Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၄.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်မှ အိုးအိမ်မဲ့များအတွက် အရေးပေါ်အကူအညီများ ပို့ဆောင်

(Scoop Independent News မှ 24 Nov 2012 ရက်စွဲပါ "Emergency Aid for Displaced in Myanmar's Rakhine State"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ကုန်သွယ်မြှင့်တင်ရေးအဖွဲ့ ထူထောင်ရန် Kotra ကူညီမည်

(Korea Joong Ang Daily မှ 24 Nov 2012 ရက်စွဲပါ "Kotra helping to set up trade body in Myanmar" သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်မှ အိုးအိမ်မဲ့များအတွက် အရေးပေါ်အကူအညီများ ပို့ဆောင်

(Scoop Independent News မှ 24 Nov 2012 ရက်စွဲပါ "Emergency Aid for Displaced in Myanmar's Rakhine State"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မကြာသေးမီက လူမျိုးစုအဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူများအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ပို့ဆောင်မှုကိုစတင်နေပြီပာု ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက ယနေ့ထုတ်ပြန်ကြေညာသည်။

ယခုသီတင်းပတ်ဒူဘိုင်းမှ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်နှစ်ခုတွင် ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်(IDPs)၁၇၅၀၀ ခန့်အတွက် မိသားစု နေနိုင်သောအရွယ် ယာယီရွက်ဖျက်တဲ ၃၅၀၀ ခန့် ပါဝင်မည်ပာု ဆိုသည်။

"လက်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေပြည့်လျှံနေပြီး အိမ်ရှင်မိသားစုတွေပာာ သူတို့ကိုယ်သူတို့တောင် အနိုင်နိုင်ရုန်းကန်နေရပါတယ်။ တစ်ချို့လူတွေက မီးလောင်ပြင်မှာပဲ နေကြရတယ်။ တစ်ချို့ကလည်း လှေတွေပေါ်မှာဖြစ်သလို အိပ်ကြရတယ်။ အိုးအိမ်မဲ့ ဒုက္ခသည်တွေနေထိုင်ဖို့ ဘေးကင်းတဲ့နေရာ အရေးပေါ် လိုအပ်နေပါတယ်"ပာု UNHCR ပြောရေးဆိုခွင့်ရှိသူ အေဒရီယမ်အက်ဒွပ်က ဂျီနီဗာတွင် သတင်းထောက်များအားပြောကြား သည်။

ပြီးခဲ့သောလပိုင်းအတွင်း ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လူမျိုးစုအကြမ်းဖက်မှုများသည် ဇွန်လမှစ၍ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုပာင်ဂျာ မွတ်စလင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေဆိုးဝါးသောကြောင့် အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရသည်။

ဇွန်လက အကြမ်းဖက်မှုတွင် လူ ၁၀၀ ခန့်သေဆုံး၍ နေအိမ်ရာပေါင်းများစွာ ပျက်စီးကာ လူပေါင်း ၇၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ စက်တင်ဘာလကုန်ပိုင်းတွင် ထပ်မံဖြစ်ပွားသော အဓိကရုဏ်းကြောင့် အနည်းဆုံး ၈၉ ဦးသေဆုံးကာ နေအိမ်ပေါင်း ၅၃၀၀ ခန့်မီးလောင်ပျက်စီး၍ လူပေါင်း ၃၆,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ပာု ကုလသမဂ္ဂခန့်မှန်းချက်များအရ သိရှိရသည်။

ဘေးဒဏ်သင့်ဒေသများတွင် အရေးပေါ်စာနာမှုအကူအညီများ ဆောင်ရွက်ရန်အတွက် နောက်ထပ်ရန်ပုံငွေ ဒေါ်လာ ၄၁ သန်းရရှိရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးဌာန OCHA ကမေတ္တာရပ်ခံခဲ့ပြီးနောက် ယခုကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံပေးပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဓိကရုဏ်းဖြစ်ပွားပြီးချိန်မှစ၍ UNHCR ကမြန်မာနိုင်ငံတွင် အရန်သိုလှောင်ထားသော ရွက်ဖျင်တဲ ၅၀၀ နှင့် Korea International Cooperation Agency က လှူဒါန်းသော ရွက်ဖျင်တဲ ၇၀၀ တို့ကိုဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်သည်။ သို့သော် နေထိုင်စရာ အမိုးအကာလိုအပ်ချက် ကြီးမားနေဆဲပာု မစ္စတာအက်ဒွပ်က ဆိုသည်။

UNHCR နှင့်မိတ်ဆွေအဖွဲ့အစည်းများသည် ဇွန်လအဓိကရုဏ်းကြောင့် ဘေးဒဏ်သင့်သူများ အိမ်ပြန်လာနိုင်အောင် မောင်းတောမြို့တွင် နေအိမ်များ ပြန်လည်တည်ဆောက်ရေးကိုလည်း လုပ်ဆောင်နေကြသည်။ ကုလဒုက္ခသည်အေဂျင်စီ UNHCR နှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့သည် စစ်တွေမြို့တွင်လည်း အကြမ်းဖက်အဓိကရုဏ်းကြောင့် အိမ်မပြန်နိုင်သေးသူ မိသားစု ၄၀၀၀ ခန့်အတွက် ယာယီတဲများကိုတည်ဆောက် ပေးနေသည်။

ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီသည် အိုးမဲ့အိမ်မဲ့ဒုက္ခသည် ၅၀၀၀ ကျော်အတွက် အဝတ်အထည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ အပါအဝင် ပလပ်စတစ်အခင်း၊ စောင်၊ ခြင်ထောင်၊ အိုးခွက်ပန်းကန်များကိုလည်း ဖြန့်ဖြူးထောက်ပံ့ပေးလျက်ရှိသည်။

"ကျွန်တော်တို့အနေနဲ့ အရေးပေါ်စာနာမှုအကူအညီတွေဖြန့်ဖြူးဖို့ လုပ်ကိုင်နေပေမယ့် ဘေးဒဏ်သင့်သူတွေကာကွယ်ပေးရေး လိုအပ်ချက်ပာာ ကျွန်တော်တို့အတွက် ပထမဦးစားပေး ဖြစ်နေဆဲပါ။ ဇွန်လကစပြီး သွားလာမှုတွေကို ပိုမိုတင်းကြပ်လာတဲ့အတွက် ဘေးဒဏ်သင့်ပြည်သူတွေရဲ့ အသက် မွေးဝမ်းကျောင်းနဲ့ စားစရာဖူလုံရေးကို ထိခိုက်စေပါတယ်။ အခြေခံဝန်ဆောင်မှုတွေ ရရှိရေးပာာလည်း နောက်ထပ်အိုးအိမ်မဲ့ ပြဿနာတွေ ဖြစ်ပွား လာစေနိုင်ပါတယ်"ပာု မစ္စတာအက်ဒွပ်က ပြောကြားသည်။

UNHCR အနေဖြင့် နိုင်ငံသားဥပဒေနှင့် ဆက်စပ်သောကိစ္စရပ်များအတွက် ကျွမ်းကျင်မှုအကူအညီများပေးရန် အသင့်ရှိနေသည်ပာုလည်း အေဂျင်စီပြောရေးဆိုခွင့်ရှိသူ အက်ဒွပ်က ဆက်လက်ပြောကြားခဲ့သည်။

                                        ********************************************

 

မြန်မာနိုင်ငံတွင် ကုန်သွယ်မြှင့်တင်ရေးအဖွဲ့ ထူထောင်ရန် Kotra ကူညီမည်

(Korea Joong Ang Daily မှ 24 Nov 2012 ရက်စွဲပါ "Kotra helping to set up trade body in Myanmar" သတင်းကိုဘာသာပြန်ဆိုသည်)

ကိုရီးယားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ(Kotra)က အထီးကျန်တိုင်းပြည်၏ ပို့ကုန်အားပေးရေးဆိုင်ရာ ဗပာုသုတများကို ဝေမျှရန်ကြိုးစားသည့်အနေဖြင့် မြန်မာနိုင်ငံတွင် အလားတူ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ထူထောင်ရန်ကူညီသွားမည်ပာု မနေ့ကပြောကြားသည်။

နိုင်ငံပိုင်ကုန်သွယ်ရေးအဖွဲ့ Kotra ကအလားတူကုန်သွယ်ရေး အေဂျင်စီသစ် Mytra ဖွဲ့စည်းထူထောင်ရန် မြန်မာအစိုးရနှင့် လတ်တလော ဆွေးနွေးမှုပြုလုပ်နေသည်ပာုဆိုသည်။

Kotra သည် Mytra အတွက် စံပြမော်ဒယ်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး Mytra သည် မြန်မာနိုင်ငံမှ ကုမ္ပဏီများ၊ အငယ်စား ပို့ကုန်လုပ်ငန်းများ ကို ပြည်ပဈေးကွက်တွင် လမ်းသစ်ထွင်နိုင်အောင် ကူညီပေးမည်ဖြစ်ကြောင်း၊ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှင်လာအောင် ဆွဲဆောင်ရန် အားပေးရန်ဖြစ်ကြောင်း ကိုရီးယားကုန်သွယ်ရေးအေဂျင်စီက ရှင်းလင်းပြောကြားသည်။

ကိုရီးယား၏ ပို့ကုန်အားပြုဖွံ့ဖြိုးရေးပုံစံကို ပိုမိုလေ့လာနိုင်ရန်အတွက် လာမည့်လများတွင် ဆိုးလ်မြို့တော်သို့ မြန်မာအစိုးရ တာဝန်ရှိသူများ လာရောက်ကြမည်ပာု ဆိုသည်။ ကုန်သွယ်ရေး အေဂျင်စီတစ်ခုကို မည်သို့အောင်မြင်စွာ ထူထောင်စီမံခန့်ခွဲရမည်ကို သင်ယူလေ့လာနိုင်အောင် Kotra က လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်ပေးမည်ပာု သိရသည်။

အသေးစိတ်အချက်များကို ဆွေးနွေးနေဆဲဖြစ်သော်လည်း လာမည့်နှစ်တွင် Mytra ကိုထူထောင်နိုင်လိမ့်မည်ပာု Kotra က ကြေညာချက်ထုတ်ပြန် သည်။

၎င်းအစီအစဉ်သည် ယခင်လက သမ္မတဦးသိန်းစိန် ဆိုးလ်မြို့တော်သို လာရောက်လည်ပတ်ရင်း အကူအညီတောင်းခံသွားပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပြီးနောက်တွင် နိုင်ငံတကာအရေးယူပိတ်ဆို့မှု Sanctions များ ဖြေလျော့ဖျက်သိမ်းသွား သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ကာ စီးပွားရေးမြှင့်တင်ရန်ကြိုးစားနေသည်။

တစ်ချိန်က အိမ်တွင်းပုန်းတံခါးပိတ် မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် ထိတွေ့ဆက်ဆံရန် မနှစ်က စတင်တံခါးဖွင့်လိုက်ပြီဖြစ်ရာ မြန်မာဈေးကွက် သစ်ကိုခြေချရန် Kotra ကအားထုတ်ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသည်။

Kotra သည် လာမည့်မတ်လတွင် ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကိုလည်း ကျင်းပဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းထားသော Kotra သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စက်တင်ဘာလက ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့သည်။

                                                      ************************************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၄.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. စက်သုံးဆီမှောင်ခိုတင်သွင်းမှုကြောင့် နိုင်ငံတော်အခွန်ငွေများနစ်နာ
  1. ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားအရေး နှစ်နိုင်ငံဆွေနွေးမည်

နိုင်ငံရေးသတင်း

  1. ၂၀၁၂-၂၀၁၃ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေပြဋ္ဌာန်း
  2. လက်ပံတောင်းတောင်အရေးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တွင်းအရေးကြီးအဆိုတင်သွင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

စက်သုံးဆီမှောင်ခိုတင်သွင်းမှုကြောင့် နိုင်ငံတော်အခွန်ငွေများနစ်နာ

အစိုးရသစ်လက်ထက်မှစတင်၍ မြန်မာနိုင်ငံအတွင်း စက်သုံးဆီလွတ်လပ်စွာ တင်သွင်းရောင်းချခွင့် ပြုထားသော်လည်း မသမာသူအချို့မှ စက်သုံးဆီမှောင်ခို အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော် တင်သွင်းခဲ့သည့်အတွက် နိုင်ငံတော်အခွန်ငွေ ကျပ် ၆၀ ဘီလီခန့် နစ်နာဆုံးရှုံးခဲ့ရကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် စက်သုံးဆီ မှောင်ခိုတင်သွင်းမှုများကို သတင်းပေးတိုင်တန်းမှုများ ရှိသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဆီသယ်ယာဉ်များအား စစ်ဆေးခြင်းမပြုရပာု ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အတွက် သက်ဆိုင်ရာဒေသခံ အာဏာပိုင်များအနေဖြင့် ဝင်ရောက်စစ်ဆေးရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချခွင့်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့်လည်း သွင်းကုန်လိုင်စင်ဖြင့် တရားဝင် သယ်ယူခြင်းများရှိသကဲ့သို့ နယ်စပ်ဒေသမှ မှောင်ခိုတင်သွင်းခြင်း၊ ခွင့်ပြုထားသည့်ပမာဏထက် ပိုမိုသယ်ဆောင်တင်သွင်းခြင်းများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် စက်သုံးဆီကဏ္ဍမှ အခွန်ကောက်ခံရရှိမှုနှင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှု(GDP)အချိုးမှာ သုံးရာခိုင်နှုန်း ရှိသော်လည်း ယခုနှစ်တွင် ပိုမိုလျော့နည်းလာပြီး နိုင်ငံတော်အခွန်ငွေ ရရှိမှုများမှာလည်း ယခင်နှစ်များထက် ပိုမိုကျဆင်းလာကြောင်း သိရ သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လမ်းဘေးစက်သုံးဆီဆိုင်များ အပါအဝင် စက်သုံးဆီများနှင့်ပတ်သက်၍ အရေးယူခြင်း မပြုရန်နှင့် စစ်ဆေးအရေးယူမည်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ နိုင်ငံတော်အခွန်ငွေ နစ်နာဆုံးရှုံးမှုများရှိသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုအဆင့်ကော်မတီတစ်ရပ် ဖွဲ့စည်း၍ နယ်စပ်မှောင်ခို တင်သွင်းမှုများကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                YC

                                ******************************************************

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားအရေး နှစ်နိုင်ငံဆွေနွေးမည်

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၂ ကြိမ်မြောက် မြန်မာ-ထိုင်း ရွေပြောင်းအလုပ်သမား ဆွေးနွေးပွဲကို ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အမှတ်(၃/၂၀၁၂)အရသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆွေးနွေးရန်အတွက် မြန်မာနိုင်ငံမှအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးမြင့်သိန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

စက်ရုံ၊ အလုပ်ရုံနှင့် ငါးဖမ်းသင်္ဘောများပေါ်တွင် မတရားဖိနှိပ်စေခိုင်းနေခြင်းမှ ကာကွယ်ပေးရန်၊ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသော မြန်မာ အကျဉ်းသားအများကို ပြစ်ဒဏ်လျှော့ပေါ့ပေးရန်နှင့် လွှတ်ငြိမ်းချမ်းသာခွင့်ပြုရန်၊ ၂၀၀၃ ခုနှစ်ကတည်းက ရေးထိုးခဲ့သော MoU အား ပြန်လည်ပြင်ဆင် ဖြည့်စွက်ရန်နှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ထိုင်းနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်းက ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သော အချက် များကိုပါ   ထည့်သွင်းဖြည့်စွက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ထုတ်ပေးနေသော ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို လာမည့် ဒီဇင်ဘာလတွင် ရပ်ဆိုင်းတော့မည်အကြောင်းနှင့် နိုင်ငံသားစိစစ်ခြင်းနှင့်ဆိုင်သော အချက်များကိုပါ ပြန်လည်ဆွေးနွေးသွားမည်ဖြစ်သည်။

နိုင်ငံတာကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား(၂)သန်းကျော် ဝင်ရောက်အလုပ် လုပ်ကိုင် နေထိုင်ပြီး မှတ်ပုံတင်ထားသော်လည်း ယာယီနိုင်ငံကူးလက်မှတ်ထုတ်ယူရန် ကျန်ရှိသူအလုပ်သမား(၃)သိန်းခန့်နှင့် မှတ်ပုံမတင်ရသေးသော အလုပ်သမား (၁)သန်းခန့်ရှိကြောင်း ခန့်မှန်းကြသည်။

                                                                                                                                                    YC

*********************************************************************************************

နိုင်ငံရေးသတင်း

၂၀၁၂-၂၀၁၃ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေပြဋ္ဌာန်း

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကို ပြဋ္ဌာန်းကြောင်း ပြည်ထောင်စုလွှတ်တော်မှ နိုဝင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

သုံးငွေကိုစီမံခန့်ခွဲရာတွင် ပြည်ထောင်စုလွှတ်တော်မှ ယခုပြဋ္ဌာန်းခဲ့သည့် ဥပဒေပါပြဋ္ဌာန်းချက်များ၊ ၂၀၁၂ ပြည်ထောင်စု၏ ဘဏ္ဍာာငွေအရ အသုံးဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအတွက် ကျပ်သိန်းပေါင်း ၁၂၄၈၃၅၆၀ ကို ခွင့်ပြုထားခဲ့ သော်လည်း အစိုးရက လုံလောက်မှုမရှိသဖြင့် ကျပ် ၄၃၀.၃၉၅ ဘီလီယံကို ထပ်မံတိုးမြှင့်တောင်းခံမှုကြောင့် ယင်းနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှု ကျပ် ၂ ထရီလီယံကျော်(ကျပ်သန်းပေါင်း ၂၀၈၁၉၈၁)သို့ တိုးလာခဲ့ကြောင်း သိရသည်။

မူလအသုံးစရိတ်အရ ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၃.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ အစိုးရ၏ တိုးမြှင့်တောင်းခံသည့် အသုံးစရိတ် သစ်ကြောင့် ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၄.၀၇ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်းသိရသည်။

လက်ရှိဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေတွင် ကာကွယ်ရေးအသုံးစရိတ်သည် အစိုးရအသုံးစရိတ်ထက် ၂၄ ရာခိုင်နှုန်းပိုမိုသုံးစွဲ ထားပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ စရိတ်အများဆုံး အသုံးပြုထားကြောင်း သိရသည်။

                            YC

******************************************************

လက်ပံတောင်းတောင်အရေးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တွင်းအရေးကြီးအဆိုတင်သွင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပယ်တောင်ကြေးနီစီမံကိန်းမှ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးအမြတ်ရရှိမှု တစ်စုံတစ်ရာ ရှိ၊ မရှိနှင့် လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်များအပေါ် အကျိုးသက်ရောက်မှုတို့ကို ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးသွားရန် ပြည်သူ့ လွှတ်တော်မှ နိုင်ငံတော်သမ္မတအားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပုလဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၁၅ ရက်မြောက်နေ့၌ တင်သွင်းခဲ့ရာ လွှတ်တော်မှ အတည်ပြုခဲ့ကြောင်းသိရသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်မှ  လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စာချုပ်များ ရပ်တန့်လိုက်မည်ဆိုပါက နောက်ပိုင်းတွင် ပြည်တွင်းသို့စီးဝင်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကန့်သတ်ချက် ရှိသွားစေနိုင်မည်ဖြစ်သည့် အပြင် နိုင်ငံတော်အနေဖြင့်လည်း တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံးနေမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် တရုတ်နိုင်ငံ ဝမ်ဘအို(Wanbao Mining Ltd.)တို့မှ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားခဲ့သည့်အတွက် သတ္တုတွင်းဝန်ကြီးဌာနမှ ၂၀၁၀ မတ်လ ၅ ရက်နေ့တွင် ခွင့်ပြုမိန့်(၀၀၀၃/၂၀၁၀)ဖြင့် နှစ်ရှည် နှစ်(၆၀)မြေဌားဂရမ်အား ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ခွင့်ပြုမိန့်အမှတ်(၄၃၈/၂၀၁၀)ဖြင့် ထပ်မံခွင့်ပြုခဲ့သည့်အတွက်  တရုတ်နိုင်ငံ ဝမ်ဘအို ကုမ္ပဏီက အမေရိကန်ဒေါ်လာ(၉၉၉)သန်းရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခဲ့ကြောင်းသိရသည်။ ယင်းစီမံကိန်း လုပ်ဆောင်နိုင်ရန် အမြဲဦးပိုင်ပေါက်ပြီး မြေ (၄၈၂၆.၇)ဧက၊ ဦးပိုင်အမြဲမဖြစ်သည့်မြေ(၂၃၀.၈၆) ဧက၊ လန(၃၉)မရှိသည့်မြေ(၁၇၂၅.၃၇)ဧကတို့အနက် (၆၇၈၂.၉၃)ဧကကို ပေးလျော်ခဲ့သည့်အပြင် စီမံကိန်းနယ်မြေနှင့် လွတ်ကင်းမှုမရှိသည့် ကျေးရွာပောာင်းများရှိ နေအိမ်များကိုလည်း နေအိမ်အမျိုးအစားအလိုက် အဆောက်အအုံဖျက်ဆီးမှု နစ်နာ ထောက်ပံ့ကြေး ပေးလျော်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်မှ ဖြေကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ လူမှုစီးပွား ဆုတ်ယုတ်မှုများနှင့် အကျိုးအမြတ်တစ်စုံတစ်ရာ မရှိမှုများကြောင့် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ယင်းဒေသခံပြည်သူများက ၂၀၁၂ ဖေဖော်ဝါရီလမှ စတင်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စီမံကိန်းလုပ်ကိုင်ခြင်းများကို ရပ်ဆိုင်းထားရကြောင်း သိရသည်။

YC

*******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခွန်စနစ်က နိုင်ငံရေးနဲ့အများကြီး ဆက်နွယ်ပါတယ်။ အခြေအနေတွေကြောင့် လုပ်လို့ရတာကို မလုပ်ခဲ့သလို လုပ်လို့မရတာတွေလည်း လုပ်ခဲ့ကြပါ တယ်။ အစိုးရသစ် တက်လာတဲ့အချိန်မှာ အဓိကအပြောင်းအလဲလုပ်ချင်တာက အခွန်နဲ့ ပတ်သက်တာတွေပါ။ အဓိကက ရှင်းလင်းလွယ်ကူတဲ့ အခွန်စနစ် ဖြစ်အောင် ပြုပြင်ပြီးရင် အားလုံးသိအောင်လုပ်ပေးရမယ်”

နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်း(စ်) ဂျာနယ် အတွဲ ၃၀၊ အမှတ် ၅၉၆ တွင်ပါရှိသာ “ဒီမိုကရေစီနှင့်အညီ အခွန်စနစ် ပြောင်းလဲမည်” သတင်းမှဘဏ္ဍအခွန်ဝန်ကြီးဌာန ဝန်ကြီးဟောင်း သမ္မတရုံးဝန်ကြီးဦးလှထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

****************************************************

“ရခိုင်အရေးကိစ္စကို နယ်နိမိတ်အနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ နိုင်ငံသားအများစုရဲ့ဆန္ဒကို လိုက်ရှာရမယ်။လူ ၁၀၀ မှာ ၆၀ က အများစုဆန္ဒဖြစ်လို့ လိုက်နာရမည်ဆိုရင်တောင်မှ အနည်းစုဖြစ်တဲ့ ၄၀ ကို အကာအကာအကွယ်ပေးရမည် ဆိုတာသည် မဲဆန္ဒပေးပိုင်ခွင့်ရှိသော နိုင်ငံသားများဆိုပြီး အကန့်အသက်ရှိတယ်။ ဥပမာ အမေရိကန်မှာဆိုရင် Green Card ရထားရုံနဲ့ မဲပေးလို့မရဘူး။ လူနည်းစု၊ လူများစုဆိုတဲ့နေရာမှာ နိုင်ငံသားကိုပဲ ဦးစားပေး စဉ်စားတယ်ဆိုတာ နိုင်ငံတိုင်းရဲ့ကမ္ဘာနိယာမပဲ။ ဒါကိုတော့ခွဲခြား နားလည်ဖို့လိုတယ်။”

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် Street View Journal အတွဲ(၁) အမှတ် (၂၆) တွင်ပါရှိသော “ရခိုင်အရေးပေါ် ကိုကိုကြီးသုံးသပ်ချက်”မှ ကောက်နှုတ်ဖော်ပြချက်။

*********************************************************

လာဘ်ပေးလာဘ်ယူတွေက အရင်တုန်းက ဖြစ်ခဲ့တာတွေပေါ့နော်။ နောက်ဒီလိုမဖြစ်အောင်တော့ လုပ်ရမှာပေါ့။ အမေအမြဲ ပြောခဲ့ပါတယ်။ လာဘ်ပေး လာဘ်ယူကိစ္စရပ်အောင် လုပ်ရမှာပဲ။ လူတွေရဲ့စိတ်တွကို ပြင်မှရမယ်။ ရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ပြင်ရမည်။ ပြီးတော့ ပြည်သူ ပြည်သား တွေလည်းပါဝင်ရမယ်။ ဒါကို အခုကစပြီး ပြုပြင်လာပြီလို့ ထင်တယ်။ ဒီလိုပဲ ကြည့်ရမှာပေါ့နော်”

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် Street View Journal အတွဲ(၁) အမှတ် (၂၆) တွင်ပါရှိသော “လာဘ်ပေးလာဘ်ယူပပျောက်ဖို့ ရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်  ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------

 

                              

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive