Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၁.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်တပ်ဖွဲ့အပေါ် ဓာတုလက်နက်မသုံးပာု မြန်မာအစိုးရငြင်းဆို

(AFP News မှ 11 Jan 2013 ရက်စွဲပါ "No Chemical weapons used against rebels: Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်ရေနံကုမ္ပဏီများ မြန်မာနိုင်ငံသို့ဝင်ရန်အသင့်

(JPZ News မှ 10 Jan 2013 ရက်စွဲပါ "Senator:U.S energy ready for myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဓာတ်အားလုပ်ငန်းနယ်ပယ်သို့ မလေးရှား Mudajaya ခြေချ

(The Star News မှ 9 Jan 2013 ရက်စွဲပါ "Mudajaya ventures into power plants business in Myanmar" သတင်းကို ဘာသာ ပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ကချင်တပ်ဖွဲ့အပေါ် ဓာတုလက်နက်မသုံးပာု မြန်မာအစိုးရငြင်းဆို

(AFP News မှ 11 Jan 2013 ရက်စွဲပါ "No Chemical weapons used against rebels: Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဂုဏ်သရေညှိုးစေသော ပြည်တွင်းစစ်ဖြစ်ပွားရာ နိုင်ငံမြောက်ပိုင်း ကချင်ဒေသမှ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ဓာတုလက်နက်များ သုံးစွဲတိုက်ခိုက်ခဲ့သည်ပာူသောစွပ်စွဲမှုများကို မြန်မာအစိုးရက မနေ့က ငြင်းဆိုလိုက်ပါသည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ကျွန်တော်တို့ တပ်မတော်က ဓာတုလက်နက် လုံးဝမသုံးပါဘူး။ သုံစွဲဖို့ ရည်ရွယ်ချက်လည်းမရှိပါဘူး။ KIA က မှားယွင်း စွပ်စွဲတာလို့ ကျွန်တော်ထင်ပါတယ်"ပာု ပြောကြားသည်။

လတ်တလောရက်များအတွင်း မြန်မာစစ်တပ်သည် ထိုးစစ်ကိုအရှိန်မြှင့်ကာ KIA ဌာနချုပ် လိုင်ဇာသို့ဦးတည်၍ တပ်များကို မောင်းသွင်းနေသည် ပာုကချင်လက်နက်ကိုင်များက AFP သို့ ဗုဒ္ဓပာူးနေ့တွင် ပြောကြားသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းလမ်ဒေါင်က "အစိုးရက ဓာတုလက်နက်တွေသုံးစွဲတာ ၃ ရက်တောင်ရှိသွားပါပြီ။ ဒါကြောင့် အရမ်းအရေးပါတဲ့   စခန်းကုန်းတွေကို သူတို့ရသွားနိုင်ပါတယ်။ ဒီကျည်ဆံတွေ ပေါက်ကွဲတဲ့အချိန်မှာ ပြင်းထန်တဲ့ အပူရှိန်ထွက်လာပြီး စစ်သားတွေ သတိလစ်သွားပါတယ်။ ပေါက်ကွဲတဲ့နေရာနားက လူတိုင်း ဒီလိုခံစားရပါတယ်"ပာု AFP သို့ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်း သယံဇာတကြွယ်ဝသောဒေသမှ တိုင်းရင်းသားလက်နက်ကိုင်များကို အစိုးရတပ်က လတ်တလော လေကြောင်းထိုးစစ် ဆင်နွှဲပြီးနောက် ထွက်ပေါ်လာသော စွပ်စွဲချက်များကို AFP က စုံစမ်းအတည်ပြုနိုင်ခြင်းမရှိသေးပါ။မြန်မာအစိုးရတပ်များက ဓာတုလက်နက်သုံးစွဲကြောင်း အလားတူစွပ်စွဲမှုမျိုးကို ၂၀၁၁ နှစ်ကုန်တွင် KIA ကပြုလုပ်ခဲ့ဘူးသည်။

၂၀၁၁ နှစ်ဆန်းတွင် ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီးနောက် တစ်သီတစ်တန်း ထွက်ပေါ်လာသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အပေါ်နိုင်ငံတကာက အကောင်းမြင်နေမှုကို ယခု ကချင်ပြည်နယ်စစ်ပွဲနှင့် ရခိုင်ပြည်နယ် အဓိကရုဏ်းတို့က ဖျက်ဆီးလျက်ရှိသည်။ နိုင်ငံသားအချင်းချင်း ပဋိပက္ခဖြစ်သော တိုက်ပွဲတွင် လေကြောင်းမှတိုက်ခိုက်ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်းကို အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့ကလည်း ထုတ်ဖော် ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ အရပ်သားတစ်ပိုင်း အစိုးရသည် အခြားတိုင်းရင်းသား လက်နက်ကိုင် အုပ်စုကြီးများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အောင်မြင်မှုရ နေသော်လည်း ကချင်တပ်ဖွဲ့နှင့် သဘောတူညီမှု ရရန် ခက်ခဲနေပါသည်။

ဗိုလ်ချုပ်ကြီးပောာင်းတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ်တွင် ထိုးစစ်ရပ်ဆိုင်းရန် ၂၀၁၁ ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းက အင်အားကြီးစစ်တပ်အပေါ် ၎င်း၏ထိန်းချုပ်နိုင်စွမ်းကို သံသယများဖြစ်ပေါ်စေပါသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တပ်မတော်သည် ခုခံကာကွယ်ရုံအတွက်သာ တိုက်ခိုက်ခြင်းဖြစ်သည်ပာု ထပ်မံပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ်ပာု ပြောကြားခဲ့သည်။

မြန်မာ့ရေးရာ အကဲခတ်လေ့လာသူအချို့ကမူ "ကချင်ပြည်နယ်စစ်ပွဲနှင့် ပတ်သက်သည့်မူဝါဒကိုကန့်လန့်ကာနောက်ကွယ်မှ အကြီးအကဲပောာင်း ကချမှတ်နေဖွယ်ရှိကြောင်း၊ စစ်တပ်ကနှင်တံတို့ကာ အစိုးရကမုန်လာဥကျွေးနေသည့် လက္ခဏာရှိကြောင်းကချင်အဖွဲ့ကိုတစ်ဖက်နိုင်ငံကအားပေး အားမြှောက်ပြုနေကြောင်း သတင်းဖြန့်ပြီးမှ လေကြောင်းထိုးစစ်ဆင်ခြင်းသည် ယခင်အတိုင်းပါးနပ်သော ခြေရာလက်ရာများဖြစ်ကြောင်း၊ ၂ နှစ်နီးပါး ကြာနေပြီဖြစ်သော ကချင်စစ်ပွဲသည် KIA ကိုဖိအားပေးရုံးမျှသာမကပဲ ထိုထက်ပို၍ အရေးကြီးသော နောက်ထပ် မပာာဗျူပာာရည်မှန်းချက်များပါဝင် နေကြောင်း"မှတ်ချက်ပေးပြောဆိုကြသည်။

******************************************

အမေရိကန်ရေနံကုမ္ပဏီများ မြန်မာနိုင်ငံသို့ဝင်ရန်အသင့်

(JPZ News မှ 10 Jan 2013 ရက်စွဲပါ "Senator:U.S energy ready for myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် ရေနံ၊ ဓာတ်ငွေ့ကုမ္ပဏီများ အဆင်သင့်ဖြစ်နေပြီပာု အမေရိကန်ပြည်ထောင်စု အိုကလာပာိုးမားပြည်နယ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျိမ်းအင်ပာို့ဖ်က သမ္မတဦးသိန်းစိန်ကိုပြောကြားသည်။

အထက်လွှတ်တော် သဘာဝပတ်ဝန်းကျင်နှင့် လူထုလုပ်ငန်းကော်မတီဝင် ဆီနိတ်တာ အင်ပာို့ဖ်က ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေး ရန် သမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့သည်ပာု ပြောကြားပါသည်။

"အမေရိကန်ကုမ္ပဏီတွေ၊ အထူးသဖြင့် ရေနံဓာတ်ငွေ့ကုမ္ပဏီတွေပာာ တာဝန်သိတဲ့ စီးပွားရေးလုပ်ကိုင်မှုဆိုင်ရာ အမြင့်ဆုံးစံနှုန်းတွေကို  ပြသ ခြင်းဖြင့်အပြုသဘောဆောင်တဲ့ ကဏ္ဍကပါဝင်ကာ လွတ်လပ်တဲ့ဈေးကွက်မူဝါဒတွေကို အားပေးနိုင်တဲ့အပြင် တစ်ချိန်ထဲမှာ သယံဇာတကြွယ်တဲ့ဒီနယ် မြေရဲ့ လူ့အခွင့်အရေးကိုလည်း ကာကွယ်ပေးမယ်လို့ ယုံကြည်မှုရှိကြောင်း သမ္မတဦးသိန်းစိန်ကို ပြောပြခဲ့ပါတယ်"ပာု ဆီနိတ်တာ အင်ပိာု့ဖ်က ဆိုပါသည်။

သမ္မတအိုဘားမားသည် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်ရင်းနှီးမြုပ်နှံမှုများကို ခွင့်ပြုကြောင်း မနှစ်က အစိုးရအမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခင်က ပိတ်ပင်ကန့်သတ်မှုများသည် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့ အပေါ် ယခင်ကချမှတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ အမေရီကန်ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုလိုက်သည့်ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးအုပ်စုများက ထုတ်ဖော် ပြောဆိုသည်။ လက်နက်အာကိုးအုပ်ချုပ်မှု အမြစ်တွယ်နေဆဲ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအနေအထားကို ပိုဆိုးသွားစေလိမ့်မည်ပာု ၎င်းတို့ကထောက် ပြကြသည်။

ဆီနိတ်တာ အင်ပာို့ဖ်က အမေရိကန်ရေနံဓာတ်ငွေ့ ကုမ္ပဏီများသည် ပင်လယ်ရပ်ခြားလုပ်ငန်းများတွင် ပွင့်လင်းမြင်သာသည့် ပတ်ဝန်းကျင်ကို အားပေးသော ဂုဏ်ယူဖွယ်မှတ်တမ်းကောင်းရှိထားသည်ပာု ပြောကြားခဲ့သည်။

ပြင်သစ်ရေနံကုမ္ပဏီ Total မှ ကိုယ်စားလှယ်အဖွဲ့သည်လည်း မြန်မာနိုင်ငံ၏ အလားအလာများကိုဆွေးနွေးရန် ပြီးခဲ့သော ဇွန်လက လာရောက် သွားခဲ့ပြီးဖြစ်သည်။

*************************************************

မြန်မာဓာတ်အားလုပ်ငန်းနယ်ပယ်သို့ မလေးရှား Mudajaya ခြေချ

(The Star News မှ 9 Jan 2013 ရက်စွဲပါ "Mudajaya ventures into power plants business in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

မလေးရှားကုမ္ပဏီ Mudajaya Group Bhd သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဓာတ်အားပေးလပ်ငန်းသို့ စတင်ခြေချမှု ပြုလုပ်လိုက်ပြီဖြစ်သည်။ အဆိုပါ ဓာတ်အားပေး အစီအစဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရ၊ IJM Corp Bhd ပူးတွဲထူထောင်သူ ဒါတွတ်ခွန်ယူရင်တို့နှင့် နားလည်မှု  စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်ပာု Mudajaya ကုမ္ပဏီက ဗုဒ္ဓပာူးနေ့တွင် ထုတ်ပြန်ပြောကြားသည်။

စီမံကိန်းအကောင်အထည်ဖော်မည့် အထူးသီးသန့်လုပ်ငန်းကုမ္ပဏီတွင် Mudajaya က ၇၀ ရာခိုင်နှုန်းနှင့် Koon က ၃၀ ရာခိုင်နှုန်း ရှယ်ယာ ထည့်ဝင်ကြမည်ဖြစ်သည်။ ပထမစီမံကိန်းမှာ ကျောက်မီးသွေးလောင်စာသုံးဖြစ်၍ ဒုတိယစီမံကိန်းမှာ နေစွမ်းအင်သုံးဖြစ်ပြီး မန္တလေးဒေသနှင့် အခြား သင့်တော်သော နေရာများတွင် တည်ဆောက်မည်ပာု သိရှိရသည်။

"စီမံကိန်းအတွက် ကနဦးလေ့လာမှုအစီရင်ခံစာကို နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးတဲ့ရက်ကစပြီး ၉ လအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရထံ တင်ပြရမှာဖြစ်ပါတယ်။ ဒီနားလည်မှုစာချွန်လွှာပာာ သက်ဆိုင်ရာအဖွဲ့တွေအားလံးက သက်တမ်းတိုးဖို့ သဘောမတူဘူးဆိုရင် ၁၂ လအကြာမှာ သက်တမ်းကုန်ဆုံးသွားမှာဖြစ်ပါတယ်"ပာု Mudajaya ကုမ္ပဏီက ပြောကြားသည်။

                                        *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment