

  1. အိုဘားမား၏မြန်မာခရီးသည် တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းမရှိဟု တရုတ်တာဝန်ရှိသူပြောကြား

(Return မှ 10 Nov 2012 ရက်စွဲပါ “Obama’s Myanmar trip no threat to Chinese interests, says official” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေးကိစ္စတွေ့ဆုံဆွေးနွေးကြမည်

(The Daily Star News မှ 11 Nov 2012 ရက်စွဲပါ “Bangladesh-Myanmar meet today” သတင်းကို ဘာသာပြန်ဆိုသည်။)

           

***********************************************

ဘာသာပြန်သတင်းများ

တစ်နှစ်ဆိုသော အချိန်အတွင်းမြန်မာနိုင်ငံသည် ခြားနားခဲ့ပြီ

(9 Nov 2102 ရက်စွဲပါ  CNN မှ Paula Hancocks ရေးသားသော What a different year makes in Myanmar ကိုဘာသာပြန်ပါသည်။)

လာမည့်လတွင် အမေရိကန်ပြည်ထောင်စုသမ္မတ Barack Obama သည် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်သော ပထမဆုံးလက်ရှိ အမေရိကန်သမ္မတတစ်ဦးဖြစ်လာမည်ဖြစ်ပါသည်။ ၎င်းမှာ ဒီမိုကရေစီသို့ လျှောက်လှမ်းနေသောတိုင်းပြည်တစ်ခု၏ ကြိုးပမ်းအားထုတ်မှုများကို အားအကောင်းဆုံး အသိအမှတ်ပြုထောက်ခံမှုပင်ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင်ခရီးစဉ် ပြီးကတည်းက မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်းများစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပါသည်။ CNN မှာလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် ဖိတ်ခေါ်ခံခဲ့ရပါသည်။ CNN နှင့်အတူ အခြားမီဒီယာများလည်း ကလင်တန်၏ခရီးစဉ်တွင် သတင်းစာဆရာအဖြစ်တရားဝင်ဗီဇာရရှိခဲ့ကြပါသည်။ ၎င်းမှာ ရာစုနှစ်တစ်ဝက်ခန့် စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သော တိုင်းပြည်တွင် ကြီးမားသောပြောင်းလဲမှုကြီး ဖြစ်ပါသည်။

Obama ၏ ခရီးစဉ်သည် မြန်မာနိုင်ငံအသစ်တဖန်ပြန်လည်ဖြစ်ပေါ်ချိန်တွင်ဖြစ်သော်လည်း မှန်ကန်သောအကြောင်းပြချက်အတွက် လာရောက် ခြင်းမူ မဟုတ်ပေ။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာမူဆလင်များနှင့် ဗုဒ္ဓဘာသာဒေသခံများကြား ပြင်းထန်သောဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ ကုလသမဂ္ဂက ပြောကြားခဲ့ရာတွင် လွန်ခဲ့သောနှစ်ပတ်အတွင်းလူ (၈၉) ဦးသေးဆုံးခဲ့ပြီး၊ လူပေါင်း (၁၁၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည်ဟု ဆိုသည်။ အချို့အကူအညီပေးရေး အဖွဲ့အစည်းများက ယခုအချိန်သည် Obama အတွက် ဦးသိန်းစိန်အစိုးရကို ပိုမိုတရားဝင်အောင်ပြုလုပ်ပေးရန် အချိန်အခါသင့်ပြီဟု ပြောဆိုနိုင်ခြင်း ရှိမရှိ မေးခွန်းထုတ်နေကြပါသည်။

သို့သော် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း အပြောင်းအလဲများစွာ ဖြစ်ခဲ့သည်ဆိုသည်ကိုမူ ငြင်းဆိုခဲ့ကြခြင်း မရှိခဲ့ပေ။

စစ်တပ်ကချုပ်ကိုင်ထားဆဲဖြစ်သော်လည်း အမည်ခံအရပ်သားအစိုးရသည် ယခုအထိမှန်ကန်သောလုပ်ဆောင်မှုများကို လုပ်နိုင်ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပါသည်။ အစိုးရနှင့်အချို့တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကောင်းစွာလုပ်ဆောင်လျက်ရှိပါသည်။ CNN မှ တစ်နှစ်အတွင်း မြန်မာနိုင်ငံသို့သွားရောက်ရင်း ထင်ထင်ရှားရှားသိလာရသော နောက်ထပ်ပြောင်းလဲမှုမှာ သတင်းခေါင်းစဉ်နေရာတွင်မရှိ၍ လူမသိခဲ့သော မြန်မာပြည်သူများ၏ စဉ်းစားတွေးခေါ်ပုံပြောင်းလဲသွားခြင်းဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်က လူအနည်းငယ်ကသာ ကင်မရာရှေ့တွင်စကားပြောရဲကြပါသည်။ ဆယ်စုနှစ်များစွာ စစ်တပ်၏သွေးထွက်သံယို အုပ်ချုပ်မှု အောက်တွင် လွတ်လပ်စွာပြောဆိုခွင့်မှာ လူတိုင်းအတွက် မရရှိခဲ့ပေ။

သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ပါတီ အနိုင်ရရှိပြီးနောက် ခံစားမှုဖြင့်အောင်ပွဲခံမှုများမှာ အကန့်အသတ်မဲ့ ဖြစ်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် ပျော်ရွှင်နေသည့်ထောင်ပေါင်းများစွာသောလူများသည် လမ်းပေါ်တွင်သူ၏ရုပ်ပုံပါသော ပိုစတာ များကိုင်၍ ထွက်လာခဲ့ကြပါသည်။ လွန်ခဲ့သော နှစ်နှစ်ကဆိုလျှင် ထိုသူများ အဖမ်းခံရပြီး ထောင်ထဲသို့ရောက်နိုင်ပါသည်။

ရန်ကုန်မြို့တွင်နေထိုင်သော ဦးမြင့်မောင်ဆိုသူက ရွေးကောက်ပွဲအတွက် ရိုးရှင်းသောရှင်းလင်းချက်ကိုပြောပြခဲ့ပါသည်။ “ပြည်သူလူထုက ထောင်ကျနေသလိုပဲလေ ဒေါ်အောင်ဆန်းစုကြည်က ထောင်တံခါးသော့ ဖွင့်ပေးလိုက်သလိုပဲပေါ့” ဟု ၎င်းကပြောပါသည်။

လပေါင်းများစွာအတွင်း ကျွန်ုပ်တို့စကားပြောခဲ့သောသူများအနက် တစ်ယောက်မကသောသူများက ၎င်းတို့၏ဘဝများမှရုပ်ပိုင်းဆိုင်ရာအရ တိုးတက်မှုများရှိလာကြောင်းပြောကြပါသည်။ ၎င်းတို့သည် မျှော်လင့်ချက်များရှိလာပြီး ဒီမိုကရေစီမှာဖြစ်လာနိုင်ပြီဟု ယုံကြည်လာကြပါသည်။ သို့သော် သူတို့သည် ရှင်သန်ရေးအတွက်ရုန်းကန်နေရဆဲ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှပြည်သူများအဖို့ နေ့စဉ်ဘဝများမှာခက်ခဲကြမ်းနေဆဲဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ငါးဆယ်က အာရှတွင်အချမ်းသာဆုံး နိုင်ငံတစ်ခု သည် ယနေ့အဆင်းရဲဆုံး ဖြစ်နေပါသည်။ အာဏာပိုင်များသည် ယခုအခါ အင်စတီကျုးရှင်းများ ခိုင်မာအောင်လုပ်ဆောင်လျက်ရှိပြီး ပြည်သူများနှင့် သယံဇာတများကို နိုင်ငံတကာက အမြတ်ထုတ်ခြင်းမပြုနိုင်အောင်ကာကွယ်ရေးအတွက် ဥပဒေများကို ပြန်လည်ဆန်းသစ်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်မှတိုင်းရင်းသားမငြိမ်သက်မှုများသည် ဦးသိန်းစိန်အစိုးရ၏ တိုင်းရင်းသားများနှင့်ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုအတွက် စမ်းသပ်မှု တစ်ခုပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အချို့ပြောင်းလဲမှုများမြန်ဆန်ခဲ့သည်မှာသံသယဖြစ်ဖွယ်မရှိပဲ ဦးသိန်းစိန်မှာနိုင်ငံတကာ၏ချီးကျူးမှုကို ခံယူထိုက်ပါသည်။ သို့သော် အပယ်ခံနိုင်ငံဘဝမှ အားလုံးနှင့်မဟာမိတ်ပြုရသော အသွင်ပြောင်းမှုမှာ ပြီးပြည့်စုံခြင်းမရှိသေးဘဲ ၎င်းတို့၏ စမ်းတဝါးဝါးနှင့်လျှောက်လှမ်းနေရမှုကို စိုးရိမ်သံသယရှိနေဆဲဖြစ်ပါသည်။

 ------------------------------------------------------------------------------------------------------------------------

အိုဘားမား၏မြန်မာခရီးသည် တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းမရှိဟု တရုတ်တာဝန်ရှိသူပြောကြား

(Return မှ 10 Nov 2012 ရက်စွဲပါ “Obama’s Myanmar trip no threat to Chinese interests, says official” သတင်းကို ဘာသာပြန်ဆိုသည်။)

အမေရိကန်သမ္မတဘားရက်အိုဘားမား၏ ယခုလမြန်မာခရီးစဉ်သည် မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားကိုခြိမ်းခြောက်ခြင်းမရှိဟု နယ်စပ်ဒေသ သော့ချက်ဖြစ်သော ယူနန်ပြည်နယ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက မနေ့က ပြောဆိုသည်။

မဟာဗျူဟာမြောက်အရေးပါသော မြန်မာနိုင်ငံတွင် တရုတ်တို့ကြီးစိုးထားခြင်းကိုတန်ပြန်ထိန်းညှိရာတွင် အထောက်အကူဖြစ်မည်ဟု အမေရိကန်တို့က ယုံကြည်ထားသော ယိုင်နဲ့နဲ့ဒီမိုကရေစီကူးပြောင်းမှုအပေါ် အခိုင်အမာဆုံးနိုင်ငံတကာအားပေးထောက်ခံမှုအဖြစ်ရောက်ရှိလာမည့် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်ခေါင်းဆောင်ဖြစ်လာလိမ့်မည်။

မြန်မြန်ဆန်ဆန်ဒီမိုကရက်တိုင်ဇေးရှင်းလုပ်နေသောမြန်မာနိုင်ငံတွင် အမေရိကန်တို့ထိတွေ့ဆက်ဆံလာခြင်းသည် တရုတ်-မြန်မာ စီးပွားဖက်၊ မိတ်ဖက် ဆက်ဆံရေးကို ခြိမ်းခြောက်နိုငသည်ဟု တရုတ်မီဒီယာများ၊ ပညာရှင်များနှင့် သံတမန်အချို့က စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုသည် တရုတ်တို့အတွက် အကျိုးရှိမည်ဖြစ်၍ ၎င်းတို့ တံခါးဖွင့်ခြင်းကို တရုတ်က အပြည့်အဝထောက်ခံသည်ဟု ပြောကြားသူမှာ မြန်မာနိုင်ငံနှင့် ကပ်လျက် ယူနန်ပြည်နယ်မှ ကွန်မြူနစ်ပါတီ အကြီးအကဲ ကွင်ဂွမ်ရောင် ဖြစ်ပါသည်။

အိုဘားမား၏ မြန်မာခရီးစဉ်အပေါ် ကွင်ဂွမ်ရောင်က ကျေနပ်နှစ်သက်မှုရှိသည်ဟု ဆိုသည်။

“တံခါးဖွင့်ပြီး ကမ္ဘာကြီးနဲ့ပြန်လည်ဆက်ဆံချင်တဲ့ မြန်မာအာဏယပိုင်တွေရဲ့ဆန္ဒကို ကျွန်တော်တို့နားလည်တယ်။ အားပေးတယ်။ မြန်မာ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံတံခါးဖွင့်တဲ့လမ်းကြောင်းကို ပညာသားပါပါနဲ့ လုပ်ဆောင်သွားကြလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ တရုတ်ပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့မိတ်ဆွေစစ်တွေဖြစ်တယ်ဆိုတာကို သူတို့သိပါတယ်။”ဟု ကွင်ဂွမ်ရောင်က ကွန်မြူနစ်ပါတီညီလာခံ အဝန်းအဝိုင်း တွင်သတင်းထောက်များအားပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်နှင့်တိုင်းရင်းသားတပ်များ၏တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များဝင်လာဦးမလား၊ တရုတ်ပြည် အနောက် တောင်ပိုင်းသို့ မူးယစ်ဆေးဝါးများစီးဝင်လာမှာလား စသည်ဖြင့် များစွာဆင်းရဲချို့တဲ့သော အိမ်နီးချင်းမြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများကို ကာလရှည်ကြာ စိုးရိမ်ပူပန်နေခဲ့ရသည်။

ပိုမိုတည်ငြိမ်လာသည့်မြန်မာနိုင်ငံသည် အနောက်အုပ်စု ရင်းနှီးမြှုပ်နှံမှုများမရှိခင်ကာလက နေရာဦးဖျာခင်းထားကြသောတရုတ်ကုမ္ပဏ်ီများ အတွက် ပိုမိုလွယ်ကူစေမည်ဖြစ်သော်လည်း ပြိုင်ဆိုင်မှုကိုပါ မလွဲမသွေခင်းကျင်းပေးတော့မည်ဖြစ်သည်။ အမေရိကန်နှင့် အီးယူသည် ယခုအခါ Sanctions များ ရုတ်သိမ်းပေး၍ ဝင်ရောက်လာနေကြပြီ ဖြစ်သည်။

၁၇ နှစ်အကြာ အပစ်ရပ်ဆဲထားမှုကျိုးပေါက်ကာပြန်လည်တိုက်ခိုက်နေကြသော မြန်မာစစ်တပ်နှင့်ကချင်တပ်ဖွဲ့အကြား စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို ယူနန်ပြည်နယ်တွင်လက်ခံပြုလုပ်ပေးနေသည်ဟု ကွင်ဂွမ်ရောင်က ထောက်ပြပြောဆိုသည်။

“ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှု၊ တိုင်းရင်းသားညီညွတ်မှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ နယ်စပ်ဒေသအေးချမ်းမှုတွေကို မျှော်လင့်နေပါတယ်။ စစ်ပွဲနဲ့ပဋိပက္ခနွံထဲကို မြန်မာတွေပြန်ရောက်သွားမှာကိုကျွန်တော်တို့မမြင်ချင်ပါဘူး။ အရေးပါတဲ့အပြောင်းအလဲများစွာဖြစ်ပေါ်စေခဲ့တဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကို ယူနန်ပြည်နယ်က ထပ်ချပ်မကွာစောင့်ကြည့်နေပါတယ်” ဟု ကွင်ဂွမ်ရောင်က ဆိုပါသည်။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းအချို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာရှိနေဆဲပင်ဖြစ်ပြီး အထူးသဖြင့် မြန်မာနှင့် ယူနန်အား သွယ်တန်းနေသော ရေနံ၊ ဓါတ်ငွေ့အမြွှာပိုက်လိုင်း စီမံကိန်းပင် ဖြစ်ပါသည်။

တရုတ်တို့ကိုစတင်ရှောင်ရှားသည့်အနေဖြင့် အကြီးစားမြစ်ဆုံတမံစီမံကိန်းကို သမ္မတဦးသိန်းစိန်က မနှစ်က ရပ်ဆိုင်းထားလိုက်သော သာဓက လည်း ရှိနေပါသည်။

ကွင် ကဆက်လက်၍ “မြန်မာနိုင်ငံဟာ သူ့နယ်မြေထဲမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့လုံခြုံမှုကို ကာကွယ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းတွေကိုပူးပေါင်းဆောင်ရွက်ခြင်းဟာ နှစ်ဖက်စလုံးကိုအကျိုးဖြစ်ထွန်းစေမှာမို့ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

---------------------------------------------------------------------------------------------------------------------

ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေးကိစ္စတွေ့ဆုံဆွေးနွေးကြမည်

(The Daily Star News မှ 11 Nov 2012 ရက်စွဲပါ “Bangladesh-Myanmar meet today” သတင်းကို ဘာသာပြန်ဆိုသည်။)

ကပ်လျက်ရှိသော အိမ်နီးချင်းနှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သောဆက်သွယ်မှုထူထောင်ရန်နှင့် အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ရန်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲကော်မရှင် ၆ ကြိမ်မြောက် အစည်းအဝေးကို ယနေ့စတင်ကျင်းပမည် ဖြစ်သည်။

ဒက္ကားမြို့တော်ရှိ ပါရ်ဘာနီဟိုတယ်တွင်ကျင်းပမည့် ၎င်းအစည်းအဝေးသို့တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို စီးပွားကုးသန်း ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းဦးဆောင်မည်ဖြစ်ပြီး အိမ်ရှင်ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးအတွင်းဝန်မာဘတ်အာမက်က ဦးဆောင်မည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက သတင်းဌာနသို့ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ဒေသတွင်းဆက်သွယ်မှုထူထောင်ရေးတို့ကို အဓိကထားဆွေးနွေး ကြမည်ဟု ၎င်းကပြောကြားသည်။

***********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive