Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၉.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာပုဂ္ဂလိကသတင်းစာများ နေ့စဉ်ထုတ်ဝေရန်စိုင်းပြင်

(Channel News Asia မှ 8 Jan 2013 ရက်စွဲပါ "Private newspapers in Myanmar gearing up for the daily grind"သတင်းကိုဘာသာပြန်ဆိုသည်)

  1. ကချင်လက်နက်ကိုင်များအား မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်

(Al Jazeera News မှ 8 Jan 2013 ရက်စွဲပါ "Myanmar continues assault on Kachin rebel"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှအခွင့်အလမ်းများကို ဂျပန်ဘီယာကုမ္ပဏီ Kirin လေ့လာနေ

(The Nation News မှ 8 Jan 2013 ရက်စွဲပါ "Kirin eyes opportunities in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင်း တိုင်းရင်းသား အကြမ်းဖက်မှုများ မြင့်တက်လာ

(VOA သတင်းဌာနမှ 8 Jan 2012 ရက်စွဲပါ Ethnic Violence Escalates in Burma ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာပုဂ္ဂလိကသတင်းစာများ နေ့စဉ်ထုတ်ဝေရန်စိုင်းပြင်

(Channel News Asia မှ 8 Jan 2013 ရက်စွဲပါ "Private newspapers in Myanmar gearing up for the daily grind"သတင်းကိုဘာသာပြန်ဆိုသည်)

ဧပြီလတွင် သတင်းစာထုတ်ဝေခွင့် လိုင်စင်များချပေးတော့မည်ပာု မြန်မာအာဏာပိုင်များက ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းစာစောင်များ ပထမဆုံးအကြိမ် နေ့စဉ်ထုတ်ဝေရန် စိုင်းပြင်နေကြပြီဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံပိုင် သတင်းစာများသာ နေ့စဉ်ထုတ်ဝေခွင့်ရှိပြီး၊ ပုဂ္ဂလိက သတင်းစာစောင်များကို တစ်ပတ်တစ်ကြိမ်သာ ထုတ်ဝေရန် ကန့်သတ်ထားသည်။

သို့သော် ဖွံ့ဖြိုးဆဲမြန်မာ့စီးပွားရေး အခြေအနေသည် ပုဂ္ဂလိကသတင်းစာများအတွက် စိန်ခေါ်မှုဖြစ်လိမ့်မည်ပာု အကဲခတ်လေ့လာသူများက သတိ ပေးထားသည်။

ယခင်ကမူ ပုဂ္ဂလိက သတင်းစာစောင်များအနေဖြင့် ပုံနှိပ်ထုတ်ဝေခြင်းမပြုမှီ အစိုးရဆင်ဆာဘုတ်သို့ ဦးစွာတင်ပြစစ်ဆေးခံရသည့် အချိန်ကာလ တစ်ခုရှိခဲ့သည်။ သို့သော် ပြီးခဲ့သောသြဂုတ်လတွင် အာဏာပိုင်များက မီဒီယာအပေါ် ချုပ်ချယ်မှုများကို စတင်ပြောင်းလဲ ဖြေလျော့ပေးခဲ့သောကြောင့် အခြေအနေ ပြောင်းသွားခဲ့သည်။

ယခုအခါ အစိုးရက ပုဂ္ဂလိကသတင်းစာလိုင်စင် လျှောက်ထားခြင်းကို အစောဆုံးနောက်လတွင် ခွင့်ပြုခြင်းဖြင့် မီဒီယာကဏ္ဍကိုဆက်လက် ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားပြီးဖြစ်သည်။

မြန်မာတိုင်းမ်စာစောင်မှ အကြီးတန်းအယ်ဒီတာ Geoffrey Goddard က "ကျွန်တော်တို့ မျှော်လင့်စောင့်စားနေတဲ့ အရာကတော့ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပါပဲ။ ဒါပာာ ကျွန်တော်တို့အပါအဝင် မြန်မာနိုင်ငံက သတင်းစာတွေအတွက် နောက်ထပ် စိန်ခေါ်မှုကြီးတစ်ခုပါ"ပာု ပြောကြားသည်။

သို့ရာတွင် ကျန်တစ်ကမ္ဘာလုံးတွင် ဖြစ်နေသည့်အတိုင်း နေ့စဉ်သတင်းစာများသည် အွန်လိုင်းမီဒီယာ၏ ကြီးမားသော အင်အားကို ရင်ဆိုင်ယှဉ်ပြိုင် ရပေလိမ့်မည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အင်တာနက်စနစ်မှာ ၁၉၉၀ ခုနှစ်များကဲ့သို့နောက်ကျ ကျန်နေခဲ့သော်လည်း များမကြာမှီ မြန်ဆန်လာလိမ့် မည်ပာု မျှော်လင့်ရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေနေသော အပတ်စဉ်စာစောင် ၃၀၀ ကျော်ရှိသော်လည်း အင်္ဂလိပ်ဘာသာ စာစောင်မှာမူ ၅ စောင်ပင်မရှိပာု သိရှိ ရသည်။

နေ့စဉ်သတင်းစာ၏ အကျိုးအမြတ်ကို အများစုကမျှော်လင့်နေကြသော်လည်း နိုင်ငံ၏စီးပွားရေး နိမ့်ကျနေမှုကြောင့် ပုဂ္ဂလိကနေ့စဉ် သတင်းစာများ ရှင်သန်နိုင်စွမ်းကို အကဲခတ် စောင့်ကြည့်သူများက သံသယရှိနေကြသည်။

Success International Distributor မှဒါရိုက်တာ ဦးမျိုးအောင်က "အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ရဲ့ ကြောငြာဘတ်ဂျက်က သိပ်မကြီးပါဘူး။ အများစုက ပြည်တွင်းထုတ်ကုန်တွေဖြစ်ပြီး မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတွေမှာ ကြော်ငြာကြပါတယ်။ ဒါပေမယ့် အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုတော့မှာဆိုတော့၊ နိုင်ငံခြားကုမ္ပဏီတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကြော်ငြာ စီးပွားရေးကဏ္ဍပာာလည်း မကြာမီပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်"ပာု ရှင်းလင်းပြောဆိုသည်။

မြန်မာအစိုးသည် ပြည်တွင်းတွင် နိုင်ငံခြားနေ့စဉ်သတင်းစာများ ဖြန့်ဖြူးခြင်းကိုလည်း ခွင့်ပြုထားပြီးဖြစ်သည်။

နိုင်ငံပိုင်သတင်းစာသုံးစောင်က နေ့စဉ်စောင်ရေ ၂.၅ သန်းဖြင့်ထုတ်ဝေ လည်ပတ်နေသော နေ့စဉ်သတင်းစာလောကသည် ပါဝင်ယှဉ်ပြိုင် ကြတော့မည့် ပုဂ္ဂလိက သတင်းစာများအတွက် ခက်ခဲသော အခြေအနေတစ်ခု ဖြစ်ဖွယ်ရှိနေပါသည်။

         *****************************************************

ကချင်လက်နက်ကိုင်များအား မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်

(Al Jazeera News မှ 8 Jan 2013 ရက်စွဲပါ "Myanmar continues assault on Kachin rebel"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုက်ပွဲကိုရပ်ဆိုင်း၍သည်းခံကြရန် နိုင်ငံတကာက တောင်းဆိုနေသော်လည်း အစိုးရက လေကြောင်းနှင့်မြေပြင် ထိုးစစ်များ ဆက်လက်ပြုလုပ်နေသည်ပာု ကချင်လက်နက်ကိုင်များက ပြောကြားသည်။

Al Jazeera သတင်းဌာနမှ ရရှိထားသော သတင်းဗီဒီယို တစ်ခုတွင် KIA ထိန်းချုပ်နယ်မြေသို့ အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်နေသည် ကို တွေ့မြင်ကြရသည်။

လိုင်ဇာအနီးမှ လတ်တလော တိုက်ခိုက်မှုများသည် မကြာမှီအတောအတွင်း အရှိန်လျော့သွားမည့် လက္ခဏာမရှိပာု Al Jazeera မှ ဝိန်းမေားက ပြောကြားသည်။

"လိုင်ဇာကို မြန်မာစစ်တပ်က ရအောင်ကြိုးစားနေတယ်ဆိုတာ ဖြစ်နိုင်တဲ့အငွေ့အသက်တွေ ရနေပါတယ်။ ဒါပာာ KIA အတွက် ဆိုးဝါးတဲ့ ထိုးနှက်ချက် ဖြစ်လာပါလိမ့်မယ်"ပာု ၎င်းကဆိုပါသည်။

တရုတ်နယ်စပ်အနီးမှ လိုင်ဇာသည် အစိုးရစစ်တပ်စခန်းနှင့်လည်း နီးကပ်နေသောကြောင့် နှစ်နေရာစလုံးသို့သွားရန် ကားလမ်းကြောင်းတစ်ခု တည်းကိုသာ အသုံးပြုကြရသည်။

မြန်မာအစိုးရက ထုတ်ပြန်သောကြေညာချက်တွင် "လဂျားယန်တပ်မတော် စခန်းအနီးတွင် လေတပ်ကတိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သောလများအတွင်း လဂျားယန်တပ်မတော်စခန်းကို KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် တောင်ကုန်းများကို ယခု စစ်ဆင်ရေးဖြင့် ရှင်းလင်းနေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် လိုင်ဇာကိုသိမ်းရန် ရည်ရွယ်ချက် မရှိကြောင်း၊ လဂျားယန်တွင် တပ်စွဲထားသော တပ်ဖွဲ့များအတွက် ခုခံကာကွယ်ပေးသည့် တိုက်ခိုက်မှုသာဖြစ်ကြောင်း" ရှင်းလင်းဖော်ပြထားသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဦးလန်ကမူ အစိုးရတပ်ဖွဲ့များသည် ဂျက်တိုက်လေယာဉ်နှင့် ရပာတ်ယာဉ်များ အကူအညီဖြင့် ဆက်လက်တိုက်ခိုက်နေပြီး အရေးကြီးသော KIA တောင်ကုန်းစခန်းများကို ထိုးစစ်ဆင် သိမ်းယူနေခြင်းသည် လိုင်ဇာကိုတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ပာု တနင်္လာနေ့တွင် ပြောကြားသည်။

နှစ်ဖက်စလုံး အပြန်အလှန် အပြစ်တင် စွပ်စွဲနေကြသော တိုက်ပွဲများကိုရပ်ဆိုင်းရန် တောင်းဆိုနေကြသူများထဲတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့လည်း ပါဝင်သည်။

ပြီးခဲ့သောအပတ်တွင် အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က "နှစ်ဖက်စလုံး အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ လိုတယ်လို့ ကျွန်မတို့ယူဆပါတယ်"ပာု ပြောကြားခဲ့သည်။

                                                        *****************************************************

မြန်မာနိုင်ငံမှအခွင့်အလမ်းများကို ဂျပန်ဘီယာကုမ္ပဏီ Kirin လေ့လာနေ

(The Nation News မှ 8 Jan 2013 ရက်စွဲပါ "Kirin eyes opportunities in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

ဂျပန်ဘီယာထုတ်လုပ်သူ Kirin Holdings က ၎င်း၏နာမည်ကြီးတံဆိပ် Ichiban shiloori ကို စတင်ရောင်းချခြင်းဖြင့် မြန်မာဈေးကွက်သို့ဝင်ရန် စဉ်းစားနေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏စီးပွားရေး ခုန်ပျံကျော်လွှားကြီးထွားမည့် အလားအလာနှင့်အတူ ဘီယာသောက်သုံးမှုသည်လည်း တိုးပွားလာမည်ပာု မျှော်လင့် ရသောကြောင့် ၎င်းအခွင့်အလမ်းကို Kirin Holdings က လေ့လာနေသည်ပာု သတင်းများက ဆိုပါသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ လူဦးရေ ၆၂ သန်းခန့် ရှိနေပြီး ၂၀၁၁ ခုနှစ်က တစ်ဦးချင်းဂျီဒီပီဒေါ်လာ ၈၀၀ ခန့်မှ လာမည့်နှစ်များတွင် နှစ်စဉ် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းတိုးလာမည်ပာု ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံထက်စော၍ စီးပွားရေးစတင်ပြောင်းလဲခဲ့သော ဗီယက်နမ်နိုင်ငံတွင် နှစ်စဉ်ပျှမ်းမျှ ဘီယာသောက်သုံးနှုန်း ၁၃ ရာခိုင်နှုန်း တိုးတက် နေသည်ပာု သိရှိရသည်။

မြန်မာနိုင်ငံမှ စီးကရက်နှင့် ဘီယာဈေးကွက်ကို ယခင်က တစ်ဦးထဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့သော မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သည် ယခုအခါ စီးကရက်၊ ဘီယာ၊ စားအုန်းဆီကဲ့သို့သော 'ခွင်အငယ်စား'များကိုစွန့်လွှတ်ကာ၊ ရေနံ၊ ဓာတ်ငွေ့နှင့် သယံဇာတ တူးဖော်ရေးကဲ့သို့သော အကြီးစား ခွင်များဆီသို့ ပြောင်းလဲခြေကုတ်ယူနေသည်ပာု ပြည်တွင်းမှ အကဲခတ်လေ့လာသူများက ပြောကြားသည်။

                                                        ******************************************************

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား အကြမ်းဖက်မှုများ မြင့်တက်လာ

(VOA သတင်းဌာနမှ 8 Jan 2012 ရက်စွဲပါ Ethnic Violence Escalates in Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း စစ်မက်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ခိုက်မှုများမှာ လတ်တလော ကာလအတွင်း ပိုမိုပြင်းထန် လာသည်ကိုတွေ့ရသည်။ တရုတ်နယ်စပ်ဒေသအနီး၊  အဆိုပါပြည်နယ်ထဲမှ စခန်းများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည်မှာ ပဋိပက္ခပြင်းထန်မှုကို ဖော်ကျူးလိုက်သည့် သာဓကတစ်ခုပင် ဖြစ်လေသည်။ ယင်းသို့သော အခြေအနေများကြောင့် အမေရိကန်ပြည်ထောင်စုမှာ အခက် ကြုံနေရပြီး စစ်မက်ပဋိပက္ခတွင် ပါဝင်နေသူများ အားလုံးအနေဖြင့် အင်အားသုံးမှုမပြုဘဲ ပြဿနာပြေလည်ရေးအတွက် ဒိုင်ယာလော့ခ်ပြုလုပ်ရန် တိုက်တွန်း ထားသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့သော မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတို့အကြား တိုက်ခိုက်မှုများကြောင့် လူ ထောင်ပေါင်းများစွာရွှေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတို့အကြား ရရှိထားသည့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း ပယ်ပျက်ခဲ့ရသည်။

ကချင်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများသည် ၎င်းတို့၏ ပြည်နယ်ဒေသများအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြီးမားစွာရရှိရန် နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အခြားသောတိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ကေအိုင်အေနှင့် ရယူနိုင်ခြင်းမရှိပေ။

မြန်မာနိုင်ငံတွင်း ထိုကဲ့သို့သော ပဋိပက္ခများကြောင့် ပြည်တွင်း၌ပြောင်းရွှေ့ နေထိုင်ကြရသော ဒုက္ခသည်များအတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ပူပန်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်တွင် ဒုက္ခသည်များနှင့် ပဋိပက္ခဒဏ်ရိုက်ခတ်ခံရသူ တိုင်းရင်းသားများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီအဖြစ် ဒေါ်လာသန်း ၃၀ ထောက်ပံ့ပေးအပ်ခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ မီဒီယာဆင်ဆာ တည်းဖြတ်မှုများ ရပ်ဆိုင်းပေးခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်း အပါအဝင် အပေါင်းလက္ခဏာ ဆောင်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်နိုင်ခဲ့သော်လည်း လက်ရှိကချင်ပြည်နယ်တွင်း စစ်မက်ပဋိပက္ခမှာ စိုးရိမ်စရာ ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုကမူ ကချင်ပြည်နယ်တွင်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပေါ်ထွန်းရေးအတွက် နှစ်ဖက်စလုံးက အတူလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

*******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment