Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၂.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြောက်ကိုရီးယားနှင့် ဆက်ဆံမှု မြန်မာလျှော့ချလာဟု အမေရိကန်ပြော

(RNW မှ 18 Nov 2012 ရက်စွဲပါ US says Myanmar stepping away from North Korea ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ စီးပွားရေးသည် အာရှတွင် မထိတွေ့ရသေးသော အစိမ်းသက်သက်ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံသူများပြော

(21 Nov 2012 ရက်စွဲပါ Channel News Asia မှ Linette Lim ရေးသားသော Investor say Myanmar Last untapped economy in Asia ကိုဘာသာပြန်ဆိုသည်)

  1. IMF ကမြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်ရန်တောင်းဆို

(22 Nov 2012 ရက်စွဲပါ West Australian မှ AFP ၏ IMF call for Reform in Myanmar ကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

မြောက်ကိုရီးယားနှင့် ဆက်ဆံမှု မြန်မာလျှော့ချလာဟု အမေရိကန်ပြော

(RNW မှ 18 Nov 2012 ရက်စွဲပါ US says Myanmar stepping away from North Korea ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုလျှော့ချနိုင်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်မှုများကို လုပ်ကိုင်ထားပြီဖြစ်ကြောင်း သမ္မတအိုဘားမား၏ သမိုင်းဝင် မြန်မာပြည်ခရီးစဉ်မစတင်မီ အိမ်ဖြူတော်က ပြောကြားသည်။

တစ်ချိန်က နိုင်ငံတကာအသိုင်းအဝိုင်းတွင် အပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ပြုံယမ်းအစိုးရနှင့် စစ်ရေးနှင့် နျူကလီးယားဆိုင်ရာ

ပူးပေါင်းဆောင်ရွက်မှုများကို ကာလကြာရှည်စွာ ပြုလုပ်ခဲ့သည်ဟု သံသယဖြစ်ခြင်းခံခဲ့ရသည်။

"မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေးလျှော့ချဖို့လိုအပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကျွန်တော်တို့ စေ့စပ်ဆွေးနွေးပြီးပါပြီ" ဟု အမေရိကန်ပြည်ထောင်စု ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes က သမ္မတအိုဘားမား အာရှဒေသသို့ Air Force One လေယာဉ်ဖြင့်သွားရောက်စဉ် ယင်းလေယာဉ်ပေါ်၌ပြောကြားသည်။

"အဲဒီကိစ္စနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်တချို့ သူတို့လုပ်ကိုင်ထားတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်တို့ တွေ့မြင်လိုတာကတော့ မြန်မာနဲ့မြောက်ကိုရီးယားအကြားမှာရှိထားတဲ့ ဆက်ဆံရေး အဆုံးသတ်သွားတာကိုပါပဲ"

မြန်မာနိုင်ငံနှင့် စစ်ဘက်အချင်းချင်းစေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ကနဦးလုပ်ဆောင်ချက်များ ကိုဝါရှင်တန်ကစတင်လုပ်ကိုင်ထားပြီးဖြစ်ကြောင်း၊

ထိုင်းနိုင်ငံနှင့်ပြုလုပ်မည့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်နိုင်ပြီဖြစ်ကြောင်း ၎င်းကမှတ်ချက် ပေးပြောဆိုသည်။

မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းပေးပို့ချက်များကြောင့် ယခင်က ဝါရှင်တန်နှင့် အာဆီယံ မဟာမိတ်နိုင်ငံများ စိုးရိမ်ပူပန်စရာဖြစ်ခဲ့ရသည်။

ရန်ကုန်မြို့တွင် အမေရိကန်သမ္မတ အိုဘားမားကိုလက်ခံတွေ့ဆုံခဲ့သူ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားမှ

နျူကလီးယားနည်းပညာများရရှိရန်ကြိုးပမ်းခဲ့သည်ဟူသောကိစ္စမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားသည်။

၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂအစီရင်ခံစာတွင် မြောက်ကိုရီးယားသည် ပိတ်ပင်ထားသော နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်တပ်ဆင်နိုင်သော ပစ္စည်းများကို မြန်မာ၊ အီရန်နှင့် ဆီးရီးယားနိုင်ငံများသို့ ထောက်ပံ့လျက်ရှိသည်ဟု စွပ်စွဲဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက နျူကလီးယားလက်နက်များတပ်ဆင်နိုင်လောက်အောင် ချမ်းသာကြွယ်ဝသောနိုင်ငံမဟုတ်ပါကြောင်း၊ ရုရှားနိုင်ငံကျောထောက် နောက်ခံပေးမှုဖြင့် ငြိမ်းချမ်းမှုရှေးရှုသော နျူကလီးယားအစီအစဉ်တစ်ရပ်ကိုလုပ်ဆောင်ခဲ့သော်လည်း နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကြောင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

---------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏စီးပွားရေးသည်အာရှတွင်မထိတွေ့ရသေးသောအစိမ်းသက်သက်ရှိနေသေးကြောင်းရင်းနှီးမြှုပ်နှံသူများပြော

(21 Nov 2012 ရက်စွဲပါ Channel News Asia မှ Linette Lim ရေးသားသော Investor say Myanmar Last untapped economy in Asia ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူဦးရေသန်း (၆၀) ရှိပြီး ကြီးမားသော စိုက်ပျိုးရေးနှင့်ရေနံသယံဇာတရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများက အာရှတွင် မတို့မထိရ သေးသောစီးပွားရေးအကောင်အထည်တစ်ခုအဖြစ် ရှုမြင်ကြပါသည်။ သို့သော် စီးပွားရေးပညာရှင်များက မျှော်လင့်ချက်များကို ချွန်းအုပ်ထားရန် လိုအပ်ကြောင်း၊ စီးပွားရေး တိုးတက်မှုနှုန်းမှာ အများဆုံး ၆% သာ ရှိသေးကြောင်း ဆိုပါသည်။

သမ္မတ Barack Obama သည် မြန်မာနိုင်ငံသို့လာရောက်သော ပထမဆုံး အမေရိကန်သမ္မတဖြစ်လာပြီး ၊ General Electric ၊ ကိုကာကိုလာ နှင့် Visa တို့သည် စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြပါသည်။

သို့သော် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်တို့သည် တရုတ်ထက် ခြေလှမ်းများနောက်ကျနေဆဲဖြစ်ကြောင်း သုံးသပ်သူများက ပြောပါသည်။HIS မှ အကြီးတန်းဒါရိုက်တာနှင့် အာရှ-ပစိဖိတ်စီးပွားရေး ပညာရှင်အကြီးအကဲ Rajiv Biswas ကပြောကြားရာတွင် “မြန်မာနိုင်ငံနဲ့ တရုတ်တို့ဟာ စီးပွားရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ နှစ်ပေါင်းများစွာအားကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံက အဲဒီဆက်ဆံရေးပုံစံကနေ ခွဲထွက်လိုတဲ့ပုံရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဆိုပါသည်။

“တရုတ်နဲ့အားကောင်းစွာ ဆက်ဆံလိုတဲ့သဘောရှိနေပေမယ့်လည်း တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံလိုတယ်လို့ ကျွန်တော်မြင်ပါတယ်။” ဟု ၎င်း ကပြောပါသည်။

IMF နှင့် IE စင်္ကာပူတို့မှ ကိန်းဂဏန်းအချက်အလက်များအရ တရုတ်သည် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာ (၁၄) ဘီလီယံခန့်ရင်းနှီးမျြုပ်နှံခဲ့ရာ မြန်မာနိုင်ငံတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်ပါသည်။

ထိုင်းနှင့်ဟောင်ကောင်သည် ထိပ်ဆုံးသုံးနိုင်ငံတွင်ပါဝင်ပြီး အမေရိကန်သည်ဒေါ်လာ (၂၄၃) သန်းရင်းနှီးမြှုပ်နှံထားရာ နံပါတ်ကိုးနေရာတွင် ရှိပါသည်။

ယခုအခါ အမေရိကန်၏ အရေးယူမှုများ ရုတ်သိမ်းသွားပြီဖြစ်ရာ အဆိုပါအခြေအနေမှာ ပြောင်းလဲသွား နိုင်ပါသည်။Standard Chartered Bank မှ အရှေ့တောင်အာရှ သုတေသနဒေသဆိုင်ရာ အကြီးအကဲ Edward Lee ကပြောကြားရာတွင်“ရင်းနှီးမြှုပ်နှံမှုတွေကြီးမားစွာ တက်လာနိုင်စရာရှိပါတယ်။ ဒါဟာ စီးပွားရေးတိုးတက်မှုအတွက် အဓိကသော့ချက်လို့ထင်ပါတယ်။ နောက်ဆုံးစားသုံးနိုင်မှုအာ လည်း တက်လာမယ် ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

ဘဏ်လုပ်ငန်း၊ လျှပ်စစ်ဓါတ်အား၊ သယ်ယူပို့ဆောင်ရေး နှင့် တယ်လီကွန်မြူနီကေးရှင်း စသည့်အခြေခံအဆောက်အဦးများ အားနည်းလှသောကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာ တစ်နှစ်လျှင် ၅.၆% သာ ရှိနေနိုင်ကြောင်း စီးပွားရေးပညာရှင်များက ပြောပါသည်။

ရေတိအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မသေချာ မရေရာမှုများ ပုံပေါ်လာနေပါသည်။ သို့သော် ထိုအချက်သည်ရင်းနှီးမြှုပ်နှံသူများကို တားဆီးနိုင်လိမ့်မည်တော့ မဟုတ်ပေ။

--------------------------------------------------------------------------------------------------------

IMF ကမြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်ရန်တောင်းဆို

(22 Nov 2012 ရက်စွဲပါ West Australian မှ AFP ၏ IMF call for Reform in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများကို တိုးချဲ့လုပ်ဆောင်မည်ဆိုပါက အာရှ၏လာမည့် စီးပွားရေးမောင်းနှင်အား တစ်ခုဖြစ်လာနိုင်ကြောင်း IMF ကပြောပါသည်။ ထို့အပြင် ၂၀၁၃ တွင် Fund monitoring အစီအစဉ်ကို ရရှိမည်ဖြစ်ကြောင်း အချက်ပေးခဲ့ပါသည်။

“အားကောင်းသောပြုပြင်ပြောင်းလဲရေး ကတိကဝတ်များရှိခြင်းကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ပြည်သူများ လူနေမှုအဆင့်မြင့်လာရန်နှင့် အာရှ၏ရှေ့လာမည့် ကြယ်တစ်ပွင့် ဖြစ်လာရန် အလားအလာရှိသည်” ဟု မြန်မာနိုင်ငံမှ IMF မစ်ရှင်အကြီးအကဲ Meral Karasulu ကကြေညာချက်တွင် ပြောပါသည်။

IMF ကပြောကြားရာတွင် လာမည့်နှစ်တွင် ဝန်ထမ်းများဖြင့် စောင့်ကြည့်မည့် အစီအစဉ်ကို စတင်နိုင်ရန် ဆွေးနွေးနေသည်ဟု ဆိုပါသည်။ ၎င်း အစီအစဉ်အရ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အစိုးရနှင့် IMF ပူးတွဲ၍ တိုးတက်မှုကို စောင့်ကြည့်မည် ဖြစ်ပါသည်။

Karasulu သည်ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဌ နှင့် အခြားအကြီးတန်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။ ၎င်းကပြောကြားရာတွင် အစိုးရသည် စီးပွားရေးကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာလုပ်ဆောင်နေသည်ဟု ဆိုပါသည်“ ဒါပေမယ့် ခရီးရှည်ကြီးလျှောက်ရဦးမယ်ဆိုတာ အစိုးရကအသိအမှတ်ပြုပါတယ်။” ဟု သူကပြောပါသည်။

၎င်းကပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် လာမည့်နှစ်တွင် လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲရေးများကို ဆွေးနွေးခဲ့ကြရာ နိုင်ငံခြားငွေလဲလှယ်ရေးနှုန်းထားပြန်လည် စုစည်းရန်၊ ဗဟိုဘဏ်ကို အားကောင်းအောင်ပြုလုပ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ရန်ပုံငွေ ရရှိရေး အခွန်ငွေများ တိုးတက်ရရန် တို့ပါဝင်သည်ဟု ဆိုပါသည်။

မေလက IMF သည်ဆယ်စုနှစ်များစွာအတွင်းမြန်မာနိုင်ငံနှင့် ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခဲ့ ရာ အာဏာပိုင်များအနေဖြင့် ငွေကြေးကဏ္ဍခေတ်မှီရေး နှင့် ကုန်သွယ်ရေးဖြေလျှော့မှုများ အပါအဝင်စီးပွားရေး နှင့် ရင်းနှီးမျြုပ်နှံမှုဝန်းကျင်ရာသီဥတုကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်အောက်တွင် စီးပွားရေးစီမံခန့်ခွဲမှုမှားယွင်းမှုများနှင့် အပယ်ခံဖြစ်ခဲ့ရ ခြင်းကြောင့် အာရှတွင် အဆင်းရဲဆုံး နိုင်ငံများတွင်ပါဝင်ခဲ့ပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၂.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. စစ်ဘက်ဆိုင်ရာမဟာဗျူဟာမြောက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်တရုတ်-မြန်မာကတိပြု

(People's Daily မှ 20 Nov 2012 ရက်စွဲပါ "China, Myanmar pledge to further military strategic cooperation" သတင်းကိုဘာသာပြန်ဆိုသည် )

  1.   မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုကိုကူညီရန်ဂျပန်-အမေရိကန်လက်တွဲရမည်

(The Yomiuri Shinbun မှ 22 Nov 2012 ရက်စွဲပါ " japan,U.S must join hands to aid Myanmar's reform drive" ခေါင်းကြီးပိုင်းကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်အထူးစီးပွားရေးဇုန်တွင်ဝင်ရောက်လုပ်ကိုင်ရန်နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ထိုင်း-မြန်မာဖိတ်ခေါ်

(Bernama သတင်းဌာနမှ 20 Nov 2012 ရက်စွဲပါ Myanmar, Thailand Invite International Investors to Engage in Dawei SEZ Project

ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

စစ်ဘက်ဆိုင်ရာမဟာဗျူဟာမြောက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်တရုတ်-မြန်မာကတိပြု

(People's Daily မှ 20 Nov 2012 ရက်စွဲပါ "China, Myanmar pledge to further military strategic cooperation" သတင်းကိုဘာသာပြန်ဆိုသည် )

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ကွီကျန်ဂူသည် မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့်  ၂၀၁၂ နိုဝင်ဘာ ၁ ရက်မနက်ခင်း ဘေကျင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ကွီကျန်းဂူနှင့်မြန်မာစစ်ဖက်ဧည်သည်တော်တို့သည်ဒေသတွင်းလုံခြုံရေးအနေအထား၊ တရုတ်-မြန်မာဆက်ဆံ ရေး၊ နှစ်နိုင်ငံအကြား စစ်တပ် အချင်းချင်းဆက်ဆံရေးနှင့် အခြားဆိုင်ရာကိစ္စရပ်များအပေါ် နက်နက်နဲနဲအမြင်ခြင်း ဖလှယ် ခဲ့ကြပြီး  သိသိသာသာသဘောထားတိုက်ဆိုင်မှု ရှိခဲ့ကြသည်ဟု သိရှိရသည်။

တရုတ်နှင့်မြန်မာဆက်ဆံရေးသည်သံတမန်အဆက်အသွယ်စတင်ထူထောင်ခဲ့ချိန်မှစ၍လွန်ခဲ့သောနှစ်ပေါင်း ၆၀ အတွင်း နိုင်ငံတကာ အနေအထားပြောင်းလဲမှုများတွင် ကောင်းစွာအစမ်းသပ်ခံကျော်ဖြတ်ခဲ့ကြပြီး၊ ရေရှည်အပြန် အလှန်နားလည်မှု ရေရှည်အပြန်အလှန်ပံ့ပိုးမှုတို့မှ အောင်မြင်သော အသီးအပွင့်များ ဖြစ်ထွန်းခဲ့သည်ဟု ကွီကျန်ဂူက ပြောကြားပါသည်။

"တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(တရုပ်စစ်တပ်)နှင့် မြန်မာတပ်မတော် (မြန်မာစစ်တပ်) အကြား ဆက်ဆံမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွင်အရေးကြီးသောအပိုင်းတစ်ခုအဖြစ်ပါဝင်နေသည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစစ်တပ်အချင်းချင်းသည် အဆင့်မြင့်ပုဂ္ဂိုလ် အပြန်အလှန် လည်ပတ်မှုခရီးစဉ်များ၊ စစ်လက်နက်ပစ္စည်း နည်းပညာပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်မှုများ၊ လေ့ကျင့်သင်တန်းပေး မှုများ၊ နယ်စပ် ထိန်းချုပ်ရေးကိစ္စရပ်များတွင် လက်တွေ့ကျကျဆက်ဆံကာနက်နက်ရှိုင်းရှိုင်းဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံအကြားဆက်ဆံရေးကျယ် ကျယ် ပြန့်ပြန့်      တိုးတက်အောင်အားပေးရာတွင် လှုပ်ရှားသက်ဝင်သော ထိရောက်မှုများပေါ်ထွန်းစေခဲ့သည်" ဟု ကွီကျန်ဂူက ဆက်လက်ပြောကြား သည်။

ကွီကျန်းဂူကဆက်လက်၍လာမည့် သမိုင်းခေတ်သစ်တွင်လည်း မဟာဗျူဟာမြောက်အပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရန်၊ မဟာဗျူဟာမြောက် ပူးပါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန်အတွက်မြန်မာ့တပ်မတော်နှင့် မဟာဗျူဟာမြောက်ဆက်ဆံမှုများကို တရုတ်တပ်မတော်က ဆက် လက် မြှင့်တင် သွား မည် ဟု ပြောကြားခဲ့သည်။  အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီးဦးတင်ဦးလည်းတက် ရောက်ခဲ့သည်။

မြန်မာပြည်တွင်းမှအကဲခတ်လေ့လာသူအချို့က"မြန်မာအစိုးရသည်ယခင်ကတရုတ်ကိုဟန်ချက်ထိန်းရန်အိန္ဒိယကိုအသုံးချခဲ့သော်လည်းထိရောက်မှုမရှိ၍တရုတ်တိုက စိုးရိမ်ခြင်းမရှိခဲ့ကြောင်း၊ သို့သော်ယခုအခါစစ်အုပ်ချုပ်ရေးစနစ်မှ ကန့်သတ်ဒီမိုကရေစီစနစ်သို့အသွင်ပြောင်း၊ မူဝါဒ ပြောင်းလဲကာ အမေရိကန် နှင့် ထိတွေ့ဆက်ဆံနေသည့်နည်းလမ်းက ရိုက်ချက်ပြင်းသောကြောင့် တရုတ်တို့စိုးရိမ်ပူပန်နေသည့်လက္ခဏာရှိကြောင်း၊ မြန်မာအစိုးရသည် ၀ါရှင်တန်နှင့် ဘေကျင်း အကြား ဟန်ချက်ညီအောင်ရပ်၍ ခရီးဆက်လိမ့်မည်ဖြစ်ကြောင်း"သုံးသပ်ပြောဆိုထားကြသည်။

---------------------------------------------------------------------------------------------------------

  မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုကိုကူညီရန်ဂျပန်-အမေရိကန်လက်တွဲရမည်

(The Yomiuri Shinbum မှ 22 Nov 2012 ရက်စွဲပါ " japan,U.S must join hands to aid Myanmar's reform drive" ခေါင်းကြီးပိုင်းကိုဘာသာပြန်ဆိုသည်)

                မကြာသေးမှီကပြန်လည်ရွေးချယ်ခံရသော သမ္မတ အိုဘားမားသည် ပိုမိုရေးပါသော အာရှသို့ အမေရိကန် မဟာဗျူ ဟာရွှေလျှားမှုနှင့်အညီ တနလာင်္နေ့ကမြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးသွားရောက်ကာပထမဆုံးမြန်မာနိုင်ငံရောက် အာဏာလက်ရှိအမေရိကန်ခေါင်းဆောင်ဖြစ်လာခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီးနောက်သမ္မတအိုဘားမားက မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို အမေရိကန်ပြည် ထောင်စုက ထောက်ခံ ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့သည်။

"သမ္မတကြီးက လုပ်ဆောင်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့ စီပွားရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ မယုံနိုင်စရာ ဖွံ့ဖြိုးရေးအခွင့်အလမ်းတွေ ရရှိနိုင်စေတဲ့လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်" ဟု အိုဘားမားကဆိုသည်။

အိုဘားမားသည်မြန်မာနိုင်ငံ၏အကြီးဆုံးအတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေဆုံဆွေးနွေးခဲ့ပြီး သူမ၏ ဒီမိုကရစီ အရေးဦးဆောင်ကြိုးပမ်းမှုများကို ချီးကျူးဂုဏ်ပြုခဲ့သည်။

မြန်မာနိုင်ငံသည် ယခင်တပ်မတော အစိုးရလက်ထက်လူ့အခွင့်အရးဖိနှိပ်ညှဉ်းပမ်းမှုများကြောင့် အနောက်အုပ်စု ၏ပြင်းထန်သောစီးပွားရေး ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကိုခံခဲ့ရသည်။

သို့သော် မနှစ်ကနွေဦးတွင်ဒီမိုကရေစီအုပ်ချုပ်ရေးသို့ စတင်အသွင်ကူးပြာင်းကာအာဏာရလာသော သမ္မတ ဦးသိန်းစိန်  အစိုးရကဒီမိုကရေစီ မြှင့်တင်ရေးဆောင်ရွက်ချက်များကိုဖြည်းဖြည်းမှန်မှန် ပြုလုပ်လာခဲ့သည်။ အိုဘားမား အစိုးရ ကလည်း တုန့်ပြန်သည့်အနေဖြင့်ယခုနှစ်ဆန်းမှ၍ semctions များကိုဖြေးဖြေးမှန်မှန် ဖြေလျှော့ ပေးခဲ့သည်။ ရလဒ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး မြန်ဆန်စွာ တိုးတက်နွေးထွေးလာသည်။

တရုတ်နိုင်ငံကိုဟန့်တားခြင်း

အမေရိကန်ပြည်ထောင်စုသည်အိုဘားမား၏ခရီးစဉ်နှင့်အတူ သဘောတူဆက်ဆံမှုများ နောက်တဆင့် တက်သွား ခဲ့သည်။ မြန်မာနိုင်ငံတွင်စီးပွားရေး၊ စစ်ရေးနယ်ချဲ့နေသောတရုတ်နိုင်ငံကို အိုဘားမား၏ မြန်မာခရီးစဉ်က ဟန်တားလိုက် ခြင်းဟုလည်း သက်မှတ်နိုင်သည်။ တရုတ်နိုင်ငံသည် စစ်အုပ်ချုပ်ရေး ခေတ် မြန်မာခေါင်းဆောင်များကို အလွမ်းသင့် အောင်ပေါင်းသင်း၍မြန်မာအပေါ် သြဇာလွှမ်းမိုးမှုကိုတိုးချဲ့ ခဲ့သည်။

သမ္မတအိုဘားမားသည် နောက်တကြိမ်ပြန်လည်ရွေးကောက်ခံရပြီးနောက်တွင် ပထမဆုံး သွားရောက်မည့် နိုင်ငံများအဖြစ် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံတို့ကို ရွေးချယ်ခဲ့သည်။

ထိုသို့ရွေးချယ်သွားရောက်ခြင်းဖြင့် သူ၏ဒုတိယသက်တမ်းတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ လုံခြုံရေး ကဏ္ဍ နှစ်ရပ်လုံးတွင် ပူးပေါင်းဆောင်ရွက်ဆက်ဆံမှုမျာနက်ရှိင်းအောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်   အိုဘားမားက ရှင်းရှင်းလင်းလင်း အချက်ပြလိုက်သည်။

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ခြေလှမ်းနှင့်ပတ်သက်၍ သေချာပေါက်စိတ်အနှောက်အယှက် ဖြစ်သွားပါလိမ့်မည်။ မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ဝါရှင်တန်နှင့်ဘေကျင်းတို့ ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည့်အချက် မှာ ရှောင်လွှဲနိုင်ဖွယ်မရှိပါ။

အမေရိကန်ပြည်ထောင်စုကလာမည့် နှစ် နှစ် အတွင်းမြန်မာနိုင်ငံ၏ပညာရေးနှင့် ဒီမိုကရေစီပြောင်းလည်းမှု အစီစဉ်များကိုကူညီရန်အတွက် သန်း ၁၃.၇ ဘီလျှံခန့် (ဒေါ်လာသန်း ၁၇၀ ) ထောက်ပံ့ပေးသွားရန်စီစဉ်ထားပါသည်။ သမ္မတဦးသိန်းစိန် အစိုးရ သည်နယ်ပယ်အသီးသီးတွင် ပြုပြင် ပြောင်းလဲမှု များ ဆက်လက် တိုမြင့်ရန်စပရင်းဘုတ် အဖြစ် အမေရိကန်အကူအညီကိုအသုံးပြုလိမ့်ဟု မျှော်လင့်ရပါသည်။

ရှေ့မှာလာမည့်အရေးကြီးအခိုက်အတန့်

မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကိုယူလိမ့်မည်။ အာဆီယံအဖွဲ့အတွင်းအဆင်းရဲဆုံး အနေအထားကို ခွာချရန် ကြိုးစားနေသည့်အလျှောက် စီးပွားရေးပြန်လည် တည်ဆောက်ရာတွင် အရေးကြီးသော အခိုက်အတန့်ကို ရင်ဆိင်ကြုံတွေ့၇တော့မည်။ ဒီမိုကရေစီ ကူးပြောင်းရေးကို ဆက်သွားမည့်လမ်းသည် ခက်ခဲဖွယ်ရှိသည်။ အစိုးရနှင့်ဆန့်ကျင်ကွဲလွဲနေဆဲ တိုင်းရင်းသားအုပ်စုများနှင့် ပြန်လည်သင့်မြတ်ရေးသည် လွယ်ကူမည် မဟုတ်ပေ။

ထို့ကြောင့် မြန်မာတို့၏စီးပွားရေး၊ ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုကိုအားပေးရန် တိုကျိုနှင့်ဝါရှင်တန်တို့ အတူတကွ  လက်တွဲ လုပ် ဆောင်ကြရလိမ့်မည်။ ဂျပန်နိုင်ငံက အောက်တိုဘာလတွင် တိုကျိုစက်မှုဖွင့်ဖြိုးပြီးနိုင်ငံများနှင့် ကမ္ဘာဘဏ်အစည်းအဝေးကို လက်ခံကျင်းပခဲ့ပြီး ထိုညီလာခံတွင်ြ မန်မာနိုင်ငံကို အားပေးကူညီရေးအစီအစဉ်များကို ချမှတ် ခဲ့သည်။

ဂျန်ပန်ဝန်ကြီးချုပ်ယိုရှီဟီကိုနိုဒါက ဦးသိန်းစိန်နှင့် ဖနွမ်းပင်၌တွေ့ဆုံစဉ် မြန်မာနိုင်ငံအားလာမည့်နှစ်တွင် ယန်းငွေဘီလျှံ ၅၀ ထောက်ပံ့ပေးမည့် အစီအစည်ကိုကြောညာခဲ့သည်။

မြန်မာနိုင်ငံသည် ဂျပန်ကုမ္မဏီများအတွက်နောက်ထပ် ထုပ်လုပ်ရေးအခြေစိုက်နေရာသစ်တစ်ခု ဖြစ်လာနိုင် ပါ သည်။ ဂျန်ပန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အဦးစနစ်တိုးတက် ကျယ်ပြန့်လာစေရန်အတွက် ကူညီခြင်းကို မြန်မြန် ဆန်ဆန် အင်တိုက်အားတိုက် လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်ပါသည်။

------------------------------------------------------------------------------------------------------------

 ထားဝယ်အထူးစီးပွားရေးဇုန်တွင်ဝင်ရောက်လုပ်ကိုင်ရန်နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ထိုင်း-မြန်မာဖိတ်ခေါ်

(Bernama သတင်းဌာနမှ 20 Nov 2012 ရက်စွဲပါ Myanmar, Thailand Invite International Investors to Engage in Dawei SEZ Project

ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္လာရီတိုင်းဒေသကြီး၌အကောင်အထည်ဖော်လုပ်ကိုင်လျက်ရှိသော ထားဝယ်အထူးစီးပွားရေးဇုန်(SEZ) တွင် ပါဝင်လုပ်ကိုင်နိုင်ရေးအတွက် အလားအလာရှိသည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကဖိတ်ကြားလိုက်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင်ကျင်းပပြုလုပ်သော ၁၂ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ထိုင်း-မြန်မာပူးတွဲထုတ်ပြန်သော ကြေညာချက်အရ ထိုင်းနိုင်ငံအနေဖြင့် ကားလမ်းဖောက်လုပ်ရေး၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရေး၊ ရေကောင်းရေသန့်စနစ်တပ်ဆင်ရေး၊ ဆက်သွယ်ရေး၊ အမြန်ရထားလမ်းဖောက်လုပ်ရေးအပါအဝင် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံပိုင်သတင်းစာဖော်ပြချက်အရယင်းနှစ်နိုင်ငံပူးတွဲကြေညာချက်လက်မှတ်ရေးထိုးပွဲတွင် သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်ထရာတို့က မျက်မြင်သက်သေအဖြစ် တက်ရောက်ခဲ့ကြသည်။

မြန်မာနှင့် ထိုင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ပူးတွဲကော်မတီတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီးဖြစ်သည်။ ယင်းကော်မတီ အဆိုအရ လာမည့် ၂၀၁၅ ခုနှစ်တွင် ဦးစားပေးစီမံကိန်းများ အပြီးသတ်နိုင်ရန် စီစဉ်ထားသည်။ အထူးစီးပွားရေးဇုန်အပါအဝင် ဆက်စပ်စီမံကိန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်တင်လုပ်ဆောင်နိုင်ရေးအတွက် ပူးတွဲကော်မတီကို ယခုလအစောပိုင်း မြန်မာနိုင်ငံဒုတိယသမ္မတ ဦးဉာဏ်ထွန်း ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်စဉ် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ကော်မတီ၏ ပထမဆုံးဆွေးနွေးပွဲကိုလည်း ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည်။

စီမံကိန်းကို ဦးစားပေးအခန်းကဏ္ဍများဖြင့် အပိုင်းလိုက်အကောင်အထည်ဖော်သွားရန် စီစဉ်ထားကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လထိုင်းနိုင်ငံသို့ ဦးသိန်းစိန် နောက်ဆုံးသွားရောက်ခဲ့စဉ် စီမံကိန်းကို ပထမဆုံးသဘောတူညီလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ထားဝယ်အထူးစက်မှုဇုန်စီမံကိန်းကို Italian-Thai Development Company ကဦးဆောင်အကောင်အထည်ဖော်လျက်ရှိပြီး ပြည်တွင်းမှ လုပ်ငန်း ခြောက်ခုက ကန်ထရိုက်အဖြစ်ပါဝင်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးသောင်းလွင်က သြဂုတ်လတွင် ပါလီမန်လွှတ်တော်၌ ပြောဆိုသည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် စက်မှုဇုန်၊ ရထားလမ်းနှင့် ကားလမ်းဖောက်လုပ်ရေး စီမံကိန်းများအတွက် မူဘောင်သဘောတူညီချက် တစ်ရပ်ကိုလက်မှတ်ရေးထိုးနိုင်သည်။

မော်တော်ကားလမ်းနှင့် ရထားလမ်းမှာ တနင်္လာရီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ဆက်သွယ် ဖောက်လုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်မည့် ယင်းအထူးစီးပွားရေးဇုန်တွင်ရေနက်ဆိပ်ကမ်း၊ သင်္ဘောကျင်းအဆောက်အအုံများ၊ ရေနံဓာတုစက်ရုံများ၊

ရေနံချက်စက်ရုံများ၊ စတီးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားထုတ်က်ရုံများပါဝင်မည်ဖြစ်သလို ထားဝယ်-ဘန်ကောက် မော်တော်ကားနှင့် မီးရထားလမ်းကိုလည်း ရေနံပိုက်လိုင်းနှင့် ယှဉ်လျက်ဖောက်လုပ်ရန်စီစဉ်ထားကြောင်း မူဘောင်သဘောတူညီချက်အရသိရသည်။

          ************************************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive