Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁.၁၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမျှော်အမြင်ကြီးမားကြဖို့

*************************************************************************************************

ဆောင်းပါးကဏ္ဍ

အမျှော်အမြင်ကြီးမားကြဖို့

အယ်ဒီတာအာဘော်

လက်ပံတန်းတောင်ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများက ရပ်ဆိုင်းဖို့တောင်းဆိုခြင်းအပေါ် အစိုးရ၏တုန့်ပြန်ပုံမှာ ဒီမိုကရက်တစ် မဆန် လှသည့်အတွက် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူများက အစိုးရအပေါ် ရှုံ့ချပြစ်တင် ဝေဖန်မှုများကို ပုံနိုပ်မီဒီယာ၊ အွန်လိုင်းမီဒီယာ(online media) အစရှိသည့် အမျိုးမျိုးသောမီဒီယာ မျက်နှာစာများပေါ်တွင် မီးခိုးကြွက်လျောက် ပျံ့နှံ့လျက်ရှိနေသည်ကို တွေ့မြင်နေရသည်။ မြန်မာ့ဒီမိုကရက်တိုက်ဇေး ရှင်း အချိုးအကွေ့၏သိမ်မွေ့မှုကို မကိုင်တွယ်တတ်လျှင် ဒီမိုကရေစီပြည်တော်သာ ခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဝေးနေပေဦးမည်။

နိုင်ငံရေးအပြောင်းအလဲများ၊ စီးပွားရေးအပြောင်းအလဲများဖြင့် မနည်းကြိုးစား ရုန်းကန်နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြဿနာအရပ်ရပ်ကို ထိရောက်မှုအရှိဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မည်လော ဆိုသည့်မေးခွန်းမှာ အမှန်ပင်စိတ်ဝင်စားဖို့ ကောင်းပါသည်။ မြန်မာနိုင်ငံတွင် အသိပညာ၊ အတတ်ပညာအားဖြင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင်တောင် အတော်ကြီးနောက်ကျ ကျန်ရစ်နေသည့်အတွက် ပြဿနာဖြေရှင်းမှုအပိုင်းတွင် အားနည်းချက်များ ရှိနေနိုင်သည်။ ထိုသို့သော အားနည်းချက်သည် ကျိုးပဲ့လွယ်၊ ထိခိုက်လွယ်သည့် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ ရေဆန်ခရီးကြမ်းကို အာဏာပိုင်လမ်းကြောင်း ပုံစံမျိုးသို့တိုင် ရောက်ရှိမသွားရန် နိုင်ငံခေါင်းဆောင်များတွင် အမျှော်အမြင်ကြီးကြီးမားမား ရှိကြဖို့လိုသည်။

ယခု ဖြစ်သွားခဲ့သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ စီးပွားရေးအခြေခံ အကြောင်းအရင်းအပေါ် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း ကြရာမှ အကြမ်းဖက်နှိမ်နင်းသည့် အခြေအနေထိ ဆိုက်ရောက်သွားခဲ့ရသည်။ ထိုသို့သော စီးပွားရေးစီမံကိန်းများမှာ မြန်မာနိုင်ငံအနှံ့တွင် အများအပြားရှိနေပြီး နောင်တွင်လည်း စီမံကိန်းများဆက်လက် အကောင်အထည်ဖော်မည် ဖြစ်သောကြောင့် ယခုလို လက်ပံတန်းတောင် ကြေးနီစီမံကိန်း ပြဿနာမျိုး ဖြစ်ပေါ်လာသည်ရှိသော် ထိန်းထိန်းသိမ်းသိမ်းဖြင့်ကိုင်တွယ်ဖို့ အထူးသတိထားရတော့မည် ဖြစ်သည်။

***************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရခိုင်ပြည်နယ်မှ မူဆလင်နိုင်ငံသားကိစ္စကို မြန်မာအစိုးရစစ်ဆေး

(Associated Press မှ 30 Nov 2012 ရက်စွဲပါ “Myanmar Verifying Muslims citizenship” သတင်းကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်မှ မူဆလင်နိုင်ငံသားကိစ္စကို မြန်မာအစိုးရစစ်ဆေး

(Associated Press မှ 30 Nov 2012 ရက်စွဲပါ “Myanmar Verifying Muslims citizenship” သတင်းကို ဘာသာပြန်ဆိုသည်)

ဇွန်လမှစ၍ဖြစ်ပွားခဲ့သော ရခိုင်နှင့်မူဆလင်အကြမ်းဖက် အဓိကရုဏ်းကြောင့် စုတ်ပြတ်ကြေမွသွားသည့် အနောက်ဖက်ကမ်းရိုးတန်း ရခိုင် ပြည်နယ်တွင် မွတ်ဆလင်များ၏ နိုင်ငံသားဖြစ်ခွင့်အထောက်အထားကို စစ်ဆေးရန်ရည်ရွယ်သည့် အဓိကစီမံချက်ကို မြန်မာအစိုးရက စတင်လိုက်ပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်နေထိုင်သော ရိုဟင်ဂျာမွတ်ဆလင်များအနေဖြင့် မြန်မာနိုင်ငံသားခံယူရန်သတ်မှတ်ချက် ကိုက်ညီခြင်းရှိသလားဟူသော မေးခွန်းများသည် လူပေါင်း ၂၀၀ နီးပါး သေဆုံး၍ ၁၁၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ပဋိပက္ခ၏ အရေးကြိးဆုံးအစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

ရခိုင်ကမ်းရိုးတန်း ပေါက်တောမြို့နယ်အတွင်းရှိ ဝေးလံခက်ခဲ၍ လျှပ်စစ်မီးမရှိသောကျွန်းပေါ်မှ ဆင်သက်မော်ကျေးရွာသို့ ရောက်ရှိခဲ့သော Associated Press သတင်းထောက်အဖွဲ့က ထိုကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် သန်းခေါင်စာရင်း ကောက်ယူသကဲ့သို့ စေ့စေ့စပ်စပ် စစ်ဆေး နေကြသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိများကို တွေ့ရှိခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူဦးဝင်မြိုင်က ၎င်းစီမံချက်ကို ဆင်သက်မော်ကျေးရွာအပါဝင် ပေါက်တောမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အနှံ့ ပြုလုပ်သွားမည်ဟု ပြောကြားသည်။

ယခုအချိန်အထိ မွတ်ဆလင်မိသားစုပေါင်း ၂၀၀၀ ကျော်ခန့်ကို စစ်ဆေးပြီးပြီဖြစ်ပြီး တရားမဝင်နေထိုင်သူများ မတွေ့ရသေးဟု ဦးဝင်းမြိုင်က ဆိုပါသည်။

တရားမဝင်နေထိုင်သူများဟု သတ်မှတ်ခံရသူများ မည်သို့ဖြစ်လာမည်ကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါ။                 ၎င်းတို့ ပြန်ပို့ခံရနိုင်သလားဟူသော မေးခွန်းကို ဦးဝင်းမြိုင်က ဖြေရန်ငြင်းဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Arakan Project အုပ်စုကမူ ယခုစီမံချက်၏ရလဒ်အဖြေများအား ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို အပြီးသတ် ငြင်းပယ် ရာတွင် အသုံးပြုဖွယ်ရှိသည်ဟု ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးသော ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်းလက်သင့်မခံပဲ ပြန်လည်မောင်းထုတ်လျှက်ရှိသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နျူကလီးယားအရေးကိစ္စများ မြန်မာနိုင်ငံကင်းစင်ရန် အထူးလိုအပ်

(The Nation သတင်းစာမှ 29 Nov 2012 ရက်စွဲပါ Myanmar must come clean on nuclear issues ကိုဘာသာပြန်ဆိုသည်)

  1. ဆန္ဒပြစခန်းဖြိုခွဲမှုနှင့်ပတ်သက်၍ တောင်းပန်ရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

(AFP မှ 1 Dec 2012 ရက်စွဲပါ "Suu Kyi demands apology over Myanmar mine dispute"သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

နျူကလီးယားအရေးကိစ္စများ မြန်မာနိုင်ငံကင်းစင်ရန် အထူးလိုအပ်

(The Nation သတင်းစာမှ 29 Nov 2012 ရက်စွဲပါ Myanmar must come clean on nuclear issues ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာမှုနှင့်ပတ်သက်သော သတင်းခေါင်းစဉ်များ ထွက်ပေါ်နေချိန်တွင် တစ်ဖက်၌ နျူကလီးယားလက်နက် အရေးကိစ္စမှာလည်း နှစ်နိုင်ငံအပြန်အလှန် ညှိနှိုင်းဖြေရှင်းရမည့် အရေးအကြီးဆုံး ကိစ္စရပ်အဖြစ် ဆက်လက်ကျန်ရှိ နေဆဲပင် ဖြစ်သည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံ၏နျူကလီးယား ဦးတည်ချက်များနှင့် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်များစွာ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။

သမ္မတဦးသိန်းစိန်က ၎င်း၏ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်ပူးပေါင်းကာ ဒုံးကျည်နည်းပညာများ ရယူခြင်း၊ နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုကို ကတိကဝတ် ပြုထားပြီး ဖြစ်သည်။ မြန်မာ     အစိုးရက မည်သို့ပင်အာမခံချက်များ ပေးနေသော်ငြား ပညာရှင်အချို့နှင့် လေ့လာစောင့်ကြည့်သူအချို့ အဆိုအရ မြန်မာနှင့် မြောက်ကိုရီးယား တို့သည် ဒုံးကျည်နည်းပညာများကို ဆက်လက်ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု ယူဆရသည်။ လူအများအပြား သေကြေပျက်စီးစေနိုင်သော လက်နက်များနှင့် ဒုံးကျည်နည်းပညာများအတွက် အသုံးပြုမည့်ပစ္စည်းများ သြဂုတ်လအတွင်း ဂျပန်နိုင်ငံ၌ကြားဖြတ် ရှာဖွေတွေ့ရှိမှုမှာ စိတ်ပျက် အားလျော့စရာကောင်း သည့်ကိစ္စတစ်ခုဖြစ်ခဲ့သည်။

မြန်မာ-အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးမှာ ယခုလပိုင်းများအတွင်း အံ့မခန်းတိုးတက် ကောင်းမွန်ခဲ့သည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ယခုလအစောပိုင်းတွင် မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် သမိုင်းဝင်ခရီးစဉ်အဖြစ် လာရောက်မှုမှာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အပယ်ခံ ဖြစ်ခဲ့သော တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပျော်ပွဲရွှင်ပွဲကြီးတစ်ရပ်သဖွယ် ဖြစ်ခဲ့သည်။ အိုဘားမား၏ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် အငြင်းပွားဖွယ်ဆက်ဆံရေး လုံးဝပြတ်တောက်လိုစိတ် မြန်မာနိုင်ငံတွင် ရှိ၊ မရှိဟူသော အချက်ပေါ်၌ လုံးဝမူတည်ခဲ့သည်။

၁၉၈၃ ခုနှစ်၊ တောင်ကိုရီးယား လေကြောင်းလိုင်းအား မြောက်ကိုရီးယားတို့ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြန်မာနှင့် မြောက်ကိုရီးယား  နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြည်ပနိုင်ငံများ ကြားဝင်မှုကို မလိုလားသည့် သဘောထားပေါ်၌ အခြေ တည်ခဲ့သည်။ မြန်မာ စစ်ခေါင်းဆောင်များ စစ်လက်နက် နည်းပညာ များဝယ်ယူလာအောင်လည်း မြောက်ကိုရီးယားဘက်က ကောင်းစွာသိမ်းသွင်း ပြောဆိုနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ အဆိုပါစစ်လက်နက်ဆိုင်ရာ အစီအစဉ်များမှာ လုံးဝရပ်ဆိုင်းသွားပြီဟု ဆိုသည်။ အကြောင်းမှာ ဝါရှင်တန်ဘက်က မြင်သာ ထင်သာ ရှိသော မြန်မာ့ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အပေါင်းလက္ခဏာ ဆောင်သော အမြင်မျိုး ထွက်ပေါ်လာခြင်းကြောင့် ရပ်ဆိုင်း သွားခြင်း လည်း ဖြစ်သည်။ ယခုလို ဝါရှင်တန်နှင့် နေပြည်တော်အကြား ရရှိလိုက်သည့် ဆက်ဆံရေးသစ်မှာ ရည်ရှည်ခံသည့် ဆက်ဆံရေးမျိုးဖြစ်ပြီး မြန်မာနှင့် နေပြည်တော် အကြားအန္တရာယ်များသည့် ထိတွေ့ဆက်ဆံမှုများ ထပ်မံမပြုလုပ်နိုင်အောင် ဟန့်တားပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

မြန်မာနျူကလီးယား ရည်မှန်းချက်များမှာ လတ်တလောနှစ်များအတွင်း အာဆီယံအတွက် စိုးရိမ်စရာအရေးကိစ္စ တစ်ခုဖြစ်ခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်၊ ဟနွိုင်းထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာခေါင်းဆောင်များအနေဖြင့် မိမိရပ်တည်ချက်ကို ရှင်းလင်းစွာထုတ်ဖော်ပြသရန် အာဆီယံခေါင်းဆောင်များ က ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်။

နေပြည်တော်က ဗိုလ်ချုပ်ကြီးများက ထိုသို့ပြောဆိုမှုများကို ရှင်းလင်းဖြေကြားမှုမပြုဘဲ ပယ်ချခဲ့ကြသည်ချည်းသာပင် ဖြစ်၏။

ယခုဆိုလျှင် မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည်အသိအမှတ်ပြု လက်သင့်ခံလာပြီဖြစ်သည်။ မြန်မာက စုံစမ်းစစ်ဆေးမှုများ နှင့်အသေးစိတ် အစီရင်ခံစာများ ပြုလုပ်ခွင့်ပေးပြီး မှတ်ကျောက်တင်ခံနိုင်ကြောင်း ပြသခဲ့သည်မှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းသည်။ ထိုသို့မဟုတ် ပါကမြန်မာနိုင်ငံ၏ ဂုဏ်သတင်းကျော်ကြားမှုမှာ သံသယများနှင့်သာ ရင်ဆိုင်ရမည်သာပင်။ သို့အတွက်ကြောင့် မြန်မာအနေဖြင့် မြောက်ကိုရီးယားနှင့် စစ် ဘက်ရေးရာ ဆက်ဆံမှုများနှင့် ပတ်သက်၍ နောက်ဆုံးပိတ် အာမခံချက် တစ်ရပ်ကို အာဆီယံမိတ်ဆွေနိုင်ငံများ သိရှိအောင် ထုတ်ဖော်အသိပေးရန် လို အပ်သည်။

အာဆီယံသည် ဒေသတွင်းနျူကလီးယား ကင်းစင်ရေးနှင့်ပတ်သက်၍ အသေအချာဖြစ်အောင် များစွာကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သည်။ အာဆီယံက ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသော နျူကလီးယားမပြန့်ပွားရေး သဘောတူညီချက်ကို ဂုဏ်ယူအသိအမှတ်ပြုရန် ကမ္ဘာ့နျူကလီး ယား ပါဝါနိုင်ငံကြီးများအား ပြောဆိုထားသည်။ လတ်တလောအနေအထား၌ ယင်းနျူကလီးယား အင်အားကြီးနိုင်ငံများက မပြန့်ပွားရေးစာချုပ် ချုပ်ဆိုရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသထားသည့်တိုင် ၎င်းတို့အနေဖြင့်ရှိထားခဲ့သော နျူကလီးယားလက်နက်များနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်မှုမပြုဘဲ နေနိုင်ခွင့်ရှိထားသည်။ အာဆီယံသည် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ(EAS)၏မူဘောင်အရ အင်အားကြီးနိုင်ငံများအားလုံးနှင့် ထိတွေ့ ဆက်ဆံသွားနိုင်အောင် လုပ်ဆောင်လျက်ရှိသည်။ EAS ဟူသည် ယခုအခါ ဒေသတွင်းအတက်ကြွဆုံးသော ဖိုရမ်တစ်ခုဖြစ်လာပြီး မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာအရေးကိစ္စများကို ဆွေးနွေးလေ့ရှိသည်။ ယခုလို ကမ္ဘာ့အင်အားကြီးနိုင်ငံများ အာဆီယံနှင့်ချိတ်ဆက်ပြီး အရေးကိစ္စကြီးငယ်အသီးသီးကို ဆွေးနွေးကြသည်ဟူသည်မှာ ကောင်းသောလက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။ သို့တိုင်အောင် အာဆီယံအနေဖြင့် ပထမဦးစွာ လိုအပ်နေသည်မှာ နျူကလီးယားကင်းစင်ရေး ရည်မှန်းချက်နှင့်ပတ်သက်၍ ညီညွတ်မှုကိုပြသရန်ပင် ဖြစ်သည်။ ထိုသို့ ပြသနိုင်ခြင်းမရှိပါက အာဆီယံအဖွဲ့ကြီး၏ အလျှော့ အတင်း လုပ်ဆောင်နိုင်သော ပါဝါမှာ လျော့ကျသွားရုံသာ ရှိတော့သည်။

                                                    ****************************************************

 ဆန္ဒပြစခန်းဖြိုခွဲမှုနှင့်ပတ်သက်၍ တောင်းပန်ရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

(AFP မှ 1 Dec 2012 ရက်စွဲပါ "Suu Kyi demands apology over Myanmar mine dispute"သတင်းကို ဘာသာပြန်ဆိုသည်)

မုံရွာရှိ ကြေးနီစီမံကိန်းဆန္ဒပြမှုကို ရဲကအကြမ်းဖက်ဖြိုခွဲရာတွင် သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် တောင်းပန်ရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နှစ်ဖက်စလုံးနှင့် တွေ့ဆုံဆွေးနွေးအပြီးတွင် တောင်းဆိုလိုက်ပါသည်။

မနှစ်က ပြုပြင်ပြောင်းလဲရေး အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဆန္ဒပြသူများအပေါ် အပြင်းထန်ဆုံး နှိမ်နင်းရာမှ ဘုန်းကြီးများနှင့် ရွာသားများ ထိခိုက်ဒဏ်ရာရစေခဲ့သော ကြေးနီစီမံကိန်းပဋိပက္ခကို ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ် အဆုံးသတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ဆေးရုံကုတင်ပေါ်တွင် မီးလောင်ရာများဖြင့်လှဲလျောင်းနေသော သံဃာတော်တို့၏ပုံရိပ်များက ယခင်အာဏာရှင် အစိုးရပောာင်း၏ အကြမ်းဖက် ဖြိုခွဲမှုအလေ့အထများ ထင်ပာပ်နေသောလုံခြုံရေးတပ်၏ အကြမ်းပတမ်းအပြုအမူအပေါ် ပြည်သူလူထုဒေါသထွက်လာအောင် နှိုးဆွပေးခဲ့ပါသည်။

"ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရသလဲလို့ မေးချင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုလုပ်ဖို့မလိုအပ်ပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေကို တောင်းပန်ဖို့လိုတယ်လို့ ကျွန်မယူဆပါတယ်"ပာု ဒေါ်အောင်ဆန်းစုကြည်က အခင်းဖြစ်နယ်မြေသို့သွားရောက်စဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘီဂျင်းကို လေပြေထိုးသည့်အနေဖြင့် အတိုက်အခံခေါင်းဆောင်က ကြေးနီစီမံကိန်း ချက်ချင်းရပ်ဆိုင်းရေး တောင်းဆိုမှုများကို ထောက်ခံရန် ငြင်းပယ်ခဲ့ပါသည်။

"တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ကျေးဇူးရှင်သို့ ကျွန်မတို့ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အိမ်နီးချင်းနိုင်ငံဖြစ်နေလို့ မိတ်ဆွေ ဖြစ်ချင်ပါတယ်"ပာု သူမက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအကျပ်အတည်းအတွက်အဖြေရှာရန် ကြိုးစားသည့်အနေဖြင့် စီမံကိန်းတာဝန်ရှိသူများ၊ ထို့နောက်တွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ ကန့်ကွက်သူ ဒေသခံများနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံပြီးနောက်တွင် အတိုက်အခံခေါင်းဆောင်က လွှတ်တော်တွင် မကြာသေးမီကအတည်ပြုခဲ့သော ကော်မရှင်ကို ဒေသခံရွာသားများ ထည့်သွင်း၍ အမြန်ဆုံးဖွဲ့စည်းရန် မျှော်လင့်သည်ပာု ပြောကြားသည်။

မြန်မာစစ်တပ်ပိုင် စီးပွားရေးဦးပိုင် လီမီတက်နှင့် တရုတ်လက်နက်ကုမ္ပဏီ Wanbao တို့ ဖက်စပ်လုပ်ကိုင်နေသော အကြီးစားကြေးနီမိုင်းကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုးကျိုးရိုက်ခတ်မှုများ လေ့လာရန်အတွက် ဆိုင်းငံ့ထားရန် စီမံကိန်းဆန့်ကျင်သူများက တောင်းဆိုထားကြသည်။

သို့သော် အကောင်အထည်ဖော်လုပ်ကိုင်ခြင်းမရှိပါက ဆိုးကျိုးရိုတ်ခတ်မှုကို တိကျစွာအကဲမဖြတ်နိုင်ပာူသော အစိုးရ၏စောဒကတက်မှုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသည်။

"စီမံကိန်း အကောင်အထည်ဖော်မှုပာာ ဒေသအတွက် အမှန်တကယ် အန္တရာယ်ရှိသလားဆိုသည်ကို အကဲဖြတ်ဖို့ လိုပါတယ်။ ဒါပေမယ့် စီမံကိန်း ရပ်ထားမယ်ဆိုရင် အကဲဖြတ်လို့ မရနိုင်ပါဘူး"ပာု သူမကပြောကြားသည်။

အငြင်းပွားစရာအချက်များကို ဖြေရှင်း၍ပြီးနေပြီပာု တရုတ်ကုမ္ပဏီက ပြောကြားနေသော်ငြားလည်း စီမံကိန်းအတွက် အဓမ္မမြေ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်ပာု ဆန္ဒပြဒေသခံများက စွပ်စွဲထားကြသည်။

ဖော်ပြပါ အကြမ်းဖက်ဖြိုခွဲမှုတွင် လူ ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သံဃာတော်များစွာမှာ အခြေအနေဆိုးနေသည်ပာု ဆန္ဒပြလှုပ်ရှားသူများက ပြောကြားသည်။

**********************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive