Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၎.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထားဝယ်အတွက် အခွင့်အရေးများပေးရန် BOI သို့ပြောကြား

(4 Dec 2012 ရက်စွဲပါ Bangkok Post မှ BOI could sweeten Dawei with privileges ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

ထားဝယ်အတွက် အခွင့်အရေးများပေးရန် BOI သို့ပြောကြား

(4 Dec 2012 ရက်စွဲပါ Bangkok Post မှ BOI could sweeten Dawei with privileges ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ကြီးမားသောစီမံကိန်းကြီးအား ပိုမိုဆွဲဆောင်မှုရှိလာစေရန် ထားဝယ်ရှိ ထိုင်းရင်းနှီးမြှုပ်နှံသူများကို မြှင့်တင်မှုအတွက်ဖြစ်နိုင်သည့် အခွင့်အရေးများပေးကြရန် အလေးပေးရေးအတွက် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့(BOI)သို့ ပြောကြားခဲ့ပါသည်။

“တကယ်လို့ ကျွန်တော်တို့အနေနဲ့ ထားဝယ်စီမံကိန်းပာာ ထိုင်းနိုင်ငံအတွက် မပာာဗျူပာာကျတဲ့ စီမံကိန်းလို့မှတ်ယူခဲ့ရင် ထားဝယ်ကို မြင်သာ ထင်သာ ဖြစ်လာစေလိုတယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ ထားဝယ်မှာရှိတဲ့ ထိုင်းရင်းနှီးမြှုပ်နှံမှုတွေကို ပံ့ပိုးဖို့မက်လုံးပေးရန် လိုအပ်ပါတယ်”ပာု ပို့ဆောင်ရေး ဝန်ကြီး Chatchart Sithipan ကပြောကြားခဲ့သည်။

အစိုးရသည် လေ့လာမှုအတွက် အချိန်ကန့်သတ်ချက် မချမှတ်ရသေးပေ။ သို့သော် ထားဝယ်စီမံကိန်းကို ထိုင်းနိုင်ငံရှိ လက်ရှိရင်းနှီးမြှုပ်နှံမှုပုံစံကို ပုံတူမကူးသင့်ကြောင်း ဝန်ကြီးကပြောပါသည်။

BOI ကပံ့ပိုးသင့်သည့် စီမံကိန်းများတွင် ကားထုတ်လုပ်မှုအတွက် သံမဏိနှင့်ကုန်ကြမ်းများပါဝင်ကြောင်း ဝန်ကြီးချုပ် ယင်လတ်ဥက္ကဋ္ဌအဖြစ် ပါဝင်သော ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေးအပြီးတွင် ယမန်နေ့က Mr.Chatchart ကပြောကြားခဲ့သည်။

Mr.Chatchart ၏အဆိုအရ Eastern Seaboard ဖွံ့ဖြိုးတိုးတက်မှုတွင် လုပ်ကိုင်နေသော အေဂျင်စီများသည် ထားဝယ်စီမံကိန်းတွင် အသုံးဝင် မည့် ကိန်းဂဏန်းအချက်အလက်များ ပြင်ဆင်ထားသင့်ကြောင်း ပြောသည်ပာုသိရပါသည်။

အဆိုပါ သတင်းအချက်အလက်များကို ဒုတိယဝန်ကြီးချုပ် Kitiratt Na-Ranong သဘာပတိအဖြစ် ပါဝင်မည့် ဒီဇင်ဘာလ ၁၆-၁၇ တွင် မြန်မာနိုင်ငံ၌ ကျင်းပရန်ရှိသည့် ကော်မတီခြောက်ခု အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပါသည်။

ယမန်နေ့က အစည်းအဝေးတွင် ထားဝယ်အတွက် အခြေခံအဆောက်အဦး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ အိုင်တီ၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်မှု စည်းမျဉ်းများနှင့်ပတ်သက်၍ နည်းပညာအကူအညီပေးရန် သဘောတူခဲ့ကြပါသည်။

ထိုင်းနှင့်မြန်မာတို့သည် နိုဝင်ဘာလ ကမ္ဘောဒီးယားတွင် ပြုလုပ်သော အာဆီယံထိပ်သီး အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးအတွက် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ပါသည်။ အဆိုပါစီမံကိန်း၏ ပထမအဆင့်လုပ်ငန်းများ ၂၀၁၅ တွင် ပြီးစီးရန်မျှော်လင့်ပါသည်။

နှစ်နိုင်ငံသည် ယခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်စီမံကိန်းများနှင့်ပတ်သက်သော MoU လက်မှတ်ရေးထိုး ခဲ့ပါသည်။

ထားဝယ်စီမံကိန်း၏ ပထမအဆင့် အဓိကစီမံကိန်းရှစ်ခုတွင် လမ်းမများ၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေပေးဝေရေး နှင့် စွန့်ပစ်ရေစနစ်များ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ မြန်နှုန်းမြင့်ရထားနှင့် လူနေအိမ်များပါဝင်ပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. လျင်မြန်သောတရုတ်၏ခေါင်းပုံဖြတ်မှု

(1 Dec 2012 ရက်စွဲပါ Strategy Page မှ Screwed by fracked Chinese ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

လျင်မြန်သောတရုတ်၏ခေါင်းပုံဖြတ်မှု

(1 Dec 2012 ရက်စွဲပါ Strategy Page မှ Screwed by fracked Chinese ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းမှ ရေနံကိုပိုမိုရယူလာရာ မြန်မာနိုင်ငံသည် ပို၍အရေးကြီးလာပါသည်။ တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းမှ ရေနံများမှာ အမေရိကန်အတွက်အရေးပါမှု နည်းလာပါသည်။ (လျင်မြန်သော နည်းပညာသည် တဖြည်းဖြည်း အမေရိကန်အား ရေနံ လွတ်လပ်စွာတင်သွင်းမှုကို ဖြစ်လာစေပါသည်။ မြန်မာနိုင်ငံသည် တရုတ်၏အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် နေရာကောင်းတွင် ရှိနေခြင်းကြောင့် အရေးပါလာပါသည်။ အရှေ့အလယ်ပိုင်းမှ ရေနံများ တရုတ်အနောက်တောင်သို့ တင်ပို့ရာတွင် ပိုမိုဈေးသက်သာသော သယ်ယူပို့ဆောင်ရေးအတွက် တရုတ်သည် ရေနံပိုက်လိုင်း တည်ဆောက်လျက်ရှိပါသည်။ ရေနံများကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ သယ်ယူလာပြီး၊ ပိုက်လိုင်းမှတစ်ဆင့် တရုတ်သို့ ပို့ဆောင်မည် ဖြစ်ပါသည်။ ယခု ဆယ်စုနှစ်အကုန်တွင် တရုတ်သည် ၎င်းလိုအပ်သောရေနံ၏ ၇၀% ကိုတင်သွင်းမည်ဖြစ်ရာ အများစုကို အိန္ဒိယသမုဒ္ဒရာမှ တစ်ဆင့် တင်သွင်းမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပိုက်လိုင်းနှင့်ပတ်သက်သော သဘောတူညီချက်မှာ ပြဿနာဖြစ်နိုင်သည့် အလားအလာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဖြတ်သန်းခအများစုသည် အဂတိလိုက်စားသော အစိုးရ တာဝန်ရှိသူများထံသို့သာသွားပြီး ပိုက်လိုင်းအတွက် မြေပေးခဲ့သော ဒေသခံများမရသောကြောင့် ဖြစ်ပါသည်။ မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများ မငြိမ်သက်ရန် အကြောင်းတစ်ရပ် ဖြစ်လာနိုင်ပါသည်။

ပိုက်လိုင်းကဲ့သို့သော တရားဝင်ကိစ္စရပ်များတွင် အဂတိလိုက်စားမှုများ ရရှိနေသည့်အပြင် တရုတ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တရားဝင် လုပ်ဆောင်မှုတွင်လည်း အဓိကပါဝင်နေပါသည်။ အကြီးဆုံးတရားမဝင် လုပ်ငန်းတစ်ခုမှာ သစ်လုပ်ငန်းဖြစ်ပါသည်။ တရုတ်ကုန်သည်များသည် သစ်များကို ဝယ်ယူ၍ တရုတ်သို့ တင်ပို့ကြပါသည်။ ဒေသခံအစိုးရ တာဝန်ရှိသူများမှာ လာဘ်ငွေယူခဲ့ခြင်းကြောင့် ထိုအရောင်းအဝယ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမို ကြီးထွားလာပါသည်။

ထိုသို့သော ကိစ္စရပ်များမှာ ပိုက်လိုင်း၊ ရေလှောင်တမံနှင့် တရားမဝင်သစ်လုပ်ငန်းများတွင်သာမက ရှိနေပါသေးသည်။ တိုင်းရင်းသားများနေထိုင်ရာ မြောက်ဖက်ဒေသမှ ကြီးမားသောစီးပွားရေး သဘောတူညီချက်များမှာ အစိုးရနှင့်သာ ညှိနှိုင်းခဲ့ခြင်းဖြစ်ပါသည်။ တရုတ်များ သည် မြန်မာအစိုးရအာဏာပိုင်များကို ပေးကမ်းပြီးသည်နှင့် လုပ်ငန်းများကိုစတင် လုပ်ကိုင်ကြတော့သည်။ မကြာသေးမီက ကြေးနီသတ္တုတွင်းတွင် ဒေသခံများနှင့် ပြဿနာဖြစ်ပွားခဲ့သည်။ အဆိုပါ သတ္တုတွင်းလုပ်စဉ်က ဒေသခံများနှင့်တိုင်ပင်ခြင်း၊ သို့မပာုတ် လျော်ကြေးပေးခြင်းများ မရှိခဲ့ပေ။ ရဲများက နေရာ ဖယ်ပေးရန်နှင့် ထိုနေရာများတွင် တရုတ်ကသတ္တုမိုင်းအဖြစ် သုံးမည်ဆိုသည်ကိုသာ ပြုလုပ်ခဲ့ပါသည်။ ဒေသခံများက ဆန့်ကျင်ခဲ့ကြပါသည်။ အဆိုပါ ကိစ္စသည် နိုင်ငံရေးကိစ္စဖြစ်လာပါသည်။ ထိုကိစ္စကြီးသည် ဒီမိုကရေစီအစိုးရသစ် ကကတိပေးထားသော အဂတိလိုက်စားမှုများနှင့် ပတ်သက်လျက် ရှိပါသည်။ ထိုကိစ္စအတွက် ညှိနှိုင်းစဉ်ကပါဝင်သော တာဝန်ရှိသူများနှင့် လာဘ်ငွေယူထားသူများက မကျေနပ်ကြပေ။

ရခိုင်ပြည်နယ်တွင် ရဲနှင့် အစိုးရတာဝန်ရှိသူများသည် ရိုပာင်ဂျာများ၏ နိုင်ငံသားအနေအထားကို စစ်ဆေးနေသည်မှာ သုံးပတ်ခန့်ရှိပြီ ဖြစ်ပါသည်။ အများစုမှာ မွတ်ဆလင်များဖြစ်ပြီး မူရင်းအားဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်ပါသည်။ မြန်မာတိုင်းရင်းသားများမှာ ပုံစံအားဖြင့် ခြားနားရုံမျှမက ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်။ ရိုပာင်ဂျာများတွင် နိုင်ငံသားအနေအထား စစ်ဆေးပြီး မပာုတ်ပါကနှင်ထုတ်ရန် ပိုလွယ်သည်ပာု အစိုးရက ယုံကြည်လျက် ရှိပါသည်။ သို့သော် ရိုပာင်ဂျာများကို မည်သည့်နိုင်ငံကမှ လက်ခံလိုခြင်းမရှိပေ။

ပြီးခဲ့သည့် ခြောက်လအတွင်း ရခိုင်ပြည်နယ်မှ ပြင်းထန်သော ဖြစ်ရပ်များကြောင့်(၂၀၀)ကျော်သေဆုံးခဲ့ရာ အများစုမှာ မွတ်ဆလင်များဖြစ်ပြီး ထောင်ပေါင်းများစွာသောအိမ်များ ဖျက်ဆီးခံခဲ့ရပါသည်။ လူပေါင်း ၁၁၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြကာ ၇၅% မှာ မွတ်ဆလင်များ ဖြစ်ကြပါသည်။ ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာများမှာ မည်သည့်အခါမျှ သင့်မြတ်သည်ပာူ၍မရှိဘဲ တင်းမာမှုတစ်ချို့ အမြဲတစ်စေရှိနေတက်ပါသည်။ ယခင် စစ်အစိုးရသည် ဖိနှိပ်စွာအုပ်ချုပ်ခဲ့ပြီး ပြဿနာများကို ပွင့်ပွင့်လင်းလင်းပင် ပြောဆို၍ မရခဲ့ပေ။ ယခု အစိုးရသစ်လက်ထက်တွင် သတင်း လွတ်လပ်ခွင့်ပိုမိုရရှိလာရာ ဗုဒ္ဓဘာသာအများစုက မွတ်ဆလင်ရိုပာင်ဂျာများကို မည်မျှအထိ မနှစ်သက်ကြောင်း ဆွေးနွေးမှုများကို ခွင့်ပြုလာပါသည်။ မြန်မာနိုင်ငံတွင် မြန်မာလူမျိုး ၇၀% ခန့်နေထိုင်ပြီး ၉၀% မှာဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည့်အနက် မွတ်ဆလင်မှာ ၄% သာရှိပါသည်။ အဆိုပါ မွတ်ဆလင်ရာခိုင်နှုန်း၏ တစ်ဝက်ကျော်ကျော်သာ ရိုပာင်ဂျာများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်၏ အစိတ်အပိုင်းများမှာ မွတ်ဆလင်များဝိုင်းရံနေသော ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြပါသည်။ ၎င်းတို့က မွတ်ဆလင်များမှာ ရန်လိုပြီး ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ကြပါသည်။ တောင်ဖက်နှင့် အရှေ့ဖက်တွင် ပြောင်းသွားကြသော မွတ်ဆလင်များကို စည်းရုံးသိမ်းသွင်း နိုင်ခဲ့သော်လည်း ရာစုနှစ်များစွာ မွတ်ဆလင်ရန်ကို ကြောက်နေရဆဲ ဖြစ်ပါသည်။ အနောက်ဖက်အိန္ဒိယတွင်မူ ဇာတ်လမ်းတစ်မျိုး ဖြစ်ခဲ့ပါသည်။ မွတ်ဆလင်များသည် ပိာန္နူများကို ပြောင်းသွားရန် နှစ်ပေါင်းထောင်ချီ၍ တိုက်ပွဲဝင်လျက် ရှိခဲ့ပါသည်။ ယနေ့ အစ္စလာမ်အကြမ်းဖက်မှုသည် အဆိုပါ သည်းခံမှုမရှိခြင်းနှင့် ရက်စက်မှုများ၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်များ၏ စာမျက်နှာသစ် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာများမှာ နိုင်ငံရေးအရ ခွဲခြားခံခဲ့ကြရပြီး မြောက်ပိုင်းမှ တိုင်းရင်းသားများ အပေါ် သဘောထားမှာလည်း နိုင်ငံရေးအရ သွေးခွဲခံရပါသည်။ အားလုံးကမူ ရိုပာင်ဂျာများကို နှင်ထုတ်စေလိုသည့် ဆန္ဒရှိပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိတိုင်းရင်းသားများနှင့် ဘာသာရေးအရပြင်းထန်သော ဖြစ်ရပ်များမှာ ရခိုင်ပြည်နယ်တွင်သာ အဖြစ်များပါသည်။ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃.၈ သန်းထိုင်ပြီး၊ ရိုပာင်ဂျာအများစုဖြစ်သော မွတ်ဆလင်များမှာ ရှစ်သိန်းခန့် ရှိပါသည်။ ၎င်းတို့မှာ ဘင်္ဂါလီများဖြစ်ပြီး မြန်မာ နိုင်ငံသို့ ၁၉ ရာစုနှစ်ကတည်းက ပြောင်းရွှေ့လာသူများ ဖြစ်ပါသည်။ ထိုစဉ်က ဗြိတိသျှကိုလိုနီ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကို အုပ်ချုပ်လျက် ရှိခြင်းကြောင့် ထိုပြောင်းရွှေ့လာမှုကို ဗုဒ္ဓဘာသာမြန်မာများက ကန့်ကွက်ခဲ့သော်လည်း ခွင့်ပြုခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်ကလည်း အဆိုပါမွတ်ဆလင်များကို ပြန်လည်လက်ခံရန် ငြင်းပယ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏တိုင်းပြည်မှာ လူဦးရေ ထူထပ်လွန်းပြီး ရိုပာင်ဂျာများက နိုင်ငံခြားသားများအဖြစ် ခံယူကြပါသည်။ မြန်မာနိုင်ငံသည် ရိုပာင်ဂျာများကို နိုင်ငံသားအဖြစ် မည်သည့်အခါမျှ လက်ခံမည် မပာုတ်သောကြောင့် ထိုအချက်သည် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာများကြားတွင်တင်းမာမှုကို ဖြစ်စေပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ များလွန်းသောကြောင့် အိမ်နီးချင်းဒေသများ(အထူးဖြင့် အိန္ဒိယ)သို့ တရားမဝင် ဝင်ရောက်မှုများသည် ပိုမိုကြီးထွားလာသော ပြဿနာများဖြစ်လာပါသည်။

၁၉၉၀ ခုနှစ်က ပြင်းထန်သော ဖြစ်ရပ်ဖြစ်ပွားရာ ရိုပာင်ဂျာနှစ်သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပါသည်။ ထိုအထဲမှ ၂၈၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်နေထိုင်နေပြီး နှစ်သိန်းခန့်မှာ ဘင်္ဂလားဒေ့ရှ်ရှိ အခြားစခန်းများတွင် နေထိုင်နေပါသည်။ အချို့မှာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့ကြပါသည်။ ရိုပာင်ဂျာများကို မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုရန်ကိုသာ တစ်ကမ္ဘာလုံးမှ မွတ်ဆလင်အသိုင်းအဝိုင်းက ထောက်ခံလျက် ရှိပါသည်။ ထိုအချက်ကြောင့် မြန်မာများသည် မွတ်ဆလင် ဝင်ရောက်လာမှုကိုနှိမ်နင်းရန် ပို၍ဆုံးဖြတ်လာကြပြီး ပို၍စစ်သွေးကြွသော မြန်မာများက ရိုပာင်ဂျာများကို မြန်မာနိုင်ငံမှ မောင်းထုတ်ရန် တောင်းဆိုနေကြပါသည်။ ထိုအချက်မှာမူ ဖြစ်နိုင်လိမ့်မည် မပာုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ရိုပာင်ဂျာများကို မည်သူမျှလက်မခံလိုသောကြောင့် ဖြစ်ပါသည်။ ယခုအချိန်အထိ မည်သည့်သဘောတူညီမှုမျှ မရသေးသော်လည်း ရိုပာင်ဂျာများ သည် ၎င်းတို့အားမလိုချင်သော ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးလျက် ရှိပါသည်။ မြန်မာများသည် အနောက်မြောက်ရှိ ရိုပာင်ဂျာများကို ရိုပာင်ဂျာအသိုင်းအဝိုင်း တွင်သာ တစ်စုတစ်စည်းတည်းရှိနေရန် မောင်းထုတ်လျက်ရှိပြီး မွတ်ဆလင်မပာုတ်သော အသိုင်းအဝိုင်းနှင့် ဝေးရာတွင်နေရန် အားပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင်နေထိုင်သော ဗုဒ္ဓဘာသာမပာုတ်သည့် တိုင်းရင်းသားများကလည်း ထိုအဖြစ်အပျက်ဖြစ်မည်ကို ကြောက်နေ ကြပါသည်။ ထိုနေရာတွင် လူဦးရေကျဲပါးသော တိုင်းရင်းသားနယ်မြေများသို့ မြန်မာများ ဝင်ရောက်လာမည်ကို တိုင်းရင်းသားများက မနှစ်မြို့ကြပေ။ တိုင်းရင်းသားဒေသများသည် ဗြိတိသျှက လွတ်လပ်ရေးမပေးမီက မြန်မာနိုင်ငံ၏ အစိတ်အပိုင်းမပာုတ်ခဲ့ပေ။ ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံဖွဲ့စည်းမှုမှာ အလုပ်မဖြစ်ခဲ့ပေ။

ပိုမို၍ စီးပွားရေးပြေလည်သော ရိုပာင်ဂျာများသည် မလေးရှားသို့ ထွက်ပြေးခဲ့ကြပါသည်။ ရိုပာင်ဂျာ ၂၄၀၀၀ ခန့် မလေးရှားတွင် နေထိုင်လျက် ရှိပါသည်။ လူများတရားမဝင် ပို့ပေးသူများသည် တစ်ဦးလျှင် ဒေါ်လာ(၁၀၀၀)ယူ၍ ကမ်းရိုးတန်းတစ်လျှောက် လှေဖြင့်ရိုပာင်ဂျာများကို သယ်ပို့ပါသည်။ ရာသီဥတုဆိုးရွားမှုနှင့် လှေပေါ်တွင် လူများစွာတင်ဆောင်မှုကြောင့် အချို့မှာ ထိုသို့လုပ်ဆောင်ခြင်း မပြုကြပေ။ မလေးရှားသည် မွတ်ဆလင်နိုင်ငံဖြစ်ပြီး ရိုပာင်ဂျာများအတွက် ဒုက္ခသည်စခန်းတွင်ထား၍ သော့ခတ်ထားသော ဘင်္ဂလားဒေ့ရှ်ထက်စာလျှင် ပို၍ကောင်းသော ခရီးလမ်းဆုံးနိုင်ငံ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးသော ရိုပာင်ဂျာများ၏ ၁၀% မှာ မလေးရှားတွင် နေထိုင်နေကြပြီး ကျန်သော(နှစ်သိန်းခန့်)သူများမှာ ဘင်္ဂလားဒေ့ရှ်တွင် ရှိပါသည်။

ယေဘူယျအားဖြင့် မွတ်ဆလင်ကမ္ဘာက မြန်မာနိုင်ငံအပေါ် တုန့်ပြန်ကြခြင်းမှာ ရိုပာင်ဂျာများကို စောင့်ရှောက်ရေးအတွက် မပာုတ်ဘဲ မွတ်ဆလင်များအပေါ် အကြမ်းဖက်၍သုတ်သင်နေခြင်းကို ဖြစ်ပါသည်။ ထိုကိစ္စကို မွတ်ဆလင်ကမ္ဘာတွင် တက်ကြွနေသော်လည်း အနောက်နိုင်ငံများ၏ အာရုံကိုဆွဲဆောင်နိုင်ခြင်း မရှိပေ။ မြန်မာနိုင်ငံနှင့် အိန္ဒိယတွင်မူ ထိုကိစ္စမှာ ကြီးကျယ်သောသတင်းဖြစ်ပြီး ရိုပာင်ဂျာများကို မောင်းထုတ်ရေးအိုင်ဒီယာမှာ ပို၍ပေါ်ပြူလာ ဖြစ်ပါသည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၎.၁၂.၂၀၁၂

ပြည်တွင်းသတင်း  

  1. ငွေအပေးအယူလုပ်ဆောင်မှုများတွင် ငွေသားဖြင့်သာဆောင်ရွက်၍ အခွန်ရှောင်တိမ်း
  1. ယခင်အစိုးရလက်ထက်ကတည်းကပင် မြန်မာ့စီးပွားရေးဦးပိုင် ဝင်ငွေခွန် လုံးဝပေးဆောင်ခြင်းမရှိဗပာိုဘဏ်ဥက္ကဋ္ဌအား
  2. လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးရန် အမျိုးသားလွှတ်တော်၏ ကော်မတီထံတောင်းဆို

နိုင်ငံရေးသတင်း

  1. လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် အသစ်ပြင်ဆင်ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ငွေအပေးအယူလုပ်ဆောင်မှုများတွင် ငွေသားဖြင့်သာဆောင်ရွက်၍ အခွန်ရှောင်တိမ်း

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေပေး၊ ငွေယူလုပ်ဆောင်ရာတွင် ငွေသားဖြင့်သာ ဆောင်ရွက်၍ အခွန်ရှောင်တိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ငွေပေးငွေယူလုပ်ငန်းများတွင် ဘဏ်စနစ်အားအသုံးမပြုဘဲ အခွန်တိမ်းရှောင်နေမှုများနှင့် အကြောင်းအမျိုးမျိုးပြ၍ အခွန်တိမ်းရှောင် နေမှုများအားတားဆီးနိုင်ရန် ဘဏ်စနစ်တိုးမြှင့်မှုများအပြင် အခွန်ကောက်ခံရာတွင် လက်ရှိအသုံးပြုလျက်ရှိသော ဝင်ငွေခွန်အပေါ် အခွန်စည်းကြပ်သည့် စနစ်မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(Self Assessment System)သို့ ပြောင်းလဲကောက်ခံ သွားတော့မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း အခွန်ကောက်ခံရာတွင် အသုံးပြုလျက်ရှိသော ဝင်ငွေခွန်အပေါ် အခွန်စည်းကြပ်သည့် စနစ်သည် အမှန်နှင့် နီးစပ်မှု မရှိသည့်အတွက် အခွန်လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ အနာဂါတ် အခွန်ကောက်ခံရာတွင် အသုံးပြုမည့် အခွန်ထမ်းကိုယ်တိုင် အခွန် စည်းကြပ်သည့်စနစ်သည် အခွန်ထမ်းကိုယ်တိုင် စာရင်းအခြေခံ လူတိုင်းထားရခြင်း၊ ဝင်စာ၊ ထွက်စာများ ထားရခြင်း၊ မိမိလုပ်ငန်းအမြတ်ငွေ အပေါ်တွင် ကိုယ်တိုင် အခွန်ဆောင်ရခြင်း၊ တစ်လတစ်ခါ အခွန်ဆောင်ရခြင်း၊ ဘဏ္ဍာနှစ်ကုန်လျှင် မိမိအမြတ်ငွေကို ကြေညာရခြင်း၊ ၎င်းတို့ကြေညာသည့်အပေါ် အခွန်ရုံးမှ ဆက်လက်စည်းကြပ်အခွန်ကောက်ခံခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အမြတ်ငွေကြေညာရာတွင် လိမ်လည်ကြေညာခြင်းဖြစ်ကြောင်း အခွန်ရုံးမှ စုံစမ်းထောက်လှမ်းတွေ့ရှိပါက ဒဏ်ကြေးအနေဖြင့် ကုန်သွယ် လုပ်ငန်းခွန်ပေးဆောင်ရာတွင် ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းဖြင့် ဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် အသားတင် ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ)နှင့် အခွန်ကောက်ခံရရှိမှု အချိုးတို့ကို နှိုင်းယှဉ် လိုက်ပါက လွန်စွာနည်းပါးနေပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၃.၂ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

                YC

----------------------------------------------------------------------------

ယခင်အစိုးရလက်ထက်ကတည်းကပင် မြန်မာ့စီးပွားရေးဦးပိုင် ဝင်ငွေခွန် လုံးဝပေးဆောင်ခြင်းမရှိ

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်နှစ်ခုလုံး ကင်းလွတ်ခွင့် ရရှိထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သည် ယခု အစိုးရသစ်လက်ထက်တွင် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ထားသော်လည်း ဝင်ငွေခွန် လုံးဝ ပေးဆောင်ထားခြင်း မရှိသေးကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အစိုးရသစ်လက်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ မြန်မာစီးပွားရေး ဦးပိုင်လီမီတက်အနေဖြင့် တစ်ဦးတည်းပိုင် စီးပွားရေးလုပ်ငန်းများတွင် ဝင်ငွေခွန်ဆောင်ရန် မလိုအပ်သော်လည်း ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းများတွင် ဝင်ငွေခွန်ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံသို့ သွားနေပြီဖြစ်သည့်အတွက် အခွန်စနစ်ကို ပိုမိုပွင့်လင်းမြင်သာပြီး အခွန်ပေးဆောင်ရမှု ကျယ်ပြန့်နိုင်စေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၌ပြုလုပ်ခဲ့သည့် အခွန်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

ပြောင်းလဲလာမည့် အခွန်စနစ်သစ်အရ မြန်မာစီးပွားရေးဦးပိုင် လီမီတက်အနေဖြင့် ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်နှစ်ခုစလုံး ပေးဆောင်ရဖွယ် ရှိကြောင်း ပြင်ပ၌သတင်းများ ထွက်ပေါ်လျက်ရှိသည်။

လက်ရှိ မြန်မာစီးပွားရေး ဦးပိုင်လီမီတက်နှင့် တရုတ်ဝမ်ဘိုကုမ္ပဏီတို့မှ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ပြည်သူများ၏ စီမံကိန်းရပ်တန့်ရေးဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

              YC

--------------------------------------------------------------------------

ဗပာိုဘဏ်ဥက္ကဋ္ဌအား လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးရန် အမျိုးသားလွှတ်တော်၏ ကော်မတီထံတောင်းဆို

အမျိုးသားလွှတ်တော်၏ ဘဏ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် ဗပာိုဘဏ်ဥက္ကဋ္ဌအား လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရန် ဘဏ်လုပ်ငန်းရှင်အချို့နှင့် ဘဏ်လုပ်ငန်းဆိုင်ရာပညာရှင်အချို့တို့က တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဗပာိုဘဏ်အနေဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်တွင်ရှိနေသည့်အတွက် လုပ်ကိုင်ခွင့်များ လျော့နည်းလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဗပာိုဘဏ်ဥက္ကဋ္ဌအား လွတ်လပ်စွာလုပ်ကိုင်ခွင့် ပြုလိုက်ပါက ငွေကြေးမူုဝါဒများ အကောင်အထည် ဖော်ရာတွင် မြန်ဆန်သွက်လက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့တောင်းဆိုမှုများကြောင့် အမျိုးသားလွှတ်တော်၏ ဘဏ်များနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက နောက်တစ်ကြိမ် လွှတ်တော်ခေါ်ယူသည့်အချိန်တွင် ယင်းကိစ္စအား လွှတ်တော်သို့တင်သွင်း ဆွေးနွေးပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဘဏ်လုပ်ငန်း ရှင်များနှင့် ငွေကြေးဆိင်ရာပညာရှင်များနှင့် တွေ့ဆုံစဉ် ကတိပေးပြောကြားခဲ့သည်။

ထို့ပြင် ဘဏ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့က ကူညီပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ထုတ်ပြန်ကြေညာခဲ့သည့် ဗပာိုဘဏ်ဥပဒေကြမ်းတွင် ဗပာိုဘဏ်သည် ၎င်း၏ ရည်မှန်းချက် အောင်မြင်စေရန်အတွက် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ စွက်ဖက်မှုကိုမဆို ကင်းရှင်းလွတ်လပ်စွာ သုံးသပ်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြ ပါရှိသည်။

YC

****************************************************************************************

နိုင်ငံရေးသတင်း

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် အသစ်ပြင်ဆင်ဖွဲ့စည်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ရဲတပ်ဖွဲ့ဝင်တို့၏ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေငြာစာ အမှတ်(၉၅/၂၀၁၂)ဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအသစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အဖွဲ့သစ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အတွင်းရေးမှူးအဖြစ် ဦးကျော်တင့်ဆွေ(သံအမတ်ကြီး-ငြိမ်း)မှ တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွန်းသီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယခင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ နုတ်ထွက်သွားကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများ မပါဝင်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် ပါဝင်မည်ဖြစ်သည့်အတွက် လုံလောက်ပြီပာု ယူဆခြင်းနှင့် ကော်မရှင်ဖွဲ့စည်းရာတွင် ပြည်သူများ၏ သဘောဆန္ဒကောက်ခံခြင်း မပြုခြင်းကြောင့်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ထို့ပြင် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗပာန်းမြို့နယ်၌် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်လမ်းလျှောက် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ နှစ်ဦးဖြစ်သည့် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အင်အားသုံးကာ အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း တရုတ် ဝမ်ဘို ကုမ္ပဏီနှင့် မြန်မာစီးပွားရေးဦးပိုင်လီမီတက်တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရန် ဆန္ဒပြသူများနှင့် သပိတ်စခန်း ဖွင့်လှစ်ထားသူများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် အာဏာပိုင်များက ရဲအင်အား ၅၀၀၀ ခန့်သုံး၍ မီးလောင်ဗုံးများဖြင့်ပစ်၍ လူစုခွဲခဲ့သည့်အတွက် ဒေသခံပြည်သူ အများအပြား သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

                YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ     

“လက်ပံတောင်းတောင် စီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ သပိတ်စခန်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ သံဃာထုကို အကာအကွယ်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ဦးစွာရှောင်တိမ်းသွားကြသဖြင့် တပည့်တော်တို့အသုံးပြုခဲ့ကြတဲ့ မျက်ရည်ယိုဗုံးဟာ မထင်မှတ်ဘဲ သံဃာတော် အများစုသာ ထိခိုက်ခဲ့ရတဲ့အတွက် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပေါ်ခဲ့ရပါတယ်။”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၃၇) တွင်ပါရှိသော “မုံရွာသြဝါဒခံယူပွဲ သံဃာအများစု မကြွရောက်” သတင်းမှ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဦးစန်းယု၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                            **************************************

“အခုလက်ရှိပုံစံက အရင်အစိုးရလက်ထက် လုပ်ခဲ့တာတွေကို လက်ရှိအစိုးရက တာဝန်ယူဖြေရှင်းနေရတဲ့ ပုံစံဖြစ်နေတယ်။ လက်ရှိ လက်ပံတောင်းတောင် ကိစ္စမှာလည်း စစ်တပ်ကပိုင်တဲ့ ဦးပိုင်လီမိတက်က ပါဝင်နေတယ်။ အဲဒီအပြင် အရင်တုန်းက သဘောတူထားတဲ့ စာချုပ်တွေကလည်း ရှိနေသေးတော့ နောက်ပိုင်း တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်။”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၄၇) တွင်ပါရှိသော “တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်သူများအားချပြပြီးမှ လုပ်ဆောင်သင့်ဟု လေ့လာသူများက သုံးသပ်ပြောကြား”သတင်းမှ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                            ***************************************

“မြန်မာ့အခွန်စည်းကျပ်ရေးမှာ တိကျမှန်ကန်တဲ့ စည်းကျပ်မှုဖြစ်ဖို့အတွက် အခြေခံလိုအပ်ချက်တွေရှိနေတယ်။ အဲဒါတွေက စီးပွားရေးအခွန်ထမ်းတွေ စာရင်းအင်းကို စနစ်တကျထိန်းသိမ်းဖို့ အားနည်းနေတယ်။ မြန်မာ့စီးပွားရေးလောကမှာ ငွေအပေးအယူကို ငွေသားနဲ့သာ ဆောင်ရွက်နေတာမှားတယ်။ ဘဏ်ဝန်ဆောင်မှုမှာ အသုံးချတာနည်းတယ်။ အခွန်ရှောင်တိမ်းမှုကို အားပေးတဲ့ အထောက်အကူဖြစ်စေတဲ့ ငွေသားနဲ့ ပေးချေတဲ့ အခွင့်အရေးရနေတယ်။”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၄၇) တွင်ပါရှိသော “အခွန်ဥပဒေသစ်၏ ဝင်ငွေခွန်အပေါ် အခွန် စည်းကြပ်သည့်စနစ်သည် အမှန်နှင့်နီးစပ်မှုမရှိ လက်ရှိစနစ်မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကျပ်သည့်စနစ်သို့ ပြောင်းလဲမည်”သတင်းမှ အခွန်ပညာရှင် ဦးဟန်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*****************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive