Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၃.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိမ်နီးချင်းနိုင်ငံများမှဓါတ်အားဝယ်ယူရန်ထိုင်းမျှော်မှန်း

(Bangkok Post မှ 22 Nov 2012 ရက်စွဲပါ “Thailand eyes neighbour’s power supply” ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

အိမ်နီးချင်းနိုင်ငံများမှဓါတ်အားဝယ်ယူရန်ထိုင်းမျှော်မှန်း

(Bangkok Post မှ 22 Nov 2012 ရက်စွဲပါ “Thailand eyes neighbour’s power supply” ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံသည် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် သဘာဝဓါတ်ငွေ့အပေါ် မှီခိုနေရခြင်းကို လျှော့ချရန်အတွက် စွမ်းအင်ရင်းမြစ်များကို ခွဲခြားထားဖြန့်ရန် ကြိုးစားသည့်အနေဖြင့် လာအိုနှင့် မြန်မာတို့ထံမှ လျှပ်စစ်စွမ်းအား ၂၀၀၀၀ မဂ္ဂါဝပ် ပိုမိုဝယ်ယူရန် မျှော်လင့်လျှက်ရှိသည်။

လာအိုနှင့် မြန်မာတို့ထံမှ လျှပ်စစ်ဓါတ်အားသည် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံများမှအဓိက ထွက်ရှိ သည်ပာု ထိုင်းစွမ်းအင်ဝန်ကြီး မွန်စပ်ရာတာပွန်ဗိုင်စပ်က ပြောကြားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဓါတ်အား ၁၅၀၀ မဂ္ဂါဝပ်နှင့် လာအိုနိုင်ငံမှ ၇၀၀၀ မဂ္ဂါဝပ်ဝယ်ယူရန် လွန်ခဲ့သော ၁၀ နှစ်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ယခုအချိန်အထိ လာအိုထံမှ ရေအားလျှပ်စစ်မဂ္ဂါဝပ် ၂၀၀၀ ခန့်ရရှိနေပြီး အကောင်အထည် ဖော်နေဆဲ ရေအားလျှပ်စစ်နှင့် ကျော်မီးသွေးလောင်စာသုံး ဓါတ်အားပေးစီမံကိန်းများမှ နောက်ထပ်မဂ္ဂါပ် ၃၀၀၀ ရရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံမှရရှိမည့် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစီမံကိန်းများမှာမူ စတင်ခြင်းမရှိသေးပေ။

၂၀၂၀ နှင့် ၂၀၃၀ ခုနှစ်အထိရည်မှန်း၍ ပြင်ဆင်ရေးဆွဲထားသော ဓါတ်အားဖွံ့ဖြိုးရေး အစီစဉ်အရ အိမ်နီးချင်းနိုင်ငံများမှရမည့် လျှပ်စစ်ဓါတ်အား ပမာဏသည် ထိုင်းနိုင်ငံ၏ စုစုပေါင်းဓါတ်အား ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိမည်ဟု သိရှိရသည်။

“လာအိုနှင့် မြန်မာနိုင်ငံတို့ထံမှ နောက်ထပ်ဓါတ်အား ၁၀၀၀၀ မဂ္ဂါဝပ် ထပ်မံရရှိရန်အတွက် ဆွေးနွေးမှုများအရှိန်မြှင့်ရန် ထိုင်းဓါတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့(Egat)ကို တာဝန်ပေးထားသည်။ ထိုနိုင်ငံများ၏ လျှပ်စစ်ထုပ်လုပ်မှုသည် ယခုအချိန်အထိ လိုအပ်ချက်ကို နိုင်နင်းနေဆဲ ဖြစ်သော်လည်း ၎င်းတို့၏ စီးပွားရေးကဏ္ဍနယ်ပယ် ကြီးထွားဖွံ့ဖြိုးလာနေသည်”ဟု ဝန်ကြီးပေါင်ဆပ်က ပြောကြားသည်။

ထိုင်းစွမ်းအင်ဝန်ကြီးက ဆက်လက်၍ “အထူးသဖြင့် ၂၀၁၆ တွင် အာဆီယံစီးပွားရေး အသိုင်းအဝိုင်းပေါင်းစည်းမှု သက်ဝင်ပြီးနောက်ပိုင်း ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှု တစ်ဟုန်ထိုးတိုးတက်ကာ ဓါတ်အားလိုအပ်ချက် မြင့်လာလိမ့်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် သဘာဝဓါတ်ငွေ့ အပေါ်တွင် မှီခိုလွန်းအားကြီးကြောင်း၊ စုစုပေါင်းဓါတ်အား၏ ၇၀ ရာခိုင်နှုန်းကိုသာ သဘာဝဓါတ်ငွေ့ဖြင့် ထုတ်လုပ်ပြီး၊ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံများမှ ၂၀ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ၅ ရာခိုင်နှုန်း အသီးသီးထုပ်လုပ်ပေးကြောင်း” ရှင်းလင်း ပြောကြားခဲ့သည်။

လာမည့်နှစ်များအတွင်း ဓါတ်အားထုတ်လုပ်မှုကဏ္ဍတွင် စရိတ်ကြီးသော LNG ဓါတ်ငွေ့သုံးစွဲမှုများ တစ်ဖြေးဖြေး တိုးတက်လာမည်ဖြစ်၍ ဓါတ်အားခများ ဈေးတက်လာမည်ဟုလည်း သိရသည်။

Egat ဥက္ကဋ္ဌ ဆူတပ်ပတ္တမာဆရီဝပ်က ထိုင်းနိုင်ငံသည် သမားရိုးကျ ဓါတ်အားပေးစက်ရုံများသာမကပဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် စီမံကိန်းများကိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြနေမှုများကြောင့် ဓါတ်အားပေးစီမံကိန်းသစ်များ တည်ဆောက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားသည်။

“အကယ်၍ ထိုင်းလျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွင် LNG ဓါတ်ငွေ့ကို ဆက်လက်မှီခိုနေရပါက တစ်ယူနစ်လျှင် ၃.၂ ဘတ်မှ ၆ ဘတ် သို့ နှစ်ဆနီးပါး ဈေးတက်သွားဖွယ်ရှိပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုစရိတ် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေလိမ့်မည်”ဟု ၎င်းက ပြောကြားသည်။

“ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံတွေ ပိုမိုဖွံ့ဖြိုးလာရေးကိုစတင်ဖို့ ကြိုးစားနေသင့်ပြီဖြစ်လို့ သန့်ရှင်းတဲ့ ကျောက်မီးသွေးနဲ့ တစ်ခြားသန့်ရှင်းတဲ့ စွမ်းအင်နည်းပညာတွေရဲ့အရေးပါမှုကို ပြည်သူတွေသဘောပေါက်အောင် လုပ်ဖို့ကိစ္စဟာ ကျွန်တော်တို့ကို ရေရေလည်လည် စိန်ခေါ်နေပါပြီ” ဟု ၎င်းကဆိုသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ချန်နမ်ချိုင်က “ထိုင်းနိုင်ငံသည် ရုပ်ကြွင်းလောင်စာသုံး ဓါတ်အားပေးစက်ရုံများထက် ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများစွာ လျော့နည်းသော နျူးကလီးယားစွမ်းအင် နည်းပညာကို မျှော်မှန်းထားသင့်သည်ဟု ပြောကြားသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၃.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နိုင်ငံအမည်ခေါ်ဝေါ်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် စိတ်အနှောင့်အယှက်ဖြစ်

(AAP News မှ ၂၃ Nov 2012 ရက်စွဲပါ "Suu Kyi disappointed by naming"သတင်းကိုဘာသာပြန်ဆိုသည်)

  1. တရုတ်က နိုင်ငံခြားရင်းနှီးမျြုပ်နှံမှု လုပ်ငန်းအဆင့်ဆင့်ရိုးရှင်းအောင်ပြုလုပ်

(22 Nov 2012 ရက်စွဲပါ BBC News မှ China to simplify procedures for foreign investors ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်အနေဖြင့် အပေါင်းလက္ခဏာဆောင်သော လုပ်ရပ်များပိုမိုလုပ်ဆောင်စေလို

(23 Nov 2012 ရက်စွဲပါ People’s Daily Online မှ US should make more positive contributions ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

နိုင်ငံအမည်ခေါ်ဝေါ်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် စိတ်အနှောင့်အယှက်ဖြစ်

(AAP News မှ ၂၃ Nov 2012 ရက်စွဲပါ "Suu Kyi disappointed by naming"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျားအပါအဝင် နိုင်ငံခြားအစိုးရများသည် သူမ၏နိုင်ငံ မူလအမည် Burma အစား ယခင်စစ်ဖက်အုပ်ချုပ်သူများ ရွေးချယ်ခဲ့သော Myanmar ကို သုံးစွဲခေါ်ဝေါ်နေခြင်းအပေါ် စိတ်အနှောက်အယှက်ဖြစ်မိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

ကြာသပတေးနေ့က နေပြည်တော်တွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးနှင့်တွေ့ဆုံပြီးနောက် မြန်မာအတိုက်အခံခေါင်းဆောင်က "ဒီနာမည်ကို ပြောင်းခေါ်ချင်တယ်လို့ ပြည်သူတွေကဆုံးဖြတ်တဲ့အချိန်အထိ Burma လို့ပဲ ကျွန်မဆက်လက် ခေါ်ဝေါ်သွားမှာပါ"ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက စစ်အုပ်ချုပ်ရေးအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီးနောက် ဒီမိုကရေစီကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် သြစတြေးလျားနှင့် နယူးဇီလန်အစိုးရများက Myanmar ပာူသောအမည်ကို မကြာသေးမီက တရားဝင်အသိအမှတ်ပြုခဲ့ သည်။

သို့ရာတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ၁၅ နှစ်ခန့်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ မြန်မာအတိုက်အခံခေါင်းဆောင်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် ပြီးစီးရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ပြောကြားသည်။

"ပြင်ပနိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ကျွန်မတို့နိုင်ငံကို အရမ်းကိုအားပေး ထောက်ခံနေကြပါတယ်။ သူတို့အနေနဲ့ ကျွန်မတို့ကို ဘယ်လိုပုံစံနဲ့ အားပေးကူညီကြမလဲဆိုတာကို နဲနဲပိုပြီး ဂရုစိုက်သင့်တယ်လို့ ကျွန်မထင်ပါတယ်"ပာု သူမကဆိုသည်။

"ကျွန်မတို့လိုချင်တာက အစိုးရဗပာိုပြုအကူအညီထက် လူထုဗပာိုပြုအကူအညီတွေသာ ဖြစ်ပါတယ်"ပာု သူမက ရှင်းလင်းပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတလောင်းစာရင်း မဝင်နိုင်အောင် သူမကို တားဆီးထားသော အခြေခံဥပဒေကိုလည်း ပြင်ဆင်ရမည်ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးသည် မြန်မာနိုင်ငံသို့ သမ္မတအိုဘားမားလာရောက်ပြီး ရက်ပိုင်းမျှအကြာတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

မြန်မာအာဏာပိုင်များသည် ပြည်သူလူထံ နိုင်ငံတကာအကူအညီများ တိုက်ရိုက်မရောက်စေပဲ အစိုးရလမ်းကြောင်းမှ တစ်ဆင့်သာရောက်ရှိနိုင် အောင် တင်းကြပ်ထားခြင်းဖြင့် အရာရာကိုဆက်လက်လွှမ်းမိုး ထိန်းချုပ်ထားနိုင်ရန် ကြိုးစားနေသည်ပာု ပြည်တွင်းမှအကဲခတ် လေ့လာသူ အချို့မှတ်ချက် ပေးထားသည်။

လက်ရှိအစိုးရအနေဖြင့် Myanmar ပာူသောအမည်နှင့်ပတ်သက်၍ ဆတ်ဆတ်ထိမခံ ရပ်တည်နေခြင်းသည် အနားယူသွားသော အကြီးအကဲပောာင်းကို ဆက်လက်သြဇာခံနေရဆဲဖြစ်ကြောင်း လှစ်ပာပြသရာရောက်နေသည်ပာု ပြည်တွင်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောကြား သည်။

                                                            *************************************************

တရုတ်က နိုင်ငံခြားရင်းနှီးမျြုပ်နှံမှု လုပ်ငန်းအဆင့်ဆင့်ရိုးရှင်းအောင်ပြုလုပ်

(22 Nov 2012 ရက်စွဲပါ BBC News မှ China to simplify procedures for foreign investors ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံက၎င်းသည် နိုင်ငံခြားရင်းနှီးမျြုပ်နှံမှုအတွက် လုပ်ငန်းအဆင့်ဆင့်ကို ရိုးရှင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ၎င်းမှာ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဆွဲဆောင်နိုင်ရန် ယခုနောက်ဆုံးကြိုးပမ်းသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။

စည်းမျဉ်းသစ်များအရ ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်မှုအတွက် အတည်ပြုချက်ရယူရန် မလိုပေ။ ထို့အပြင် နိုင်ငံခြားငွေဖြင့် ရရှိသောဝင်ငွေများကို ပြန်လည်ရင်းနှီးမြှုပ်နှံရန်ကိုလည်း အတည်ပြုချက်ရယူရန် မလိုပေ။

တရုတ်သည် စီးပွားရေးတိုးတက်မှုလှိုင်းသစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ကြိုးစားလျက်ရှိပါသည်။

တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးလျှက်ရှိရာ ယခုတတိယလေးပတ်တွင် သုံးနှစ်ဆက်ကျဆင်းမှု ဖြစ်ခဲ့ပါသည်။

ထိုသို့နှေးကွေးမှုများသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI စီးဝင်လာခြင်းကို ထိခိုက်စေပါသည်။

အောက်တိုဘာလတွင် လွန်ခဲ့သော တစ်နှစ်ကနှင့်စာလျှင် FDI သည် ၀.၂၄% ကျဆင်းသွားသည်ဟု တရုတ်က သတင်းထုတ်ပြန်ပါသည်။ ယခု ကျဆင်းမှုမှာ ၁၁ လမြောက် စံချိန်တင် ကျဆင်းမှုပင်ဖြစ်ပါသည်။

စည်းမျဉ်းသစ်များကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည်ဟု နိုင်ငံပိုင် Xinhua သတင်းဌာနအဆိုအရ သိရှိရပါသည်။

စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်းကြောင့် တရုတ်သည် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ပါသည်။

ယခုလအစောပိုင်းက Beijing က၎င်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တိုင်းပြည်တွင်း ယူဆောင်လာနိုင်သည့် ငွေပမာဏ ကန့်သတ်ထားမှုကို ပမာဏတိုးမြှင့် ပေးသွားမည်ဟုဆိုပါသည်။

အရည်အချင်းပြည့်မှီသော အဖွဲ့အစည်းဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(QFII)အစီအစဉ်၏ ခွဲတမ်းကို ဒေါ်လာ ၈၀ ဘီလီယံ (ပေါင် ၅၀ ဘီလီယံ) တွင် ကန့်သတ်ထားခြင်းအား တိုးမြှင့်ပေးမည်ဟု ဆိုပါသည်။ QFII မှာ နိုင်ငံခြားကုမ္ပဏီများက တရုတ်ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အဓိက လမ်းကြောင်းဖြစ်ပါသည်။

ယင်းမှာ တရုတ်က ယခုနှစ်အတွင်း ဒုတိယအကြိမ်လုပ်ဆောင်မှု  ဖြစ်ပါသည်။

ယခုနှစ်အစောပိုင်းကလည်း တရုတ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်နိုင်သည့် စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပါသည်။

တရုတ်သည် QFII အတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် နည်းလမ်းများပိုမိုဖွင့်ပေးခဲ့ရာ တရုတ်တို့တင်းကျပ်စွာ ထိန်းချုပ်ထားသော ပြည်တွင်းဘဏ်များ ၏ စာချုပ်ဈေးကွက်တွင် ပါဝင်ခွင့်ပြုခဲ့ပါသည်။

ထို့အပြင်စတော့စာရင်းဝင် တရုတ်ကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်ခွင့်ကို ၂၀% မှ ၃၀% အထိ တိုးမြှင့်ပေးခဲ့ပါသည်။

ထို့အပြင် QFII တွင် ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ခွန်ကင်းလွတ်ခွင့်ပေးရေး စဉ်းစားနေသည်ဟု ဆိုပါသည်။

                                                        ************************************************

အမေရိကန်အနေဖြင့် အပေါင်းလက္ခဏာဆောင်သော လုပ်ရပ်များပိုမိုလုပ်ဆောင်စေလို

(23 Nov 2012 ရက်စွဲပါ People’s Daily Online မှ US should make more positive contributions ကိုဘာသာပြန်ဆိုသည်)

Barack Obama သည် နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့သွားရောက်ခဲ့ရာ မြန်မာနိုင်ငံသို့ သွားရောက်သော ပထမဆုံးလက်ရှိ သမ္မတတစ်ဦး ဖြစ်လာပါသည်။

အချို့ မီဒီယာများက Obama ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးပြီးချင်း အာရှသို့ သွားရောက်ခဲ့ခြင်းသည် အမေရိကန်၏ မဟာဗျူဟာ ကျသည့် အာရုံပြုမှုသည် အရှေ့ဘက်သို့ ရွေ့နေပြီဆိုသည့်လက္ခဏာကို ရှင်းရှင်းလင်းလင်းပြသခြင်းဟုဆိုကြပြီး တရုတ်နှင့်ဆန့်ကျင်ဘက်တွင် ပိုမိုမြဲမြံစွာ ရပ်တည်လာသည်ဟု ဆိုကြပါသည်။

အချို့ကလည်း Obama ၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်ကိုထိန်းချုပ်ရန် ကြိုးပမ်းမှုအသစ်တစ်ခုအဖြစ်ပင် ဆိုကြပြန်ပါသည်။

၎င်းတို့၏အမြင်များသည် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် ဘက်လိုက်မှုအနည်းငယ်ရှိပါသည်။ ၎င်းတို့သည် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ အမှတ်တမဲ့ ဖြစ်စေ အမေရိကန်-တရုတ် ဆက်ဆံရေးကို ပျက်ပြားအောင် လုပ်ဆောင်နေသကဲ့သို့ရှိပါသည်။

နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွားရေးမြင်ကွင်းသည် ပြောင်းလဲနေသည့်အပြင် အမြဲတမ်းနံပါတ် ၁ ဖြစ်ရမည်ဟူသော စိတ်တို့ကြောင့် အမေရိကန် ပြည်ထောင်စုသည် ၎င်းတို့၏ မဟာဗျူဟာအာရုံပြုမှုကို အရှေ့ဘက်သို့ ရွေ့လာနေခြင်းသာ ဖြစ်ပါသည်။

အမေရိကန်၏ မဟာဗျူဟာကျသည့် အာရုံပြုမှုသည် အရှေ့ဘက်သို့ ရွေ့လာခြင်းတွင် အဓိကရည်ရွယ်ချက်မှာလေးခု ရှိပါသည်။ ပထမ ရည်ရွယ်ချက်မှာ တရုတ်ကို ထိန်းချုပ်နိုင်ရန်နှင့် တရုတ်၏နိုးထလာမှု၌ အာရှနိုင်ငံများက တရုတ်အပေါ်မှီခိုလာရာတွင် တရုတ်၏ခြိမ်းခြောက်မှု သီအိုရီများ အာရှနိုင်ငံများတွင် တိုးတက်လာရန်ရည်ရွယ်ပါသည်။

ဒုတိယရည်ရွယ်ချက်မှာ ဂျပန်နှင့် ရင်းနှီးမှုမရစေရန်နှင့် ဂျပန်အခြား အာရှမိတ်များအပေါ် ပိုမိုထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။

တတိယရည်ရွယ်ချက်မှာ အမေရိကန်အရေးမပါတော့သည့်အဖြစ်သို့ မရောက်ရှိရန်နှင့် အာရှပစိဖိတ်ဒေသတွင် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ဖွံ့ဖြိုးလာမှုတွင် ဦးဆောင်မှုရနိုင်ရန် ဖြစ်ပါသည်။

စတုထ္တရည်ရွယ်ချက်မှာ လက်နက်ပြိုင်ဆိုင်မှုတိုးလာရန်နှင့် သို့မှသာလက်နက်များ ပိုမိုရောင်းချနိုင်ရေး ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် လူရိုသေ၊ ရှင်ရိုသေကိစ္စများအကြိမ်ကြိမ် လုပ်ဆောင်နိုင်ခဲ့သော်လည်း တရုတ်ကိုထိန်းချုပ်ရန် ကြိုးစားမှုများမှာ အောင်မြင်မှုမရရှိသေးပေ။ The Wall Street Journal က မကြာသေးမီက ပြောကြားရာတွင် တရုတ်နိုင်ငံ ဝန်းကျင်တွင်ရှိသော နိုင်ငံများသည် တရုတ်ကို ဆန့်ကျင်၍ အမေရိကန်နှင့်အတူ ရပ်တည်သောနိုင်ငံ မရှိသေးဟုမှတ်ချက်ပြုပါသည်။ တရုတ်နိုင်ငံ၏ အိမ်နီချင်းနိုင်ငံများသည် နိုင်ငံကြီးနှစ်ခုကြား တစ်ဖက် ဖက်တွင် နေရန် ရွေးချယ်ခြင်းမပြုလိုကြဟူသည်ကို အချို့အတွင်းသိ အမေရိကန်က ရှင်းရှင်းလင်းလင်းသိမြင်ကြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင် ရမည်ဟု အမေရိကန်ခေါင်းဆောင်များကို တချိန်ကပြောခဲ့ဘူးပါသည်။

အမေရိကန်မီဒီယာများ မကြာခဏတိုက်ခိုက်ခဲ့ကြသော တရုတ်-အိန္ဒိယ ဆက်ဆံရေးတွင်လည်း အိန္ဒိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တို့သည် ယခုနှစ်ဆန်းကတည်းက တရုတ်နှင့် ဆက်ဆံရေးတိုးတက်ရန် အရေးကြီးပုံကို ငါးကြိမ်ထက်မနည်း ဖော်ပြခဲ့ကြပါသည်။ အိန္ဒိယသည် တရုတ်နှင့် ရော အမေရိကန်နှင့်ပါ ဆက်ဆံရေးတိုးတက်ရန် တပြိုင်နက်လုပ်ဆောင်ရမည်ဟု အလေးအနက်ထားပြောခဲ့ကြပါသည်။

အမေရိကန်ပြည်ထောင်စုသည် လမ်းဆုံလမ်းခွတွင် ရောက်ရှိနေပြီဖြစ်ပြီး၊ ၎င်း၏ အမြဲတမ်းနံပါတ် ၁ ဖြစ်ရမည်ဆိုသည့် ရည်ရွယ်ချက် ပြည့်မြောက်ရန် အရည်အသွေး လိုအပ်နေပါသေးသည်။ ၎င်း၏ စိတ်ထဲတွင် ဝိရောဓိဖြစ်နေသော အိုင်ဒီယာများဖြင့် တရုတ်ကိုထိန်းချုပ်ရန် လုပ်ဆောင်နိုင် လိမ့်မည်မဟုတ်ပေ။ တချိန်တည်းတွင် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

Obama သည် အရှေ့တောင်အာရှထိပ်သီးအစည်းအဝေးသို့ ဒုတိယအကြိမ် လာရောက်စဉ်အတွင်း အရှေ့အာရှနိုင်ငံများက အမေရိကန်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေးအပေါ် အမြင်များကို တွေ့ရှိရပြီးနောက် တရုတ်နှင့်ပတ်သက်သော အမေရိကန်မူဝါဒကို ပြန်လည်စဉ်းစားကောင်း စဉ်းစား နိုင်ပါသည်။

တရုတ်သည် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်တည်ရှိမှုကို မဆန့်ကျင်ပေ။ အမေရိကန်အနေဖြင့် အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင် မှုများ ပိုမိုထည့်ဝင်လာရန်သာ မျှော်လင့်ပါသည်။

 ************************************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive