Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၅.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. ကိုယ်ပိုင်အခွန်စည်းကြပ်စနစ် ယခုနှစ်မှစတင်၍ နယ်ပယ်သတ်မှတ်၍ စမ်းသပ်ကောက်ခံမည်
  2. မှောင်ခိုနိုင်ငံခြားငွေလဲလှယ်မှုများ ပပျောက်စေရန် ငွေလဲကောင်တာများ အကန့်အသတ်မရှိဖွင့်လှစ်ခွင့်ပြုမည်

နိုင်ငံရေးသတင်း

  1. လာမည့်လွှတ်တော်စည်းဝေးပွဲတွင် ဘတ်ဂျက်ဆိုင်ရာဥပဒေသုံးခု ပြဋ္ဌာန်းမည်
  2. ပွိုင့် ၁၇၇ တောင်ကုန်းနှင့်ပတ်ဝန်းကျင်ဒေသများအား မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်မှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ကိုယ်ပိုင်အခွန်စည်းကြပ်စနစ် ယခုနှစ်မှစတင်၍ နယ်ပယ်သတ်မှတ်၍ စမ်းသပ်ကောက်ခံမည်

လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ကိုယ်ပိုင်အခွန်စည်းကြပ်ကောက်ခံသည့်စနစ်ကို နယ်ပယ်တစ်ခုသတ်မှတ်ကာ စမ်းသပ်ကောက်ခံ သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ နယ်ပယ်အလိုက် အခွန်စည်းကြပ်ကောက်ခံသည့်စနစ်အား စမ်းသပ်ကျင့်သုံးရာတွင် ပထမဆုံးစီးပွားရေး လုပ်ငန်းရှင်များအားကောက် ခံသွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများမှသာ တစ်နိုင်ငံလုံး အတိုင်းအတာထိ တိုးချဲ့၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလမှစတင်၍ စတင်ကျင့်သုံးတော့မည့် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်မှာ နိုင်ငံသားများအားလုံး နေ့စဉ်ရသုံးငွေစာရင်း ကိုပြုစုထားရှိ၍ တစ်နှစ်အသားတင်အမြတ်ငွေမှ ဝင်ငွေခွန်ကို ငါးသိန်းကျပ်အထိ နှစ်ရာခိုင်နှုန်း၊ ၁၀ သိန်းကျပ်အထိ လေးရာခိုင်နှုန်း ပေးဆောင်ရမည့်စနစ် တစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းစနစ်အား ကျင့်သုံးလိုက်ခြင်းဖြင့် ပြည်တွင်းကုမ္ပဏီအချို့၏ အခွန်တိမ်းရှောင်နေမှုများကို ထိရောက်စွာစစ်ဆေးကောက်ခံနိုင်မည်ဖြစ်သည့် အပြင် နိုင်ငံတော်အနေဖြင့်လည်း အခွန်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အခွန်ကောက်ခံရရှိမှု နည်းပါးရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်း တစ်ချက်အပါအဝင် ကိုယ်ကျိုးအတွက် အခွန်လုံးဝတိမ်းရှောင်နေခြင်း၊ အရှုံးပြကာ အခွန်တိမ်းရှောင်နေခြင်းနှင့် တရားမဝင်လုပ်ကိုင်ကာ အခွန်ရှောင်တိမ်းခြင်း၊ အခွန်ဆောင် လေ့မရှိ၍ အခွန်စနစ်ဖြင့် မရင်းနှီးခြင်းနှင့် ပေးဆောင်သည့်အခွန်များအား မည်သည့်နေရာတွင် အသုံးချသည်ကို ထင်သာမြင်သာ မရှိခြင်းနှင့် နိုင်ငံတော်မှ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များပေးထားမှုများကြောင့် အခွန်ကောက်ခံရရှိမှု နည်းပါးလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ အခွန်စုစုပေါင်း ၁၆၀၀ ဘီလျံကောက်ခံနိုင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လျာထားကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အခွန်ကျပ် ၁၅၀၀ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

YC

------------------------------------------------------------

မှောင်ခိုနိုင်ငံခြားငွေလဲလှယ်မှုများ ပပျောက်စေရန် ငွေလဲကောင်တာများ အကန့်အသတ်မရှိဖွင့်လှစ်ခွင့်ပြုမည်

                ပြည်တွင်း၌ တရားမဝင်မှောင်ခို နိုင်ငံခြားငွေလဲလှယ်မှုများ ပပျောက်နိုင်စေရန် အချက်အလက်ပြည့်စုံမှန်ကန်သည့် မည်သည့်ပုဂ္ဂလိက ကုမ္ပဏီကိုမဆို တရားဝင်ငွေလဲကောင်တာများ အကန့်အသတ်မရှိဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗပာိုဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ထိုသို့ဖွင့်လှစ်ခွင့်ပေးရာတွင် လိုင်စင်များကဲ့သို့ နှစ်စဉ်ကြေးပေးရခြင်းနှင့် သက်တမ်းတိုးခြင်းများရှိမည်မဟုတ် ဘဲမှတ်ပုံတင်စနစ်သာ ကျင့်သုံး သွားမည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေ လဲလှယ်ကောင်တာ ဖွင့်လှစ်ခွင့်ရရှိသော ကုမ္ပဏီများအနေဖြင့် ဗဟိုဘဏ်မှ သက်မှတ်ထားသော ငွေလဲနှုန်းအ တိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ငွေလဲကောင်တာများ ဖွင့်လှစ်ခွင့်ပေးခြင်းကြောင့် မှောင်ခိုနိုင်ငံခြားငွေလဲလှယ်မှုများ ပပျောက်သွားနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဗပာိုဘဏ်မှ Today Top Star ကုမ္ပဏီနှင့် Farmer Phoyarzar ကုမ္ပဏီတို့ကို ငွေလဲကောင်တာများ ဖွင့်လှစ်ခွင့်ပေးခဲ့ ကြောင်းသိရသည်။ ထို့ပြင် ပြည်တွင်းကုမ္ပဏီ ၁၀၀ ခန့်ကလည်း ငွေလဲကောင်တာများဖွင့်လှစ်ခွင့်လာရောက် လျှောက်ထားလျက်ရှိပြီး အချက်အလက် ပြည်စုံမှန်ကုန်သည့် အဆိုပါကုမ္ပဏီများကို နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှစတင်၍ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပြီးလက်ရှိ အချိန်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များက ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ ၈၀ ကျော်ရှိကြောင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

လာမည့်လွှတ်တော်စည်းဝေးပွဲတွင် ဘတ်ဂျက်ဆိုင်ရာဥပဒေသုံးခု ပြဋ္ဌာန်းမည်

လာမည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျင်းပမည့် ပထမအကြိမ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးများ၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ အမျိုးသား စီမံကိန်းဥပဒေ၊ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် အခွန်ဥပဒေသုံးခုအား ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြား သည်။

ထို့ပြင် အဆိုပါလွှတ်တော်ပုံမှန်အစည်းအဝေး၌ ဘတ်ဂျက်ဆိုင်ရာဥပဒေများအပြင် လက်ရှိ မြန်မာနိုင်ငံအတွင်းတည်ဆောက်လျက်ရှိသော အထူးစီးပွားရေးဇုန်ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများနှင့် အခြားအရေးကြီးသည့် ဥပဒေများ ပြဋ္ဌာန်းဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိစ္စရပ်များလွှတ်တော်တွင်းဆွေးနွေးသွားမည်ဖြစ်သည့်အတွက် ယခင်ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးများထက် အချိန်ပိုယူ သွားမည်ဖြစ်ကြောင်း သိရသည်။

YC

 ----------------------------------------------------------------------------

ပွိုင့် ၁၇၇ တောင်ကုန်းနှင့်ပတ်ဝန်းကျင်ဒေသများအား မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်မှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်

လက်ရှိ မြန်မာ့တပ်မတော်နှင့် ကချင်ပြည်နယ်အတွင်း ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)မှ ပြည်ထောင်စုလမ်းမတစ်ခုဖြစ်သော မြစ်ကြီးနား-ဗန်မော် လမ်းမကြီးကို အများပြည်သူများ အသုံးမပြုနိုင်စေရန် ယင်းနယ်မြေအတွင်း KIO အခိုင်အမာ စခန်းများပြုလုပ်၍ မိုင်းထောင်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အတွက် ပွိုင့် ၁၇၇ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ဒေသများအားမြန်မာ     တပ်မ တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက်အမှတ်(၁/၂၀၁၃)ကို ၂၀၁၃ ဇန်နဝါရီလ ၄ ရက်နေ့တွင်ထုတ် ပြန်ကြေညာခဲ့သည်။

KIO/KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်အတွင်း ရထားလမ်း၊ ကားလမ်းနှင့် တံတားများကို အကြောင်းမဲ့တိုက်ခိုက်ခြင်း၊ စီးပွားရေးလုပ်ငန်း များကိုဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခြင်း၊ တမ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းထောင်ခြင်းနှင့် ချုံခိုတိုက်ခိုက်ခြင်းများကို ပြုလုပ်လာသည့် အတွက် မြန်မာ့တပ်မတော် အနေဖြင့် ပြည်သူများ၏လုံခြုံရေးနှင့် နယ်မြေဒေသအေးချမ်းနိုင်ရေး၊ မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရေးအတွက် စစ်ရေးအရ တုန့်ပြန်မှုများကို အစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မြန်မာ့တပ်မတော်မှ KIO/KIA တပ်ဖွဲ့များအားထိုးစစ် ဆင်မှုများကို ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားသော်လည်း တပ်မတော်အနေဖြင့် KIO ဌာနချုပ်အနီးတွင် တပ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးများကို ပိုမိုအားဖြည့်တပ်ဆင်ခြင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတ်ာအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနှင့်ထာဝရငြိမ်းချမ်းရေး ဆောင်ရွက် လက်ရှိသည့်အပြင် KIO/KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ကချင်ဒေသခံ စစ်ဘေးဒုက္ခသည်များကိုအတွက်လည်း နိုင်ငံတော်မှ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီ များရယူကာ ၎င်းတို့၏ ပညာရေး ကျန်းမာရေးနှင့် စားဝတ်နေရေးများကိုလည်း ပံ့ပိုးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ နိုင်ငံတော်အစိုးရအနေ ဖြင့် KIO, KIA တပ်ဖွဲ့ဝင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။

KIO, KIA တပ်စခန်းများအား မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ အလေးအနက်ထား၍မှတ်သားထားကြောင်းနှင့် ပြည်သူများ၏အသက်အန္တရာယ်ကို ဖြစ်စေမည့်လုပ်ဆောင်မှုများကို ရှောင်ကြဉ်စေ လိုကြောင်း ကုလသမဂ္ဂသတင်းဌာနမှ ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

YC

*************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

"ABSDF ကျောင်းသားတပ်မတော်ပာာ ကိုယ်ပိုင်နယ်မြေမရှိပါဘူး။ မြောက်ပိုင်းကချင်ဒေသမှာ လက်ရှိတိုက်ပွဲတွေမှာ ကျောင်းသားတပ်မတော် ပါဝင်ပါတယ်။ ဘာလို့လဲဆိုရင် မ.က.ဒ.တ(ကျောင်းသားတပ်မတော်)ပာာ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ အဖွဲ့အစည်းမပာုတ်လို့ဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေ ထိုးစစ်တွေရှိနေရင် ထိုးစစ်တွေထဲမှာ ပါဝင်တိုက်ပွဲဆင်နေရာမှာဖြစ်ပါတယ်။ တစ်ဖက်မှာ ကျွန်မတို့ ABSDF ဗပာိုကိုယ်စားလှယ်အဖွဲ့ အနေနဲ့လက်ရှိအစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာပါဝင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေပြီး တိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်တဲ့အတွက်နိုင်ငံရေး ပြဿနာတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းချင်တယ်ဆိုတာ သက်သေပြနေတာလည်းဖြစ်ပါတယ်"

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် News Watch အတွဲ (၇) အမှတ် (၇၉) တွင်ပါရှိသော“အစိုးရနှင့်အပတ်အခတ်ရပ်စဲရေးမရှိသေး၍ KIA ဘက်က ပါဝင်ပူးပေါင်း” သတင်းမှ ဒေါ်မိဆူးပွင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------

"လွှတ်တော်မှာလည်း ကျွန်မအနေနဲ့အစကတည်းက ဒီကိစ္စကိုပြောခဲ့တယ်။ ဖဆပလခေတ်ကလဲ မြုနီစီပယ်အက်ဥပဒေနဲ့လုပ်ခဲ့တာ မြို့နယ်၊ တိုင်းအ လိုက်ပိုမိုတိုးတက်ဖွံ့ဖြိုးခဲ့တာတွေ့ခဲ့ရတယ်။ အခုသမ္မတကြီးကလည်း ဒီလိုလုပ်ဖို့ပြောလာပြီဆိုတော့ လူထုအပေါ်ပိုမိုအကျိုးပြုဖို့ အကောင်အထည်ဖော် လာပြီပေါ့။ ဒါပေမဲ့ ဥပဒေအတိုင်းလုပ်ဖို့ဆိုရင် သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေကလဲ ပူးပေါင်းပြီးမလုပ်နိုင်ရင်မဖြစ်နိုင်ဘူး"

ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၉) အမှတ် (၁) တွင်ပါရှိသော “ပြည်သူ့ကိုယ်စားလှယ် ပါဝင်သည့် မြူနီစပယ် ကော်မတီများ ပေါ်ပေါက်ရေးတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ပူးပေါင်းဆောင်ရွက်မှ အကောင်အထည်ပေါ်မည်” သတင်းမှတိုင်း ဒေသကြီးကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ပြောကြားချက်အား ကောက်နှုတ် ချက်။

-------------------------------------------------------------------------------------------------------

"တိုင်းပြည်စီးပွားရေးအတွက် Data Quality ကအရမ်းကိုအရေးပါပါတယ်။ Data Quality မရှိရင်ကောင်းတဲ့ဆန်းစစ်ချက်တွေမလုပ်နိုင်ဘူး။ မှန်မှန် ကန်ကန်လည်းမသုံးသပ်နိုင်တော့ဘူး။ တကယ်ဆိုဖြစ်သင့်တာကဘာဆိုတာကို မပြောနိုင်တော့ဘူး။ ဒါဆိုရင်တိုင်းပြည်စီးပွားရေးကို ထိခိုက်မယ်။ နောက် ပြီးလက်ရှိမြန်မာနိုင်ငံမှာ Data Capacity စွမ်းရည် အပြည့်အဝမရှိတဲ့အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ရေးကို နှောင့်နှေးစေပါ တယ်"

ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅) အမှတ် (၄၀) တွင်ပါရှိသော “အစိုးရဌာနဆိုင်ရာများထံမှ ကိန်းဂဏန်း အမှန်မရ၍ မှန်မှန်ကန်ကန်ဆန်းစစ်နိုင်ခြင်းမရှိသောကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ နှောင့်နှေးနေရကြောင်း စီးပွားရေး ပညာရှင်များသုံးသပ်”သတင်းမှ စီးပွားရေးပညာရှင်ဒေါက်တာဇော်ဦး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

 ************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment