Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၈.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. လျှပ်စစ်ဓာတ်အားလုံလောက်မှု ၂၀၁၅ ရောက်မှသာ ဓာတ်အားအပြည့်အဝပေးနိုင်မည်
  2. သံယံဇာတအလွန်အကျွန်ထုတ်ယူမှုကြောင့် နှစ် ၂၀ အတွင်းကုန်ဆုံးသွားနိုင်

နိုင်ငံရေးသတင်း

  1. ကချင်စစ်ပွဲကြောင့် အဓမ္မစစ်သားစုဆောင်းမှုများအား ကာကွယ်ပေးမည့် လူ့အခွင့်အရေး ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်း
  2. ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များပါ သီးခြားဘတ်ဂျက်ရေးဆွဲရတော့မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ျှပ်စစ်ဓာတ်အားလုံလောက်မှု ၂၀၁၅ ရောက်မှသာ ဓာတ်အားအပြည့်အဝပေးနိုင်မည်

ဓာတ်အားထုတ်လွှတ်မှုနှင့် သုံးစွဲမှုမမျှတခြင်း၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ၂၀၁၅ ရောက်မှသာ တစ်နိုင်ငံလုံး၏ဓာတ်အားလိုအပ်ချက်များ ကိုလုံလောက်စွာဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းကို ဒီဇင်ဘာ   ၃၀ ရက် နေ့က ရန်ကုန်မြို့တော် လျှက်စစ်ဓာတ်အားပေးအဖွဲ့တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးဥက္ကဌ ဦးအောင်ခိုင်ကပြောကြားသည်။

တစ်နိုင်ငံလုံးတွင်ဓာတ်အားသုံးစွဲမှုသည် အခြေခံတွက်ချက်မှုရ ၂၀၁၂ တွင် ၁၇၉၀ မဂ္ဂါဝပ်သုံးစွဲခဲ့သဖြင့် ယခင်နှစ် ကထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၂၀၁၃ တွင် ၁၅၅၁ မဂ္ဂါဝပ်ထုတ်လွှတ်နိုင်ပြီး နိုင်ငံတဝှမ်းသုံးစွဲမှုမှာ ၂၀၆၀ မဂ္ဂါဝပ် ဖြစ်လာနိုင်သည့်အတွက်ကြောင့် ၅၀၉ မဂ္ဂါဝပ် လိုအပ်နိုင်ကြောင်း၊ ၂၀၁၄ တွင် ၂၃၃၅ မဂ္ဂါဝပ်ထုတ်လွှတ်နိုင်ပြီး နိုင်ငံတဝှမ်း သုံးစွဲမှုမှာ ၂၃၇၀ ဖြစ်လာနိုင်သည့်အတွက်ကြောင့် ၃၅ မဂ္ဂါဝပ်သာ လိုအပ်နိုင် ကြောင်း၊ ၂၀၁၅ ရောက်မှသာ ၁၁၈ မဂ္ဂါဝပ် ပိုလျှံလာနိုင်သည့်အတွက် နိုင်ငံတဝှမ်း လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။

                ထိုကဲသို့လျှက်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံများမှ Gas Turbine နှင့် Gas Engine များ တင်သွင်းရန် ပြင်ဆင်ပြီးနေသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျှက် ရှိကြောင်းနှင့် နိုင်ငံ တဝှမ်းရှိဓာတ်အားပေးစက်ရုံများကိုလည်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ယခုအချိန်တွင်တစ်နိုင်ငံလုံးတွင်လျှပ်စစ်ဓာတ်အားကို ရေးအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံများမှ ထုတ်လွှတ်ပေးလျှက်ရှိကြောင်းသိရသည်။

YC

---------------------------------------------------------------------------------

သံယံဇာတအလွန်အကျွန်ထုတ်ယူမှုကြောင့် နှစ် ၂၀ အတွင်းကုန်ဆုံးသွားနိုင်

မြန်မာနိုင်ငံတွင် ၅၄ ရာခိုင်နှုန်းရှိသောသံယံဇာတများကို အတိုင်းအဆမရှိ လက်ရှိအတိုင်းထူတ်ယူသုံးစွဲနေပါက နှစ်ပေါင်း ၂၀ အတွင်း  သဘာဝပတ်ဝန်းကျင်နှင့် သံယံဇာတများ ပျက်စီးဆုံးရှုံးနိုင်ကြောင်းကို သဘာဝပတ်ဝန်းကျင် ပညာရှင်များက ဝေဖန်သုံးသပ် ပြောဆိုလာကြကြောင်းသိရ သည်။

လက်ရှိတူးဖော်နေသော ရွှေအပါအဝင် သတ္တုများကို အလွန်အကျွံထုတ်ယူသုံးစွဲမှုများအပေါ် နိုင်ငံအတွင်းရွှေ ထုတ်ယူမှုများသည် တစ်နှစ်လျှင် တန်ချိန် ၂၀ ခန့်ထွက်ကြောင်း၊ လက်ရှိတူးဖော်နေမှုကိုအစိုးရအနေဖြင့် ထိန်းချုပ်သင့်ကြောင်း၊ သယံဇာတများကို စက်ယန္တရားများအသုံးပြုကာအလွန် အကျွံသုံးစွဲသောနိုင်ငံဖြစ်ကြာင်းကိုသဘာဝပတ်ဝန်းကျင်ပညာရှင်တစ်ဦးမှပြောကြားသည်။

မြန်မာနိုင်ငံတွင် သယံဇာတ များသည်နိုင်ငံ၏ ၅၄ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အလွန်အကျွံ ထုတ်ယူသုံးစွဲနေပါက ထိုနေရာများသည်  လွင်တီး ခေါင်ပြင်နှင့် တွင်းများ ဖြစ်လာနိုင်ကြောင်း၊ အကြီးစား စက်ရုံများတည်ဆောက်မည့်အစား နိုင်ငံတကာမှ ခရီးသွားဧည့်သည်များအတွက် လည်ပတ်ရန် နေရာများဖန်တီးမည်ဆိုပါက ပို၍ဝင်ငွေရရှိနိုင်ကြောင်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်နေသူ ပညာရှင် တစ်ဦးက ပြောကြား ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို ပျက်စီစေသည့် မြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ သည် ၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၃၀ ရက်နေ့တွင်၎င်းတို့အစိုးရက်လက်ထက်တွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

သယံဇာတ ပေါကြွယ်ဝသောနိုင်ငံတိုင်းတွင် ဖြစ်လေရှိတက်သော သယံဇာတကျိန်စာသင့်နေသော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်လာနိုင် ကြောင်းပညာရှင်များက ခန့်မှန်းပြောဆိုကြသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

ကချင်စစ်ပွဲကြောင့် အဓမ္မစစ်သားစုဆောင်းမှုများအား ကာကွယ်ပေးမည့် လူ့အခွင့်အရေး ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့မှ အဓမ္မစစ်သား စုဆောင်းမှုများအား တိုင်ကြား နိုင်ရန်အတွက် လူ့အခွင့်အရေးဖော်ဆောင်ရေးအဖွဲ့ကို ဒေသခံ ၅၀ ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိပါက ထိရောက်စွာ အရေးယူနိုင်ရန်၊ လက်နက်ကိုင်အဖွဲ့များမှ အတင်းအဓမ္မ     စစ်သားစုဆောင်းမှုများကို ထိရောက်စွာ တိုင်ကြားမှုပြုနိုင်ရန်၊ အဓမ္မစစ်သားစုဆောင်းသည့် ကိစ္စကို အစိုးရ၊ KIA နှင့် ပြည်သူများသုံးပွင့်ဆိုင် ဆွေးနွေး မှုများ ပြုလုပ်ရန် တို့ကို ယင်းအဖွဲ့မှ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အင်းတော်ကြီးဒေသတဝိုက်တွင် ယခုလပိုင်းအတွင်း ဒေသခံရွာသား ၂၀ ကျော် စစ်သားစုဆောင်းရေးတွင်    ပါသွားကြောင်း၊ အများစုမှာ KIA ဘက်မှ စုဆောင်းခြင်းဖြစ်ကြောင်း၊ အစိုးရစစ်တပ်ဘက်မှ နည်းနည်းဆင်ခြင်လာကြောင်း သိရသည်။

ကချင်ပြည်နယ်အခြေစိုက် တိုင်းလိုင် (ရှမ်းနီ) လူမျိုးများတိုးတက်ရေးပါတီကလည်း ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အဓမ္မစစ်သားစုဆောင်းရေးကို ကန့်ကွက်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းပါတီက KIA သည် ဒီဇင်ဘာလလယ်တဝိုက်တွင် ဒေသခံ ၇၀ ဦးနှင့် ၁၀၅ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ၁၀၅ ဦးကိုမူ ပြန်လွှတ်ခဲ့ကြောင်း၊ KIA တပ်များ စစ်သားစုဆောင်းရာတွင် ရှမ်းလူမျိုးများကိုလည်း အဓမ္မခေါ်ဆောင်မှုများ ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မိုးညှင်းမြို့ လူ့အခွင့်အရေးဖော်ဆောင်ရေးအဖွဲ့သည် မန္တလေး လူ့အခွင့်အရေးအဖွဲ့များ၊ နိုင်ငံတကာမှ လူ့အခွင့်အရေးအဖွဲ့များနှင့် ချိတ်ဆက် မည်ဖြစ်ပြီး တရားဝင်မှတ်ပုံတင်၍ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ထိရောက်စွာ အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

 ------------------------------------------------------------------------------

ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များပါ သီးခြားဘတ်ဂျက်ရေးဆွဲရတော့မည်

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းဘတ်ဂျက်ကဲ့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များအတွက်လည်း သီးခြား ဘတ်ဂျက်ရေးဆွဲရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ နိုင်ငံတော်ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး ၃/၂၀၁၂ အရဆုံးဖြတ်ချက်ချမှတ် ခဲ့သည်။

အဆိုပါလွှတ်တော်ဘတ်ဂျက်ရေးဆွဲနိုင်ရန် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဘဏ္ဍာ/အခွန်ဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ ထံသို့အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ယခင် ပြည်နယ်နှင့်လွှတ်တော်ဆိုင်ရာ ဘတ်ဂျက်အသုံးစရိတ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အသုံးစရိတ်ဘတ်ဂျက်၌ ထည့်သွင်းရေးဆွဲ ရသော်လည်း ယခု လျှော့ပေးလိုက်သော စနစ်အရ လွှတ်တော်၏အသုံးစရိတ်ကို မူုလလျာထားသော အသုံးစရိတ်ထက် မကျော်လွန်စေဘဲ သီးခြား လွတ်လပ်စွာခွဲထုတ်၍ လွှတ်တော်ဘတ်ဂျက်အားရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လွှတ်တော်ဆိုင်ရာ သီးခြားဘတ်ဂျက်တစ်ခု ရေးဆွဲရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရင်း ခေါင်းစဉ်များခွဲခြားရေးဆွဲရန် တာဝန်ယူရမည်ဖြစ်ပြီး အဆိုပါ လွှတ်တော် ဘတ်ဂျက်ဆိုင်ရာရေးဆွဲမှုအား တိုင်းဒေသကြီး၊ ပြည်နယ်အရအသုံး ဆိုင်ရာ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း သွားမည်ဖြစ် ကြောင်း သိရသည်။

YC

*************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“လယ်ယာမြေပြဿနာတွေမရှင်းနိုင်ဘဲ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်ခုအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မှာမပာုတ်ဘူး။ ဒီကိစ္စကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ အရမ်းပြဿနာတက်တယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်၊ ပြည်တွင်းရင်းနှီး  မြှုပ်နှံမှုပဲဖြစ်ဖြစ် ဘာမှအောင်မြင်တာမတွေ့ဘူး။ အကျိုးတူကုမ္ပဏီကြီးတွေက အစုလိုက် အပြုံလိုက် လယ်ယာမြေသိမ်းတယ်။ သိမ်းပြီးမှ မြေကွက် ရောင်းစားတယ်။ အရင်အာဏာရှိတဲ့လူတွေသိမ်းခဲ့တဲ့မြေတွေကလည်း ဘာမှ မလုပ်နိုင်ဘဲနဲ့ ဖုန်းဆိုးမြေတွေဖြစ်နေပြီ”

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် Venus News အတွဲ (၄) အမှတ် (၂၅) တွင်ပါရှိသော “မြေယာအငြင်းပွားမှု အမှုရာချီရှိနေသောကြောင့် စုံစမ်းရေးကော်မရှင်အခက်တွေ့” သတင်းမှ လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးမင်းသူ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

“ဒီစစ်ပွဲကိုတိုက်နေတာပာာ ပြည်သူတွေအတွက်လား။ အစိုးရအတွက်လား၊ ကေအိုင်အေကို အမြစ်ပြုတ်တိုက်မှ ငြိမ်းချမ်းရေးရမှာလား။ ဘယ်တော့မှ မရဘူး။ ကေအိုင်အေသာ ပျောက်သွားမယ်။ ပြည်တွင်းစစ်တွေဖြစ်နေဦးမှာဖြစ်သလို ဗမာနဲ့ကချင်တွေအကြား နောင်မျိုးဆက်တွေမှာ လူမျိုးရေးမုန်းတီးမှု နာကြည်းချက်တွေဖြစ်လာမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခသည်တွေပာာ သည်းမခံနိုင်တော့မယ့် အခြေအနေကိုရောက်နေပြီ။ ဒီကိစ္စမှာ သမ္မတဦးသိန်းစိန်ပာာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မားမားမတ်မတ် ရပ်တည်ဖို့လိုတယ်”

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ ၈ အမှတ် ၁၄ တွင်ပါရှိသော  “လက်နက်ကိုင်တပ်အချင်းချင်း ငြိမ်းချမ်းရေးထက် ကချင်လူထုငြိမ်းချမ်းရေး ပိုအရေးကြီးကြောင်း လူမှုအဖွဲ့အစည်းများကဆို”သတင်းမှ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ခံကိုဂျော်ဂွန်း ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

-------------------------------------------------------

"ပါတီစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သော ဘာသာစွဲတွေမရှိ လွှတ်တော်ရည်ရွယ်ချက်များကို စည်းစည်းလုံးလုံး ဆောင်ရွက် နေပါတယ်၊ ကျွန်တော်တို့ ပြည်သူများလိုအပ်ချက်ကို ရာနှုန်းပြည့်မဆောင်ရွက် ပေးနိုင်သေးပါဘူး၊ လွှတ်တော်နားတဲ့အချိန်မှာ ဒေသတွေကိုဆင်း ပြည်သူလိုအပ်ချက်ပြည်သူ့အသံ တွေကို နားထောင်ဖို့ရောက်ရှိတာပါ"

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ် (၁၆) တွင် ပါသော "လသမား ၇၀ ရာခိုင်နှုန်းဆင်းရဲနေ၊ တိုးတက်ရန်လိုအပ် ဟု ဦးရွေမန်းပြေား" သတင်းမှ ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွေမန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 ************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment