Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၆.၁.၂ဝ၁၃

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာသို့ တိုးရစ်တစ်သန်းခန့်လာရောက်လည်ပတ်

(Bangkok Post မှ 15 Jan 2013 ရက်စွဲပါ “ I am Tourist Visit Myanmar” သတင်းကို ဘာသာပြန်ဆို ပါသည်)

  1. မြန်မာ့ တယ်လီဆက်သွယ်ရေးဈေးကွက် ခေတ်ကောင်းချိန်နီးပြီလော

(Financial Times Blog မှ 16 Jan 2013 ရက်စွဲပါ Myanmar telecoms: boom times ahead ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

မြန်မာသို့ တိုးရစ်တစ်သန်းခန့်လာရောက်လည်ပတ်

(Bangkok Post မှ 15 Jan 2013 ရက်စွဲပါ “ I am Tourist Visit Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

တစ်ချိန်က အထီးကျန်၊ အပယ်ခံ မြန်မာနိုင်ငံတွင် ကမ္ဘာသို့ တံခါးဖွင့် ပြုပြင်ပြောင်းလဲမှုများက ခရီးသွား များကို ဆွဲဆောင်လျှက်ရှိခြင်းကြောင့် မနှစ်က ခရီးသွားဧည့်သည် တစ်သန်းခန့် စံချိန်တင်ဝင်ရောက်ခဲ့သည်ဟု အင်္ဂါနေ့တွင် ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများက ပြသနေသည်။

တိုးရစ်နှင့် လုပ်ငန်းရှင် ဧည့်သည်များ စုပြုံဝင်ရောက်လာမှုကြောင့် အရင်တစ်နှစ်က ဧည့်သည်အရေအတွက် ၈၀၀,၀၀၀ မှ မနှစ်က ၂၀၁၂ တွင် ၁၀၆၀,၀၀၀ သို့ ၃၀ ရာခိုင်နှုန်း တိုးတက်ဝင်ရောက် လာခဲ့သည်ဟု ဟိုတယ်ခရီးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Myanmar Tourism Board မှ ဦးဖြိုးဝေရာဇာ က “ခရီးသွားကဏ္ဍအတွက် အအောင်မြင်ဆုံးနှစ်ပါ။ အရင်က ဒီလိုမကြုံခဲ့ဘူးပါဘူး” ဟုပြောကြားသည်။

သို့သော်လည်း ဟိုတယ်ခန်းနည်းပါးပြီး အခန်းခဈေးတက်နေသော ဟိုတယ်လုပ်ငန်း နယ်ပယ်အနေဖြင့် ခရီးသွားများစုပြုံဝင်ရောက်မှုကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ဟူသော စိုးရိမ်မှုများ ထွက်ပေါ်နေပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ဟိုတယ် ၈၀၀ ခန့်တွင် အခန်း ၂၈,၀၀၀ ခန့်သာရှိသည်ဟု ဝန်ကြီးဌာနကိန်းဂဏန်းများက ဆိုပါသည်။

Myanmar Tourism Board မှ ဦးဖြိုးဝေရာဇာကမူ “ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းအားနဲ့ ကောင်းကောင်းကိုင်တွယ်နိုင်ပါသေးတယ်။ ဒါဟယအများဆုံး မဟုတ်သေးပါဘူး။ ၂၀၁၃ မှ ၁၅ ရာခိုင်နှုန်း ထပ်တိုးလာမယ်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်လွှတ်တော် နိုင်ငံရေးလမ်းကြောင်းဖွင့်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲရေးအစိုးရ ၏ဆောင်ရွက်ချက်များက နိုင်ငံ၏ ပုံရိပ်ကို အရောင်တင်ပေးနေခြင်းကြောင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် စန်းပွင့်လာမည့် လက္ခဏာရှိသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အာရှတွင်နောက်ဆုံးခေါင်းပြူလာသော ဈေးကွက်၌ ခြေချလိုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားခြင်းကိုလည်း ခံနေရသည်။

ရန်ကုန်မြို့တော်၏ အထင်ကရရွှေတဂုံ ဘုရားသို့ မနှစ်က နိုင်ငံခြားသား ဧည့်သည်၃၅၀,၀၀၀ ခန့် လာရောက်ဖူးမျှော်ခဲ့သည်ဟု ယခုလ အစောပိုင်းတွင် နိုင်ငံပိုင်မီဒီယာက ဆိုပါသည်။ ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော သံဃာတော်များ ဆန္ဒပြမှုတွင် တပ်မတော်အစိုးရက သွေးမြေကျ နှိမ်နင်းခဲ့သော ၂၀၀၈ ခုနှစ်က ရွှေတဂုံဘုရားဖူး နိုင်ငံခြားဧည့်သည် ၈၀,၀၀၀ ခန့်သာရှိရာမှ ယခုကဲ့သို့ တိုးပွားလာခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် လေကြောင်းဦးစီဌာန တာဝန်ရှိသူများက ၎င်းတို့၏ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်၍ ဧည့်သည်များဝင်ရောက်လာဖွယ် ရှိသဖြင့်ရန်ကုန်နိုင်ငံတကာ လေဆိပ်အဆင့်မြှင့်ခြင်းကို ကူညီရန် ပုဂ္ဂလိကကဏ္ဍကို တိုက်တွန်းခဲ့ကြသည်။

စုစုပေါင်းအရေအတွက်၏ ထက်ဝက်ရှိသော လေယာဉ်စီးခရီးသည်များအနက် ထိုင်းလူမျိုးများက ၉၄,၀၀ ဖြင့် အများဆုံး ဖြစ်ပြီး၊ တရုတ်လူမျိုးများက ၇၀,၀၀၀ ခန့်ဖြင့် ဒုတိယနေရာတွင် ရှိသည်ဟု သိရှိရသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုမှ ဧည့်သည် ၃၇,၀၀၀ ခန့်၊ ပြင်သစ်မှ ၃၀,၀၀၀ ခန့်၊ ဗြိတိန်မှ ၂၄,၀၀၀ ခန့် အသီးသီးလာရောက်လည်ပတ်ခဲ့ကြသည်ဟု ဝန်ကြီးဌာနတရားဝင် ကိန်းဂဏန်းများက ဆိုသည်။

---------------------------------------------------------------------------------------------

မြန်မာ့ တယ်လီဆက်သွယ်ရေးဈေးကွက် ခေတ်ကောင်းချိန်နီးပြီလော

(Financial Times Blog မှ 16 Jan 2013 ရက်စွဲပါ Myanmar telecoms: boom times ahead ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် နှစ်ပေါင်းကာလကြာမြင့်စွာ ပိတ်ပင်ထားခဲ့သော တယ်လီဆက်သွယ်ရေးဈေးကွက်ကို ဖြေလျှော့မှုများနှင့် လွတ်လပ်စွာလည်ပတ်မှုများပြုလုပ်နိုင်မည့် ကြေညာချက်တစ်ရပ်အား ဇန်နဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်လိုက်သည်။ ယင်းကြေညာချက်မှာ နိုင်ငံပိုင် တယ်လီကွန်းဝန်ဆောင်မှုလုပ်ငန်းကြီးနှစ်ခုအား လုပ်ကိုင်လည်ပတ်နိုင်ရေးအတွက် နိုင်ငံခြားတင်ဒါခေါ်ယူမှုဖြစ်သည်။

ယခု ကြေညာချက်သည် ပြုပြင်ပြောင်းလဲရေးအစိုးရသစ်လက်ထက် နိုင်ငံတကာကုမဏီများ ဝင်ရောက်လုပ်ကိုင်ရန် ပထမဆုံးလူသိရှင်ကြား တင်ဒါခေါ်ယူမှုဖြစ်သည်။ ထို့ပြင် နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း တင်ဒါခေါ်ယူမှုကို မျှတစွာလုပ်ဆောင်ပေးနိုင်မှု ရှိ၊ မရှိဟူသည့် အစိုးရ၏ အရည်အချင်းကို စမ်းသပ်မည့် ကြေညာချက်လည်းဖြစ်သည်။ မြန်မာတွင် ရင်းနှီးမြှုပ်နှံမှုရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ကျင်းပသည့် ဆွေးနွေးပွဲများက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုမပြုလုပ်နိုင်သေးသော်လည်း ယခု တင်ဒါခေါ်ယူမှု၏ ရလဒ်များက မြန်မာသို့ဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် များစွာ ဂယက်ရိုက်ခတ်မည်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ယခုတင်ဒါခေါ်ယူမှုသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညွှန်းကိန်းနှင့် မှတ်ပုံတင်မှုလုပ်ငန်းစဉ်ဆိုင်ရာ စမ်းသပ်ချက် တစ်ခုသဖွယ်ဖြစ်လိမ့်မည်ဟု ရန်ကုန်အခြေစိုက် Vriens & Partners မှ Tomain Caillaud ကပြောကြားသည်။

အမှန်စင်စစ် မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန် အာဏာရရှိခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံတကာတွင် အထီးကျန်ဆန်ခဲ့ပြီး စစ်အစိုးရကြောင့် ခရိုနီအရင်းရှင်စနစ်နှင့် အဂတိလိုက်စားမှုများဖြင့် နာမည်ပျက်နေသော တိုင်းပြည်၏ ပုံရိပ်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းလျက်ရှိသည်။

သို့တိုင်အောင် ယနေ့အချိန်အထိ အရိပ်လက္ခဏာများကောင်းမွန်နေဆဲဖြစ်သည်ဟု ပင်ဆိုရမည်။ အစိုးရ၏ ကြေညာချက်အရ လာမည့် ဇွန်လတွင် လုပ်ငန်းလိုင်စင်လေးခုအနက် ပထမ နှစ်ခုကို စတင်ချထားပေးမည်ဖြစ်သည်။ ယင်းလိုင်စင်နှစ်ခုမှာ နှစ်ပေါင်း ၂၀ အထိလုပ်ကိုင်နိုင်ခွင့်ရှိပြီး သက်တမ်းပြန်လည်တိုးမြှင့်၍လည်း ရရှိနိုင်သည်။ အဆိုပါ တင်ဒါက နိုင်ငံတကာတယ်လီဆက်သွယ်ရေး ကုမဏီကြီးများအား မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်လာဖွယ်ရှိသည်။ ဝင်ရောက်လုပ်ကိုင်လာဖွယ်ရှိသည့် ကုမဏီများတွင် ရုရှားမှ VimpelCom၊ နော်ဝေမှ Telenor ၊ ဗီယက်နမ်မှ VNPT-Fujitsu ၊ မလေးရှားမှ Axiata နှင့် Caribbean’s Digicel တို့ပါဝင်နိုင်သည်။

တင်ဒါခေါ်ယူမှုနှင့် အတူ မြန်မာပါလီမန်လွှတ်တော်က တယ်လီဆက်သွယ်ရေးဆိုင်ရာဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲရန် စဉ်းစားလျက်ရှိပြီး အကယ်၍ ယင်းဥပဒေကို အတည်ပြုလိုက်မည်ဆိုပါက ၁၉၃၄ ခုနှစ်က ရေးဆွဲကျင့်သုံးခဲ့သည့် ဥပဒေများပယ်ပျက်သွားမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မီဒီယာများကိုပြောကြားရာတွင် “တယ်လီဆက်သွယ်ရေးတင်ဒါများသည် နိုင်ငံခြားကုမဏီများအတွက် တံခါးဖွင့်ပေးထားခြင်းဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် အခြားသော နိုင်ငံများတွင် လုပ်ငန်းအတွေ့အကြုံရှိထား၍ဖြစ်ကြောင်း” ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၅၀ မှ ၆၀  အကြားတွင်ရှိသော်လည်း မိုဘိုင်းလ်ဖုန်းအသုံးပြုသည့် နှုန်းမှာ အာရှဒေသတွင် အနိမ့်ဆုံးဖြစ်ပြီး ၄ ရာခိုင်နှုန်းသာရှိသည်။ အစိုးရ၏ ကိန်းဂဏန်းများအရ လိုင်းဖုန်းအသုံးပြုမှုမှာလည်း ၁ ရာခိုင်နှုန်းမျှသာရှိသည်။ မည်သို့ပင်ဆိုစေ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုမှာ ယခုအခါ မြင့်တက်လာပြီး ၂ သန်း ဝန်းကျင်ခန့်ရှိသည်။ တယ်လီဆက်သွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူ Nomura အဆိုအရ မြန်မာနိုင်ငံတွင်း မိုဘိုင်းလ်ဖုန်းအသုံးပြုမှုမှာ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်ရောက်ရှိလာနိုင်သည်။

မြန်မာသည် အာရှဒေသတွင် တယ်လီဆက်သွယ်ရေးဈေးကွက်မပေါ်သေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာ့လူဦးရေမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုမှု ၁၂၀ ရာခိုင်နှုန်းခန့်ရှိသော ထိုင်းနိုင်ငံနီးပါးခန့်ရှိသည်။ သို့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူများက တင်ဒါခေါ်ယူမှုကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိပြီး အကယ်၍ မျှတပြီး ပွင့်လင်းမြင်သာသော ခေါ်ယူမှုဖြစ်ပါက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ရင်းနှီးမြှုပ်နှံသူများ မေးခွန်းထုတ်ကြပေလိမ့်မည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment