Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၉.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. အခွန်နှင့်ပတ်သက်သောအသိပညာအားနည်းမှုမရှိရန် အခြေခံကျောင်းများတွင်သင်ကြားမည်
  2. ပြည်တွင်းလျှက်စစ်ဓါတ်အားပိုမို ထုတ်လွှတ်နိုင်ရန် တိုတယ်ကုမ္ပဏီမှသဘာဝဓါတ်ငွေ့ပိုလွှတ်ပေးမည်

နိုင်ငံရေးသတင်း          

  1. အိမ်ထောင်စုစာရင်းဥပဒေမူကြမ်း ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

အခွန်နှင့်ပတ်သက်သောအသိပညာအားနည်းမှုမရှိရန် အခြေခံကျောင်းများတွင်သင်ကြားမည်

                မြန်မာနိုင်ငံတွင်အခွန်နှင့် ပတ်သက်သော အသိပညာအားနည်းမှုများကို ဖြေရှင်းနိုင်ရန်အတွက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း တို့တွင်အခွန်ဆိုင်ရာဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ပူးပေါင်းကာ သင်ကြားပေးရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

ဘာသာရပ်ဆိုင်ရာများကဲသို့ စားမေးပွဲဖြေဆိုရန်မလိုကြောင်း၊ ဖွံ့ဖြိုးရေးအချိန်တွင် အားကစား၊ စိုက်ပျိုးရေးနှင့် အိုင်တီဘာသာရပ်များများ သင်ကြားသည့်အတိုင်း အခွန်ဆိုင်ရာဘာသာရပ်ကိုလည်း အခွန်ဦးစီးဌာနမှ အခွန်ဆိုင်ရာ ပညာရှင် များကလာရောက်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကလေးများစိတ်ဝင်စားမှုရှိအောင်ကျောင်းများတွင် အခြေခံပညာအလယ်တန်းမှစတင်ကာ အခွန်ဘာသာရပ်နှင့် ပတ်သက်ပြီး စာစီစာကုံးပြိုင်ပွဲ များပြုလုပ်ပေးကာ နှစ်စဉ်ဇူလိုင်လတိုင်း အခွန်နှင့်ပတ်သက်သောဟောပြောပွဲများပြုလုပ်ပေး မည်ဖြစ်ကြောင်းသိရသည်။

YC

-----------------------------------------------------------------------

ပြည်တွင်းလျှက်စစ်ဓါတ်အားပိုမို ထုတ်လွှတ်နိုင်ရန် တိုတယ်ကုမ္ပဏီမှသဘာဝဓါတ်ငွေ့ပိုလွှတ်ပေးမည်

ပြည်သစ်ရေနံတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သော Total E & p Myanmar သည် ၎င်းကုမ္ပဏီမှထွက်ရှိသော သဘာဝဓါတ်ငွေ့များမှ ၂၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ဖြန့်ဖြူးပေးရာမှ ၂၀၁၃ ခုနှစ်မှစတင်ကာ ပြည်တွင်းလျှပ်စစ် ဓါတ်အားပေးစက်ရုံများ တိုးမြှင့်ထုတ်လွှတ်ပေးနိုင်ရန် ၂၅ ရာခိုင်နှုန်းကိုတိုးမြင့်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လျှက်စစ်ဓါတ်အားလိုအပ်လျှက်ရှိရာ ဓါတ်အားပိုမိုထုတ်လွှတ်ပေးနိုင်ရန် အတွက်သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်စီစဉ်ဆောင် ရွက်လျှက်ရှိရာ တိုတယ်ကုမ္ပဏီအနေဖြင့်တိုးမြှင့်ဖြန့်ဖြူးပေးရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ကိုအဆိုပါကုမ္ပဏီမှ အထွေထွေမန်နေဂျာ Namita Shax ၏ ပြေားကြားချက်များအရသိရသည်။

မြန်မာနိုင်ငံတွင် ကမ်းလွန်သဘာဝဓါတ်ငွေ့လုပ်ကိုင်နေသည့်ကုမ္ပဏီ ၂၇ ခုအနက် Total E & P Myanmar သည် ၁၉၉၂ ခုနှစ်မှစတင်ကာ ကမ်းလွန်သဘာဝဓါတ်ငွေ့ လုပ်ငန်းများလုပ်ကိုရန် စာချုပ်ဆိုခဲ့ပြီးအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံခဲ့ကာ အဆိုပါရင်းနှီးမြှုပ်နှံမှု များတွင်မြန်မာအစိုးရပိုင် MOGE အနေဖြင့် ၁၅ ရာခိုင်နှုန်းပါဝင်လျှက် ရှိကြောင်း၊ နေ့စဉ်သဘာဝဓါတ်ငွေ့ သန်း ၈၀၀ ထုတ်လုပ်လျှက်ရှိပြီး ပြည်တွင်းသို့ နေ့စဉ်သန်း၂၀၀ နှင့်ပြည်ပသို့ သန်း ၆၀၀ ဖြန့်ဖြူးပေးလျှက်ရှိကြောင်းသိရသည်။

ပြင်သစ်ရေနံကုမ္ပဏီ Total E & P Myanmar သည်မြန်မာနိုင်ငံတွင် လူမှုစီးပွားရေး လုပ်ငန်းများအတွက် ၁၉၉၅ ခုနှစ်မှစတင်ကာ အမေရိကန် ဒေါ်လာ ၂၇ သန်း သုံးစွဲခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ တနင်္သာရီတိုင်းဒေသကြီး ကံပေါက် ဒေသရှိ ကျေးရွာ ၃၃ ရွာအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ကိုထပ်မံသုံးစွဲသွားမည် ဖြစ်ကြောင်းသိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

အိမ်ထောင်စုစာရင်းဥပဒေမူကြမ်း ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု

                မြန်မာနိုင်ငံတွင်လူမှုရေးနှင့် စီးပွားရေးဆိုင်ရာဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် သည်အခန်း ၇ ခန်းပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်ခေါင်းစာရင်းဥပဒေမူကြမ်းရေးဆွဲအတည်ပြုဋ္ဌာန်းလိုက်ကြောင်း ဒီဇင်ဘာ ၉ ရက်နေ့တွင်နိုင်ငံ တော်ပိုင် မီဒီယာများတွင် ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေကြမ်းသည် နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်းဆိုင်ရာအချက် အလက်များကိုတိကျမှန်ကန်စွာရရှိနိုင်ရန် သန်ခေါင်းစာရင်းကောက်ယူခြင်းတို့တွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ကောက်ယူရန်နှင့်ယင်းကို အခြေခံ၍ နိုင်ငံ၏ လူမှုစီးပွးအခြေအနေတိုးတက်ရေးဆိုင်ရာကိစ္စရပ်တို့တွင် ထိထိရောက်အသုံးချနိုင်ရန် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်သူများသိရှိလေ့လာအကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်းဖြစ်ပြီးယင်းအပေါ်မူတည်၍ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အနှံ့ရှိ မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူရာ၌ ခန့်မှန်းကုန်ကျစာရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်းဝန်းကျင် ကုန်ကျမည်ဖြစ်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA မှ အမေရိကန် ဒေါ်လာ ၅ သန်းကူညီမည်ဖြစ် ကြောင်းသိရသည်။

YC

***********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“တရုတ်နဲ့မြန်မာဆက်ဆံရေးမကောင်းတော့တဲ့အခါကျရင် မြန်မာကထွက်ကုန်တွေမဝယ်တောဘူးဆိုရင် အညာကရောင်းတဲ့ ပဲ့တို့၊ နှမ်းတို့ ဒီပြင် စိုက်ပျိုးရေးထွက်ကုန်တွေရဲ့တန်ဖိုးကတစ်နှစ် တစ်နှစ် သန်းတစ်ထောင်လောက်ရှိမယ် ထင်တယ်။ အဲ့ဒါတွေဆုံးရှုံးသွားမယ်ဆိုရင်ရော။ အဲ့တောဟိုဘက် ကဆုံးရှုံးသွားတဲ့တောင်ကြီးတွေ ရဲ့တန်ဖိုးတို့ ဘုန်းကြီးကျောင်းတွေ တန်ဖိုးတို့နဲ့ရောချန်လို့ရမလားဒါတွေ့ကအရမ်းရှုပ်ထွေးတယ်။ အဲ့တော့ဘယ်တန်ဖိုး ကဘယ်လိုရှိတယ်ဆိုတာကအားလုံဆုံးဖြတ်ရမှာပေါ့ ပြည်သူတွေကိုယ်စားပြုတဲ့သူတွေ ဆုံးဖြတ်မှရလိပ်မယ်။ ဒါပေမဲ့ နားလည်အောင်တော့ ဖြစ်နိုင်ချေ ရှိတဲ့ ဆုံးရှုံးမှုရနိုင်တဲ့အကျိုးအမြတ်စာရင်းကောက်ပြရမယ်။ ပြီးတောပမှပြည်သူကဆုံးဖြတ် အားလုံးကလည်းငွေနဲ့ ဆုံးဖြတ်လိုမရဘူးလေအဲ့တော့ နိုင်ငံ အုပ်ချုပ်တဲ့သူက တစ်မျိုးစဉ်းစားမယ်၊ ဒေသခံတွေကတစ်မျိုးစဉ်စားမယ် ကြားလူတွေကတစ်မျိုးစဉ်းစားမယ် ဒါကဒီမိုကရေစီရဲ့သဘာဝပဲလေ ဒီမိုကရေစီ အရဘယ်လိုလုပ်မလဲအားလုံးထိုင်ပြီးအများသဘောတူတဲ့အတိုင်းဆုံးဖြတ်ရမှာပေါ့”

ဒီဇင်ဘာ၁၀ရက်နေ့ထုတ် Street Viev Journal အတွဲ (၁) အမှတ် (၄၈) တွင်ပါရှိသော “လက်ပံတောင်းတောင်ကြီးပျောက်သွားတာ ယဉ်ကျေးမှု တန်ဖိုးတွေပျောက်သွားတာဆိုရင်လည်း ငွေနဲ့တန်ဖိုးဖြတ်လို့မရဘူး” အင်တာဗျူးမှ ဦးဝင်မျိုးသူ (ECO Dev) NGO မှ Managing Director ၏ပြောကြားချက်အားကောက်နှုတ်ချက်။

 --------------------------------------------------------------------------------

ကျွန်မတို့နိုင်ငံမှာအသွင်ကွဲပြားတဲ့တိုင်းရင်းသားလူမျိုးစုများစွာတစ်စုတစ်စည်းတည်းရှိနေတဲ့အတွက် ဂုဏ်ယူပါတယ်။ မတူကွဲပြားမှုတွေက လှပပြီးတော့ လူသားထုကိုပိုမိုတိုးတက်စေတယ်လို့ ယုံကြည်ပါတယ်။ ဒီလိုကွဲပြားတဲ့ လူမျိုစုများစွာစုစည်းထားတဲ့ပြည်ထောင်စုစနစ်ကနေ ကျွန်မတို့အားလုံး ရည်မှန်း ထားတဲ့ပန်းတိုင်ကိုစုပေါင်းပြီး သွားနိုင်ကြမှာပါ။ ဖက်ဒရယ်မှုကိုကျွန်မယုံကြည်ပါတယ်။ ဖက်ဒရယ်မှုဟာတိုင်းရင်းသားတွေကို ခွဲထွက်သွားစေမှာ မဟုတ် ပါဘူး။ တိုင်းရင်းသားတွေကြားမှာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာနိုင်ပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုတာထိရာက်တဲ့စကားလုံးတစ်လုံးပဲ ဖြစ်ပါတယ်

ဒီဇင်ဘာ၁၀ရက်နေ့ထုတ်Thevoice Journal အတွဲ (၈) အမှတ် (၄၉) တွင်ပါရှိသော “ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ မြန်မာနိုင်ငံရေးပြေားကြားချက်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

----------------------------------------------------------------------------------

ကျွန်တော်တို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက နည်းပညာဥပဒေထပ်ထွက်လာဖို့လိုပါသေးတာပေါ့။ နည်းဥပဒေတွေကိုလည်း ပြင်ဆင်နိုင်ဖို့ကြိုးစားနေတဲ့ အခါကြတော့ အခုလာမယ့်လွှတ်တော်မှာအတည်ပြုနိုင်မယ်လို့ အများစုကလည်းမျှော်လင့် ထားတယ်။ ဥပဒေနဲ့နည်းဥပဒေရှိပြီးဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူ တွေကဒီဟာတွေကိုကြည့်ပြီးစဉ်းစားမယ် နောက်တစ်ခုကတော့ တစ်ခြားတည်ငြိမ်မှုတွေ တစ်ခြားအာမခံချက်တွေကိုလည်း သူတို့အနေနဲ့ကြည့်မှာပဲလေ State Building နဲ့ Nation Building မှာတော့ဒီလုပ်ငန်းတွေအကုန်လုံးကိုအားလုံးက Stake Holder အားလုံးကဝိုင်းပြီးလုပ်မှဖြစ်မှာပေါ့။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ဘာစဉ်းစားသလည်းဆိုရင် ဒေတွင်းနိုင်ငံတွေနဲ့ကျွန်တော်တို့နိုင်ငံနဲ့အခွင့်အရေးခြင်းယှဉ်ရင် ကျွန်တော်တို့ဆီမှာကဘာအား သာတာလည်းတရားဥပဒေစိုးမိုးမှုရှိလား၊ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရှိသလားChack& Balance ရှိသလားမီဒီယာလွတ်လပ်ခွင့်ရှိသလား ဥပဒေတွေ အားလုံးကို လေးစားလိုက်နာမှုရှိသလားအဲ့ဒီလိုပေတံတွေရှိတာပေါ့ဗျာ။ ပေတံတွေအားလုံးကိုအစိုးရတင်မဟုတ်ဘူးပါဘူး။၊ ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံးကစာမေးပွဲဖြေရတဲ့ သဘောပါပဲဒီရင်းနှီးမြှုပ်နှံမှုတွေလာတယ်ဆိုတာအဲ့တော့။ အဲ့သည်အထဲကနေမှဘယ်သူကိုရွေးချယ် မလဲဆိုတာသူတို့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ဆုံးဖြတ်တဲ့ကိစ္စပဲ။

ဒီဇင်ဘာ၁၀ရက်နေ့ထုတ် Street Viev Journal အတွဲ (၁) အမှတ် (၄၉) တွင်ပါရှိသော “ဆန္ဒထုတ်ဖေါ်မှု ပြည်တွင်းအခက်ခဲများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုရှိမလား” သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦးဖြစ်ပြီးစီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

*************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

****************************************************************************************

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၉.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ ပဋိပက္ခဘေးဒဏ်သင့်သူများထံသွားရောက်နိုင်ရန် ကုလကြိုးပမ်း

(AFP သတင်းမှ 8 Dec 2012 ရက်စွဲပါ "UN seeks access to Myanmar Conflict displaced"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်တွင် ယုံကြည်မှု ပျောက်ဆုံးလျက်ရှိဟုကုလသမဂ္ဂသုံးသပ်

(UPI သတင်းဌာနမှ 6 Dec 2012 ရက်စွဲပါ Amos sees lack of trust in Myanmar ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ ပဋိပက္ခဘေးဒဏ်သင့်သူများထံသွားရောက်နိုင်ရန် ကုလကြိုးပမ်း

(AFP သတင်းမှ 8 Dec 2012 ရက်စွဲပါ "UN seeks access to Myanmar Conflict displaced"သတင်းကိုဘာသာပြန်ဆိုသည်)

နိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခကြောင့် နေစရာမရှိသောအိုးအိမ်မဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာထံ ကယ်ဆယ် ထောက်ပံ့မှုပိတ်ဆို့ထားခြင်းကို ရပ်ဆိုင်းပေးရန်ကုလလူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲက မြန်မာအစိုးရကို တောင်းဆိုလိုက်ပြီး ဆောင်းရာသီ ကျရောက်လာခြင်းကြောင့် ဒုက္ခသည်များနေထိုင်မှုအပေါ် စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်တင်ပြလိုက်ပါသည်။ "မြန်မာစစ်တပ်နှင့် ကချင်သူပုန် တို့အကြား တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ ၇၅,၀၀၀ ခန့်အနက် တစ်ဝက်ကျော်ထံသို့ ကုလအကူအညီမရောက်နိုင်ဘဲ တားဆီးခံနေရသည်" ပာု ဖယ်လာရီအေမို့စ် ကထိုဒေသသို့သွားရောက်ပြီးနောက် ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

"၂၀၁၂ ဇူလိုင်လထဲကကုလသမဂ္ဂပာာ အစိုးရထိန်းချုပ်ဧရိယာအပြင်ဖက်က ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတဲ့ ဒုက္ခသည် ၃၉,၀၀၀ ထံအကူ အညီပေးဖို့ သွားရောက်ခွင့်မရတော့ပါဘူး" ပာုကုလလူသားချင်း စာနာကူညီမှုရေးရာနှင့် အရေးပေါ်ကယ်ဆယ်မှုဆိုင်ရာ ညှိနှိုင်းရေးတာဝန်ခံ အေမို့စ်က ဆိုပါသည်။

"ဒေသခံလုပ်ဖော်ကိုင်ဖက်များက အစားအစာနှင့် အခြားအကူအညီများ ထောက်ပံ့ဖြန့်ဖြူးပေးနေသော်လည်း ၎င်းတို့၏ သိုလှောင်မှုလျော့နည်း နေပြီဖြစ်ပြီး၊ ဆောင်းရာသီဝင်လာသောကြောင့် ပိုမိုကူညီထောက်ပံ့ရန် အရေးကြီးနေပြီ"ပာုသူမကပြောကြားသည်။ မြန်မာ့တပ်မတော်နှင့် ကချင် KIA တပ်ဖွဲ့တို့အကြား ၁၇ နှစ်ကြာအပစ်ရပ်စဲထားမှု ၂၀၁၁ ဇွန်လတွင် ကျိုးပေါက်သွားပြီးနောက်ပိုင်းယခုကဲ့သို့ စစ်ဘေးရှောင် ဒုက္ခသည်များ ပေါ်ပေါက် လာခြင်းဖြစ်သည်။

ကုလလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးဌာန OCHA ပြောရေးဆိုခွင့်ရှိသူကအစိုးရသည် လုံခြုံရေးကိုအာမခံနိုင်ခြင်းမရှိသောကြောင့် သူပုန် ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခွင့်မပေးခြင်းဖြစ်သည်ပာုပြောကြားသည်။ ကုလသမဂ္ဂကိုယ်စားလှယ် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးအစိုးရ ထိန်းချုပ်နယ်မြေနှင့် သူပုန်ထိန်းချုပ်နယ်မြေနှစ်ခုစလုံးသို့ သွားရောက်ခွင့် မရခြင်းကြောင့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်ပာု ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်နှင့် အချိန်ကုန်ခဲ့သော မြန်မာအစိုးရသည် ယခုအခါ အဓိကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များစွာနှင့် အပစ်ရပ်သဘောတူညီမှုများ လက်မှတ်ထိုးထားသော်လည်း ကချင် KIA တပ်ဖွဲ့နှင့် အပစ်ရပ်ရန်ကိစ္စမှာမူ နှစ်ဖက်စလုံး အယုံကြည်ပျက်မှု ကြောင့် ကြန့်ကြာလျက်ရှိသည်။

ထို့အပြင် အနောက်ဖက် ကမ်းရိုးတန်းဒေသတွင် ရခိုင်နှင့် ရိုပာင်ဂျာများအကြားပဋိပက္ခဖြစ်ပွားနေမှုသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ပေါ်မှအတားအဆီးအခက်အခဲများဖြစ်သည်ပာု နိုင်ငံတကာကမှတ်ချက်ပေးထားသည်။ မြန်မာနိုင်ငံ ၄ ရက်ခရီးစဉ်အတွင်းကချင်နှင့် ရခိုင်ဒေသနှစ်ခုစလုံးသို့ သွားရောက်လေ့လာခဲ့သူအေမို့စ်က နိုင်ငံမဲ့ရိုပာင်ဂျာများ၏ အခက်အခဲကိုဆွေးနွေးခဲ့ပြီးရခိုင်ဒေသမှ ဒုက္ခသည် ၁၁၅,၀၀၀ ခန့်၏ ဆင်းရဲဒုက္ခကိုလည်းစိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့သည်။

                                                    ****************************************************************

 မြန်မာပြည်တွင် ယုံကြည်မှု ပျောက်ဆုံးလျက်ရှိဟုကုလသမဂ္ဂသုံးသပ်

(UPI သတင်းဌာနမှ 6 Dec 2012 ရက်စွဲပါ Amos sees lack of trust in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှအာဏာပိုင်များအနေဖြင့် ကုလသမဂ္ဂ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့်အဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းကာရခိုင်ပြည်နယ်တွင်းဆူပူအုံကြွမှုများကြောင့် ဒုက္ခရောက်နေသူများကိုအကူအညီပေးရန် အထူးလိုအပ်ကြောင်း ကုလသမဂ္ဂထိပ်တန်း အရာရှိကြီး တစ်ဦးကပြောကြားသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ အကြီးအကဲ Valerie Amos က မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ပြီး အာဏာပိုင်ခေါင်းဆောင်များ နှင့်တွေ့ဆုံကာရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်သူများကိုထောက်ပံ့နိုင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။" ရခိုင်ပြည်နယ်ထဲမှာယုံကြည်မှု ပျောက်ဆုံး နေတယ်။ ကုလသမဂ္ဂနဲ့ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေလုပ်ကိုင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို မြန်မာနိုင်ငံရေး ခေါင်း ဆောင်တွေကျောထောက်နောက်ခံပြုပေးဖို့ လိုအပ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သောလူစုဖွဲ့ဆူပူအကြမ်းဖက်မှုများနှင့် လူမျိုးရေးဆိုင်ရာပဋိပက္ခတွင် လူပေါင်းဒါဇင်နှင့် ချီကာသေဆုံးခဲ့ပြီးထောင် ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောဆိုရာ၌ ၎င်းတို့အစိုးရသည် လက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ရေးအတွက် လက်တွဲလုပ်ကိုင်လျက်ရှိကြောင်းပြောဆိုသည်။

"မြန်မာပြည်မှာမတူညီတဲ့ တိုင်းရင်းသားလူမျိုးတွေကြားမှာတင်းမာမှုတွေ အင်မတန်ဖြစ်ပေါ်နေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးတကြီးလုပ်ဆောင်ဖို့အထူးလိုအပ်နေပါတယ်" ဟု Amos ကပြောသည်။ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခ၌ လူပေါင်း ၈၉ ဦးသေဆုံးပြီး ၃၆၀၀၀ ခန့်နေရာရွှေ့ပြောင်းခံလိုက်ရသည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive