Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၅.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1.   ထိပ်တန်းဆန်တင်ပို့သူ သရဖူကို ထိုင်းနိုင်ငံ လက်လွှတ်ဆုံးရှုံး             

(Buisiness Report မှ 4 Jan 2013 ရက်စွဲပါ "Thailand's loses top rice exporter title"သတင်းကိုဘာသာပြန်ဆိုသည်)

  1. တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန် မြန်မာကိုတရုတ်တိုက်တွန်း

(Ximhua News မှ 4 Jan 2013 ရက်စွဲပါ "China urges Myanmar to maintain stablity"သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

  ထိပ်တန်းဆန်တင်ပို့သူ သရဖူကို ထိုင်းနိုင်ငံ လက်လွှတ်ဆုံးရှုံး

(Buisiness Report မှ 4 Jan 2013 ရက်စွဲပါ "Thailand's loses top rice exporter title"သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူအဖြစ် ဆယ်စုနှစ် ၃ ခုကြာထိန်းသိမ်းခဲ့သော သရဖူကို မနှစ်ကဆုံးရှုံးသွားပြီး၊ အိန္ဒိယနှင့် ဗီယက်နမ် သို့ ရောက်ရှိသွားသည်ပာု ဆန်စပါးသတင်းရပ်ကွက်က သောကြာနေ့ကပြောကြားသည်။

ဗီယက်နမ်သည်မနှစ်ကထက် ၁၀ ရာခိုင်နှုန်းတိုးကာ ၂၀၁၂ တွင် ၇.၆ သန်းတင်ပို့ခဲ့သည်ပာု ကြာသပတေးနေ့က ထုတ်ပြန်ကြေညာသည်။ အိန္ဒိယ နိုင်ငံသည်လည်း ၂၀၁၂ တွင်ဆန်တန်ချိန် ၉.၅ သန်းတင်ပို့ခဲ့သည်ပာု အမေရိကန်စိုက်ပျိုးရေး ကိန်းဂဏန်းဌာနအဆိုအရ သိရှိရသည်။

၂၀၁၁ ခုနှစ်က ဆန်တန်ချိန် ၁၀.၇ သန်းတင်ပို့ခဲ့သော ထိုင်းနိုင်ငံမှာမူ ၂၀၁၂ တွင် ၃၅.၅ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၉.၆ သန်းမျှသာတင်ပို့နိုင် ခဲ့သည်ပာု ထိုင်းဆန်တင်ပို့သူအသင်းနှင့် ကုန်သွယ်ရေးဌာန ကိန်းဂဏန်းများက ဆိုသည်။

အဆိုပါတန်ချိန် ၉.၆ သန်းထဲမှ တန်ချိန် ၁.၇ သန်းအား အစိုးရချင်း သဘောတူညီမှုဖြင့် တင်ပို့ကြောင်းမှတ်သားထားခြင်းကို ပုဂ္ဂလိကအသင်းအဖွဲ့ သံသယရှိနေသည်ပာုဆိုသည်။

အသင်းဥက္ကဋ္ဌ ချူကီရတ်အိုဖာဆမ်က "၂၀၁၂ အစောပိုင်းမှာ အစိုးရချင်းသဘောတူညီချက်အရ အင်ဒိုနီးရှားကို တန်ချိန် ၃ သိန်းပို့တဲ့ အထောက် အထားကိုပဲတွေ့ရပါတယ်။ ကျန်တန်ချိန်တွေကတော့ အထောက်အထားမတွေ့ရလို့ စဉ်းစားစရာဖြစ်နေပါတယ်"ပာု ပြောကြားသည်။ ထိုင်းဆန်တင်ပို့သူ အသင်းက ယခုကဲ့သို့ ဆန်ပို့ကုန်ကျဆင်းခြင်းသည် အစိုးရ၏ဆန်ဖြူ စပါးတစ်တန်လျှင် ဘတ် ၁၅,၀၀၀၊ အဆင့်မြင့် စပယ်ဆန်တစ်တန် ဘတ် ၂၀,၀၀၀ ဖြင့်ပုံသေဈေးနှုန်း သတ်မှတ်ဝယ်ယူမှုကြောင့်ဖြစ်သည်ပာု အပြစ်တင်ထားသည်။ ၎င်းအစီအစဉ်သည် အာဏာရ ဖေ့ထိုင်းပါတီ၏ ၂၀၁၁ ဇူလိုင်လရွေး ကောက်ပွဲအတွက် မဲဆွယ်သည့် မူဝါဒတစ်ခုဖြစ်သည်။ အစိုးရကမူ လယ်သမားများအတွက် အကျိုးရှိသော ယင်းအစီအစဉ်ကို ၂၀၁၃ တွင်ဆက်လက် ဆောင်ရွက်ဦးမည်ပာုဆိုပါသည်။

၂၀၁၀ အောက်တိုဘာလက အစီအစဉ်စတင်ပြီးနောက် ထိုင်းအစိုးရက ဆန်တန်ချိန် ၁၀ သန်းဝယ်ယူသိုလှောင်ခဲ့ခြင်းကြောင့် ထိုင်းဆန်ဈေးနှုန်း သည်နိုင်ငံတကာ ဈေးကွက်တွင် ပြိုင်ဖက်များထက် ဒေါ်လာ ၁၀၀ မှ ၂၀၀ ခန့်အထိ ပို၍မြင့်တက်သွားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် မနှစ်ကလှောင်ထား သောဆန်များကို ယနေ့လက်ရှိပေါက်ဈေးဖြင့် ချရောင်းမည်ဆိုပါက ဘတ်ငွေ ၁၁၅ ဘီလီယံဆုံးရှုံးလိမ့်မည်ပာု ကမ္ဘာ့ဘဏ်က ယခင်လက ခန့်မှန်းထား သည်။

တရုတ်နှင့် အိန္ဒိယတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးလာခြင်းကြောင့် ကမ္ဘာ့ပျှမ်းမျှဆန်ဈေးသည် မနှစ်ကတစ်တန်လျှင် ၅၈၀ ဒေါ်လာမှယခု နှစ်တွင် ၅၂၀ ဒေါ်လာသို့ကျဆင်းသွားလိမ့်မည်ပာု ကမ္ဘာ့ဘဏ်က မှန်းဆထားသည်။ ထိုင်းဆန်တင်ပို့သူအသင်းဥက္ကဋ္ဌ ချုကီရတ်က "ဒီနှစ်မှာ တရုတ်က ဆန်ဝယ်ယူတင်သွင်းမှုလျှော့ပြီး အိန္ဒိယက တင်ပို့မှုဆက်လက်တိုးမြှုင့်မှာဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ်။ ထိုင်းနိုင်ငံပာာလည်း အကျပ်အတည်းဆက် ဖြစ်လိမ့်မယ်"ပာု မှတ်ချက်ပေးပြောဆိုသွားသည်။

                                        ****************************************************

တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန် မြန်မာကိုတရုတ်တိုက်တွန်း

(Ximhua News မှ 4 Jan 2013 ရက်စွဲပါ "China urges Myanmar to maintain stablity"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း နယ်စပ်ဒေသ တရုတ်ပိုင်နက်ထဲသို့ ဗုံးသုံးလုံးကျရောက်ပေါက် ကွဲခဲ့ပြီး နောက်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ဖိအားပေး ပြောဆိုမှုများပြုလုပ်လိုက်ပါသည်။ "အလားတူဖြစ်ရပ်မျိုးတွေ နောက်တစ်ကြိမ် မဖြစ်အောင် တားဆီးဖို့ ထိရောက်တဲ့အစီအစဉ်တွေ ချက်ချင်းလုပ်ဆောင်ပါလို့ မြန်မာဖက်ကို တရုတ်နိုင်ငံကတောင်းဆိုထားပါတယ်" ပာုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပွာာချန်ရင်းက သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲများဖြစ်ပွားစဉ် ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံဖက်သို့ ဗုံးသုံးလုံးကျရောက်ခဲ့သည်ပာု သူမကအတည်ပြုပြောဆိုသည်။ သို့သော် တရုတ်နိုင်ငံဖက်တွင် ထိခိုက်ပျက်စီးမှုမရှိပာု သိရှိရသည်။မြန်မာနိုင်ငံဖက်မှ နယ်စပ်ဒေသခံများ တရုတ်ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့ခြင်း မရှိပာုလည်း မြန်မာနယ်မြေနှင့် ကပ်လျက် ယူနန်ပြည်နယ်မှ အာဏာပိုင်မျာသောကြာနေ့ တွင်ပြောကြားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပွာာချန်ရင်းက "မြန်မာနိုင်ငံ မြောက်ပိုင်းက ပြဿနာပာာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပါ။ မြန်မာအစိုးရအနေနဲ့ သက်ဆိုင်ရာအုပ်စုနဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းမှုကတစ်ဆင့်ပြဿနာကို ဂရုတစ်စိုက် မှန်ကန်စွာဖြေရှင်းပြီး တရုတ်-မြန်မာ နယ်စပ် ဒေသတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်"ပာု ပြောကြားသွားသည်။

        ********************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment