Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၈.၁.၂ဝ၁၃

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာဘီယာဈေးကွက်သို့ Kirin ဝင်ရောက်ရန်ပြင်

(8 Jan 2012 ရက်စွဲပါ Yomiuri Shimbun မှ Kirin may enter beer market in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကြာပိတ်ပင်ထားသော ကင်းထောက်လူငယ်အသင်း ပြန်လည်ဖွဲ့စည်း

(The Nation News မှ 7 Jan 2013 ရက်စွဲပါ “Scouts back in Myanmar after 50 year ban”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှတိုက်ပွဲများအတွက် တရုတ်စိုးရိမ်

(7 Jan 2013 ရက်စွဲပါ UPI မှ China anxious over Myanmar fighting ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် Coca Cola စက်ရုံဖွင့်တော့မည်

(Food Ber News မှ 7 Jan 2013 ရက်စွဲပါ “Coca Cola to open factory in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

မြန်မာဘီယာဈေးကွက်သို့ Kirin ဝင်ရောက်ရန်ပြင်

(8 Jan 2012 ရက်စွဲပါ Yomiuri Shimbun မှ Kirin may enter beer market in Myanmar ကိုဘာသာပြန်ဆိုသည်)

Kirin Holdings Co သည် မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်သို့ဝင်ရောက်ရန် စဉ်းစားလျက်ရှိပြီး အစပထမတွင် ၎င်း၏အဓိက Ichiban Shibori အမှတ်တံဆိပ် ဘီယကိုစတင်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဘီယာလိုအပ်ချက်ကလည်း တိုးတက်လာ မည်ပာု မျှော်လင့်ရပါသည်။ သတင်းများအရ Kirin သည် မြန်မာနိုင်ငံကို ဦးစားပေးဈေးကွက်အဖြစ် ရှုမြင်နေသည်ပာု သိရပါသည်။

မြန်မာနိုင်ငံ လူဦးရေသည် ၆၂ သန်းရှိသောကြောင့် ထိုင်းနိုင်ငံနှင့်တူတူလောက်ဖြစ်ပြီး နှစ်စဉ်တစ်ဦးချင်း GDP သည် လာမည့်နှစ်များတွင် ၆-၇% ရှိလာကာ၊ ၂၀၁၁ ခုနှစ်၌ တစ်ဦးချင်း တစ်နှစ်ဝင်ငွေ ဒေါ်လာ ၈၀၀(ယန်း ၇၀၀၀၀ ခန့်)မှစ၍ တက်လာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံထက်စော၍ စီးပွားရေးပြုပြင်ပြောင်းလဲမှု စော၍ လုပ်ဆောင်ခဲ့သော ဗီယက်နမ်နိုင်ငံတွင် ပျှမ်းမျှတစ်နှစ်လျှင် ဘီယာသောက်သုံးမှု ၁၃% မြင့်တက်ပါသည်။

Kirin Holding သည် ဖိလစ်ပိုင်နိုင်ငံ၏ San Miguel Brewery တွင် ၄၈% ပါဝင်ခြင်းကြောင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွင် အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပါသည်။Kirin Holding သည်၎င်း၏ ဂျပန်နိုင်ငံတွင်ထုတ်လုပ်သော Ichiban Shibori ဘီယာကို San Miguel ဘီယာ၏အကူအညီဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် စဉ်းစားနေသည်ပာု သတင်းများရရှိပါသည်။

Kirin Holding သည် စင်္ကာပူ၏ အဖျော်ယမကာနှင့် အိမ်ခြံမြေကုမ္ပဏီ Fraser and Neave Ltd ၏အဖျော်ယမကာ ကုမ္ပဏီခွဲကို ၇၀ ဘီလီယံ ယန်းဖြင့် ၂၀၁၃ တွင် ဝယ်ယူရန် ရည်မှန်းလျက်ရှိပါသည်။

အဘယ်ကြောင့်ဆိုသော် Fraser and Neave ၏ကုမ္ပဏီစွဲဖြစ်သော Myanmar Brewery သည်မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ် ရောင်းချနေပါ သည်။ Kirin သည်ဝယ်ယူမှု အောင်မြင်သွားပါက မြန်မာနိုင်ငံတွင် ဘီယာစတင်ထုတ်လုပ်ရောင်းချမည်ဖြစ်ပါသည်။

၎င်းသည် အနာဂါတ်တွင် မြန်မာနိုင်ငံ၌ ဈေးမကြီးသောပြည်တွင်းထုတ် ဘီယာထုတ်လုပ်ရောင်းချရန် မျက်စိကျနေပါသည်။Kirin Holding ၏ ကိန်းဂဏန်းများအရ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းဘီယာသောက်သုံးမှုတွင် တရုတ်သည် ကိုးနှစ်ဆက်တိုက် ထိပ်ဆုံး၌ရှိကာ ၄၈.၉၉ ကီလိုမီတာ သန်းပေါင်းရှိပြီး ၂၀၁၀ ကထက် ၁၀.၇% တက်လာပါသည်။ အမေရိကန်ပြည်ထောင်စုသည် ဒုတိယလိုက်ပြီး သောက်သုံးမှု ၂၃.၈၆ ကီလိုမီတာသန်း ပေါင်းရှိကာ ၁.၂% ကျဆင်းသွားပါသည်။

အနာဂါတ်တွင် စီးပွားတက်လာသော အာရှနိုင်ငံများသည် ဘီယာသောက်သုံးမှု၌ ဦးဆောင်လိမ့်မည်ပာု မျှော်လင့်ရပါသည်။

                                        *******************************************

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကြာပိတ်ပင်ထားသော ကင်းထောက်လူငယ်အသင်း ပြန်လည်ဖွဲ့စည်း

(The Nation News မှ 7 Jan 2013 ရက်စွဲပါ “Scouts back in Myanmar after 50 year ban”သတင်းကိုဘာသာပြန်ဆိုသည်)

နှစ်ပေါင်း ၅၀ ကြာပိတ်ပင်ထားခဲ့သော ကင်းထောက်လူငယ် လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာအာဏာပိုင်များက ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ရာ အသင်းသို့ ကလေးလူငယ်များ ပူးပေါင်းပါဝင်လာအောင် အားပေးရန် မျှော်လင့်နေကြသည်ပာု နိုင်ငံပိုင်သတင်းစာက တနင်္လာနေ့တွင် ဖော်ပြသည်။

ကလေးများ၏ ကျင့်ဝတ်ပိုင်း၊ ကိုယ်ကာယနှင့် စိတ်ဓာတ်ပိုင်းဖွံ့ဖြိုးရေးအတွက် နိုင်ငံအနှံ့ အခြေခံပညာကျော်းများတွင် ကင်းထောက်လူငယ် အသင်းများကို ဖွဲ့စည်းသွားမည်ပာု ယခင်ပညာရေးဝန်ကြီးပောာင်း ဦးတင်ညိုက ပြောကြားကြောင်း New Light of Myanmar သတင်းစာက ဖော်ပြထား သည်။

ယောကျာင်္းလေးကော၊ မိန်းကလေးပါ ကင်းထောက်လူငယ်အသင်းတွင်ပါဝင်အောင် အားပေးသွားမည်ပာု ကင်းထောက်လူငယ် ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်ညိုက ပြောကြားသည်။ မြန်မာ့ ကင်းထောက်လူငယ် အသင်းကို အဖွဲ့ဝင် ၁၅၀၀ ဖြင့် ဇန်နဝါရီ ၁ ရက် တွင်ပြန်လည်စတင်ဖွဲ့စည်း မည်ပာု သတင်းစာက ဆိုပါသည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့ကမူ “ယခုကဲ့သို့ ကင်းထောက်လူငယ်အသင်း ပြန်လည်ဖွဲ့စည်းခြင်းကို အပြုသဘောထောက်ခံ အားပေး သင့်ကြောင်း၊ သို့ရာတွင် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားမှု အရည်အသွေးမြှင့်ရမည့်အစား ကင်းထောက်လူငယ်အစီအစဉ် ဦးစွာပေါ်ထွက် လာခြင်းကို သံသယရှိကြောင်း၊ ကျောင်းသားသမဂ္ဂနိုင်ငံရေး လှုပ်ရှားမှုများဖက်သို့ ကျောင်းသားကျောင်းသူများ စိတ်ပါမသွားအောင် တားဆီးရန် ရည်ရွယ်ပုံရကြောင်း ဆိုရှယ်လစ်အစိုးရခေတ်က လမ်းစဉ်လူငယ်အဖွဲ့နှင့် အသွင်မတူကွဲပြားဖို့လိုကြောင်း”အကျယ်တဝင့် မှတ်ချက်ပေးပြောကြားကြသည်။

                                                    *******************************************************************

မြန်မာနိုင်ငံမှတိုက်ပွဲများအတွက် တရုတ်စိုးရိမ်

(7 Jan 2013 ရက်စွဲပါ UPI မှ China anxious over Myanmar fighting ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကြောင့် တရုတ်နယ်စပ်သို့ ကျွံ့ထွက်မလာစေရေးအတွက် လုပ်ဆောင်ရန် မြန်မာ အစိုးရအားတောင်းဆိုခဲ့သည်ပာု တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ အမျိုးသမီး Hua Chunging ကပြောကြားရာတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဗုံးသုံးလုံး တရုတ်နယ်မြေထဲသို့ကျရောက်ခဲ့သည်ပာုလည်းဆိုသည်။ “တရုတ်ဖက်မှ ချက်ခြင်းပင် မြန်မာနိုင်ငံအား အလားတူကိစ္စမျိုးနောက်နောင် မဖြစ်စေရေး ကာကွယ်မှုများပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်”ပာု အဆိုပါ အမျိုးသမီးက ပြောခဲ့သည်ကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်သူပုန်များနှင့်တိုက်ပွဲသတင်းများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေကို စိုးရိမ်ကြောင်းဖော်ပြခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံကလုပ်ဆောင်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာက ချီးကျူးခဲ့ပါသည်။ သို့သော် လုံခြုံရေးနှင့် လူသားချင်းဆိုင်ရာစိုးရိမ်ပူပန်ရမှုများက အစိုးရ၏ဂုဏ်သိက္ခာကို ထိခိုက်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှ တိုက်လေယာဉ်များ တရုတ်လေပိုင်နက်ကိုကျူးကျော်လာသည်ဆိုသည့် ပြီးခဲ့သည့်အပတ်က သတင်းများမှာမူ အခြေအမြစ်မရှိ ကြောင်း Beijing ကပြောဆိုပါသည်။ မြန်မာတိုက်လေယာဉ်များ တရုတ်နယ်စပ်သို့ အနီးဆုံးဝင်ရောက်ခဲ့မှုမှာ သုံးမိုင်ခန့်ကွာဝေးသေးကြောင်း Xinhua က သတင်းထုတ်ပြန်ခဲ့ပါသည်။

                                        ************************************************************

မြန်မာနိုင်ငံတွင် Coca Cola စက်ရုံဖွင့်တော့မည်

(Food Ber News မှ 7 Jan 2013 ရက်စွဲပါ “Coca Cola to open factory in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

ကမ္ဘာ့နံပါတ်တစ် လူသောက်အများဆုံးအချိုရည် ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စက်ရုံတည်ရန် မီးစိမ်းပြလိုက်ပြီဖြစ်သည်။ Cola Pinya Beverages Myanmar Ltd ပာူသော အမည်ဖြစ်လုပ်ကိုင်မည့် ကုမ္ပဏီသည် ရန်ကုန်မြို့ဆင်ခြေဖုံးရှိ စက်ရုံသစ် အပါအဝင် ရန်ကုန်မြို့တော်တွင် စက်ရုံ ၄ ရုံဖြင့် ထုတ်လုပ်မှုစတင်သွားမည်ပာု သိရှိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ဒီဇင်ဘာ ၂၈ ရက်တွင်ခွင့်ပြုချက် ရရှိခဲ့သော Coca Cola ကုမ္ပဏီသည် ပြည်တွင်းမှ Max အချိုရည် ထုတ်လုပ်သူ Pinya Manufacturing Co Ltd နှင့် ဖက်စပ်လုပ်ဖော်ကိုင်ဖက်အဖြစ် Cola Pinya Beverages Myanmar Ltd ကိုထူထောင်ကာ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

Coco Cola ကုမ္ပဏီသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၂ စက်တင်ဘာလတွင် ရန်ကုန်မြို့မှ စားသုံးသူများထံ ပထမဆုံး ကိုကာကိုလာ တရားဝင်ဖြန့်ချီမှုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခင်ကမူ ထိုင်းနိုင်ငံနယ်စပ်မှ တရားမဝင် တင်သွင်းဖြန့်ဖြူးနေသော ကိုကာကိုလာအချိုရည်များကိုသာ မြန်မာပြည်သူများ သောက်သုံးခဲ့ရ သည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment