Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၆.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံတွင် ခရက်ဒစ်ကဒ် စတင်ထုတ်ဝေရန် JCB စီစဉ်

(The Japan Times မှ 24 Nov 2012 ရက်ဆွဲပါ “JCB to debut credit card in Myanmar “ သတင်ကိုဘာသာပြန်ဆိုသည်)

  1. အနောက်အုပ်စုနိုးကြားလာခြင်းက တရုတ်တန်ခိုးထွားမူကို နှေးကွေးအောင်လုပ်

(The Daily Star မှ 25 Nov 2012 ရက်စွဲပါ “West’t Wake makes China Wane” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

****************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ခရက်ဒစ်ကဒ် စတင်ထုတ်ဝေရန် JCB စီစဉ်

(The Japan Times မှ 24 Nov 2012 ရက်ဆွဲပါ “JCB to debut credit card in Myanmar “ သတင်ကိုဘာသာပြန်ဆိုသည်)

ဂျပန် JCB သည် ကုမ္ပဏီသည် လာမည့်နှစ်တွင် မြန်မာနိုင်ငံတွင် ခရစ်ကဒ်လုပ်ငန်းကိုစတင်ရန် စီစဉ်ထားပြီး ကနေဦးတွင်နိုင်ငံခြားသား ဧည်သည့်များကိုပစ်မှတ်ထားကာ နောက်ပိုင်းတွင် ပြည်တွင်းသုံးစွဲသူများ ခရက်ဒစ်ကဒ်ထုတ်ပေးခြင်းကို ၂၀၁၄ တွင်စတင်သွားမည်ဟု ကုမ္ပဏီသတင်း ရပ်ကွက်က သောကြာနေ့တွင် ပြောကြားသည်။

တိုကျိုအခြေစိုက် ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် JCB ခရက်ဒစ်ကဒ်များသုံးစွဲစေရန် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်း မြန်မာနိုင်ငံတွင်ဝန်ဆောင်မှု ကွန်ယက်တည်ဆောက်ခြင်းကို လာမည့်နှစ်တွင် စတင်မည်ဟု ၎င်းကဆိုပါသည်။

JCB ကုမ္ပဏီသည် ပြည်တွင်းဘဏ်များမှတဆင့် ခရက်ဒစ်ကဒ်များကို ၂၀၁၄ တွင်စတင်မည်ဟု သိရှိရသည်။JCB သည် မြန်မာနိုင်ငံတွင် ပထမဆုံးခရက်ဒစ်ကဒ် ထုတ်ဝေသူဖြစ်လာရန် မျှော်လင့်ထားပြီး ၎င်းနိုင်ငံတွင် ခရက်ဒစ်ကဒ်လုပ်ငန်း လုပ်ကိုင်မည့်အစီအစဉ်ကို JCBနှင့် အခြားကုမ္ပဏီ ၃ ခုတို့က အောက်တိုဘာလက သဘောတူညီမှုရရှိခဲ့ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ပြည်တွင်းဘဏ်များသည် လွန်ခဲ့သော ၁၀ နှစ်ကျော်က ခရက်ဒစ်(အကြွေးဝယ်ကဒ်)များကို ထုတ်ဝေခဲ့ကြဘူးသော်လည်း ထိုစဉ်က အမျှော်အမြင်ကြီးမားသော နိုင်ငံအကြီးအကဲ၏ လမ်းညွှန်ချက်ကြောင့် ပြန်လည်းဖျက်သိမ်းခဲ့သည်ဟု ရန်ကုန်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

**************************************************

အနောက်အုပ်စုနိုးကြားလာခြင်းက တရုတ်တန်ခိုးထွားမူကို နှေးကွေးအောင်လုပ်

(The Daily Star မှ 25 Nov 2012 ရက်စွဲပါ “West’t Wake makes China Wane” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ယခင်နှစ်ပေါင်းများစွာ အတားအဆီးမရှိ ခြေလုမ်းကျဲခဲ့သော တရုတ်နိုင်ငံလွှမ်းမိုးမှုသည် ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံနှင့်နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလာခြင်းကြောင့် ခြိမ်းခြောက်ခံနေရပြီဟု ကျွမ်းကျင်သူများက ပြောခဲ့သည်။

အာရှစီးပွားရေး တရုတ်နိုင်ငံသည် ဗီတိုအာဏာသုံးစွဲခွင့်ရှိသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂ၏လူ့အခွင့်အရေး ကိစ္စအရေးယူ ဆုံးဖြတ်ချက်များကို ကာကွယ်ပေးခြင်း၊ ကူသန်းရောင်းဝယ်ခြင်း၊ စစ်လက်နက် ရောင်းချပေးခြင်း တို့မှတဆင့် မြန်မာတပ်မတော်အစိုးရကို ကာလရှည်ကြာကာကွယ် စောင့်ရှောက်ပေးခဲ့သည်။

အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ တည်ငြိမ်မူကိုဖြစ်ပေါ်စေပြီး ယင်းနိုင်ငံမှ ရေနံ၊ ဓါတ်ငွေ့နှင့်သဘာဝသယံဇာတများ ထုတ်ယူခွင့် ရရှိသွားခဲ့သည်။

သို့သော်လည်း မြန်မာ့တပ်မတော်အစိုးရက မနှစ်ကအာဏာစွန့်လွှတ် ဖျက်သိမ်းသွားခဲ့သောကြောင့် Burma ဟုသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သော လက်တံအချို့ ဆုံးရှုံးသွားခဲ့ရသည်။

ယခုအခါ ဥရောပနှင့်အမေရိကန် ကုမ္မဏီများသည် မြန်မာနိုင်ငံတွင် စီးပွားမရှာရန်ပိတ်ပင်ထားမှုမှ ကင်းလွတ်သွားကြပြီဖြစ်ရာ မြန်မာဈေးကွက် နှင့် သယံဇာတများအတွက် တရုတ်၊ အိန္ဒိယအပါအဝင် အာရှတလွှား ကုမ္မဏီများနှင့်ယှဉ်ပြိုင်ရာတွင် လိုက်မှီနိုင်အောင် လမ်းပွင့်သွားပြီဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ မကြာသေးမီက ရန်ကုန်ခရီးစဉ်သည် ဝါရှင်တန်နှင့် မြန်မာနိုင်ငံအကြား ပြန်လည်တည်ဆောက်နေသော ဆက်ဆံရေး အကြီးအကျယ် ပြောင်းလဲနွေးထွေးလာခြင်းကို အထင်အရှားဆုံး ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဟောင်ကောင်ယူနီဗာစတီမှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရီနော့အီးဂရက်တူးက “မြန်မာနိုင်ငံသည် ကာလရှည်ကြာ မှီခိုခဲ့ရသော တရုတ်နိုင်ငံထံမှ ပြန်လည် ခွာထွက်ခြင်းလမ်းပေါ်တွင် ရောက်နေပြီ”ဟု ပြောကြားသည်။

“တစ်ဦးထဲမောင်ပိုင်စီးတဲ့ မိုနိပိုလီခေတ်အဆုံးသတ်သွားပြီ ဆိုတာကတော့ ရှင်းနေပါတယ်။ ဒါပေမဲ့အားကောင်းတဲ့ လွှမ်းမိုးမှုကတော့ ကျန်နေ တုန်းပဲ”ဟု ၎င်းကမှတ်ချက်ပေးသည်။

တရုတ်နိုင်ငံ တန်ခိုးထွားလာခြင်းကြောင့် အာရှပစ္စဖိတ်ဒေသသည် အမေရိကန်မူဝါဒမဟာဗျုဟာမြောက် ရွှေ့ပြောင်းခြင်း အစီအစဉ်တစ်ရပ် အဖြစ် အမေရိကန်တို့၏ သံတမန်ရေး ခြေလှမ်းကျဲမှုများသည် မနှစ်က ဟီလာရီကလင်တန်၏  နေပြည်တော်ခရီးကြောင့် ပိုမိုထင်ရှားလာခဲ့ပြီး ဘီးဂျင်းကို တုန်လှုပ်သွားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ တန်ခိုးထွားလာမူကိုနှေးကွေးအောင် ဟန့်ထားရာမှာ စစ်ရေးနဲ့မဆိုင်တဲ့ နည်းလမ်းတွေ ပိုမိုအသုံးပြု ပါလိမ့်မယ်”ဟု China Institute of Conternporary  International  Affairs မှ ဒါရိုက်တာယွန်းပင်းက သုံးသပ်သည်။

“ဝါရှင်တန်သည် ရည်မှန်းချက်အောင်မြင်ဖို့အတွက် မဟာမိတ်ဖွဲ့ခြင်း၊ လုပ်ဖော်ကိုင်ဖက် အဆင့်မြင့်ခြင်း၊ တရုတ်နှင့် မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာတို့အကြားဆက်ဆံရေးကို သပ်လျှိုခြင်းတို့ ပြုလုပ်လိမ့်မည်ဟု ယခုနှစ်အစောပိုင်းက အစိရင်ခံစာတွင် ယွန်းပင်းက ရေးသားထားသည်။

ဘီးဂျင်းရှိ ရှင်းဟွာယူနီဗာစတီမှ နိုင်ငံခြားရေးရာကျွမ်းကျင်သူ ပါမောက္ခချန်ကွီက “ဘယ်လိုပဲဖြစ်ဖြစ်၊ တရုတ်နဲ့မြန်မာအကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးဟာ တစ်ညတည်းနဲ့ ပျောက်မသွားနိုင်ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံက နိုင်ငံတကာထောက်ခံ အားပေးပံ့ပိုးမှုကို ရသွားပြီဆိုရင်တော့၊ တရုတ်နိုင်ငံက ရှိရင်းစွဲဆက်ဆံရေးကို ထိန်းထားဖို့အတွက်ပိုကောင်းတဲ့ သံသမန်ရေးနည်းလမ်းတွေ လိုအပ်လာမှာပေါ့”ဟု သုံးသပ်ပြောကြားသည်။

                                                                                                             

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၆.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသို့ပို့မည့် မြောက်ကိုရီးယား အလူမီနီယံချောင်းများဖမ်းမိ

(The Chosunllbo မှ 26 Nov 2012 ရက်စွဲပါ “N-Korean aluminium shipment to Burma foiled”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်စီမံကိန်းအတွက် ဖက်စပ်ကုမ္ပဏီများကို ITD ထူထောင်

(World Highways မှ 26 Nov 2012 ရက်စွဲပါ “Joint ventures planned by ITD Myanmar Dawei Project”သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသို့ပို့မည့် မြောက်ကိုရီးယား အလူမီနီယံချောင်းများဖမ်းမိ

(The Chosunllbo မှ 26 Nov 2012 ရက်စွဲပါ “N-Korean aluminium shipment to Burma foiled”သတင်းကိုဘာသာပြန်ဆိုသည်)

စင်္ကာပူကုန်သင်္ဘောတစ်စင်းပေါ်မှ မြောက်ကိုရီးယားပစ္စည်းဖြစ်ဖွယ်ရှိသော အလူမီနီယံစပ်သတ္တုချောင်းများကို သြဂုတ်လကုန်တွင် ဂျပန်အစိုးရက သိမ်းဆည်းရမိခဲ့သည်ပာု အဆာပိာရှင်ဘွန်းသတင်းဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အလူမီနီယံသန့်စင်ရာတွင် အသုံးပြုသော ၎င်းသတ္တု ချောင်းများကို မြန်မာနိုင်ငံသို့ပို့ဆောင်မည့် လက္ခဏာရှိသည်ပာုဆိုသည်။

ထိုင်ဝမ်သင်္ဘောကုမ္ပဏီပိုင် WanHai 313 သင်္ဘောကို တိုကျိုဆိပ်ကမ်းတွင် ကျောက်ချထားသည်။ မြောက်ကိုရီးယား DPRK အမှတ်တံဆိပ် ပါသော သတ္တုပိုက် ၅၀ နှင့် သိပ်သည်းဆနှုန်းမြင့်သော အလူမီနီယံသတ္တုချောင်း ၁၅ ချောင်းကို အာဏာပိုင်များက သိမ်းဆည်းခဲ့ကြပြီး ယင်းပစ္စည်းများကို နျူကလီးယားလက်နက် အစီအစဉ်အတွက် ယူရေနီယမ်သန့်စင်ရာတွင် လိုအပ်သော စွမ်းအားမြင့်ပစ္စည်းများ ဖြစ်သည်ပာုသိရှိရသည်။

မြန်မာအစိုးရသည် အိုဘားမား၏ ရန်ကုန်ခရီးစဉ်မတိုင်မီတွင် ပြုံးယမ်းနှင့် စစ်ဖက်ဆက်ဆံရေး အဆက်ဖြတ်ရန်ကတိပြုခဲ့ပြီး၊ နျူကလီးယား အစီအစဉ်ကို စစ်ဆေးခွင့်ပြုတော့မည်ပာု ထုတ်ပြန်ကြေညာခဲ့သည်။ မြောက်ကိုရီးယားတို့သည် အာဏာရှင်နိုင်ငံများသို့ လက်နက်ရောင်းချမှုမှ နှစ်စဉ် ဒေါ်လာသန်း ရာနှင့်ချီ၍ ရရှိနေသည်။

၎င်းပစ္စည်းများသည် မူလက ဒါလီယဉ်းရှိ အခြားသင်္ဘောတစ်စင်းပေါ်တွင် ရှိခဲ့ပြီး ရှိနုဆိပ်ကမ်းမှ WanHai 313 သင်္ဘောပေါ်သို့ သြဂုတ်လ ၉ ရက်တွင် ပြောင်းရွှေ့ခဲ့သည်။ ယင်းသင်္ဘောသည် မလေးရှားမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်မည်ဖြစ်သည်။ သို့သော် အမေရိကန်အစိုးရ၏ တောင်းဆိုမှု ကြောင့် သင်္ဘောသည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ တွင်ဝင်ရောက် ရပ်နားခဲ့သည်။

၎င်းအလူမီနီယံစပ် သတ္တုချောင်းများကို အခြားကုမ္ပဏီတစ်ခု၏မှာယူမှုဖြင့် ဒါလီယန်အခြေစိုက်ကုမ္ပဏီတစ်ခုက တင်ပို့ခဲ့ခြင်းဖြစ်သည်။ သတ္တု ချောင်းများတွင် DPRK အမှတ်တံဆိပ်ပါသောကြောင့် မြောက်ကိုရီးယားမှ လာသော ပစ္စည်းဖြစ်ကြောင်း အာဏာပိုင်များက မှတ်ချက်ပေးထားသော်လည်း သင်္ဘောအမှုထမ်းများထံမှ ရရှိသော ကုန်ပစ္စည်းပို့ဆောင်မှု အထောက်အထားများဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပာု သတင်းများကဆိုသည်။

***********************************************

ထားဝယ်စီမံကိန်းအတွက် ဖက်စပ်ကုမ္ပဏီများကို ITD ထူထောင်

(World Highways မှ 26 Nov 2012 ရက်စွဲပါ “Joint ventures planned by ITD Myanmar Dawei Project”သတင်းကိုဘာသာပြန်ဆိုသည်)

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၏ လမ်းစီမံခန့်ခွဲမှုနှင့်အခြားကိစ္စရပ်များအတွက် ဖက်စပ်ကုမ္ပဏီများ ထူထောင်ခြင်းကို ကန်ထရိုက်တာ အီတာလျံ-ထိုင်းကုမ္ပဏီ ITD ကဆောက်လုပ်လျက်ရှိသည်။

စီမံကိန်းနှင့်ပတ်သက်သည့် ကားလမ်း၊ ရေလမ်း၊ မီးရထားလမ်း၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုန်များ၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးလုက်ငန်းများ၊ ဆိပ်ကမ်းနှင့် ထားဝယ်ဒေသခံများ ပြန်လည်နေရာချထားရေးကိစ္စများ လုပ်ဆောင်ရန်အတွက် ဖက်စပ်ကုမ္ပဏီက ၈ ခုထူထောင်သွားမည်ပာု သိရှိရသည်။ သီးခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုစီတွင် ITD ကရှယ်ယာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိသာ ပိုင်ဆိုင်မည်ပာု ဆိုသည်။

ဒေါ်လာ ၈.၅ ဘီလျံကုန်ကျမည့် စီမံကိန်းပထမဆင့်အတွက် ကန်ချနာဘူရီ ခရိုင်၊ ဘန်ဖိုင်နာမရွန်မှ ထားဝယ်သို့ လေးလမ်းသွားဖောက်လုပ်ခြင်ူကို ITD က စတင်နေပြီ ဖြစ်သည်။ စီမံကိန်းတွင်ပါဝင်ရန် စိတ်ဝင်စားကြောင်း၊ ထုတ်ဖော်ပြောကြားထားသော ကုမ္ပဏီများတွင် တောင်ကိုရီးယား၊ ထိုင်း၊ ဥရောပ၊ ဂျပန်၊ တရုတ်နိုင်ငံများမှ ကုမ္ပဏီများပါဝင်ကြသည်။

                                        ***********************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၆.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းသည် မြန်မာနိုင်ငံသာနစ်နာရကြောင်းဝေဖန်ပြောကြား
  2. မြန်မာနိုင်ငံ၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ စီးပွားရေးပုံစံသစ်တွေ့ရှိနိုင်ရန်ဖြစ်ကြောင်း ဦးသန်းမြင့်ဦးပြောကြား
  3. အမေရိကန်နှင့် နိုင်ငံတကာ အကူအညီဖြင့် သတ္တုတွင်းဥပဒေ အသစ်ပြန်လည်ရေးဆွဲမည်

နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီပာု နိုင်ငံတော်သမ္မတ မှတ်ချက်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းသည် မြန်မာနိုင်ငံသာနစ်နာရကြောင်း ဝေဖန်ပြောကြား

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် မက်လုံးပေးသည့်အနေဖြင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ပာုဆိုသော်လည်း ယင်းကင်းလွတ် ခွင့်ပြုထားသည့် အခွန်များအပေါ် ၎င်းတို့နိုင်ငံမှ အခွန်အပြည့်အဝ ပြန်လည်ကောက်ယူမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံသာ အခွန်ဆုံးရှုံးနစ်နာရမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပြောရမယ်ဆိုရင် မြန်မာကမက်လုံးပေးတဲ့အနေနဲ့ အခွန်ကင်းလွတ်ခွင့်ပေးပေမယ့် အဲဒီကုမ္ပဏီက သက်သာခွင့် ရမသွားဘူး။ သူတို့နိုင်ငံကို ငွေပြန်လွှဲတဲ့အခါ အခွန်ကောက်တာခံရတာပဲ။ အဲဒီတော့ မြန်မာမရဘူး၊ လာလုပ်တဲ့နိုင်ငံကခြား ကုမ္ပဏီလည်း မရဘူး တကယ် ရသွားတာက သူတို့နိုင်ငံပဲ။ ဥပမာ သူတို့နိုင်ငံက သူတို့ကို ဝင်ငွေခွန် ၄၀ ရာခိုင်နှုန်း သတ်မှတ်တယ်ဆိုပါစို့။ မြန်မာက လွှတ်ပေးလိုက်တဲ့အတွက် ဒီနိုင်ငံမှာ အခွန်ဆောင်ထားတဲ့ အထောက်အထား မရှိဘူးဆိုရင် ၄၀ ရာခိုင်နှုန်း အပြည့်ကောက်လိုက်တာပဲ။ မြန်မာက ၂၅ ရာခိုင်နှုန်း ကောက်လိုက်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းကိုနှုတ်ပေးပြီး ၁၅ ရာခိုင်နှုန်းပဲ ထပ်ဆောင်ခိုင်းတော့တယ်။ ဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အခွန်ကင်းလွတ်ခွင့်ပေးတာ မြန်မာနိုင်ငံ မရတာပဲရှိတယ်။ ဒီတော့ နစ်နာတာပေါ့"ပာု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသုတစ်ဦးကပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း အခွန်ကောက်ခံရရှိမှု နည်းပါးရခြင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ကင်းလွတ်ခွင့် ပေးခြင်းတစ်ချက် အပါအဝင် ကိုယ်ကျိုးအတွက် အခွန်လုံးဝတိမ်းရှောင်နေခြင်း၊ အရှုံးပြကာ အခွန်တိမ်းရှောင်နေခြင်းနှင့် တရားမဝင်လုပ်ကိုင်ကာ အခွန်ရှောင်တိမ်းခြင်း၊ အခွန် ဆောင်လေ့မရှိ၍ အခွန်စနစ်ဖြင့် မရင်းနှီးခြင်းနှင့် ပေးဆောင်သည့်အခွန်များအား မည်သည့်နေရာတွင် အသုံးချသည်ကို ထင်သာမြင်သာမရှိမှုများကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများတွင် အခွန်ရရှိမှုနှင့် ဂျီဒီပီအချိုးများမှာ အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။

YC

****************************************************

မြန်မာနိုင်ငံ၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ စီးပွားရေးပုံစံသစ်တွေ့ရှိနိုင်ရန်ဖြစ်ကြောင်း ဦးသန်းမြင့်ဦးပြောကြား

မြန်မာနိုင်ငံ၏ ယခုတွေ့ကြုံနေရသည့် အကြီးမားဆုံးစိန်ခေါ်မှုမှာ ပြုပြင်ပြောင်းလဲရေးအရှိန်အပာုန်ကို အထောက်အကူပြုသော စီးပွားရေးပုံစံသစ် တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတသို့ အကြံပေးနေသည့် သမိုင်းသုတေသီ ဦးသန်းမြင့်ဦးက AP သတင်းဌာနသို့ ပြောကြား သွားခဲ့သည်။

ယခု မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူမပြုသည့် အဓိကစီးပွားရေးပုံစံနှစ်မျိုး လွှမ်းမိုးလျက်ရှိပြီး ပထမတစ်ခုမှာ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်အကြီးစား ရင်းနှီးမြှုပ်နှံသူများတို့၏ မပာာမိတ်ဖွဲ့စည်းထားသည့်ပုံစံနှင့် ကျန်တစ်ခုမှာ လက်ဝဲယိမ်း တံခါးပိတ်ရေး မူဝါဒပုံစံတို့ဖြစ်ကြောင်း သိရသည်။ သို့သော် အမေရိကန်ကုမ္ပဏီများ ဝင်ရောက်လာပါက တတိယပုံစံတစ်မျိုး ဖြစ်ထွန်းလာနိုင်ရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထုတ်ပြန် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်တွင်းသို့ဝင်ရောက် ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအကြောင်း လေ့လာနေသည့် စီးပွားရေးပညာရှင်များက တစ်စိုက်တစ်မိုက် လေ့လာငြင်းခုန်လျက်ရှိပြီး အစိုးရ၏စီးပွားရေးမူဝါဒဆိုင်ရာ အပြောင်းအလဲများကို ဆက်လက်စောင့်ကြည့် နေလျက်ရှိကြောင်း သိရသည်။

YC

****************************************************

အမေရိကန်နှင့် နိုင်ငံတကာ အကူအညီဖြင့် သတ္တုတွင်းဥပဒေ အသစ်ပြန်လည်ရေးဆွဲမည်

ပြီးခဲ့သည့် ၁၉၉၄ စက်တင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် သတ္တုတွင်းဥပဒေအား UNDP၊ အာဆီယံနှင့် အမေရိကန်နိုင်ငံရှိ ပညာရှင်များ၏ အကူအညီများဖြင့် အသစ်ပြန်လည် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သတ္တုတွင်းဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲမှု ပြီးစီးသွားပါက လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး ယင်းဥပဒေအား လွှတ်တော်မှအတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအားကောင်းလာစေနိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံရှိ သတ္တုတွင်းထွက် ပစ္စည်းများဖြစ်သည့် ရွှေနှင့် စိန်ထည်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ ရောင်းချလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များအတွက် အဓိကထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။  

မြန်မာ့သတ္တုကဏ္ဍတွင် အမှတ်(၁)နှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်းနှင့် မြန်မာပုလဲလုပ်ငန်းတို့မှ ကဏ္ဍအလိုက် ခွဲဝေလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာ့သတ္တုတွင်းကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်စေရေးအတွက် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ချုပ်အပါအဝင် အကြီးတန်းအရာရှိများ အမေရိကန်နိုင်ငံသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၁၉၉၅ ခုနှင့် ၉၆ ခုနှစ်များတွင် အမေရိကန်နိုင်ငံမှ မြန်မာ့သတ္တုတွင်းကဏ္ဍများ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင် ခဲ့သော်လည်း ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုလုပ်လိုက်ပြီးနောက်အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

YC

******************************************************************************************************

နိုင်ငံရေးသတင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီပာု နိုင်ငံတော်သမ္မတ မှတ်ချက်ပြု

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတသို့ လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့ရာတွင် သမ္မတက အဆိုပါဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွှတ်ခြင်း မရှိကြောင်းနှင့် အာဏာသုံးရပ်တို့ကို တက်နိုင်သမျှပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပာူသော ဒီမိုကရေစီကျင့်သုံးမှုအပေါ် အလေး ထားရန်လိုအပ်ကြောင်း သဘောထားမှတ်ချက်နှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် သဝဏ်လွှာပေးပို့ ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် အဆိုပါဥပဒေကြမ်းသည် ပုဒ်မ(၁၁)၊ ပုဒ်မခွဲ(က)တွင် မူလပြဋ္ဌာန်းချက်ဖြစ်သည့် "နိုင်ငံတော်၏ အရ အသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ထူးခြားသောအခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း"အစား "နိုင်ငံတော်၏ အရအသုံး စာရင်းများစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ တစ်နှစ်လျှင်အနည်းဆုံး တစ်ကြိမ်တင်ပြခြင်း၊ ထူးခြားသော အခြေအနေကို အခါအားလျော်စွာတင်ပြခြင်း"ဖြင့် ပြင်ဆင်ပြဋ္ဌာန်းရန်ကိစ္စမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မတင်ပြလာပါက တောင်းခေါ်ဆောင်ရွက်နိုင်သော ကိစ္စဖြစ်သည့်အတွက် ပြင်ဆင်ရန်မလိုအပ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ပုဒ်မ(၁၁)၊ ပုဒ်မခွဲ(ဏ)အဖြစ် "ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့ အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကိုစစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ် လာလျှင် စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း"ပာု ဖြည့်စွက်ပြဋ္ဌာန်းရန်ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၂ ပုဒ်မခွဲ(ဃ)ပါ "ပြည်ထောင်စု စာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်"ပာူသောပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေသည်ကိုတွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။

ပုဂ္ဂလိကထံမှရရန်ကြွေးများနှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၏ မှားယွင်းမှု၊ အလွဲသုံးစားမှုကြောင့် နိုင်ငံတော်ထံသို့ ပြန်လည်ပေးသွင်းရမည့် ငွေကျပ် သန်းပေါင်း  လေးသောင်းကျော်ရှိကြောင်း ပြည်ဆောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်နှင့်စပ်လျင်း၍ နိုင်ငံတော်သမ္မတထံသို့ အရေးကြီး အဆို တင်သွင်းခဲ့ကြောင်းကို သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အမှတ်(၅/၂၀၁၂)ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

YC

*******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

“အလုပ်သမားတွေအနေနဲ့ သူများနိုင်ငံမှာ အလုပ်သွားလုပ်တယ်ဆိုရင် သူတို့နိုင်ငံချမှတ်ထားတဲ့ စည်းကမ်းအတိုင်း နေရမယ်။ စည်းကမ်းမလိုက်နာရင် သူတို့ဘက်က ထောက်ကွက်တခုဖြစ်မယ်။ ဒါ့ကြောင့် သူ့ဘက်ကအရင်ရန်စတာတွေ ရှိတယ်။ ဒီလိုရန်စရင်လဲ သက်ဆိုင်တဲ့တာဝန်ရှိသူတွေကို တိုင်ကြားဖို့လိုတယ်။ ဒါမှမဟုတ်ဘဲ ကိုယ့်ဘက်က စိတ်လိုက်မာန်ပါသဘောမျိုးနဲ့ ပြန်ပြီးတုန့်ပြန်လိုက်ရင် သူအမှားက ကိုယ့်အမှားဖြစ်သွားမယ်”

နိုဝင်ဘာ ၂၈ ရက်နေ့ထုတ၊် မြန်မာပို့စ်ဂျာနယ် ၊ အတွဲ ၄ အမှတ် ၄၆ တွင်ပါရှိသော “ပြည်ပရောက် မြန်မာအလုပ်သမားများ စိတ်လိုက်မာန်ပါ ဖြေရှင်းခြင်းထက် ဥပဒေနှင့်အညီဖြေရှင်းခြင်းကပိုပြီး သင့်တော်မည်ဟုဆို”သတင်းမှ အလုပ်သမား ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင် ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                    *************************************************

“ဗဟိုချုပ်ကိုင် ပုံစံမျိုးမဟုတ်ဘဲ ဒီမိုကရေစီနည်းလမ်းနဲ့ မဲပေးရွေးချယ်တယ်ဆိုပေမယ့် ဝင်ပြီးအရွေးခံမယ့်လူစာရင်းကို အဲဒီပါတီကြီးတစ်ခုက မြို့နယ်ကို ပေးတာမျိုးတွေရှိတယ်၊ ဒါကိုမြို့နယ်ကလဲ မငြင်းဘဲ လက်ခံတယ်၊ ဒါကပြည်သူ့ဆန္ဒနဲ့ ဘယ်လိုညီမှာလဲ”

နိုဝင်ဘာ ၂၉ ရက်နေ့ထုတ်၊ သတင်းတမန်ဂျာနယ်၊ အတွဲ ၃ အမှတ်၂၈ တွင်ပါရှိသော “ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုး ရွေးချယ်ရာတွင် နိုင်ငံရေး ပါတီကြီးတစ်ချို့ ဝင်ရောက်စွက်ဖက်နေ” သတင်းမှ ပြည်သူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                ***********************************************

“အစိုးရဘက်က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်ထဲမှာ ပါတီဖွဲ့၊လွှတ်တော်ထဲဝင်ပြီး တိုင်းရင်းသားတွေတောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဥပဒေမှာ ပြင်ရမယ်။ ဥပဒေကိုပြင်ဆင်ခွင့်က လွှတ်တော်မှာဘဲ တာဝန်ရှိတယ်။ ဒါ့ကြောင့် လွှတ်တော်ရောက်အောင် လုပ်ကြပါလို့ ပြောထားတယ်။ အဲဒီ့ကျတော့ တိုင်းရင်းသားတွေဘက်ကကျတော့ အာမခံချက်မရှိဘူးလို့ ထင်တယ်။ ဒါကလဲ ယုံကြည်မှု မတည်ဆောက်နိုင်ကြတာပေါ့။ အဓိက တိုင်းရင်းသားတွေ ရချင်တာက ဘာမဆိုအမခံချက်ရှိဖို့ပေါ့။ ဘာအာမခံချက်မှမရှိဘဲ ယောင်ဝါးဝါးနဲ့ လွှတ်တော်ရောက်သွားမှာကို သူတို့မကြိုက်ဘူး။ ဒီတော့ လွှတ်တော်ကို မသွားခင်မှာ အစိုးရလူကြီးတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လွှတ်တော်ပြင်ပမှာ အကြေအလည်ဆွေးနွေးပြီး သဘောတူညီချက် ရချင်ကြတယ်။ ဒါက တိုင်းရင်းသားဘက်က လိုလားချက်။ ဒီနှစ်မျိုးက နည်းနည်းကွဲနေတယ်။ နောက် တိုင်းရင်းသားဘက်ကလဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှာကလည်း မူဝါဒလမ်းစဉ်(Road Map)ရှိနေတယ်။ ဒီ(Road Map)နှစ်ခုမှာ ကွာဟချက်နဲနဲလေး ရှိနေတယ်။ ဒီနှစ်ခုရဲ့ ကွာဟချက်ကို ရင်ကြားစေ့နိုင်အောင် နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိုနှိုင်းရမယ်”

နိုဝင်ဘာ ၂၇ ရက်နေ့ထုတ်၊ သစ္စာဂျာနယ်၊ အတွဲ ၅ အမှတ် ၈ တွင်ပါရှိသော “စစ်ပွဲတွေမရပ်သေးသည့် ကချင်ပြည်နယ်နှင့် လွှတ်တော် ပြင်ပ နိုင်ငံရေးသမား ဒေါက်တာတူးဂျာနှင့်တွေ့ဆုံခြင်း”မှ ကောက်နှုတ်ချက်။

*******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive