Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၉.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နျူကလီးယားလုံခြုံရေး စည်းမျဉ်းသစ်များကို မြန်မာလက်မှတ်ထိုးတော့မည်

(AFP သတင်းမှ 19 Nov 2012 “Myanmar to Sign new safeguards” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ရိုဟင်ဂျာ ကိစ္စအပေါ်ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်ပေးမှုကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

(Gulf Times မှ 19 Nov 2012 ရက်စွဲပါ “Bangladesh dismisses remarks of Suu Kyi on Rohingayas ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာအစိုးရ၏ ရိုဟင်ဂျာကိစ္စရှေ့တိုးဆောင်ရွက်မှုကို ကုလကြိုဆို

(Associated Press မှ 18 Nov 2012 ရက်စွဲပါ “UN Welcome Myanmar’s move for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

နျူကလီးယားလုံခြုံရေး စည်းမျဉ်းသစ်များကို မြန်မာလက်မှတ်ထိုးတော့မည်

(AFP သတင်းမှ 19 Nov 2012 “Myanmar to Sign new safeguards” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံက ၎င်း၏သံသယဖြစ်ဖွယ် လျှို့ဝှက်နျူကလီးယား စီမံချက်နယ်မြေနေရာများကို စစ်ဆေးခွင့် ပြုတော့မည့် နျူကလီးယားလုံခြုံရေးစည်းမျဉ်းသစ်များကို သဘောတူလိုက်နာမည်ဖြစ်ကြောင်း သမ္မတအိုဘားမား၏ သမိုင်းဝင်ခရီးစဉ် မတိုင်မှီထုတ်ဖော် ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်စစ်ဖက်ဆက်ဆံရေးကို လျှော့ချရန် အပြုသဘောဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ဟု အိမ်ဖြူတော်ကပြောဆိုပြီး နာရီပိုင်းအကြာတွင် အထက်ပါ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် မနှစ်က ဖျက်သိမ်းသွားသော တပ်မတော်အစိုးရလက်ထက်ကာလတစ်လျှောက် ပြုံယမ်းနှင့် စစ်ဖက်ဆိုင်ရာ၊ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု အနောက်အုပ်စုက သံသယရှိခဲ့ကြသည်။

ယခု မြန်မာအစိုးရ၏ ကြေညာချက်တွင် ကုလသမဂ္ဂနျူကလီးယား အေဂျင်စီအား တရားမဝင် မကြေညာသောနျူကလီးယား ဆောင်ရွက်မှုများကို အကဲဖြတ်စစ်ဆေးခွင့်ပေးမည် ‘နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ၏နောက်ဆက်တွဲ ပဋိဥာဏ်စည်းမျဉ်း’ ကို လတ်မှတ်ရေးထိုးတော့မည် ဖြစ်ကြောင်းဖော်ပြထားသည်။

လွှတ်တော်သို့ အတည်ပြုရန် ပေးပို့ထားသော ယင်းအစီအစဉ်ကို သမ္မတဦးသိန်းစိန်က အတည်ပြုပြီးပြီ ဟု ကြေညာချက်ကဆိုသည်။

မြန်မာနှင့်မြောက်ကိုရီးယားအကြားမှ သံသယဖြစ်ဖွယ် နျူကလီးယားပူးပေါင်းဆောင်ရွက်မှုများသည် ဝါရှင်တန်အတွက် ရတက်မအေးစရာ ထိပ်တန်းကိစ္စတစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ကာလာကာရှည်နျူကလီးယားဝှက်ဖဲ ဂိမ်းကစားနေသော မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက် နည်းပညာရရှိရန် ကြိုးပမ်းခဲ့ခြင်း မရှိပါဟု ဦးသိန်းစိန် အစိုးရ ငြင်းဆိုထားသည်။

သမ္မတအိုဘားမား၏ တနလာင်္နေ့ရန်ကုန်ခရီးစဉ် မတိုင်မီတွင် အိမ်ဖြူတော်က “ယခင် စစ်ဖက်အုပ်ချုပ် ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ ပြုံယမ်းနှင့် ဆက်ဆံရေးလျှော့ချရန် ဆောင်ရွက်ချက်များ ပြုလုပ်လျှက်ရှိသည်” ဟု ပြောဆိုခဲ့သည်။

“မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလျှော့ချဖို့လိုအပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဒိုင်ယာလော့ ဆွေးနွေးခဲ့ပါတယ်” ဟု အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဘင်ရုတ်ဒ်က အာရှသို့ ပျံသန်းနေသော Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။

“ဒီဦးတည်ချက်အတိုင်း မြန်မာအစိုးရက အပြုသဘောဆောင်ရွက်မှုတွေ လုပ်ခဲ့တာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ လက်ရှိ နေပြည်တော်-ပြုံယမ်း ဆက်ဆံရေး အဆုံးသတ်သွားတာကို ကျွန်တော်တို့ ဆက်ပြီး မြင်ချင်ပါတယ်” ဟု ဘင်ရုတ်ဒ် ကဆိုပါသည်။

ကုလသမဂ္ဂ ၂၀၁၀ အစီရင်ခံစာတွင် ပြုံယမ်းသည် တားမြစ်နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများကို အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံများသို့ လျှို့ဝှက်ဖြန့်ဖြူးနေကြောင်း အထောက်အထားများဖြင့် ဖော်ပြထားသည်။

မြန်မာအစိုးရကလည်း ၎င်းတို့သည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်လောက်အောင် မကြွယ်ဝပဲ စီးပွားရေးနိမ့်ကျကြောင်းနှင့်  ကုလသမဂ္ဂဆုံးဖြတ်ချက်များကို အမြဲတစေလိုက်နာခဲ့ကြောင်း တုန့်ပြန်ရှင်းလင်းပြောဆိုခဲ့သည်။

--------------------------------------------------------------------------------------------------------------

ရိုဟင်ဂျာ ကိစ္စအပေါ်ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်ပေးမှုကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

(Gulf Times မှ 19 Nov 2012 ရက်စွဲပါ “Bangladesh dismisses remarks of Suu Kyi on Rohingayas ” သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံမဲ့ရိုဟင်ဂျာများသည် တရားမဝင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ဖွယ်ရှိသည်ဟု ရည်ညွှန်းသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များကို ဘင်္ဂလားဒေ့ရှ် အစိုးရက မနေ့ကငြင်းပယ်လိုက်ပါသည်။

မြန်မာနိုင်ငံသည် ဇွန်လမှစ၍ လူပေါင်း ၁၈၀ ခန့်သေဆုံး၍ ဒုက္ခသည်စခန်းများ၌ လူပေါင်း ၁၁၀.၀၀၀ ကျော်စုပုံသွားသည် အထိဖြစ်စေခဲ့သော ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းနှစ်ကြိမ် ဖြစ်ပွားမှု၏ ဒဏ်ကိုခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တရားမဝင် ဖြတ်ကူးမှုများရပ်ဆိုင်းသွားဖို့လိုကြောင်း နှင့် သို့မဟုတ်ပါက ပြဿနာပြီးဆုံးလိုက်မည် မဟုတ်ကြောင်း ယခင်အပတ်ကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုဟင်ဂျာ မွတ်ဆလင် များသည်မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသတွင် နှစ်ပေါင်းရာကျော် နေထိုင်ခဲ့သူများဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၉၇၁ ခုနှစ်မှသာ ထူထောင်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မဖြစ်နိုင်ကြောင်း ပြန်လည်တုန့်ပြန် ပြောကြားပါသည်။

ကြေညာချက်တွင် “၎င်းမှတ်ချက်များသည်မြန်မာအစိုးရ၏ ရပ်တည်မှုအနေအထားနှင့်ရှင်းရှင်းလင်းလင်း ကွဲလွဲနေခြင်းကြောင့် ယင်းသို့မှတ်ချက်ပေးမှု အပေါ် အံ့အားသင့်မိကြောင်း ဘဂ်လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုပါသည်။” ဟု ဖော်ပြထားသည်။

“ထိုသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟု သတ်မှတ်ရန်အကြောင်းမရှိပါ။ ရိုဟင်ဂျာများသည် ၁၉၇၁ နောက်ပိုင်းတွင်  မြန်မာနိုင်ငံနှင့် ၎င်းတို့နေထိုင်ရာဒေသမှ ပြည်တွင်းရေးအခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ စီးဝင်လာကြခြင်း ဖြစ်သည်။” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်၍ တုန့်ပြန်ခဲ့သည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မှ လူမျိုးစုပဋိပက္ခနှင့် ရိုဟင်ဂျာများနေစရာမရှိမှု ပြဿနာအပေါ် တုန့်ပြန်ရန်နှုတ်ဆိတ်နေမှုကြောင့် ပြစ်တင်ဝေဖန်မှုအချို့ကို ရင်ဆိုင်နေရသည်။

အဓိကနိုင်ငံရေးအပြောင်းအလဲများကို မကြာသေးမှီက ပူပူနွေးနွေး မိတ်ဆက်ပေးခဲ့သော မြန်မာနိုင်ငံသို့ တနလာင်္နေ့တွင်ရောက်ရှိလာမည့် သမ္မတဘားရက်အိုဘားမားသည် မြန်မာနိုင်ငံရောက် ပထမဆုံး  အမေရိကန်သမ္မတ ဖြစ်လာပါလိမ့်မည်။

--------------------------------------------------------------------------------------------------------------

မြန်မာအစိုးရ၏ ရိုဟင်ဂျာကိစ္စရှေ့တိုးဆောင်ရွက်မှုကို ကုလကြိုဆို

(Associated Press မှ 18 Nov 2012 ရက်စွဲပါ “UN Welcome Myanmar’s move for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံမဲ့ ရိုဟင်ဂျာ မွတ်ဆလင်များ၏ နိုင်ငံသားဖြစ်ခွင့်နှင့် အခြားလွတ်လပ်ခွင့် အသစ်များကို အပြည့်အဝအာမခံထားခြင်း မရှိသော်လည်း အခွင့်အရေးသစ်များကို စဉ်းစားပေးမည့် မြန်မာသမ္မတ၏ ကတိကဝတ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကကြိုဆိုလိုက်ပါသည်။

သောကြာနေ့ ကကုလအကြီးအကဲထံပေးစာတွင် သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်မှ ရခိုင် ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြားအဓိပ္ပာယ်မဲ့ အကြမ်းဖက်ခြင်းကို ရှုတ်ချပြစ်တင်သည့် “အလျှော့ပေးမှတ်ချက်ပေးခြင်း” ကို ပြုလုပ်ခဲ့သည်။

ဇွန်လကစ၍ လူပေါင်း ၂၀၀ ခန့်သေဆုံးကာ ၁၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ကာလကြာပြဿနာပေါက်ကွဲမှုသည် မြန်မာနိုင်ငံ၏ယိုင်နဲ့နဲ့ ဒီမိုကရေစီကူးပြောင်းမှုကို ထင်ဟပ်နေသည်။

သမ္မတဦးသိန်းစိန်၏ပေးစာတွင် တင်းမာမှုများကိုဖြေရှင်းမည့် အချိန်ကာလနှင့် ကတိကဝတ်များမပါရှိသော်လည်း တနလာင်္နေ့တွင် ရောက်ရှိလာမည့် အမေရိကန်သမ္မတအိုဘားမားနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံစိုးရိမ်ပူပန်မှုများကို သိရှိနားလည်ကြောင်း အချက်ပြခြင်းဖြစ်သည်ဟု အကဲခတ်များက မှတ်ချက်ပေးကြသည်။

ရခိုင်ပဋိပက္ခချုပ်ငြိမ်းအောင်အရေးပေါ်ဆောင်ရွက်ရန် မြန်မာအစိုးရကို အိမ်ဖြူတော်ကတိုက်တွန်းထား ပြီး၊ ၎င်းကိစ္စအပြင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်ကိစ္စကိုပါ သမ္မတအိုဘားမားက ဖိအားပေးတိုက်တွန်း လိုက်မည်ဟု ဆိုပါသည်။

အဆိုပါ ပေးစာတွင် အိုးမဲ့ အိမ်မဲ့ ပြည်သူများနေရာချထားခြင်းမှသည် နိုင်ငံသားခံယူခွင့်ပေးရေးအထိ ကျယ်ပြန့်သော အငြင်းပွားဖွယ် ကိစ္စရပ်များကို ဖြေရှင်းရန်မြန်မာအစိုးရက ပြင်ဆင်နေကြောင်း သမ္မတဦးသိန်းစိန်က  အသိပေးရေးသားထားသည်ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်ထုတ်ပြန်သည်။

ရိုဟင်ဂျာများအား နိုင်ငံတကာစံနှုန်းများနှင့်အညီ အလုပ်လုပ်ခွင့် ပါမစ်ပေးရေး၊ လွတ်လပ်စွာ သွားလာခွင့်ပေးရေးကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဟု သမ္မတဦးသိန်းစိန်က ပေးစာတွင်ဖော်ပြထားသည်။

ဦးသိန်စိန်၏ပေးစာသည် ဦးတည်ချက်မှန်ကန်သော ဆောင်ရွက်ချက်တစ်ခုဖြစ်သည်ဟု ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက အသိအမှတ်ပြုသည်။

သမ္မတဦးသိန်းစိန်သည် ၁၉၄၈ လွတ်လပ်ရေးမရမှီကာလက နေထိုင်ခဲ့ကြသော ရိုဟင်ဂျာများကိုသာ နိုင်ငံသားခံယူခွင့် စဉ်းစားမည်ဟူသော မူလရပ်တည်ချက်ကို ပြောင်းလဲမှာလားဆိုသော အချက်မှာ မသဲကွဲသေးပါ။

မြန်မာနိုင်ငံတွင် လူများစု ဗုဒ္ဓဘာသာဝင်များက လိုလားခြင်းမရှိသော ရိုဟင်ဂျာများသည်  ကမ္ဘာ့ဖိနှိပ်ခံရဆုံး လူတစ်စုဖြစ်သည်ဟု ကုလသမဂ္ဂက သတ်မှတ်ပြောဆိုထားသည်။

ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံတွင် မျိုးဆက်နှင့်ချီ၍ နေထိုင်ခဲ့သူများဖြစ်သော်လည်း  နိုင်ငံသားခံယူခွင့်ကို အစိုးရကပိတ်ပင်ထားသည်။ ရိုဟင်ဂျာများသညတ် ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင်ရွှေ့ပြောင်းနေသူများဟု မြန်မာနိုင်ငံက သတ်မှတ်ထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်ကလည်း ၎င်းတို့ကို လက်မခံသောကြောင့် ရိုဟင်ဂျာများမှာ နိုင်ငံမဲ့ဖြစ်နေကြသည်။

လက်ရှိမြန်မာနိုင်ငံဖက်တွင် ရိုဟင်ဂျာရှစ်သိန်းခန့်နေထိုင်နေသည်ဟု ကုလသမဂ္ဂ ကခန့်မှန်းထားသည်။ တင်းကျပ်သော စည်းမျဉ်းများဖြင့် ကန့်သတ်ခံရသော ရိုဟင်ဂျာတို့သည် လက်ထပ်ထိမ်းမြားရန်၊ ကလေးနှစ်ဦးထက် ပိုယူရန်၊ ရွာပြင်သို့ခရီးသွားရန်အတွက် သက်ဆိုင်ရာ ခွင့်ပြုချက် လိုအပ်သည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၉.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် အသော့နှင်နေသော်လည်း ဆင်းရဲသူများစွာရှိနေဆဲ

(16 Nov 2012 ရက်စွဲပါ The News York Times မှ Thomas Fuller ရေးသားသော Myanmar’s rush to Democracy leaves its poor behind ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံက အကျဉ်းသားများ ထပ်မံလွှတ်ပေး

(19 Non 2012 ရက်စွဲပါ The Australian မှ AP ၏ Myanmar announces new Prisoner amnesty ကို ဘာသာပြန်ပါသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် အသော့နှင်နေသော်လည်း ဆင်းရဲသူများစွာရှိနေဆဲ

(16 Nov 2012 ရက်စွဲပါ The News York Times မှ Thomas Fuller ရေးသားသော Myanmar’s rush to Democracy leaves its poor behind ကိုဘာသာပြန်ဆိုသည်)

ဆိုရှယ်လစ် စစ်အာဏာရှင်နိုင်ငံပောာင်းမြန်မာနိုင်ငံတွင် ပုဂ္ဂလိကအရင်းရှင်စနစ်သို့ ချီတက်နေသည့် လက္ခဏာများကိုရန်ကုန်မြို့တွင် တွေ့နေရပါသည်။ ကိုကာကိုလာနှင့် ပက်စီတို့သည် ဆိုင်းဘုတ်များဖြင့် အပြိုင်အဆိုင်ဖြစ်နေပါသည်။ ကားအရောင်းပြခန်းများကလည်း အပတ်စဉ်ဖွင့်လှစ်လျက်ရှိပါသည်။ လမ်းပေါ်က ကားတန်းရှည်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေစာအုပ်များ ရောင်းလျက်ရှိပါသည်။ လမ်းကျဉ်းလေးများတွင် ကြပ်ညှပ်နေသည်ကိုလက်မခံကြသော်လည်း တိုင်းပြည်အသွင်ပြောင်းမည့် လက္ခဏာများတွေ့နေရပါသည်။

သို့သော် ရန်ကုန်မြို့မှ လေးဆယ့်ငါးမိနစ်ခန့် ကားမောင်းရသောအကွာအဝေးရှိ မြို့ပြင်တွင် ခြားနားသောမြင်ကွင်းကိုတွေ့ရပါသည်။ ကလေးငယ်များသည် ချိုင့်ခွက်များရှိသောလမ်းမပေါ်မှ ရေအိုင်ငယ်တွင် လူးပြီးဆော့ကစားနေကြပါသည်။ နေ့စားလုပ်သားများသည် ဝါးတဲအောက်တွင်နေ့ခင်းဖက်၌ အိပ်နေကြပါသည်။ ၎င်းတို့အတွက် အလုပ်အကိုင်များမှာလည်း ရှားပါးလှပါသည်။

“အရာရာပာာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကနဲ့ အတူတူပါပဲ”ပာု အသင်(၅၃)နှစ်အရွယ်ရှိ ဒေါ်သိန်းရီက ပြောသည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံး၊ တောင်ဒဂုံတွင် နေထိုင်ကြသူများကမူ ရန်ကုန်မြို့လယ်တွင် ပြောနေကြသော အပယ်ခံနိုင်ငံကို တံခါးဖွင့်စေခဲ့သော ဒီမိုကရေစီပြောင်းလဲမှုများအကြောင်း၊ တနင်္လာနေ့တွင် အမေရိကန်သမ္မတ Obama လာလည်ရန်ဖြစ်လာရခြင်းဖြစ်အကြောင်းများနှင့်ပတ်သက်၍ အနည်းငယ်သာမျှော်လင့်ချက်ရှိကြပါသည်။

ခလေးလေးယောက်ဖခင်နေ့စားလုပ်သား အသက်ငါးဆယ်အရွယ်ရှိ ဦးစိမ်းမောင်အား အမေရိကန်သမ္မတလာရောက်မည့်သတင်းကိုမေးမြန်းရာ “သူလာမယ်ဆိုတာ ကျွန်တော်တို့မကြားမိဘူး”ပာု ၎င်းကပြောသည်။

လပေါင်းနှစ်ဆယ်ခန့် သမ္မတဦးသိန်းစိန်အရပ်သားအစိုးရ၏ အံ့သြဖွယ်စီးပွားရေးနှင့် နိုင်ငံရေးပြောင်းလဲမှုများကို နိုင်ငံ၏(၅၅)သန်းသောလူဦးရေတွင် ငွေနားကွပ်သော လူတန်းစားကသာထိတွေ့နိုင်ပါသည်။ ၎င်းတို့ကသာ ပြောင်းလဲမှုလုပ်ငန်းစဉ်များ အကြောင်းပြောကြပါသည်။

“ပြောင်းလဲမှုအများစုပာာ လူတန်းစားအပေါ်လွှာမှာပဲဖြစ်ပျက်နေတာပါ”ပာု နိုင်ငံရေးအကျဉ်းသားပောာင်းနှင့် မီဒီယာများတွင် နိုင်ငံရေးစာများရေးသားသူ ဦးရန်မျိုးသိမ်းက ပြောသည်။

ကမ္ဘာကြီး၏ စီးပွားရေးနှင့်ဆက်စပ်လုပ်ကိုင်ခြင်းကြောင့်တိုင်းပြည်၏ ဆင်းရဲမွဲတေနေသော လူဦးရေအတော်များများအပေါ် အကျိုးခံစားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရရှိလိမ့်မည်ပာု မျှော်လင့်ရန် စောလွန်းနေဦးမည်ဖြစ်သည်။ သို့သော် အချို့မြန်မာများက ဆင်းရဲလှသော လူအများစုအထိ လက်လှမ်းမှီအောင် ကယ်တယ်နိုင်ခြင်းမရှိခြင်းကြောင့် ယခုလုပ်ဆောင်နေသော အာဏာရှင်စနစ်မှ လွတ်မြောက်ရေးလုပ်ငန်းစဉ်များတွင် ပြဿနာများ ကျယ်ကျယ်ပြန့်ပြန့်ရှိလာမည်ကိုစိုးရိမ်နေကြသည်။

“အစိုးရပာာ ဈေးကွက်မှာ လျင်မြန်စွာအကျိုးခံစားမှုထိတွေ့ရအောင် မလုပ်ဆောင်နိုင်သေးပါဘူး”ပာု Maw Htoon & Partners ဥပဒေအကြံပေးကုမ္ပဏီမှ ဦးဘုန်းဝင်းကပြောကြားခဲ့သည်။

ဦးဘုန်းဝင်းကပြောကြားရာတွင် လုပ်ငန်းငယ်လေးများသည် ကန့်သတ်ချက်များ များပြားလွန်းခြင်း၊ စစ်ခေါင်းဆောင်များအတွက်သာ အလုပ်လုပ်ပေးရသော အကျင့်ပါနေသည့် အထက်အောက်ကြိုးနီစနစ်များလွန်းသော အစိုးရဝန်ထမ်းများနှင့်ပတ်သက်၍ စိတ်ပျက်နေဆဲဖြစ်သည် ပာုဆိုသည်။ စားသောက်ဆိုင်ဖွင့်ခြင်း၊ ဆိုင်ဖွင့်ခြင်း၊ ပာိုတယ်အသေးစားဖွင့်ခြင်းများတို့တွင် အထက်က အမိန့်ရမှလုပ်တက်သော ဗျူရိုကရက်များ၏ ပိတ်ဆို့ထားမှုများကို ကြုံတွေ့ရလျက်ရှိသည်။

ဦးဘုန်းဝင်းက ၎င်းသည် မြန်မာနိုင်ငံတွင် ရင်းနှိးမြှုပ်နှံလိုသော နိုင်ငံခြားသားများစွာကိုခေါ်ဆောင်လာခဲ့ဘူးကြောင်း၊ အများစုသည် ကျေနပ်မှုမရပဲ ပြန်သွားကြရကြောင်းဆိုသည်။ “ဘီလီယံနာတွေ သူတို့ကိုင်ပိုင်လေယာဉ်နဲ့လာကြတယ်။ ဘာသဘောတူညီချက်မှမရပဲ ပြန်သွားကြတယ်”ပာု ၎င်းက ပြောပါသည်။

ယနေ့အချိန်အခါတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကြားတွင် တူညီသောအချက်မှာ စောင့်ကြည့်နေကြရခြင်းဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက မြန်မာနိုင်ငံသည် အာရှတွင်သွေးထွက်သံယိုနှပ်စက်သော အာဏာရှင်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး စီးပွားရေးမှာလည်း စက်ဘီးနှင့်ဆပ်ပြာထုတ်သော အစိုးရစက်ရုံများသာရှိပါသည်။

ယခုအခါ ဗိုလ်ချုပ်ကြီးပောာင်းဖြစ်သော ဦးသိန်းစိန်သည် ဆယ်စုနှစ်ပေါင်းများစွာ ကျွမ်းကျင်မှုမရှိသော ခေါင်းဆောင်မှု၊ အဂတိလိုက်စားမှုများ၏ တိုက်စားခြင်းခံရသော စီးပွားရေးကိပြန်လည်ကောင်းမွန်ရန် အာဏာရှင်အတိတ်နှင့် ဝေးရာသို့သွားနေပါသည်။ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများအတွက် သတိထား၍ ချီးကျူးမှုများရှိခဲ့ပြီး အမေရိကန်နှင့် အခြားနိုင်ငံများကလည်း စစ်အစိုးရကို ချိနဲ့စေခဲ့သည့် အရေးယူမှုများကို ဖြေလျော့ပေးလာပါသည်။ (သောကြာနေ့က အမေရိကန်ပြည်ထောင်စုသည် အစောပိုင်းက ကတိပေးထားသကဲ့သို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကိုသွင်းရန်ခွင့်ပြုမည်ပာု ကြေညာခဲ့သည်)

အရေးယူမှုများဖြေလျော့ပေးလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများသည် သဘာဝသယံဇာတများထုတ်ယူရန်နှင့် မော်တော်ကားနှင့် ဆဲလ်ဖုန်း ကဲ့သို့သော ခေတ်မီပစ္စည်းများ မသုံးဖူးသေးသော လူဦးရေကြီးအား ပစ္စည်းရောင်းချရန်လည်း စိတ်အားထက်သန်နေကြသည်။

မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒုဥက္ကဋ္ဌ Stephen Groff က မြန်မာနိုင်ငံမှ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဗီယက်နမ်၏ စီးပွားရေးဖြေလျော့ပေးမှုနှင့် နှိုင်းယှဉ်ခဲ့ပါသည်။ ဗီယက်နမ်သည် ၁၉၈၀ နှောင်းပိုင်းတွင် လုပ်ငန်းများလွတ်လပ်စွာလုပ်ခွင့်ပေးခဲ့ပါသည်။ နှစ်နိုင်ငံစလုံးတွင် ပြောင်းလဲမှုများကို ခေါင်းဆောင်ပိုင်းမှ စတင်လုပ်ဆောင်ပေးခြင်းကြောင့် အာရပ်နွေဦးကဲ့သို့ အုံကြွမှုများမတွေ့ရပဲ တဖြည်းဖြည်းချင်း ပြောင်းလဲသွား သည်ပာုဆိုပါသည်။

ရန်ကုန်မြို့မှလမ်းများသည် တည်ငြိမ်မှုရှိကြောင်း သက်သေပြနေပါသည်။ ရန်ကုန်မြို့တွင် ပြင်းထန်သော ရာဇဝတ်မှုများဖြစ်ခဲ့ပြီး သူခိုး ခိုးခြင်းလောက်သာရှိကြောင်း မြို့ခံများကပြောသည်။ ခရက်ဒစ်ကဒ်များမှာလည်း လွန်ခဲ့သော လအနည်းငယ်ကမှစတင်ခဲ့ရာ ဘဏ်များသည် ပုံမှန်လုပ်ဆောင်တာများ မရှိသေးပေ။ မြို့နေလူထုသည် ငွေထုပ်ကြီးများသယ်၍သွားနေရဆဲဖြစ်ပါသည်။ ရုံးဝန်ထမ်းများ ၎င်းတို့ကုမ္ပဏီ၏ငွေကြေးများကို ဆန်ထည့်သည့်အိတ်များဖြင့် ထည့်၍ သယ်ကြရပါသည်။

ဖိနှိပ်သောစစ်အစိုးရလက်အောက်တွင် လုပ်ကိုင်ခဲ့သော အစိုးရဝန်ထမ်းများသည်ပင် ယခုအစိုးရလက်ထက်တွင် ဆက်လက်လုပ်ကိုင်ကြရရာ ယခင်စနစ်ပောာင်းကို ချေဖျက်ပစ်ရန် ၎င်းတို့တွင် တာဝန်ရှိပါသည်။

“တရားဥပဒေ၊ စီမံခန့်ခွဲမှုနယ်ပယ်တွေမှာရယ် ငွေကြေးစနစ်တွေပာာ အလွန်အားနည်းပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအဆင့် အင်မတန်နိမ့်ပါတယ်”ပာု Mr.Goff ကပြောပါသည်။

သမ္မတဦးသိန်းစိန်ရုံးမှ ဆင်းလာသောပြောင်းလဲမှုများသည် အစိုးရ၏အောက်အဆင့်တွင် ပိတ်မိနေကြောင်း အစိုးရ၏အကြံပေးများက ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အရမ်းမျှော်လင့်နေကြတယ်။ နဲနဲလျှော့ဖို့လိုမယ်ထင်ပါတယ်”ပာု သမ္မတရုံးနှင့်နီးစပ်သူ Myanmar Development Resource Institute မှဒါရိုက်တာ ဦးတင်မောင်သန်းက ပြောသည်။ “ပြည်သူတွေကလည်း မျှော်လင့်ချက် နည်းနည်းလျော့ဖို့လိုပါမယ်”ပာု ၎င်းကဆိုသည်။

 နေ့စားလုပ်သား ဦးစိမ်းမောင်အတွက်မူ မျှော်လင့်ချက်များ နည်းနည်းသာထားရန်မဖြစ်နိုင်ပေ။

၎င်းတွင် ရေခဲသေတ္တာ၊ ရုပ်မြင်သံကြား၊ လျှပ်စစ်နှင့် သုံးရသောပစ္စည်းများမရှိပါ။ မီးချောင်းတစ်ခုသာရှိပါသည်။ ၎င်း၏မိသားစုသည် သက်ကယ်တဲ၏ မသက်သာလှသောအခင်းပေါ်တွင် အိပ်ကြရပါသည်။

“ကျွန်တော့်သားလေးဆိုဘယ်တော့မှချမ်းသာဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တိုလိုလူတွေအတွက် ချမ်းသာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာလေးသင်လို့ရဖို့ မျှော်လင့်ပါတယ်”ပာု ၎င်းက လေးလသားလေးကိုချီ၍ ခံစားချက်မဲ့စွာဆိုပါသည်။

                   ---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံက အကျဉ်းသားများ ထပ်မံလွှတ်ပေး

(19 Nov 2012 ရက်စွဲပါ The Australian မှ AP ၏ Myanmar announces new Prisoner amnesty ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသမ္မတသည် အမေရိကန်သမ္မတ Barack Obama ၏သမိုင်းဝင် ခရီးစဉ်မတိုင်မီ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အသစ်ကိုအမိန့်ထုန်ပြန်ခဲ့ပါသည်။

သမ္မတဦးသိန်းစိန်သည် အကျဉ်းသား (၆၆) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လတ်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ကြေညာခဲ့ရာ နိုင်ငံရေးအကျဉ်းသားများပါဝင်ခြင်း ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးပြောကြားရာတွင် ဦးသိန်းစိန်သည် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို သောကြာနေ့ကလက်မှတ် ရေးထိုးခဲ့သော်လည်း အကျဉ်းသားများကိုမူ တနလာင်္နေ့တွင် မှလွှတ်ပေးမည်ဖြစ်ကြောင်းဆိုပါသည်။

ယခု သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါသည်။

ကြာသာပတေးနေ့က ဦးသိန်းစိန်သည် အကျဉ်သား ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကြေညာခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသောကြောင့် နိုင်ငံရေးလှုပ်ရှားသူများက အစိုးရကို နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုမှုများရှိခဲ့ပါသည်။

မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများမရှိကြောင်းနှင့်အားလုံးသည် ရာဇဝတ်မှုကျူးလွန်သူများ သာဖြစ်ကြောင်း ကာလကြာရှည်ကပင် ဆိုခဲ့ပါသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သည့် အစိုးရသစ် သည်စစ်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့ပါသည်။

တနင်္ဂနွေနေ့ကထုတ်ပြန်သော သီးခြားသတင်းထုတ်ပြန်ချက်တွင် ကျန်ရှိသောနိုင်ငံရေး အကျဉ်းသားများ ကိစ္စကို သက်ဆိုင်ရာအဖွဲ့များအနေဖြင့် ၂၀၁၂ ဒီဇင်ဘာလကုန်မတိုင်မီ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ဆက်သွယ်လုပ်ဆောင်ပါက အစိုးရအနေဖြင့် ကိုင်တွယ်ပေးမည်ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။

ယခု သတင်းမှာ သမ္မတ Obama တနလာင်္နေ့တွင် လာရောက်မည့် ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ရှိခဲ့ကြောင်း လူ့အခွင့်အရေး အုပ်စုများကပြောခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကယခုအခါ နိုင်ငံရေးအကျဉ်းသား (၃၃၀) ခန့်ရှိနေသေးကြောင်း ပြောပါသည်။

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံတွင် Obama ကပြောကြားရာတွင် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာအစိုးရအားထောက်ခံ အသိအမှတ်ပြုရန် အတွက်မဟုတ်ပဲ လက်ရှိလုပ်ဆောင်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သိရှိကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်းဆိုခဲ့ပါသည်။

ဝေဖန်သုံးသပ်သူများက Obama ၏ မြန်မာနိုင်ငံခရီးစဉ်သည် စောလွန်းသေးကြောင်းဝေဖန်မှုများကို တုန့်ပြန်သည့်အနေဖြင့် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

********************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive